အလှုုရှင်တစ်ဦးရဲ့မွေးနေ့အလှူအဖြစ်အဖိုးအဖွား(၁၀) ဦးအား Suprise လုပ်ပြီ တစ်ဦးလျင်ငါးသောင်းကျပ်စီပြန်လည်လှူဒါန်းပေးခဲ့တဲ့ မိုးစက်
ပရိတ်သတ်ကြီးရေမိုးစက်ကိုတော့အထူးမိတ်ဆက်ပေးစရာမလိုတော့ပါဘူးနော်။မိုးစက်ကအရာရာခက်ခဲနေတဲ့အချိန်ကာလတွေမှာအကြောင်းအမျိုးမျိုးကြောင့်စားဝတ်နေရေးအတွက်အဆင်မပြေဖြစ်နေတဲ့
မိသားစုတွေကိုတစ်ဖက်တစ်လမ်းကနေကူညီလှူဒါန်းပေးပြီး စိတ်ရောကိုယ်ပါလုပ်ဆောင်ပေးနေတာမို့ပရိသတ်တွေလေးစားချစ်ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
မိုးစက်ကကိုယ်တိုင်လည်းရရှိတဲ့အနုပညာကြေးလေးတွေစုပေါင်းပြီးလှူဒါန်းသလိုအများစုပေါင်းအလှူတွေမှာလည်းလုပ်အားဒါနတွေကူညီလေ့ရှိပါတယ်။သူ့ရဲ့အလှူလေးတွေမှာအနယ်နယ်အရပ်ရပ်ကနေ စေတနာရှင်များရဲ့လှူဒါန်းမှုတွေနဲ့အတူလှူဒါန်းထောက်ပံ့ပေးနေတာဖြစ်ပါတယ်။
သူပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်းပရိသတ်တွေထပ်တူသာဓုခေါ်နိုင်အောင်အမြဲဖော်ပြလေ့ရှိပါတယ်။ယနေမှာတော့စင်္ကာပူမှာနေတဲ့မခိုင်ယဥ်မွန်ရဲ့မွေးနေ့အလှူအဖြစ်အဖိုးအဖွားမျာထံ ပြန်လည်လှူပေးခဲ့ပုံလေးကိုပြောပြလာပါတယ်နော်
“ဒီနေ့အတွက်အဖိုးအဖွား(၁၀)ဦး Suprise 🎊🎁😍၅သိန်းကျပ်😍သမာအာဇီဝကျကျလုပ်ကိုင်စားသောက်နေကြတဲ့အဖိုးအဖွားတိုကိုကူညီလှူဒါန်းချင်လိုပါတဲ့။တကယ်ပါကျွန်တော့်ရဲ့ ကူညီလှူဒါန်းမှူကိုကြည်နူးပီတိဖြစ်နေသူမိတ်ဆွေအပေါင်းအသင်းများရဲ့ပူးပေါင်းပါဝင်မှူကြောင့်အခုဆိုရင် နေ့စဥ် နေ့တိုင်းအချိန်တော်တော်များများကို အဖိုးအဖွားတို့အတွက်ကူညီပေးနိုင်ခဲ့ပါတယ်။
ဒီနေ့မှာလဲစင်္ကါပူ နိုင်ငံမှာနေထိုင်နေတဲ့မခိုင်ယဥ်မွန်ကသူ့ရဲ့ မွေးနေ့အတွက်အဖိုးအဖွားတိုကိုပန်းတစ်စည်း ၅သောင်းနဲ့အဖိုးအဖွား ၁၀ ဦး၅သိန်းကျပ်ကိုကျွန်တော့်ကိုလှူဒါန်းပေးဖို ပြောခဲ့ပါတယ်။
လှိက်လှိက်လှဲလှဲဝမ်းသာစွာနဲ့ဒီနေ့တစ်နေ့လုံးဆရာဦးသျှန်ထွဏ်း၊ကျွန်တော့်ရဲ့ပါရမီဖြည့်ဖက်လေးတိုနဲ့အတူ၃ဦးသားကိုယ်စားလှူဒါန်းခွင့်ရလိုက်တာအရမ်းကို ပီတိဖြစ်မိပါတယ်။
ဆရာဦးသျှန်ထွဏ်းကလဲမွေးနေ့လက်ဆောင်သီချင်းလေးနဲ့သဒ္ဓါတရားထပ်သန်သူမခိုင်ယဥ်မွန်ကိုဂုဏ်ပြုတေးလေးရေးဖွဲပေးပါတယ်ဗျ။အဖိုးအဖွားများကိုလှူဒါန်းပေးတဲ့မခိုင်ယဥ်မွန်လဲမွေးနေ့မှ စ၍သက်ရှည်ကျန်းမာပါစေ ။
ကျွန်တော့်ရဲ့လှူဒါန်းမှူတိုင်းမှာပါဝင်အားဖြည့်ပေးကြသူများလဲကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။🙏🙏🙏”ဆိုပြီးရေသားမျှဝေထားတာလေးကိုထပ်ဆင့်တင်ပြပေးလိုက်ရပါတယ်နော်
