ချစ်သူနဲ့ လက်ထပ်လိုက်ပြီဖြစ်ကြောင်း အသိပေးလာတဲ့ သရုပ်ဆောင် မေသက်ခိုင်
တစ်ချိန်က ဗီဒီယိုကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မေသက်ခိုင်က အရုပ်မလေးလိုချစ်စရာကောင်းပြီး အပြုံးချိုချိုလေးတွေကြောင့် ပရိသတ်အားပေးမှုကို ရရှိထားတဲ့သူလေး ဖြစ်ပါတယ်။
မေသက်ခိုင်က အနုပညာအလုပ်တွေ အရင်လိုအများကြီးမလုပ် ဖြစ်ပေမယ့် သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေက ယနေ့ထက်တိုင် အများအပြား ရှိနေဆဲပါပဲ။ လက်ရှိနိုင်ငံခြားမှာ အခြေချနေထိုင်နေတဲ့ မေသက်ခိုင်က အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်ကို ဖော်ပြထားလေ့မရှိပါဘူး။
ဒါပေ့မယ့် ဒီနေ့မှာတော့ မေသက်ခိုင်က သူမချစ်ရတဲ့သူနဲ့ လက်ထပ်လိုက်ပြီဖြစ်ကြောင်းကို သူမရဲ့ လူမှုကွန်ယက်ထက်ကနေ married ဆိုပြီးသူမရဲ့ ချစ်သူကို Tag တွဲပြီး ပရိသတ်တွေကို အသိပေးလာတာပဲ ဖြစ်ပါတယ်။
ပရိသတ်တွေက မင်းသမီးမေသက်ခိုင်ကို နှမျောနေကြပြီး ဂုဏ်ယူကြောင်းလည်း တချိုတွေကပြောပြထားတာဖြစ်ပါတယ်။ချစ်ရသူနဲ့ ထာဝရလက်တွဲသွားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်
Credit MMLOAD
Zawgyi
Credit MMLOAD
Season 2 ထွက်ရှိလာဦးမည့် “Pachinko” ဇာတ်လမ်းတွဲ
“Pachinko” ဇာတ်လမ်းဟာ Season 2 အနေနှင့်ပြန်လည်ထွက်ရှိလာဦးမယ်ဆိုတဲ့ သတင်းကတော့တရားဝင်ထွက်ရှိလာပါပြီ။
“Pachinko” ဇာတ်လမ်းတွဲဟာ Season 2 အနေနှင့်ပြလည်ထွက်ရှိလာဦးမယ်ဆိုအကြောင်းကို Season 1ရဲ့ နောက်ဆုံးအပိုင်း မတိုင် တွင် Apple TV+ကနေ ဧပြီ ၂၉ ရက်မှာ တရားဝင်ကြေညာခဲ့ပါတယ်။
“Pachinko” ဇာတ်လမ်းတွဲကတော့ Min Jin Lee ရဲ့နာမည်တူ အရောင်းရဆုံးစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဇာတ်ကြောင်းကတော့ စစ်ပွဲနဲ့ငြိမ်းချမ်းရေး၊ ချစ်ခြင်းနဲ့ခွဲခြားမှု၊ အမေရိကန်၊ ဂျပန်နဲ့ ကိုရီးယားတို့ရဲ့အောင်မြင်မှုနဲ့ အဆုံးအဖြတ်တွေအကြောင်း ရိုက်ကူးထားတာပါ။
သရုပ်ဆောင်တွေအနေနဲ့ကတော့ Lee Min Ho က Hansu အဖြစ်၊ Kim Min Ha က ဆယ်ကျော်သက်အရွယ် Sunja အဖြစ်၊ Youn Yuh Jung ကတော့ အသက်ကြီးလာတဲ့ Sunja အဖြစ်၊ Soji Arai ကတော့ Mozasu အဖြစ်၊ Jin Ha ကတော့ Solomon အဖြစ်၊ Jung In Ji ကတော့ Yangjin အဖြစ်၊
