မြန်မာ ဆန်ဆန်လေး ဝတ်ကာ နုပျိုတဲ့ အလှတရားတွေနဲ့ လှပနေတဲ့ ရေဗက္ကာဝင်းရဲ့ ပုံရိပ်များ
အဆိုတော် ရေဗက္ကာဝင်းကတော့ ပရိသတ် အများအပြားရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ရေဗက္ကာဝင်းရဲ့သီချင်းဟောင်းလေးတွေကလည်း နားထောင်လို့ ကောင်းနေဆဲဖြစ်ပြီး ဘယ်တော့မှ မရိုးသွားလို့ ပရိသတ်တွေက ကြိုက်နှစ်သက်နေကြတာပါနော်။
ရေဗက္ကာဝင်းက ချစ်မွှေးပါတဲ့မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတဲ့အပြင် အသံလေးကလည်း အရမ်းနားထောင်လို့ကောင်းပါတယ် ။အခုချိန်ထိလည်း လှပနုပျိုနေဆဲဖြစ်တဲ့ ရေဗက္ကာဝင်းက လက်ရှိအချိန်မှာတော့ အေးအေးချမ်းချမ်းနေထိုင်နေတာဖြစ်လို့ တစ်နေ့ထက်တစ် နေ့ပိုပိုလှပလာပါတယ်။
ပရိသတ်တွေကတော့ ရေဗက္ကာဝင်းကို ချစ်ကြလို့ သူမရဲ့လှုပ်ရှားမှုလေးတွေကို စောင့်ကြည့်ပြီး အားပေးနေကြတာဖြစ်ပါတယ်နော်။အခုလည်း မြန်မာဆန်ဆန်လေး ဝတ်ကာနုပျိုတဲ့ အလှတရားတွေနဲ့ မိမိုက်နေတဲ့ ပုံလေးတွေကိုဝေမျှလာပါတယ် ။ ပရိသတ်ကြီးလည်း ရေဗက္ကာဝင်းရဲ့ ပုံရိပ်တွေကို အလွမ်းပြေ ကြည့်ရှုနိုင်စေရန် ဝေမျှပေးလိုက်ပါတယ် ။
Credit – Cele Zone
Photo – Rebecca Win
Credit – Cele Zone
Photo – Rebecca Win
ခင်ပွန်းလောင်းဖြစ်သူ မောင်ရဲ့ မိသားစုနဲ့အတူ နှစ်ကူး ကန်တော့ ပွဲမှာ ပါဝင်ကန် တော့ခဲ့တဲ့ ရီရီပွင့်ဖြူ
သရုပ်ဆောင် မောင်နဲ့ သရုပ်ဆောင် ရီရီပွင့်ဖြူတို့ကတော့ အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ပေမယ့် သူတို့နှစ်ယောက်ရဲ့ ကြည်နူးစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။ မောင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ (၈) နှစ်တိုင်တိုင် အချစ်လမ်းခရီးကိုလျှောက်လှမ်းခဲ့ကြပြီး
လက်ရှိအချိန်ထိလည်း တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီရင်း သာယာတဲ့ ချစ်သူဘဝကိုတည်ဆောက်ထားကြတာပဲဖြစ်ပါတယ်။မကြာခင်မှာလည်း လက်ထပ်ကြတော့မယ့် မောင်နဲ့ ရီရီပွင့်ဖြူတို့ဟာ သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲအတွက်လည်း အလုပ်တွေကိုယ်စီရှုပ်နေကြတာပဲဖြစ်ပါတယ်။
မကြာခင်လက်ထပ်တော့မယ့် ချစ်သူတွေပီပီ တစ်ဖက်မိသားစုတစ်ဖက် ဝင်ထွက်သွားလာနေတဲ့ မောင်နဲ့ ရီရီပွင့်ဖြူဟာ ဒီကနေ့မှာလည်းတရုတ်နှစ်သစ်ကူးနေ့ကို အတူတူဖြတ်သန်းခဲ့ကြပါတယ်။ ရီရီပွင့်ဖြူကသူ့ရဲ့ခင်ပွန်းလောင်းမောင်တို့ မိ သားစုရဲ့တရုတ်နှစ်သစ်ကူးနေ့မှာ အတူ တူကန်တော့ခဲ့ပြီး “ပထမဆုံး အတူတကွဖြတ်သန်းတဲ့ တရုတ်နှစ်သစ်ကူး” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
