ပရိသတ်တွေ ဝေဖန်မှုများနေတဲ့ “အချစ်ဖွဲ့လေညှင်း” ဇာတ် ကားထဲကတိုင်းရင်းသားစကားလေသံအကြောင်းကို ရှင်းပြလာတဲ့ သိင်္ဂီထွန်း
ပရိသတ်တွေ ဝေဖန်မှုများနေတဲ့ “အချစ်ဖွဲ့လေညှင်း” ဇာတ် ကားထဲကတိုင်းရင်းသားစကားလေသံအကြောင်းကို ရှင်းပြလာတဲ့ သိင်္ဂီထွန်း
လက်ရှိ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “အချစ်ဖွဲ့လေညှင်း” ဇာတ်လမ်းတွဲကို ညစဉ်ညတိုင်း အားပေးကြမယ့်သူတွေရှိမယ်ထင်ပါတယ်။ “အချစ်ဖွဲ့လေညှင်း” ဇာတ်လမ်းတွဲက ဒရမ်မာဇာတ်လမ်းကောင်းတစ်ခုဖြစ်ပြီး ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေကလည်းကျရာကာရိုက်တာကို အံဝင် ခွင်ကျဖြစ်အောင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ဒါပေမယ့် ပရိသတ်တွေကြားမှာတောင်ပေါ်တိုင်းရင်းသူတစ်ယောက်အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး သိင်္ဂီထွန်းဟာအိုဗာအိုက်တင်ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေတာပဲ ဖြစ်ပါတယ်။
ထိုဝေဖန်မှုနဲ့ ပက်သတ်ပြီး သိင်္ဂီထွန်းက “Commentတွေနဲ့shareကြတဲ့သူတွေကိုကျေးဇူးအထူးတင်ပါတယ်။ ဓနုသံကိုမှ ပွေးလှဓနုသံမျိုးကိုယ့်ရပ်ကိုယ့်ဒေသချစ်တဲ့သူကကိုယ့်စကားကိုအလေးထားကြတာ။ဓနုဟာ ရှမ်းမျိုးနွယ်ဆိုပေမဲ့ ရှမ်းသံနဲ့မတူပါ။ကျမအမေကိုယ်ကရှမ်းစော် ဘွားနွယ်ပါ။ဓနုကဓနုအသံပါ။ ပွေးလှပင်းတယ မြို့ရဲ့ရွာတွေမှာဒီအတိုင်းပါရှင်။ဝေဖန်ပေးကြတာကိုလက်ခံပါတယ်ရှင်။ကျန်းမာထီပေါက်နိဗ္ဗာန်ရောက်ပါစေလို့တောင်းဆုပြုပါတယ်။” ဆိုပြီး တုန့်ပြန်ထားတာကို တွေ့ရပါတယ်။
သိင်္ဂီထွန်းကတော့ အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ ရပ်တည်လာနိုင်သူဖြစ်ပြီး သူမ သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်တိုင်းကို အကောင်းဆုံး လေ့လာပြီး သရုပ်ဆောင်သူတစ်ယောက် ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မှ ကျေးဇူးတင်ရှိပါတယ်။
Source: Theingi Tun’s fb
Credit သိစေချင်လွန်းလို့
Source: Theingi Tun’s fb
လက်မပုံစံကိုကြည့်ပြီး စိတ်နေစိတ်ထား နဲ့ ကိုယ်ရည်ကိုယ်သွေး ကိုခန့်မှန်း နိုင်
လက်မပုံစံကိုကြည့်ပြီး စိတ်နေစိတ်ထား နဲ့ ကိုယ်ရည်ကိုယ်သွေး ကိုခန့်မှန်း နိုင်
ကျွန်တော် တို့ရဲ့ လက်ပုံစံက ကျွန်တော်တို့ရဲ့ အကြောင်းကို အများကြီးပြောပြနိုင်ပါတယ်။သင့်လက်ချောင်းပုံစံတွေကို ကြည့်ပြီးမှုခင်းဆိုင်ရာ ကိစ္စရပ်တွေကိုတောင်အဖြေရှာနိုင်ပါတယ်။အထူး သဖြင့်လက်မမှာ လက်ဆစ် နှစ်ဆစ်သာရှိတဲ့ အတွက် ပိုမိုထူးခြားပါတယ်။ထိုလက်မကြောင့်ပဲကျွန်တော်တို့ကိုအခြားတိရိစာန်တွေနဲ့ ကွဲပြားစေတာဖြစ်ပါတယ်။လူတစ်ယောက်နဲ့ တစ်ယောက်တောင်မှ လက်မပုံစံချင်းမတူညီကြပါဘူး။ထိုသို့ တစ်ယောက်နဲ့ တစ်ယောက်ကွဲပြားတဲ့လက်မပုံစံကိုကြည့်ပြီး ထိုလူရဲ့ စိတ်နေစိတ်ထားနဲ့ ကိုယ်ရည်ကိုယ်သွေးကို အကဲဖြတ်နိုင်ပါတယ်။
(၁) A အမျိူးအစား နှင့်တူသော လက်မ
သင့်လက်မရှိလက်ဆစ် နှစ်ခုလုံးကတူညီနေတယ် ဆိုပါက သင်ဟာ ပျော်ရွင်မှုနဲ့ ငြိမ်းချမ်းမှုကိုနှစ်သက်တဲ့အေးအေးချမ်းချမ်းသမားဖြစ်ပါတယ်။ဒီလိုလက်မပုံစံရှိသူတွေဟာများသော အား် ဖြင့်အေးချမ်းပြီးစကားပြောဆိုခြင်းနဲ့စာသငခြင်းအတတ် ပညာတွေမှာဆရာကျပါတယ်။သင့်မှာဘဝနဲ့ ချီတဲ့ ဗဟုသုတတွေ ပြည့်ဝနေသူပါ။သင်ဟာကိုယ်ချင်းစာနာစိတ်ပြည့်ဝတဲ့သူဖြစ်လို့ကိစ္စတစ်ခုဖြစ်တိုင်းသင့်ကို ရင်ဖွင့်တိုင်ပင်ချင်တဲ့ မိသားစုဝင်တွေ သူငယ် ချင်းတွေသင့်အနားမှာ အမြဲ ရှိနေတတ်ပါတယ်။
(၂) B နဲ့ တူသော လက်မ အမျိူးအစား
သင့်လက်မရဲ့ ပထမအဆစ်ဟာဒုတိယအဆစ်ထက်ပိုရှည်နေပါကသင်ဟာ ပြီးပြည့်စုံကောင်းမွန်မှုကိုအလွန်မြတ်နိုးသူ တနည်းအားဖြင့် perfect ဖြစ်မှ ကြိုက်တဲ့perfectionist တစ်ယောက်ပဲ ဖြစ်ပါတယ်။သင်ဟာသင့်စိတ်ကူး စိတ်သန်းတွေကိုအလွန်တရာအလေးထားဆောင်ရွက်ပြီးကိစ္စတိုင်းကိုအသေးစိတ်ကအစတိကျစွာဆောင်ရွက်တတ်သူ ဖြစ်ပါတယ်။သင်ဟာပြီးပြည့်စုံအောင်မြင်မှုကို တန်ဖိုးထားသူဖြစ်တာနဲ့အညီသင့်မှာရည်မှန်းချက်တစ်ခုခုအမြဲရှိနေတတ်ပါတယ်။တစ်ခါ တစ်ရံမှာတော့သင်ဟာအတွေးအခေါ်တွေကို အလေးထားသူဖြစ်တတ်ပြီး အောင်မြင်ဖို့အတွက်နည်းလမ်းကောင်းတစ်ခုကိုရှာဖွေနေသူဖြစ်ပါတယ်။သင်ဟာရိုးသားသူဖြစ်တာမို့လူတွေရဲ့လေးစားခြင်းကိုခံရသူလည်းဖြစ်ပါတယ်။
(၃) C နဲ့ တူသော လက်မ အမျိူးအစား
