သူဌေးဖြစ်ချင်တဲ့သူတွေ မဖြစ်မနေ လိုက်နာသင့်တဲ့အချက် ( ၁၀ ) ချက်
သူဌေးဖြစ်ချင်တဲ့သူတွေ မဖြစ်မနေ လိုက်နာသင့်တဲ့အချက်
( ၁၀ ) ချက်
(1)နည်းနည်းပြော၊များများနားထောင်
ဒီအချက်ဟာ သင်တစ်ယောက်ယောက်နဲ့စကားစမြည်ပြောနေတဲ့အချိန်မဟုတ်တောင်မှ အရေးကြီးပါတယ်။ စီးပွားရေးလောကမှာလဲလူတွေရဲ့လိုအပ်ချက်နဲ့အကြိုက်တွေကိုနားထောင်ဖို့လိုတယ်နော်
“ဉာဏ်ကောင်းတဲ့လူတစ်ယောက်ကို ငှားပြီးဘာလုပ်ပါလို့ ခိုင်းတာဟာ သဘာဝမကျဘူး။ငါတို့ကိုဘာလုပ်ပါလို အကြံပေးဖို့ ငှားတာပဲဖြစ်တယ်”လို့ Steve Jobs ကဆိုဖူးပါတယ်။လူတွေနဲ့ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးရဖို့ အရေးကြီးပါတယ်။အဲ့အတွက် သူတိုပြောတာတွေကိုလေးစားစွာနားထောင်ဖို့လိုပါတယ် ။
(2)သင့်ရုံးခန်းပြင်ပကိုလေ့လာပါ
သင့်ရုံးခန်းထဲကနေထွက်ပြီးပြင်ပလော ကကိုလေ့လာဖို့ဖြစ်ပါတယ်။ စားသုံးသူများနဲ့စကားပြောခြင်း၊ဖောက်သည်များနဲ့တွေ့ဆုံခြင်း၊ပညာရှင်များနဲ့ ဆွေးနွေးခြင်းတို့ ပြုလုပ်သင့်ပါတယ်။ သေချာတာကတော့အလုပ်စားပွဲမှာ ထိူင်နေရုံနဲ့ အောင်မြင်မှုက သင့်ဆီလာမှာ မဟုတ်ပါဘူး။
(3)မိတ်ဆွေရွေးချယ်ရာမှာ ပါးနပ်ပါ
အောင်မြင်လိုသူတစ်ယောက်အတွက် အပေါင်းအသင်းတွေကို ပြန်လည်စီစစ်ဖို့ လိုပါတယ်။ကျွနု်ပ်တို့ဟာအမြဲအနီးကပ်ရှိနေသူတွေဆီက နေအကျင့်နဲ့အကြံတွေကူးစက်တတ်ကြပါတယ်။ဒါကြောင့်မို့ သင့်ကို အတွေးခေါ်မှားတွေ အကြံဆိုးတွေပေးမယ့်အပေါင်းအသင်းတွေနဲ့ ဝေးဝေးနေသင့်ပါတယ်။
(4)ရပ်တန့်ရမယ့်အချိန်ကိုသိပါ
လစ်မစ်များကိုထားရှိသင့်ပါတယ် ။ ညနက်ချိန်ထိအလုပ်လုပ်ခြင်း၊အလုပ်များကိုအိမ်သယ်လာခြင်းဆိုတာသန်းကြွယ်သူဌေးတွေလုပ်လေ့ရှိတာတွေ မဟုတ်ပါဘူး။အလုပ်နဲ့ကိုယ်ရေး ကိုယ်တာကို ကောင်းစွာခွဲခြားဖို့ လိုအပ်ပါတယ်။ အ လုပ်ကောအိမ်မှာပါစိတ်ဖိစီးနွမ်းလျနေတာမျိုးမဖြစ်ဖို့အတွက်အလုပ်ကိုအလုပ်မှာထားခဲ့ပါ။
(5)သင်ယူခြင်းကို မရပ်တန့်ပါနဲ့
ကမ္ဘာကြီးဟာနေ့တိုင်းပြောင်းလဲနေပါတယ်။နည်းပညာအသစ်တွေ စက် ကိ ရိယာအသစ်တွေနေ့စဉ်ပေါ်ထွက်နေပါတယ်။ဒါကြောင့်သင်ဟာထိပ်တန်းရောက်လိုသူဖြစ်ပါကနေ့စဉ်ပုံမှန်လေ့လာသင်ယူနေရမယ်နော်။စာဖတ်ခြင်း၊ဗီဒီယိုကြည့်ခြင်းတို့နဲ့ update လုပ်ပေးပါ။
