အပြစ်ဆိုစရာမရှိတဲ့ အလှတရားတွေနဲ့ နိုင်ငံခြား မင်းသမီးလေး တစ်ယောက်လို ဆွဲဆောင်မှုရှိရှိ မိမိုက်လွန်းနေတဲ့ အေးမြတ်သူ
ဟန်ဆောင်မှုကင်းပြီးလွတ်လပ်ပေါ့ပါးတဲ့ဟန်ပန်အမူအရာလေးတွေနဲ့ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ထားနိုင်သူလေးကတော့မင်းသမီးချောလေးအေးမြတ်သူပဲ‌ဖြစ်ပါတယ်။
စကားပြောပွင့်လင်းပြီးချစ်စရာ‌ပါးချိုင့်လေးတွေကြောင့်လည်းပြုံးလိုက်တိုင်းသူမရဲ့အလှကိုပေါ်လွင်ထင်ရှားစေကာပရိသတ်တွေရဲ့ အသည်းကိုကြွေစေတာလည်းဖြစ်ပါတယ် ။
အသက်၃၀ကျော်အရွယ်ရှိနေပြီဖြစ်တဲ့အေးမြတ်သူကဆယ်ကျော်သက်လေးတွေနဲ့အပြိုင်အလှပိုနေဆဲဖြစ်ပြီးသူမရဲ့ပြေပြစ်လှပလွန်းတဲ့ဘော်ဒီအချိုးအစားလေးကဆိုရင်လည်းလုံးဝကိုအမိုက်စားဖြစ်နေတာပါနော်။
အေးမြတ်သူကပွဲအခမ်းအနားတွေတက်ရောက်လာရင်လည်းအလန်းစားဖြစ်နေတဲ့ဝတ်စုံဒီဇိုင်းတွေကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုကိုရရှိနေတာလည်းဖြစ်ပါတယ်။
အခုလည်းမိန်းကလေးတိုင်း အားကျသွားရလောက်အောင် လန်းလွန်းနေတဲ့ပွဲတက်ပုံရိပ်တွေကို ဝေမျှလာပါတယ်။အဆီပိုမရှိဘဲ သွယ်လျကျစ်လစ်နေတဲ့အေးမြတ်သူရဲ့အလှတရားတွေကအခါခါ ပြန်ကြည့်ချင်ရလောက်အောင်ပါပဲ။ပရိသတ်ကြီးအတွက်အေးမြတ်သူရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။
Credit – Yaungchi
Photo – Aye Myat Thu
-Zawgyi Font ဖြင့်ဖတ်ရန် –
Credit – Yaungchi
Photo – Aye Myat Thu
အလှုုရှင်တစ်ဦးရဲ့မွေးနေ့အလှူအဖြစ်အဖိုးအဖွား(၁၀) ဦးအား Suprise လုပ်ပြီ တစ်ဦးလျင်ငါးသောင်းကျပ်စီပြန်လည်လှူဒါန်းပေးခဲ့တဲ့ မိုးစက်
ပရိတ်သတ်ကြီးရေမိုးစက်ကိုတော့အထူးမိတ်ဆက်ပေးစရာမလိုတော့ပါဘူးနော်။မိုးစက်ကအရာရာခက်ခဲနေတဲ့အချိန်ကာလတွေမှာအကြောင်းအမျိုးမျိုးကြောင့်စားဝတ်နေရေးအတွက်အဆင်မပြေဖြစ်နေတဲ့
မိသားစုတွေကိုတစ်ဖက်တစ်လမ်းကနေကူညီလှူဒါန်းပေးပြီး စိတ်ရောကိုယ်ပါလုပ်ဆောင်ပေးနေတာမို့ပရိသတ်တွေလေးစားချစ်ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
မိုးစက်ကကိုယ်တိုင်လည်းရရှိတဲ့အနုပညာကြေးလေးတွေစုပေါင်းပြီးလှူဒါန်းသလိုအများစုပေါင်းအလှူတွေမှာလည်းလုပ်အားဒါနတွေကူညီလေ့ရှိပါတယ်။သူ့ရဲ့အလှူလေးတွေမှာအနယ်နယ်အရပ်ရပ်ကနေ စေတနာရှင်များရဲ့လှူဒါန်းမှုတွေနဲ့အတူလှူဒါန်းထောက်ပံ့ပေးနေတာဖြစ်ပါတယ်။
သူပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်းပရိသတ်တွေထပ်တူသာဓုခေါ်နိုင်အောင်အမြဲဖော်ပြလေ့ရှိပါတယ်။ယနေမှာတော့စင်္ကာပူမှာနေတဲ့မခိုင်ယဥ်မွန်ရဲ့မွေးနေ့အလှူအဖြစ်အဖိုးအဖွားမျာထံ ပြန်လည်လှူပေးခဲ့ပုံလေးကိုပြောပြလာပါတယ်နော်
“ဒီနေ့အတွက်အဖိုးအဖွား(၁၀)ဦး Suprise 🎊🎁😍၅သိန်းကျပ်😍သမာအာဇီဝကျကျလုပ်ကိုင်စားသောက်နေကြတဲ့အဖိုးအဖွားတိုကိုကူညီလှူဒါန်းချင်လိုပါတဲ့။တကယ်ပါကျွန်တော့်ရဲ့ ကူညီလှူဒါန်းမှူကိုကြည်နူးပီတိဖြစ်နေသူမိတ်ဆွေအပေါင်းအသင်းများရဲ့ပူးပေါင်းပါဝင်မှူကြောင့်အခုဆိုရင် နေ့စဥ် နေ့တိုင်းအချိန်တော်တော်များများကို အဖိုးအဖွားတို့အတွက်ကူညီပေးနိုင်ခဲ့ပါတယ်။
