နောက်ဆုံးပေါ် PS5 ဂိမ်းစက်ကြီးကို ချစ်သူလေးရဲ့ မွေးနေ့အတွက်အမှတ်တရလက်ဆောင်ပေးခဲ့တဲ့ နန်းဆုရတီစိုး
နောက်ဆုံးပေါ် PS5 ဂိမ်းစက်ကြီးကို ချစ်သူလေးရဲ့ မွေးနေ့အတွက်အမှတ်တရလက်ဆောင်ပေးခဲ့တဲ့ နန်းဆုရတီစိုး
ကြွေရုပ်လေးတစ်ရုပ်လို နုနုရွရွလေးနဲ့ အရမ်းလှတဲ့ နန်းဆုရတီစိုးကတော့ ဆယ်စုနှစ်ကျော်တိုင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။
နန်းဆုရတီစိုးကတော့ ပရိသတ်တွေအတွက် အနုပညာလှုပ်ရှားမှုတွေကို အမြဲမပြတ်ပြုလုပ်သလို တစ်ဖက်မှာလည်း သူမရဲ့ အချစ်ရေးလေးကိုသာယာပျော်ရွှင်ဖွယ်ဖြစ်အောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ နန်းဆုရတီစိုးကတော့ သူမရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ချပြလေ့ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
ချစ်သူလေးဆီက ဂရုစိုက်ယုယမှုတွေကို ရရှိတဲ့ နန်းဆုရတီစိုးက ဒီကနေ့ ဇန်နဝါ ရီလ (၆) ရက်နေ့မှာ ကျရောက်တဲ့ ချစ်သူကောင်လေးအတွက် မွေးနေ့လက်ဆောင်လေးပေးပြီး အတူတူရှိနေခဲ့ပေးတာကို တွေ့ရပါတယ်။ နန်းဆုရတီစိုးက သူမရဲ့ချစ်သူကောင်လေးအတွက် နောက် ဆုံးပေါ် PlayStation 5 ဂိမ်းစက်ကြီးကိုဝယ်ပေးပြီး အမှတ်တရမွေးနေ့လက်ဆောင်ပေးဖြစ်တဲ့အကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
နန်းဆုရတီစိုးကတော့ ချစ်သူကောင်လေးအတွက်တကယ့်အမိုက်စားလက် ဆောင်ကြီးကိုလက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန်းဆုရတီစိုးအရမ်းချစ်တဲ့ ချစ်သူကောင်လေးကို အရမ်းသိချင်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Crediဆယ်လီကွန်နက်ရှင်
ရုပ်ရည်ပိုင်းဆိုင်ရာကို ဝေဖန်ရှုံ့ချပြီး တိုက်ခိုက်ခံနေရတဲ့ သူငယ်ချင်း မေမီကိုကိုရဲ့ဘက်မှ ဝန်းရံလိုက်တဲ့ လပြည့်
ရုပ်ရည်ပိုင်းဆိုင်ရာကို ဝေဖန်ရှုံ့ချပြီး တိုက်ခိုက်ခံနေရတဲ့ သူငယ်ချင်း မေမီကိုကိုရဲ့ဘက်မှ ဝန်းရံလိုက်တဲ့ လပြည့်
မြိုင်ဆိုတဲ့ ဗီလိန် ကာရိုက်တာလေးနဲ့ ပရိသတ်တွေအားပေးမှုကို တခဲနက်ရရှိခဲ့ပြီး ဇာတ်လမ်းတွဲပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ MRTV-4 မင်းသမီးလေး မေမီကိုကိုကတော့ လတ်တလောမှာ သူမရဲ့ချစ်သူ ဆရာဝန်လေးနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်တိုက်ခိုက်ခံနေရပါတယ် ။ သူမရဲ့ ရုပ်ရည်ပိုင်းဆိုင်ရာကို ဝေဖန်ရှုံ့ချပြီး တိုက်ခိုက်ခဲ့တဲ့အတွက် သူမရဲ့အရင်းနှီးဆုံသူငယ်ချင်းဖြစ်တဲ့ လပြည့်က မေမီကိုကိုရဲ့ဘက်က ဝန်းရံလာခဲ့ပါတယ် ။
