မြင်တွေ့နေကျပုံစံ နှင့်မတူဘဲ မြန်မာဆန်ဆန်ဒီဇိုင်းလေးများဝတ်ဆင်ကာ ရိုးရိုးယဉ်ယဉ်လေး လှနေတဲ့ သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းရပ်တည်နေပြီး အချိုးအစားကျတဲ့ ညို့အားပြင်းကောက်ကြောင်းအလှတွေကြောင့် ပုရိသပရိသတ်တွေကြား ရေပန်းစားနေသူကလည်းဖြစ်ပါတယ် ။

ခပ်ဟော့ဟော့နဲ့ သူများနဲ့မတူတဲ့ဖက်ရှင်တွေကို ဝတ်ဆင်ကာ အမျိုးသားပရိသတ်တွေရင်ထဲမှာ နေရာအပြည့်ယူထားသူပါ။အမိုက်စား sexy ဖက်ရှင်တွေနဲ့ လိုက်ဖက်တဲ့ ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

သူမရဲ့ အမိုက်စားပုံရိပ်တွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိရာ အခုလည်း မြင်နေကျပုံစံတွေနဲ့ မတူဘဲ မြန်မာဆန်ဆန်လေး မျိုးစုံ ဝတ်ဆင်ကာ အချိုးကျ တဲ့ ခန္ဓာကိုယ် အလှတရားတွေ ပေါ်လွင်နေတဲ့ အမိုက်စား ပုံလေးတွေကို ဝေမျှလာပါတယ် ။

ပုံလေးတိုင်းက ယဉ်ယဉ်လေးနဲ့ အခါခါ ပြန်ကြည့်ချင်ရလောက်အောင် ဆွဲဆောင်မှု ရှိနေတာကြောင့် ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo ThinZar Wint Kyaw

Zawgyi






သူမ ငယ်စဉ်က ပုံရိပ်လေးတွေကို အမှတ်တရ အနေနဲ့ ဝေမျှလာခဲ့တဲ့ တင်ဇာမော်

တင်ဇာမော်ကပရိသတ်တွေရဲ့အကြိုက်နဲ့ထပ်တူကျတဲ့ သီချင်းများကို အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုနိုင်သူတစ်ယောက်ဖြစ်ပါတယ်။သူမကသွက်လက် ထက်မြတ်ပြီး စကားပြောဆိုရာမှာလည်း ပွင့်ပွင့်လင်းလင်းနဲ့ပြောဆိုတတ်သူတစ်ဦးဖြစ်ပြီးစိတ်သဘောထားပြည့်ဝသူလည်း ဖြစ်ပါတယ်။

သူမရဲ့သီချင်းများကလည်းအောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့သီချင်းများဖြစ်သလိုယနေ့အထိတိုင်လည်းကျော်ကြားနေဆဲပဲဖြစ်ပါတယ်။ဒါ့အပြင် အလှူ အတန်းတွေရင်လည်းကြုံရင် ကြုံသလိုမကြာခဏ ပြုလုပ်တတ်သူတစ်ဦးလည်းဖြစ်ပါတယ် ။

ဒါ့အပြင် သူမရဲ့လှုပ်ရှားမှုလေးတွေကိုလည်းပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရအောင် အမြဲဖော်ပြပေးလေ့ရှိပါတယ် ။အခုလည်း ပရိသတ်တွေ မမြင်ဘူးသေးတဲ့သူမငယ်စဉ်က အမှတ်တရ ပုံလေးတွေကို ဝေမျှလာပါတယ် ။ပရိသတ်ကြီးလည်း တင်ဇာမော်ရဲ့ ငယ်စဉ်ပုံလေးတွေကို ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Credit – Cele Zone

Photo – Tin Zar Maw




Credit – Cele Zone

Photo – Tin Zar Maw

မေမြို့ သင်္ဂတုံ ပရဟိတကျောင်းက ကလေးများအတွက်မုန့်များ လှူဒါန်းခဲ့တဲ့ မေလသံစဉ်

အဆိုတော်မေလသံစဉ်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်ထားနိုင်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကိုငယ်စဉ်တည်းကလုပ်ကိုင်နေခဲ့တဲ့အဆို တော်တစ်ယောက်ပဲဖြစ်ပါတယ်။