(6)ဒုတိယဝင်ငွေလမ်းကြောက်းထားပါ
သူဌေးတိုင်းဟာကျွန်တော်တိုထင်နေသလို ဈေးကြီးတဲ့ဘရမ်းဒတ်တွေဝယ်ပြီး ရှိသမျှငွေတွေဖြုန်းနေတာမဟုတ်ကြပါဘူး။သူတို့မှာပင်မအလုပ်အပြင်အခြားသောရင်းနှီးမြှုပ်နှံမှုများနဲ့အခြားဝင်ငွေလမ်းကြောင်းတွေထားရှိကြပါသေးတယ်
(7)အချိန်ကို တန်ဖိုးထားပါ
နေ့စဉ် facebook နဲ့ social media တွေပေါ်မှာ ဘယ် လောက် အချိန်ဖြုန်းမိနေကြပြီလဲစမ်းစစ်သင့်ပါတယ် ။ တနေကုန် ဖုန်းသုံးနေတာကိုရပ်ပြီးတစ်နေ့ကိုအ ကျိုးရှိတာလေ့လာဖို့ ကြိူးပမ်းသင့်ပါတယ်။
(8)နေ့စဉ်စာဖတ်ပါ
Tom Corley ရဲ့လေ့လာချက်အရ ၈၈ ရာနှုန်းသော သူဌေးတွေဟာ တစ်နေ့ကို ၃၀မိနစ် စာဖတ်တယ်လို့ ဆိုပါတယ်။ တက်ကြမ်းကနေ ယနေ့ခေတ်သတင်းများအထိ ဘယ်လိုစာမျိုးမဆို လေ့လာပါ။ဒါမှသာအမြင်ကျယ်ပြီးနေ့စဉ်အလုပ်မှာပြန်လည်အသုံးချနိုင်ပါတယ်။
(9)ကိုယ့်ကိုယ်ကို ဦးစားပေးပါ
အရေးကြီးတဲ့အချက်ပါပဲ။သင့်စိတ်သာမကကိုယ်ခန္ဒာကိူပာနေ့စဉ်ကြံ့ခိုင်အောင်ထားသင့်ပါတယ်။ တင်းနစ်ကစားခြင်း၊ဝိတ်မခြင်းအပြင်ကော်ဖီဆိုင်ထိုင်ခြင်း၊ တရားထိုင်ခြင်းစသောနှစ်သက်ရာနည်းဖြင့် အပန်းဖြေသင့်ပါတယ်။ကျန်းမာရေးနဲ့ သင့်တော်တဲ့စားသောက်နေထိုင်မှုကိုလဲမွေးမြူသင့်ပါတယ်။
(10)အစီအစဉ်ချမှတ်ပါ
စာအုပ်ပေါ်မှာဖြစ်စေ၊ဖုန်းထဲ မှာဖြစ်စေ တနေ့တာလုပ်ငန်းစဉ်၊တပတ်တာလူပ်ငန်းစဉ်စသည်ဖြင့် ရေတိုရေရှည် ပြုလုပ်ရန်အချက်များကို စနစ်တကျချရေးထားသင့်ပါတယ် ။တစ်နေ့တာ သင့်အတွေးများ၊ နဲ့ ပျော်ခြင်းဝမ်းနည်းခြင်းတို့ကိုလဲ ရေးချထားနိုငိပါတယ်။ဒါမှာသာ စိတ်ထဲမှာပေါ့ပါးပြီးတက်ကြွငါ အလုပ်ပိုမိုလုပ်နိုင်မှာ ဖြစ်လိူ့ပါပဲ ။
Writer – Dr Jue ( XYZ NEWS )
မင်းရာဇာရဲ့ အမှုကို သတင်းအမှောင်ချပြီး လွတ်မြောက်စေချင်တာလားဆိုပြီး မှတ်ချက်ပေးခဲ့တဲ့ ရှေ့နေကြီး ဦးရောဘက်စန်းအောင်
