တရုတ် ပညာရှင်များက မြင်သော မြန်မာပြည် ကိုရိုနာ ဗိုင်းရပ်စ်နှင့် အနာဂတ် အခြေအနေ
တရုတ် ပညာရှင်များက မြင်သော မြန်မာပြည် ကိုရိုနာ ဗိုင်းရပ်စ်နှင့် အနာဂတ် အခြေအနေ
ယူနန်ပြည်မှ တရုတ်ပညာရှင်များသည် မြန်မာနိုင်ငံ သို့ရောက်နေသည်မှာရက်သတ္တပတ် တခုကျော်နီးပါး ရှိပီဖြစ်သည်။ သူတို့သည် ဓာတ်ခွဲစမ်းသပ်ရန်လိုအပ်သည့်ပစ္စည်း အားလုံးကို ယူဆောင်လာခဲ့သည်။တန်ကြေးအားဖြင့် ယွမ် သိန်း ၄၀၀၀ ကျော်ရှိပီး ၅.၃ တန်ရှိသည်။ N95 mask 8500, Surgical Mask 60000 နှင့် အကာအကွယ်ဝတ်စုံပေါင်း ၅၅၀၀ ကျော် ယူဆောင်လာသည်။
ထိုအဖွဲ့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ၊ ရောဂါ ကျွမ်းကျင်၊ သူနာပြုများ၊ဓာတ်ခွဲပညာရှင်များနှင့် တရုတ်တိုင်းရင်းဆေး ပညာရှင်များပါဝင်သည်။ရောက်ရှိချိန်က စပီး ၄ဖွဲ့ခွဲကာ မြန်မာ့ COVID တိုက်ဖျက်ရေးကို လေ့လာခဲ့တယ်လို့သူတို့ကဆိုပါတယ်။ ရောဂါကူးစက်မှုထိန်းချုပ်ပုံ၊ ဓာတ်ခွဲမှုအပိုင်း၊ ရောဂါကုသမှုနှင့် ပြုစုမှုတို့ကိုအဓိကလေ့လာခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်နဲ့ မန္တလေးကဆေးရုံတွေကိုလဲသွားရောက်လေ့လာခဲ့ပီးမြန်မာဆေးပညာရှင်တွေနဲ့လဲတွေ့ဆုံခဲ့ပါတယ်။
အဖွဲ့ဝင်တဦးကတော့ မြန်မာဆရာဝန်တွေဟာစိတ်ပိုင်းဖြတ်မှုရှိကြပီးရောဂါနဲ့ပတ်သက်ပီးသူတို့သိလိုတဲ့အချက်တွေကို အသေ းစိတ်မေးမြန်းလေ့လာကြပါတယ်လို့ ဆိုပါတယ်။ WHO ရဲ့ Guideline လမ်းညွှန်ချက်အတိုင်း မြန်မာပြည်က လူနာတွေကိုကုသပေးနေပီး တရုတ်ကတော့ပိုအသေးစိတ်ကျတဲ့အချက် အလက်တချို့ကို ပံ့ပိုးပေး ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပီး Fever Clinics တွေကိုဘယ်လိုချိန်ညှိရမလဲ။စောင့်ကြည့်လူနာတွေကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုသူတို့ရဲ့ ရောဂါတိုက်ဖျက်ချိန်ကအတွေ့အကြုံတွေနဲ့ယှဉ်ပီး ပြောပြခဲ့ကြပါတယ်။
ဓာတ်ခွဲမှုအပိုင်းမှာတော့ မြန်မာနိုင်ငံဟာအကန့် အသတ်နဲ့ သာ လုပ်ဆောင်နိုင်လို့ Quarantine ကာလကို ၂၁ ရက်အထိ တိုးမြှင့်ခဲ့ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဓာတ်ခွဲစမ်းသပ်နိုင်မှုစွမ်းအားဟာဒီလိုကပ်ရောဂါမျိုးကြုံတွေ့ရချိန်မှာအလွန်အရေးကြီးပါတယ်။ မြန်မာပြည်မှာတော့ NHLမှာပဲဓာတ်ခွဲနေပီးတနေ့ကိုနမူနာ ၂၀၀ ကနေ ၃၀၀အထိဓာတ်ခွဲနိုင်ပီးနာရီပေါင်း ၁၆-၁၇ နာရီကြာမြင့်ပါတယ်။တရုတ်အဖွဲ့ဝင်တဦးကပြောကြားရာမှာဓာတ်ခွဲနိုင်တဲ့အရေအတွက်ဟာတိုင်းပြည်အတွက်လိုအပ်သလောက်ဓာတ်ခွဲနိုင်ခြင်းမရှိသေးပါဘူး။လိုအပ်နေပါသေးတယ်။အထူ းသဖြင့်မန္တလေးမှာနောက်ထပ်ဓာတ်ခွဲခန်းအသစ်ဆောက်ရမယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံရဲ့ဓာတ်ခွဲနိုင်စွမ်းတိုးတက်လာဖို့ဓာတ်ခွဲခန်းတခုစာပစ္စည်းအပြည့်အစုံကိုယူနန်အစိုးရက ပေးပို့လှူဒါန်းတယ်လို့သိရပါတယ်။
သူက Global Times ကို ဆက်လက်ပြောကြားရာမှာမြန်မာ အစိုးရဟာ COVID-19 ကိုတိုက်ဖျက်ဖို့အားထုတ်မှုတွေ ဆက် တိုက်လုပ်နေပါတယ်။ဒါတွေကတော့မြို့တွေကိုအကန့် အသတ်နဲ့ပိတ်တာ။လူစုလူဝေးပွဲတွေဖြတ်တာ။အသွား အလာကန့်သတ်မှုနဲ့ပွဲတော်တွေကိုဖျက်သိမ်းလိုက်တာတွေပါပဲ။ဒီလုပ်ရပ်တွေကအကျိုးရှိပါတယ်လို့သူကဆိုပါတယ်။မြန်မာပြည်ကရောဂါတိုက်ဖျက်ဖို့တက်တက်ကြွကြွလုပ်နေပေမယ့်လိုအပ်တာတွေရှိပါသေးတယ်။ Quarantine center တွေမှာတခန်းကိုလူ ၁ယောက်ထက်ပိုထားနေရတာမျိုးတွေနဲ့ စည်းကမ်းတွေကိုတရုတ်ပြည်လောက်မတင်းကြပ်သေးတာတွေပါလို့ထောက်ပြပါတယ်။