ဒီနေ့မှာလဲစင်္ကါပူ နိုင်ငံမှာနေထိုင်နေတဲ့မခိုင်ယဥ်မွန်ကသူ့ရဲ့ မွေးနေ့အတွက်အဖိုးအဖွားတိုကိုပန်းတစ်စည်း ၅သောင်းနဲ့အဖိုးအဖွား ၁၀ ဦး၅သိန်းကျပ်ကိုကျွန်တော့်ကိုလှူဒါန်းပေးဖို ပြောခဲ့ပါတယ်။
လှိက်လှိက်လှဲလှဲဝမ်းသာစွာနဲ့ဒီနေ့တစ်နေ့လုံးဆရာဦးသျှန်ထွဏ်း၊ကျွန်တော့်ရဲ့ပါရမီဖြည့်ဖက်လေးတိုနဲ့အတူ၃ဦးသားကိုယ်စားလှူဒါန်းခွင့်ရလိုက်တာအရမ်းကို ပီတိဖြစ်မိပါတယ်။
ဆရာဦးသျှန်ထွဏ်းကလဲမွေးနေ့လက်ဆောင်သီချင်းလေးနဲ့သဒ္ဓါတရားထပ်သန်သူမခိုင်ယဥ်မွန်ကိုဂုဏ်ပြုတေးလေးရေးဖွဲပေးပါတယ်ဗျ။အဖိုးအဖွားများကိုလှူဒါန်းပေးတဲ့မခိုင်ယဥ်မွန်လဲမွေးနေ့မှ စ၍သက်ရှည်ကျန်းမာပါစေ ။
ကျွန်တော့်ရဲ့လှူဒါန်းမှူတိုင်းမှာပါဝင်အားဖြည့်ပေးကြသူများလဲကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။🙏🙏🙏”ဆိုပြီးရေသားမျှဝေထားတာလေးကိုထပ်ဆင့်တင်ပြပေးလိုက်ရပါတယ်နော်
Source Moe Sat
Source Moe Sat
ရေခဲထုပ်ရောင်းပြီး သမာအာဇီဝကျကျလုပ်ကိုင်စားသောက်နေတဲ့ အဖွားတစ်ဦးအား ကူညီထောက်ပံ့ပေးခဲ့တဲ့ မိုးစက်
လူရွှင်တော်မိုးစက်ကတော့လတ်တလော နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ရောဂါကူးစက်မှုဖြစ်ပေါ်နေတဲ့ အချိန်ကာလတွေမှာအကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက်အခက်အခဲဖြစ်နေတဲ့ မိသားစုတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေလုပ်ပေးပြီး မွန်မြတ်တဲ့ ပရဟိတအလုပ်တွေကို လုပ်ကိုင်ပေးနေတာဖြစ်ပါတယ်။
သူ့ရဲ့အလှူလေးတွေမှာ အနယ်နယ်အရပ်ရပ်ကနေ စေတနာရှင်များရဲ့ လှူဒါန်းမှုတွေနဲ့ အတူလှူဒါန်းထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။အနုပညာရှင်တွေသာမကအဆင်မပြေတဲ့အိမ်ထောင်စုတွေကိုတွေ့ရင်လည်းအမြဲတမ်းတတ်စွမ်းသလောက်ကူညီခဲ့တဲ့စေတနာကောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။
မိုးစက်က ကိုယ်တိုင်လည်း ရရှိတဲ့ အနုပညာကြေးလေးတွေစုပေါင်းပြီးလှူဒါန်းသလိုအများစုပေါင်းအလှူတွေမှာလည်း လုပ်အားဒါနတွေကူညီလေ့ရှိပါတယ်။ဒါ့ကြောင့်လည်းပရိသတ်တွေအားလုံးက မိုးစက်ကို လေးစားချစ်ခင်နေကြတာပါ။
ဒါတင်မကဘဲ သူရဲ့အလှူလေးတွေကိုလည်း အားလုံးမြင်တွေ့ပြီးပီတိဖြစ်ရအောင်လည်းရေးသားဖော်ပြလေ့ရှိပါတယ်။ဒီနေ့မှာတော့ ၁၀ နှစ်ကျော်ကြာထိရေခဲထုပ်ရောင်းပြီးသမာအာဇီဝကျကျလုပ်ကိုင်နေတဲ့အဖွားတစ်ဦးအားကူညီခဲ့ပုံကိုပြောထားပါသေးတယ်။
“အရင်တုန်းက ရောင်းကောင်းပါတယ်အခုတော့ တော်တော်ပါးသွားပြီ””မပူပါနဲ့ဗျာအဖွားရေခဲထုပ်ရောင်းနေတာကိုအားပေးဖို့လမ်းညွှန်လိုက်တဲ့လူရှိလို့အဖွားဆီကို တကူးတကလာခဲ့တာပေါ့””ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်”
“ရေခဲထုပ်ကဘယ်လိုရောင်းတာလဲ အဖွား””တစ်ထုပ် ၁၀၀ ပါ””ဒီမှာကျန်တဲ့ရေခဲထုပ် ၂၂ထုပ်အကုန်အားပေးမယ်နော်””အဖွားရောင်းတာရောဘယ်လောက်ကြာပြီလဲ””၁၀ နှစ်ကျော်သွားပြီ “”တော်တော်တောင်ကြာပြီဘဲကဲ အဖွားရဲ့ သမာအာဇီဝ ကျကျစျေးရောင်းတာကို ဂုဏ်ပြုတဲ့အနေ နဲ့ရေခဲထုပ် ၂၂ထုပ် ဖိုး ”
“ဟာပိုက်ဆံတွေကအများကြီးဘဲ””ဟုတ်တယ် တစ်သိန်းကျပ်ပါ အဖွား””ကျေးဇူး အများကြီးတင်ပါတယ်အဖွားစျေးရောင်းနေတာတောင်တစ်ချို့ကအထင်သေးကြတယ်။အခုလိုအထင်မသေးတဲ့အပြင်ကူညီပေးလို့ ကျေးဇူးတင်ပါတယ်သားရယ်.”