Source Moe Sat
Source Moe Sat
ရေခဲထုပ်ရောင်းပြီး သမာအာဇီဝကျကျလုပ်ကိုင်စားသောက်နေတဲ့ အဖွားတစ်ဦးအား ကူညီထောက်ပံ့ပေးခဲ့တဲ့ မိုးစက်
လူရွှင်တော်မိုးစက်ကတော့လတ်တလော နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ရောဂါကူးစက်မှုဖြစ်ပေါ်နေတဲ့ အချိန်ကာလတွေမှာအကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက်အခက်အခဲဖြစ်နေတဲ့ မိသားစုတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေလုပ်ပေးပြီး မွန်မြတ်တဲ့ ပရဟိတအလုပ်တွေကို လုပ်ကိုင်ပေးနေတာဖြစ်ပါတယ်။
သူ့ရဲ့အလှူလေးတွေမှာ အနယ်နယ်အရပ်ရပ်ကနေ စေတနာရှင်များရဲ့ လှူဒါန်းမှုတွေနဲ့ အတူလှူဒါန်းထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။အနုပညာရှင်တွေသာမကအဆင်မပြေတဲ့အိမ်ထောင်စုတွေကိုတွေ့ရင်လည်းအမြဲတမ်းတတ်စွမ်းသလောက်ကူညီခဲ့တဲ့စေတနာကောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။
မိုးစက်က ကိုယ်တိုင်လည်း ရရှိတဲ့ အနုပညာကြေးလေးတွေစုပေါင်းပြီးလှူဒါန်းသလိုအများစုပေါင်းအလှူတွေမှာလည်း လုပ်အားဒါနတွေကူညီလေ့ရှိပါတယ်။ဒါ့ကြောင့်လည်းပရိသတ်တွေအားလုံးက မိုးစက်ကို လေးစားချစ်ခင်နေကြတာပါ။
ဒါတင်မကဘဲ သူရဲ့အလှူလေးတွေကိုလည်း အားလုံးမြင်တွေ့ပြီးပီတိဖြစ်ရအောင်လည်းရေးသားဖော်ပြလေ့ရှိပါတယ်။ဒီနေ့မှာတော့ ၁၀ နှစ်ကျော်ကြာထိရေခဲထုပ်ရောင်းပြီးသမာအာဇီဝကျကျလုပ်ကိုင်နေတဲ့အဖွားတစ်ဦးအားကူညီခဲ့ပုံကိုပြောထားပါသေးတယ်။
“အရင်တုန်းက ရောင်းကောင်းပါတယ်အခုတော့ တော်တော်ပါးသွားပြီ””မပူပါနဲ့ဗျာအဖွားရေခဲထုပ်ရောင်းနေတာကိုအားပေးဖို့လမ်းညွှန်လိုက်တဲ့လူရှိလို့အဖွားဆီကို တကူးတကလာခဲ့တာပေါ့””ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်”
“ရေခဲထုပ်ကဘယ်လိုရောင်းတာလဲ အဖွား””တစ်ထုပ် ၁၀၀ ပါ””ဒီမှာကျန်တဲ့ရေခဲထုပ် ၂၂ထုပ်အကုန်အားပေးမယ်နော်””အဖွားရောင်းတာရောဘယ်လောက်ကြာပြီလဲ””၁၀ နှစ်ကျော်သွားပြီ “”တော်တော်တောင်ကြာပြီဘဲကဲ အဖွားရဲ့ သမာအာဇီဝ ကျကျစျေးရောင်းတာကို ဂုဏ်ပြုတဲ့အနေ နဲ့ရေခဲထုပ် ၂၂ထုပ် ဖိုး ”
“ဟာပိုက်ဆံတွေကအများကြီးဘဲ””ဟုတ်တယ် တစ်သိန်းကျပ်ပါ အဖွား””ကျေးဇူး အများကြီးတင်ပါတယ်အဖွားစျေးရောင်းနေတာတောင်တစ်ချို့ကအထင်သေးကြတယ်။အခုလိုအထင်မသေးတဲ့အပြင်ကူညီပေးလို့ ကျေးဇူးတင်ပါတယ်သားရယ်.”