Minami Kaho က Etsuko အဖြစ်၊ Noh Sang Hyun က Isak အဖြစ်၊ Anna Sawai က Naomi အဖြစ်၊ Han Jun Woo က Yoseb အဖြစ်၊ Jung Eun Chae က Kyunghee အဖြစ်၊ Jimmi Simpson က Tom Andrews အဖြစ်နဲ့ Yeon Yoo Na ကတော့ ကလေးဘဝ Sunja အဖြစ်ပါဝင်ထားတာဖြစ်ပါတယ်။
“အနိုင်မခံ အရှုံးပေးတတ်တဲ့ မိသားစုရဲ့ ထူးထူးခြားခြား ဇာတ်လမ်းကို ဆက်ပြောပြနိုင်ရန် ကျွန်တော့်ရဲ့ ပျော်ရွှင်မှုကို စကားလုံးတွေနှင့် အကျယ်တဝင့်မဖော်ပြနိုင်ပါဘူး။””ဒီဇာတ်လမ်းအတွက်ကို ယုံကြည်ပြီး ပံ့ပိုးပေးတဲ့ Apple နှင့် Media Res စတူဒီယိုရှိ အံ့သြဖွယ်အဖွဲ့ နှင့် အားပေးခဲ့ကြသောာ ပရိသတ်များကို ကျေးဇူးတင်ပါတယ်။ဒီလို အံ့သြဖွယ်ကောင်းတဲ့ သရုပ်ဆောင်တွေနဲ့ အဖွဲ့သားတွေနဲ့ ဆက်ပြီး လက်တွဲနိုင်ခဲ့တာ ဂုဏ်ယူမိပါတယ်။”လို့ Pinchinko ဇာတ်လမ်းအား ဖန်တီး ထုတ်လုပ်သူ Soo Hugh က ပြောပါတယ်။
“Pachinko” ရဲ့ Season 2 အတွက် စိတ်လှုပ်ရှားနေကြပြီလား ပရိသတ်ကြီးရေ.။ Season 1 ကြည့်ပြီး ဇာတ်လမ်းရဲ့ အခြေနေကိုလည်း မှတ်ချက်ပေးခဲ့ကြပါဦးနော်
Thwin Shwenhwegames
Soompi
Zawgyi
Thwin Shwenhwegames
Soompi
လှပတဲ့ ကမ်းခြေထက်မှာ ရိုးရိုးရှင်းရှင်း လေးနဲ့ ဆွဲဆောင်မှုရှိရှိ လှနေတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်
ပရိသတ်ကြီးရေ ဝတ်မှုံရွှေရည်ကတော့အကယ်ဒမီဆုနှစ်ဆုပိုင်ရှင်မင်းသမီးတစ်လက်ပါ။ သူမရဲ့ဇာတ်ကားတွေဟာ တစ်နှစ်ထက်တစ်နှစ်ပိုပိုလက်ရာမြောက်ကာ ထိပ်တန်းစာရင်းဝင်မင်းသမီးတစ်လက်လို့တောင်ဆိုရမှာပါ။
ဖေဖော်ဝါရီလကစတင်ပြီးအနုပညာအလုပ်တွေရပ်နားခဲ့တဲ့မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ မကြာသေးခင်ကစတင်ကာ ပရိသတ်ရှေ့ကို သူမရဲ့နေ့စဉ်လှုပ်ရှားမှုတွေနဲ့ ပြန်လည်ထိတွေ့ခဲ့တာပါ။
သူမအနေနဲ့ တချို့သောပရိသတ်တွေရဲ့ရိုက်ခတ်ပြောဆိုမှုတွေကို ခံရပေမယ့်လည်းအပြုံးမပျက်ဘဲ သူမရဲ့ချစ်စရာပုံရိပ်လေးတွေကို သူမကိုချစ်ခင်အားပေးတဲ့ချစ်ပရိသတ်တွေအတွက်အမြဲတင်ပေးလျက်ရှိတာပါ။
ယခုတခါမှာလည်း ကမ်းခြေဝတ်စုံလေးနှင့် မြင်ရသူတိုင်းစွဲမက်သွားစေလောက်‌‌ေအာင် အလှတရားတွေပေါ်လွင်နေတဲ့ ပုံရိပ်တွေကို အင်စတာဂရမ်မှာတင်ထားတာပါတယ်
အချိန်အတော်ကြာ ပျောက်ကွယ်နေတဲ့သူမရဲ့လှုပ်ရှားမှုတွေကို မျှော်လင့်စောင့်စားနေတဲ့ပရိသတ်တွေအတွက် သူမရဲ့အလှပုံလေးတွေကိုတင်ထားတာပါ။
