ကိုဗစ်၁၉မှာ လမ်ဗဒါမျိုးကွဲ ပေါ်လာပြီး နောက်ဖေးပေါက်မှာရောက်နေပြီ ဆိုပြန်တော့သိချင်စရာတွေလေ့လာရပြန်ပါတယ်
လမ်ဗဒါမျိုးကွဲဆိုတာဘာလဲ?
ဗိုင်းရပ်မှန်သမျှဟာ အထူးသဖြင့်ချဲ့ထွင်ခွင့်သာရမယ် မတူကွဲပြားကြတဲ့ဇီဝဖြစ်စဥ်တွေရှိကြတဲ့လူသားမျိုးနွယ်စုအမျိုးမျိုးထဲမှာသာ ဝင်ရောက်စမ်းသပ်ခွင့်ရမယ်ဆိုရင် သန္ဓေပြောင်းလဲသွားဖို့ များကြပါတယ် ကိုဗစ်ဗိုင်းရပ်ဟာလည်း အလားတူပါပဲ အခုအဖြစ်များနေတဲ့ ဒယ်လ်တာမျိုးကွဲအပြီးမှာ လမ်ဗဒါမျိုးကွဲဆိုပြီးတော့ ဖြစ်လာတာပါပဲ အားလုံးဟာမူရင်း Covid19 ကနေ သန္ဓေပြောင်းပြီးဖြစ်ပေါ်လာခဲ့ကြတာပါ
xxxxxxxxxx
လမ်ဗဒါမျိုးကွဲဟာဘယ်တွေမှာရောက်ရှိရှင်သန်နေသလဲ?
လမ်ဗဒါမျိုးကွဲဟာ ပီရူးကနေ အာဂျင်တီးနား ချီလီ တို့ကနေတဆင့် အမေရိကန်က ကယ်လီဖိုးနီးယား ကိုရောက်ရှိလာပြီး အခုဆိုရင်အာရှနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင် နဲ့ ဘင်္ဂလားဒေ့ရှ် တို့အထိ ရောက်ရှိနေကြောင်းသိရပါတယ်
xxxxxxxxxxx
လမ်ဗဒါကို ဘာ့ကြောင့် ” variant of interest ” လို့လည်းခေါ်ရသလဲ ?
WHO က လမ်ဗဒါမျိုးကွဲကို “variant of Interest ” လို့ခေါ်တာက သူရဲ့ ကူးစက်နှုန်းနဲ့ ရောဂါပြင်းထန်မှုဟာ အခြားမျိုးကွဲတွေထက် ပိုအန္တရာယ်ရှိကောင်းရှိနိုင်တယ်လို့ သတ်မှတ်ထားလို့ပါ
xxxxxxxxx
လမ်ဗဒါဟာ ကူးစက်မှုပိုပြီးများနိုင်သလား?
လတ်တလောမှာ လမ်ဗဒါဟာ ပိုပြီးကူးစက်မြန်တဲ့ ဗိုင်းရပ်အဖြစ် သန္ဓေပြောင်းနိုင်ခဲ့ပြီလို့ သက်သေအခိုင်အမာတွေ့ရပါပြီ သို့သော် လက်ရှိကမ္ဘာမှာကူးစက်မှုအပြန့်နှန့်ဆုံးဖြစ်နေတဲ့ ဒယ်လ်တာကို ကျော်တက်သွားဖို့ တော့မရှိနိုင်သေးဘူးလို့ ထင်မြင်နေကြပါတယ် ဒါ့ကြောင့် လမ်ဗဒါဟာ ရုတ်တရက်ကြီးသိသိသာသာခုန်ပေါက်ကျော်ထွက်လာဖို့ မရှိဘူးလို့တော့ ပညာရှင်တွေက အခိုင်အမာပြောနေပါတယ်
xxxxxxxxxx
လမ်ဗဒါကြောင့်အသေအပျောက်တွေမြင့်တက်လာနိုင်သလား ?