ခုချိန်အထိလည်းပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားဆဲပါ။ကိုယ်ပိုင်သံစဉ်သီချင်းကောင်းလေးတွေကို ဖန်တီးတတ်တဲ့အပြင် ပြန်ဆိုတေးလေးတွေကိုလည်းပရိသတ်အကြိုက်တွေ့အောင်သီဆိုနိုင်ကာဂီတလောကမှာ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေတာဖြစ်ပါတယ်။

အမြဲလိုလိုချိုသာတဲ့အပြုံးလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်သူလေးဖြစ်ပြီး မြန်မာဆန်ဆန်ဖက်ရှင်လေးတွေ ရိုးရှင်းတဲ့ဖက်ရှင်လေးတွေကိုသာဝတ်ဆင်လေ့ရှိသူလေးပဲ ဖြစ်ပါတယ်။

မေလကအလုပ်တွေကြိုးစားသလိုကောင်းမှုကုသိုလ်အလှူအတန်းတွေကိုလည်းအမြဲပြုလုပ်လေ့ရှိပါတယ်။အခုလည်းမေမြိုသို့ရောက်ချိန် ဒီနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ မေမြို့က သင်္ဂတုံပရဟိတကျောင်းကကလေးများအတွက်မုန့်များလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အခုလိုလှူဖြစ်တာနဲ့ပတ်သက်ပြီး အဆိုတော်မေလသံဇဥ် က”မေမြို့က သင်္ဂတုံပရဟိတ ကျောင်းကကလေးများအတွက်မုန့်များလှူဒါန်းပေးဖြစ်တာကတော့မလှူဖြစ်တာလည်းကြာပြီဆိုတော့ အခုလို မေမြို့ရောက်တုန်းလေးသွားလှူ​ဖြစ်တာပါ ” လို့ပြောပါတယ်

လူမှုကွန်ယက်စာမျက်နှာမှာလည်း လှူဒါန်းခဲ့တဲ့ ပုံရိပ်များနဲ့အတူ”မေမြို့ သင်္ဂတုံ ပရဟိတကျောင်းကကလေးများအတွက် NICE FOODမုန့်တွေ လှူဖြစ်ခဲ့ပါတယ် ❤️🙏”ဆိုပြီး မျှဝေထားတာလေးကိုပြန်လည်တင်ပြပေးလိုက်ပါတယ်နော်

Photo May Melody

Zawgyi







Photo May Melody

ဖခင်ဖြစ်သူ ဆေးကုသမှု ခံယူခဲ့တဲ့ဂျပန်ဆေးရုံမှ ဆရာဝန်တွေနဲ့သူနာပြုများကို ထောပတ်ထမင်း လှူဒါန်းခဲ့တဲ့ မင်းသန့်မောင်မောင်

ဒါရိုက်တာ စင်ရောင်မောင်မောင်ကတော့ အကယ်ဒမီဆုတွေများစွာကို လက်ဝယ်ပိုင်ဆိုင်ထားပြီး ရုပ်ရှင်အနုပညာလောကမှာ အောင်မြင်မှုတွေများစွာကို ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဒါရိုက်တာ စင်ရော်မောင်မောင်က သူ့ရဲ့ အနုပညာအမွေတွေကို သားဖြစ်သူ မင်းသန့်မောင်မောင်ဆီ လက်လွှဲပေးနိုင်ခဲ့ပြီး

မင်းသန့်မောင်မောင်ကလည်း ဒါရိုက်တာပညာရပ်ကိုအမေရိကန်နိုင်ငံအထိ သွား ရောက်သင်ယူခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ မင်းသန့်မောင်မောင်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီးဖခင်ကြီး စင်ရော်မောင်မောင်နဲ့ မိခင်ကြီးမေသန်းနုတို့ကိုလိုလေသေးမရှိ ပြုစုစောင့်ရှောက်နေလျက်ရှိပါတယ်။

ဒါရိုက်တာစင်ရော်မောင်မောင်က ပြီးခဲ့တဲ့ရက်ပိုင်းက အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီးဂျပန်ဆေးရုံမှာဆေးကုသမှုခံယူခဲ့ရတာပဲဖြစ်ပါတယ်။ဒါပေမယ့် လက်ရှိမှာတော့လုံးဝနေကောင်းသက်သာသွားခဲ့ပြီး ကျန်းမာရေးကောင်းမွန်နေပြီဖြစ်တဲ့

