COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၀-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၀-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၂၀-၄-၂၀၂၀) ရက်နေ့၊ (ပထမအသုတ်) စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၁) ခုအနက် (၆) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန် (၁၇၅) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ) ပါ။
၂။ အဆိုပါ လူနာသစ် (၆) ဦးကို သက် ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည်ဖြစ်ပါသည်။
၃။ ယနေ့ ည (၈:၀၀)နာရီ အထိ မြန် မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၁၇) ဦးရှိပြီဖြစ်ပါသည်။
၄။ ယခုအခါ မြန်မာနိုင်ငံရှိ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်သူ (၉)ဦး ရှိလာခဲ့ပြီး ၎င်းတို့အနက် (၄)ဦးအားယနေ့ (၂၀-၄-၂၀၂၀) ရက်နေ့တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့သဖြင့် ဆေးရုံဆင်းသူ စုစုပေါင်း (၆)ဦး (Case-003၊ Case-004၊ Case- 007၊ Case-009၊ Case-021၊ Case-015) ရှိပြီဖြစ်ပါသည်။ သို့သော်လည်း ၎င်းတို့အား သတ်မှတ်ရက်ပြည့်သည်အထိ အသွားအလာ ဆက်လက်ကန့်သတ်ထားပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၂)ဦးအား အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှုပေးလျက်ရှိပြီး ကျန်လူနာအားလုံး၏ ကျန်းမာ‌ရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။
Credit MOHS
Credit MOHS
နှာခေါင်းစည်း Mask တပ်ရင်း နှုတ်ခမ်းနီဆိုးလို့ရမယ် Mask ပုံစံကို အကြံပြုထားတဲ့ ဦးကျော်သူ
နှာခေါင်းစည်း Mask တပ်ရင်း နှုတ်ခမ်းနီဆိုးလို့ရမယ် Mask ပုံစံကို အကြံပြုထားတဲ့ ဦးကျော်သူ
နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် ပရဟိတ မင်းသားကြီး ဦးကျော်သူကတော့ COVID-19 ရောဂါကပ်ဘေးကြောင့် ခေါင်းထဲဝင်လာတဲ့ ထူးထူးဆန်းဆန်းအတွေးကို “အော်…တရားဖြုတ်လိုက်ချိန်မှာ မဆီမဆိုင် တွေးမိပါရဲ့။ အော်… ကိုဗစ်19ဂယက် တစ်ကမ္ဘာလုံးဖုံးလွှမ်းနေချိန်မှာတောင်တောင်အီအီတွေးမိပါရဲ့။ နှုတ်ခမ်းနီ (Lip Stick) ဈေးကွက်တော့ ပျက်ပါပြီလို့စ် ။” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။