ရီရီပွင့်ဖြူကတော့ မောင်တို့မိသားစုရဲ့ ရိုးရာကို လက်ဆင့်ကမ်းပြီး မကြာခင် နှစ်စဉ်နှစ်တိုင်း တရုတ်နှစ်သစ်ကူးနေ့တွေကို ဖြတ်သန်းရမှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကြည်နူးစရာကောင်းတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့အတွဲလေးကိုကြည့်ပြီး အားကျနေကြမယ်ထင်ပါတယ်နော်။
Source: SEIN PHYO & YI’s fb
Credit – MCT
Source: SEIN PHYO & YI’s fb
Credit – MCT
အထာကျကျ ပို့စ်လေးတွေ မျိုးစုံပေးကာညို့အားပြင်းပြင်း ဆွဲဆောင်နိုင်‌တဲ့ နွယ်နွယ်ထွန်းရဲ့ ပုံရိပ်များ
နွယ်နွယ်ထွန်း ကတော့ ဆွဲဆောင်မှုရှိပြီး sexy ကျလွန်းတဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကိုအမြဲဖမ်းစားလေ့ရှိတယ်ဆိုတာ ပရိသတ်တွေသိရှိပြီးဖြစ်မယ်ထင်ပါတယ်။
ချစ်စရာအပြုံးပိုင်ရှင်လေးဖြစ်သလို အမြဲစမက်ကျကျဖက်ရှင်လေးတွေနဲ့ ပရိသတ်တွေအသည်းကို ခြွေချတက်သူလေးမို့ ပရိသတ်တွေသတိထားမိလာသူလေးလဲဖြစ်ပါတယ်။
အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့ကနေ စတင်ဝင်ရောက်လာခဲ့သူတစ်ယောက်ဖြစ်ပြီးနောက်ပိုင်းမှာတော့ သူမရဲ့ ကြိုးစားမှုတွေကြောင့် သရုပ်ဆောင်အလုပ်တွေနဲ့ ဇာတ်ကားတွေမှာပါပါဝင်သရုပ်ဆောင်လာတာကိုတွေ့ မြင်ရပါတယ်။
လန်းလွန်းတဲ့ sexy ကျကျပုံလေးတွေကြောင့်လည်း ယောကျာ်းလေး ပရိသတ်အများဆုံး ဝန်းရံမှုနဲ့အားပေးမှုတွေလည်းများစွာ ရှိနေတာပါ ။
သူမရဲ့ အမိုက်စားပုံတွေနဲ့ ညို့အားပြင်းပြင်း ဆွဲဆောင်နိုင်သူလေးဖြစ်တာကြောင့် လက်ရှိဖေ့ဘွတ်စာမျက်နှာမှာ ရေပန်းစားလူကြိုက်များကာ ပုရိသတွေ ဝန်းရံနေကြတာလည်းဖြစ်ပါတယ် ။
အခုလည်း ရင်ခုန် စရာအလှတရားတွေနဲ့ အထာကျကျ ပို့စ်လေးတွေ မျိုးစုံပေးကာ ပုရိသတွေကို ကြွေစေပြန်ပါတယ် ။ ပုံတိုင်းက လန်းလွန်းလို့ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Credit– Yaungchi
Photo – Nwe Nwe Tun
-Zawgyi Font ဖြင့်ဖတ်ရန် –
Credit– Yaungchi
Photo – Nwe Nwe Tun
မနှစ်က အမှတ်ရစရာ ဖြစ်ရပ်လေးတွေကို ပုံနှင့်တကွ ဝေမျှပေးလာတဲ့ ‌မင်းသမီးချောလေး မေ
အများနဲ့မတူ တစ်မူထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ အသံပိုင်ရှင်လေး မေကတော့ လူငယ်ပရိသတ်တွေရဲ့ အားပေးနှစ်သက်မှု အခိုင်အမာ ရရှိခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်ကော အဆိုပိုင်းမှာပါ ထူးချွန်တဲ့ မေက ဖြူဖွေးပြီး ချစ်စရာကောင်းတာကြောင့် ကြော်ငြာနဲ့ မဂ္ဂဇင်းမျက်နှာဖုံးတွေလည်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။
