ရခိုင်ကနေ ရန်ကုန်ကို သြဂုတ် ၁၀ ရက်မှစ၍ လေယာဉ်နဲ့ လာသူအားလုံး သတင်းပို့ရမည်၊ ပျက်ကွက်ပါက ထောင် ၃ နှစ် ချနိုင်

ရခိုင်ကနေ ရန်ကုန်ကို သြဂုတ် ၁၀ ရက်မှစ၍ လေယာဉ်နဲ့ လာသူအားလုံး သတင်းပို့ရမည်၊ ပျက်ကွက်ပါက ထောင် ၃ နှစ် ချနိုင်

ကိုဗစ် ရောဂါ ကူးစက်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်နိုင်ရန် ပြည်သူများအနေဖြင့် ဩဂုတ် ၁၀ ရက်မှစ၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ရခိုင်ပြည်နယ် အတွင်းရှိ ရောဂါကူးစက်ဖြစ်ပွားမှုများရှိနေသော မြို့နယ်များသို့ /မှ ခရီးသွားလာမှုများရှိပါက မိမိအသိစိတ်ဖြင့် ချက်ချင်းသတင်းပေးပို့ရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

၁၀-၈-၂၀၂၀ ရက်မှစ၍ ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါခဲ့သူများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ ချက်ချင်းသတင်းပို့ ကျန်းမာရေးစစ်ဆေးမှုခံယူရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။

သို့မှသာ မိမိတွင်ရောဂါကူးစက်မှုရှိပါက အချိန်မီကုသမှုခံယူနိုင်မည်ဖြစ်ပြီး မိမိမှတစ်ဆင့် မိမိ၏ မိသားစုနှင့် နီးစပ်ရာများသို့ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်မည်ဖြစ်သဖြင့် သတင်းပေးပို့၍ ကျန်းမာရေးစစ်ဆေးမှုခံယူရန် အသိပေးနှိုးဆော်ထားပါတယ်။

သတင်းပေးပို့ရန် ပျက်ကွက်သူများအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ၁၀ ရက်မှ ၂၇ ရက်နေ့အတွင်း ရခိုင်ပြည်နယ်မှ လေကြောင်းခရီးစဉ်ဖြင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ရောက်ရှိသွားသူ ၅,၇၀၀ ဦးကျော်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားပါတယ်။

crd

ZAWGYI

ရခိုင္ကေန ရန္ကုန္ကို ၾသဂုတ္ ၁၀ ရက္မွစ၍ ေလယာဥ္နဲ႔ လာသူအားလုံး သတင္းပို႔ရမည္၊ ပ်က္ကြက္ပါက ေထာင္ ၃ ႏွစ္ ခ်ႏိုင္

ကိုဗစ္ ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈကို အခ်ိန္မီထိန္းခ်ဳပ္ႏိုင္ရန္ ျပည္သူမ်ားအေနျဖင့္ ဩဂုတ္ ၁၀ ရက္မွစ၍ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္ႏွင့္ ရခိုင္ျပည္နယ္ အတြင္း႐ွိ ေရာဂါကူးစက္ျဖစ္ပြားမႈမ်ား႐ွိေနေသာ ၿမိဳ႕နယ္မ်ားသို႔ /မွ ခရီးသြားလာမႈမ်ား႐ွိပါက မိမိအသိစိတ္ျဖင့္ ခ်က္ခ်င္းသတင္းေပးပို႔ရန္ လိုအပ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက သတိေပးထုတ္ျပန္ထားပါတယ္။

၁၀-၈-၂၀၂၀ ရက္မွစ၍ ျပည္တြင္းေလေၾကာင္းခရီးစဥ္မ်ားျဖင့္ ရခိုင္ျပည္နယ္မွ ရန္ကုန္ၿမိဳ႕သို႔ လိုက္ပါခဲ့သူမ်ားအေနျဖင့္ တိုင္းေဒသႀကီး/ ျပည္နယ္မ်ား႐ွိ နီးစပ္ရာ က်န္းမာေရးဌာနမ်ားႏွင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားသို႔ ခ်က္ခ်င္းသတင္းပို႔ က်န္းမာေရးစစ္ေဆးမႈခံယူရန္ လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါ႐ွိပါတယ္။

သို႔မွသာ မိမိတြင္ေရာဂါကူးစက္မႈ႐ွိပါက အခ်ိန္မီကုသမႈခံယူႏိုင္မည္ျဖစ္ၿပီး မိမိမွတစ္ဆင့္ မိမိ၏ မိသားစုႏွင့္ နီးစပ္ရာမ်ားသို႔ ေရာဂါကူးစက္မႈမွ ကာကြယ္ႏိုင္မည္ျဖစ္သျဖင့္ သတင္းေပးပို႔၍ က်န္းမာေရးစစ္ေဆးမႈခံယူရန္ အသိေပးႏိႈးေဆာ္ထားပါတယ္။

သတင္းေပးပို႔ရန္ ပ်က္ကြက္သူမ်ားအား သဘာဝေဘးအႏၲရာယ္စီမံခန္႔ခြဲမႈဥပေဒႏွင့္ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

ဩဂုတ္လ ၁၀ ရက္မွ ၂၇ ရက္ေန႔အတြင္း ရခိုင္ျပည္နယ္မွ ေလေၾကာင္းခရီးစဥ္ျဖင့္ အျခားတိုင္းေဒသႀကီး/ ျပည္နယ္မ်ားသို႔ ေရာက္႐ွိသြားသူ ၅,၇၀၀ ဦးေက်ာ္႐ွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာၾကားထားပါတယ္။

crd