ဦးကျော်သူကတော့ တရားမှတ်နေတာဖြုတ်လိုက်ချိန်မှာပဲ COVID-19 ရောဂါကပ်ဘေးကြီး ကမ္ဘာတစ်ခုလုံးဖုံးလွှမ်းနေတာကြောင့် တောင်တောင်အီအီလျှောက်တွေးနေမိပါတယ်။ COVID-19 ရောဂါကို ကြိုတင်ကာကွယ်ခြင်းထဲမှာ နှာခေါင်းစည်း Mask တပ်ရမယ်ဆိုတာပါဝင်နေတာကြောင့် သူကတော့ ထူးထူးဆန်းဆန်း နှုတ်ခမ်းနီ (Lip Stick) ဈေးကွက်တော့ ပျက်ပါပြီ ဆိုတဲ့ အတွေးဝင်လာပါတယ်တဲ့။ ဦးကျော်သူတစ်ယောက်ကတော့ COVID-19 ရောဂါကပ်ဘေးကြောင့် ထူးထူးဆန်းဆန်း နှုတ်ခမ်းနီ (Lip Stick) ဈေးကွက်တော့ ပျက်ပါပြီ ဆိုတဲ့ အတွေးဝင်လာတဲ့အကြောင်းတင်ထားတဲ့ ပို့စ်မှာတော့ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆာင် အဆိုတော်တစ်ယောက်ဖြစ်ပြီး Sai Cosmetix ရဲ့ တည်ထောင်သူစိုင်းစိုင်းခမ်းလှိုင်ကလည်း “ငိုနေပြီ ဦးရေ” ဆိုပြီး ပြောထားပါသေးတယ်။
CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် ပရဟိတ မင်း သားကြီး ဦးကျော်သူကတော့ COVID-19 ရောဂါကပ်ဘေးကြီး ကမ္ဘာတစ်ခုလုံးဖုံးလွှမ်းနေတဲ့အချိန်မှာပဲ ထူးထူးဆန်းဆန်း နှုတ်ခမ်းနီ (Lip Stick) ဈေးကွက်တော့ ပျက်ပါပြီ ဆိုတဲ့ အတွေးဝင်လာပါတယ်တဲ့။ ပရိသတ်ကြီးရေ ဦးကျော်သူကတော့ နှာခေါင်းစည်း Mask တပ်ရင်း နှုတ်ခမ်းနီဆိုးလို့ရမယ် Mask ကိုတောင် အကြံပြုထားတာနော်။
Source: Kyaw Thu
Credit DarDar-CeleGabar
နှာခေါင်းစည်း Mask တပ်ရင်း နှုတ်ခမ်းနီဆိုးလို့ရမယ် Mask ပုံစံကို ပြောပြလာတဲ့ ဦးကျော်သူ
Source: Kyaw Thu
လျှပ်စစ်မီတာဆောင်ရန် တန်းစီနေစဥ်မူးပြီးလဲကျသွား‌တဲ့အမျိုးသား ရန်ကုန်ဆေးရုံကြီးမှာသေဆုံးသွား
ဧပြီ (၂၀) ရက် ၁၁ နာရီခန့်တွင် စမ်းချောင်း ဗားကရာလမ်းပေါ် တွင် လျှပ်စစ်မီတာဆောင်ရန် တန်းစီနေသူအသက်(၇၄) နှစ်အရွယ်အမျိုးသားတစ်ဦး ရုတ်တရက် မူးလဲသွားခဲ့သည်။
အဆိုပါ မူးလဲသွားသူအား စမ်းချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများနှင့်အားမန် လူငယ်ပရဟိတ အဖွဲ့တို့မှ ရန်ကုန် ဆေးရုံကြီးသို့ သယ်ဆောင်ပေးပို့ခဲ့ပါသည်။
အဆိုပါ အမျိုးသားမှာ သတင်းတပ်ဖွဲ့ ရဲအုပ်အငြိမ်းစား တစ်ဦးဖြစ်ပြီး ကျွန်းတော တောင်ရပ်ကွက် ချမ်းသာလမ်းအမှတ် (၉) (၃လွှာ) တွင်နေ ထိုင် သူ ဦးကျော်ဆန်းဝင်း (၇၄) နှစ်ဖြစ်သည်။ ဦးကျော်ဆန်းဝင်း မှာ သွေးတိုး၊
ဆီးချို နှင့်ကျောက်ကပ် ရောဂါတို့ရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် နှလုံးကြပ်မတ်ဆောင်၌ ကုသနေစဉ်၁၂:၄၀ ၌ အမောဖေါက်လာပြီး (၁၃:၁၀) နာရီ၌ ကွယ်လွန် သွားပါသည်။
Credit U Bo Bo Oo – ဘိုဘိုဦး
Zawgyi
မိုး နှင့် မုန်တိုင်း အန္တရာယ်
မိုး နှင့် မုန်တိုင်း အန္တရာယ်
၂၀၂၀ ဧပြီလ ၂၅ရက်နေ့မှ မေလ ၂ရက်နေ့အတွင်း မြန်မာတစ်နိုင်ငံလုံးမှာ မိုးတွေရွာလာနိုင်ပါတယ်မေပထမပတ်မှာ မုန် တိုင်းအန္တရာယ်လည်းရှိပါတယ် နွေရာသီကောက်ပဲသီးနှံစိုက်ပျိုးထားသူများ
ရေထိမခံနိုင်သော အုတ်လုပ်ငန်း ဆားလုပ်ငန်း ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ဆောင်နေသူများ ပျက်စီးဆုံးရှုံးမှုမရှိရလေအောင် ကြိုတင်ပြင်ဆင်ကြပါလို့အကြံပြုလိုက်ရပါတယ်