အသက်မပြည့်သေးတဲ့အိမ်အကူမိန်းကလေးအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့အပြင်မိန်းကလေးရဲ့မအင်္ဂါကို အက်ဆစ်နဲ့ပက်ခဲ့တဲ့မင်းရာဇာနဲ့ဇနီးဖူးငုံပွင့်တို့နှစ်ဦးဟာထွက်ပြေးတိမ်း ရှောင်နေခဲ့ရာမှဧပြီ (၉) ရက်ညပိုင်းမှာ DKBA 910 တပ်ရင်းအဖွဲ့ကမြဝတီမှာဖမ်းဆီးရမိခဲ့ပါတယ်။ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် မင်းရာဇာနဲ့ဇနီးဖူးငုံပွင့်တို့ကိဒီအမှုနဲ့ပတ် သက်ပြီးရွှေပေါက္ကံရဲစခန်းနဲ့ တာမွေရဲစခန်းတို့မှစုစုပေါင်းပုဒ်မ (၅) ခုနဲ့ ယခုလပထမပတ်ထဲက အမှုဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ဦးအပြင်ဖူးငုံပွင့်ရဲ့ဖခင်ဖြစ်သူကလည်းအိမ်အကူမိန်းက လေးရဲ့ ဦး ခေါင်းကိုတူနဲ့ရိုက်တဲ့အတွက်ရွှေပေါက္ကံစခန်းမှာဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။သရုပ်ဆောင် မင်းရာဇာဟာ မိမိရဲ့အာသာဆန္ဒအရအသက်မပြည့်သေးတဲ့အိမ်အကူမိန်း က လေးအပေါ် နှစ်နဲ့ချီပြီးကာမပိုင်းဆိုင်ရာကျုးလွန်ဖောက် ဖျက်ခဲ့တဲ့အပြင်ဒါကိုသိရှိသွားတဲ့ဇနီးသည်ရဲ့ဖိအားပေးမှုကြောင့် အိမ်အကူ မိန်းကလေးရဲ့လိင်အင်္ဂါကိုအက်ဆစ်နဲ့ပက်တဲ့အထိလူမဆန်တဲ့ရက်စက်မှုကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
ဒီလုပ်ရပ်အပေါ် မင်းရာဇာရဲ့ပရိသတ်တွေချစ်သူခင်သူတွေအကြားမှာအံ့အားသင့်နားမလည်နိုင်ဖြစ်လျက်ရှိပါတယ်။ အိမ်အကူလုပ်ငန်းနဲ့ပတ်သက်လို့တိကျသောဥပဒေပြဌာန်းချက်၊ စည်း ကမ်းသတ်မှတ်ချက်၊ချိုးဖောက်မှုများအတွက်အလွယ်တကူတိုင် ကြားနိုင်တဲ့နေရာဌာနများမရှိသေးတဲမြန်မာနိင်ငံမှာ လူမသိ သူမသိအိမ်တွင်းပုန်းအကြမ်းဖက်မှု၊လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဘယ်လောက်အတိုင်းအတာအထိရှိနေမလဲဆိုတာ ဘယ်သူမှမသိနိုင်တဲ့အခြေအနေဖြစ်ပါတယ်။
ဟိုးလေးတကျော်ဖြစ်လာတဲ့အမှုအချို့သာလျှင်တရားဥပဒေရဲ့လက်ခုပ်အတွင်းရောက်ရှိနိုင်တာဖြစ်ပါတယ်။နစ်နာသူမိန်းကလေးအပါအဝင် မိသားစုဝင်များကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်နဲ့အဖွဲ့တို့ကဧပြီ ၁၀ ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့ပြီးအမှုကိုတည်ဆောက်ဖို့အတွက်လိုအပ်တာတွေကို မေးမြန်းဖို့အတွက်တာမွေရဲစခန်းကိုသွားတာကိုတွေ့ခွင့်မပေးပါဘူး။ဒီလိုမျိုးတွေလုပ်နေတာဟာနည်းလမ်းလည်းမကျဘူးသတင်းအမှော်င်ချပြီး လွတ်မြောက်စေချင်တာလားဆိုပြီး ပြောကြားခဲ့ပါတယ်။