သူမက အနုပညာလှုပ်ရှားမှုအနေနဲ့ ဂီတအလုပ်အပြင် ဓာတ်ပုံရိုက်ကူးမှုတွေလည်း ပြုလုပ်နေပါတယ် ။အသစ်ထွက်ရှိထားတဲ့ သီချင်းလေးတွေက ဆိုရင်လည်း ပရိသတ်တွေကြားမှာ ရေပန်းစားလူကြိုက်များတာတွေ့ရပါတယ်။
ဒါ့အပြင် ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရအောင်လည်း သူမရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲဖော်ပြပေးလေ့ရှိတာကိုတွေ့ရပါတယ် ။ အခုလည်း အရင်နှစ်က အမှတ်ရစရာ အရမ်းကောင်းလွန်းတဲ့ အကြောင်းအရာလေးတွေကို ပုံလေးတွေနဲ့ တကွ ” မနှစ်က ဒီနေ့ January 31, မနက်ဖြန်ဘာတွေ ဖြစ်မလဲမသိသေးခင်ကျမ မြို့တော်ခမ်းမ ဘေးမှာ ခေါက် တုံ့ခေါက်ပြန် လမ်းဖြတ်ကူးစဉ်က ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Credit – Yaungchi
Photo – May
Credit – Yaungchi
Photo – May
“မကြာခင်မှာ ပြသတော့မယ့် သူပါဝင် သရုပ်ဆောင်ထားတဲ့ မကြေးစည်ဇာတ်လမ်းတွဲကို အားပေးကြည့်ရှူကြဖို့တောင်းဆိုလိုက်တဲ့ နက္ခတ်”
ပရိသတ်ကြီးရေ နက္ခတ်ကတော့ MRTV4 ဇာတ်လမ်းတွဲတွေကနေပရိသတ်တွေရင်ထဲရောက်ရှိခဲ့တဲ့မင်းသားတစ်လက်ပါ။ဇာတ်လမ်းတွဲတွေများစွာကို ဇာတ်ရုပ်အမျိုးမျိုးနဲ့သရုပ် ဆောင်နိုင်ခဲ့တဲ့သူပါ။
ကျွန်တော်အမုန်းဆုံးကျွန်တော်ဇာတ် လမ်းတွဲမှာလည်း ပရိသတ်တွေရင်ထဲရောက်အောင်သရုပ်ဆောင်နိုင်ခဲ့သူပါ။အခုနောက်ပိုင်းမှာ အိမ်ထောင်ကျပြီးသမီးလေးကို ပိုင်ဆိုင်ထားပြီးတဲ့နောက်မှာတော့ သူ့ရဲ့ဇာတ်လမ်းတွဲတွေမထွက်ရှိခဲ့တာကြာပြီ​ပဲ ဖြစ်ပေမယ့် လာမယ့်ဖေဖော်ဝါရီလ၃ရက်နေ့မှာတော့ နက္ခတ်ပါဝင်မယ်် မကြေးစည်ဇာတ်လမ်းတွဲလေးပြသတော့မှာပဲ ဖြစ်ပါတယ်။
“ မကြေးစည် ဇာတ်လမ်း တွဲလေး လာ ရင်အားပေးဦးနော် ၃ ရက်နေ့ ဆုံ မယ် ”ဆိုတဲ့စာလေးနဲ့လည်း ပရိသတ်တွေကို ပြောပြလာခဲ့တာပါ။ပရိသတ်တွေလည်းနက္ခတ်ပါဝင်မယ့် မကြေးစည်ဇာတ်လမ်းတွဲကိုစောင့်ကြည့်ဖို့အသင့်ပဲလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။
Credit – CeleGabar
Source – နက္ခတ်
Credit – CeleGabar
Source – နက္ခတ်
တရုတ် နှစ်သစ်ကူး အမှတ်တရ အနေနဲ့ ရိုက်ကူးခဲ့တဲ့ စိုးပြည့်သဇင် ရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်များ
ပရိသတ်အချစ်တွေကို ရရှိထားတဲ့ မင်းသမီးချောလေးစိုးပြည့်သဇင်ကတော့ အေးချမ်းပြီး ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်။ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့အလှတွေကိုပိုင်ဆိုင်ထားတဲ့ စိုးပြည့်လေးကတော့သဒ္ဓါတရားလည်းထက်သန်ပြီး စိတ်ထားပြည့်ဝလွန်းသူလေး တစ်ယောက်ပါ ။