စင်ရော်မောင်မောင်နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်တို့ကဂျပန်ဆေးရုံက ဆရာဝန်တွေနဲ့သူနာပြုတွေကိုကြက်သားထောပတ်ထမင်းများလှူဒါန်းပေးခဲ့ကြောင်း“ဂျပန်ဆေးရုံကြီးမှပါမောက္ခများ၊သမားတော်ကြီးများ၊ဆရာဝန်များ၊ သူနာပြုများ၊ဝန်ထမ်းများအတွက်

ကြက်သားထောပတ္ထ မင်း (parparlay) အထုပ် ၆၀ ကိုယနေ့ လှူဒါန်းခဲ့ပါသည်။ သာဓုအနုမောဓနာခေါ်ကြပါခင်ဗျာ။” ဆိုပြီးစင်ရော်မောင်မောင်ကသူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေပြောလာပါတယ်။

ဒါရိုက်တာစင်ရော်မောင်မောင်ကတော့ ခဏတာနေထိုင်မကောင်းဖြစ်ခဲ့ပြီးဂရု စိုက်စောင့်ရှောက်ပေးကြတဲ့ဆရာဝန်ကြီးတွေနဲ့ကျန်းမာရေးဝန်ထမ်းတွေကြောင့် အချိန်တိုအတွင်းကျန်းမာလာခဲ့တာပဲဖြစ်ပါတယ်။

Source: Zin Yaw Mg Mg ‘s fb
Credit MCT







Source: Zin Yaw Mg Mg ‘s fb
Credit MCT

သမာ အာဇီဝကျကျ အလုပ်လုပ်ရင်း ဝမ်းရေးဖြေရှင်းနေတဲ့ အဘိုး နှစ်ယောက် ကို ကူညီထောက်ပံ့ပေးခဲ့တဲ့ မိုးစက်

ပရိသတ်ကြီးရေ မိုးစက်ကတော့ ဝမ်းရေးအတွက် ခက်ခဲစွာဖြေရှင်းနေရတဲ့ သက်ကြီးရွယ်အိုတွေကိုထောက်ပံ့ကူညီတဲ့ သူ့ရဲ့နေ့စဉ်ပြုလုပ်နေတဲ့ကောင်းမှုတွေကို မနေ့ကလည်း ပြုလုပ်ခဲ့ပါတယ်။ အခုတစ်ခေါက်မှာတော့ အဘိုး(၂)ယောက်ကို ကူညီထောက်ပံ့ခဲ့တာပဲဖြစ်ပါတယ်။

မိုးစက်ကတော့ မနေ့က လှည်းတန်း ဦးထွန်းလင်းခြံလမ်းမှာ မြွေရုပ်လေးတွေရောင်းကာ ဝမ်းရေးကို အားမလျော့ဘဲ ခက်ခက်ခဲခဲဖြေရှင်းနေတဲ့ အဘိုးကို အလှူရှင်တွေလှူဒါန်းပေးထားတဲ့ အလှူငွေတွေထဲကနေ(၁)သိန်းကျပ်နဲ့ သာကေတ (၁) ဈေးထဲက ထင်းပေါက်လေးတွေရောင်းသမာအာဇီဝကျကျ ဝမ်းရေးဖြေရှင်းနေတဲ့အသက်(၇၇) နှစ်အရွယ် အဘိုးကိုလည်း (၁)သိန်းကျပ် ထောက်ပံ့ ကူညီခဲ့တာပဲဖြစ်ပါတယ်။

မိုးစက်ကတော့ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ကောင်းမှုတွေကို ပရိသတ်တွေလည်း ထပ်တူ ရရှိစေဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ပရိသတ်ကြီးတွေလည်း မိုးစက်ရဲ့ကောင်းမှုတွေကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Moe Sat
Credit – CeleZone




Source – Moe Sat
Credit – CeleZone

သားလေး အာကြီးရဲ့ မျက်နှာခွဲစိတ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ကုသလို့ရနိုင်မယ့် အခြေအနေကို ရင်ဖွင့်လာတဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် မင်းသမီး ခိုင်နှင်းဝေကတော့ လူတကာ မလုပ်နိုင်တဲ့ ပရဟိတအလုပ်တွေကို စိတ်ရောကိုယ်ပါနစ်ပြီး လုပ်ကိုင်နေသူ မင်းသမီးလေးတစ်ယောက်အဖြစ် ကောင်းသတင်းမွှေးသူတစ်ယောက် ဖြစ်ပါတယ်။ ခိုင်နှင်းဝေက ခိုင်နှင်းဝေပရဟိတအသင်းနဲ့ ခိုင်မိသားစုဂေဟာတို့ကို ဦးစီးပြီး