ကိုယ့် သူငယ်ချင်းမလို့ ကိုယ့်ပြောတာမဟုတ်ဘူး ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာလည်း မဟုတ်ပါဘူး သူမအကြောင်းလေး ပြောပြချင်တာ သူမက အားနည်းတဲ့ သူဆို သူနဲ့ မဆိုင်လည်း ဝင်ပါတတ်တယ် ၊ ကူညီတတ်တယ် ၊ အပြင်မှာ လည်း မာန်မာန ကင်းစွာနေတက်တယ် ရိုးရိုးသားသားလေး နဲ့ ရသမျှ ပိုက်ဆံလေး ကို မရှိတဲ့ကြား အကုန်ပြန်အပ်ပီး မိဘကိုလုပ်ကျွေးတယ် စိတ်ထား လေးကလည်းသူများကိုဖြည့်တွေး တတ်တယ် တခါတခါ မတရားတာ တွေ့ရင် ဝင်ဝင်ပြောတတ်သေးတယ် စိတ်ထားလေးလည်း ကလေးဆန် ပီးချစ်ဖို့ ကောင်းပါတယ် လို့ သူငယ်ချင်းဖြစ်သူ မေမီကိုကိုရဲ့ စိတ်ရင်းအမှန်ကို ပရိသတ်တွေသိအောင် လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။
လပြည့်က သူအခုလိုပြောရင် အပို ဖြစ်မှာစိုးလို့ မေမီကိုကိုနဲ့ ဆုံဖူးသူတိုင်းကတော့ သိမှာပါလို့လည်းရေးသားထားပါသေးတယ် ။ ကလေးတယောက်လို ရူးပေါပေါလေးပါ ရုပ်ရည် ပိုင်းလည်း နတ်သမီးတပါးလိုတော့ မချောပေမယ့် သင့်တင့်တဲ့ ရုပ်ရည်လေးတော့ ပိုင်ဆိုင်ပါတယ် ကျွန်တော်က တော့ မ်ိဘ လုပ်ကျွေးတာလေး နဲ တင် သူမကို လေးစားပါတယ် တဲ့ ပရိသတ်ကြီးရေ ..။
Source : La Pyae
Credit Maria (Yaung Chi)
Zawgyi
Source : La Pyae
Credit Maria (Yaung Chi)
(၄၆) နှစ်ပြည့်မွေးနေ့မှာပြင်ဦးလွင်မြို့ရှိ မြေ(၁)ဧကကို သာသနာ့နယ်မြေအဖြစ် လှူဒါန်းခဲ့တဲ့ ကိုပေါက်
(၄၆) နှစ်ပြည့်မွေးနေ့မှာပြင်ဦးလွင်မြို့ရှိ မြေ(၁)ဧကကို သာသနာ့နယ်မြေအဖြစ် လှူဒါန်းခဲ့တဲ့ ကိုပေါက်
ပြည်သူချစ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကိုပေါက်ကတော့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ်ကနေ အနုပညာပညာရပ်တွေကို လေ့လာဆည်းပူးပြီး နိုင်ငံကျော်ဒါရိုက်တာတစ်ယောက် ဖြစ်လာသူပါ။အနုပညာမှာလည်းထူးချွန်သလိုစိတ်သဘောထားလည်းကောင်းမွန်တဲ့ကိုပေါက်က ပရိ သတ်တွေရဲ့ အားပေးမှုကို ရရှိထားသလို လူချစ်လူခင်ပေါများသူတစ်ယောက်ဆိုလည်း မမှားပါဘူး။မနေ့က ဇန်နဝါရီလ (၅) ရက်နေ့က ကိုပေါက်ရဲ့ မွေးနေ့လေးဖြစ်ပြီး ကိုပေါက်က သူ့ရဲ့ မွေးနေ့မှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့ကြောင်းအခုလိုပဲ ပြောပြလာပါတယ်။
“၄၆ နှစ်ပြည့် မွေးနေ့အလှူ ကျေးဇူးရှင်မိဘနှစ်ပါးကို ဦးထိပ်တင်လျှက် ဘုရား တရား သံဃာ နဲ့ ခင်ပွန်းကြီး ၁၀ ပါးကိုရိုသေစွာကန်တော့ပါတယ်။ အရင်နှစ်တွေက ဒီနေ့ဆိုရင် လမ်းထဲမှာ စတုဒီသာ ထမင်း/ဟင်း ကျွေးပြီးခဲ့ပြီပေါ့။ ကိုဗစ်ကြောင့် လူစုဝေးရမှာကြောက်လို့ လူနည်းနည်းနဲ့ အလှူလုပ်ဖြစ်ခဲ့ပါတယ်။ အမြန်လမ်း ၁၁၆မိုင် ၆ဖာလုံ ကမ္ဘာငြိမ်းအေးစေတီတစ်ထောင်ဆရာတော် စမဘုန်းဘုန်းကို ပြင်ဦးလွင် အောင်ချမ်းသာကျေးရွာအုပ်စု၊အင်သာကျေးရွာရှိ မြေ (၁)ဧက ကို စမဘုန်းဘုန်းသာသနာပြုရာတွင် လိုအပ်သလိုအသုံးပြုနိုင်ရန် ရည်ရွယ်၍ လှူဒါန်းခဲ့ပါသည်။”