အချိန်တွေအကြာကြီး ပရိသတ်အား ပေးမှုရရှိထားတဲ့ စိုးပြည့်သဇင်က အမာခံပရိသတ်မြောက်များစွာကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။စိုးပြည့်က မိဘနှစ်ပါးပေါ်မှာလည်း သိတတ်လိမ္မာလို့ မိဘတွေကိုလုပ်ကျွေးပြုစုနေတဲ့သမီးလေးဖြစ်ပါတယ်။
လတ်တလောမှာတော့ စိုးပြည့်က တရုတ်နှစ်သစ်ကူးအမှတ်တရ အနေနဲ့ အရမ်းလှတဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာတကယ့် တရုတ်မင်းသမီးလေး တစ်ယောက်အလား ထင်မှတ်ရလောက်အောင်ချစ်စရာကောင်းလွန်းနေတာအမှန်ပါပဲ။ ပရိသတ်ကြီးအတွက် စိုးပြည့်ရဲ့ ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ် ။
Credit – Cele Zone
Photo – Soe Pyae Thazin
Credit – Cele Zone
Photo – Soe Pyae Thazin
ခင်ပွန်းသည် ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း ကိုယ်ပိုင် Brand လေးထုတ်ပြီး စီးပွားရေး လောကထဲ ခြေစုံချခဲ့တဲ့ နန်းမြတ်ဖြိုးသင်း
ဆရာဝန်မလေးတစ်ယောက်ဖြစ်သလို အဆိုတော်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းဟာ အနုပညာလုပ်ငန်းတွေမှာအောင်မြင်မှုရရှိနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။သာယာအေးချမ်းတဲ့မိသားစုဘဝလေး ပိုင်ဆိုင်ထားတဲ့ နန်းမြတ်ဖြိုးသင်းက ကံမကောင်းစွာနဲ့ပဲ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး
အခုဆိုရင် သားနဲ့သမီးအတွက် အဖေလိုရော အမေလိုပါ ပြုစုစောင့်ရှောက်နေတာပဲဖြစ်ပါတယ်။အခုဆိုရင်ကိုယ်ပိုင်အမှတ်တံဆိပ်လေးနဲ့ အင်္ကျီတွေကို ထုတ်လုပ်ရောင်းနေပြီဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းက သူမအခုလိုအလုပ်တွေကြိုးစားနေချိန် ခင်ပွန်းသည်ကို သတိရအောက်မေ့ကြောင်း အခုလိုပဲပြောလာပါတယ်။
“မနေ့ကနန်းမြတ်ရဲ့သားသမီးလေးတစ်ယောက်ကိုမိတ်ဆက်ခဲ့ပါတယ်။ ဟုတ်တယ်။ ကိုယ့်ရဲ့brandလေးကကိုယ့်သားသမီးလေးလိုပါပဲ။ရင်ခုန်မျှော်လင့်ခြင်းများစွာနဲ့ပါ။ခုချိန်အရှိစေချင်ဆုံးကတော့ယောက်ျားကိုပါ။သူဘယ် လောက်တောင်ဝမ်းသာပီးပြုံးကြည့်နေမလဲလို့
သူလုပ်စေချင်တဲ့အလုပ်လေးကိုလုပ်နေပီလို့ပြောပြချင်တယ်။အဆင်ပြေတာတွေအဆင်မပြေတာတွေကိုလဲပြောပြချင်တယ်။ပင်ပန်းလာချိန်ခိုမှီစရာရင်ခွင်ကိုလဲလွမ်းမိတယ်။ဒါပေမယ့်သူ့ကိုပေးထားတဲ့ကတိအတိုင်းသားနဲ့သမီးအတွက်အားအပြည့်နဲ့ရှေ့ဆက်နေပါတယ်” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။
နန်းမြတ်ဖြိုးသင်းကတော့ကလေးနှစ်ယောက်နဲ့ စီးပွားလည်းရှာရသလို အိမ်ထောင်မှုကိစ္စအဝဝကိုလည်း စီမံခန့်ခွဲနေရတာ တကယ့်ကိုပင်ပန်းလှပါတယ်။ နန်းမြတ်တစ်ယောက် ကြိုးစားမှုတွေအရာထင်ပြီး အောင်မြင်မှုပန်းတိုင်တစ်ခုကို ရောက်ရှိပါစေနော်။