မြန်မာနိုင်ငံမှာ ဧပြီ ၁၁ မှာ ၁၀ယောက်၊ ၁၃ ရက်နေ့မှာ ၂၁ ယောက်နဲ့ ၁၄ ရက်နေ့မှာ ၁၂ ယောက်တွေ့ရပီးစုစုပေါင်း ၈၅ ယောက်ဖြစ်တဲ့အထိမြင့်တက်လာနေပါတယ်။ဒီအတွက် မြန်မာပြည်မှာမကြာခင် Out Breakဖြစ်တော့မလားဆိုတာကိုတော့သူကဓာတ်ခွဲစစ်ဆေးနိုင်စွမ်းမြင့်တက်လာတာနဲ့ရောဂါကူးစက်မှုတအားများလာတယ်ဆိုတာသက်ဆိုင်တဲ့အရာမဟုတ်ပါဘူး။ တ ခြားစီပါ။ကျနော်တို့လေ့လာခဲ့ရသလောက်တော့မြန်မာပြည်မှာ Outbreak ဖြစ်ပွားနေတဲ့အခြေအနေမရှိပါဘူးလို့နိဂုံးချုပ်ပြောကြား ခဲ့ပါတယ်။
Ref – GT (Nay Thway)
Ref – GT (Nay Thway)
ဝေဘာဂီဆေးရုံအတွက် အရေးပေါ်လိုအပ်‌နေတဲ့ မီးစက်ကြီးကို အမျှော်အမြင်ရှိရှိမေတ္တာရှေ့ထားလှူဒါန်းလိုက်တဲ့ အရှင်ဆေကိန္ဒ
ဝေဘာဂီတေးရုံကြီးသို့ အရှင်ဆေကိန္ဒရဲ့ မီးစက်ကြီး အလှူတော်အတွက် ယနေ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ေ ဝဘာဂီဆေးရုံတာဝန်ရှိသူများအပြန်အလှန်ဆွေးနွေးပွဲတွင် သိခွင့်ရခဲ့ပါတယ်။
ဝေဘာဂီဆေးရုံအတွက်မတ်လဆန်းကတည်းကကြိုတင် လှူတန်းပေးထားခဲ့သည့် မီးအားပေးစက်ကြီး ကြောင့်ဝေဘာဂီကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်၊ကူးစက်လူနာတွေအတွက်အခုလိုမြန်မာနိုင်ငံအောက်ပိုင်းလျှပ်စစ်ဝန်ဆောင်မှုရပ်တန့်သွားခြင်း system breakdown ရှိပေမဲ့လည်းအဆင်ပြေမှုရှိခဲ့ပါတယ်။
အမျှော်အမြင်ရှိရှိမေတ္တာရှေ့ထားလှူတန်းပေးထားတဲ့အတွက်လက်ဆယ်ဖြာမိုးရှစ်ခိုးဦးတင်ပါတယ်ဘုရား။Photo-Okka Thein
Zawgyi
Photo-Okka Thein
ကျောက်ကပ်ပျက်စီးစပြုနေသည့် လက္ခ ဏာများ
ကျောက်ကပ်ပျက်စီးစပြုနေသည့် လက္ခ ဏာများ
ကျောက်ကပ်တွေဟာခါးနောက်အောက်ပိုင်းကျောရိုးမတစ်ဖက် တစ်ချက်စီမှာ တစ်လုံးစီရှိတဲ့ကိုယ်တွင်းအင်္ဂါတစ်စုံပါ။ ကျောက်ကပ်ကသွေးတွေကိုစစ်ထုတ် ပေးရာမှထွက်ရှိလာတဲ့ အဆိပ်တွေကိုဆီးအဖြစ်ဆီးအိတ်မှတစ်ဆင့်ခန်္ဓာကိုယ်ပြင်ပသို့စွန့်ထုတ်ပေးပါတယ်။ကျောက်ကပ်ပျက်စီးနေရင်ကျောက်ကပ်က သွေးထဲကအညစ်အကြေး၊အဆိပ်အတောက်တွေကိုစစ်ထုတ်မပေးနိုင်တော့ပါဘူး။ကျောက်ကပ်ပျက်စီးစပြုနေတဲ့လက်္ခဏာတွေကိုသိရှိထားရင်ကျောက်ကပ် ထပ်မံမပျက်စီးအောင်ကာကွယ်နိုင်တာမို့ ဖော်ပြပေးလိုက်ပါတယ်။
၁။ ဆီးထဲသွေးပါခြင်း
ကျန်းမာရေးကောင်းတဲ့ကျောက်ကပ်တွေဟာ သွေးထဲကအညစ်အကြေးတွေ စစ်ထုတ်ပြီ ဆီးအဖြစ်ပြောင်းလဲပေးတဲ့အခါမှာသွေးဆဲလ်တွေမပျက်စီးအောင် ထိန်းသိမ်းပေးပါတယ်။ဒါပေမဲ့ ကျောက်ကပ်ရဲ့စစ်ထုတ်လုပ်ငန်းပျက်စီးသွားတဲ့အခါမှာသွေးဆဲလ်တွေကဆီးထဲကိုစိမ့်ပြီး ထွက်သွားပါတယ်။ဆီးထဲမှာသွေးပါတာကကျောက်ကပ်ကျောက်တည်တာ၊ ကျောက်ကပ်ကင်ဆာဖြစ်တာဒါမှမဟုတ် ရောဂါပိုး၀င်တာတွေရဲ့လက္ခဏာလည်း ဖြစ်ပါတယ်။
၂။ မကြာခဏ ဆီးသွားခြင်း
ခါတိုင်းထက်ပိုပြီးဆီးသွားတဲ့အကြိမ်ရေ များလာခဲ့ရင်(အထူးသဖြင့်ညဘက်) ကျောက်ကပ်ရောဂါရဲ့လက္ခဏာပါ။ ကျောက်ကပ်ရဲ့စစ်ထုတ်လုပ်ငန်းတွေပျက်စီးသွားတဲ့အခါမှာဆီးသွားချင်စိတ်တွေပိုများလာတာကြောင့်ပါ။ဒီလက္ခဏာကဆီးလမ်းကြောင်းပိုး၀င်တာဒါမှမဟုတ်အမျိုးသားတွေမှာဆီးကျိတ်ကြီးလာတာကြောင့်လည်းဖြစ်တတ်ပါတယ်။
၃။ နေ့ခင်းပိုင်းမှာ မောပန်းနေပြီး အားမရှိသကဲ့သို့ ဖြစ်နေခြင်း
မောပန်းတာကEPO ခေါ်တဲ့ Erythroppoietin ဟော်မုန်း လျော့နည်းနေတာကြောင့်ပါ။EPO က သွေးနီဥတွေ ထုတ်လုပ်မှုကိုလှုံ့ဆော်ပေးပါတယ်။သွေးနီဥတွေက ခန္ဓာကိုယ်ကဆဲလ်တွေအတွင်းအောက်ဆီဂျင်သယ်ဆောင်ဖို့လိုအပ်ပါတယ်။ပျက်စီးနေတဲ့ ကျောက်ကပ်တွေက EPO ကို လုံလုံလောက်လောက်မထုတ်လုပ်ပေးနိုင်တဲ့အတွက်သွေးနီဥအရေအတွက်တွေလျော့ကျနေတာကြောင့်မောပန်းတဲ့ဝေဒနာခံစားရတာဖြစ်ပါတယ်။