“ယခုပြုရ သောဒါန သီလ ဘာဝနာ ကုသိုလ်အစုစုတွက် နတ် လူ သာဓု ခေါ်စေသော်အားလုံး အမျှ အမျှ အမျှ ရကြပါစေ။ (အထူးသဖြင့် ချစ်ရတဲ့ဇနီး ၊ဘဝခရီဖော် ၊လက်တွဲဖော်၊လမ်းပြကြယ် ချစ်ဇနီးအသည်းလေးမမနီနီ ကိုအထူးကျေး ဇူးတင်ပါတယ်။သူသာမရှိရင် ကျွန်တော်အခုလိုအောင်မြင်လာဖို့မလွယ်ပါဘူး။အမြဲတမ်းသည်းခံနားလည်ပေးတဲ့အတွက်အရမ်းကျေးဇူ းတင်ရပါတယ်။နောက်ပြီး သူ့ရဲ့နောက်ကမိသားစု ဝင်များအားလုံးကျေးဇူးပါ။)မွေးနေ့ဆု တောင်းပေးကြတဲ့ တစ်ယောက်ချင်းစီကိုအထူးကျေးဇူးတင်ပါသည်။စာပြန်မရေးနိုင်တာ ခွင့် လွှတ်ပါနော်” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
ကိုပေါက်ကတော့ အသက်တစ်နှစ်ကြီးသွားတဲ့မွေးနေ့မှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ရင်း ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ကိုပေါက်တစ်ယောက် မွေးနေ့မှသည် အောင်မြင်မှုတွေများစွာရရှိပြီး ဒီထက်မက လှူနိုင်တန်းနိုင်သော လက်တစ်စုံကို ပိုင်ဆိုင်ခွင့်ရရှိပါစေနော်။ဖတ်ရှုပေးကြတဲ့Cele Connections ပရိ သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Aung Min Naing ‘s fb
Bilie – Cele Connections
စက်ဘီးနဲ့ ဝမ်းစာရှာနေတဲ့ သူတွေအတွက် စိတ်ပူလို့ သတိပေးစကားပြောလိုက်တဲ့ အေးမြတ်သူ
စက်ဘီးနဲ့ ဝမ်းစာရှာနေတဲ့ သူတွေအတွက် စိတ်ပူလို့ သတိပေးစကားပြောလိုက်တဲ့ အေးမြတ်သူ
ပရိသတ်ကြီးရေ သရုပ်ဆောင် အေးမြတ်သူကတော့ ပရိသတ်တွေအတွက် မိသားစုဝင်တစ်ယောက်လို သဘောထားပြီး ကိုဗစ်ကာလမှာ အလုပ်အများဆုံးဖြစ်တဲ့ Delivery ပို့တဲ့သူတွေအတွက် သတိပေးစကားဆိုလာခဲ့ပါတယ် ။ အနှေးယာဉ်မောင်းပြီး စက်ဘီးနဲ့ ဝမ်းစားရှာနေတဲ့ သူတွေအတွက် ရောင်ပြန်လေးတွေကို တပ်ကြဖို့အတွက် ဦးစားပေးပြီး ပြောပြခဲ့တာဖြစ်ပါတယ် ။
နေ့ခင်းဘက်သွားတဲ့နေရာမှာတော့ ကားတွေက မြင်ရပေမယ့် ညဘက်ရောက်ရင်တော့ ကားမောင်းတဲ့သူတွေက လမ်းမပေါ်က စက်ဘီးတွေကို မမြင်ရတဲ့အတွက် ကိုယ့်ရဲ့ လုံခြုံမှုအတွက် back ကြည့်မှန် သို့မဟုတ် ရောင်ပြန်လေးတွေကို တပ်စေချင်တဲ့ အကြောင်း နဲ့ အသက်က အရေးကြီးတဲ့အတွက် ငွေကုန်ကြေးကျမများတဲ့ဟာလေးကို လိုက်လုပ်စေချင်တယ်လို့ စေတနာရှေ့ထားပြီး သတိပေးစကားဆိုခဲ့တာဖြစ်ပါတယ် ။ ဝမ်းစာအတွက် အလုပ်လုပ်နေရတာကို နားလည်ပေမယ့် ကိုယ့်ရဲ့အသက်အန္တရယ်ကိုလည်း ကာကွယ်ကြဖို့အတွက်တိုက်တွန်းစကားဆိုထားပါသေးတယ် ။