အများအကျိုးကို သယ်ပိုးဆောင်ရွက်နေသူတစ်ယောက်ပါပဲ။ ဒီကနေ့မှာတော့ ခိုင်နှင်းဝေက ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်တဲ့ သားငယ်မောင်အာကြီးရဲ့ မျက်နှာအနေအထားခွဲစိတ်မှုနဲ့ ပတ်သက်ပြီး ပြောပြလာခဲ့တာကို တွေ့ရပါတယ်။

“ကိုထက်ဦးမောင်ရဲ့ CT reportများ အရ အတွင်းပိုင်း ခေါင်းရိုးမှာ (မွေးရာပါ) ချိုင့်ဝင်နေတဲ့ (ထိခိုက်မိထားတဲ့ ကုသမှ ရမဲ့ ဒဏ်ရာတစ်ချို့ ) ရှိပါတယ်..အာခေါင်၊မေးရိုး၊ နားရွက်များ အတွက် ခွဲစိတ်ကုသရပါမယ်..အဆင့် (၃) ဆင့်လောက် ကုသရမှာဖြစ်ပြီး

အသက် (၅) နှစ် ဝန်းကျင်ခန့်လောက်မှသာ မျက်နှာ အနေထား ပုံပြောင်းနိုင်မှာ ဖြစ်ပါတယ်ယခု အသက် အရွယ်ပိုင်းအရဆိုရင်တော့အစားစားနိုင်အောင်သာ ခွဲ စိတ်ကုသထားနိုင်မှာပါသားလေး အ တွက် အကောင်းဆုံး ကုသမှုမျိုးများ ဆောင်ရွက်ပေးသွားဘို့ ကျမ ရည် ရွယ်ထားပါတယ်

သားလေးကို ချစ်ပေးကြတဲ့ ၊မေတ္တာပေးကြတဲ့ ခုနှစ်ရက် သားသမီးများ အားလုံးကိုလဲ ကျေးဇူး အများကြီး တင်ပါတယ်ရှင်..ဆက်လက်ပြီးလဲ မေတ္တာ ခွန်အားများ ပေးပြီး အကောင်းဆုံး ဆက်လက် အသက်ရှင်ဘို့အတွက် သားလေးကို ဖေးမနားလည်ပေးကြပါလို့ မေတ္တာရပ်ခံရင်း” ဆိုပြီး အသိပေးလာခဲ့ပါတယ်။

ခိုင်နှင်းဝေကတော့ ဘဝပေးကံမကောင်းတဲ့ မောင်အာကြီးရဲ့ မျက်နှာအနေအထားကို သူ့အသက် (၅) နှစ်လောက်နေမှ ပြုပြင်ပြောင်းလဲလို့ရမှာဖြစ်ပြီး လတ် တလောမှာတော့ အစားစားလို့ အဆင်ပြေအောင်သာ ခွဲစိတ်လို့ရနိုင်မယ့်အကြောင်း ပြောလာတာပဲဖြစ်ပါတယ်။

Source: Khine Hnin Wai’s fb








အနုပညာဘက်မှာ‌ရော ပညာရေးဘက်မှာပါ ထူးချွန်ဆု ရရှိခဲ့တဲ့ ကလေး သရုပ်ဆောင် ပြည့်ပြည့်

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင် ပြည့်ပြည့်ကိုတော့ ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်ပါတယ်။ ပြည့်ပြည့်ဟာ ထိုင်းဒါရိုက်တာရိုက်ကူးတဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားမှာ စရိုက်နှစ်မျိုးကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ခဲ့ပြီး Asean Academy Creative Awards ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တဲ့ ပါရမီရှင်သမီးငယ်လေးတစ်ယောက်ပဲဖြစ်ပါတယ်။