၄။ ခန္ဓာကိုယ်အတွင်းအရည်စုဆောင်းမှုများလာခြင်းကြောင့်ဖောရောင်ခြင်းနှင့် ကိုယ်အလေးချိန် မြင့်တက်လာခြင်း
သင့်ကျောက်ကပ်တွေကခန္ဓာကိုယ်ကထွက်လာတဲ့အညစ်အကြေးတွေကိုဆီးအဖြစ်စွန့်ထုတ်ပစ်ဖို့တာ၀န်ရှိပါတယ်။ ကျောက်ကပ်ကကောင်းကောင်းအလုပ်မလုပ်နိုင်ရင်ခန္ဓာကိုယ်အတွင်းအရည်စုဆောင်းမှုများလာပြီးတစ်သျှူးအတွင်း ဖောရောင်မှုတွေဖြစ်လာနိုင်ပါတယ်။
၅။ သွေးဖိအား မြင့်တက်လာခြင်း
ကျောက်ကပ်ပျက်စီးစပြုလာတဲ့အခါမှာ ကျောက်ကပ်အတွင်းမှသွေးကြောတွေအားနည်းသွားပြီးအမာရွတ်တွေ ဖြစ်လာကာသွေးဖိအားကိုမထိန်းချုပ်နိုင်တော့ပါဘူး။
၆။ ယားယံခြင်း
ကိုယ်အတွင်းအညစ်အကြေးနဲ့ယူရစ်အက်စစ်တွေ စုဆောင်းမှုများလာတဲ့အခါခန္ဓာကိုယ်မှာယားယံတဲ့အကွက်တွေပေါ်ပေါက်လာနိုင်ပါတယ်။ယူရစ်အက်စစ်တွေစုဆောင်းမှုများနေတာကြောင့်အနီရောင်အစက်အပြောက်တွေလည်းထွက်လာတတ်ပါတယ်။
၇။ ရင်တုန်ခြင်း
ကျောက်ကပ်ပျက်စီးနေတာကြောင့် ကိုယ်အတွင်းပိုတက်စီယမ်စုဆောင်းမှုများလာကာနှလုံးခုန်နှုန်းပုံမမှန်ဖြစ်လာပါတယ်။
၈။ ကြွက်တက်ခြင်း
ကျောက်ကပ်လုပ်ဆောင်ချက်တွေ ပျက်စီးသွားတဲ့အတွက်ခန္ဓာကိုယ်အတွင်းဓာတ်ဆားတွေညီညွတ်မျှတမှုမရှိနိုင်တော့ပါဘူး။ဖော့စ်ဖရပ်စ်နဲ့ ကယ်လ်စီယမ်တွေ လျော့နည်းသွားနိုင်တာကြောင့် ကြွက်တက် တတ်ပါတယ်။
၉။ ပျို့ခြင်းနှင့် အန်ခြင်း
ခန္ဓာကိုယ်အတွင်းယူရီးမီးယားလို့ ခေါ်တဲ့ ဆီးဆိပ်တွေစုဆောင်းမှုများလာတဲ့အခါမှာကိုယ်ကအဆိပ်အတောက်ကို ဖယ်ရှားလိုတဲ့ခံစားချက်ကြောင့်ပျို့တာ၊ အန်တာတွေ ဖြစ်ပေါ်လာပါတယ်။
၁၀။ ဆီးအမြှုပ်ထခြင်း
ဆီးအမြှုပ်ထနေတာကဆီးထဲမှာ ပရိုတင်းပါ၀င်နေတာကိုညွှန်ပြနေတာပါ။ ကြက်ဥအစိမ်းကိုခေါက်မွှေလိုက်တဲ့အခါမှာထွက်လာတဲ့အမြှုပ်နဲ့ ဆင်တူပါတယ်။ဆီးထဲမှာတွေ့ရတဲ့ပရိုတင်းကကြက်ဥထဲမှာပါ၀င်တဲ့ပရိုတင်းအယ်လ်ဗျူမင် အမျိုးအစားနဲ့တူနေတာကြောင့်ပါ။
Credit: ဒေါက်တာခင်မိုးမိုး
သူမ ရဲ့ ဖေ့ဘုတ် အကောင့်ကို ခိုးယူဖို့ ကြိုးစား‌နေတဲ့ သူတွေကို ဒဲ့ပြော လိုက်တဲ့ သင်ဇာဝင့်ကျော်
သူမ ရဲ့ ဖေ့ဘုတ် အကောင့်ကို ခိုးယူဖို့ ကြိုးစား‌နေတဲ့ သူတွေကို ဒဲ့ပြော လိုက်တဲ့ သင်ဇာဝင့်ကျော်
ပရိသတ်ကြီးရေ ခပ်မိုက်မိုက်စတိုင် နဲ့ ခပ်ဟော့ဟော့ပုံစံလေးကိုချစ်တဲ့ အမျိုး သားတွေ နဲ့ ခေတ်ဆန်တဲ့မမ ကိုမှ ရင်ခုန်ချင်တဲ့ အမျိုးသားတွေကြားမှာသင်ဇာကတော့အရမ်းကိုရေပန်းစားသူပဲ ဖြစ်ပါတယ်။ပုံအသစ်တင်လိုက်ပြီဆိုတာနဲ့ ဟင်ခနဲဟာခနဲဖြစ်အောင်ပုရိသတွေရဲ့ စိတ်ဝင်စားမှုကိုအပြည့်အဝ ရရှိထားတဲ့ ဆယ်လီမမပါပဲနော်။
သင်ဇာကတော့လူမှုကွန်ရက် စာမျက်နှာ မှာတင် မဟုတ်ဘဲ Instagram မှာလည်း အမျိုးသား Follower တွေ အခိုင်အမာရရှိထားတဲ့ သူလို့ဆိုရမှာပါ။ သူမပုံတွေကို ရှယ်တဲ့အမျိုးသားအရေအတွကို ကြည့်လိုက်တာနဲ့သူမရဲ့နောက်မှာ အမျိုးသားပရိသတ်အင်အား ဘယ် လောက်များလဲဆိုတာကိုသိနိုင်ပါတယ်။
ဒီနေ့မှာတော့ ” လာ hack မနေနဲ့ ဘာမှ မရှိဘူး ” ဆိုတဲ့ စာလေးကိုသူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြလာတာပါ။ အမြဲအေးဆေးနေကာသူများကို စိတ် ဝင်စားလေ့မရှိတဲ့ မမသင်ဇာ ကတော့ သူမရဲ့ အကောင့်ကို လာ Hack နေတဲ့သူတွေကိုတိုက်ရိုက်ပြောလိုက်တာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း မမသင်ဇာ ရဲ့ တုန့်ပြန်ပုံလေးကိုချစ်ရင်မှတ်ချက် တစ်ခုခုပေး ခဲ့ပါဦနော်။