စက်ဘီးစီးပြီး ဝမ်းစာရှာတဲသူကိုလည်းစိတ်ပူတယ် ၊ အိမ်မှာနေရင်း မုန့်မှာစားတဲ့သူတွေကိုလည်းစိတ်ပူတယ် ၊ အားလုံးအားလုံးကိုစိတ်ပူတယ်ရှင့် ဆိုတဲ့စာသားလေးနဲ့အတူ သူမ ရဲ့ စေတနာ စကားတွေကို ဗီဒီယိုလေးနဲ့အတူ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အသိပေးမျှဝေပေးထားပါသေးတယ် ။ မမြတ်လေးကိုချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးလည်း အသိပညာရစေဖို့ ဒီဗီဒီယိုလေးကို တဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Aye Myat Thu
Credit Emily (Cele Gabar)
Zawgyi
Source : Aye Myat Thu
ကိုဗစ်-၁၉ကာကွယ်ဆေးရန်ပုံငွေအဖြစ်မြန်မာ့စီးပွားရေးလုပ်ငန်းရှင် မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဌ ဦးချစ်ခိုင်ကအမေရိကန် ဒေါ်လာတစ်သန်းခွဲထည့်ဝင်လှုဒါန်း
ကိုဗစ်-၁၉ကာကွယ်ဆေးရန်ပုံငွေအဖြစ်မြန်မာ့စီးပွားရေးလုပ်ငန်းရှင် မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဌ ဦးချစ်ခိုင်ကအမေရိကန် ဒေါ်လာတစ်သန်းခွဲထည့်ဝင်လှုဒါန်း
အစိုးရကအမေရိကန်ဒေါ်လာသန်း၂၅၀နှင့်မြန်မာကျပ်ငွေသန်းတစ်ထောင်ဖြင့်ကိုဗစ်-၁၉ကာကွယ်ဆေးရန်ပုံငွေစတင်တည်ထောင်ကြောင်းကြေငြာအပြီးနာရီပိုင်းအတွင်းမြန်မာ့စီးပွားရေးလုပ်ငန်းရှင် မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဌ ဦးချစ်ခိုင်ကအမေရိကန် ဒေါ်လာတစ်သန်းခွဲ ပွဲဦးထွက်ထည့်ဝင်လှုဒါန်းမယ်လို့သိရပါတယ်
မြန်မာ့စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ ဦးချစ်ခိုင်က မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ကာကွယ်ဆေးတွေ ဝယ်ယူနိုင်ဖို့အတွက် သူ့မွေးနေ့အထိမ်းအမှတ်အဖြစ် အမေရိကန်ဒေါ်လာတစ်သန်းခွဲထည့်ဝင်လှုဒါန်းမယ်လို့ သူ့ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ ယခုမိနစ်ပိုင်းအတွင်းကကြေညာခဲ့ပါတယ်။
ယနေ့ (၅-၁-၂၀၂၁) မှာ ဦးချစ်ခိုင်က သူ့ရဲ့မွေးနေ့အလှူအဖြစ် ကိုဗစ်ကာကွယ်ဆေးဝယ်ဖို့ အမေရိကန်ဒေါ်လာ ၁.၅ သန်း လှူဒါန်းလိုက်ခြင်းလည်းဖြစ်ပါသည်။
ဒီကနေ့ညပိုင်းမှာစီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက မြန်မာနိုင်ငံမှာကိုဗစ်-၁၉ကာကွယ်ဆေး ဝယ်ယူ ရရှိရေးရန်ပုံ ငွေတစ်ရပ်တည်ထောင်လိုက်တဲ့အကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။
Zawgyi
ကိုဗစ်-၁၉ကာကွယ်ဆေးရန်ပုံငွေအဖြစ်မြန်မာ့စီးပွားရေးလုပ်ငန်းရှင် မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဌ ဦးချစ်ခိုင်ကအမေရိကန် ဒေါ်လာတစ်သန်းခွဲ ပွဲဦးထွက်ထည့်ဝင်လှုဒါန်း