အဖွားစျေးရောင်းတာကို လာပြောပြပေးတဲ့အစ်ကို ကိုလဲဒီနေရာကနေ ကျေးဇူးတင်ပါတယ်ခင်ဗျာ။အဖွားက ရွှေပေါက္ကံ(၁၂)ရပ်ကွက် မှာရေခဲထုပ်လေးတွေ ရောင်းချနေပါတယ်ဗျ ။
အားပေးကြပါဦးနော်။😍အခုလို စျေးရောင်းချနေတဲ့အဖိုးအဖွားတွေ ကိုလှူဒါန်းခွင့်ရအောင်ကျွန်တော်နဲ့အတူ ပါဝင်ပေးကြသူများလဲကျေးဇူးကမ္ဘာပါခင်ဗျာ။🙏🙏🙏ဆိုပြီးရေးသားထားတာလေးကိုပြန်လည်မျှဝေဖော်ပြပေးလိုက်ရပါနော်
Sources MoeSat
Zawgyi
“ရေခဲထုပ်က ဘယ်လိုရောင်းတာလဲ အဖွား””တစ်ထုပ် ၁၀၀ ပါ””ဒီမှာကျန်တဲ့ရေခဲထုပ် ၂၂ထုပ်အကုန်အားပေးမယ်နော်””အဖွားရောင်းတာရောဘယ်လောက်ကြာပြီလဲ””၁၀ နှစ်ကျော်သွားပြီ””တော်တော် တောင်ကြာပြီဘဲကဲ အဖွားရဲ့ သမာအာဇီဝ ကျကျဈေးရောင်းတာကို ဂုဏ်ပြုတဲ့အနေ နဲ့ရေခဲထုပ် ၂၂ထုပ် ဖိုး ”
Sources MoeSat
“သားအမိ၃ယောက်ရဲ့ဝမ်းရေးအတွက် ပဲကတ္တီပါပြုတ်ရောင်းပြီးရပ်တည်နေတဲ့အဖွားအိုတစ်ယောက်ကိုကူညီပေးခဲ့တဲ့ လူရွှင်တော်မိုးစက်”
ပရိသတ်ကြီးရေလူရွှင်တော်မိုးစက် အလှူရှင်တွေနဲ့အတူ စီနီယာဆရာသမားတွေကိုရတဲ့ဘက်ကအကူအညီတွေပေးနေတဲ့အပြင် ဘယ်အချိန်ဘယ်နေရာမှာပဲ ဖြစ်ဖြစ်သက်ကြီးရွယ်အိုတွေအပြင် ဒုက္ခရောက်နေတဲ့သူတစ်ချို့ကို နိုင်သလောက်ထောက်ပံ့ပေးတတ်သူပါ။ဒီနေ့မှာလည်း သာစည်မြို့ကို သွားရောက်ရင်း ပဲကတ္တီပါပြုတ်ရောင်းတဲ့အဖွားအိုတစ်ယောက်ကိုကူညီခဲ့တာပဲ ဖြစ်ပါတယ် ။
“သာစည်မြို့က ပြန်ခါနီးလေးမှာပေါ့.အဖွား ပဲကတ္တီပါပြုတ်ရောင်းတာ တစ်ရက်တစ်ထောင်ကျော်လောက်တော့ မြတ်တယ်…”ဟင်..တစ်ထောင်ကျော်…၊ အဖွားတို့ တစ်ထောင်ကျော်နဲ့ စားလောက်ပါ့မလား..”မလောက်ပါဘူး သားရယ်
နယ်မြို့လေးဆိုတော့ နည်းနည်းပါးပါးလေးဘဲရောင်းရတာပေါ့””အဖွားမှာ သမီးတွေ ရှိတယ်လို့အဖွားအကြောင်းပြောပြသူတွေက တစ်ဆင့် သိရပါတယ်..၊ အဲ့ဒီသမီးတွေကရော””အကြီးမ ကတော့ အိမ်မှာဘဲယက်ကန်းယက်တယ် ၊ တစ်ရက် ၂၅၀၀ လောက်တော့ ရတယ်.