crd : burmeseasia
crd : burmeseasia
COVID-19 အတွက်သတင်းကောင်းလေးတစ်ပုဒ်ပါ
💊 Gilead ရဲ့Remdesivir (RDV) ဆေးကစမ်းသပ်ကာလမှာအခြေအနေကောင်းနေပါတယ်။
♦️ University of Chicago က အပြောအရ Gilead Sciences Inc. ရဲ့ ဆေး remdesivir ကိုပေးကြည့်တာ ကိုဗစ်လူနာ 125 ယောက်မှာ (rapid recoveries) လျှင်မြန်စွာအခြေအနေတိုးတက်လာနေပါသတဲ့။
👉 ဘယ်လိုအခြေအနေကောင်းလာတာလဲဆိုရင် တချို့လူနာတွေဟာ ဆေးစသုံးပြီးကတည်းက ကိုယ်ပူတွေကျလာတယ်။ တချို့က ventilator အကူအညီမလိုတော့ဘူးတဲ့။အဲ့ဒီလူနာ 125 ယောက်က University of Chicago ရဲ့ Phase 3 clinical trials နှစ်ခုမှာ ပါဝင်ခဲ့ကြတာဖြစ်ပြီး 113 ယောက်က အခြေအနေဆိုးနေခဲ့တာပါတဲ့။
Remdesivir ကို ကမ္ဘာအနှံ့ အခြေအနေဆိုးတဲ့ လူပေါင်း 2400 မှာစမ်းနေပြီး အခြေအနေအတန်အသင့် လူပေါင်း 1600 မှာလည်းစမ်းသပ်နေပါတယ်။စစမ်းခဲ့တာ မတ်လကဖြစ်ပြီး မေလထဲမှာ တိတိကျကျကောက်ချက်ဆွဲနိုင်မယ်လို့ ဆိုပါတယ်။
UC Davis Medical Center က ပြောတာကလည်း ရောဂါပြင်းထန်တဲ့ ဆေးရုံတက်နေတဲ့လူနာတွေထဲမှာ 3 ပုံ 2 ပုံနီးပါးဟာ remdesivir နဲ့ အခြေအနေကောင်းလာပါသတဲ့။UC Davis Medical Center ကလည်း ကမ္ဘာပေါ်မှာ remdesivir ကိုစမ်းနေတဲ့ ကနေဒါ၊ အမေရိက၊ ဥရောပ၊ ဂျပန်စတဲ့ နေရာ 75 ခုထဲမှာ တစ်ခုဖြစ်ပါတယ်။
သိထားဖို့လေးတွေ…
▪️Remdesivir ဆိုတာ ဗိုင်းရပ်စ်ကိုသတ်တဲ့ အရောင်ကျစေတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။
▪️Trump နဲ့ Gilead က ဇတ်လမ်းလေးတွေရှိခဲ့ပါတယ်။ Gilead ရဲ့ ရှယ်ယာတွေကို Trump က ဒီကပ်ကြီးစဖြစ်ကာစမှာ ဝယ်ဖို့ကြိုးစားတာကို Gilead က မရောင်းခဲ့ဘူးလို့လည်း သတင်းထွက်ဖူးပါတယ်။
▪️Gilead ရဲ့ Remdesivir ကို FDA က COVID-19 experimental အနေနဲ့ပဲ ခွင့်ပြုထားတာဖြစ်ပြီး ကိုဗစ်ကုသဆေးအဖြစ်လုံးဝအသိအမှတ်မပြုရသေးပါ။
▪️သို့သော် ယခုစမ်းသပ်နေတဲ့ဆေးတွေထဲမှာတော့ ရလဒ်ကောင်းပေါ်ထွက်နေတဲ့ ရှေ့ကပြေးနေတဲ့ ဆေးတော့ဖြစ်ပါတယ်။
▪️အခုသုံးကြည့်တယ်ဆိုတာက MERS နဲ့ SARS case တွေမှာ စမ်းရာမှာ vitro ဖန်ပြွန်နဲ့ ရော vivo အနေနဲ့ lab ထဲမှာရော တိရစ္ဆာန်လေးတွေနဲ့ စမ်းတာရောမှာ ပိုးသတ်နိုင်တာတွေ့ထားလို့ ဖြစ်ပါတယ်။
▪️Remdesivir ရဲ့ ဆိုးကျိုး (side effect) ကတော့ အသည်းရဲ့အင်ဇိုင်းမြင့်တက်လာတာ။ အသည်းကိုပျက်စီးစေတယ်လို့တော့ မဆိုထားဘူး။
▪️ဆေးပမာဏ ဘယ်လောက်ပေးနေလဲဆိုရင် ပထမ 200 mg ပေးတယ်။ နောက် 10 ရက်က တစ်နေ့ကို 100 mg သွေးကြောထဲကို ထိုးသွင်းပေးတယ်တဲ့။
ဘာပဲပြောပြော ဆေးစွမ်းကောင်းအမြန်ဆုံးပေါ်ပါစေသတည်း။
Credit Richard Myo Thant
17-April-2020
Zawgyi
သိထားဖို့လေးတွေ…
17-April-2020
(COVID-19)ရောဂါ ကိုကာကွယ်ကုသနေရသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် နှစ်သစ်ကူး အစီစဉ်အဖြစ် အထူးထောက် ပံကြေး ခံစားခွင့် စရိတ်များပေးအပ်ရန် စီစဉ်နေ
(COVID-19)ရောဂါ ကိုကာကွယ်ကုသနေရသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် နှစ်သစ်ကူး အစီစဉ်အဖြစ် အထူးထောက် ပံကြေး ခံစားခွင့် စရိတ်များပေးအပ်ရန် စီစဉ်နေ