Source: Nann Myat Phyo Thinn ‘s fb
Credit MCT
Credit MCT
ရင်ခုန်စရာ အလှတရားများနှင့် စွဲမက်ဖွယ် အပြုံးချိုချိုလေးတွေ ကြောင့် မြင်သူတိုင်းရဲ့ ရင်ကို အေးမြစေခဲ့တဲ့ သင်ဇာဝင့်ကျော်
သင်ဇာကတော့ အနုပညာလောကမှာ sexy ကျကျနဲ့ စွဲမက်စရာ အလှတရားတွေကြောင့် ပုရိသပရိသတ်တွေကြား အမြဲရေပန်းစားအောင်မြင်နေသူပါ ။ အချိုးအစားကျတဲ့ ကောက်ကြောင်းအလှတွေနဲ့လည်း မိန်းကလေးပရိသတ်တွေကို အားကျချစ်ခင်စေသူလေး ဆိုလည်း မမှားပါဘူး ။
ပုရိသတွေရဲ့ အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားတဲ့ သင်ဇာလေးကတော့ ကျစ်လစ်သွယ်လျကာ ဆွဲဆောင်မှုတွေရှိလွန်းတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့အပြင် သူမတူတဲ့ ညို့အားပြင်းဖက်ရှင်ပုံရိပ်လေးတွေနဲ့ ဖမ်းစားတတ်သူလေးပါ ။
သူမရဲ့ လှုပ်ရှားမှု ပုံလေးတွေကိုလည်း အမြဲလိုလို ဖော်ပြပေးလေ့ ရှိတာကိုလည်းတွေ့ရပါတယ် ။ အခုလည်း စွဲမက်စရာ အပြုံးချိုချိုလေးတွေနဲ့ မြင်သူတိုင်းရဲ့ ရင်ကို အေးမြစေလောက်တဲ့ ပုံလေးတွေကိုဝေမျှလာပါတယ် ။ ပုံတိုင်းက အခါခါပြန်ကြည့်ချင် ရလောက်အောင် လှရက်လွန်းနေလို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Credit– Cele Zone
Photo – Thinzar Wint Kyaw
Zawgyi
Credit– Cele Zone
လူငယ်ဆန်ဆန် ဖက်ရှင်လေးဖြင့် ပို့စ်မျိုးစုံပေးကာ လှပကျော့ရှင်းပြီး မြင်သူတိုင်းကို အချစ်ပိုစေနိုင်တဲ့ နန်းဆုရတီစိုး ရဲ့ ပုံရိပ်များ
ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကြောင့် အနုပညာလောကမှာ ပရိသတ်တွေ အချစ်ပိုနေကြရသူလေးကတော့ အဆိုတော်သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးပဲ ဖြစ်ပါတယ် ။
နန်းဆုလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သူမကတော့ ဖြူဖွေးဝင်းဥနေတဲ့အသားအရေတွေကို ပိုင်ဆိုင်ထားတဲ့အပြင် အချိုးအစားကျတဲ့ခဏကောက်ကြောင်းအလှတွေကြောင့်လည်း ပရိသတ်တွေကြားရေပန်းစားနေသူလေးလည်း ဖြစ်ပါတယ်။
နိုင်ငံခြားသူလေးတစ်ယောက်လို ကျော့ရှင်းတဲ့အလှတွေနဲ့ မြင်သူတိုင်းကို အချစ်ပိုစေသူလေး နန်းဆုရတီစိုးကတော့ သီချင်းကောင်းလေးတွေများစွာထွက်ရှိထား အဆိုပိုင်းမှာအောင်မြင်မှုတွေရရှိထားတဲ့အပြင် သရုပ်ဆောင်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားသူလေးပါ ။
နန်းဆုကတော့ သူမရဲ့ လှရက်လွန်းတဲ့ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် အမြဲမျှဝေတတ်သူလေးလည်း ဖြစ်ပါတယ်နော်။