19/04/2020 at 3:31pm (MMT) SU SU SAN
အမေရိကန် Lockdown ၊ဂျာ မဏီ Lockdown ၊ အိန္ဒိယ Lockdown နှင့် မြန်မာပြည် Lockdown ခြားနားချက်
အမေရိကန် Lockdown ၊ဂျာ မဏီ Lockdown ၊ အိန္ဒိယ Lockdown နှင့် မြန်မာပြည် Lockdown ခြားနားချက်
လ တ်တေ လာ ပြောနေကြ တဲ့ Lockdown
Lockdown လုပ်ပါဆိုပြီး ရှေ့ဆုံးနေ တောင်းဆိုခဲ့တဲ့အထဲမှာ ကျွန်တော်ပါပါတယ်။
တကယ်လက်တွေ့မြေပြင်မှာကျတော့ Lockdown လုပ်ဖို့ဆိုတာ ဘယ်နှစ်ရက်လုပ်မှာလဲ၊ဘယ်လောက်ကြာကြာလုပ်ထားကြမလဲဆိုတာအတွက် အဖြေမရှိပါဖူး။
အမေရိကန်မှာ Lockdown လုပ်ထားတော့စီးပွားရေး ပက်ပက်စက်စက် ထိခိုက်၊အလုပ်လက်မဲ့တွေ တအားများလာဒါကြောင့်အမေရိကန် သမ္မတက Lockdown ပြန်ဖွင့်ဖို့အားထုတ်နေပါတယ်။
ဂျာမနီမှာလဲ ထိုနည်းလည်းကောင်းဘဲ.. Lockdown ဆက်ထားရမှာလား၊ ဖွင့်ရတော့မှာလာဆိုတာ ဂျာမနီဝန်ကြီးချုပ်အတွက် ခက်ခဲနတယ်။
နောက်တချက်အိန္ဒိယမှာ ရောဂါပိုးစတွေ့ထဲက အိန္ဒိယအစိုးရက lockdown နှစ်ပတ်ကြေငြာပြီးတနိုင်ငံလုံးကို အိမ်အပြင်မထွက်ရ အမိန့်ထုတ်လိုက်တယ် အိမ်အပြင်ထွက်တဲ့သူတွေကို ရဲတွေက တုတ်တွေနဲ့ လိုက်ရိုက်ကြတယ် ။နှစ်ပတ်ပြည့်လို့ Lockdown ရက်ထပ်တိုးမယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာလူပေါင်းသန်းနဲ့ချီပြီးလမ်းပေါ်ထွက်လာကြတယ်။သူတို့ပြောတာက မြို့ပေါ်တက်လာအလုပ်လုပ်ဖို့အခုကအိမ်တွင်းအောင်းနေရတယ်အစာအ ငတ်ခံပြီးတော့အသေမခံနိုင်ဖူး ရွာကိုပြန်ကြမယ့်ဆိုတဲ့လူအုပ်ကြီးအစိုးရကထိုင်ကြည့်နေရတယ်အခု india မှာပိုးတွေ့လူနာတွေတရှိန်ထိုးတက်လာနေတယ်။
မြန်မာပြည်မှာရောအခုချိန် ပိုးတွေ့တာ ကိုးဆယ်လောက်ရှိနေပြီ။အခုချိန် Lockdown ချလိုက်ရင်မရဖူးလားရတာပေါ့ဗျာ။
Lockdown ချရတာ ဘာမှ မခက်ဖူး Lockdown ကို ဘယ်နှစ်ရက်အထိလုပ်မှာလဲဆိုတာ ဘယ်သူ့ဆီမှာမှ အဖြေမရှိဖူးအခုချိန် Lockdown လုပ်လိုက်ပြီးမှ လကုန်တဲ့အချိန်မှာမပြောကောင်းမဆိုကောင်းပိုးတွေထပ်တွေ့ရင် Lockdown ကို ဆက်လုပ်မှာလားပြန်ဖွင့်ရမှာလား…။
Lockdown လုပ်တာ ရက်ကြာတာနဲ့အမျှ စီးပွားရေး ပိုးဆိုးပက်စက်ထိမယ်… ဆင်းရဲသားတွေ၊ တနေ့လုပ်တနေ့စားတွေ သူတို့ဘဝတွေးတောင် မတွေးရဲဖူး…အစိုးရကရောသူတို့အတွက် ဘယ်နှစ်ရက်စာလောက် ထောက်ပံ့ပေးနိုင်မှာလဲ။ငတ်လာတဲ့အချိန် ဆင်းရဲသားတွေ လမ်းပေါ်ရောက်လာမယ်၊ အလုပ်လုပ်ဖို့ဆိုပြီး ရန်ကုန်တက်လာတဲ့သူတွေက နယ်တွေပြန်ဖို့ ကြိုးစားကြလိမ့်မယ်။
အဲ့ဒီအချိန်…
ဘာတွေဆက်ဖြစ်မလဲဆိုတာ တွေးကြည့်ကြပါအုံးဗျာဒါကြောင့် အစိုးရက တဆင့်ချင်းသွားနေရတာအခုမြို့နယ် ခုနစ်မြို့နယ်မှာ Semi Lockdown စလုပ်နေရတာ။
ကျေးဇူးပြုပြီး နားလည်ပေးစေလိုပါတယ်….