အငယ်မလေးကတော့သူများ ယက်ကန်းမှာ အလုပ်ဝင်ရတာပေါ့သူလဲ တစ်ရက် ၂၀၀၀ လောက်တော့ ရတယ်””ဒါဆို အဖွားတို့ သားအမိ ၃ယောက်တည်းစားလောက်ရဲ့လား””ဘယ်လောက်မလဲ သားရယ်အငယ်မလေး ဆေးကုထားတာကြောင့်ကြွေးမှီလေးတွေက ထပ်တင်နေတာအဲ့ဒါလေးတွေလဲ ဖဲ့ဆပ်နေရတာပေါ့”
“ဟုတ်ကဲ့ပါ အဖွားသား ပဲကတ္တီပါပြုတ် တော့ မယူတော့ပါဘူး ။အဖွားကို တစ်သိန်း ကန်တော့ခဲ့မယ်နော်…ဝမ်းသာလိုက်တာသားရယ်…ကျေးဇူးလဲ တင်ပါတယ်”ဒီလိုနဲ့ သာစည်မြို့ကို ခေတ္တရောက်နေတဲ့ကျွန်တော့်အတွက် ပီတိဖြာနေတဲ့ အပြုံးလေးတစ်ပွင့် မြင်လိုက်ရတာပေါ့ဗျာ။အဖွားလဲ အခက်အခဲတွေ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကျွန်တော်ရောက်သမျှနေရာတိုင်းမြင်တွေ့သမျှ အခက်အခဲတွေကိုကူညီခွင့်ရအောင်ပါဝင်လှူဒါန်းပေးကြတဲ့ မိတ်ဆွေအပေါင်း ကျေးဇူးကမ္ဘာပါခင်ဗျာ။🙏🙏🙏”ဆိုတဲ့စာလေးနဲ့ ပကာသနမပါတဲ့လှူဒါန်းမှုလေးအထမြောက်ခဲ့ပုံကိုဖောက်သည်ချပြောပြခဲ့တာပါ။
ပရိသတ်ကြီးလည်းရောက်တဲ့နေရာရောက်တဲ့အရပ်မှာအလှူရေစက်လက်နဲ့မကွာလှူဒါန်းပေးတဲ့ မိုးစက်ရဲ့ကုသိုလ်တွေကိုသာဓုခေါ်ခဲ့ကြပါဦးနော်။
Credit CeleGabar
Source – MoeSat
ZawgyiFontဖြင့်ဖတ်ရန်
Credit CeleGabar
Source – MoeSat
တစ်လမ်းဝင် တစ်လမ်းထွက် နေပူထဲ ရေခဲထုပ်ရောင်းနေရှာတဲ့ အဖွား အတွက် ကူညီထောက်ပံ့ပေးလိုက်ပြန်တဲ့ မိုးစက်
လူရွှင်တော်မိုးစက်ကတော့ အနုပညာအလုပ်တွေနဲ့ ပရိသတ်တွေကိုရယ်မောပျော်ရွှင်စေရုံတင်မကဘဲ လှူဒါန်းမှုတွေလည်း မကြာခဏပြုလုပ်နေသူ ဖြစ်ပါတယ်။
သက်ကြီးရွယ်အိုအနုပညာရှင်တွေကို လှူဒါန်းနေတဲ့အပြင် စားဝတ်နေရေးခက်ခဲကာ ဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကိုပါ တတ်နိုင်သလောက် ကူညီပေးနေသူလည်း ဖြစ်ပါတယ်။
သူရဲ့ အလှူလေးတွေကိုလည်း အများသူငါ မြင်တွေ့ပြီး ပီတိဖြစ်ရအောင်လည်း အမြဲလိုလို ဝေမျှပေးလေ့ရှိပါတယ။အခုလည်း တစ်လမ်းဝင်တစ်လမ်းထွက် နေပူထဲ ရေခဲထုပ်ရောင်းနေရှာတဲ့ အဖွားကို အတိုင်းမသိ ပျော်ရွှင်စေခဲ့တဲ့ အလှူလေး တစ်ခုကို ပြုလုပ်ခဲ့ပြန်ပါတယ်
အလှူနဲ့ပတ်သက်ပြီးလည်း ”“ရေခဲထုပ်တွေအများကြီးထည့်ထားရင် ပစ်လဲနေလို့ နှစ်ခါခွဲရောင်းရတာပါသားရယ် တစ်နေ့လုံးရောင်းမှ ၂၅၀၀ ဘဲ မြတ်တာပါ ဈေး မဆစ်ပါနဲ့နော်”ဒီ ၁၅ ထုပ်ကို သားအကုန်ယူမှာလေ နည်းနည်းတော့ လျော့ပေးပါဦး