အဖွားစျေးရောင်းတာကို လာပြောပြပေးတဲ့အစ်ကို ကိုလဲဒီနေရာကနေ ကျေးဇူးတင်ပါတယ်ခင်ဗျာ။အဖွားက ရွှေပေါက္ကံ(၁၂)ရပ်ကွက် မှာရေခဲထုပ်လေးတွေ ရောင်းချနေပါတယ်ဗျ ။
အားပေးကြပါဦးနော်။😍အခုလို စျေးရောင်းချနေတဲ့အဖိုးအဖွားတွေ ကိုလှူဒါန်းခွင့်ရအောင်ကျွန်တော်နဲ့အတူ ပါဝင်ပေးကြသူများလဲကျေးဇူးကမ္ဘာပါခင်ဗျာ။🙏🙏🙏ဆိုပြီးရေးသားထားတာလေးကိုပြန်လည်မျှဝေဖော်ပြပေးလိုက်ရပါနော်
Sources MoeSat
Zawgyi
“ရေခဲထုပ်က ဘယ်လိုရောင်းတာလဲ အဖွား””တစ်ထုပ် ၁၀၀ ပါ””ဒီမှာကျန်တဲ့ရေခဲထုပ် ၂၂ထုပ်အကုန်အားပေးမယ်နော်””အဖွားရောင်းတာရောဘယ်လောက်ကြာပြီလဲ””၁၀ နှစ်ကျော်သွားပြီ””တော်တော် တောင်ကြာပြီဘဲကဲ အဖွားရဲ့ သမာအာဇီဝ ကျကျဈေးရောင်းတာကို ဂုဏ်ပြုတဲ့အနေ နဲ့ရေခဲထုပ် ၂၂ထုပ် ဖိုး ”
Sources MoeSat
အပြုံးချိုချိုလေးတွေနဲ့ မြင်သူတိုင်းရဲ့ ရင်ကို အေးမြသွားစေခဲ့တဲ့ စံထိပ်ထားဦးရဲ့ ချစ်စရာ ပုံရိပ်လေးများ
ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့ မြင်သူတိုင်းကို အချစ်ပိုစေတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်တွေထဲမှာ စံထိပ်ထားဦးလည်း အပါအဝင်ပါပဲ ။
ဆွဲဆောင်မှုရှိတဲ့ အလှတရားလေးကို ပိုင်ဆိုင်ထားတဲ့အပြင် ကလေးလေးလို ဖြူစင်တဲ့အပြုံးလှလှလေးတွေနဲ့ ချစ်စရာကောင်းတာလေးတွေကြောင့်လည်း ပုရိသပရိသတ်တွေရဲ့ အသည်းလေးတွေကြွေဆင်းနေရတာပါ ။
စံထိပ်ထားဦးက အခုဆိုရင် အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေပြီဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်းရရှိနေပြီဖြစ်ပါတယ်နော်။ထိပ်ထိပ်လေးက ပညာရေးဘက်မှာလည်း ထူးချွန်တဲ့ သူလေးဖြစ်တဲ့အပြင် ရိုးရိုးအေးအေးလေးနဲ့နေထိုင်တတ်တဲ့သူဖြစ်တာကြောင့် မေမေခိုင်သင်းကြည်တစ်ယောက်အချစ်တွေပိုပြီးရင်းပိုနေရတာလည်းဖြစ်ပါတယ်။
အခုလည်း ပရိသတ်တွေကို အလွမ်းပြေ အနေနဲ့ ချစ်စရာပုံရိပ်တွေကို ဝေမျှလာပါတယ် ။ ပုံလေးတွေ တိုင်းမှာ အပြုံးချိုချိုလေးတွေရယ် ချစ်စရာ ဟန်ပန်အမူအရာ လေးတွေ အပြည့်နဲ့ ထိပ်ထိပ်လေး တစ်ယောက် လန်းလွန်းနေတာ အမှန်ပါပဲ ။ ပရိသတ်ကြီး အတွက် ထိပ်ထားလေးရဲ့ ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ် ။
Credit– Yaungchi
Photo – San Htate Htar Oo
-Zawgyi Font ဖြင့်ဖတ်ရန် –
Credit– Yaungchi
Photo – San Htate Htar Oo
မင်းသားကြီး Sean Connery ရဲ့ ဘယ် James Bond ဇာတ်ကားတွေဟာ အကောင်းဆုံးဖြစ်မလဲ
Sean Connery ဟာ ပြီးခဲ့တဲ့စနေနေ့ မနက်ခင်း သူ့အသက် (၉၀) နှစ်အရွယ်မှာ ဆုံးပါးသွားခဲ့ရပါတယ်။ သူဟာ James Bond ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကား (၆) ကားနဲ့ ရုပ်ရှင်လောကမှာ ငွေကြယ်ပွင့်ဖြစ်လာခဲ့ရသူပါ။
တခြားသော The Man Who Would Be King၊ Robing and Marion၊ The Untouchables၊ Indiana Jones and the Last Crusade၊ The Russia House၊ The Rock၊ Playing by Heart၊ Finding Forrester စတဲ့ ဇာတ်ကားကောင်းတွေကိုလည်း ရိုက်ကူးခဲ့သူဖြစ်ပေမယ့် ဒီမင်းသားကြီးရဲ့နာမည်ကို ကြားရင်တော့ ပရိသတ်တွေက တခြားမဟုတ်တဲ့ James Bond ဇာတ်ကောင်နဲ့ပဲ ပြေးမြင်ကြမှာအမှန်ပါပဲ။ ဒါ့ကြောင့် ဒီပို့စ်မှာတော့ James Bond အဖြစ် သူ့ဇာတ်ကား (၆) ကားကို အကောင်းဆုံးဇာတ်ကားကနေ စလို့ဖော်ပြပေးလိုက်ပါတယ်။