သင့်လက်မရဲ့ဒုတိယအဆစ်ဟာပထမအဆစ်ထက်ကြီးမားနေပါကသင်ဟာ အလုပ်ကြိုးစားသူတစ်ယောက်ဖြစ်ကြောင်းဖော်ပြနေပါတယ်။သင့်ဘဝမှာ အောင်မြင်မှုကိုဘယ်တော့မှလွယ်လွယ်နဲ့ ရခဲ့တာမဟုတ်ပါဘူး။ဒါပေမယ့်သင်ဟာအခက်အခဲတိုင်းကိုအောင် မြင်စွာကျော်ဖြတ်နိုင်ခဲ့တာချည်းဖြစ်ပါတယ်။ဒီလိုလက်မမျိူးရှိသူတွေဟာစမတ်ကျပြီးကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသူ ဖြစ်ပါတယ်။သင့်စိတ်ကူးစိတ်သန်းတွေဟာအမြဲပြတ်သားပြီးသင်ဟာတွေဝေခြင်းမရှိပဲဆုံးဖြတ်ချက်တိုင်းကိုတိကျစွာ ချမှတ်တတ်သူဖြစ်ပါတယ်။ဒါကြောင့်ပဲလုပ်ငန်းခွင်တွေမှာယုံကြည်စိတ်ချရသူတစ်ယောက်အဖြစ်သတ်မှတ်ခံရသူဖြစ်တတ်ပါတယ်။
(၄)လွယ်ကူစွာ ကွေးနိုင်သော လက်မအမျိူးအစား
သင့်လက်မကိုမတ်မတ်ထောင်ကြည့်ပါ။ထို့နောက် အခြားလက်ဖြင့် ထိုလက်မကို ဖိကြည့်ပါ။အလွယ်တကူ ကွေးသွားပါက သင်ဟာစိတ်ခံစားလွယ်ပြီးသင့်စိတ်ထဲရှိတဲ့အတိုင်းကွယ်ဝှက်မထားတတ်သူမျိူး ဖြစ်ပါတယ်။ထိုလက်မအမျိူးအစားကိုတောင် တက်သမားလက်မလို့တင်စားခေါ်ဝေါ်ပြီးထိုလက်မပိုင်ရှင်များအနေဖြင့်ပတ်ဝန်းကျင်အသစ်နဲ့အပြောင်းအလဲအသစ်တိုင်းကိုလိုက်လျောညီထွေစွာပြုမူနေထိုင်တတ်သူများဖြစ်ကြပါတယ်။ထို့ပြင်အနုပညာနဲ့ပတ်သက်ပြီးစိတ်ကူးစိတ်သန်းကောင်းများကိုလည်းပိုင်ဆိုင်တတ်ကြပါသေးတယ်။သင်ဟာအနုပညာသမားဖြစ်ဖို့ မွေးဖွားလာတယ်ဆိုရင်မမှားပါဘူး။ထိုလက်မမျိူးရှိသူတွေဟာအလွန်စပ်စုတတ်ကြပြီး ပတ်ဝန်းကျင်ကိုစိတ်ဝင်စားစွာ လေ့လာကြပါတယ်။ပြဿနာများကိုကျော်လွားပြီးအောင်မြင်မှုရရှိအောင်လည်း ကြိုးစားတတ်ကြသူများ ဖြစ်ပါတယ်။
(၅)ဖြောင့်တန်းသော လက်မ အမျိူးအစား
သင့်လက်မကိုမတ်မတ်ထောင်ကြည့်ပါ။သင့်လက်မဟာ ကွေ းကောက်ခြင်းမရှိပဲထောင်မတ်နေပါကသင်ဟာခေါင်းမာတတ်ပြီးလွမ်းမိုးလိုတဲ့စိတ်နေသဘောထားရှိသူဖြစ်ပါတယ်။သင်ဟာအနေတည်သူဖြစ်တာမို့ပတ်ဝန်းကျင်က ရှိန်တတ်ပေမယ့် ကတိတည်သူတစ်ယောက်ဖြစ်တဲ့အတွက်သင့်ကို လေးစားကြပါတယ်။သင်ဟာကိစ္စတိုင်းကိုချက်ခြင်းခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အစွမ်းရှိပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချတတ်သူ ဖြစ်ပါတယ်။
Credit Writer_Dr Jue (XYZ News)
လက်မပုံစံကိုကြည့်ပြီး သင့်စိတ်နေစိတ်ထား နဲ့ ကိုယ်ရည်ကိုယ်သွေး ကိုခန့်မှန်း နိုင်
(၁) A အမျိုးအစား နှင့်တူသော လက်မ
(၂) B နဲ့ တူသော လက်မ အမျိုးအစား
(၃) C နဲ့ တူသော လက်မ အမျိုးအစား
(၄)လွယ်ကူစွာ ကွေးနိုင်သော လက်မအမျိုးအစား
(၅)ဖြောင့်တန်းသော လက်မ အမျိုးအစား
ဧပြီလ (၂၆) ရက်နေ့မှ (၃၀) ရက်နေ့အတွင်းမြန်မာနိုင်ငံတစ်ဝန်း လုံးတွင် မိုးများရွာသွန်းနိုင်ပြီးမေလဆန်းတွင် အား ကောင်းသော မုန်တိုင်းငယ် တစ်လုံး ဝင်ရောက်ရန်ရှိ
ဧပြီလ (၂၆) ရက်နေ့မှ (၃၀) ရက်နေ့အတွင်းမြန်မာနိုင်ငံတစ်ဝန်း လုံးတွင် မိုးများရွာသွန်းနိုင်ပြီးမေလဆန်းတွင် အား ကောင်းသော မုန်တိုင်းငယ် တစ်လုံး ဝင်ရောက်ရန်ရှိ
မေလဆန်းထဲ အားကောင်းသောမုန်တိုင်းငယ်တစ်လုံးရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းဖြတ်ကာကုန်းတွင်းပိုင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအထိ ဝင်ရောက်ရန်ရှိသည့်အကြောင်းအပါအဝင် မိုးရွာသွန်းနိုင်မှုအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူ့ထဲသို့အကြံပြုချက်များအား လူကယ်ပြန်ဝန်ကြီးဌာနကယနေ့ ညနေပိုင်းတွင်သတင်းထုတ်ပြန်လိုက်ကြောင်းသိရသည်။ထုတ်ပြန်ချက်အပြည့်အစုံမှာ-
၁။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ပြည့်နှစ်၊ ဧပြီလ (၂၃) ရက်နေ့၊မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်တွင်ကပ္ပလီပင်လယ်ပြင်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် (၂၈-၄-၂၀၂၀) ရက်နေ့မှ (၃၀-၄-၂၀၂၀) ရက်နေ့အတွင်းလေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ကြောင်းထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။
၂။ ECMWF/ weather.us မှ ရရှိသော အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်၊ဧပြီလ(၂၅) ရက်နေ့မှ (၂၇) ရက်နေ့ အထိကချင်ပြည်နယ်၊ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့်အောက်ပိုင်း၊မကွေးတိုင်းဒေသကြီးမြောက်ပိုင်းမန္တလေးတိုင်းဒေသကြီးတွင် မိုးရွာသွန်းနိုင်ပါသည်။