”အဖွား တကယ်လျော့မရတော့လို့ပါ…” ဟုတ်ကဲ့ပါ အဖွားဒီမှာ ပိုက်ဆံ” သား ပိုက်ဆံတွေက အများကြီးဘဲ…” အဲ့ဒါ ၁၅၀၀ မဟုတ်ဖူးလား” မဟုတ်ပါဘူးဒါ ၅၀၀ တန် တွေလား.???” အဖွားသေချာလေးကြည့်ပါဦး”
တစ်သောင်းတန်တွေ 1.2.3.4.5.6.7.8.9.10…၁၀ရွက်တောင်.ဟီးရော့.ဟာ.မဟုတ်ဘူးလေ အဖွားကို အကုန်လုံးကန်တော့တာ”တကယ်လားဝမ်းသာလိုက်တာ…ကျေးဇူးတင်ပါတယ်သားရယ်
”ဒါဆို ဒီရေခဲထုပ်တွေက …”သားစားရင် စား ၊ မစားရင် ဒီနားကလူတွေ ဝေလိုက်တော့လေ ဟုတ်ပြီဗျာ…ကဲ ပျော်ရဲ့လား အဖွား”ပျော်တာပေါ့ သားရယ်.တစ်နေ့ လုံးရောင်းမှ ၂၅၀၀ လောက်ဘဲရတာလေ အခုက တစ်သိန်းကြီးများတောင်ဆိုတော့ အဖွားအရမ်းပျော်တာပေါ့.
”အသက်(၇၆)အရွယ်ရောက်နေတဲ့အပြင် ခါးလေးတွေ ကုန်းပြီး လမ်းလျှောက်တာတုန်ရီနေပေမယ့်ဇွဲမလျော့ဘဲ ဈေးရောင်းနေတဲ့အဖွားဒေါ်တင်ရီ ကိုလှူလိုက်ရတဲ့ တစ်သိန်း ကျပ် ဟာ အားလုံးရင်ထဲမှာကျေနပ်ပီတိဖြစ်နေမယ်လို့ ယုံကြည်ပါတယ်။”ရေးသားဖော်ပြထားရာပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Credit – Yaungchi
Photo – Moe Sat
-Zawgyi Font ဖြင့်ဖတ်ရန် –
တစ်သောင်းတန်တွေ 1.2.3.4.5.6.7.8.9.10…၁၀ရွကက်တောင်..ဟီး…ရော့.ဟာ..မဟုတ်ဘူးလေ အဖွားကို အကုန်လုံးကန်တော့တာ.”တကယ်လားဝမ်းသာလိုက်တာ…ကျေးဇူးတင်ပါတယ်သားရယ်
Credit – Yaungchi
Photo – Moe Sat
စားဝတ်နေရေးအတွက် ငှက်လေးတွရောင်းပြီး ဖြေရှင်းနေရတဲ့ အသက် (၆၆)နှစ်အရွယ် အဖိုးတစ်ဦးအား ထောက်ပံကူညီပေးခဲ့တဲ့ မိုးစက်
ယခုတလောမှာမိုးစက်ကအရာရာ ခက်ခဲနေတဲ့ အချိန်ကာလတွေမှာအကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အဆင်မပြေဖြစ်နေတဲ့ မိသားစုတွေကိုတစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းပေးပြီး စိတ်ရောကိုယ်ပါ လုပ်ဆောင်ပေးနေတာ မို့ ပရိသတ်တွေလေးစားချစ်ရတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
အဘက်ဘက်ကစားဝတ်နေရေးခက်ခဲနေတဲ့ကာလကြီးမှာ အလှူရှင်တွေနဲ့စုပေါင်းကာ ဒုက္ခရောက်နေတဲ့ သူတွေအပြင် လမ်းမှတွေ့တဲ့သက်ကြီးရွယ်အိုတွေကိုလည်း အကူအညီပေးလျက်ရှိသူပါ။