Diamonds Are Forever
007 အတွက်တော့ တရားမဝင်ဇာတ်ကားတစ်ခုဖြစ်ပြီး Warner Bros ကစီစဉ်ထုတ်ဝေကာ ဒါရိုက်တာ Irvin Kershner (The Empire Strikes Back) က ရိုက်ကူးခဲ့ပါတယ်။ ဇာတ်ညွှန်းရေးသားသူကတော့ Lorenzo Semple Jr. (The Parallax View၊ Three Days of the Condor) ဖြစ်ပါတယ်။ ဒါဟာ Thunderball ကို တုပပြီးပြန်ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ ဒီလိုဖြစ်ရတဲ့အကြောင်းကလည်း Kevin McClory က James Bond အတွက် ရိုက်ကူးခွင့်အကုန်လုံးကို ပိုင်ဆိုင်ထားလို့ပါပဲ။ ဒီဇာတ်ကားမှာ အသက် (၅၃) နှစ်အရွယ် Sean Connery ပါဝင်သရုပ်ဆောင်ခဲ့ပြီး နာမည်ပေါက်အောင် ကျော်ကြားခဲ့ပါတယ်။
You Only Live Twice
ဒါကလည်း အမှတ်ရစရာအကောင်းဆုံး 007 ဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်ကြောင်း၊ ထုတ်လုပ်မှုဒီဇိုင်းနဲ့ ကောက်ကျစ်မှုအရတော့ Lewis Gilbert ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ “စိတ်ကူးယဉ် Bond ဇာတ်ကြောင်း” ပုံစံတစ်ခုလုံးကို ပုံဖော်ပေးလိုက်တာပါပဲ။
“SPECTRE က အာကာသယာဉ်တစ်စင်းကို ပြန်ပေးဆွဲပြီး America နဲ့ Russia ကို အချင်းချင်းတိုက်ခိုက်စေအောင် ဖန်တီးယူတယ်” ဆိုတဲ့ ဇာတ်ကွက်ဟာ 007 ဇာတ်ကားအတွက်တင်မဟာတ်ပဲ စိတ်ကူးယဉ် အက်ရှင်ဇာတ်ကားတိုင်းအတွက် အခြေခံဇာတ်ကြောင်းကြီးတစ်ခု ဖြစ်လာပါတော့တယ်။
ပြီးရိုက်ကူးမှုပုံစံအရလည်း မီးတောင်ဂူကြီးတွေ၊ အလွန်ကောက်ကျစ်တဲ့ ဗီလိန်ပုံစံတွေဟာ Superhero နဲ့ Spy ဇာတ်ကားတွေအတွက် လမ်းကြောင်းသစ်ဖောက်ပေးလိုက်သလိုပါပဲ။
Goldfinger
Guy Hamilton ရိုက်ကူးတဲ့ ဒီဇာတ်ကားကတော့ တခြား James Bond ဇာတ်ကားဆက်တွေလို Superhero ဆန်ဆန်မဟုတ်တော့ပဲ သူလျှိူပုံစံမျိုး ပိုဆန်လာခဲ့ပါတယ်။ ဒါပေမယ့် ငါ့အနေနဲ့တော့တခြားသူတွေလောက် ဒီဇာတ်ကားအပေါ် မနှစ်သက်ရတဲ့အကြောင်းအရင်းကဇာတ်ကားတလျှောက်လုံးမှာ Connery ရဲ့ Bond ဟာ သူကိုယ်တိုင် စလှုပ်ရှားတာမျိုးမလုပ်ပဲ တခြားသူတွေစတင် လှုပ်ရှားတာကိုသာ စောင့်နေတဲ့ပုံစံမျိုး ဖြစ်နေတာကြောင့်ပါပဲ။ဒါတောင်မှဒီဇာတ်ကားဟာ 007 ဇာတ်ကားကောင်းတစ်ကား ဖြစ်နေဆဲပါပဲ။
Dr. No
ဒီဇာတ်ကားကတော့ နောက်လာမယ့်ဇာတ်ကားကောင်းတွေရဲ့ အစပါပဲ။ Terrence Young ရဲ့ သွယ်လျပေမယ့် ရိုက်စက်ချက်တွေကြောင့် ဒီဇာတ်ကားဟာ ရသပိုပြီးပြည့်စုံလာသလို Hitchcock ရဲ့ထုံးစံတစ်ခုဖြစ်တဲ့ “လူမှားတစ်ယောက် ထွက်ပြေးနေရတယ်”ဇာတ်ကြောင်းမျိုးကိုလည်း ယူထားပါသေးတယ်။ Sean Connery အနေနဲ့ကတော့ သူ့ရဲ့ပုံမှန် သွေးအေးအေးနဲ့ခက်ထန်တဲ့ပုံက ဇာတ်လမ်းနဲ့အကိုက်ဖြစ်နေတာပါပဲ။
Tunderball
Goldfinger ဟာ Sean Connery ကို James Bond ဇာတ်ကားဆက်တွေမှာပါဝင်နိုင်ဖို့ ဝင်ငွေရဇာတ်ကားတစ်ကားဖြစ်ခဲ့သလို Terence Young ရဲ့ Thunderball ဇာတ်ကားဟာဆိုရင်တော့ Hollywood ဇာတ်ကားတွေထဲမှာ အကြီးကျယ်ဆုံးဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။
ဒီဇာတ်ကားမှာတော့ SPECTRE အနေနဲ့ “ကမ္ဘာကြီးတစ်ခုလုံးကို စိုးမိုးဖို့” ဆိုတဲ့ ဇာတ်ကြောင်းကို ပထမဆုံးရိုက်ကူးခဲ့တာပါ။ ဒီဇာတ်ကားမှာ Oscar ဆုသိမ်းပိုက်နိုင်ခဲ့တဲ့ ရေအောက်တိုက်ခိုက်ခန်းတစ်ခု ပါဝင်ခဲ့ပြီး ဒီရိုက်ကွက်ဟာဆိုရင် ဒီနေ့အထိ ကြည့်ရှုလို့ကောင်းနေဆဲဖြစ်ပါတယ်။
From Russia With Love