အနုပညာနဲ့ ပတ်သက်လာရင်လည်းထူး ချွန်သလိုကျောင်းစာမှာလည်း မလစ် ဟင်းတဲ့ ပြည့်ပြည့်ဟာ ယခုတစ်ခေါက်မှာလည်း ပညာရည်ထူးချွန်ဆုရရှိခဲ့ပြီး “သမီးမူကြို မှစ၍ Grade 4 အထိ သင်ကြားပေးခဲ့ကြသော ဆရာ ဆရာမများ အားလုံးကို ကန်တော့ပါတယ် ဆုလာယူဖို့ ဖုန်းဆက် ပေးတဲ့သမီးရဲ့အတန်းပိုင်ဆရာမ ဒေါ်ခင်မျိုးသက် ကို ကျေးဇူးတင်ပါတယ် ဆုကို ပို့ပေးတဲ့ မမ အေးဆောင်း ကိုလည်း ကျေးဇူးတင်ပါတယ်။

Source:Pyae Pyae’s fb

Credit ; Myanmar Celebrities



Source:Pyae Pyae’s fb


အရမ်းလှတဲ့ အဖြူရောင် နှင်းဆီပန်းတွေနဲ့ အပြိုင် ဆွဲဆောင်မှုရှိရှိ လှပလွန်းနေတဲ့ ရွှေပိုးအိမ်

ရွှေပိုးအိမ်ကတော့ အနုပညာနယ်ပယ်ထဲကို ဟိုးအရင်ကတည်းက ဝင်ရောက်လာခဲ့ပြီး ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးလေးဖြစ်ပါတယ်။သူမက တော့ ဇာတ်ကားများစွာမှာ ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်ပြီး ဇာတ်ရုပ်အမျိုးမျိုးနဲ့ ကြည့်ရှုသူ ပရိသတ်တွေကို ဇာတ်ကားအဆုံးထိ မျောပါသွားအောင် ဆွဲခေါ်သွားနိုင်တဲ့ Acting ကောင်းတဲ့ မင်းသမီးဖြစ်ပါတယ်။

ရွှေပိုးအိမ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကိုဆိုရင်လည်း ပရိသတ်တွေက အားပေးကြည့်ရှုကြပြီး သူမရဲ့ ပိုင်နိုင်တိကျတဲ့ သရုပ်ဆောင်တွေကြောင့် ပရိသတ်ကြီးက ဇာတ်ကားထဲ စီးမျောပါသွားရပါတယ်နော်။ရွှေပိုးအိမ်က ပြည့်ပြည့်ဖောင်းဖောင်းလေး နဲ့ချစ်စရာကောင်းတဲ့ ပုံလေးကြောင့် လူချစ်လူခင် ပေါများကာပရိသတ်တွေ ချစ်ခင်ကြတာလည်းဖြစ်ပါတယ်။

ရွှေပိုးကတော့ တစ်ခါတစ်ရံ ပရဟိတလုပ်ငန်းတွေကိုလည်း ကိုယ်တိုင်ပါဝင် လုပ်ကိုင်လေ့ရှိပါတယ်။အခုမှာတော့ အရမ်းလှတဲ့ ပန်းခင်းကြီး အလယ်မှာ အထာကျကျပို့စ်လေးတွေ မျိုးစုံပေးရင်း သဘာဝ ဆန်ဆန်လေး လှရက်လွန်းနေတဲ့ ပုံလေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးထဲမှာ ဆွဲဆောင်မှုရှိရှိနဲ့ ချစ်ဖို့ကောင်းလွန်းနေတာကြောင့် ပရိသတ်ကြီး ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Credit – Yaungchi
Photo – Shwe Poe Eain




Credit – Yaungchi
Photo – Shwe Poe Eain

မင်းသားကြီး Daniel Craig နောက်ပိုင်း James Bond နေရာမှာ မြင်တွေ့ချင်မိတဲ့ သရုပ်ဆောင် (၅) ဦး

No Time To Die ဇာတ်ကားနဲ့ Daniel Craig ရဲ့ James Bond သက်တမ်းဟာ အဆုံးသတ်သွားခဲ့ရတော့ နောက်လာမယ့် James Bond နေရာမှာ မင်းသားအသစ်တွေကို မြင်တွေ့ရဖို့ လမ်းပွင့်သွားခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း ပရိသတ်တွေက သူတို့အချစ်တော် လိုက်ဖက်တဲ့သရုပ်ဆောင်တွေကို ဒီဇာတ်ကောင်အဖြစ် မြင်တွေ့လိုကြောင်းပြောနေကြလို့ ဒီပို့စ်မှာတော့ ဒီသရုပ်ဆောင်တွေထဲက လူပြောအများဆုံး (၅) ဦးကို ဖော်ပြပေးလိုက်ပါတယ်။