ဒါ့ကြောင့်လည်းပရိသတ်တွေအားလုံးက မိုးစက်ကို လေးစားချစ်ခင်နေကြတာပါ။ဒါတင်မကဘဲ သူရဲ့အလှူလေးတွေကိုလည်း အားလုံးမြင်တွေ့ပြီး ပီတိဖြစ်ရအောင်လည်းရေးသားဖော်ပြလေ့ရှိပါတယ် ။
ဒီနေ့မှာလည်း စားဝတ်နေရေးအတွက် ငှက်လေးတွရောင်းပြီး ဖြေရှင်းနေရတဲ့ အဖိုးကို ကူညီထောက်ပံ့ခဲ့ပါတယ်။ အဖိုးကတော့ အသက် (၆၆)နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဗိုလ်တစ်ထောင်စေတီတော်မြတ်ကြီးနားမှာ ငှက်လေးတွေ လွှတ်ဖို့ရောင်းနေတာပါတဲ့။
အဖိုးရဲ့ နာမည်ကတော့ ဦးချစ်ကောင်း လို့သိရပြီး အဖိုးက ဒလကနေ ဗိုလ်တစ်ထောင်အထိလာရောက်ကာ ငှက်တွေရောင်းနေခဲ့ရတာပဲဖြစ်ပါတယ်။မိုးစက်ကတော့ အဖိုးဆီကနေ ငှက်တွေအကုန်လုံးကို ဝယ်ယူပြီး အလှူငွေ (၁)သိန်းလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။မိုးစက်ကတော့ အဖိုးနဲ့ အတူ ငှက်တွေအကုန်လုံးကို တူတူလွှတ်ပေးခဲ့ပါသေးတယ်တဲ့။
အဖိုးကတော့ အလှူငွေတွေရရှိပြီး စားဝတ်နေရေးလတ်တလောပြေလည်သွားတဲ့အတွက် ပျော်ရွှင်နေခဲ့ပြီး အဖိုးရဲ့ ဘဝမှာ ကိုယ်ရောင်းတဲ့ ငှက်လေးတွေဒီလောက်အများကြီး ကိုယ်တိုင်ပြန်လွှတ်ရမယ်လို့တစ်ခါမှ တွေးမထားဖူးပါဘူးကွယ် ဆိုပြီးတော့လည်း ဝမ်သာပီတိဖြစ်စွာနဲ့ ရင်ထဲကခံစားချက်တွေကို မျှဝေခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ။
Credit Celezone
Source Moe Sat
Zawgyi
Credit Celezone
Source Moe Sat
“စိတ်မနှံ့တဲ့ မြေးမလေး နဲ့ အစ်မကို ပဲပြုတ်ရောင်းပြီးရှာကျွေးနေတဲ့ အသက်၇၀အရွယ် အမေကြီးအား ကူညီထောက်ပံ့ပေးခဲ့တဲ့ မိုးစက်”
ပရိသတ်ကြီးရေလတ်တလောမှာပရဟိတ လုပ်ငန်းတွေရရင်ရသလို ပြုလုပ်နေသူတွေထဲမှာ လူရွှင်တော်မိုးစက်လည်းအပါအဝင်ပါပဲနော်။ အဘက်ဘက်ကစားဝတ်နေရေးခက်ခဲနေတဲ့ကာလကြီးမှာ အလှူရှင်တွေနဲ့စုပေါင်းကာ ဒုက္ခရောက်နေတဲ့ သူတွေအပြင် လမ်းမှတွေ့တဲ့သက်ကြီးရွယ်အိုတွေကိုလည်း အကူအညီပေးလျက်ရှိသူပါ။
မိုးစက်က ကိုယ်တိုင်လည်း ရရှိတဲ့ အနုပညာကြေးလေးတွေစုပေါင်းပြီး လှူဒါန်းသလို အများစုပေါင်းအလှူတွေမှာလည်း လုပ်အားဒါနတွေကူညီလေ့ရှိပါတယ် ။
ဒါ့ကြောင့်လည်းပရိသတ်တွေအားလုံးက မိုးစက်ကို လေးစားချစ်ခင်နေကြတာပါ။ဒါတင်မကဘဲ သူရဲ့အလှူလေးတွေကိုလည်း အားလုံးမြင်တွေ့ပြီး ပီတိဖြစ်ရအောင်လည်းရေးသားဖော်ပြလေ့ရှိပါတယ် ။
