ကာကွယ်ဆေးထိုးလို့တစ်ခုခုဆိုရင်လျှော်ကြေးပေးတာရှိလား

ကာကွယ်ဆေးထိုးလို့တစ်ခုခုဆိုရင်လျှော်ကြေးပေးတာရှိလား❓တဲ့

မနေ့က တောင်ကိုရီးယားမှာကိုဗစ်ကာကွယ်ဆေးထိုးပြီး acute encephalomyelitis ရခဲ့တဲ့ သူနာပြုအကူတစ်ယောက်ကို အစိုးရက industrial incident လို့သတ်မှတ်ပြီးလျှော်ကြေးပေးတာကို ဖတ်လိုက်ရတယ်။

Acute encephalomyelitis ဆိုတာ ရှားရှားပါးပါး ဦးနှောက်နဲ့အာရုံကြောရောင်ရမ်းမှုပါ။ အများစုကလုံးဝပြန်ကောင်းအောင်ကုသလို့ရပြီး ပြန်မဖြစ်တော့ပါ။

သူက AstraZeneca ကာကွယ်ဆေးထိုးပြီး အမြင်နှစ်ထပ်ဖြစ်တယ်။ paralysis ဖြစ်တယ်။ 🇰🇷 ကိုရီးယားကူးစက်ရောဂါဌာန KDCA က ဒီကိစ္စနဲ့ပတ်သက်ပြီး ရရှိတဲ့ evidence သက်သေတွေအရ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ ဆက်စပ်ချက်မတွေ့ဘူး။ ဒါပေမယ့် case ကိုမပိတ်ပစ်ပဲ ဆက်လက်လေ့လာနေတယ်။

AstraZeneca ကလည်း ဒီကိစ္စကိုမေးမြန်းပြီး patient safety ကအရေးအကြီးဆုံးဖြစ်ကြောင်းပြောတယ်။AstraZeneca ဟာ နိုင်ငံအများစုမှာ product liability claims ကနေ protection ကာကွယ်မှုရထားတယ်။ သဘောက သူ့ကိုတရားသွားစွဲလို့မရဘူး။

သူကလည်း ကိုဗစ်ကပ်မှာ လူတွေအတတ်နိုင်ဆုံးဈေးသက်သာအောင်လုပ်ပြီးရောင်းခဲ့တာကိုး။အဲ့ဒီမှာ ကျနော်သတိထားမိတာက တောင်ကိုရီးယားမှာ ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီး လျှော်ကြေးတောင်းမှု (၁၅၆၂) မှုရှိတယ်။ အဲ့ဒီအထဲမှာ (၁၄) မှုကသေဆုံးမှုအတွက်တောင်းတာ။

🇰🇷 တောင်ကိုရီးယား KDCA ကသေချာစစ်ဆေးပြီး (၉၈၃) မှုကိုလျှော်ကြေးပေးခဲ့တယ်။ သေဆုံးမှုတွေက ဆက်စပ်မှုမတွေ့ရလို့မပါဘူး။🇸🇬 စင်ကာပူ၊ ဩစတေးလျ၊ ထိုင်း၊ မလေးရှားတို့မှာလည်း ကာကွယ်ဆေးအတွက်လျှော်ကြေးပေးတဲ့အစီအမံတွေရှိတယ်။

ထိုင်းအစိုးရက ကိုဗစ်ကာကွယ်ဆေးကနေ ရခဲ့တဲ့ side effects အတွက် လူပေါင်း (၄၀၀) ကို ဘတ်ငွေ ၁၃ သန်းပေးလျှော်ပြီးပြီ။စင်ကာပူမှာ Vaccine Injury Financial Assistance Programme (VIFAP) ဆိုပြီးရှိတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအထိ လူပေါင်း (၁၀၂) ယောက်ကို ကိုဗစ်ကာကွယ်ဆေးကြောင့်ထိခိုက်မှုနစ်နာကြေး စုစုပေါင်း စင်ကာပူဒေါ်လာ ၄၅၁၀၀၀ (မြန်မာငွေသိန်း ၅၀၀၀ ကျော်) ဖိုးလျှော်ကြေးပေးထားပြီးဖြစ်ကြောင်း ဝန်ကြီး Ong Ye Kung ကပြောကြားခဲ့ပါတယ်။