ကချင်ပြည်နယ်၌မြစ်ကြီးနားမြို့၊ ရွှေကူမြို့၊မိုးညှင်းမြို့၊မိုးကောင်းမြို့၊ ဗန်းမော်မြို့၊ဟိုပင်မြို့၊ဖားကန့်မြို့၊တနိုင်းမြို့၊ ဝိုင်းမော်မြို့တို့တွင်လည်းကောင်း၊ ချင်း ပြည်နယ်၌ ထန်တလန်မြို့၊ မတူပီမြို့၊ မင်းတပ်မြို့၊ဖလမ်းမြို့၊ တီးတိန်မြို့တို့တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ကလေးမြို့၊ ပင်လယ်ဘူးမြို့၊ ကောလင်းမြို့၊ ကသာမြို့၊ သဖန်းဆိပ်မြို့၊ ကန့်ဘလူမြို့တို့တွင် လည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ၌လည်းကောင်း မိုးရေချိန် (၂ လက်မမှ ၃ လက်မအတွင်း)နေရာကွက် ၍မိုးကြီးနိုင်ကာ ဧပြီလ (၂၆) ရက်နေ့မှ (၃၀)ရက်နေ့အတွင်းမြန်မာနိုင်ငံ တစ်ဝန်းလုံးတွင်မိုးများရွာသွန်းနိုင်သည့် အခြေ အနေများကို လေ့လာတွေ့ရှိရပါသည်။
၃။ ၂၀၂၀ ပြည့်နှစ်၊ မေလ (၁) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ ဖြစ်ပေါ်နိုင်သော လေဖိအားနည်းရပ်ဝန်းသည်‌မေလပထမပတ်အတွင်း အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်ကာအက်(ဒ်)မန်ကျွန်းအနီးမှ မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း စစ်တွေမြို့နှင့်ကျောက်ဖြူမြို့တို့ကို ဖြတ်ကျော်ကာကုန်းတွင်းသို့ဝင်ရောက်လျက် မြန် မာနိုင်ငံအလယ်ပိုင်းဒေသများအထိ ရောက်ရှိနိုင်သည်ကို တွေ့ရှိရပါသည်။
၄။ သိသာသည့် မိုးရေချိန်ပမာဏများရရှိနိုင်ရန်အလားအလာရှိနေသည့် ကချင် ပြည်နယ် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးတို့တွင် မိုးကြီးနိုင်သည့်အခြေအနေများဖြစ်ပေါ်နိုင်ခြင်း၊လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးမိုးကြိုးအန္တရာယ်ဖြစ်နိုင်ခြင်း၊ မိုးသီးကြွေခြင်းအခြေအနေများနှင့်မြစ်များ၊ ချောင်းများတစ်လျှောက်နှင့် မြေနိမ့်ဒေသများတွင်နေထိုင်ကြသူများအနေဖြင့် လျှပ်တပြက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းအန္တရာယ်များကိုပါ ကြုံတွေ့ရနိုင်သည်ဖြစ်ရာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့် တပြေးညီထုတ်ပြန်ပေးလျက်ရှိသည့် မိုးလေဝသ ကြိုတင်သတိပေးချက်များအပြင်မိမိတို့ပတ်ဝန်းကျင်ရှိ အခြေအနေများကိုပါသတိပြုနေထိုင်ကြပါရန် လူမှု ဝန်ထမ်း ၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အကြံပြုအပ်ပါသည်။
Credit : မိုးဇလ
Credit : မိုးဇလ
COVID-19 ဓာတ်ခွဲ နမူနာများ ဘေးကင်း လုံခြုံစွာ ရယူနိုင်ရန်ငွေကျပ် သိန်း(၃၀၀) တန်ဖိုးရှိ Protective Chamber အလုံး (၅၀)ကို လှူဒါန်းလိုက်တဲ့ ဦးဇော်ဇော် နှင့် ဧရာဝတီဖောင်ဒေးရှင်း
နိုင်ငံအနှံ့အပြား ပြည်သူ့ ဆေးရုံများရှိ ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် COVID-19 ဓာတ်ခွဲ နမူနာများ ဘေးကင်း လုံခြုံစွာ ရယူနိုင်ရန် ရည်ရွယ်၍ ဦးဇော်ဇော်နှင့် မိသားစု၊ ဧရာဝတီ ဖောင်ဒေးရှင်း အမှုဆောင် ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးတို့သည် ငွေကျပ် သိန်း(၃၀၀) တန်ဖိုးရှိ Protective Chamber အလုံး (၅၀)ကို
ဆေးတက္ကသိုလ်(၁)၊ ဒုတိယ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာမြင့်မြင့်ငြိမ်း၊ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒုတိယညွန်ကြားရေးမှူးချုပ် ‌ဒေါက်တာထွန်းမြင့် တို့ထံသို့ ဧပြီလ ၂၄ရက်နေ့ နံနက်ပိုင်းက ပေးအပ် လှူဒါန်းခဲ့သည်။
အဆိုပါ Protective Chamber များကို မြန်မာနိုင်ငံ အလူမီနီယမ် အသင်း (MGAA) မှ အကျိုးအမြတ် လုံးဝ မယူဘဲ အလျင်မြန်ဆုံး ပြီးစီးစေရန် အားတက်သရော ပူးပေါင်းကူညီ ဆောင်ရွက် ပေးခဲ့ခြင်း အတွက် ဧရာဝတီ ဖောင်ဒေးရှင်းမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။
credit-U Zaw Zaw
ZAWGYI
credit-U Zaw Zaw
“မာယာပရိယာယ် အသွယ်သွယ်နဲ့ ရက်စက်မှုအပေါင်း သရဖူဆောင်းထားတဲ့ ကိုရိုနာဗိုင်းရပ်စ်”
ကိုရိုနာပိုးလို့ဘာလို့ခေါ်လဲဆိုတော့ သူ့မှာ ထွက်နေတဲ့ အချွန်အတက်လေးတွေက သရဖူလေးလို ဖြစ်နေလို့ခေါ်တာလို့လင်းမှတ်ထားဖူးတာ။ဟိုတနေ့က လန်ဒန်ကအထူးကြပ်မတ်ကုသဆောင်အတိုင်ပင်ခံဆရာဝန်ကွန်ဆားတန့်တစ်ယောက်ပြောသွားတဲ့ပို ့ချချက်ဗီဒီယိုလေးကြည့်မိတော့မှ သူကတော့ ဗိုင်းရပ်စ်ကိုဖုံးလွှမ်းထားတဲ့အလွှာပါးနဲ ့အချွန်လေးတွေက နေရဲ့ မျက်နှာပြင်တဝိုက်မှာရှိတဲ့ အခိုးလွှာနဲ့မီးလျှံတွေနဲ ့တူတာကို တင်စားခေါ်တာလို့ရှင်းပြသွားတော့ အဓိပ္ပါယ် ၂ မျိုးရှိတာသိရပြီး နောက်တစ်မျိုးအသစ်ထပ်မှတ်ရတယ်။ဒီပို့စ်လေးမှာ ရေးချင်တဲ့အချက်တွေက သူ့ရဲ့ပို့ချချက်တွေကို ကိုးကားထားပါတယ်ရှင့်။