Terence Young ဟာ လက်တွေ့ဖြစ်နိုင်တဲ့ဇာတ်ကို လက်တွေ့ထက်ကြီးကျယ်တဲ့ အက်ရှင်ဇာတ်ကွက်တွေနဲ့ ရိုက်ကူးသွားခဲ့တာပါ။ အမေရိကန်သမ္မတကြီး John F. Kennedy ရဲ့အကြိုက်ဆုံးဝတ္ထုတစ်ပုဒ်ကတော့ From Russia with Love ဖြစ်သလို
ြဒီဇာတ်ကားကလည်း Dallas ကနေ နိုင်ဝင်ဘာ ၁၉၆၃ မှာ လေယာဉ်နဲ့မသွားခင် သူနောက်ဆုံးကြည့်ခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် အကောင်းဆုံး 007 ဇာတ်ကားတစ်ကားဖြစ်ပြီး Sean Connery ရဲ့အကောင်းဆုံး သရုပ်ဆောင်ချက်တွေနဲ့ ပြည့်နှက်နေပါတယ်။
M2T shwengwegames
Zawgyi
Diamonds Are Forever
You Only Live Twice
Goldfinger
Dr. No
Tunderball
From Russia With Love
M2T shwengwegames
Juction City မှာ လက်မလည်အောင်ရောင်းကောင်းနေတဲ့ သရုပ်ဆောင် ရဲလေးမ ရဲ့ မုန့်ဟင်းခါး
ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရဲလေးမကတော့ သူ့ရဲ့အနုပညာနာမည် ရဲလေးကနေ ရဲလေးမဆိုပြီး အမည်တွင်သည့်တိုင်အောင် မိန်းမလျာကာရိုက်တာနဲ့ အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်သူတစ်ယောက်ဖြစ်ပေမယ့် လက်ရှိအနုပညာအလုပ်တွေရှားပါးနေချိန်မှာတော့ ရဲလေးမဟာ ဝမ်းရေးအတွက် အလုပ်တွေမျိုးစုံကို လုပ်ကိုင်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာလည်း ရဲလေးမက ရန်ကုန်မြိုလည်ခေါင်က Juction City ကုန်တိုက်ကြီးမှာ မုန့်ဟင်းခါးလက်မလည်အောင် ရောင်းခဲ့ရကြောင်းကို ပြောပြလာခဲ့ပါတယ်။
ရဲလေးမက “ဒီနေ့လည်း စားမယ့်သူတွေကစောင့်နေကြရတယ်။ လက်မလည်အောင်ရောင်းခဲ့ရတယ်။ အန်တီမိုမိုမြင့်အောင်ရဲ့တူမလေးဝါဆိုမြင့်အောင်လေး လာအားပေးသွားတယ်။
ပစ်တိုင်းထောင်သီချင်းလေးထဲကလေးလေး ခုအပျိုကြီးဖြစ်လိုချစ်စရာလေး။ ခုလည်းကျေးဇူးပါနော်။ လာအားပေးတဲ့ချစ်တဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်နော်။ နောက်နှစ်ရက်ရှိနေပါဦးမယ်နော်” ဆိုပြီး ဝမ်းသာစွာပြောလာပါတယ်။
ရဲလေးမကတော့ သမာအာဇီဝကျကျ စျေးရောင်းစားရင်း စေတနာအကျိုးပေးတာကြောင့် ရန်ကုန်မြိုလည်ခေါင်က ကုန်တိုက်ကြီးမှာတောင် မုန့်ဟင်းခါးလက်မလည်အောင် ရောင်းချနိုင်ခဲ့တာ ပရိသတ်ကြီးမျက်မြင်ကိုယ်တွေ့ပါပဲနော်။
Source: Ye Lay Ma’s fb
Credit MCT
Zawgyi
ရဲလေးမကတော့ သမာအာဇီဝကျကျ ဈေးရောင်းစားရင်း စေတနာအကျိုးပေးတာကြောင့် ရန်ကုန်မြိုလည်ခေါင်က ကုန်တိုက်ကြီးမှာတောင် မုန့်ဟင်းခါးလက်မလည်အောင် ရောင်းချနိုင်ခဲ့တာ ပရိသတ်ကြီးမျက်မြင်ကိုယ်တွေ့ပါပဲနော်။
Source: Ye Lay Ma’s fb
Credit MCT
ဆွဲဆောင်မှုရှိရှိနဲ့ ညို့ယူဖမ်းစားထားတဲ့ လုလုအောင်ရဲ့ ကမ်းခြေအထက်က အမိုက်စားပုံရိပ်များ
ပုရိသပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ Sexy မော်ဒယ်မလေး လုလုအောင်ဆိုတာ ချစ်စရာလည်းကောင်းသလို ဆွဲဆောင်မှု ညှို့အားတွေပြည့်နေတဲ့ သူလေးတစ်ယောက်ပါပဲနော်။
သူမက လူမှုကွန်ယက်ပေါ်မှာ လည်း အားပေးတဲ့ ပရိသတ်တွေ အခိုင်အမာရရှိထားပြီးတော့ အမိုက်စားဗီဒီယိုဖိုင်လေးတွေနဲ့ ပုံလေးတွေကိုလည်း မကြာခဏမျှဝေပေးလေ့ရှိပါတယ်နော်။
လှပလွန်းတဲ့ကောက်ကြောင်းတွေအပြင် မျက်နှာလေးကလည်း ချစ်စရာကောင်းပြီး အပြစ်ကင်းစင်လွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အပြည့်အဝရရှိထားတာလည်းဖြစ်ပါတယ်။