သိပ္ပံပညာရှင်တွေ လေ့လာထားကြတဲ့ အခါမှာသူ့ရဲ့ စွမ်းဆောင်ရည်အရ ရောဂါပြင်းထန်မှု အနေနဲ့ ပိုပြီး တိုးမြင့်လာမှုတော့မတွေ့ရဘူး လို့ဆိုပါတယ် သို့သော်အခြားကိုဗစ် မျိုးကွဲတွေလိုပဲ သူဟာအန္တရာယ်တော့ကြီးနေပါသေးတယ် ပိုကြီးတယ်လို့တော့ပြောလို့မရပါဘူးတဲ့
xxxxxxxx
ကာကွယ်ဆေးတွေက ကာကွယ်နိုင်ပါ့မလား ?
ဒယ်လ်တာမျိုးကွဲတုန်းက ကာကွယ်ပေးနိုင်သလိုမျိုးပါပဲ လက်ရှိကာကွယ်ဆေးတွေဟာလမ်ဗဒါရဲ့ရန်ကနေ ကာကွယ်ပေးပါတယ် ကူးစက်မှုကိုရာနှုန်းပြည့်မတားဆီးနိုင်ရင်တောင် အနည်းဆုံးတော့ အပြင်းအထန်ဝေဒနာခံစားရမှုမဖြစ်အောင်ဆောင်ကျဥ်းပေးပါလိမ့်မယ်
xxxxxxxxxx
လမ်ဗဒါဟာ တကမ္ဘာလုံးကိုပြန့်သွားဦးမှာလား ?
ခုလောလောဆယ်မှာတော့ ဒယ်လ်တာလို ပြန့်ပွားနိုင်မှာမဟုတ်သေးပါဘူး ကမ္ဘာအနှံ့ ပြန့်မယ်မပြန့်ဘူးလည်း မခန့်မှန်းနိုင်သေးပါဘူးတဲ့
xxxxxxxxxxx
လမ်ဗဒါနဲ့ပတ်သက်လို့ WHO ကအထူးသတိပေးကြေညာချက် ထုတ်မှာလား ?
လမ်ဗဒါကိုလူတွေသိပ်မသိကြသေးတော့ လိုအပ်တဲ့ အချက်တွေကို သတိထားကြဖို့ ထောက်ညွှန်ပြပေးရမှာပေါ့
xxxxx
နောက်ထပ်မျိုးကွဲတွေထပ်ထပ်ဖြစ်မလာအောင် ဘယ်လိုကာကွယ်ကြရမလဲ?
ဗိုင်းရပ်ကို လှုပ်ရှားရွှေ့ပြောင်းခွင့်မရအောင်နဲ့ သူ့ဘာသာသူသန္ဓေပြောင်းခွင့်မရအောင် လုပ်ရပါမယ် ဒီလိုလုပ်ဖို့က ကာကွယ်ဆေးထိုးခြင်းပါပဲ လူတစ်ယောက်ရဲ့ ဇီဝဖြစ်စဉ်တစ်ခုကနေ အခြားတစ်ယောက်ရဲ့ ဇီဝဖြစ်စဉ်တစ်ခုဆီကို ဗိုင်းရပ်ကရွှေ့ပြောင်းသွားလာနိုင်နေသရွေ့ ဗိုင်းရပ်ဟာ မတူကြတဲ့လူ့ခန္ဓာကိုယ်တွေရဲ့ ခုခံမှုယန္တရားကို သင်ယူနားလည်လာပြီးယဥ်ပါးတတ်မြောက်သွားပါတယ်
တတ်လာတာနဲ့အမျှ ဗိုင်းရပ်ဟာ လွတ်မြောက်အောင်သူ့ဘာသူ သန္ဓေပြောင်းရင်း အရှောင်အတိမ်းလုပ်ပါတော့တယ် လူတစ်ယောက်ဆီကနေနောက်တစ်ယောက်ဆီ ဗိုင်းရပ် ခရီးမဆက်နိုင်ဖို့ကာကွယ်ဆေး ထိုးထားခြင်းကသာတတ်နိုင်ပါတယ်
xxxxxxxxxxxx
မျိုးကွဲတွေကြောင့် ပိုကူးစက်မှာလား ပိုသေကုန်ကြမှာလား ဒါမှမဟုတ်နှစ်ခုလုံးလား ?
သိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်တွေအရ မျိုးကွဲတွေဟာ သန္ဓေပြောင်းရာမှာ လက္ခဏာသွင်ပြင်တွေအရ ကူးစက်မှုပိုမြန်ဆန်များပြားတဲ့ ဖက်ကိုပိုများများ ပြောင်းလဲတယ်လို့သိရပါတယ် လူကိုသေစေတဲ့ဖက်ကို မပြောင်းလဲလိုတာကိုတွေ့ရပါတယ်လို့ပြောပါတယ်
ဒါဟာ လော့ဂျစ်နည်းအရ ဗိုင်းရပ်ဟာ ရောဂါပြင်းထန်မှုဖက်ကိုဇောင်းပေးတာထက် ကူးစက်မှုဖက်ကိုဇောင်းပေးတာဟာ သဘာဝကျတယ်လို့ဆိုရပါမယ် ဘယ်ဗိုင်းရပ်ကမှသူ့ကိုဧည့်ခံပြီးလက်ခံတဲ့အိမ်ရှင်ကို မသေစေလိုပါဘူးလို့ပြောပါတယ် လက်ခံမယ့်အိမ်ရှင်မရှိရင် ဗိုင်းရပ်ဟာမရှင်သန်မရပ်တည်နိုင်လို့ဖြစ်ပါတယ်
xxxxxxxxxxxx
ကာကွယ်ဆေးကိုတတိယအကြိမ်ထိုးဖို့လိုမလား ?
တချို့သောနိုင်ငံတွေမှာ အသက်အန္တရာယ်ပိုများနိုင်ခြေရှိတဲ့ သူတွေကို တတိယအကြိမ်ဆေးထပ်ထိုး ပေးနေပါတယ် သုံးခါထိုးလို့ ပိုပြီးကာကွယ်တယ်ရယ်လို့တော့ သိပ္ပံနည်းကျဖော်ထုတ်ထားတာတော့မရှိပါဘူး ဒါပေမဲ့ တချို့အစိုးရတွေက ဒါကို Booster dose လို့သတ်မှတ်နေကြတာလည်းရှိပါတယ်
xxxxxxxx
လမ်ဗဒါနဲ့ ဒယ်လ်တာ မျိုးကွဲတွေဟာ အတော်လေးကွဲပြားခြားနားမှုရှိသလား ?
လောလောဆယ်တွေ့ရှိချက်တွေအရ ဘယ်လိုပြောပြောပါ သူတို့၂ခုဟာ အတော်လေး တူတယ်ပြောလို့ရပါတယ် ဒီလိုပြောလိုက်လို့ စိတ်အေးမသွားနဲ့ဒယ်လ်တာဟာ အတော်ကြီးကိုကူးစက်မြန်ပါတယ် ဒယ်လတာကြောင့် အချို့သောနိုင်ငံတွေမှာကြီးမားလွန်းတဲ့ပြဿနာတွေရှိခဲ့ကြရပါတယ် ကပ်ရောဂါလှိုင်းတွေ ထပ်ကာထပ်ကာဖြစ်ခဲ့ကြရပါတယ်
xxxxxxx
အရင်လိုပြန်နေနိုင်ကြပါဦးမလား ?
သိပ္ပံပညာရှင်တွေကတော့ဒီအမေးအပေါ်အတော်ပြတ်ပြတ်သားသား ရှိကြပါတယ် ကာကွယ်ဆေးထိုးခြင်း မတ်စ်တပ်ခြင်းအားဖြင့် ကိုဗစ်ပြန့်နှန့်မှုကို မရပ်တန့်နိုင်သရွေ့ ( ဆင်းရဲရဲ ချမ်းသာသာ ဘယ်နိုင်မှာမဆို )မျိုးကွဲတွေ ဟာ တရုပ်သိုင်းကားထဲကသူရဲကောင်းတွေလို ထပ်ထပ်ပေါ်လာနေမှာဖြစ်ပြီး အရင်လိုပြန်နေကြရဖို့စိတ်မကူးပါနဲ့လို့ဆိုကြပါတယ်
xxxxxxxxxxx
ခုလိုအခြေအနေဆိုးကြီးနဲ့ နှစ်ပေါင်းကြာဦးမလား ?