(COVID-19) ရောဂါ ကို ကာကွယ် ကုသနေရသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် နှစ်သစ်ကူး အစီစဉ်အဖြစ် အထူးထောက် ပံကြေး ခံစားခွင့် စရိတ်များပေးအပ်ရန် စီစဉ်နေပြီး ၊ COVID-19 ရောဂါခံစားနေရသူများကို ရာဇဝတ်သား များကဲ့သို့မမြင်သင့်ကြောင်းတိုက် တွန်းကြောင်း ဒေါ်အောင်ဆန်းစုကြည် ၏ ဧပြီ (၁၇) ရက်ယနေ့နံနက်ပိုင်း တိုက်ရိုက် လွှင့်မှုတွင်ထည့်သွင်း ပြောကြားခဲ့သည်။
“ကျန်မာရေး ဝန်ထမ်းတွေရဲ့ကျေးဇူးကို အသိအမှတ်ပြုသောအားဖြင့်လည်းဖြစ်တယ်။တကယ်လည်းအချို့နေရာတွေမှာ အသွားအလာနဲ့အနေအထိုင်အတွက် လိုအပ်ပါတယ်။အချို့သောနေရာတွေမှာ ကျန်းမာရေးဝန် ထမ်းတွေကိုကိုယ့်မိသားစုတွေကိုယ်တိုင်ကိုကမလာစေချင်တာတွေရှိတယ်ဆိုတော့၊ အဲ့ဒါတွေအတွက်လည်းအဆင်ပြေစေနိုင်အောင် လုပ်ေပးပါမယ်။”ဟုဒေါ်အောင်ဆန်းစုကြည်ကထည့်သွင်းပြောကြားခဲ့သည်။
ယင်း အပြင် COVID-19 ရောဂါတိုက်ဖျက်ရေးတွင်ပူးပေါင်းပါဝင်ဆောင်ရွက်နေကြသည့်ကျန်းမာရေးဝန်ထမ်းများ၏ ပင်ပန်းမှုများကိုသက်သာေစရန် အ လှည့်ကျစနစ်ဖြင့် တာဝန်ထမ်းဆောင်နိုင်ရန်အတွက်ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းမှုများဆောင်ရွက်နေကြောင်းလည်းပြောကြားခဲ့သည်။
ထို့ အပြင် COVID-19 ရောဂါ ခံစားနေရသူများကိုရာဇဝတ် သားများကဲ့သို့ မမြင်သင့်ကြောင်းလည်းဒေါ်အောင်ဆန်းစုကြည်ကထည့်သွင်းတိုက်တွန်းပြောကြားခဲ့သည်။“အချို့တွေက ရောဂါရှင်တွေကို ရာဇဝတ်သားတွေလိုမြင်တာကမဖြစ်သင့်ဘူး။သူတို့ကံမကောင်းအကြောင်း မလှလို့ဖြစ်တာပဲ။ဒါမျိုးဘယ်သူမှ ဖြစ်ချင်ကြတာမဟုတ်ဘူး။”ဟုဒေါ်အောင်ဆန်းစုကြည်ကမှတ်ချက်ပြုပြောဆိုခဲ့သည်။
ဝေဘာဂီ ဆေးရုံတွင် COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရမှုဖြင့်ဆေးကုသမှု ခံယူသူများ၏ပူပန်စိုးရိမ်မှုများကိုပါမောက္ခဒေါက်တာဒေါ်စပယ်ဖြူကတင်ပြပြောဆိုရာတွင်အထက်ပါအတိုင်းပြန်လည် ချက်ပေးခဲ့ခြင်းလည်းဖြစ်သည်။COVID-19 ရောဂါခံစားနေရသူ များအနေဖြင့်၎င်းတို့ကိုယ်တိုင်နှင့် မိသားစုဝင်များအတွက်ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ အပြင်၊ COVID-19 ရောဂါအလွန် စောင့် ကြပ်ကြည့်ရှုမှုကာလ လွန်မြောက်ပါက ကြုံတွေရနိုင်သည့် လူမှုစီးပွားဘဝများအတွက် စိုးရမ်မှုများရှိနေခြင်းဖြစ်ဘကြောင်း ပါမောက ္ခဒေါက်တာ ဒေါ်စပယ်ဖြူကတင်ပြပြောဆိုမှု များရှိခဲ့သည်။
crd:The myanmar Time
ယင်း အပြင် COVID-19 ရောဂါတိုက်ဖျက်ရေးတွင်ပူးပေါင်းပါဝင်ဆောင်ရွက်နေကြသည့်ကျန်းမာရေးဝန်ထမ်းများ၏ ပင်ပန်းမှုများကိုသက်သာစေရန် အ လှည့်ကျစနစ်ဖြင့် တာဝန်ထမ်းဆောင်နိုင်ရန်အတွက်ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းမှုများဆောင်ရွက်နေကြောင်းလည်းပြောကြားခဲ့သည်။
crd:The myanmar Time
ကံမကောင်းဘူးဆိုရင် ကံကောင်းအောင် ဘာလုပ်ရမှာလဲ
ကံမကောင်းဘူးဆိုရင် ကံကောင်းအောင် ဘာလုပ်ရမှာလဲ
မကောင်းတဲ့ကံတွေပပျောက်အောင် ကံ ကောင်းတဲ့နည်းတွေ မရှိဘူးလားဆို၊ ရှိတယ်။အကုသိုလ်၊အကျိုးတွေ ဝင်ရောက်ဖြစ်ပေါ်နေတာကို လူတွေကကံမကောင်းဘူးလို့ပြောတာ။
အကုသိုလ်ရဲ့ အကျိုးတရား တွေကကိုယ့်သန္တာန် ရောက်ပြီ၊ ထိခိုက်နေပြီဆိုရင်ဒါကကံမကောင်းဘူးလို့ ပြောကြတယ်။အဲဒီအချိန်မှာကိုယ့်ရဲ့လုပ်ရပ်ကို ပြန်ဆန်းစစ် ကြည့်ရမယ်။ငါတို့လုပ်နေတာအမှားမရှိဘူး၊အကောင်းတွေလုပ်တယ်။
သို့သော်အတိတ်တုန်းက မှားယွင်းမှုတွေကလည်းလူတွေရဲ့သန္တာန် လာရောက်ပြီးအကျိုးပေးနေတာတွေ ရှိတတ်တယ်ပေါ့။အဲဒီလို ဖြစ်ပေါ်လာတာမျိုးတွေ ကောမရှိနိုင်ဘူးလားဆို ရှိနိုင်တယ်။