ပရိသတ်တွေလည်းဝတ်မှုံရွှေရည်ရဲ့အလှပုံလေးတွေကိုကြည့်ရှုပြီးသဘောကျရင်မှတ်ချက်ပေးခဲ့ပါဦးနော်။
Photo – Wutt Hmone Shwe Yi’s Instagram
Zawgyi
ယခုတခါမှာလည်း ကမ်းခြေဝတ်စုံလေးနှင့် မြင်ရသူတိုင်းစွဲမက်သွားစေလောက်‌‌အောင် အလှတရားတွေပေါ်လွင်နေတဲ့ ပုံရိပ်တွေကို အင်စတာဂရမ်မှာတင်ထားတာပါတယ်
photo Wutt Hmone Shwe Yi’s Instagram
Johnny Depp နဲ့ကွာရှင်းခဲ့ပြီးနောက် ‘ Elon Musk နဲ့တွဲခဲ့တဲ့ မင်းသမီး Amber Heard
Amber Heard ရဲ့အေးဂျင့်ပြောကြားချက်အရတော့ သူ(မ)ဟာ Depp နဲ့ကွာရှင်းခဲ့ပြီးနောက် ‘စိတ်ဟာပေါက်ကို ဖြည့်ဆည်းတဲ့အနေနဲ့သာ’ Elon Musk နဲ့တွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မကြာသေးခင်မှာတော့ မင်းသမီး Amber Heard ရဲ့အေးဂျင့်ဟောင်းဖြစ်သူက မင်းသမီးဖြစ်သူဟာ Johnny Depp နဲ့ကွာရှင်းခဲ့ပြီးနောက် “ကွက်လပ်တစ်ခုကို ဖြည့်စွက်တဲ့အနေနဲ့” Elon Musk ကိုတွဲခဲ့ခြင်းဖြစ်တယ်လို့ သက်သေထွက်ဆိုခဲ့ပါတယ်။
ဒီသက်သေထွက်ဆိုချက်ကို ပြုလုပ်ခဲ့သူကတော့ Depp နဲ့ Heard တို့နှစ်ဦးစလုံးကို ကိုယ်စားပြုပေးနေတဲ့ အနုပညာအေးဂျင့်ဖြစ်သူ Christian Carino ပါ။
မင်းသမီးဖြစ်သူက Billionaire Elon Musk နဲ့ ၂၀၁၇ ခုနှစ်မှာ လမ်းခွဲခဲ့ပြီးနောက် ဝမ်းနည်းနေခဲ့တာကို Carino အနေနဲ့ “တကယ်ချစ်စိတ်မျိုးမရှိခဲ့ရင် ဘာလို့ဝမ်းနည်းနေသေးတာလဲ။” လို့မေးခွန်းထုတ်ခဲ့ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် သူနဲ့မင်းသမီးဖြစ်သူတို့အကြား စာပို့ပြောဆိုမှုတွေမှာ မင်းသမီးဖြစ်သူက Elon Musk ကို စိတ်ဟာပေါက် ဖြည့်ဆည်းလို့တဲ့သဘောနဲ့သာ တွဲခဲ့ကြောင်းပြောဆိုခဲ့ပါသေးတယ်။
နောက်စာပါအကြောင်းအရာမှာတော့ မင်းသမီးဖြစ်သူက သူ(မ)ဒီလိုလမ်းခွဲမှုတွေ ကြုံတွေ့ရတိုင်း သတင်းမီဒီယာတွေက ရေးသားမှုတွေကို သဘောမကျကြောင်း ပြောဆိုခဲ့ပြီး ဒီအကြောင်းအရာအပေါ်မှာလည်း Carino က “နင်သာ တကယ့်ဒိတ်ဒိတ်ကြဲလူတွေနဲ့ မတွဲရင် ဒီလိုဖြစ်လာတာမျိုးကို ရှောင်ရှားလို့ရမှာပေါ့။
နင်က နာမည်မကြီးတဲ့လူတွေနဲ့ တွဲလည်းရတာပဲလေ။” လို့ပြန်လည်ရေးသားခဲ့ပြီး ဒီစာအပေါ် မေးမြန်းမှုအပေါ်မှာလည်း “ကိုယ့်ကိုယ်ရေးကိုယ်တာအကြောင်းတွေကို သတင်းအဖြစ်ရေးသားတာ မမြင်ချင်ရင် အောင်မြင်ကျော်ကြားတဲ့သူတွေနဲ့ မတွဲဖို့ပဲရှိတာပေါ့။” လို့ အေးဂျင့်ဟောင်းဖြစ်သူက ထွက်ဆိုဖြေကြားခဲ့တာပါ။