သူပြောသွားတာ အရဆိုရင် ကိုရိုနာပိုးဟာ အသက်ရှူလမ်းကြောင်းနဲ ့အဆုတ်ကို အဓိက တိုက်ခိုက်တယ်။ပထမပိုင်းမှာ အဆုတ်ယောင်ပြီး ပျော့ဖတ်သွားတယ်။နောက်ပိုင်းမှာတော့ အဆုတ်လေပြွန်တွေယောင်ပြီး မာတောင့်သွားတယ်။
ပြီးတော့ ချွဲသလိပ်တွေကလည်း ပျစ်ခဲနေတယ်။သလိပ်ပျော်ဆေးတွေပေးရတယ်။လေပြွန် အကြီးတွေကလည်း သူတို့အသက်ရှူပိုက်ထည့်ဖို ့ ကြည့်လိုက်ရင် ယောင်ယမ်းနေတာချည်းပဲတဲ့။
သူပြောသွားတဲ့ အချက်ထဲမှာ စိတ်ဝင်စားစရာကောင်းတာက သွေးထဲမှာအောက်ဆီဂျင်ကျနေတဲ့လူနာကို မှောက်ခုံအနေအထားမှာထားလိုက်ရင် အောက်ဆီဂျင်ပမာဏချက်ချင်း သိသိသာသာ ပြန်တက်လာတယ် လို ့ဆိုထားတယ်။
ပြီးတော့ အဆုတ်နဲ့ပတ်သက်ရင် အဆုတ်ယောင်တာတင်မကဘဲ အဆုတ်သွေးခဲပိတ်တာ (Pulmonary embolism)အဖြစ်များတာကိုလည်းတွေ့ရတယ်တဲ့။ရုတ်တရက် အောက်ဆီဂျင်ဓာတ်ထိုးကျသွားတယ်။အဆုတ်မှာ အဆုတ်ယောင်လက္ခဏာတွေလည်း အများကြီး မရှိဘူး ဆို အဆုတ်သွေးလွှတ်ကြော သွေးခဲပိတ်တာကို စဥ်းစားပါ လို့သူက ပြောသွားတယ်။လွတ်သွားမှာ စိုးလို့ပါတဲ့။ဗိုင်းရပ်စ်က သွေးကို ပိုပျစ်ပိုခဲစေခြင်းရဲ နောက်ဆက်တဲွတစ်ခုပါ။
ဗိုင်းရပ်စ်က သွေးတွေကို ပိုပျစ်စေ ပိုခဲလွယ်စေတယ် ဆိုတာတွေ့ရှိထားရပါတယ်။ဒါကြောင့် သွေးခဲကာကွယ်တဲ့သွေးကျဲဆေးထိုးဆေးကို သာမန်လူနာတွေထက် ပမာဏမြှင့်ပြီးပေးဖို ့ ညွှန်ကြားထားတာတွေ ရှိပါတယ်။သွေးပျစ် သွေးခဲလွယ်ခြင်းရဲ့တခြားနောက်ဆက်တွဲတစ်ခုဖြစ်တဲ့ လေဖြတ်ခြင်းနဲ့လည်း လာတတ်ပါတယ်တဲ့။
ပြီးတော့ ဗိုင်းရပ်စ်ပိုးဆိုတဲ့အတိုင်း တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုလည်း ယောင်ယမ်းစေနိုင်တယ်။ကြွက်သားယောင်တာ နှလုံးယောင်တာတွေလည်းဖြစ်တတ်တယ်။
ဦးနှောက်ယောင်တာ သတိလစ်တာ တက်တာတွေနဲ ့လည်း လာတတ်တယ်။အတက်ရောဂါအခံရှိတဲ့သူတွေဆို အတက်ရောဂါပြန်ထတာမျိုး ဖြစ်တတ်တယ်။အော့အန်တာ ဝမ်းလျှောတာမျိုးနဲ့လည်း လာတတ်တယ်။အသည်းယောင်တတ်တယ်။ကျောက်ကပ်ထိခိုက်ပျက်စီးပြီးကျောက်ကပ်ဆေးရတာတွေရှိတယ်
ပြီးတော့ ဒီထက့်ပိုခက်တာက အဖျားလည်းမရှိ။ချောင်းလည်းမဆိုးဘဲ အနံ့မရတာ ကိုယ်လက်မအီမသာဖြစ်တာ ခေါင်းလေးနည်းနည်းကိုက်တာလောက်သာပြတဲ့ လူနာတွေမှာလည်း စစ်ကြည့်ရင် ပိုးတွေ့နိုင်ပါတယ်။
နောက်ထပ်သိသာတဲ့ လက္ခဏာတစ်ခုက အားအင်မရှိ နုံးချိတာပါ။ဒါကတော့ လူနာတော်တော်များများမှာ ကြုံရတယ် လို့ပြောပါတယ်။ဒီတော့ ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ရောဂါ လက္ခဏာတွေက ခန့်မှန်းရ တကယ်ကို ခက်ပါတယ်
ချော်လဲ လို့လာတဲ့လူနာ က ချော်မလဲခင်က အကောင်းလို့ပြောတယ်။စစ်လိုက်တော့ ကိုရိုနာပိုးတွေ့တယ်။အန်လို့လာတဲ့လူနာက ဆေးရုံကဆင်းသွားတာ မကြာသေးလို့ စစ်လိုက်တယ်။ပိုးတွေ့တယ်။
အရင်တခြား ဘက်တီးရီးယားပိုးကြောင့် ချောင်းတာရှည် ဆိုးနေကျလူနာက ချောင်းပိုဆိုးလာလို ့စစ်လိုက်တယ်။ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ ့တယ်။သတိလစ်သလို သတိမကောင်းသလို ဖြစ်နေတဲ့လူနာကို စစ်လိုက်တယ်။ကိုရိုနာပိုးတွေ ့တယ်။
အဲ့ဒီလို အပူကြီးချောင်းဆက်တိုက်ဆိုး ဆိုတဲ့ လက္ခဏာမျိုးမဟုတ်ဘဲ စစ်လိုက်တဲ့လူနာတွေမှာ ကိုရိုနာပိုးတွေ တွေ ့နေရတော့ ဗိုင်းရပ်စ်ဟာ မာယာများလွန်းလှတယ် လို့ဆိုရမယ်။
သူ ့ရောဂါလက္ခဏာတွေက ဘာမဆိုဖြစ်နိုင်တယ် လို့တောင် ဆိုရနိုင်ပါတယ်။ဖြစ်နိုင်မယ် ဆိုရင် ဆေးရုံလာတက်သမျှလူနာတိုင်းကို မလွတ်အောင် ကိုရိုနာဗိုင်းရပ်စ်ကို လူနာတိုင်းကို စစ်နိုင်စေချင်တော့တာပဲ လို့ဆုတောင်းမိတော့တယ်။(ဒါကလည်း လင်းသိသလောက် ဘယ်နိုင်ငံမှာမှ မစစ်နိုင်သေးပါဘူး။ဆုတောင်းလေ ဆုတောင်းလို့ကိုယ့်ကိုကိုယ်ပြောရုံပဲရှိလို ့တကယ်လည်း ဆုတောင်းနေပါတယ် 😁 )
လင်းက ကိုဗစ်အထူးကုဆရာဝန်မဟုတ်ပါဘူး။ကိုဗစ်ကို နိုင်အောင်တိုက်ချင်တဲ့ ဆရာဝန်တစ်ယောက်ပါ။ကိုယ်တိုင်လည်း ကိုဗစ်လူနာတစ်ယောက်ပါ။ဒါပေမဲ့ ကိုဗစ်အကြောင်းသိလားလို ့မေးရင် သေချာမသိဘူး လို့ပဲ ဖြေပါရစေ။ကိုယ်စိတ်ဝင်စားလို ့ ဖတ်သမျှ လေ့လာသမျှတွေကို ပြန်ဝေမျှပေးရုံလေးပါ။ဒီတော့ လင်းကို ဒါကိုရိုနာ ဗိုင်းရပ်စ်ပိုးရဲ့လက္ခဏာနဲ့ တူလား။မတူဘူးလားလို့မေးရင် လင်းတူတယ်။မတူဘူးလို့ခွဲခြားပြီး မသိနိုင်ပါဘူး။ဒီတော့ လင်းကို ဒါကိုရိုနာရောဂါလားလို့မေးရင် လင်းမသိနိုင် မခဲွနိုင်ပါဘူးလို့စိတ်မကောင်းစွာနဲ့ပဲ ဖြေပါရစေရှင့်။