ရှိလာလို့ရှိရင်ဘာနဲ့အကာအကွယ်လုပ်ရမလဲလို့ဆိုရင်ကံ ကောင်းအောင်ကောင်းတဲ့ကံတရားတွေကိုကြိုးစားပြီးလုပ်ရမယ်။
ဘုရားကို အာရုံပြုမယ်၊ သံဃာကို အာရုံပြုမယ်။ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ရွတ်ဖတ် သရဇ္စျာယ်မယ်ဘုရားကို ပူဇော်မယ်နော်။ဘုရားနဲ့ ပတ်သက်ပြီးစိတ်ကြည်နူးမှုတွေရအောင်လုပ်ရမယ်။ကုသိုလ်ကောင်းမှုတွေ မပြတ်လုပ်ပေးရမယ်။
ဘုရားပန်း၊ ရေချမ်း အမြဲတမ်းဆက် ကပ်၊ဘုရားကို အာရုံပြု၊ ကုသိုလ်တရားတွေကိုစိတ်ထဲမှာဖြစ်ပွားအောင်ကြိုး စား၊အဲဒီလို ကြိုးစားခြင်းအားဖြင့်လည်းပဲမကောင်းတဲ့ကံတွေပပျောက်သွားနိုင်တယ်။ကံဆိုးမိုးမှောင်ကျလာတဲ့အခါဖြစ်လာမယ့်အရိပ် အ ရောင်ရှိပြီဆိုတဲ့အချိန်မှာဘာနဲ့ ကာကွယ်ရသလဲဆိုရင်ဘုရားကို အာရုံပြုပြီးဗုဒ္ဓါနုဿတိကို ပွားရမယ်။
ဘုရားရဲ့ဂုဏ်တော်တွေကို အာရုံပြု၊ကမ္မဌာန်းထိုင်၊ဂုဏ်တော်တွေကို နှလုံးသွင်းဆင်ခြင်ပြီးအချိန်များများ မြတ်စွာဘုရားကိုပူဇော်ရမယ်။လုပ်ပြီးတဲ့အခါ ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှုကို ကိုယ်မမြင်ရတဲ့ သတ္တဝါတွေ၊ကိုယ့်အနီးအပါးမှာရှိတဲ့ အိမ်စောင့်နတ်တွေကို အမျှအတန်းပေးဝေရမယ်။
အဲဒီအမျှအတန်း ပေးဝေခြင်းအားဖြင့်ကိုယ်နဲ့သူတို့နဲ့က မိတ်ဆွေဖြစ်သွားတယ်။ခင်မင်ရင်းနှီးမှုတွေ ရလာတယ်။မိတ်ဆွေဖြစ်လို့ရှိရင် ကိုယ်အန္တရာယ်မရောက်အောင် သူတို့က ကြည့်ရှုပေးတယ်။အိမ်နားနီးချင်းနဲ့ တည့်အောင်ပေါင်းရင်တောင်မှပဲ ကိုယ့်အိမ် ကြည့်ပေးဖော်ရမယ်။
မတည့်ဘူးဆိုရင် မသိချင်ယောင်ဆောင်နေမှာ ဘာကြီးဖြစ်နေနေ၊ဟုတ်ကဲ့လား။အဲဒါလိုပဲ ကိုယ်မမြင်ရလို့အိမ်စောင့်နတ်တို့၊ ကိုယ်စောင့်နတ်တို့သွားပြီးတော့ရန်မဖြစ်လေနဲ့။ရန်ဖြစ်ရင်တော့အဲဒါကိုယ့်ကိုကောင်းကျိုးပေးမှာမဟုတ်ဘူးနော်။ဘယ်သူနဲ့မှ ရန်မဖြစ်နဲ့။
နောက်ဆုံးမှာ ကိုယ့်ရဲ့အိမ်က မွေးထားတဲ့ ခွေးနဲ့တောင် ရန်ဖြစ်ရင် ကိုယ့်ကို မျက်စောင်းထိုး ကြည့်တာအနည်းဆုံး ခံရမယ်။ ကြောက်လို့သာ ပြန်မလုပ်တာ ရှိမယ်နော်။
ဒီတိရစ္ဆာန်တွေမှာလည်း အသိရှိတယ်လေ။တစ်ခါလောက် ရိုက်ထားတဲ့သူဆိုရင် ရှောင်ပေရှောင်ပေနဲ့ မျက်စောင်းထိုးကြည့်တယ်။သူတို့ အမြဲတန်း ငါ့များဘာလုပ်မလဲဆိုပြီး ဒေါသနဲ့ ကြည့်တာ။
ဘယ်သူနဲ့မှ ရန်မဖြစ်ဘဲမေတ္တာ သက် ရောက်အောင်လုပ်တာဟာ ကိုယ့်အတွက် ကံကောင်းစေခြင်းရဲ့ အကြောင်းတစ်ခုပဲဖြစ်တယ်ပေါ့။ကိုယ့်အတွက် အကူအညီရခြင်းပဲ။မေတ္တာပို့ရတယ်။ အမျှအတန်းပေးဝေရတယ်။ကုသိုလ်ကောင်းမှုလုပ်တိုင်းလုပ်တိုင်း ဖိတ်ကြားပြီးတော့ သူတို့ကို အရေးတယူ လုပ်ရတယ်။
မိတ်ဆွေကောင်းတောင်မှ လမ်းမှာတွေ့ရင် ကိုယ်က အရင်ခေါ်ရတယ်။အရေးတယူ နှုတ်ဆက်ရင် ရင်းနှီးတယ်။မခေါ်ချင်သလိုလို လုပ်သွားရင်သူကလည်း မခေါ်ချင်သလိုလို ပြန်လုပ်မှာပဲ။
လူအချင်းချင်းတောင် ဒီလို ဖြစ်လာတယ်။အဲဒါကြောင့်မို့ ကံကောင်းအောင်လုပ်ဖို့ဆိုသည်မှာကိုယ်ကိုယ်တိုင်က ရင်ထဲက အမုန်းကင်းပြီးမေတ္တာဘာဝနာတွေ များများပွားရမယ်။
မေတ္တာပို့မယ်၊ အမျှအတန်း ပေးဝေမယ်၊အားလုံးနဲ့ မိတ်ဆွေတွေဖြစ်မယ်။အရာရာမှာ စိတ်ကြည်နူးမှုတွေ ရလာတဲ့အခါမှာ ကိုယ်တွေးတာတွေ၊ကိုယ်ကြံတာတွေ၊ ကိုယ်လုပ်တာတွေလည်း လမ်းမှန်ပေါ် ရောက်လာနိုင်တယ်ပေါ့။
အဲဒီလိုမဟုတ်ဘူး။”ကံမကောင်း အ ကြောင်းမလှ” လို့ မကောင်းတာတွေနဲ့ စိတ်ကညစ်နေရင်ပိုဆိုးသွားနိုင်တယ်။အဲဒီလိုမဖြစ်ရအောင် သတိရှိရမယ်။ ဘယ်သူပဲဖြစ်ဖြစ် ကံကြမ္မာ ရဲ့အလှည့်အပြောင်းကြောင့်ကံကောင်းတဲ့အခါ ကောင်းတယ်၊ မကောင်းတဲ့အခါ မကောင်းဘူး။