သူ့ရဲ့ထွက်ဆိုချက်မှာ မင်းသမီးဖြစ်သူက ၂၀၁၇ ခုနှစ်မှာ မင်းသားကြီး Johnny Depp ကိုလွမ်းမိကြောင်းပြောဆိုခဲ့ပြီး သူ(မ)ရဲ့ပြောဆိုမှုတွေဟာ သူတို့နှစ်ဦးအကြား ပြန်လည်သင့်မြန်အောင် ကြိုးစားကြည့်ချင်တဲ့ သဘောထားမျိုးရှိနေပုံပေါ်တယ်ဆိုတဲ့အချက်လည်း ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ မင်းသမီးဖြစ်သူကို Johnny Depp က အသရေဖျက်မှုနဲ့ တရားစွဲဆိုထားလို့ အမှုတွဲရင်ဆိုင်နေရတာဖြစ်ပါတယ်။
M2T Shwenhwegames
Animated Times
Zawgyi
M2T Shwenhwegames
Animated Times
မဟာမုနိမျက်ရှင်တော်ကြီးမှာ ဝေယျာဝစ္စ ကုသိုလ်ပြုခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေလာတဲ့ သရုပ်ဆောင် ပုလဲဝင်း
ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချော ပုလဲဝင်းကတော့ နာမည်နဲ့လိုက်ဖက်အောင် လှပ လွန်းသူတစ်ယောက်ပါ။
ပုလဲဝင်းဟာ ကြော်ငြာတွေနဲ့ ဗီစီဒီတွေ များစွာပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို မ လုပ်ကိုင်တော့ပဲ စီးပွားရေးလုပ်ငန်းတွေကိုသာ အခြေချလုပ်ကိုင် နေတာပဲဖြစ်ပါတယ်။
လတ်တလောမှာ ခရီးတွေထွက်ဖြစ်နေတဲ့ ပုလဲဝင်းဟာ ဒီကနေ့မှာ လည်း ပြင်ဦးလွင်မြိုကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ ပုလဲဝင်းက ပြင်ဦးလွင်ကိုရောက်တုန်းရောက်ခိုက် “၁၃၈၄ တန်ခူးလကွယ်နေ့ မနက် အရုဏ် မဟာမုနိမျက်ရှင်တော်ကြီး မျက်နှာသစ် ရောင်တော်ဖွင့်မင်္ဂလာတွင် ဝေရာဝစ္စကုသိုလ်ယူ၊ နံ့သာရည် သနပ်ခါးသွေးကုသိုလ်ယူ၊
ကြေးဖလား ရေတော်ကရား ဆွမ်းပန် ကန် ပြောင်လက်တောက်ပအောင် တိုက်ချွတ်ဆေးကုသိုလ် ပန်းစေတီ ပန်းအိုးထိုးရာတွင် ဟိုနည်းနည်း ဒီနည်းနည်း ဝင်ကူ ကုသိုလ်” ဆိုပြီး သူမရဲ့ ကုသိုလ်လေးကို မျှဝေပေးလာပါတယ်။
ပုလဲဝင်းကတော့ သူမယူဖြစ်ခဲ့တဲ့ ကုသိုလ်လေးကို ပရိသတ်တွေ ထပ်တူသာဓုခေါ်ဆိုနိုင်ဖို မျှဝေပေးလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပုလဲဝင်းရဲ့ပုံရိပ်လေးတွေကိုကြည့်ပြီးကြည်နူးမှုတွေကူးစက်သွားမယ်ထင်ပါတယ်နော်။
Source: Pearl Winn’s fb
Credit; Myanmar Celebrities Times
Zawgyi
Source: Pearl Winn’s fb