ခေးကြီးလုလုအောင်ရဲ့ အမိုက်စား sexy ကျကျပုံလေးတွေကို ယောင်္ကျားလေးပရိသတ်တွေ အများဆုံး တစ်ခဲနက်အားပေးခြင်းခံရတာလည်းဖြစ်ပါတယ်။
သူမရဲ့တင်းတင်း ရင်းရင်းနဲ့ လှပတဲ့ ခန္ဓာကိုယ် ကောက်ကြောင်းတွေကြောင့် ပုရိသတွေကြားမှာ ရေပန်းစားနေတာပဲဖြစ်ပါတယ်။ အခုလည်း ဆွဲဆောင်မှုရှိရှိနဲ့ ညို့ယူဖမ်းစားထားတဲ့ ကမ်းခြေအထက်က အမိုက်စား ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ် ။ ပုံတိုင်းက ရင်ခုန်စရာ ကောင်းလွန်းတာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။
Credit – Cele Zone
Photo – Lu Lu Aung
-Zawgyi Font ဖြင့်ဖတ်ရန် –
Credit – Cele Zone
Photo – Lu Lu Aung
စကားမပီတဲ့အပြင် နားပါလေးနေပြီး အနှစ် (၂၀) ကြာထိ ဓား ၊ ကပ်ကြေးတွေရောင်းနေတဲ့ အသက် ၇၅ အရွယ် အဘိုးအား ကူညီထောက်ပံ့ပေးလိုက်ပြန်တဲ့ ကိုမိုးစက်
ပရိသတ်ကြီးရေလတ်တလောမှာပရဟိတ လုပ်ငန်းတွေရရင်ရသလို ပြုလုပ်နေသူတွေထဲမှာ လူရွှင်တော်မိုးစက်လည်းအပါအဝင်ပါပဲနော်။ အဘက်ဘက်ကစားဝတ်နေရေးခက်ခဲနေတဲ့ကာလကြီးမှာ အလှူရှင်တွေနဲ့စုပေါင်းကာ ဒုက္ခရောက်နေတဲ့ သူတွေအပြင် လမ်းမှတွေ့တဲ့သက်ကြီးရွယ်အိုတွေကိုလည်း အကူအညီပေးလျက်ရှိသူပါ။
မိုးစက်က ကိုယ်တိုင်လည်း ရရှိတဲ့ အနုပညာကြေးလေးတွေစုပေါင်းပြီး လှူဒါန်းသလို အများစုပေါင်းအလှူတွေမှာလည်း လုပ်အားဒါနတွေကူညီလေ့ရှိပါတယ် ။
ဒါ့ကြောင့်လည်းပရိသတ်တွေအားလုံးက မိုးစက်ကို လေးစားချစ်ခင်နေကြတာပါ။ဒါတင်မကဘဲ သူရဲ့အလှူလေးတွေကိုလည်း အားလုံးမြင်တွေ့ပြီး ပီတိဖြစ်ရအောင်လည်းရေးသားဖော်ပြလေ့ရှိပါတယ်
ဒီကနေ့မှာတော့ စကားမပီတဲ့အပြင် နားပါလေးနေပြီး အနှစ် (၂၀) ကြာထိ ဓား၊ကပ်ကြေးတွေရောင်းနေတဲ့ အသက် ၇၅ အရွယ် အဘိုးအား ကူညီထောက်ပံ့ပေးလှူဒါန်းလိုက်တဲ့မိုးစက်ရဲ့သတင်းလေးကို တင်ဆက်ပေးချင်ပါတယ်။
“ဒီနေ့ ၄၀၀ ဖိုးတော့ ရောင်းရပြီ ဟုတ်လား…နေတောင်အတော်မြင့်နေပြီ အဘရယ်…တစ်ခါတစ်လေ စျေးဦးတောင်မပေါက်ဘူး။ဒါပေမယ့် ဒီနားက လူတွေက ထမင်းကျွေးပါတယ်တော်ပါသေးရဲ့ အဘရယ်(အဘက နားအရမ်းလေးပြီးစကားလဲ မပီတော့ပါဘူး။
အဆင်ပြေအောင် စာကိုရေးပေးထားတာပါ ဒါနဲ့ အဘရောင်းတာ ဘယ်လောက်ကြာပြီလဲ အနှစ် (၂၀) ရှိပြီ သြော် တော်တော်တောင်ကြာပြီဘဲ သားလဲအားပေးပါမယ် ၊ဘီးလေးနဲ့ ​ကပ်ကြေးအသေးလေးက ဘယ်လောက်လဲ အဘ..ဘီး က ၂၀၀ ၊ ကပ်ကြေးက ၈၀၀နှစ်ခုလုံးအားပေးမယ်လေ အဘ လျော့ပေးပါဦး၉၀၀ ဘဲ ပေးပါနော်…
ဟုတ်ကဲ့ အဘ ၊ရော့ ၉၀၀ ဒါ ၉၀၀ ဟုတ်လား??? မဟုတ်ပါဘူး ထောင်ကျော်နေပြီ၁၀၀၀ တန်တွေလား(အခုတလော တစ်သောင်းတန်သိပ်မကိုင်ဖူးတဲ့ အဖိုးအဖွားတွေ တွေ့မြင်နေရတယ်ဗျာ)မဟုတ်ပါဘူး အဘရဲ့ ဒါ တစ်သောင်းတန်ပါ ၊၁၀ရွက်ဆိုတော့ တစ်သိန်းကျပ်ပါ အဘ…
ကျေးဇူးတင်ပါတယ်သားရယ်အဘနာမည်က ဦးဟုတ်စိန် ၊အသက်က (၇၅) နှစ်နားလေးတဲ့အပြင် စကားတွေလဲ မပီတော့ပါဘူး။ အဘရောင်းတာလေးတွေအားပေးချင်ရင် တောင်ဒဂုံ ၊(၅၃) စျေး ၊သမထိပ် မှာ ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ။
အဘ က မနက် (၁၁) နာရီဝန်းကျင်လောက်အထိဘဲ ရောင်းချပါတယ်။အခုလိုအဖိုးအဖွားတွေ တွေ့မြင်တဲ့အခါမှာ ၊လှူဒါန်းခွင့်ရအောင် ကျွန်တော်နဲ့အတူ ပါဝင်လှူဒါန်းကြသူများ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ ” လို့ ရေးသားထားပါတယ်။