Photo Credit: Original Uploder

ဒါကအရှေ့တိုင်းနိုင်ငံတွေကိုပြောပြတာ။ အနောက်တိုင်းနိုင်ငံတွေမှာလည်း သူ့အစီအစဉ်နဲ့သူရှိပါတယ်။

အဲ့ဒီတော့ နိုင်ငံ့အာဏာကိုကိုင်ထားတဲ့ အာဏာပိုင်အဖွဲ့ပေါ်မူတည်ပါတယ်လို့ ဆိုပါရစေ။

Photo Credit: Original Uploder

Credit Richard Myo Thant

8-August -2021

Zawgyi

ကာကြယ္ေဆးထိုးလို႔တစ္ခုခုဆိုရင္ေလွ်ာ္ေၾကးေပးတာ႐ွိလား❓တဲ့

မေန႔က ေတာင္ကိုရီးယားမွာကိုဗစ္ကာကြယ္ေဆးထိုးၿပီး acute encephalomyelitis ရခဲ့တဲ့ သူနာျပဳအကူတစ္ေယာက္ကို အစိုးရက industrial incident လို႔သတ္မွတ္ၿပီးေလွ်ာ္ေၾကးေပးတာကို ဖတ္လိုက္ရတယ္။

Acute encephalomyelitis ဆိုတာ ႐ွား႐ွားပါးပါး ဦးေႏွာက္နဲ႔အာ႐ုံေၾကာေရာင္ရမ္းမႈပါ။ အမ်ားစုကလုံးဝျပန္ေကာင္းေအာင္ကုသလို႔ရၿပီး ျပန္မျဖစ္ေတာ့ပါ။

သူက AstraZeneca ကာကြယ္ေဆးထိုးၿပီး အျမင္ႏွစ္ထပ္ျဖစ္တယ္။ paralysis ျဖစ္တယ္။ 🇰🇷 ကိုရီးယားကူးစက္ေရာဂါဌာန KDCA က ဒီကိစၥနဲ႔ပတ္သက္ၿပီး ရ႐ွိတဲ့ evidence သက္ေသေတြအရ ကာကြယ္ေဆးနဲ႔ပတ္သက္တဲ့ #ဆက္စပ္ခ်က္မေတြ႕ဘူး။ ဒါေပမယ့္ case ကိုမပိတ္ပစ္ပဲ ဆက္လက္ေလ့လာေနတယ္။

AstraZeneca ကလည္း ဒီကိစၥကိုေမးျမန္းၿပီး patient safety ကအေရးအႀကီးဆုံးျဖစ္ေၾကာင္းေျပာတယ္။AstraZeneca ဟာ ႏိုင္ငံအမ်ားစုမွာ product liability claims ကေန protection ကာကြယ္မႈရထားတယ္။ သေဘာက သူ႕ကိုတရားသြားစြဲလို႔မရဘူး။

သူကလည္း ကိုဗစ္ကပ္မွာ လူေတြအတတ္ႏိုင္ဆုံးေဈးသက္သာေအာင္လုပ္ၿပီးေရာင္းခဲ့တာကိုး။အဲ့ဒီမွာ က်ေနာ္သတိထားမိတာက ေတာင္ကိုရီးယားမွာ ကိုဗစ္ကာကြယ္ေဆးနဲ႔ပတ္သက္ၿပီး ေလွ်ာ္ေၾကးေတာင္းမႈ (၁၅၆၂) မႈ႐ွိတယ္။ အဲ့ဒီအထဲမွာ (၁၄) မႈကေသဆုံးမႈအတြက္ေတာင္းတာ။

🇰🇷 ေတာင္ကိုရီးယား KDCA ကေသခ်ာစစ္ေဆးၿပီး (၉၈၃) မႈကိုေလွ်ာ္ေၾကးေပးခဲ့တယ္။ ေသဆုံးမႈေတြက ဆက္စပ္မႈမေတြ႕ရလို႔မပါဘူး။
🇸🇬 စင္ကာပူ၊ ဩစေတးလ်၊ ထိုင္း၊ မေလး႐ွားတို႔မွာလည္း ကာကြယ္ေဆးအတြက္ေလွ်ာ္ေၾကးေပးတဲ့အစီအမံေတြ႐ွိတယ္။