မာယာများလွန်းလှတဲ့ ကိုဗစ်လို့ပဲ ဆိုပါရစေတော့။
ဒါပေမဲ့ လင်းအားပေးချင်တာက လူ ၁၀၀ မှာ ၈၀ က အရမ်းဆိုးတဲ့ အခြေအနေမရောက်ဘဲ ပြန်ကောင်းလာကြပါတယ်။ဒီတော့ အရမ်းကြီး မကြောက်စေချင်သလို မကြောက်ဘဲလည်း မနေစေချင်ပါဘူး။
ကျန်တဲ့ ၂၀ ရာခိုင်နှုန်းမှာ ကိုယ်မပါဘူး လို ့မပြောနိုင်သလို ကိုယ်က ကိုယ်ခံအားကောင်းလို ့ မသိသာပေမဲ့ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းထဲမှာ ပါနိုင်သူတွေကို ရောဂါဖြန့်မိသလို ဖြစ်ရင် မကောင်းပါဘူး။
ဒီတော့ အသိဉာဏ်ပညာနဲ့ယှဥ်ပြီးကြောက်ပါ။ကိုယ့်ဘက်က လုပ်နိုင်တာတွေဖြစ်တဲ့ အတတ်နိုင်ဆုံး အိမ်ထဲမှာပဲနေတာ၊တစ်ယောက်နဲ့တစ်ယောက် ၃ ပေအကွာမှာနေတာ၊လက်ဆေးတာ၊လက်ကို မျက်နှာခဏခဏမကိုင်တာ၊အပြင်သွားရင်မျက်နှာဖုံး Mask တပ်သွားတာ၊၅ယောက်(ဖြစ်နိုင်ရင် ၂ ယောက်) ထက်လူမစုတာ၊ကျန်းမာရေးဌာနကလမ်းညွှန်ချက်တွေကိုလိုက်နာတာဟာ ကိုယ့်အသက်တင်သာမက တခြားသူတွေရဲ ့အသက်တွေကိုပါ ကယ်ရာရောက်ပါတယ်။
ပြီးတော့ အိပ်ရေးဝအောင်အိပ်ပါ။အားရှိတဲ့အစာတွေ စားပါ။ကိုယ်ခံစွမ်းအားကောင်းအောင်နေပါ။စိတ်အေးချမ်းအောင်ထားပါ။ဒါဆိုကိုယ်က ၈၀ ရာခိုင်နှုန်းထဲပါဖို ့တော်တော်သေချာနေပါပြီနော်။
အရမ်းမကြောက်ပါနဲ့။တွေးမပူပါနဲ့။စိတ်ဖိစီးမှုမများပါနဲ့။စိတ်ဖိစီးမှုများရင် ကိုယ်ခံအားကျစေပါတယ်။ကိုယ့်စိတ်ကလေးအေးချမ်းအောင် ဘုရားရှိခိုး၊တရားထိုင်၊မေတ္တာပို့ပါ။ကိုယ့်မှာ ကုသိုလ်စိတ် မေတ္တာစိတ်လေးနဲ့အေးချမ်းနေရင် ကိုယ်ခံစွမ်းအားလည်းကောင်းလာမှာပါ။
ဒီရောဂါကြီး ကိုယ့်ဆီရောက်လာရင် ဘယ်လိုလုပ်မလဲ လို့တွေးပူနေမဲ့အစား ကိုယ့်ဆီမရောက်အောင် အတတ်နိုင်ဆုံးကိုယ့်ဘက်က ကကာကွယ်လုပ်ဆောင်နိုင်တာတွေ လုပ်ဆောင်ပါ။
လူတွေအားလုံး ကပ်ရောဂါပိုးကြီးအတွက် ကြောက်လန့်နေချိန်မှာကိုယ်က တခြားသူတွေအတွက် ဘာတွေ ကူညီလုပ်ပေးနိုင်မလဲ ဆိုတဲ့ မေတ္တာအတွေးကိုတွေးပြီးလက်တွေ့လုပ်ဆောင်ပါ။ကိုယ်ကကြောက်နေရင် တခြားသူတွေကို ဘယ်လို အားပေးမလဲ။ကိုယ်က စိတ်တည်ငြိမ်အေးချမ်းပြီး ကိုယ်လုပ်စရာရှိတဲ့ စည်းကမ်းတွေကို လိုက်နာနေရင်ကိုယ့်တည်ကြည်ငြိမ်သက်အေးချမ်းမှုက တခြားသူတွေကိုလည်း ကူးစက်အေးချမ်းစေပါတယ်။ဒါကိုယ်လုပ်နိုင်တာတွေထဲက တစ်ခုပါ။
ဒီပိုးက ကြောက်စရာကောင်းပါတယ်။ဒါပေမဲ့ လူသားတွေရဲ့စည်းကမ်းလိုက်နာခြင်း၊အသိဉာဏ်ပညာနဲ့မေတ္တာတရားတွေက ဒီကပ်ရောဂါပိုးကို အနိုင်ယူနိုင်မှာပါ။
တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းက စည်းကမ်းလိုက်နာပြီး ဒီပိုးကို မကူးစေ မပြန့်စေဘူး ဆိုရင် ကာကွယ်ဆေး မပေါ်သေးပေမဲ့လည်း တိကျတဲ့ကုသဆေးမပေါ်သေးပေမဲ့လည်း ဒီပိုးကို ထိန်းချုပ်နိုင်မှာပါ။
လူသားတွေရဲ့အသိဥာဏ်ပညာနဲ့မေတ္တာတရားကြီးမားမှုဟာ ဒီကပ်ရောဂါပိုးကို အနိုင်ယူနိုင်လိမ့်မယ် လို့ လင်းကတော့ အသေအချာယုံကြည်နေမိပါတယ်။
ရင်ထဲမှာ မေတ္တာအကြင်နာတရားတွေကိန်းအောင်းနေတဲ့သူတွေမှာ ဒီပိုးဟာ ဒုက္ခမပေးနိုင် မရှင်သန်နိုင်ပါဘူး။အားလုံးလည်း စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာပြီး ဒီကပ်ရောဂါကြီးကို အလွယ်တကူ ကျော်နိုင် လွှားနိုင်ကြပါစေရှင့်။
စာကြွင်း။ ။ဒီစာလေးကို အသုံးဝင်တယ်ထင်လို ့ Share ချင်တယ် ဆိုရင်လည်း လင်းကို ခွင့်တောင်းစရာမလိုဘဲ share လို့ရပါတယ်ရှင့်။Sharing means loving kindness လို့အမြဲ ယုံကြည်ထားပါတယ်ရှင့်။လင်းရေးတဲ့စာမှာ လိုအပ်နေတာ မှားနေတာ တွေ့ရင်လည်း ထောက်ပြ ပြင်ပေးကြပါရှင့်။ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။
ချစ်ခင်စွာဖြင့်
လင်း
ဒေါက်တာလင်းစန္ဒာလှိုင်
ခေတ္တ ယူကေ
PhotoCreditToGoogleImages
တစ်ယောက်အပေါ် တစ်ယောက် ချစ်ခြင်းမေတ္တာတွေနဲ့ အိမ်ထောင်ရေးကို ထူထောင်လိုက်ပြီဖြစ်တဲ့ နေဝင်းနဲ့ အိမ့်ချစ်ချော
တစ်ယောက်အပေါ် တစ်ယောက် ချစ်ခြင်းမေတ္တာတွေနဲ့ အိမ်ထောင်ရေးကို ထူထောင်လိုက်ပြီဖြစ်တဲ့ နေဝင်းနဲ့ အိမ့်ချစ်ချော
ပရိသတ်တွေအားကျရတဲ့ ဆယ်လီစုံတွဲ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ စုံတွဲလေးကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ (၂၀၁၉)ခုနှစ်ရဲ့ဒီဇင်ဘာလ (၃၁)ရက်နေ့မှာ နေဝင်းက အချိန်ကြာကြီး လက်တွဲလာခဲ့တဲ့ ချစ်သူအိမ့်ချစ်ချောကို New Year ကြိုဆိုတဲ့ ရှိုးပွဲမှာပဲ လက်ထပ်ခွင့်ကို ရိုမက်တစ်ဆန်ဆန် တောင်းခဲ့တာပဲဖြစ်ပါတယ်။ ချစ်သူအိမ့်ချစ်ချောက လက်ထပ်ခွင့်ကိုလက်ခံခဲ့တာကြောင့် ဧပြီလ မှာ လက်ထပ်ဖို့ စီစဉ်ခဲ့ပေမယ့် Covid 19 ကြောင့် လက်ထပ်ပွဲကို မလုပ်ဖြစ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