ချစ်ညီမလေးအား အောင်မြင်မှုသရဖူ ဆောင်းနိုင်စေရန် အစ်မကြီးပီသစွာ ပြုစုပျိုးထောင်ပေးနိုင်တာကြောင့် ပရိသတ်များရဲ့ ချီးကျူးမှုကိုရနေတဲ့ ဘီလီလမင်းအေး
အဆိုတော်မလေး ဘီလီလမင်းအေးဟာ ဂီတနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့လျှောက်လှမ်းလာခဲ့ပြီး နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
သူမဟာ Myanmar Idol အဆိုပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဥ်ပြိုင်ရင်း ပရိသတ်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိခဲ့တာ ဖြစ်ပါတယ်။ သီချင်းလည်း အဆိုကောင်မွန်သလို ဘီလီဟာ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သူလေးပဲ ဖြစ်ပါတယ်။
ဘီလီလမင်းအေးမှာလည်း သူမလို့ အရမ်းချစ်စရာကောင်းတဲ့ ညီမလေးတစ်ယောက်ကို ပိုင်ဆိုင်ထား ပါတယ်။ ညီမလေးကိုလည်း အစ်မကြီးတစ်ယောက်ပီသ ဘီလီဟာ လိုလေသေးမရှိအောင် အမြဲဂရုစိုက်ပေးတာ ကြောင့် ပရိသတ်တွေက ဘီလီရဲ့ အမကြီးပီသလှတဲ့ စိတ်ဓာတ်ကို လေးစားနေခဲ့ကြပါသေးတယ်။ ဒီကနေ့မှာတော့ ဘီလီလမင်းအေးက ပရိသတ်တွေအတွက် ကြည်နူးစရာလေးကို တင်ပေးလာခဲ့ပါတယ်။
ဒီနေ့မှာလည်း ဘီလီကဘွဲ့ရသွားတဲ့ ညီမလေးရဲ့ အောင်မြင်မှုကို ကြည့်ပြီးပီတိတွေဖြစ်နေခဲ့ကာ “Congratulations ညီမလေးရေ ကျေးဇူးတော်ကြောင့် ညီမလေးအတွက်အမြဲတမ်းလိုအပ်မှုတွေတိုင်း ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အတွက်ဝမ်းသာရသလို ညီမလေးရဲ့အောင်မြင်မှုတွေကိုမြင်ရတိုင်း အမတစ်ယောက်အနေနဲ့ ဘေးကနေ ပီတိတွေနဲ့ပေါ့ညီမလေးရေ ညီမလေးအတွက်မိသားစုအတွက် ဆက်ကြိုးစားဦးမယ်နော် အရမ်းချစ်တယ်နော်။Love You
Not everyone will understand your journey. That’s fine, it’s not their journey to make sense of It’s yours. So follow your passion. It will lead you to your purpose……” ဆိုပြီး ညီမလေးနဲ့အတူ ရိုက်ကူးထားတဲ့ ပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။
ပရိသတ်ကြီးရေ ဘီလီလမင်းအေးရဲ့ ပရိသတ်တွေကတော့ ဘီလီရဲ့ ညီမလေးထူးချွန်းမှုကို ဂုဏ်ပြုနေကြသလို အမဖြစ်သူရဲ့ အမပီသမှုကိုလည်း ချီးကျူးနေခဲ့ကြပါသေးတယ်။ အောင်မြင်မှု သရဖူဆောင်းနိုင်ခဲ့တဲ့ ဘီလီလမင်းအေးရဲ့ ညီမလေးကို ဂုဏ်ပြုပေးလိုက်ပါဦးနော်.