1. Idris Elba

Idris Elba ကတော့ ပုံစံကျသားနားနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူဟာ The Wire နဲ့ Luther လို ဇာတ်ကားမျိုးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ Luther မှာလည်း စုံထောက်အဖြစ်သရုပ်ဆောင်ခဲ့တော့ သူဟာ James Bond နေရာကို ပထမဆုံးလူမည်းသရုပ်ဆောင်ဖြစ်လာဖို့ အသင့်တော်ဆုံးလူဖြစ်နေပါတယ်။

မင်းသားဖြစ်သူက ၂၀၂၁ အင်တာဗျူးတစ်ခုမှာ ဒီဇာတ်ကောင်နေရာအတွက် ပရိသတ်တွေရဲ့မျှော်လင့်ချက်တွေကို ကြားသိရကြောင်းနဲ့ သူ့အမေကလည်း သူတစ်နေ့မှာ ဒီဇာတ်ကောင်ကို သရုပ်ဆောင်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်နေကြောင်း ပြောကြားခဲ့ပါတယ်။

မကြာသေးခင်က အင်တာဗျူးတစ်ခုမှာတော့ သူဟာ ဒီဇာတ်ကောင်နေရာကို ပါဝင်သရုပ်ဆောင်ဖို့ မရှိသေးဘူးလို့ ဆိုထားပါသေးတယ်။ ဒီဇာတ်ကားဆက်တွေကို ထုတ်လုပ်သူ Barbara Broccoli ကတော့ ဒီဇာတ်ကောင်အဖြစ် သရုပ်ဆောင်ရွေးချယ်မှုမှာ မင်းသားရဲ့နာမည်ကို အဆက်မပြတ်ကြားသိရကြောင်းနဲ့ သူ(မ)ရဲ့မိတ်ဆွေတွေကလည်း Idris ကို ချီးကျူးနေကြကြောင်း ပြောကြားနေတယ်လို့ ဆိုခဲ့ပါတယ်။ ဒီတော့ ပရိသတ်တွေမျှော်လင့်ချက်က ရှင်သန်နေဆဲဖြစ်ပုံပါပဲ။

2. Henry Cavill

Henry Cavill ဟာဆိုရင်လည်း အပေါ်အင်္ကျီအပြည့်အစုံနဲ့ဆိုရင် ခန့်ညားနေမယ့်သူပါပဲ။ သူဟာ ချောမောခန့်ညားသူတစ်ဦးဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း အတွေ့အကြုံပြည့်ဝသူတစ်ဦးပါ။ သူက ၂၀၀၅ ခုနှစ်မှာ ဒီဇာတ်ကောင်အတွက် သရုပ်ဆောင်ရွေးချယ်ပွဲ သွားရောက်ခဲ့ပေမယ့် Daniel Craig ကသာ အရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့အချိန်တုန်းကတော့ သူဟာ (၂၂) နှစ်သာရှိသေးတော့ ဒီဇာတ်ကောင်အတွက် ငယ်ရွယ်သေးတယ်လို့ ဆိုရပါမယ်။

အခုတော့ Henry ဟာ Netflix ရဲ့ The Witcher မှာသရုပ်ဆောင်ရင်းလည်း အချိန်အတော်ကုန်ဆုံးခဲပြီး တတိယ Season ကြောင့် အလုပ်ရှုပ်နေမှာအမှန်ပါပဲ။ ပြီး Superman အဖြစ်လည်း မြင်တွေ့ရဦးမယ်ထင်ပါတယ်။ အဲ့တော့ Cavill ကလည်း ဒီအသက်အရွယ်မှာဆိုရင် နောက်လာမယ့် James Bond ဖြစ်သွားနိုင်သေးတာပါပဲ။

3. Tom Hardy

Daniel Craig ကနေ ကူးပြောင်းသရုပ်ဆောင်ဖို့ အကြိုက်ဆုံး မင်းသားဖြစ်ပါတယ်။ သူကတော့ Mad Max: Fury Road နဲ့ The Dark Knight Rises တို့လို ဇာတ်ကြောင်းကွဲဇာတ်ကားတွေမှာ သူ့သရုပ်ဆောင်အစွမ်းကို ပြသထားနိုင်သူပါ။