ပရိသတ်ကြီးရေ လူရွှင်တော် မိုးစက် ကလူတွေကို ပျော်ရွှင်အောင် လူရွှင်တော်အဖြစ်ဖျော်ဖြေပေးသလို ခက်ခဲနေတဲ့ဘဝတွေကိုလည်း စာနာစိတ် တစ်ခုတည်းနဲ့ ဖေးမပေးတတ်တဲ့ ပရဟိတသမားကောင်းတစ်ယောက်အဖြစ်နဲ့ ပြည်သူတွေကို ရယ်မောစရာအပြင် အကူအညီတွေပါ ပေးတတ်သူမို့ တကယ်ကိုလေးစားစရာကောင်းပါတယ်။ ကိုမိုးစက်ရဲ့အလှူလေးကို သာဓုခေါ်ဆိုခဲ့ပါအုန်း ပရိသတ်ကြီးရေ…။
Photo Moe Sat
Zawgyi
Photo Moe Sat
ကွယ်လွန်ခဲ့တာ ၂၃နှစ်ပြည့်တဲ့နေ့လေးမှာ ဖခင်ဖြစ်သူ အားသတိရလွမ်းဆွတ်ကြောင်းရင်ဖွင့်ခဲ့ပြီးရောက်လေရာမှာ ကုသိုလ်အမြဲပြုလုပ်ပေးနေကြောင်းပြောလာတဲ့ ရွှေရည်သိန်းတန်
ချစ်ပရိသတ်ကြီးရေ မြန်မာသံစဉ်တေးသီချင်းတွေနဲ့ ဂီတမှတ်တိုင်ကြီးကြီးမားမားကို စိုက်ထူထားနိုင်သူ တေးသံရှင် တွံ့တေးသိန်းတန်ကတော့ လူသေသွားပေမယ့် သူ့ရဲ့ နာမည်နဲ့ သီချင်းတွေက ပရိသတ်တွေကြားမှာ ဒီနေ့ဒီအချိန်ထိ ရှင်သန်နေဆဲ ဖြစ်ပါတယ်။
တွံ့တေးသိန်းတန်ရဲ့ သမီးဖြစ်သူ ရွှေရည်သိန်းတန်ကလည်း ဖခင်ဖြစ်သူရဲ့ အနုပညာကို အမွေတွေကို ဆက်ခံထားနိုင်သူဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ဒီနေ့ ဇန်နဝါရီလ (၁၁)ရက်နေ့မှာတော့ ပရိသတ်တွေရဲ့အချစ်တော် ဂန္တဝင်အဆိုတော်ကြီး တွံတေးသိန်းတန်ကွယ်လွန်သွားတာ (၂၃)နှစ်ပြည့်မြောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။
သမီးဖြစ်သူရွှေရည်သိန်းတန်ကတော့ ဖခင်ကြီး(၂၃)နှစ်ပြည့်နှစ်ပတ်လည်ဖြစ်တဲ့ ဒီနေ့လေးမှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖခင်ကြီးကို လွမ်းဆွတ်တမ်းတနေကြောင်း အခုလိုပဲရင်ဖွင့်လာခဲ့ပါတယ်။
“ဖေဖေ..၂၃ နှစ်ပြည့်ပြီတဲ့.တနေ့မှမမေ့သလို..ပူလောင်မှုတွေကြုံလာတိုင်းမျက်ရည်တွေကျရတိုင်းအကြိမ်ကြိမ် လဲပြိုရတိုင်းဖေဖေပေးတဲ့စိတ်ခွန်အားတွေနှင့်အကြိမ်ကြိမ်တည့်မတ်.ရုန်းထဖြတ်ကျော်လာခဲ့ရတာလည်း၂၃နှစ်ပြည့်ပြီပေါ့ဖေဖေရယ်
သမီးနှင့် အဖေက လက္ခဏာရောဇာတာပါတူတယ်.သမီးနာမည်အနောက်မှာ မင်းနာမည်ပါရင်.သူ့ဘဝ ကြမ်းလိမ့်မယ်လို့ရွှေပေါ်ကျွန်းဆရာတော်ကြီးဘုရားကြီးမိန့်ခဲ့တုန်းကအဖေရော သမီးပါ ခေါင်းမာမာနှင့် မှတ်ပုံတင်ထဲအထိရွှေရည်သိန်းတန် လို့အဖေနာမည်ပေးခဲ့တာကို အမြဲသတိရတယ်ဖေဖေ
သမီးပျော်တယ်..ဘာလောကဓံကြုံကြုံ သမီးကျေနပ်တယ်.ဖေဖေ့သမီးဖြစ်ရတာ.ဂုဏ်ယူတယ် .ဖေဖေ.ခေါင်းမာတာရော..ဘဝနာတာရော.ဘာတွေတူရတူရဖေဖေနှင့်သာတူရမယ်ဆို.ဒီနာမည်လေးကိုတသက်လုံးတမြတ်တနိုးနှင့် သေသည်အထိသမီးအရာရာကို အကောင်းဆုံး ဖြတ်ကျော်ပြသွားမယ်..ဖေဖေက သမီးအတွက် တဘဝစာ လမ်းပြခဲ့သူ.HERO ကြီးပါဖေဖေရယ်🙏🙏🙏S.Y. T. T”
ဒါ့အပြင် ရွှေရည်သိန်းတန်က ရောက်လေရာအရပ်တိုင်းမှာ ဖခင်ဖြစ်သူအတွက်ရည်စူးပြီး ကောင်းမှုကုသိုလ် အမြဲလုပ်ဖြစ်ပုံကိုလည်းယခုလိုပြောပြခဲ့ပါသေးတယ်။
“ရောက်ရာနေရာအလုပ်လုပ်ရင်းဖေဖေ့အတွက် ဒီနေ့ဘုရားသွားကောင်းမှုပြုပါမယ်.အမျိုးတို့🥰🥰🥰ကမ္ဘာသူကမ္ဘာသားအပေါင်းမြန်မာပြည်သူပြည်သားအပေါင်းဘေးဆိုးကပ်ရောဂါဆိုးအပေါင်းကိုကြားသိရမကြုံ​တွေ့ရသောဘဝဖြင့်အမြန်ဆုံးလွတ်မြောက်ကြပါစေ🙏🙏🙏
ဤနေ့သည်…အဂ်ါနေ့ဖြစ်ပါသောကြောင့်.အဂ်ါဂြိုလ်မင်းကြီးနှင့်တကွအဂ်ါသားသမီးအပေါင်းတို့၏ကိုယ်စား .. .. ပဌာန်းကျမ်းတော်မြတ်၅ကျမ်းအားရွတ်ပွါးပူဇော်၍လည်းကောင်း..သံဗုဒ္ဓေ ၉၀၀၀၀.. သရဏဂုံ ၉၀၀၀၀.ရက် ၉၀ အဓိဌာန်ဖြင့်၎င်း.မဟာဝေဒဗ္ဗရတနာမဏ္ဏာန်နှင့် ပထဝီဇယမဏ္ဏာန်တော်မြတ်ကို ရက်၉၀အဓိဌာန်ဖြင့်၎င်း.
