သားဂန်းရဲ့ မွေးနေ့ အမှတ်တရ အလှူအနေနဲ့ စိန်လက်စွပ်တစ်ကွင်းကို ဌာပနာထဲ ထည့်ဝင်လှူဒါန်းခဲ့တဲ့ သားဂန်းနဲ့ဘေဘီမောင် တို့ ဇနီးမောင်နှံ
ပရိသတ်ကြီးရေ သားဂန်းနဲ့ ဘေဘီမောင်တို့ စုံတွဲလေးကတော့ ပရိသတ်တွေစုံတွဲလိုက်ချစ်ခင်အားပေးခြင်းကို ခံရတဲ့ အနုပညာရှင်ပရိသတ်အချစ်တော် စုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။သားဂန်းရောဘေဘီမောင်ရောကအလှူအတန်းတွေကိုရက်ရောစွာနဲ့လှူဒါန်းတတ်တဲ့စိတ်လေးတူညီတာကြောင့်အမြဲတမ်းလိုလို နှစ်ယောက်အတူတူ အလှူတွေကို ပြုလုပ်နေခဲ့ပါတယ်။
ဒီနေ့မှာလည်း မွန်မြတ်ပြီး ကံထူးသူတွေသာ လှူဒါန်းခွင့်ရတဲ့ ဌာပနာထည့်သွင်းလှူဒါန်းခြင်းအလှူလေးတစ်ခုကို သားဂန်းရဲ့မွေးနေ့အလှူအနေနဲ့ပြုလုပ်နိုင်ခဲ့ကြောင်း ဘေဘီမောင်ကသူ့ရဲ့လူမှုကွန် ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။
”နွားဦးတိုက် ဆရာတော်ဘုရားကြီးရဲ့ မုတ်ဆိတ်ကွင်းကျေးရွာ မွေးရပ်မြေမြတ်ကျေးဇူးဆပ်ရှင်အပါး(၁၀၀၀) အလှူတော်မင်္ဂလာကြီးရဲ့ထမင်းရည်ချောင်းစီးမောင်းတီး(၉) ပေအမြင့် မောင်းကြီးတီးလှူတဲ့အလှူကြီးနှင့်ဘုရား စိန်ဖူးတော်တင် ပီတိဖြစ်ဝမ်းမြှောက်ရပါတယ် ဘုန်းဘုန်းဘုရား။မုတ်ဆိတ်ကွင်းကျေးရွာ။
ကိုသားဂန်းမွေးနေ့အမှတ်တရအဖြစ်နဲ့ စိန်လက်စွပ်တစ်ကွင်းဌာပနာထည့်သွင်းခွင့်ရတဲ့အတွက်ဝမ်းသာပီတိဖြစ်ရပါတယ်ဘုရား။ဆရာတော်ဘုရားလည်းကျန်းမာသက်ရည်ပါစေဘုရား”ဆိုပြီး နွားဦးတိုက် ဆရာတော်ဘုရားကြီးရဲ့ မွေးရပ်မြေမြတ် ကျေးဇူးဆပ်ရှင်အပါး (၁၀၀၀)အလှူတော် မင်္ဂလာကြီးနဲ့ စိန်ဖူးတော်တင်ပွဲမှာသွားရောက်လှူဒါန်းခဲ့ကြောင့် မျှဝေထားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးတွေသာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Source – Thandar Zaw
Credit – CeleZone
Source – Thandar Zaw
Credit – CeleZone
GFatt ရဲ့မွေးနေ့လေးကို အမှတ်တရ ပုံလေးတွေနဲ့ မွေးနေ့ ဆုမွန်ကောင်း တောင်းပေးလာတဲ့ ဝါဆိုမိုးဦး
ဝါဆိုမိုးဦးကတော့ ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ပုရိသတွေသာမကမိန်းကလေးချင်းပါကြွေရတဲ့မင်းသမီးချောလေးဖြစ်ပါတယ်။ဝါဆိုမိုးဦးကအနုပညာလှုပ်ရှားမှုတွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ် ဆောင်နေတာဖြစ်ပြီး သီချင်းလေးတွေကို သီဆိုတတ်ပါသေးတယ်နော်။