Kyaw Thu Ya
အဲ့ဒီအချိန်…
Kyaw Thu Ya
တကိုယ်ကောင်းဆန်ခြင်းဟာ ကိုရိုနာဗိုင်းရပ်စ်ထက် ပိုဆိုးတယ်လို့ ပုပ်ရဟန်းမင်းကြီး ပြောဆို
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တကိုယ်ကောင်းဆန်ခြင်းဟာ ကိုရိုနာဗိုင်းရပ်စ်ထက် ဆိုးတယ်လို့ ဧပြီ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။တကမ္ဘာလုံး သွေးစည်းညီညွတ်မှုမရှိဘဲ ရှေ့ဆက်မယ်ဆိုရင် ဒါမှမဟုတ် ပြန်နာလန်ထူလာတဲ့ လူ့အဖွဲ့အစည်း အစိတ်အပိုင်းကို ဖယ်ထားခဲ့ရင် ပိုဆိုးတဲ့ တကိုယ်ကောင်းဆန်ခြင်း ဗိုင်းရပ်စ်သင့်တဲ့ ရလဒ်ကို ခံစားရလိမ့်မယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောရင်း COVID-19 အကျပ်အတည်းအပြီး ကမ္ဘာပေါ်မှာအားလုံးကို လက်ခံနိုင်တဲ့ အမြင်ကိုထားကြဖို့လည်း ဆော်သြပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ဘုရားသခင်ရဲ့ ကရုဏာတော်နေ့ အထိမ်းအမှတ်အနေနဲ့ လူမရှိသလောက် ဖြစ်နေတဲ့ ခရစ်ယာန် ဘုရားကျောင်းထဲမှာ ဝတ်ပြုဖို့ အချိန်တလကျော်အတွင်း ပထမဆုံးအကြိမ် ဗာတီကန် နန်းတော်ကနေ ထွက်လာတာပါ။ခုချိန်ဟာ ကမ္ဘာတလွှား တရားမမျှတမှုကို ကုစားဖိုက အချိန်ပဲ ဘာလို့လဲဆိုတော့ လူသားထု တရပ်လုံးရဲ့ ကျန်းမာရေးကို ကူးစက်ကပ်ဘေးက လှိုက်စားနေလို့ပဲလို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။
ဆင်းရဲသားတွေ အပါအဝင် ဘယ်သူမဆို ကပ်ဘေးနာလန်ထချိန်မှာ ကျန်နေခဲ့သူတွေကို မစတေးသင့်ဘူးလို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။သူဟာ ကမ္ဘာ့ရောဂါကပ်ဘေး အဆုံးသတ်ရေးအတွက် ဘုရားကျောင်း ၂ ဆောင်မှာ ဆုတောင်းဖို့ မတ် ၁၅ ရက်က ရုမ်းမြို့တော်ထဲကို စွန့်စားဝင်ရောက်ခဲ့သူပါ။
Pope Francis leads Mass and the Regina Coeli prayer in Rome's Santo Spirito in Sassia church without public participation due to an outbreak of the coronavirus (COVID-19) disease, in Rome, Italy, April 19, 2020. Vatican Media/Handout via REUTERS
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အီတလီမှာ လူအယောက် ၂ သောင်း ၃ ထောင်ကျော် သေဆုံးခဲ့ပြီး ဗာတီကန်စီးတီးမှာတော့ သီတင်းပတ် ခြောက်ပတ်နီးပါး အသွားအလာကန့်သတ် လော့ဒေါင်းချထားပါတယ်။
Credit – Dvb
Credit – Dvb
သူမကြောင့် Lock Down ချခံရတဲ့ ပြည်သူတွေကိုအနူး အညွတ်တောင်းပန်ခဲ့တဲ့သီရိရှင်းသန့်