Crd- Original
Crd- Original
မွေးနေ့ရှိုးပွဲလုပ်တဲ့(၂)နာရီအတွင်းမှာ COVID-19 ကုသကာကွယ်ရေးအတွက် အလှူငွေ အမေရိကန်ဒေါ်လာထောင်ချီပြီးရရှိခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်
မွေးနေ့ရှိုးပွဲလုပ်တဲ့(၂)နာရီအတွင်းမှာ COVID-19 ကုသကာကွယ်ရေးအတွက် အလှူငွေ အမေရိကန်ဒေါ်လာထောင်ချီပြီးရရှိခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်
ဧပြီလ (၁၀) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ SAISAI BIRTHDAY SHOW in Bedroom ပွဲကြီးကို အားလုံး ကြည့်ရှုလိုက်ရမယ် ထင်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က Birthday Show မပြုလုပ်ခင် ငါးရက်အလိုကတည်းက နေ့ရော၊ ညပါ ကြိုးစားခဲ့ရတာဖြစ်ပြီး
အခုလို အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားတာ ဝမ်းသာစရာပါပဲ။ စိုင်းစိုင်းခမ်းလှိုင်ကလည်း အရင် Birthday Show တွေမှာ သီဆိုသလိုပဲ ပရိသတ်တွေနဲ့ စေတနာအပြည့် ဖျော်ဖြေတင်ဆက်ခဲ့တာကို တွေ့နိုင်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ SAISAI BIRTHDAY SHOW in Bedroom ပွဲမှ
ရရှိတဲ့ ငွေအားလုံးကို ကပ်ရောဂါကြောင့်လိုအပ်နေတဲ့နေရာတွေကို လှူဒါန်းမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က မနေ့က သူ့ Live ဖျော်ဖြေတင်ဆက်မှုကတဆင့် “ဒီနေ့ည Birthday Show ကနေပြီး ၆၄၂ သိန်းကျပ်နဲ့ US$ 3000 ရရှိထားပါတယ်ခင်ဗျာ” ဆိုပြီးကြော်ငြာထားပါတယ်။စိုင်းစိုင်းကို
ချစ်တဲ့ ပရိသတ်တွေနဲ့ အလှူရှင်တွေရဲ့ စေတနာသဒ္ဒါတရား ထက်သန်မှုကတော့ လေးစားဖွယ်ပါပဲ။ စိုင်းစိုင်းလည်း အခုရရှိတဲ့ ရံပုံငွေကတဆင့် Covid – 19 ကာကွယ်ကုသရေးအတွက်ထိထိရောက်ရောက်လှူဒါန်းပေးနိုင်မှာမို့ အင်မတန်ကြည်နူးဝမ် းသာဖြစ်ရပါတယ်။
Credit ရင်ခက်ပန်း
Credit ရင်ခက်ပန်း
လူနာအမှတ်၂၅ မှ မင်္ဂလာပွဲလာတက်မှုနှင့် ဆက်နွယ်ပြီး လက်ရှိ Quarantine လုပ်ခံရသူ ၁၆၆ ဦး ရှိလာ
လူနာအမှတ်၂၅ မှ မင်္ဂလာပွဲလာတက်မှုနှင့် ဆက်နွယ်ပြီး လက်ရှိ Quarantine လုပ်ခံရသူ ၁၆၆ ဦး ရှိလာ