လက်ထပ်ပွဲကိုလူအစုအဝေးနဲ့ ကျင်းပတော့မှာမဟုတ်ပေမယ့်တရားရုံးမှာ လက်မှတ်ထိုးပြီးအကျဉ်းရုံးလုပ်သွားဖို့ကိုစီစဉ်လိုက်တဲ့အကြောင်းကိုသူတို့ရဲ့ လူမှု့ကွန်ရက်စာမျက်နှာပေါ်မှာ ရေးတင်ခဲ့ဖူးပါတယ်။ဒီနေ့ ဧပြီလ (၂၅)ရက်နေ့မှာတော့နေဝင်းနဲ့ အိမ့်ချစ်ချောတို့ သူတို့နှစ်ဦးလက်ထပ်ပြီးစီးကြောင်းကို Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Relationship ချိတ်တင်လာခဲ့တာပဲဖြစ်ပါတယ်။
(၁၁)နှစ်ကြာတဲ့ချစ်သူသက်တမ်းမှာ ပျော်ရွှင်မှုတွေ ၊သစ္စာမေတ္တာတွေနဲ့ တည်ဆောက်ထားတဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့စုံတွဲကတော့ဒီနေ့ဧပြီလ (၂၅) ရက်နေ့မှာတော့ချစ်ခင်ကြင်နာတဲ့ အ ကြင်လင်မယားတွေ ဖြစ်သွားခဲ့ပါပြီနော် ပရိသတ်ကြီး။ပရိသတ်ကြီးလည်း တရား ဝင် ဇနီးမောင်နှံတွေ ဖြစ်သွားပြီဖြစ်တဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့အတွက် ဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။
Source: Nay Win’s Facebook
COVID19 အတည်ပြုလူနာ နံပါတ်(၁၄၄)ဟာ လှိုင်သာယာအထည်ချုပ်စက်ရုံက ဝန်ထမ်းတစ်ဦးဖြစ်နေ
တရုတ်သူဌေးနဲ့ ဝန်ထမ်းတွေကြားမှာ ဘာသာပြန်ပေးတဲ့ဝန်ထမ်းဖြစ်ပါတယ်။ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ ပထမဆုံးစတွေ့ခဲ့တဲ့ COVID19 အတည်ပြုလူနာ နံပါတ်(၁၄၄)က လှိုင်သာယာအထည်ချုပ်စက်ရုံက ဝန်ထမ်းဖြစ်ပြီးကျန်းမာရေးမကောင်းလို့ မိုးညှင်းကို ပြန်လည်ရောက်ရှိသူဖြစ်တယ်လို့ သိရပါတယ်။
လူနာ နံပါတ်(၁၄၄)က အသက်(၂၄)နှစ်အရွယ်အမျိုးသားဖြစ်ပြီး လှိုင်သာယာက အထည်ချုပ်စက်ရုံတစ်ခုမှာ တရုတ်သူဌေးနဲ့ အလုပ်သမားတွေကြား ဘာသာပြန်အလုပ်လုပ်ပေးနေတဲ့ ဝန်ထမ်းဖြစ်တယ်လို့ မိုးညှင်းမြို့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက ပြောပါတယ်။
” သူက ရန်ကုန်ကနေ နေမကောင်းလို့ မိုးညှင်းကိုပြန်ရောက်လာတာ။ အထည်ချုပ်စက်ရုံမှာ ဘာသာပြန်အလုပ်လုပ်နေတာ။ သူ့သဌေးကတရုတ်။ အလုပ်စဝင်တာ မတ်လလောက်ကစဝင်တာ။ ဧပြီလစလောက်ကနေ စဖျားလို့ (၁၅)ရက်နေ့က ရန်ကုန်ကနေပြန်လာပြီးတော့ (၁၆)ရက်နေ့မှာ မိုးညှင်းကိုရောက်တယ်။ ကားစီးလုံးဌားလာတာ။ လိုက်ပို့တဲ့သူတွေကလည်း PPE ဝတ်စုံအပြည့်နဲ့ဆိုတော့ သူ့သူဌေးက ကြိုသိလို့ အခုလိုကားစီးလုံးငှားပေးပြီးလိုက်ပေးပေးတာလားတော့မသိဘူး။ ကောင်လေးက နဲနဲနွမ်းပါးတော့ ကားတော့စီးလုံးငှားနိင်မှာမဟုတ်ဘူး” လို့ ဦးတင်အေးကပြောပါတယ်။
လူနာ နံပါတ် (၁၄၄) မိုးညှင်းကိုစရောက်တဲ့ နေ့မှာပဲ Quarantine ထားရှိထားရာကနေ (၁၈)ရက်နေ့မှ အပြင်းဖျားလာတဲ့ အတွက် (၁၉)ရက်နေ့ မှာ ဓာတ်ခွဲနမူနကို ရန်ကုန်ကိုပို့ခဲ့တာလို့ သိရပါတယ်။မနေ့ကညက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ လူနာနံပါတ်(၁၄၄)အဖြစ် အတည်ပြုလူနာဖြစ်လာခဲ့တာပါ။
မိုးညှင်းကို စရောက်တဲ့ နေ့ကတည်းက Quarantine ထားရှိထားတာဖြစ်လို့ မိုးညှင်းက မိသားစုတွေနဲ့တော့ ထိတွေ့မှုမရှိထားပေမယ့် ရန်ကုန်က စက်ရုံဝန်ထမ်းတွေနဲ့ကတော့ ထိတွေ့မှုတွေရှိခဲ့ပါတယ်။လက်ရှိမှာတော့ ရန်ကုန်က စက်ရုံကိုလည်းစုံစမ်းနေသလို ဘယ်လို လုပ်ဆောင်ထားလည်းဆိုတာကတော့ မသိရှိရသေးဘူးလို့ ဦးတင်အေးကပြောကြားခဲ့ပါတယ်။
ဓူဝံ
Zawgyi
ဓူဝံ
ဘဝအတွက် အကျိုးရှိစေမယ့် အလေ့ အကျင့်ကောင်းများ
ဘဝအတွက် အကျိုးရှိစေမယ့် အလေ့ အကျင့်ကောင်းများ
၁။ လူအထင်ကြီးခံရအောင် မကြိုးစားပါနဲ့။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေဖို့သာ အရေးကြီးပါတယ်။
၂။ ရည်မှန်းချက် ကြီးကြီးထားပါ။ ဒါပေမယ့် သေးသေးလေးကနေ စပြီး အကောင်အထည်ဖော်ပါ။
၃။ စိတ်အားထက်သန်စွာ အလုပ်လုပ်ပါ။ တစ်နေ့မှာ အောင်မြင်ရမယ်လို့ ယုံကြည်ထားပါ။
၄။ ဖန်တီးနိုင်စွမ်းတွေ တိုးတက်လာအောင် အမြဲကြိုးစားလေ့ကျင့်ပါ။
၅။ သင့်အတွက် အကျိုးရှိစေမယ့် စာအုပ်ကောင်းတွေကို ရှာဖွေဖတ်ရှုပါ။
၆။ လက်တွေ့လုပ်ဆောင်ပါ။ အမှားတွေ လုပ်မိမှာကို မကြောက်ပါနဲ့။
၇။ ဥစ္စာပစ္စည်းတွေအပေါ် အရမ်းလောဘမကြီးပါနဲ့။ လောဘကြီးခြင်းဟာ ကျရှုံးခြင်းဆီကို ဦးတည်စေပါတယ်။