မောင်လေးဂျွန်ဂို မရှိတော့တဲ့နောက်မှာ သူမကိုချစ်ခင်စောင့်ရှောက်ပေးကြတဲ့ ချစ်ရသူတွေအကြောင်းပြောပြလာတဲ့ မြသင်းခြယ်
မောင်လေးဂျွန်ဂို မရှိတော့တဲ့နောက်မှာ သူမကိုချစ်ခင်စောင့်ရှောက်ပေးကြတဲ့ ချစ်ရသူတွေအကြောင်းပြောပြလာတဲ့ မြသင်းခြယ်
ပရိသတ်ကြီးရေ မြန်မာသံတေးသီချင်းလေးတွေကို သီဆိုသူ တေးသံရှင်မြသင်းခြယ်ကတော့ အက်ရှင်သရုပ်ဆောင် နေထူးနိုင်ရဲ့ ချစ်ဇနီးလေးဖြစ်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ အက်ရှင်မင်းသား ဂျွန်ဂိုရဲ့အစ်မပဲဖြစ်ပါတယ် ။ ချစ်ရတဲ့မောင်လေး ကွယ်လွန်သွားပေမယ့်လည်း သူမရဲ့မောင်လေးကို အခုချိန်ထိ မေ့မရနိုင်ပဲ နှစ်ပတ်လည်နေ့ရက်တွေရောက်တိုင်း ကောင်းမှု ကုသိုလ်တွေ လုပ်ပေးနေဆဲပါ ။
လတ်တလောမှာတော့ မားခြယ်က ဂျွန်ဂို လေးမရှိတော့တဲ့နောက်မှာ မားကညီအကိုမောင်နှမ မရှိတဲ့သူဖြစ်ခဲ့ရပေမယ့်လည်း အလှူအတန်းအတွက်ဆို ဝန်းရံပေးတဲ့မားရဲ့ချစ်ရသူလေးတွေ ၊ အလုပ်အတွက် အားရှိစရာကောင်းလောက်အောင် ဝန်းရံပေးတဲ့ မားရဲ့ချစ်ရသူလေးတွေ ၊ မားလုပ်သမျှကိုယုံကြည်ပေးကြတဲ့မားရဲ့ချစ်ရသူလေးတွေ ၊ ဘာလေးပဲဖြစ်ဖြစ်မားကိုသတိတရ စားစေချင်တဲ့ မားရဲ့ချစ်ရသူလေးတွေ မားအားငယ်စရာမရှိအောင်ချစ်ပေးကြတဲ့မားရဲ့ချစ်ရသူလေးတွေ ကြောင့် ဘယ်သူပြောမလဲမားကို တစ်ကောင်ကြွက်ပါလို့ ဒီလူတွေအားလုံးဟာမားရဲ့ဆွေမျိုးအရင်းမိသားစုဝင်တွေပါပဲ ဆိုတဲ့စာသားလေးနဲ့အတူ သူမကိုအမြဲချစ်ခင်အားပေးကြတဲ့ ချစ်ပရိသတ်တွေအကြောင်းကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။
မားခြယ်က သူမရဲ့ ပရိသတ်တွေ အားလုံးကိုတလေးတစားနဲ့ကိုချစ်ရသလို သူမ ကိုလည်း အမြဲချစ်ပေးနိုင်ကြပါစေ လို့ ဆုမွန်ကောင်းတွေ တောင်းထားပါသေးတယ် ။ ချစ်ရတဲ့ ကိုယ်ပိုင်မိသားစုလေးနဲ့ ဆွေမျိုးအရင်းတွေလို မိသားစုဝင်တွေလိုချစ်ရတဲ့ ပရိသတ်တွေကြောင့် ပျော်ရွှင်နေတဲ့ မားအတွက် ပရိသတ်တွေလည်း ထပ်တူ ဝမ်းသာပျော်ရွှင်ကြမယ်လို့ ထင်ပါတယ်နော် ။
Source : Mya Thin Chel
Credit maria (Yaung Chi)
Zawgyi
Source : Mya Thin Chel
Credit maria (Yaung Chi)
အောင်ဇမ္ဗူဆရာတော်ရဲ့သာသနာပြုခရီး (၂၅)နှစ်ပြည့်အတွက် အလှူငွေတွေလှူဒါန်းခဲ့တဲ့ စမိုင်းလ်တို့မိသားစု
အောင်ဇမ္ဗူဆရာတော်ရဲ့သာသနာပြုခရီး (၂၅)နှစ်ပြည့်အတွက် အလှူငွေတွေလှူဒါန်းခဲ့တဲ့ စမိုင်းလ်တို့မိသားစု
ပရိသတ်ကြီးရေ .. အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်သလို သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် စမိုင်းလ်ကတော့ ပရိသတ်တွေ အားကျနေရတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ မကြာခဏ ဆိုသလို လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပြီး အလှူရေစက်လက်နဲ့မကွာလှူဒါန်းလေ့ရှိတာကို တော့ ပရိသတ်တွေလည်းသိပြီးဖြစ်မှာပါ ။