အခုလည်း  လူငယ်ဆန်ဆန် ဖက်ရှင်လေးနဲ့ ချစ်စရာ အမူအရာလေးတွေ မျိုးစုံပေးကာ ကလေးလေးတစ်ယောက်လို့ ထင်မှတ်ရလောက်တဲ့ ပုံလေးတွေကို ဝေမျှလာပါတယ် ။ ပုံတိုင်းက အခါခါပြန်ကြည့်ချင်ရလောက်အောင် လန်းလွန်းတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Credit– Yaungchi
Photo – Nang Su Yati Soe
Zawgyi
Credit– Yaungchi
Photo – Nang Su Yati Soe
တရုတ်နှစ်သစ်ကူးကာလမှာ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းမျာနှင့် ဆရာများကို အန်ပေါင်း ပေးခဲ့တဲ့ ပိုးကြာဖြူခင်
ပိုးကြာဖြူခင်ကတော့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးရာကနေ အောင်မြင်ကျော်ကြားလာတာ ဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ ကြော်ငြာတွေနဲ့ Photo Shooting တွေကိုပါ ရိုက်ကူးလာတာတွေ့ရပါတယ်။
ပိုးကြာဖြူခင်ဟာ စိတ်ထားဖြူစင်ပြီး လူငယ်ပီပီ လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်သူလေး ဖြစ်ပြီး အနုပညာအလုပ်ပေါ်တွင်လည်း တန်ဖိုးထားကာ ပရိသတ်တွေ အတွက် အမြဲကြိုးစား အားထုတ်နေတဲ့ သူလေး ဖြစ်ပါတယ်။
သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရအောင် အမြဲဖော်ပြလေ့ရှိတာကိုလည်း တွေ့ရပါတယ် ။ အခုလည်း ဒီနေ့မှာ သူငယ်ချင်းတွေ နဲ့ လုပ်ဖော်ကိုင်ဖက် များကို အန်ပေါင်းများ ပေးရင်း အတိုင်းမသိ ပျော်ရွှင်ခဲ့ရပုံတွေကို ပုံတွေနဲ့ တကွ စာလေးရေးကာ ဖော်ပြလာတာကို တွေ့ရပါတယ် ။
” Gong Xi Fa chai 🧧🏮🎉🎊 ဒီနေ့အလုပ်က သူငယ်ချင်းတွေ နဲ့ လုပ်ဖော်ကိုင်ဖက် ဆရာသမား စုစုပေါင်းအားလုံး ၃၅ ယောက် ကို နှစ်သစ်ကူး အန်ပေါင်း ပေးခဲ့ပါတယ် 🧧 ကြိုမပြောပဲ ပေးလိုက်တာမို့ အားလုံးက အရမ်းပျော်ပြီး ဆုတောင်းပေးကြတာ ကိုယ့်မှာ အပျော်တွေ ကူးစပ်ပြီး ဝမ်းသာလွန်းလို့ စိတ်တွေ လှုပ်ရှားပြီး လက်တွေပါတုန်တယ်
🥰 အဖေက တရုတ်အစစ် အမေက ဗမာအစစ် တရုတ်ဗမာကပြားမလေး ကျမ ဒီနေ့အရမ်းပျော်ရွှင်ရပါတယ် ကျမအဖေကိုလဲ အရမ်းသတိရပါတယ် ပါးကြီးအတွက် ဒီနေ့ပြုပေးခဲ့တဲ့ ကုသိုလ်ကို ပါးကြီး ရောက်ရာ ဘုံဘဝကနေ သာဓုခေါ်ပေးနော် ❤️🙏🏻 ဆုတောင်းပေးကြတဲ့အတွက်လဲ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်
ဒီ ပိုစ့်ကို မြင်သူတိုင်းလဲ အားလုံး ကျန်းမာချမ်းသာပြီး ဘေးအန္တရယ် ကင်းရှင်းကြပါစေရှင် 💕🧧” ဆိုတဲ့ အကြောင်းလေးဖြစ်ရာ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Credit – Yaungchi
Photo – Poe Kyar Phyu Khin
Zawgyi
Credit – Yaungchi