ထိုင္းအစိုးရက ကိုဗစ္ကာကြယ္ေဆးကေန ရခဲ့တဲ့ side effects အတြက္ လူေပါင္း (၄၀၀) ကို ဘတ္ေငြ ၁၃ သန္းေပးေလွ်ာ္ၿပီးၿပီ။စင္ကာပူမွာ Vaccine Injury Financial Assistance Programme (VIFAP) ဆိုၿပီး႐ွိတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လအထိ လူေပါင္း (၁၀၂) ေယာက္ကို ကိုဗစ္ကာကြယ္ေဆးေၾကာင့္ထိခိုက္မႈနစ္နာေၾကး စုစုေပါင္း စင္ကာပူေဒၚလာ ၄၅၁၀၀၀ (ျမန္မာေငြသိန္း ၅၀၀၀ ေက်ာ္) ဖိုးေလွ်ာ္ေၾကးေပးထားၿပီးျဖစ္ေၾကာင္း ဝန္ႀကီး Ong Ye Kung ကေျပာၾကားခဲ့ပါတယ္။

ဒါကအေ႐ွ႕တိုင္းႏိုင္ငံေတြကိုေျပာျပတာ။ အေနာက္တိုင္းႏိုင္ငံေတြမွာလည္း သူ႕အစီအစဥ္နဲ႔သူ႐ွိပါတယ္။

အဲ့ဒီေတာ့ ႏိုင္ငံ့အာဏာကိုကိုင္ထားတဲ့ အာဏာပိုင္အဖြဲ႕ေပၚမူတည္ပါတယ္လို႔ ဆိုပါရေစ။

Credit Richard Myo Thant

8-August -2021

ကိုဗစ် -၁၉ ကပ်ရောဂါဆိုးကြီးအား တွန်းလှန်ရန် လိုက်နာလုပ်ဆောင်ရမည့် အချက်များ

အခုတလော ဟော့နေတဲ့ အရောင်ကုထုံးလိုမျိုး ဒီအချက်တွေကလဲ လိုက်နာလုပ်ဆောင်သင့်တဲ့ အချက်တွေပါပဲနော်😁😁

(ပုံတွေသေချာကြည့်..အဲလေ..စာတွေသေချာဖတ်ပါ😁 )

(1) ဂျင်းပြုပ်ရေတနေ့ ၂ကြိမ် သောက်ပါ။

(2) ရေနွေကြမ်း / ကော်ဖီပူများ သောက်ပေးပါ။

(3) ကြက်စွပ်ပြုပ်ရည် မကြာခဏ သောက်ပါ။

(4) ဗီတာမင် – စီပါသော အစားအစာများ စားပေးပါ။

(5) အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို ဦးစားပေးစားပါ။

(6) လတ်ဆက်သော အသီးအနှံများကို မှီဝဲပါ။

(7) ဒိန်ချဉ်ကို ၂ရက်ခြားတခါသောက်ပါ။

(8) အိပ်ရေးဝအောင် တစ်နေ့ ၈နာရီထက်မနဲ အိပ်ပါ။

(9) မိမိအခန်းအတွင်း လေဝင်လေထွက်ကောင်းပါစေ။

(10) ယုံကြည်ရာ ဘာသာတရားလုပ်၍ စိတ်တည်ငြိမ်မှု ရယူပါ။

(11) အအေးပတ်မခံပါနှင့် / နွေးထွေးစွာနေပါ။

(12) အာရုံပြောင်းစေရန် အခန်းတွင်းနေထိုင်ပြီး စာအုပ်ကောင်းများဖတ်ပါ။

(13) ဘယ်သွားသွား သတ်မှတ်ညွှန်ကြားချက်အတိုင်း သွားပါ။

(14) တနေ့ နေပူစာ နာရီဝက်ခန့် လှုံပါ။

(15) အအေးမိလုံးဝ မခံပါနှင့်။

(16) လူစု လူဝေးရှောင်ပါ။ ဖြစ်နိုင်က တယောက်ထဲနေပါ။

အခုလို ကိုဗစ်ကပ်ရောဂါကြီးကို ဆောင်ရန် ရှောင်ရန်လေးများကို ကြည့်ရင်း…အဲ ဖတ်ပြီး လိုက်နာလုပ်ဆောင်ကာ ကပ်ရောဂါကြီးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ်။

Source and Photos Credit : မောင် မောင် ငါး ဖေ့ဘွတ်