Source – Billy La Min Aye fb page ‘
Zawgyi
မကြာခင်မှာ တူမလေး ရတော့မှာမို့ ပျော်ရွှင်မဆုံး ဖြစ်နေတဲ့ သံစဉ်မောင်
သံစဉ်မောင်က ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေအပြင် တမူထူးခြားတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။သရုပ်ဆောင် ဘေဘီမောင်ရဲ့ အချစ်ဆုံး ညီမလေးတစ်ဦး ဖြစ်တဲ့ သံစဉ်မောင်က မော်လ်ဒယ်တစ်ယောက်အနေနဲ့ စတင်ရပ်တည်ခဲ့ပြီး နောက်ပိုင်းမှာ သရုပ်ဆောင်နယ်ပယ်ထဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အစ်မ ဖြစ်သူရဲ့ ပံ့ပိုး လမ်းညွှန်မှု အောက်မှာ လိမ္မာစွာ စကား နားထောင်နေထိုင်ပြီး အနုပညာ အလုပ်တွေကို ဆက်လက် ကြိုးစား လုပ်ဆောင်နေကာ ယခုအချိန်မှာတော့ သူမက ပရိသတ်တွေရင်ထဲမှာ နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
သံစဉ်မောင် ကတော့ အုပညာ လှုပ်ရှားမှု အနေနှင့် Photo Shooting များကို ပြန်လည်လုပ်ကိုင်လျက်ရှိပြီး online Live Sale ကိုလည်း တစ်ဖက်တစ်လမ်းမှ လုပ်ကိုင်လျက်ရှိနေပါတယ်။ဒါအပြင် သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်ကြီးထံ အမြဲ တင်ပေးနေသူလည်းဖြစ်ပါတယ်။
ဒီနေ့မှာတော့ အစ်မဖြစ်သူ ဘေဘီမောင် မှ မကြာမီမှာမွေးလာတော့မည့် သူမရဲ့ တူမလေး ရတော့မှာမို့ပျော်ရွှင်နေတဲ့အကြောင်းကို “မကြာခင်တူမလေးရတော့မယ် 🥰”ဆိုပြီးအစ်ဖြစ်သူနှင့် အတူ ရိုက်ထားတဲ့ ပုံရိပ်များကိုတင်လာတာပဲဖြစ်ပါတယ်။
ဘေဘီမောင်နှင့် မကြာမီမှာ အဒေါ်တစ်ယာက်ဖြစ်လာတော့မယ့် သံစဉ်မောင်ရဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်များက ချစ်စရာကောင်းလို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။
Source Than Sin Maung
Zawgyi
ဒီနေ့မှာတော့ အစ်မဖြစ်သူ ဘေဘီမောင် မှ မကြာမီမှာမွေးလာတော့မည့် သူမရဲ့ တူမေလေး ရတော့မှာမို့ပျော်ရွှင်နေတဲ့အကြောင်းကို “မကြာခင်တူမလေးရတော့မယ် 🥰”ဆိုပြီးအစ်ဖြစ်သူနှင့် အတူ ရိုက်ထားတဲ့ ပုံရိပ်များကိုတင်လာတာပဲဖြစ်ပါတယ်။
Source Than Sin Maung
လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးနဲ့ လူငယ်ဆန်ဆန် နုပျိုလှပနေတဲ့ ခင်လေးနွယ်
ပရိသတ်ကြီးရေ လှပပြီး ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ခင်လေးနွယ်ကိုတော့ သိကြမယ်လို့ ထင်ပါတယ်နော်။တိုင်းရင်းသူမင်းသမီးတစ်ယောက်ဖြစ်ပြီး သူမရဲ့အသံဝဲဝဲလေးနဲ့စကားပြော ပုံလေးတွေက ပရိသတ်တွေကို အဓိကကြွေစေခဲ့တာလည်းဖြစ်ပါတယ်။