လူနာအမှတ်၂၅ မှမင်္ဂလာပွဲလာတက်မှုနှင့်ဆက်နွယ်ပြီးလက်ရှိ Quarantine လုပ်ခံရသူ ၁၆၆ ဦး ရှိလာ COVID 19 လူနာအမှတ်၂၅ မှမင်္ဂလာပွဲလာတက်မှုနှင့်ဆက်နွယ်ပြီးလက်ရှိ Quarantine လုပ်ခံရသူ ၁၆၆ ဦး ရှိသွားပါပြီ။လူစုလူဝေး မလုပ်ရလို့ နိုင်ငံတော်ကကြေငြာထားတော့ခန်းမကြီးမှာ
မင်္ဂလာမဆောင်ရလို့အိမ်မှာပဲလူလေးနည်းနည်းနှင့်မင်္ဂလာဆောင်လိုက်ပါတယ်တဲ့။COVID 19 လူနာအမှတ် ၂၅ က ရန်ကုန်ကနေ ၂၃.၃.၂၀၂၀ မှာရန်ကုန်ကနေ ၅၈ ဦးပါ လေယာဉ်စီးပြီးမြိတ်ကိုရောက်လာတယ်အိမ်တော်ဖြူဟိုတယ်မှာ တစ်ညတည်းပြီး ၂၄ ရက်နေ့မှာမင်္ဂလာပွဲတက်တယ်။၂၅.၃.၂၀၂၀ မှာ
မြိတ်ကနေရန်ကုန်ကိုလေယာဉ်နှင့် ပြန် သွားပါတယ်။COVID 19 လူနာအမှတ်၂၅ ဟာ ၂.၄.၂၀၂၀ စဖျားပါတယ်။ ၉.၄.၂၀၂၀ မှာ ရန်ကုန်ဆေးရုံကြီးရောက်ပါတယ်။COVID 19 လူနာအမှတ် ၂၅တက်ရောက်တဲ့ အကျည်းချုပ်လုပ်ပါတယ်ဆိုတဲ့ မင်္ဂလာပွဲမှာ လူ ၅၀ထက်မနည်းတက်ရောက်ခဲ့တယ်
လို့ သိရပါတယ်။အခုမင်္ဂလာပွဲ လုပ်တဲ့ရက်ဟာ မြန်မာပြည်မှာ လူနာစတွေ့ပြီးရန်ကုန်မှာညအချိန် အိုးနှင်းခွက်နှင်း ဖြစ်တဲ့နေ့ပါ။ကုတင်ပေါ်မှာ တက်ထပ်မဲ့ ကိစ္စနှစ်ဦးသဘောတူဖို့ဘဲ့လိုတယ်မဟုတ်လားဒီလိုအချိန်မှာဂုဏ်တွေနှင့် မင်္ဂလာပွဲလုပ်မှတက်ထပ်လို့ရမယ်လို့ စိတ်ကြီးဝင်နေတဲ့အသိုင်းဝိုင်းကို
တော်တော်ကိုရွှံသွားတယ်။အခုဒီမင်္ဂလာပွဲ မွေလိုက်တာ COVID 19 လူနာအမှတ် ၂၅ တည်းခိုသွားတဲ့ ဟိုတယ်တခုတည်းနှင့်သာပတ်သက်မှုရှိတဲ့ ဝန်ထမ်းတွေ ရဲ မိသားစု လက်ရှိ Quarantine လုပ်ခံရသူ ၁၆၆ ဦး ရှိသွားပါပြီ ။လက်ရှိ Quarantineလုပ်ခံရသူ ၁၆၆ ဦးကို မနေ့ညတညလုံး
ကားလေတွေလိုက်ရှာခေါ် နေပြီး Quarantine လုပ်မည့် အဆောင်ဦးကိုပို့ နေတဲ့ LIVE လွှင့်နေတာ ကြည့်လိုက်ရတာ။လမ်းတောင်ကောင်းကောင်း မလျောက်နိုင်တဲ့သက်ကြီးရွှယ်အိုတွေ ဟိုင်လပ်အရွှယ်စားလောက်သာရှိတဲ့ ကားပေါ်တောင်မတက်နိုင်တဲ့ အသက်ကြီးရွှယ်အိုတွေ ကလေးလေးတွေပါ
Quarantine လုပ်ခံရသူ ၁၆၆ ဦး ထဲမှာပါနေတာ မြင်ရတော့ ရင်ထဲဆို့တက်ပြီးဘာမှတောင်ဆက်မတွေးရဲတော့ဘူး။ အခုဒီဂျိုမွေတဲ့မင်္ဂလာပွဲကြောင့် လက်ရှိ Quarantine လုပ်ခံရမဲ့ ၁၆၆ ဦးထဲကဝန်ထမ်းဘယ်နှဦးစီးပွားရေးဒုက္ခနှင့် ရင်ဆိုင်ရပြီး ဒီထဲမှာမတော်လို့ ပါလာခဲ့ရင်သွားပြီပေါ့။