ဒီနေ့မှာတော့ မိုးစက်က “စိတ်မနှံ့တဲ့ မြေးမလေး နဲ့ အစ်မဖြစ်သူတို့ကိုခြေထောက်မကောင်းတဲ့ကြားက ပဲပြုတ်လေးရောင်းပြီး ရှာဖွေကျွေးမွေးနေတဲ့ အသက် (၇၀) အရွယ် အမေအိုကြီးကို ၁သိန်းကျပ် လှူဒါန်းခဲ့ပါတယ်။
အဖွားက တောင်ဒဂုံ (၂၆) ရပ်ကွက်မှာ မနက်ပိုင်း စားတော်ပဲပြုတ် နဲ့ ညနေပိုင်း ပဲကတ္တီပါပြုတ်တို့ကို ရောင်းချလျက်ရှိပါတယ်”လို့ မျှဝေထားတာလေးကိုပြန်လည်တင်ပြလိုက်ရပါတယ်
Photo-MoeSat
-Zawgyi Font ဖြင့်ဖတ်ရန် –
Photo-MoeSat
ကွယ်လွန်သူ မျက်မမြင် ဓားသွေး အဘအား လစဉ်ထောက်ပံ့ငွေထဲမှလက်ကျန်ငွေလေးဖြင့် အဘတွက်ရည်စူးပြီးကုသိုလ်ကောင်းမှုများပြုလုပ်လုပ်ပေးခဲ့တဲ့ မိုးစက်
မိုးစက်ကတော့ ခုလိုကာလတွေမှာသူကိုယ်တိုင်ရှာဖွေထားတဲ့ချွေးနှဲစာအပြင် (၇)ရက်သားသမီးအလှူရှင်တွေနဲ့ စုပေါင်းပြီး အခက်အခဲဖြစ်နေသူတွေကို စာနာစိတ်ဖြင့် လိုက်လံကူညီနေတာမို့ အများက လေးစားနေရတာပါ။ဒါ့အပြင် အနုပညာ အသိုင်းအဝိုင်းထဲက ခက်ခဲနေတဲ့ သက်ကြီးပိုင်းတွေကိုလည်း ကူညီ ထောက်ပံ့ပေးလျက်ရှိပါတယ် ။
အခုလည်း သူလစဉ်ထောက်ပံ့ပေးနေတဲ့မျက်မမြင် ဓားသွေးတဲ့ အဘ ကွယ်လွန်သွားတာကြောင့် သူရဲ့ကျန်ရှိနေတဲ့ငွေတွေထဲက အဘအတွက် ရည်စူးပြီးအလှူအတန်းများစွာ ပြုလုပ်ခဲ့ပေးဖြစ်ခဲ့ကြောင်း ရေးသားဝေမျှလာပါတယ်။
အလှူနဲ့ ပတ်သက်ပြီး ”ကွယ်လွန်သူ(မျက်မမြင်ဓားသွေး )အဘ ဦးမောင်ကြိုင် အသက်(၇၁) နှစ် ရဲ့ လစဉ်ထောက်ပံ့ငွေ ကျွန်တော့်ဆီမှာ(၁၀)သိန်းတိတိကျန်ခဲ့ပါတယ်။
” ဒီနေ့ (30.12.2021) နေ့မှာ….ဘဘ ဦးမောင်ကြိုင် နာရေးအသုံးပြုရန်အတွက် ၅)သိန်းကျပ် ပေးခဲ့ပြီး…Royal Asia Myanmar သောက်ရေသန့်မှသောက်ရေသန့်ကဒ် (၃၀)ပါဝင်လှူဒါန်းပေးပါတယ်ဘဘ ရဲ့ဇာတိမြေမြစ်ခြေမြို့ ဆည်းဆာအေးရိပ် ဘိုးဘွားစောင့်ရှောက်မှူဂေဟာ အတွက်၁သိန်း ကျပ် ။
ခဝဲ ခြံ မျက်မမြင်စောင့်ရှောက်ရေးဂေဟာအတွက်၁သိန်းကျပ်။ရမျက်စိကွယ်နေတဲ့အပြင်ကိုယ်လက်ထုံကျင်ရောဂါများကြောင့်ဆရာထူးခန့်ကျော်ဆီမှာပြသနေရတဲ့ ဆရာလေး ဒေါ်ပညာစာရီ အတွက် ၁သိန်းကျပ် ။
Shake ဆိုင်မှပေါင်မုန့်လေးတွေယူပြီး မြို့ထဲမှာလှည့်လည်ရောင်းချနေသော အသက်(၇၈)အရွယ် အဘဦးသာ အတွက် ၁သိန်းကျပ်။အသက် (၉၀)ကျော် မိခင်ကြီးကို ရှာဖွေ ကျွေးမွေးနေတဲ့ ကိုယ်တိုင်ချုပ်အိတ်များရောင်းချသော အဘ ဦးတင်ဝင်း အတွက်..၁သိန်းကျပ် ။အသီးသီး ခွဲဝေ လှူဒါန်းခဲ့ပါတယ်။