သူ့ကိုလည်း အသက်ငယ်ရွယ်မှုကြောင့် ငြင်းဆိုနိုင်စရာရှိပေမယ့် James Bond ထုတ်လုပ်သူတွေက ရေရှည်ကိုစဉ်းစားပြီး သရုပ်ဆောင်ရွေးချယ်မယ်ဆိုရင်တော့ အလေးပေးထည့်သွင်းစဉ်းစားရမယ့် မင်းသားတစ်ဦးဖြစ်ပါတယ်။

4. Richard Madden

သူကတော့ ပရိသတ်တွေသိပ်ရင်းနှီးတဲ့ သရုပ်ဆောင်တစ်ဦးမဟုတ်ပေမယ့် 007 ဇာတ်ကောင်ကို ကောင်းစွာသရုပ်ဆောင်နိုင်စွမ်းရှိသူဖြစ်ပါတယ်။ သူ့သရုပ်ဆောင်မှုကိုလည်း The Bodyguard နဲ့ Game of Thrones တို့မှာ မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ သူကတော့ လက်ရှိမှာ အသက် (၃၅) နှစ်ရှိနေပြီဖြစ်လို့ Daniel Craig ထက်တော့ ငယ်ရွယ်သူတစ်ဦးပါပဲ။

5. Dev Patel

Bond ဖြစ်ဖို့အတွက် ငယ်ရွယ်လွန်းနေပါသေးတယ်လို့ တချို့လူတွေက ငြင်းကြမှာဖြစ်ပေမယ့် Dev က ဒီဇာတ်ကောင်နဲ့ လိုက်ဖက်သူတစ်ဦးဖြစ်ပါတယ်။ သူဟာ သူ့ရဲ့တိုတောင်းတဲ့အနုပညာသက်တမ်းတလျှောက်မှာတော့ ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေကိုသာ ပြသခဲ့သူဖြစ်ပြီး ရေရှည်မျှော်တွေးမယ်ဆိုရင်တော့ ဒီအသက်အရွယ်မှာ Bond အဖြစ် ရွေးချယ်ထားဖို့လည်း သင့်တော်နိုင်ပါတယ်။

M2T Shwengwegames

AnimatedTimes

Zawgyi


1. Idris Elba




2. Henry Cavill



3. Tom Hardy



4. Richard Madden


5. Dev Patel


M2T Shwengwegames

AnimatedTimes

ထူးခြားတဲ့ အိမ်မွေး တိရိစ္ဆာန်တွေ မွေးမြူထားကြတဲ့ ကမ္ဘကျော် ဆယ်လီ များ

1. Reese Witherspoon

Reese Witherspoon မှာ မွေးမြူရေးခြံတစ်ခုရှိပြီး အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူရတာကိုလည်း သဘောကျသူဖြစ်ပါတယ်။ Ellen DeGeneres နဲ့လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့မှုအရ သူ့မှာ မြည်းအကောင်သေးနှစ်ကောင်ရှိတယ်လို့ သိရပါတယ်။ Honky နဲ့ Tonky လို့နာမည်ပေးထားကြောင်းလည်း ပြောကြခဲ့ပါသေးတယ်။ သူ့အိမ်မွေးတိရိစ္ဆာန်စာရင်းထဲမှာ ဝက်တွေ၊ မြင်းတွေ၊ ကြက်တွေ၊ ဆိတ်တွေနဲ့ ခွေးတွေပါရှိပါတယ်။

2. Colin Kaepernick

Colin ရဲ့မိသားစုဟာ ခွေးတစ်ကောင်နဲ့ကြောင်တစ်ကောင် မွေးထားကြပါတယ်။ ဒါပေမယ့် Colin ကတော့ ထူးခြားတဲ့တိရိစ္ဆာန်ကို မွေးမြူချင်သူပါ။ သူဟာကုန်းလိပ်ကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူထားသူဖြစ်ပါတယ်။ သူအသက် (၁၀) နှစ်အချိန်ကတည်းက သူ့မှာ Sammy လို့ခေါ်တဲ့ ကုန်းလိပ်တစ်ကောင်ရှိပါတယ်။ အဲ့အချိန်တုန်းကတော့ သူ့လက်ဖဝါးနဲ့ချီမနိုင်ပေမယ့် အခုတော့ အဲ့အကောင်က (၁၁၅) ပေါင်တောင် ရှိနေပါပြီ။