သူမကြောင့် Lock Down ချခံရတဲ့ ပြည်သူတွေကိုအနူး အညွတ်တောင်းပန်ခဲ့တဲ့သီရိရှင်းသန့်
သရုပ်ဆောင်နဲ့ မော်ဒယ်သီရိရှင်းသန့်ကတော့ ဘာသာရေးပွဲအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့တာကြောင့် Covid – 19 သံသယရှိလူနာအဖြစ် လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တာပဲ ဖြစ်ပါတယ်။ သီရိရှင်းသန့်ရဲ့ ဆေးစစ်ချက်အဖြေက Negative ဖြစ်ပေမယ့် Quaratine ဝင်နေရတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့သီရိရှင်းသန့်ကသူမနေထိုင်ရာအလုံမြို့နယ်ကပြည်သူတွေကိုအခုလိုပဲတောင်းပန်စကားလေး ပြောထားပါတယ်။
“သီရိကြောင့် lock down အချခံထားရတဲ့ နှင်းဆီကုန်းလမ်း အလုံမြို့နယ် မှာရှိတဲ့ Golden Rose Condo မှာ နေထိုင်ကြသောမိသားစုဝင်များအားလုံးကို ဒီနေရာကနေပြီးတာ့အနူးညွှတ်တောင်းပန်ပါတယ်နော်။သီရိကြောင့်စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတာတွေအဆင်မပြေဖြစ်ခဲ့ရတာတွေစိတ်မလုံမခြုံ ဖြစ်ခဲ့ရတာတွက် ဒီ Facebook စာမျက်နှာမှ တဆင့် တစ်ဦးတစ်ယောက်ချင်းဆီကို တောင်း ပန်ချင်ပါတယ်။ Negative ဖြစ်တဲ့အတွက်သက်ဆိုင်ရာမှတာဝန်ရှိသူများလဲ Condo lock down ကိစ္စကိုအမြန်ဆုံးတာဝန်ယူဖြေရှင်းပေးဖို့မေတ္တာရပ်ခံချင်ပါတယ်ရှင့်။မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုခြင်းမရှိပါ။ခုချိန်မှာ ၂၁ ရက် Quaratine ဝင်နေတာဖြစ်တဲ့တွက်ဘယ် media နဲ့မှ အင်တာဗျူး ဖြေဖို့အဆင်မပြေဖြစ်တဲ့တွက်လဲ တောင်းပန်ပါတယ်ရှင့်။”
“သီရိရဲ့မိသားစုဝင်တွေကိုလဲစိတ်အနှောက်အယှက် ဖြစ်စေတဲ့ စာတွေပို့ခြင်း ၊ ဖုန်းဆက်မေးမြန်းခြင်း မည်သူတစ်ဦးတစ်ယောက်မှမပြုလုပ်ပေးဖို့ရန် မေတ္တာ ရပ်ခံချင်ပါတယ်ရှင့်။ချစ်ခင်စွာဖြင့် မေးမြန်းကြသော ဂရုစိုက်ပေးကြသော Quaratine centre မှာ လိုအပ်တာတွေ အားလုံးဖြည့်ဆည်းပေးကြသော သီရိ ချစ်တဲ့ ပရိသတ်များ ညီအကိုမောင်နှမများ သူငယ်ချင်းမိတ်ဆွေများ ချစ်ခင်ကြတဲ့ တစ်ဦးတစ်ယောက်ချင်းဆီကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ ခုလိုချိန်မှာဘယ်သူကမိတ်ဆွေစစ် မိတ်ဆွေမှန်လဲဆိုတာသိခွင့်ရလို့လဲအားလုံး ကျေး ဇူးတင်ပါတယ်။စိတ်ပူအောင်လုပ်ခဲ့မိလို့ အဖေနဲ့ အမေညီမလေး ၂ ယောက်နဲ့ မောင်လေးကိုလဲတောင်းပန်ပါတယ် ။ ကျေးဇူးတင်ထိုက်တဲ့သူတွေ အားလုံးကို ကျေးဇူးတင်သလိုတောင်းပန်သင့်တဲ့သူ အားလုံးကိုလဲဒီနေရာကနေ တောင်းပန်ပါတယ်ရှင့်။”