ဘုရားဂုဏ်တော်တွေကို ကိုယ့်ရဲ့ ရင်ထဲနှလုံးထဲရောက်အောင်တည်ငြိမ်အေး ချမ်းမှုကို ပေးနိုင်တဲ့ဟာမျိုးဖြစ်အောင် လုပ်ရမယ်။ပြီးပြီ ဆိုပြီးတော့မှ ကိုယ့်ရဲ့ (wish) ကို ဖော်ပြတာ။ဆုတောင်းတိုင်းကတော့ မရဘူးပေါ့။ဆုတောင်းတိုင်းရလို့ရှိရင်ဘာမှ လုပ်မနေနဲ့။ထိုင်ပြီးတော့ဆုသာဆုတောင်း
စာမေးပွဲအောင်လို့ရှိရင် ဒီ ၃- လုံးပါပါစေ၊ ၆- လုံး ပါပါစေ၊ထိုင်သာ ဆုတောင်းနေ၊ စာမကျက်နဲ့၊ ရမှာ မဟုတ်ဘူးနော်။အဲဒါကြောင့်မို့လို့ ဆုတောင်းရုံနဲ့ ဘယ်အရာမှမရဘူး။ဆုတောင်းတယ်ဆိုတာ wish ကိုဖော်ပြတာပဲ ဖြစ်တယ်။
ဆုတောင်းတာ လိုချင်တဲ့ဆန္ဒရဲ့နောက်မှာ လုံ့လ ဝီရိယတို့၊ အသိဉာဏ်တို့ ဆိုတာတွေ လိုအပ်တယ်ပေါ့။အဲဒီလို အကြောင်းအကျိုး ဆီလျှော်စွာအလုပ်လုပ်မှကောင်းကျိုးချမ်းသာတွေဆိုတာ ရနိုင်တယ်။အဲဒီလိုအချက်တွေကိုလည်း မြတ်စွာဘုရား ဟောတာဖြစ်တယ်။
ဗုဒ္ဓဆိုတဲ့ ဂုဏ်တော်တွေထဲမှာအရာခပ်သိမ်းကို သိစွမ်းနိုင်တဲ့ အသိဉာဏ်ရှိလို့ `ဗုဒ္ဓ` ဆိုတာကို အာရုံပြုပြီးတော့နှလုံးသွင်း ဆင်ခြင်ခြင်းအားဖြင့် မိမိအတွက် ကံကောင်းလာနိုင်တယ်ဆိုတာ ယုံကြည်ကြရမှာ ဖြစ်တယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ
လူတွေကို ကိုဗစ် – ၁၉ ရှိ မရှိ ထောက်လှမ်းပေးမယ့် မျက် မှန်ကို တရုတ် နည်းပညာကုမ္ပဏီ တီထွင်
လူတွေကို ကိုဗစ် – ၁၉ ရှိ မရှိ ထောက်လှမ်းပေးမယ့် မျက် မှန်ကို တရုတ် နည်းပညာကုမ္ပဏီ တီထွင်
ဒီမျက်မှန် ကိုတော့ Hangzhou မြို့အခြေစိုက်တရုတ်နည်းပညာ ကုမ္ပဏီ Rokid က ထုတ်ပါတယ်။ Rokid ဟာ သူရဲ့ ဒီ T1 မျက်မှန်တွေကိုရောင်းချဖို့အတွက်အမေရိကကုမ္ပဏီပေါင်းများစွာကိုကမ်းလှမ်းထားပါတယ်။
Rokid ရဲ့ T1 ကိုယ်ပူချိန်တိုင်းမျက်မှန်ဟာ ၃ မီတာအတွင်းကလူအယောက် ၂၀၀ ကို ၂ မိနစ်အတွင်းကိုယ်ပူချိန်တိုင်းနိုင်မှာဖြစ်ပါတယ်။ဒီ T1 မျက်မှန်ဟာ လူတွေရဲ့ခန္ဓာကိုယ်အပူချိန်ကိုတိုင်းတာဖို့အတွက် Infrared Sensor ကိုအသုံးပြုထားပါတယ်။
CPU အနေနဲ့ Qualcomm ကိုတပ်ဆင်ထားပြီးကင်မရာကတော့ 12 MP ရှိပါတယ်။ဓာတ်ပုံတွေဗီဒီယိုတွေကိုရိုက်ကူးဖို့လက်နှိပ်စရာမလိုပဲအသံနဲ့အမိန့်ပေးပြီး Live Photo တွေ Video တွေရိုက်လို့ရပါတယ်။
Rokid က မျက်နှာမှတ်မိတဲ့ဆော့ဝဲလ်နဲ့ ဒေတာတွေစီမံနိုင်မယ့် IoT ကိုပါ အတွဲလိုက်ပေးမှာဖြစ်ပါတယ်။ဆေးရုံတွေ၊ ကုမ္ပဏီတွေ၊မြူနီစပါယ်တွေကိုအဓိကရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။
Rokid က တရုတ်ပြည်မှာ 2019 အကုန်မှာ ကိုဗစ်-၁၉စတယ်ဆိုတာနဲ့သူများတွေ သာမိုမီတာဘက်လှည့်နေချိန်မှာသူက ဒီမျက်မှန်လုပ်ငန်းကိုစပါတယ်။
SenseTime လို Face Recognition ကုမ္ပဏီကြီးတွေကဘူတာရုံတွေမှာ ကိုယ်ပူတိုင်းစက်တွေဆင်သလိုသူရဲ့ပြိုင်ဘက် Megvil က စူပါမားကတ်တွေမှာကိုယ်ပူတိုင်းစက်တွေဆင်ခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ်လုပ်ငန်းတွေပြန်လည်ပတ်နိုင်ဖို့နည်းပညာဖြင့်အမျိုးမျိုးပြန်ကြိုးစားကြမှာ ဖြစ်ပါကြောင်း
Richard Myo Thant
Richard Myo Thant
ဧပြီလ (၁၆)ရက်နေ့ ညနေပိုင်းက ချင်းပြည်နယ် ဖလမ်းမြို့ အနီးအင်အား ပြင်းထန်တဲ့ ရစ်(ခ်)တာစကေး (၆.၁)အဆင့်ရှိငလျင်လှုပ်ခတ်
ဧပြီလ (၁၆)ရက်နေ့ ညနေပိုင်းက ချင်းပြည်နယ် ဖလမ်းမြို့ အနီးအင်အား ပြင်းထန်တဲ့ ရစ်(ခ်)တာစကေး (၆.၁)အဆင့်ရှိငလျင်လှုပ်ခတ်
ငလျင်နှစ်ကြိမ်လှုပ်ခတ်ခဲ့မှုကြောင့် ဟားခါးမြို့မှာ ပျက်စီးမှုတွေရှိခဲ့နာရီပိုင်း အတွင်း နှစ်ကြိမ်လှုပ်ခတ်ခဲ့တာပါ။