ဤသို့လှူဒါန်းပေးရသော အကျိုးအားကြောင့်ဘဘဦးမောင်ကြိုင်တစ်ယောက် နောက်ဘဝများလူဖြစ်ခွင့်ရခဲ့ပါလျှင် စက္ခုနှစ်ကွင်း အလင်းရ၍ ကိုယ်ခန္ဓာ ၊အသိပညာ ချို့ယွင်းမှူကင်းသော လူပုဂ္ဂိုလ်တစ်ဦးဖြစ်နိုင်ပါစေခင်ဗျာ။ရောက်ရာဘုံဘဝမှ သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ပါစေ ”ရေးသားထားရာပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Credit Cele Zone
Source Moe Sat
Zawgyi
Credit Cele Zone
Source Moe Sat
မျက်စိမမြင်သော်လည်း ဓားသွေးပြီး ဝမ်းရေးဖြေရှင်းနေရလို့ လစဉ်ကူညီထောက်ပံ့ပေးခဲ့တဲ့ အဘ ဦးမောင်ကြိုင် ရဲ့ စိတ်မကောင်းစရာသတင်းကိုပြောလာတဲ့ မိုးစက်
ပရိသတ်ကြီးရေ မိုးစက်ကတော့ ဝမ်းရေခက်ခဲစွာဖြေရှင်းနေရတဲ့ သက်ကြီးရွယ်အို အဖိုးအဖွားတွေကို သူရဲ့အလှူရှင်တွေနဲ့ ပေါင်းပြီး လိုက်လံကူညီထောက်ပံ့ပေးနေတာပရိသတ်တွေလည်းသိရှိပြီးသားဖြစ်မှာပါနော်။
မိုးစက်ကူညီထောက်ပံ့ပေးနေတဲ့ အဖိုးအဖွားတွေထဲက ဓားသွေးပြီး ဝမ်းရေးဖြေရှင်နေရတဲ့ မျက်မမြင် အဘ ဦးမောင်ကြိုင်ကိုပရိသတ်တွေမှတ်မိမယ်ထင်ပါတယ်နော်။
အဘဦးမောင်ကြိုင်ကတော့ မနေ့က နေ့လည်(၁၁း၅၅)မိနစ်မှာ ဘဝတစ်ပါးကိုပြောင်းရွှေ့ကွယ်လွန်သွာဒခဲ့ပါတယ်။ မိုးစက်ကတော့ အဘရဲ့ နာရေးသတင်းလေးကို စိတ်မကောင်းစွာနဲ့ပဲသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။
”အလှူရှင်များရဲ့ လှူဒါန်းငွေများနဲ့ ကျွန်တော် လစဉ်ထောက်ပံ့ပေးနေရတဲ့ဓားသွေးတဲ့ မျက်မမြင် အဘ ဦးမောင်ကြိုင်အသက် (71) နှစ် ဟာ…ဒီနေ့ နေ့လည်(11:55) မိနစ်မှာ ကွယ်လွန်သွားရှာပါပြီ ။
ဒီဇင်ဘာ (၁၅) ရက်နေ့က ဘဘ ဆီထောက်ပံ့ငွေ ပေးရင်း တွေ့ခဲ့ရတာနောက်ဆုံးဖြစ်မယ်မှန်းမသိခဲ့ပါဘူး။ဘဘ ဦးမောင်ကြိုင်တစ်ယောက်ကောင်းရာသုဂတိလားပါစေ ။”ဆိုပြီးအဘရဲ့နာရေးကိုစိတ်မကောင်းစွာနဲ့ပဲ အဘကိုကူညီထောက်ပံ့ပေးနေတဲ့ အလှူရှင်တွေ သိရှိအောင် မျှဝေဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်
source – Moe Sat
Credit – CeleZone
Zawgyi
source – Moe Sat
Credit – CeleZone