ဒါ COVID 19 လူနာအမှတ် ၂၅ တည်းခိုသွားတဲ့ဟိုတယ် တခုရဲ့ Case ပဲရှိပါသေးတယ်။မင်္ဂလာပွဲ Case ဆက်နွယ်မှုတွေ မလာသေးပါဘူး။COVID 19 လူနာအမှတ် ၂၅ စီးနှင်းခဲ့တဲ့ အသွားအပြန်လေယာဉ်ကဆက်နွယ်မှုမလာသေးပါဘူး။ဒီကြားထဲ COVID 19လူနာအမှတ် ၂၅ ဟာ
မြိတ်ကိုရောက်ခိုက်ကုန်တိုက်တွေ သွားခဲ့တယ်လို့အတည်မပြု နိင်တဲ့ သတင်းလဲ ရထားတယ်။အခုမင်္ဂလာပွဲ Case ကြောင့်အေးချမ်းတဲ့မြိတ်မြို့ကြီး အခုပူပန်သောကတွေနှင့်တစ်ယောက်ကိုယ်တစ်ယောက်ရောဂါသံသယ မျက်လုံးတွေ နှင့်ကြည့်ပြီးကြောက်စိတ်တွေနှင့်နေထိုင်ရပါတော့မယ်။ဒါဟာကံတရား မဟုတ်ဘူးတကမ္ဘာလုံးကပ်ဘေးဆိုက်နေတာ သိသိကြီးနှင့် ဖင်ယားတဲ့အမှုကို ခွင့်လွှတ်လို့မရဘူး။ Credit – ဧပရယ်မောင်မောင် (April Maung Maung)
မင်းရာဇာရဲ့အိမ်အကူမိန်းကလေးကိစ္စကို ဝင်မပါဘူးဆုံးဖြတ်ထားပြီးမှမိန်းကလေးရဲ့အဖြစ်ကိုကြားရတာကြောင့်ကူညီသွားမယ်ဆိုတဲ့ ယုန်လေး
မင်းရာဇာရဲ့အိမ်အကူမိန်းကလေးကိစ္စကို ဝင်မပါဘူးဆုံးဖြတ်ထားပြီးမှမိန်းကလေးရဲ့အဖြစ်ကိုကြားရတာကြောင့်ကူညီသွားမယ်ဆိုတဲ့ ယုန်လေး
ယုန်လေးဟာသရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာ စတဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့အပြင် လူမှုကူညီရေးမှာလည်း လက်မနှေးသူတစ်ယောက် ဖြစ်ပါတယ်။အခုလက်ရှိဖြစ်ပွားတဲ့ မင်းရာဇာရဲ့အိမ်အကူမိန်းကလေး ကိစ္စမှာလည်းသူ့အနေနဲ့ဝင်မပါဘူးလို့ဆုံးဖြတ်ထားကာမှမိန်းကလေးရဲ့အကြောင်းတွေသိရတဲ့အတွက်ကူညီလှူဒါန်းမှုတွေပြုလုပ်သွားမယ့်အကြောင်းကို ပြောပြထားပါတယ်။
“ဒီကိစ္စကိုစိတ်မကောင်းဖြစ်တယ်။ ကိုယ်ချင်းစာတော့ဒေါသဖြစ်တယ်။တစ်နေ့က အစ်မတစ်ယောက် ph ဆက်ပြောတဲ့ အထိကျွန်တော်ဝင်မပါချင်ဘူး အစ်မလို့ပြောပြီးမှကြည့်ရက်စရာမရှိတဲ့ ဓာတ်ပုံလေးတွေတွေ့တယ်။ဆက်မကြည့်နိုင်ပါဘူး။ဒီနေ့သတင်းလေးထပ်ကြားတာ အဲ့ညီမလေး ရဲ့မိဘတွေငွေအင်းအားရှိသလောက်လေးနဲ့ ဆေးတက်ကုနေရတာကြားတော့ တော်တော်စိတ်မကောင်းဖြစ်မိတယ်။”
