အဆိုတော်ဖြစ်သူက သူ(မ)ရဲ့ကိုယ်ဝန်အခြေအနေကို စနေနေ့ကကြေညာချက် ထုတ်ပြန်လာခဲ့ပြီး ဒီကြေညာာချက်မှာတော့ သူနဲ့ သူ့လက်တွဲဖော် Sam Asghari တိုရဲ့ လက်မှတ်တွေပါရှိခဲ့ပါတယ်။
“ကျွန်မတိုရဲ့ ရင်သွေးလေးကို ကိုယ်ဝန်လအစောပိုင်းမှာပဲ ဆုံးရှုးခဲ့ရကြောင်း ဝမ်းနည်းစွာနဲ့ ကြေညာလိုက်ရပါတယ်။ ဒါကတော့ မိဘတိုင်းအတွက် ဆိုးရွားလှတဲ့သတင်းတစ်ခုပါ။
ကျွန်မတိုအနေနဲ့ ကိုယ်ဝန်ရကြောင်းမကြေညာခင် ကိုယ်ဝန်လရင့်တာကို စောင့်ဆိုင်းခဲ့သင့်ပါတယ်။ ဒါပေမယ့် သတင်းကောင်းကို မျှဝေချင်တဲ့ ဆန္ဒစောသွားခဲ့တာါ။ ကျွန်မတိုတစ်ဦးအပေါ် တစ်ဦးချစ်ခြင်းက ကျွန်မတိုရဲ့သန်မာမှုဖြစ်ပါတယ်။ ကျွန်မတိုမိသားစုကိုလည်း ဆက်လက်တိုးချဲ့သွားဖို ကြိုးစားသွားပါဦးမယ်။
အားပေးမှုတွေအားလုံးကိုလည်း ကျွန်မတိုအနေနဲ့ ကျေးဇူးတင်လှပါတယ်။ အခုလိုခက်ခဲတဲ့အချိန်မှာ ကျွန်မတိုကို Privacy ပေးဖိုလည်း တောင်းဆိုချင်ပါတယ်။” လိုရေးသားထားခဲ့တာပါ။ သူ့အနေနဲ့တော့ ကိုယ်ဝန်ရှိကြောင်းကို ဧပြီလတုန်းက ကြေညာထားခဲ့တာဖြစ်ပါတယ်။
အဆိုတော်ဖြစ်သူက အရင်တုန်းကတော့ သူ(မ)ချုပ်ဆိုထားတဲ့ အနုပညာစာချုပ်အရ သူ(မ)ရဲ့ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေကို စိတ်တိုင်းကျမလုပ်ကိုင်ခဲ့ရပါဘူး။ ဒီလိုကိစ္စရပ်တွေထဲမှာ အိမ်ထောင်ပြုပြီး၊ ကလေးယူလိုတဲ့ သူ(မ)ရဲ့ဆန္ဒတွေလည်း ပါဝင်ခဲ့ပါတယ်။
ဒါ့ကြောင့် သူ(မ)ဟာအမှုရင်ဆိုင်ခဲ့ပြီး ဒီတရားဝင်စာချုပ်ကို ရပ်စဲခဲ့ရပါသေးတယ်။ အခုအချိန်မှာတော့ သူ(မ)ဟာ လွတ်လပ်သူတစ်ဦးဖြစ်သွားခဲ့လို သူ(မ)ရဲ့ချစ်သူနဲ့ မိသားစုတည်ထောင်ဖို ကြိုးစားနေသူဖြစ်ပါတယ်။
M2T Shwengwegames
Zawgyi
M2T Shwengwegames