လတ်တလောမှာလည်း အောင်ဇမ္ဗူဆရာတော် ဘုရားသာသနာပြုခရီး ငွေရတု ( ၂၅) နှစ်ပြည့် ) နေ့မှာ ပထမအကြိမ် တစ်လတိတိ ပိဋကတ်သုံးပုံ အသံမစဲ ပူဇော်ရွတ်ဖတ်ပူဇော်မယ့် သံဃာတော်များအတွက် နဝကမ္မအလှူငွေများ လှူဒါန်းကုသိုလ် ယူခဲ့ကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။
ပရိသတ်တွေကတော့ စမိုင်းလ်တို့ရဲ့မိသားစုအလှူလေးအတွက် သာဓုတွေခေါ်ဆိုခဲ့ကြပြီး ဒီထက်မက လှူဒါန်းနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါစေ ဆိုတဲ့ ဆုမွန်ကောင်းလေးတွေ မှတ်ချက်ပေးထားကြတာလည်းတွေ့ရပါတယ် ။ ပရိသတ်ကြီးလည်း ထပ်တူ သာဓုခေါ်ဆိုနိုင်ဖို့ အလှူပုံရိပ်လေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်နော် ။
Source : Smile
Credit Maria (Yaung Chi)
Zawgyi
အောင်ဗမ္ဗူဆရာတော်ရဲ့သာသနာပြုခရီး (၂၅)နှစ်ပြည့်အတွက် အလှူငွေတွေလှူဒါန်းခဲ့တဲ့ စမိုင်းလ်တို့မိသားစု
Source : Smile
Credit Maria (Yaung Chi)
သားရဲ့မျိုးဆက်သစ်ကိုလည်း နိုင်ငံ ကျော်မင်းသားလေးဖြစ်စေချင်တယ်ဆိုတဲ့ စွမ်းဇာနည်ရဲ့မွေးစား မိဘများ
သားရဲ့မျိုးဆက်သစ်ကိုလည်း နိုင်ငံ ကျော်မင်းသားလေးဖြစ်စေချင်တယ်ဆိုတဲ့ စွမ်းဇာနည်ရဲ့မွေးစား မိဘများ
ပရိသတ်အချစ်တော်နိုင်ငံကျော် ဇာတ်မင်းသားတစ်ယောက်ဖြစ်တဲ့စွမ်းဇာနည်ရဲ့မွေးစားမိဘနှစ်ပါးဖြစ်တဲ့ ဦးဉာဏ်မင်းအောင်နဲ့ ဒေါ်မေနှင်းတို့နှစ်ယောက်ကတော့သားလေးကို မိဘအရင်းတွေနဲ့မခြားအရမ်းကိုချစ်ကြတဲ့ သူတွေပါ ။အနုပညာကိုချစ်တဲ့မိဘတွေအတွက်သူတို့ဖြစ်စေချင်သလိုစွမ်းစွမ်းတမံစွမ်း ဆောင်နိုင်တဲ့သားဖြစ်သူကို အချစ်ရေးနဲ့ပတ်သက်လာရင်လည်းသားချစ်တဲ့မိန်း ကလေးကိုဘယ်လိုပဲဖြစ်ဖြစ်လက်ခံပြီး သားစိတ်ချမ်းသာရင်ပြီးရောလို့ဆိုလာပါတယ် ။
အကယ်၍များမြေးလေးများရခဲ့ရင်လည်း စွမ်းလို နိုင်ငံကျော် ဇာတ်မင်းသားလေး ဖြစ်အောင် မွေးပေးချင်သေးတယ်လို့လည်း သူတို့ရဲ့ဆန္ဒကိုပြောပြလာခဲ့ပါတယ်။စွမ်းကလည်း အိမ်ထောင်ပြုဖို့ကအစီစဉ်မရှိသေးဘူးဆိုတော့သားဖြစ်သူကိုပဲ ကလေးလိုရော လူကြီးလိုရောချစ်ပြီး မသေခင်တော့ သားလေးနားမှာ ပျော်ပျော်ရွှင်ရွှင်နေသွားချင်တယ်လို့ စွမ်းရဲ့ မွေးစားမိဘတွေက ဆယ်လီကမ္ဘာအင်တာဗျူးမှာဖြေဆိုခဲ့ကြပါတယ် ။
မွေးစားအမေဖြစ်တဲ့ မေနှင်းကတော့သားကိုဘယ်လောက်ထိချစ်လည်းဆို သေရင်တောင် သားလက်ပေါ်မှာပဲ သေချင်တာသူမရဲ့ ဆန္ဒပါတဲ့ ပရိသတ်ကြီးရေ။