၈။ နားထောင်သူတစ်ယောက် ဖြစ်အောင်နေပါ။ သူများစကားပြောတာကို ကောင်းကောင်း နားထောင်ပေးခြင်းက သင့်အတွက် အကျိုးရှိစေပါတယ်။
၉။ အမှားတွေကနေ သင်ခန်းစာယူနိုင်အောင် ကြိုးစားပါ။ အရင်က ဘာကြောင့် ကျရှုံးခဲ့တယ်ဆိုတာကိုလဲ သေချာသိအောင်လုပ်ပါ။
၁၀။ ပေါင်းသင်းဆက်ဆံရေး ကောင်းပြီး၊ ဆွေးနွေးလုပ်ဆောင်တတ်အောင် ကြိုးစားပါ။
၁၁။ သိသမျှအကုန်လုံးကို အမြဲဖွင့်ပြောစရာမလိုပါဘူး။ တချို့အရာတွေက လျှို့ဝှက်ထားဖို့လိုပါတယ်။
၁၂။ တတ်ထားတဲ့ အသိပညာတွေကို အခြားသူတွေဆီ မျှဝေသင်ကြားပေးပါ။ အခြားသူကို မျှဝေရင်း ကိုယ်ကိုတိုင်လဲ ပြန်လည်လေ့လာပြီးသား ဖြစ်သွားပါတယ်။
၁၃။ တော်ပြီး၊ထက်မြတ်တဲ့ မိတ်ဆွေတွေကို ရှာဖွေပေါင်းသင်းပါ။ ပတ်ဝန်းကျင်ကောင်းဆိုတာ သင့်ဘဝကို တိုးတက်ပြောင်းလဲစေပါတယ်။
၁၄။ ကိုယ့်ကိုကိုယ် ချစ်ပါ။ ကျန်းမာရေးကို ဂရုစိုက်ပြီး စိတ်ကြည်လင်နေအောင် ကြိုးစားနေထိုင်ပါ။ မိသားစုကိုလဲ အချိန်ပေးပါ။
၁၅။ မကောင်းတဲ့ အလေ့အကျင့်တွေကို ဖယ်ရှားပါ။ အချိန်တွေ၊ငွေတွေ ဖြုံးတတ်တဲ့ အကျင့်ဆိုးတွေကို အခုကစပြီး ရပ်တန့်လိုက်ပါ။
စေတနာဖြင့်….မျှဝေသည်Crd Yan shin
ဝါယာရှော့ ဖြစ်ရတဲ့ အကြောင်းအရင်းများ
ဝါယာရှော့ ဖြစ်ရတဲ့ အကြောင်းအရင်းများ
ဝါယာရှော့ဖြစ်ပြီဆိုရင်လူတွေကမီးထတောက်မယ်၊မီးပန်းတွေ ထဖြစ်မယ်၊ ဖြူးစ်(Fuse)လိုဘရိတ်ကာ (MCB, Over Current Breaker)လိုအကာအကွယ်ဖြစ်စေမယ့်ပစ္စည်းတွေမီးကိုဖြတ်ချပေးမယ်လို့ပဲထင်မြင်တတ်ကြပါတယ်။ဝါယာရှော့ဖြစ်ရတဲ့အကြောင်းအရင်းတွေအများကြီးပါ။အကြောင်းအရင်းမတူတဲ့အခါမှာဖြစ်ပွားပုံနဲ့ခုနင်ကအကာအကွယ်တွေအလုပ်လုပ်ပုံတွေမတူညီသလို ဖြစ်လာနိုင်တဲ့အန္တရယ်တွေလဲမတူပါဘူး။
ပလပ်ပေါက်(Socket Outlet)တစ်ခုမှာ ပလပ်(Plug)များစွာတပ်ဆင်အသုံးပြုခြင်း။
ပုံမှန်အိမ်သုံး Socket Outletတွေနဲ့ Plug တွေကိုတပ်ဆင်အသုံးပြုရာမှာအများဆုံးခံနိုင်ဝန်အား( ၁၃ အမ်ပီယာ – 13 A; Ampere)ကိုပဲခွင့်ပြုကြပါတယ်။BS (British Standard) မှာတော့ 2, 5, 15, 30 A အထိခွင့်ပြုသတ်မှတ်သုံးစွဲတာကိုတွေရပါတယ်။#REF: CP-05; 553-01, Table 55A (L)
တပ်ဆင်အသုံးပြုမယ့်ပစ္စည်းကိရိယာရဲ့ ဆွဲမယ့်ဝန်ကိုမူတည်ပြီးတော့ Socket-Outlet နဲ့ Plug တွေကိုပုံသေ တွက်ချက်အသုံးပြုရပါတယ်။Extension Cable အသုံးပြုတာ၊ Extension Socket လို့ခေါ်တဲ့ပွားသုံးတာတွေကိုခဏတာအသုံးပြုဖို့အတွက်ပဲခွင့်ပြုပါတယ်။အမြဲတပ်ဆင်အသုံးပြုခွင့်မရှိပါဘူး။ဒါပေမယ့်မြန်မာပြည်မှာအသုံး ပြုကြတဲ့ပုံစံကတော့ပလပ်ပေါက်တစ်ခုတွေ့ရင်စုပြုံထိုးကြတာပါပဲ။ဒီကနေပြီးတော့ပြဿနာတွေဖြစ်နိုင်ပါတယ်။
(၁) ဝန်ပိုအသုံးပြုခြင်း(Over Current)
ပလပ်ပေါက်တစ်ခုအတွက်သွယ်တန်းထားတဲ့ဝါယာကြိုး၊ပလပ်ပေါက်ရဲ့ခံနိုင်ရည်အား၊ပလပ်ရဲ့ခံနိုင်ရည်အားစတာတွေကများသောအားဖြင့် ၁၃ အမ်ပီယာ ခံနိုင်အောင်လုပ်ထားပေမယ့်အလွယ်တကူနီးစစပ်ရာမှာတပ်ဆင်အသုံးပြုကြတာကြောင့်ခံနိုင်ရည်အားကိုကျော်လွတ်ပြီးတော့ဆွဲတတ်ပါတယ်။ဥပမာဆိုရရင် ပလပ်တစ်ပေါက်ထဲကနေကွန်ပြူတာရဲ့ မော်နီတာ၊ UPS၊ System၊စတာတွေအပြင်ပန်ကာတို့မီးပူတို့ယူအသုံးပြုတာပါ။
ပလပ်တွေပလပ်ပေါက်တွေရဲ့အတွင်းမှာ ပါဝင်တဲ့ကြေးတွေနဲ့အဆက်ဖြစ်တဲ့မူလီ၊ စကူ(Screw)စတာတွေရဲ့လျှပ်စီးခံနိုင်ရည်ထက် ပိုသုံးတဲ့အခါဒီနေရာတွေကပူလာတတ်ပါတယ်။ပုံမှန် ဒီပစ္စည်းတွေကနေ ထုတ်လွှတ်တဲ့အပူချိန်ဟာ ၃၅ ကနေ ၄၀ ဒီဂရီဆဲလ်စီးယပ်ထက်မပိုသင့်ပါဘူး။ဒီခံနိုင်အားဆိုတာ ပလပ်တစ်ခုရဲ့ခံနိုင်အားပါအကာအကွယ်ဖြစ်တဲ့ Breaker နဲ့ ဖြူစ်တွေနဲ့မဆိုင်တာကြောင့်အပေါ်ကခံထားတဲ့ဒီပစ္စည်းတွေမဖြတ်ချပဲနဲ့ဒီပလပ်နဲ့ပလပ်ပေါက်မှာမီးထလောင်နိုင်ပါတယ်။ဘာ့ကြောင့်လဲဆိုတော့ဖြူစ်တွေ Breaker တွေကတစ်အိမ်လုံးစာ လိုင်းတစ်လိုင်းစာအတွက်တွက်ချက်ထည့်သွင်းထားတာဖြစ်ပြီးတော့ဒီပလပ်ပေါက်မှာဝန်ပိုနေပေမယ့်သူ့ရဲ့ခံနိုင်ဝန်ထက် မကျော်သေးတာကြောင့်လို့ ပြောလို့ရပါတယ်။
ပြထားတဲ့ပုံမှာဆိုရင်အချိန်ကြာမြင့်စွာ ဝန်ပိုသုံးထားတဲ့အတွက်ပူပြီးတော့ပျော်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။များသောအားဖြင့်လျှပ်စစ်ပစ္စည်းးတွေဟာအပူချိန်ကိုခံနိုင်ရည်ရှိအောင်ထုတ်လုပ်ထားပေမယ့်အချိန်ကြာမြင့်စွာနည်းမှားတစ်ခုနဲ့အသုံးပြုခဲ့ရင်တော့အပူလွန်ပြီး ဒီကနေပဲမီးထလောင်နိုင်ပါတယ်။