“တစ်ချို့တွေကလည်းအနုပညာရှင်တွေ ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့။ အနုပ ညာရှင်ဆိုတာနဲ့ မဆိုင်ပါဘူး ခင်များ။ လူနဲ့ပဲ ဆိုင်ပါတယ်။ကျန်တာတော့ ဘာမှမပြောချင်ပါဘူး ။ပြောစရာစကားကို မရှိတာပါ ဒီဖြစ်ရပ်က။ ချို့တဲ့ပြီဆိုထဲက သိမ်ငယ်စိတ် အားငယ်စိတ်တွေရှိပါတယ်။အဲ့ဒါတွေကိုကိုယ်ချင်းစာစိတ်တွေ ရှိရင် ဒါတွေမဖြစ်ပါဘူး။မနက်ဖြန် စုံစမ်းပြီး ဒီညီမလေးကိုတက်နိုင်သလောက်သွားကူပါမယ်။ ဆေးကုသမူ့နဲ့ ဆေးရုံက ကျန်းကျန်းမာမာဖြစ်ပြီးဆင်းပြီး ဘဝ သစ်တစ်ခုမှာ အဆင်ပြေဖို့ အတွက် ကျွန်တော်တက်နိုင်သလောက်သွားကူပါမယ်။ ဝင်ငွေတွေ မရှိပေမယ့်လည်း ကူချင်လို့ပါ။ ချစ်ညီအစ်ကို မောင်နှစ်မများလည်း ဝိုင်းကူပေးစေချင်ပါတယ်။” ဆိုပြီး ပြောထားပါတယ်။
ယုန်လေးကတော့ သူ့အနေနဲ့ ဝင်မပါဘူးလို့ ဆုံးဖြတ်ထားပြီးမှ သူ့ရဲ့ ကူညီတတ်တဲ့ စိတ်ထားကတော့ မိန်းကလေးကို ကူညီဖို့ အရမ်းထက်သန်နေတာပဲ ဖြစ်ပါတယ်။ မိန်းကလေးလည်း ခံစားနေရတဲ့ ဝေဒနာတွေအမြန်ဆုံးသက်သာပျောက် ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Yone Lay’s fb
Source: Yone Lay’s fb
လမ်းဘေးမှာ ထိုးရပ်ထားတဲ့ ဟိုင်းဂျက်ကားထဲမှာ လူတစ်ဦးသေဆုံးနေ”
လမ်းဘေးမှာ ထိုးရပ်ထားတဲ့ ဟိုင်းဂျက်ကားထဲမှာ လူတစ်ဦးသေဆုံးနေ”
ကားနံပါတ် MDY 5M-8448 ဖြစ်ပါတယ်စစ်ကိုင်း ချင်းစုမီးပွိုင့်အနောက်ဘက် အမှိုက်ပုံလမ်းကြားမှာ ဟိုင်းဂျက်ကား ထိုးရပ်ပြီး ကားခေါင်းခန်းထိုင်ရက်သေဆုံးနေသူတွေ့ရှိရပါတယ်
စစ်ကိုင်းဆေးရုံကြီး ရင်ခွဲရုံရောက်ရှိနေပါပြီ…ကား+လူ စုံစမ်းနေဆဲ မသိရသေးပါဘူး၊
သူ့ရဲ့မိသားစုဝင်တွေသိအောင်ရှယ်ပေးကြပါဦးဗျာ…ရင်ခွဲရုံပို့ထားဆဲဖြစ်လို့ဘာကြောင့် သေဆုံးရမှန်း မသိရသေးပါဘူး
နောက်ဆက်တွဲ
ကားပေါ်တွင်သေဆုံးနေသေူမှာ ကိုသန့်ဇင်ဝင်းဆိုသူဖြစ်ပြီး စစ်ကိုင်းမြို့ ပိုးတန်းရပ်မှာနေထိုင်သူဖြစ်ကြောင်းသိရှိရပါတယ် ဘာကြောင့်သေတယ်ဆိုတာမသိရသေးပါ(ကားနံပါတ်ကို ပြန်ဖျက်ပါမယ်)
မြို့စောင့်ကြီး
နောက်ဆက်တွဲ
မြို့စောင့်ကြီး
ဆိုရှယ်မီဒီယာမှာ ခေတ်စားနေတဲ့ အခေါင်းကိုသယ်ပြီး ‘က’တဲ့ အမျိုးသားအဖွဲ့