ဒီကနေ့ ဧပြီလ (၁၆)ရက်နေ့ ညနေပိုင်းက ချင်းပြည်နယ် ဖလမ်းမြို့ အရှေ့တောင်ဘက် (၂၅)မိုင်ခန့်အကွာကို ဗဟိုပြုပြီး နာရီပိုင်းအတွင်းမှာပဲ ငလျင်နှစ်ကြိမ်လှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပါတယ်။
ပထမဆုံးလှုပ်ခတ်ခဲ့တဲ့အချိန်က ညနေ(၆)နာရီ (၁၅)မိနစ်အချိန်မှာ အင်အား ပြင်းထန်တဲ့ ရစ်(ခ်)တာစကေး (၆.၁) အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ပြီး ဒုတိယအကြိမ်က (၇)နာရီ (၁၇)မိနစ်အချိန်မှာပဲ အင်းအားအနည်းငယ်ရှိတဲ့ ရစ်(ခ်)တာစကေး(၄.၁)အဆင့်ရှိတဲ့ ငလျင် ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
“ ငလျင်ဒဏ်ကိုတော့ ကျောက်တော်၊ ပခုက္ကူ၊ မုံရွာ ၊ ဖလမ်း၊ ကလေးဝနဲ့ ဟားခါးတို့မှာ ခံစားရတယ်ပြောတယ်။ ဟားခါးမှာတော့ ငလျင်ဒဏ်ကြောင့် အပျက် အစီးအနည်းငယ်ရှိတယ်လို့ ကြားတယ်။ အခုတော့ အချက်အလက်တွေတောင်းထားတုန်းပါ” လို့ မြေငလျင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက Duwun ကိုပြောပါတယ်။
မြေငလျင်နဲ့ ပတ်သက်လို့ အပျက်အစီးတွေရှိခဲ့တဲ့ ဟားခါးမြို့က လွှတ်တော်ကိုယ်စားလှယ်တွေကို Duwun က ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာမှတော့ အဆက် အသွယ်မရရှိခဲ့ပါဘူး။
Credit Duwun
MOHS ကို သတင်းတင်တာ ကတိမတည်ဘူး စသဖြင့် အပြစ် ပြောနေသူတွေသိဖို့ပါ
MOHS ကို သတင်းတင်တာ ကတိမတည်ဘူး စသဖြင့် အပြစ် ပြောနေသူတွေသိဖို့ပါ
သတင်းတင်ပြီး ၄မိနစ်အတွင်းမှာ က လေးမြို့ခံက လူနာနေတဲ့လမ်းကို Lock down ချပြီဆိုတာလေးပုံလေးနဲ့ comment လာတယ်။ ၁၅ မိနစ်မှာ ပြည် တွင်းသတင်းတွေကအတည်ပြုတယ်ဆိုတော့။
သတင်းမကြေငြာခင်ဘာတွေလုပ် ရတယ်ဆိုတာစဉ်းစားနားလည်စေချင်တယ်။အရင်ဆုံး MOHS က မကြေငြာခင်မြို့နယ်ဆေးရုံတွေကအရင်သိတာပါ။ သူတို့ကိုအရင်အကြောင်းကြားတယ်။
ပြီးရင်လူနာနေထိုင်တဲ့နေရာLock down လုပ်တယ်။ ပြီးရင် close contact တွေ ရှာဖွေတယ်။(ကြောက်လန်ပြီးထွက်ပြေးမှာစိုးလို့)အဲဒါတွေအကုန်ကျမ်းမာရေးက အချိန်နှင့်တပြေးညီအလုပ်လုပ်နေကြတာပါ။ရှင်တို့ကျမတို့စောင့်နေကြတာကကော်ဖီလေးသောက်လိုက်၊မုန့်လေးစားလိုက်၊သေးလေးပေါက်လိုက်နဲ့ဖုန်းလေးဖွင့်စောင့်နေတာပါ။
ဘယ်သူတွေပိုပင်ပန်းလဲတွေးကြည့်ပါ။ အလုပ်လုပ်တာကြာလို့ကိုယ်တိုင်လုပ်ချင်လျှင်ဗော်လန်တီယာတွေခေါ်နေပါတယ်။ ဝင်ပြီးလုပ်လိုက်ပါ။ဒီလူတွေအလုပ်လုပ်နေတာသူတို့ အ တွက်မဟုတ်ပါဘူး။တစ်တိုင်းပြည် လုံး မသာပေါ်သွားမှာစိုးလို့လုပ်နေတာ။ နား လည်ဖို့ပါ။
ကျမကျန်းမာရေးဝန်ထမ်းမဟုတ်ဘူး။ ဒါပေမယ့်ကိုယ်ချင်းစာတယ်။ဦးနှောက်ထည့်ပေးထားတာသုံးဖို့ ပါ။တကယ်လုပ်နေရသူတွေကိုစိတ်ခွန်အား မပေးဘဲ၊ စိတ်ဓာတ်ကျပြီးထွက်ပြေးချင်အောင် မလုပ်ပါနဲ့။အခုနေ မလုပ်ဘူးပြောလည်း ဘယ်သူမှ အရေးမယူဘူးမသကာ အ လုပ်ပြုတ်ရုံပဲ။ မနေ့က ဆရာဝန်မတစ်ယောက် ကပြောတယ်။ Covid ပြီးတဲ့နေ့ သူအလုပ်က ထွက်တဲ့နေတဲ့။ သူ့နေရာမှာ ငါဆိုရင်ရော။
ကိုယ်ချင်းမစာတတ်တဲ့လူတချို့ကြောင့်ကျန်းမာရေးဝန်ထမ်းတွေရဲ့စိတ်ပျက် စကားသံတွေကြားရတာစိတ်မကောင်းဘူး။အဲဒါကြောင့်လို့ပြောပါသည်ခင်ဗျား
MOHS အောက်မှာအပြစ်တင်တဲ့ comment တွေအများကြီး။ကျန်းမာရေးဝန်ထမ်းတွေကြည့်နေကြမှာအားနာမိပါတယ်။ကိုယ်ချင်းစာကြပါ။Ground မှာ အလုပ်လုပ်နေသူတွေအန္တရာယ်ကင်းကြပါစေ ကျန်းမာကြပါစေ။
Credit: #မေမွန်း
#MOHS
Credit: #မေမွန်း
#MOHS