လုပ်ဆောင်ရမှာကတော့ပလပ်တစ်ပေါက်တည်းကနေအများကြီးခွဲသုံးဖို့ကို ရှောင်ရပါမယ်။မဖြစ်မနေအသုံးပြုရရင်လဲတတ်ကျွမ်းနားလည်သူနဲ့တိုင်ပင်ပြီးတော့ပုံသေပလပ်တွေတပ်ဆင်သင့်ပါတယ်။အများကြီးစုပြုံအသုံးပြုမိရင်လဲအပူလွန်နေမနေစစ်ဆေးနေရပါမယ်။
(၂) လျှပ်စစ်ပစ္စည်းမှ ဝန်ပိုဖြစ်ခြင်း
အိမ်သုံးလျှပ်စစ်ပစ္စည်းတွေဝန်ပိုဆွဲခြင်း (Short-Circuit) ဖြစ်တာကြောင့်လဲပလပ်နဲ့ပလပ်ပေါက်မှာအလွန်အကျွံဝန်ဆွဲပြီးတော့ခုနင်ကလိုမီးလောက်ကျွမ်းတာတွေလဲဖြစ်တတ်ပါတယ်။များသောအားဖြင့်အခုနောက်ပိုင်းပလပ်နဲ့ပလပ်ပေါက်တွေမှာဝန်ထိန်းပေးမယ့် Fuse လေးတွေ တပ်ဆင်ထားတာတွေရှိနေပါပြီ။ ဒါမျိုးတွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။လျှပ်စစ်ပစ္စည်းတစ်ခုဝန်ပိုဖြစ်လို့ ရှော့ဖြစ်ရင် ဒိဖြူးစ်လေးက ပြတ်သွားပြီးတော့ အန္တရယ်ကို ရှောင်နိုင်ပါလိမ့်မယ်။
(၃) မထိတထိဖြစ်ခြင်း၊ အံမဝင်ခြင်း
ပလပ်ပေါက်တစ်ခုတည်းကိုပလပ်ပေါင်းများစွာ စုပြုံထိုးပြီးတော့ အသုံးပြုတဲ့အခါတစ်ခုနဲ့တစ်ခု ထောက်နေတာ၊ အခုအခံဖြစ်နေတာတွေကြောင့်ထိထိမိမိမဖြစ်တဲ့အခါတွေ ရှိတတ်ပါတယ်။ ဒီလိုအခါမှာပလပ်နဲ့ ပလပ်ပေါက်အတွင်းကကြေးသားတွေမှာ အပူလွန်ကဲလာပြီးတော့မီးထလောင်တတ်ပါတယ်။ဒါမျိုးဟာ ဝန်ပိုဆွဲတာမဟုတ်တော့ Breaker နဲ့ Fuseတွေကနေ အကာအကွယ်ပေးမှာမဟုတ်ပါဘူး။ နောက်ဆုံးမီးလောက်ပြီး အထိန်းတွေဖြစ်တဲ့ PVC တွေလောင်ကျွမ်းမီးလောင်ပြီးတော့ ဝါယာနှစ်ခုပူးမှသာဒီအကာအကွယ်တွေကအလုပ်လုပ်မှာပါ။ ဒိအချိန်က အလွန်နောက်ကျနေလောက်ပါပြီ။
နောက်တစ်ခုကပလပ်တွေစုပြုံထားတဲ့အတွက်တစ်ခုနဲပတစ်ခု ငြိနေတာမျိုးချိတ်နေတာမျိုးတွေကြောင့်လဲပလပ်ရဲ့အမာခံခေါင်းနဲ့ကြိုးအဆက်နေရာတွေမှာဒဏ်ဖြစ်တတ်ပါတယ်။အဲ့ဒိဒဏ်ဖြစ်တဲ့နေရာထဲကဝါယာနှစ်ခုမထိတစ်ထိဖြစ်ရာကနေလဲ မီးလောင်နိုင်စေပါတယ်။
လုပ်ဆောင်ရမှာက။ ။ ပလပ်တပ်တဲ့အခါထိထိမိမိရှိပါစေ။ဝါယာတွေကို ရှုပ်ထွေးမနေစေပဲနဲ့ရှင်းလင်းသပ်ရပ်အောင်ဂရုစိုက်စေလိုပါတယ်။
မြန်မာပြည်မှာအထူးသဖြင့်အသုံးပြုနေတာတွေက (2 Pin Plug) လို့ခေါ်တဲ့နှစ်ငုတ်ခေါင်းတွေပါပဲ။ခေါင်းလုံးနဲ့ ခေါင်းပြားဆိုပြီးတောင်ကွဲပါသေးတယ်။များသောအားဖြင့်ခေါင်းပြားနှစ်ငုတ်တွေကိုသုံးကြပါတယ။ဒါတွေကပိုပြီးတော့မမိတာတွေမထိတထိဖြစ်တာတွေကိုပိုဖြစ်စေပါတယ်။မြန်မာပြည်မယ်ဘယ်လိုပလပ်ကိုပဲသုံးရမယ်ဆိုတဲ့စံမရှိတာကြောင့်ဒီပြဿနာတွေဖြစ်နေတာပါ။
နောက်ဆုံးပလပ်တွေအကြောင်း နိဂုံးချုပ်ရရင်တော့ကိုယ်တပ်ထားတဲ့ပလပ်ကထိထိမိမိဖြစ်ပါစေ၊အပူချိန်လွန်နေသလားအမြဲဂရုစိုက်ပါ၊ဖြစ်နိုင်ရင်(3 Pin Plug)တွေသုံးပါ။နောက်ပြီးတော့ကိုယ်အမြဲသုံးမယ့်ပစ္စည်းတွေအတွက်ပုံသေပလပ်ပေါက်များတပ်ဆင်အသုံးပြုကြပါလို့။
Credit မူရင်း
Zawgyi
Credit မူရင်း
ကလေး‌တစ်ယောက်ရဲ့ လက်ဖျားခါလောက်တဲ့ အမိုက်စားတော်ကီတွေကြောင့် သဘောကျမဆုံးဖြစ်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်
ကလေး‌တစ်ယောက်ရဲ့ လက်ဖျားခါလောက်တဲ့ အမိုက်စားတော်ကီတွေကြောင့် သဘောကျမဆုံးဖြစ်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်
နိုင်ငံကျော် ဘက်စုံရအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပေမယ့်အချစ်ရေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ထုတ်ပြောလေ့မရှိပါဘူး။စိုင်းစိုင်းခမ်းလှိုင်က အိမ်ထောင်မရှိသေးတဲ့လူပျိုကြီးပီပီကလေးတွေကိုချစ်တတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီနေ့မှာလည်းစိုင်းစိုင်းခမ်းလှိုင်ကကလေးလေးတစ်ယောက်ရဲ့ အမိုက်စားတော်ကီကြောင့်သဘောကျနေတာကိုတွေ့ရပါတယ်။
ထိုကလေးက ဖေ့စ်ဘုတ်မှာ သူ့ရဲ့ ဓာတ်ပုံလေးတွေကိုတင်ပြီး “မမရဲ့ အချစ်ဦးဖြစ်ဖို့ အရေးမကြီးဘူး။ မမရဲ့ အချစ်ဆုံးပဲ ဖြစ်ချင်တာ” ဆိုပြီး ကပ်ပရှင်တပ်ခဲ့တာ ဖြစ်ပါတယ်။ ထိုကလေးလေးရဲ့ ပိုစ့်ကို စိုင်းစိုင်းက “ပြိုင်ဘက်တော့ ပေါ်လာပြီ” ဆိုပြီးချစ်စနိုးလေး စနောက်ကျီစယ်ခဲ့တာပဲဖြစ်ပါတယ်
စာအရေးအသားကောင်းမွန်မှုကတော့ စိုင်းစိုင်းလိုလူတစ်ယောက်တောင် လက်ဖျားခါသွားရမှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကလေးလေးကို ချစ်စနိုးနဲ့ စနောက်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ကိုကြည့်ပြီး ပိုလို့တောင် ချစ်သွားမယ် ထင်ပါတယ်နော်။
Source: Sai Sai Kham Leng’s fb
Credit Bilie – Cele Connections