ကြာပါမယ် နှစ်တွေနဲ့ချီပြီကြာပါဦးမယ် လို့ပညာရှင်တွေ ပြောပါတယ် ကိုဗစ်၁၉ကနေ ရာသီပြင်းထန်တုပ်ကွေးဖြစ်သွားဖို့ လူတွေမသေဖို့နှစ်ပေါင်းကြာပါဦးမယ် ပြီးခဲ့တဲ့နှစ်တွေကလောက်ပိုပြီးပြင်းထန်လာဖို့ကတော့ ဖြစ်နိုင်ခြေနည်းပါတယ် ရောဂါလှိုင်းwave အသစ်တွေဟာတခုပြီးတခု လာနေပေမယ့် အဖျက်အားနည်းနည်းလာတာတွေ့ရပါတယ်
xxxxxxx
နောက်မျိုးကွဲ ရှိဦးမှာပဲလား?
ထပ်ကာထပ်ကာ ပေါ်နေဦးမှာပါ WHO ကအခုဆိုနိုးကြားမှုရှိနေတော့ ပေါ်တာနဲ့ချက်ခြင်း လေ့လာဆန်းစစ်နိုင်နေပါပြီ
xxxxxxxx
ကုသဆေးကရောပေါ်ဦးမှာလား?
ကုသဆေးပေါ်လာရင်ကောင်းတာပေါ့ အစ္စရေးမှာတော့ ဆေးတမျိုးဖော်ထားတာရှိပါတယ် ကူးစက်ခံရသူရဲ့ ၉၃% လောက်ကိုပျောက်ကင်းအောင်ကုသနိုင်တယ်လို့သိရပါတယ် အတော်လေးကောင်းတဲ့ရလဒ်ပါပဲ ကိုဗစ်ဖြစ်ခဲ့သူလူနာအချို့ဟာ ဖြစ်ပြီးနောက်မှာ သေလုမျောပါးဖြစ်တဲ့ နမိုးနီးယားရောဂါဘာကြောင့်ဖြစ်လာကြရသလဲ ဆိုတာ ကိုပညာရှင်တွေအခုထိ အဖြေရရှိဖို့လုံးပန်းနေကြရဆဲဖြစ်နေချိန်မှာ ၉၃% ကုသပေးနိုင်တယ်ဆိုတာက အလွန်အရေးပါတဲ့အဖြေဖြစ်လာပါတယ်
xxxxxxxxxxxx
အခုဘာလုပ်ကြရမလဲ?
ကပ်ရောဂါတိုက်ပွဲက ဆက်ရှိနေမှာပါမျိုးကွဲတွေထပ်လာဖို့ရှိသလိုနောက်ထပ်နောက်ထပ်လှိုင်းအသစ်တွေကလည်း လာကြမှာပါ လူတွေဟာ ကာကွယ်ဆေးတွေထိုးကြပြီး ထိုးပြီးလည်း နှိုင်းနှိုင်းချိန်ချိန်နေတတ်ကြရပါမယ် မကူးနည်းဥပဒေသတွေအတိုင်း သတိချပ်နေထိုင်ရုံကလွဲလို့ ဘာမှလောလောဆယ် မတတ်နိုင်သေးဘူးလို့ WHO နဲ့ နိုင်ငံတကာကအမျိုးသားကျန်းမာရေးအဖွဲ့တွေရဲ့ ပညာရှင်များက အကြံပြုထားကြပါတယ်
သဒ္ဓါအားဖြင့်
Pi Lon
Ref MSN / The Daily Digest