အနုပညာအလုပ်တွေ ရပ်နားထားပေမယ့်လည်း ပရိသတ်တွေကတော့ ခုချိန်ထိ သူမကိုချစ်ခင်အားပေးနေတာဘဲ ဖြစ်ပါတယ်။သူမရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့အတူခရီးသွား ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် အမြဲ မျှဝေပေး‌လေ့ရှိပါတယ်နော်။
အခုလတ်ရှိမှာလည်း ပန်းရောင်ဝတ်စုံလေးနဲ့ ကလေးတယောက်လို နုပျိုလှပနေတဲ့ ပုံလေးတွေကို ချစ်တဲ့ပရိသတ်ကြီးအတွက် မျှဝေပေးလာတာဘဲ ဖြစ်ပါတယ်။ပုံတိုင်းကလည်း လူငယ်ဆန်ဆန်ချစ်စရာကောင်းလွန်းမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
ဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးလည်း ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Photo – Khin Lay Nwe
Thwin – Shwengwegames
Photo – Khin Lay Nwe
Thwin – Shwengwegames
လှပတဲ့ ကမ်းခြေထက်မှာ ရိုးရိုးရှင်းရှင်း လေးနဲ့ ဆွဲဆောင်မှုရှိရှိ လှနေတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်
ပရိသတ်ကြီးရေ ဝတ်မှုံရွှေရည်ကတော့အကယ်ဒမီဆုနှစ်ဆုပိုင်ရှင်မင်းသမီးတစ်လက်ပါ။ သူမရဲ့ဇာတ်ကားတွေဟာ တစ်နှစ်ထက်တစ်နှစ်ပိုပိုလက်ရာမြောက်ကာ ထိပ်တန်းစာရင်းဝင်မင်းသမီးတစ်လက်လို့တောင်ဆိုရမှာပါ။
ဖေဖော်ဝါရီလကစတင်ပြီးအနုပညာအလုပ်တွေရပ်နားခဲ့တဲ့မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ မကြာသေးခင်ကစတင်ကာ ပရိသတ်ရှေ့ကို သူမရဲ့နေ့စဉ်လှုပ်ရှားမှုတွေနဲ့ ပြန်လည်ထိတွေ့ခဲ့တာပါ။
သူမအနေနဲ့ တချို့သောပရိသတ်တွေရဲ့ရိုက်ခတ်ပြောဆိုမှုတွေကို ခံရပေမယ့်လည်းအပြုံးမပျက်ဘဲ သူမရဲ့ချစ်စရာပုံရိပ်လေးတွေကို သူမကိုချစ်ခင်အားပေးတဲ့ချစ်ပရိသတ်တွေအတွက်အမြဲတင်ပေးလျက်ရှိတာပါ။
ယခုတခါမှာလည်း ကမ်းခြေဝတ်စုံလေးနှင့် မြင်ရသူတိုင်းစွဲမက်သွားစေလောက်‌‌ေအာင် အလှတရားတွေပေါ်လွင်နေတဲ့ ပုံရိပ်တွေကို အင်စတာဂရမ်မှာတင်ထားတာပါတယ်
အချိန်အတော်ကြာ ပျောက်ကွယ်နေတဲ့သူမရဲ့လှုပ်ရှားမှုတွေကို မျှော်လင့်စောင့်စားနေတဲ့ပရိသတ်တွေအတွက် သူမရဲ့အလှပုံလေးတွေကိုတင်ထားတာပါ။
ပရိသတ်တွေလည်းဝတ်မှုံရွှေရည်ရဲ့အလှပုံလေးတွေကိုကြည့်ရှုပြီးသဘောကျရင်မှတ်ချက်ပေးခဲ့ပါဦးနော်။
Photo – Wutt Hmone Shwe Yi’s Instagram