“ဘာသာရေးနဲ့ပတ်သတ်ပြီး ဘာမှ မမန့်ကြဖို့နဲ့သတင်းလုပ်ပြီးမရေးကြဖို့ အချင်း ချင်း ထိခိုက်နစ်နာစေမယ့် စကားတွေ မပြောကြပဲမေတ္တာဖြင့်သာတစ်ဦးကို တစ်ဦးဖေးမကူညီကြဖို့အားလုံးကို မေတ္တာ ရပ်ခံချင်ပါတယ်ရှင့်။သီရိကအနုပညာရှင်မို့မဟုတ်မမှန်သတင်းတွေဘာတွေပဲ ပြောပါစေအပြောအဆိုခံနိုင်ပေမယ့် သီရိရဲ့မိသားစုနဲ့မောင်နှမတွေကို ကိုယ် ချင်းစာတရားလေးထားပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။သီရိကိုချစ်တဲ့သူတွေရော မချစ်တဲ့သူတွေရော အားလုံးကို သီရိကချစ်ပါတယ်လို့ ပြောချင်ပါတယ်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောထားပါတယ်။
Source: Thiri Shinn Thant’s fb
Credit Bilie – Cele Connections
သွားတိုက်ဆေး သုံးပြီးတော့ ဆားဝက်ခြံကို အလွယ်တကူ ဖယ်ရှားနည်း
သွားတိုက်ဆေး သုံးပြီးတော့ ဆားဝက်ခြံကို အလွယ်တကူ ဖယ်ရှားနည်း
ဆားဝက်ခြံကို လိမ်းဆေး အမျိုးမျိုး မလိမ်းလိုပဲ သဘာဝနည်းလမ်းဖြင့် ဖယ်ရှားလိုသူများတေွအတွက် ဆေးနည်းလေးကို အခုလိုပဲ မှျဝေပေးလိုက်ပါတယ်။
၁။ သွားတိုက်ဆေး( တစ်မျိုးမျိုး )နှင့် အိမ်သုံးဆားကို ခွက်အသန့်တစ်ခုထဲတွင် အနေတော်လေး ဆတူ ရောစပ်ပါ။
၂။ ပြီးရင် မိမိသုံးနေကျ မျက်နှာသစ်ဆေးတစ်မျိုးမျိုးဖြင့် မျက်နှာကို သန့်စင်အောင် သစ်ပါ။
ဆားဝက်ခြံအတွက် ရှောင်ရန်များ
၁။ ညဖက်တွင်လိမ်းခြယ်စရာမိတ်ကပ်အမျိုးမျိုး ၊ Suncream အမျိုးမျိုးတို့ကို လိမ်းခြယ်ပြီးလှျင် မျက်နှာသစ်ပြီးမှသာ အိပ်ယာဝင်ပါ။
၂။ ဆောင်းတွင်းနှင့် အေးတဲ့အချိန် မျက်နှာမသစ်နိုင်လှျင် မိတ်ကပ်ဖျက်ရည်ဖြင့် ဖျက်ပြီးမှ အိပ်ယာဝင်ပါ။
၅။ ဆေးအရှိန်ကြောင့် အပြင်ကို စူထွက်လာသည့် မှဲ့ခြောက်ကဲ့သို့သောဆားဝက်ခြံ အမှျစ်လေးများကိုလက်ဖြင့်သော်၄င်း၊မျက်နှာတိုက်ဖတ်ဖြင့်သော်၄င်း၊သွားပွတ်တံဖြင့်သော်၄င်း ညင်သာစွာ ပွတ်တိုက်ပေးနိုင်ပါတယ်။( ပြင်းပြင်းထန်ထန် မတိုက်ရပါ )။
၆။ သန့်စင်ပြီးသော မျက်နှာအား ချေှးပေါက် မကျယ်စေရန် PRAEL Skincare သို့မဟုတ် တိုနာ( Toner ) တစ်ခုခု လိမ်းပေးထားနိုင်ပါတယ်။ဒီနည်းကို အနည်း ဆုံးတစ်ပတ် တစ်ကြိမ်ခန့် ပြုလုပ်ပေးပါကဆားဝက်ခြံများကင်းစင်ပြီး မျက်နှာကိုချောမွတ်လှပလာစေပါလိမ့်မယ်။