Source : Exclusive On Cele Gabar
Credit (Cele Gabar)
အဆုတ်ကျန်းမာရေးချွတ်ယွင်းလာပြီဆိုရင် ခန္ဓာကိုယ်မှာပြလာတတ်တဲ့လက္ခ ဏာရပ်များ
အဆုတ်ကျန်းမာရေးချွတ်ယွင်းလာပြီဆိုရင် ခန္ဓာကိုယ်မှာပြလာတတ်တဲ့လက္ခ ဏာရပ်များ
ယနေ့ခေတ်မှာ လူဦးရေထူထပ်ပြီး ယာဉ်တွေပေါများလာတာကြောင့်လေ ကောင်းလေသန့်ရဖို့ကခက်လာပါပြီ။
အဲဒါကြောင့် အဆုတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။ အဆုတ်က နေမကောင်းရင် ခန္ဓါကိုယ်မှာ လက္ခဏာတွေ ပြလာတတ်ပါတယ်နော်။
၁။ ကျောနဲ့ပုခုံး နာကျင်လာခြင်း”
ရင်ဘတ်အောင့်တာက အဆုတ်ကင်ဆာရဲ့ ရှေးဦးလက္ခဏာဖြစ်တာတောင် ကျောနဲ့ပုခုံးနာကျင်လာခြင်းက
တွေ့ရခဲတဲ့လက္ခဏာပါပဲ။ ကျောနဲ့ပုခုံးနာကျင်တဲ့လက္ခဏာတွေပြလာရင် အဆုတ်ကို ကုသလို့ရပါသေးတယ်။
နာကျင်မှုက ပြင်းထန်လာပြီး ကျောက အမြဲလိုလိုနာကျင်နေတယ်ဆိုရင် ဆရာ ဝန်နဲ့ မြန်မြန်ပြသသင့်ပါပြီ ။
၂။ ချောင်းဆိုးခြင်း”
အဆုတ်ကျန်းမာရေးမကောင်းရင် ချောင်ူဆိုးလာပါတော့တယ်။အဲဒီလို ချောင်းဆိုးတာက အအေးမိလို့ ချောင်းဆိုးတာနဲ့
ဆင်ဆင်တူပါတယ်။ဒါပေမယ့်ချောင်းဆိုးခြင်းက နာတာ ရှည်ရောဂါတစ်ခုရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။
အဲဒါကြောင့် ချောင်းဆိုးလာပြီဆိုရင်လည်းမပေါ့ဆ သင့်ပါဘူး။ ချောင်းဆိုးတဲ့အခါသွေးပါလာပြီ
ဆိုရင်တော့အဆုတ်ကင်ဆာရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။
၃။ မျက်လုံးနဲ့ အသားအရေ ဝါလာခြင်း”
အဆုတ်ကျန်းမာရေးချို့တဲ့လာတဲ့အခါ မျက်လုံးနဲ့ အသားအရေ ဝါလာတတ်ပါတယ်။ အဆုတ်ကင်ဆာကြောင့်
အသည်းမှာပြဿနာရှိနေကြောင်း ဖော်ပြတဲ့လက္ခဏာဖြစ်ပါတယ်။အသားဝါ ရော ဂါကြောင့်လည်း
အသားဝါလာတာဖြစ်နိုင်ပါသေးတယ်။ ရောဂါရင့်လာတဲ့ အခါမှာတော့ မျက်လုံးကအဝါရင့်ရောင်ကို ပြောင်းသွားတတ်ပါတယ်။
၄။ အားကုန်လာခြင်း”
အိပ်ရေးမဝခြင်းက စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းဖြစ်စေပါတယ်။ဒါပေမယ့် မကြာခဏအားကုန်တာ၊
မကြာခဏ အသက်ရှူမဝတာ၊အစားစားချင်စိတ် မရှိတာမျိုးတွေ ကြုံလာရင်တော့ ဆေးကုသမှု ခံယူသင့်ပါပြီနော်။
၅။ အသက်ရှုမဝခြင်း”
နှလုံးအားနည်းတဲ့အခါ၊အဆုတ်မကောင်းတဲ့အခါအသက်ရှူမဝဖြစ်တတ်ပါတယ်။ အသက်ရှူမဝဘူးလို့
ခံစားရရင်လေကောင်းလေသန့်ရတဲ့ ကျေးလက်ဒေသကို ခဏတာခရီးထွက်သင့်ပါတယ်။
မကြာခဏ မောနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်နေပါပြီ။
အဆုတ် ကျန်းမာရေးအတွက်
အဆုတ်ကျန်းမာရေးအတွက် ပေါ့ပေါ့ဆဆမနေသင့်ပါဘူး။ဆေးလိပ်ဖြတ်လိုက်ခြင်းနဲ့စားသောက်မှုပုံစံကို