Zawgyi
ယခုတခါမှာလည်း ကမ်းခြေဝတ်စုံလေးနှင့် မြင်ရသူတိုင်းစွဲမက်သွားစေလောက်‌‌အောင် အလှတရားတွေပေါ်လွင်နေတဲ့ ပုံရိပ်တွေကို အင်စတာဂရမ်မှာတင်ထားတာပါတယ်
photo Wutt Hmone Shwe Yi’s Instagram
မိတ်ကပ်၊ ဆံထုံး လက်မှုအနုပညာရပ်တွေနှင့် အသက်မွေးဝမ်းကြောင်းပြုချင်သူများအတွက် သတင်းကောင်းလေးကို မျှဝေလာတဲ့ ညီညီမောင် (စမ်းချောင်း)
ပရိသတ်တွေက သုသုလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မိတ်ကပ်ပညာရှင် ညီညီမောင် (စမ်းချောင်း)ကတော့ အောင်မြင်တဲ့ မိတ်ကပ်ပညာရှင် ပရိသတ်အချစ်တော် တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့သူပဲဖြစ်ပါတယ်။
သုသုကတော့ မိတ်ကပ်ပညာရှင်တစ်ယောက်အနေနဲ့ ဆယ်စုနှစ် နှစ်ခုကြာရပ်တည်နေတဲ့သူဖြစ်ပြီး အရည်ချင်းပြည့်ဝတဲ့ တပည့်တွေကိုလည်း မွေးထုတ်ထားခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။
လတ်တလောမှာလည်း သုသုကတော့ သူတတ်မြောက်ကာ အသက်မွေးဝမ်းကြောင်းပြုရပ်တည်နေတဲ့ လက်မှုအနုပညာရပ်တွေကို သူ့လိုပဲ အသက်မွေးဝမ်းကြောင်းပြုချင်သူတွေအတွက် မိတ်ကပ်နဲ့ ဆံထုံးသင်တန်းလေးဖွင့်လှစ်သွားဖို့ ရှိကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာခဲ့ပါတယ်။
ကိုယ်တိုင်ကြုံတွေခဲ့ရတဲ့ အတွေ့အကြုံတွေကိုပညာယူကာ သုသုကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးမှာဖြစ်ပြီးအသားအရောင်လိုက် အောက်ခံမိတ်ကပ် လိမ်းနည်းမျိုးစုံ၊ လူတစ်ယောက် ရဲ့ ဝတ်စားဆင်ယင်မှု မျက်နှာအနေအထားလိုက် ဖက်သော ဆံပင်၊ဆံထုံး ပြင်ဆင်ပေး ခြင်း နည်းမျိုးစုံ၊ သတို့သား+သတို့သမီး ၊ဘွဲ၊ပွဲတက် ဝတ်စားဆင်ယင်မှုနဲ့ ပတ်သတ်သော မိတ်ကပ် ဆံပင် ဆင်ယင် ထုံး ဖွဲ မှုများကို အသေးစိတ် သင်ကြားပေးသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။
သင်တန်းကာလ တစ်လခွဲကြာမြင့်မှာဖြစ်ပြီးတော့ ဦးဆုံးအပ်နှံတဲ့ သူတွေကိုလည်း အမျိုးသမီး ဆံညှပ်အခြေခံသင်တန်းကိုပါ ထည့်သွင်းသင်ကြားပေးဦးမှာပါတဲ့။
ပရိသတ်ကြီးတွေထဲက လက်မှုအနုပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုလိုသူများအတွက် လက်မလွတ်သင့်တဲ့ အခွင့်အရေးဖြစ်တာကြောင့် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Source – Nyi Nyi Maung
Credit – CeleGabar
Zawgyi
Source – Nyi Nyi Maung
Credit – CeleGabar