၃။ ရောစပ်ထားသောဆေးကိုဆားဝက်ခြံပေါ်ကို ခပ်ပါးပါးလေးသုတ်လိမ်းပေးပါ။ (အထူကြီး မလိမ်းရပါ)။ မျက်စိ၊ ပါးစပ်၊ နှာခေါင်းတို့ကို မဝင်ပါစေနှင့်။
၄။ သွားတိုက်ဆေးနှင့်ဆားဓာတ်ကြောင့် လိမ်းထားသည့် နေရာမှာ အနည်းငယ် ပူရှိန်းရှိန်း ခံစားရပါလိမ့်မယ်။ ခဏဆိုလှျင် ပြန်ပျောက်မည်။( ၁၅ )မိနစ်ခန့် ထားပြီးလှျင်မျက်နှာကို ရေဖြင့် ဆေးကြော သန့်စင်လိုက်ပါ။ (မျက်နှာသစ်ဆေးရည်ကို သုံးရန်မလိုပါ)။
Credit မိုမိုလေး
ဆားဝက်ခြံကို လိမ်းဆေး အမျိုးမျိုး မလိမ်းလိုပဲ သဘာဝနည်းလမ်းဖြင့် ဖယ်ရှားလိုသူများတွေအတွက် ဆေးနည်းလေးကို အခုလိုပဲ မျှဝေပေးလိုက်ပါတယ်။
၁။ ညဖက်တွင်လိမ်းခြယ်စရာမိတ်ကပ်အမျိုးမျိုး ၊ Suncream အမျိုးမျိုးတို့ကို လိမ်းခြယ်ပြီးလျှင် မျက်နှာသစ်ပြီးမှသာ အိပ်ယာဝင်ပါ။
၂။ ဆောင်းတွင်းနှင့် အေးတဲ့အချိန် မျက်နှာမသစ်နိုင်လျှင် မိတ်ကပ်ဖျက်ရည်ဖြင့် ဖျက်ပြီးမှ အိပ်ယာဝင်ပါ။
Credit မိုမိုလေး
ကိုဗစ်ရောဂါကြီး မပြီးမချင်း အဆောင်လခ မယူတော့ဘူးဆိုတဲ့ ရွှေပြည်သာက အဆောင်ပိုင်ရှင်တစ်ဦး
ကိုဗစ်ရောဂါကြီး မပြီးမချင်း အဆောင်လခ မယူတော့ဘူးဆိုတဲ့ ရွှေပြည်သာက အဆောင်ပိုင်ရှင်တစ်ဦး
လေးစားထိုက်တဲ့ လူပီသတဲ့ စိတ်ထား
ရွေပြည်သာမြို့နယ်တွင်Covid 19 ကာကွယ်ရေး ကာလအတွင်း အဆောင်နေအလုပ်သမားများအား အလုပ်ပြန်မဆင်းရမချင်းအဆောင်လခများ မယူတော့ပဲ ကင်းလွတ်ခွင့်ပေးထားကြောင်း အဆောင်ပိုင်ရှင်များထံမှသိရသည်။
“ကျနော်က အဆောင်ပိုင်ရှင်လည်းဟုတ်တယ် အဆောင်မှူးလည်းဟုတ်တယ် ကိုယ်ချင်းစာနာလို့ ဒီကပ်ဘေးကြီးက မလွတ်မချင်း ကျွန်တော့အဆောင်မှာနေတဲ့ အခန်းတိုင်းကို လစာမကောက်တော့ဘူး အဆောင်လခ ကင်းလွတ်ခွင့်ကို
ဒီလဧပြီလကစပြီး ပေးထားလိုက်ပါပြီ တစ်ချို့လူတွေလည်းလျော့ယူတာတို့ လုံးလုံးမယူနေတာတို့ လုပ်ကုန်ကြပြီလို့ ကြားရပါတယ်”ဟု ရွေပြည်သာ အမှတ်၁၂ရပ်ကွက် စပယ်လမ်းမှNLD ဥက္ကဌလည်းဖြစ်
အဆောင်ပိုင်ရှင်လည်းဖြစ်သူ ဦးစိုးလွင်ကပြောသည်။ ရွေပြည်သာမြို့နယ် ၁၂ရပ်ကွက်တွင် ၅ခန်းတွဲ၆ခန်းတွဲအဆောင်ပေါင်းတစ်ရာကျော်ရှိနေကြောင်းသိရသည်။ ရွှေဘ ZN.H
အင်ဒိုနီးရှားနိုင်ငံမှာ Covid-19 ကိုအလေးမထားဘဲ ဘာသာဝင်ထောင်နဲ့ချီ စုဝေးမှုဖြစ်ပေါ်ခဲ့
အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်က နာမည်ကြီးဗလီတစ်ခုမှာ ဘာသာဝင်တွေဟာ ကိုဗစ်ကပ်ရောဂါဆိုးကြောင့် Lockdown ထုတ်ပြန်ထားတာကို ဂရုမစိုက်ဘဲ ဘာသာဝင်ထောင်နဲ့ချီ စုဝေးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က ဝတ်ပြုဆုတောင်းပွဲမှာ စုရုံးခဲ့တာဖြစ်ပြီး၊ ပုံထဲမှာ အားလုံးမြင်တဲ့အတိုင်းပဲ စနစ်တကျ Social distancing လည်း လုပ်ထားတာကို မတွေ့ရပါဘူး။ ကူးစက်မြန် ကပ်ဆိုးကာလအတွင်းမှာ ဒီလုပ်ရပ်ဟာ အလွန်အန္တရာယ် များလှပြီး၊ မကြာသေးခင်ကလည်း အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီတောင်ပိုင်း ဝတ်ပြုဆုတောင်းပွဲကပြန်လာတဲ့ ထိုင်းနိုင်ငံသား (၉၉)ဦးအနက် (၄၂)ဦးမှာ ကိုဗစ်ကူးစက်ခံခဲ့ရပြီး၊ ဒီအတိုင်း ပြည်တော်ပြန်ဝင်လာခဲ့လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက အလွန်ပေါက်ကွဲခဲ့ကြပါတယ်။ အခုလည်း ဒီလိုအဖြစ်မျိုး ဖြစ်သွားခဲ့ရင် အတော် ဒေါသထွက်စရာပါ။
အခု ဝတ်ပြုဆုတောင်းပွဲဖြစ်ခဲ့တဲ့ ဧပြီလ(၁၇)ရက် သောကြာနေ့မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ ကိုဗစ်ကူးစက်လူနာဦးရေ (၄၀၇)ဦးအထိ တိုးပွားစေခဲ့တာဖြစ်ပြီး၊ အင်ဒိုနီးရှားဟာ အခုဆိုရင် ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း (၆၂၄၈)ဦးအထိ ရှိသွားပါပြီ။ သေဆုံးသူကတော့ (၅၃၅)ဦးဖြစ်ပြီး၊ ပြန်လည်ကောင်းမွန်လာသူမှာ (၆၃၁)ဦးအထိ ရှိလာခဲ့ပါတယ်။ ၎င်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်မှုအရ လူပေါင်း (၄၂၀၀၀)ကျော် စစ်ဆေးပြီးပြီလို့ ဆိုပါတယ်။
အင်ဒိုနီးရှားရဲ့ ရောဂါကူးစက်မှုနှုန်းဟာ ဖိလစ်ပိုင်ကိုတောင် ကျော်တက်သွားခဲ့ပြီး၊ ဖိလစ်ပိုင်မှာတော့ လက်ရှိစာရင်းအရ (၆၀၈၇)ဦး ကူးစက်ခံရကား၊ (၃၉၇)ဦးသေဆုံးကာ၊ (၅၁၆)ဦး ပြန်လည်ကောင်းမွန်ထားကြောင်း သိရပါတယ်။ အခုစုဝေးဝတ်ပြုပွဲဟာ တစ်ခြားနိုင်ငံကလူတွေထက် အာချေးြ့ပည်နယ်အခြေစိုက် အာချေးမွတ်စလင်ဘာသာဝင် အများစုဖြစ်ပြီး၊ ဒီအထဲမှာ တစ်ဦးတစ်ယောက်သာ ရောဂါပိုးရှိနေခဲ့ရင် အင်ဒိုအတွက် မလွယ်ပါဘူး။
၎င်းတို့စုဝေးခဲ့ရာ ဗလီကတော့ Lhokseumawe မှာတည်ရှိတဲ့ ပြည်နယ်ရဲ့အကြီးဆုံးဗလီမှာဖြစ်ပြီး၊ ဆူမားတြားရဲ့ မြောက်ဘက်အကျဆုံးနယ်မြေမှာ တည်ရှိပါတယ်။ ပိုဆိုးတာကတော့ တော်တော်များများဟာ ယုံကြည်မှုကို အယုံလွန်ပြီး၊ အကာအကွယ်မျက်နှာဖုံးတွေ တပ်ဆင်ထားခြင်း မရှိကြပါဘူး။ ဒါပေမယ့် အင်ဒိုအာဏာပိုင်တွေက အခု လူစုလူဝေးကိစ္စနဲ့ပတ်သက်ပြီး ဘယ်လို အရေးယူမလဲဆိုတာ အသံမထွက်သေးပါဘူး။
ဘာသာပြန် လင်းဇော်ကို
Credit dkhit media
Zawgyi
ဘာသာပြန် လင်းဇော်ကို
Credit dkhit media