ပြောင်းလဲလိုက်ခြင်းကအဆုတ်ကိုကူညီရာရောက်ပါတယ်။အဆုတ်ကြောင့် နာတာရှည်ဝေဒနာခံစားရပြီဆိုရင်
အင်တီအောက်ဆီးဒင့်ကြွယ်ဝတဲ့အစား အစာတွေကိုရွေးချယ်ပြီးစားသုံးပေးသင့်ပါတယ်။
အဆုတ်အတွက်မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေပြုလုပ်လို့ရပါတယ်။
ပန်းနာရောဂါမရှိရင်တောင်ပတ်ဝန်းကျင်ရဲ့ဖုန်မှုန့်နဲ့ ရောဂါပိုးတွေက သွေးကြောထဲရောက်သွားတဲ့အခါ
အဆုတ်ကျန်းမာရေးကိုထိခိုက်လာနိုင်ပါတယ်။အဲဒါကြောင့် သန့်ရှင်းတဲ့လေထုရှိတဲ့နေရာကို ရွေးချယ်ပြီး နေထိုင်သင့်ပါတယ်နော်။
ခရက်ဒစ် – မူရင်း
မုံရွာမြို့တွင် ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းမလိုက် နာသည့် ဆိုင် ၄၅ ဆိုင်ကိုဒဏ်ရိုက်အရေး ယူ
မုံရွာမြို့တွင် ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းမလိုက် နာသည့် ဆိုင် ၄၅ ဆိုင်ကိုဒဏ်ရိုက်အရေး ယူ
စစ်ကိုင်း တိုင်း၊ မုံရွာမြို့မှာ ဩဂုတ်လအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ မလိုက်နာတဲ့ ဆိုင် ၄၅ ဆိုင်ကို ဒဏ်ငွေရိုက်ပြီး အရေးယူထားပါတယ်။ မုံရွာမြို့မှာ ဖွင့်လှစ်ရောင်းချနေတဲ့ လက်ဖက်ရည်ဆိုင်တွေနဲ့စားသောက်ဆိုင်တွေကို ကိုဗစ်ထိန်းချုပ်ရေးကာလထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းချက်‌တွေနဲ့ ညီ၊မညီ ဩဂုတ်လအတွင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှာ ဆိုင်ပေါင်း ၄၅ ဆိုင်ကို စည်းကမ်းချက်နဲ့မညီတဲ့အတွက် အရေးယူတာလို့ မုံရွာမြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဒုဦးစီမှူး ဦးမင်းမင်းသန့်က ပြောပါတယ်။
“စီမံခန့်ခွဲရေးဥပဒေအရအရေးယူတာပါ။ စည်းကမ်းမလိုက်နာတဲ့ဆိုင်ကို ဒဏ်ငွေ ၅၀၀၀ ရိုက်ပါတယ်။ အရင်ကတော့ ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေနဲ့အညီရောင်းချဖို့ ခံဝန်ထိုးခိုင်းတယ်။ အခုနောက်ပိုင်းမှာပထမဆုံးအကြိမ်အဖြစ် ဒဏ်ငွေရိုက်တာပါ။” ဒဏ်ရိုက်အရေးယူခံရတဲ့ ဆိုင် ၄၅ ဆိုင်ထဲမှာ လက်ဖက်ရည်ဆိုင်တွေ အများဆုံးဖြစ်တယ်လို့ သိရပြီး ဒုတိယအကြိမ်စစ်ဆေးလို့ စည်းကမ်းမလိုက်နာတာ တွေ့ရှိရရင်တော့ ဆိုင် ၃ ရက် ပိတ်နားရမယ်လို့ သိရပါတယ်။
အခုလိုရှောင်တခင်စစ်ဆေးမှုတွေကို မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်တာပါ။မုံရွာမြို့မှာ လက်ဖက်ရည်ဆိုင်တွေနဲ့စားသောက် ဆိုင်တွေကို ပြီးခဲ့တဲ့ဇွန်လကစပြီး ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာနက စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ဆိုင်ထိုင် စားသောက်တာကို ရောင်းချခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။Credit