ဆိုရှယ်မီဒီယာမှာ ခေတ်စားနေတဲ့ အခေါင်းကိုသယ်ပြီး ‘က’တဲ့ အမျိုးသားအဖွဲ့
Youtube-Ghana’s dancing pallbearersအခု လက်ရှိ ဆိုရှယ်မီဒီယာမှာ ခေတ်စားနေတဲ့ လူသေအခေါင်းကို သယ်ပြီး ကနေကြတဲ့ဂါနာနိုင်ငံကအမျိုးသား(၅) ယောက် အဖွဲ့ကို လူတိုင်းလိုလို တွေ့ဖူးကြမှာပါ။ တစ်ချို့ကတော့ ဒီအမျိုးသားတွေဟာ လူသေတဲ့အသုဘလိုနေရာမှာ ပျော်ရွှင်စွာကခုန်နေတာကို အထူးအဆန်းဖြစ်ကြသလိုတစ်ချို့ကြတော့လည်းထုံးတမ်း အစဉ်အလာအရ ကနေကြတယ်လို့ ထင်နေကြပါတယ်။တစ်ကယ်တမ်းကတော့ သူတို့ကတာဟာ အသုဘရှင်ဌားလို့ ကတာသက်သက်ဖြစ်ကြောင်း Metro သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
Youtube-Ghana’s dancing pallbearers
ဒီလို အသုဘမှာ ကခုန်တာကတော့ လူတိုင်းအတွက်ထူးဆန်းနေမှာ အမှန်ပါပဲ။ ဒါကတော့ သူ့နိုင်ငံနဲ့သူ ရိုးရာယဉ်ကျေးမှုတစ်ခုအဖြစ်နဲ့ ရှိနေတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတောင် ဒီအတိုင်းလူတစ်ယောက်သေသွားရင် သဂြိုလ်ခါနီးမှာ ဘုန်းကြီးတွေပင့်ပြီး သေဆုံးသွားတဲ့လူအတွက် သာဓုခေါ်နိုင်အောင် ဘာသာရေးပွဲလေးတစ်ခု လုပ်ပေးကြပါတယ်။ ဒါကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတစ်ခုပဲ ဖြစ်ပါတယ်။
သူတို့ ဂါနာနိုင်ငံမှာကတော့ လူတစ်ယောက်သေဆုံးသွားရင် ဒီလိုအခေါင်းသယ်ပေးဖို့လူတွေကို ခေါ်လေ့ရှိပါတယ်။ သူတို့ကို အသုဘချပေးဖို့ ဒီအတိုင်းခေါ်ရင် တီးဝိုင်းမပါပဲ လူချည်းသာလာပြီး အခေါင်းကိုလာသယ်လေ့ရှိပါတယ်။ တီးဝိုင်းနဲ့ငှားပြီး အကပါကစေချင်တယ်ဆိုရင်တော့ ပိုက်ဆံပိုပေးပြီး ခေါ်ရလေ့ရှိပါတယ်။အဲဒီလိုကဖို့ခေါ်တဲ့အခါမှာတော့သူတို့ဟာ အဝတ်အစားကို သပ်သပ်ရပ်ရပ်ကျော့ကျော့မော့မော့လေးဝတ်လာလေ့ရှိပြီး အခေါင်းကို သယ်သွားတဲ့လမ်းတစ်လျှောက်နဲ့ အခေါင်းကို မြေမမြှုပ်ခင်အချိန်ထိ အခေါင်းကိုသယ်ကာ ကခုန်ကြပါတယ်။ ကခုန်တဲ့အချိန်မှာလည်း အရမ်းကို ပညာသားပါကြပါတယ်။ ခြေလှမ်းတိုင်းကို လေးယောက်စလုံး စည်းချက်ညီညီလှမ်းပြီး ကကြတဲ့အပြင် တစ်ချက်တစ်ချက်မှာလည်း အခေါင်းကို လေပေါ်မြှောက်လေ့ရှိကြောင်း သိရပါတယ်။
Pyi Hein Kyaw
Credit Shwemon
Pyi Hein Kyaw