3. David Beckham

David Beckham နဲ့ သူ့ဇနီး Victoria Beckham တို့မှာ “Beckingham Palace” လို့ခေါ်တဲ့ မွေးမြူရေးခြံတစ်ခုရှိပါတယ်။ အဲ့မှာတော့ တိရိစ္ဆာတွေအများအပြားကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူထားတာဖြစ်ပါတယ်။ အဲ့ထဲက တိရိစ္ဆာန်တွေမှာ လက်ဖက်ရည်ခွက်လောက်အရွယ်ရှိတဲ့ ဝက်အသေးနှစ်ကောင်ကိုလည်း မွေးမြူထားကြပါတယ်။ ဒီကောင်လေးတွေကို ဝယ်ခကတော့ တစ်ကောင်ကို ဒေါ်လာ (၈၀၀) လောက်ကျသင့်ပါတယ်။

4. Justin Bieber

Justin က မျောက်တွေကိုချစ်မြတ်နိုးသူဖြစ်ပြီး မျောက်တစ်ကောင်မွေးထားချင်တဲ့သူဖြစ်ပါတယ်။ သူ့သူငယ်ချင်းတစ်ဦးက သူ့ကို ၂၀၁၃ ခုနှစ်မှာ OG Mally အမည်ရှိတဲ့မျောက်တစ်ကောင် လက်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အသိမ်းခံလိုက်ရပါတော့တယ်။

5. Michael Jackson

MJ က Bubbles အမည်ရှိမျောက်တစ်ကောင် ပိုင်ဆိုင်ထားပါသေးတယ်။ သူကလေးဘဝတုန်းက Ben လို့ခေါ်တဲ့ ကြွက်တစ်ကောင်ကိုလည်း ပိုင်ခဲ့ပါသေးတယ်။ MJ က Ben ကိုချစ်လွန်းလို့ သူ့အတွက် သီချင်းတစ်ပုဒ်တောင်စပ်ပေးခဲ့ပါသေးတယ်။

6. Elvis Presley

ဒီတစ်ခုကတော့ တော်တော်လေးထူးခြားပါတယ်။ Elvis Presley ဟာဆိုရင် သားပိုက်ကောင်ကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူခဲ့ပါတယ်။ သူဟာတိရိစ္ဆာန်တွေကို ချစ်မြတ်နိုးသူဖြစ်ပြီး ငယ်ငယ်ကတည်းက ဒီလိုမွေးမြူချင်ပေမယ့် မမွေးမြူနိုင်ခဲ့ဘူးဖြစ်ခဲ့ပါတယ်။ သူအောင်မြင်မှုရအပြီးမှသာ တိရိစ္ဆာန်အများအပြားကို မွေးမြူခဲ့ပါတော့တယ်။

7. Nicolas Cage

Nicolas Cage က သရုပ်ဆောင်ပိုမိုကောင်းမွန်ချင်လို့ ဘဝဲတစ်ကောင်မွေးမူပြီး သူ့ရဲ့လှုပ်ရှားမှုတွေကို လေ့လာကြည့်ရှုခဲ့ပါတယ်တဲ့။ Nicolas ဟာဆိုရင် အိမ်တွေ၊ ကားတွေနဲ့လှေတွေကို ဝယ်ယူပြီး ပိုက်ဆံဖြုန်းလို့ ကျော်ကြားသူဖြစ်တဲ့အပြင် ဒီစာရင်းထဲမှာ ဘဝဲနဲ့ Cobra မြွေနှစ်ကောင်လည်း ပါဝင်ပါတယ်။ ဒါပေမယ့် အခုတော့ အကြွေးချေနိုင်ဖို့ ဘဝဲကိုပြန်လည်ရောင်းချလိုက်ရပါတယ်။

M2T Shwengwegames

Animatedtimes

1. Reese Witherspoon


2. Colin Kaepernick


3. David Beckham


4. Justin Bieber


5. Michael Jackson


6. Elvis Presley


7. Nicolas Cage


M2T Shwengwegames

Animatedtimes