မေတ္တာသုတ်ပရိတ်တော်မြတ်ကို..၁၀၈ ကြိမ်တိတိရွတ်ပွားပူဇော်ပါ၏..ဤကောင်းမှုကြောင့်..အဂ်ါ ဂြိုလ်မင်းကြီးနှင့်တကွ..အဂ်ါ သားသမီးအပေါင်းသူတော်ကောင်းတို့သည်၎င်း..အဂ်ါနေ့ဖွားအနုပညာရှင်အပေါင်းသူတော်ကောင်းတို့သည်၎င်း..အဂ်ါနေ့ဖွားရတနာလုပ်ငန်းဖြင့်အသက်မွေးကြသူ..ဝတ်ဆင်ကြသူအပေါင်းတို့သည်၎င်း.ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ..
ဒေါသခပ်သိမ်းငြိမ်းကြပါစေ..ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ…နှလုံးစိတ်ဝမ်းအေးချမ်းကြ၍..လူအချင်းချင်း..လှည့်ပတ်ခြင်း..အထင်သေးခြင်း..ဆင်းရဲစေလိုခြင်း..ကင်းကြပါစေရှင်.ဗုဒ္ဓဂုဏ်တန်ခိုးဖြင့်အေးချမ်းကြပါစေ🙏🙏🙏”ဆိုပြီးရေးသားထားတာလေးကို ဖော်ပြပေးလိုက်ရပါတယ်နော်
Source Shwe Yee Thein Tan
Zawgyi
ဆေးရုံတက်နေရတဲ့ သားလေး ခိုင်ဇွဲခန့်မောင်ရဲ့ ဝမ်းသားစရာသတင်းကို ပြောပြလာတဲ့ ခိုင်နှင်းဝေ
ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ မိဘတွေရဲ့စွန့်ပစ်ခြင်းကို ခံရတဲ့ ရင်ခွင်မဲ့ လူမမယ်ကလေးငယ်တွေကို မိခင်အရင်သဖွယ်မေတ္တာတွေပေးကာစောင့်ရှောက်နေခဲ့တာပရိသတ်တွေတွေ့မြင်တဲ့အတိုင်းပါပဲနော်။
ကလေးတွေကို သားသမီးအရင်းအဖွယ် စေတနာအပြည့်နဲ့ စောင့်ရှောက်တဲ့ ခိုင်နှင်းဝေရဲ့ စိတ်ဓာတ်လေးက တော်ရုံလူတွေမှာ မရှိနိုင်တဲ့ စိတ်လေးပါ။ကလေးတွေကို ပြုစုစောင့်ရှောက်ရုံသာမက ကျန်းမာရေးမကောင်းတဲ့ ကလေးတွေကိုလည်း ရောဂါတွေပါ ကုသပေးနေခဲ့ပါသေးတယ်။
လတ်တလောမှာလည်း သူ့ရဲ့ကလေးတွေထဲက သားလေး ခိုင်ဇွဲခန့်မောင် လေးက ကျန်းမာရေးမကောင်းတာကြောင့် ဆေးကုသမှုခံယူနေခဲ့ရပါတယ်။ သိုပေမဲ့ လက်ရှိမှာ သားလေးက ကျန်းမာရေးလည်းကောင်းမွန်လာပြီး ရောဂါ ဝေဒနာတွေလည်း သက်သာနေပြီဖြစ်တဲ့အတွက် ဆေးရုံက ဆင်ရပါတော့မယ်တဲ့။
ခိုင်နှင်းဝေကတော့ သားလေး ခိုင်ဇွဲခန့်မောင်ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် သားလေးဆေးရုံဆင်းခွင့်ရပြီဖြစ်တဲ့ ဒီသတင်းကောင်းလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။
ပရိသတ်ကြီးရေ သားလေးကို တက်ရောက်ကုသခွင့်ပေးတဲ့ ရန်ကင်းကလေးဆေးရုံကြီးကိုလည်း ခိုင်နှင်းဝေက ကျေးဇူးတင်ကြောင်းပြောထားပါသေးတယ်။
Source – Khine Hnin Wai
Credit– CeleZone
Zawgyi
Source – Khine Hnin Wai
Credit– CeleZone