ဒါ့အပြင် ဝါဆိုမိုးဦးက အဆိုတော်ဖြိုးလေးနဲ့လည်း သာယာအေးချမ်းတဲ့ relationshipကို တည်ထောင်ထားတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိရှိနဲ့လက်တွဲနေကြတာဖြစ်ပါတယ်။ ဝါဆိုမိုးဦးကသူမရဲ့ ခန္ဓာကိုယ်လေးကိုလည်း အမြဲလိုလိုဂရုစိုက်လေ့ရှိပြီး အဆီပိုမရှိတဲ့ ဘော်ဒီအမိုက်စားလေးပေါ်လွင်အောင်လည်း ဖက်ရှင်ဒီဇိုင်းတွေကို ဝတ်လေ့ရှိတဲ့သူလည်းဖြစ်ပါတယ်။
ဒါ့အပြင် သူငယ်ချင်းတွေနဲ့လည်း ပျော်ပျော်ရွှင်ရွှင် နေတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ် ။အခုလည်း ယနေ့မှာကျရောက်တဲ့ Gfatt ရဲ့ မွေးနေ့ကို အမှတ် တရ ပုံလေးတွေနဲ့ ဆုမွန်ကောင်းတောင်းပေးလာပါတယ်။ Gfatt လည်း မွေးနေ့မှာ ပျော်ရွှင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။
Credit – Yaungchi
Photo – Warso Moe Oo
Credit – Yaungchi
Photo – Warso Moe Oo
ဇန်နဝါရီလ (၁) ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့ အမှတ်တရ အဖြစ် လူငယ်တွေအတွက် အလုပ်အကိုင်အခွင့် အလမ်းတွေ ဖန်တီးပေးခဲ့တဲ့ နေထူးနိုင်
သရုပ်ဆောင် နေထူးနိုင်ကတော့ မြန်မာဗွီဒီယိုလောကမှာနှစ်ပေါင်းများစွာ ကျင် လည်လာတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ နယ်ပရိတ်သတ်အခိုင်အမာရထားတဲ့ နေထူးနိုင်က ဗွီဒီယိုလောကမှာ အက်ရှင်ဇာတ်ကားတွေနဲ့ လိုင်းတစ်လိုင်းထိုးဖောက်ခဲ့တဲ့ မင်းသားတစ်ဦးလည်းဖြစ်ပါတယ်။
နေထူးနိုင်ကတော့ မနက်ဖြန်ဇန်နဝါရီလ (၁) ရက်နေ့မှာ ကျရောက်မယ့်မွေးနေ့မှာလူငယ်တွေအတွက်အလုပ်အကိုင်အခွင့် အလမ်းတွေဖန်တီးပေးမယ့်အကြောင်းကို အခုလိုပဲပြောလာပါတယ်။
“2022January 1 st နေ့မှာကျရောက်တဲ့ ကျွန်တော့်မွေးနေ့အတွက် ယခုကာလမှာ ကြီးကျယ်ခမ်းနားစွာနဲ့ မလှူနိုင်ပေမယ့် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ လူငယ်တွေအတွက်အလုပ်အကိုင်လေးတစ်ခု ဖန်တီးပေးပါရစေ။အစားကျွေးလိုက်ခြင်းဟာ တစ်နပ်စာအလှူဖြစ်တယ်။
ငွေကြေးပေးလိုက်ခြင်းဟာတစ်ရက်စာအလှူ (သို့မဟုတ်) အတိုင်းအတာတစ်ခုအထိအကူအညီရနိုင်ပါတယ်။ပညာရော အလုပ် အကိုင်ပါ ပေးလိုက်ခြင်းကတော့ တစ်ဘဝစာအလှူလို့ ကျွန်တော်ခံယူထားပါတယ်။”
“Action ဗီဒီယို နဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတဲ့(လက်ရှိနားထားရ) ကျွန်တော့်ဘက်ကပေးနိုင်တာက ကျွန်တော်နဲ့ ကျွန်တော့် Crew တတ်မြောက်ထားတဲ့ မဖြစ်စလောက်သော Stunt အတတ် ပညာများနဲ့ Action ဇာတ်ကားများရိုက် ကူးရာမှာတတ်မြောက်ရတဲ့ အတတ် ပညာများဖြစ်ပါတယ်။
ပညာရပ်ဆိုသည်မှာ ဘယ်တော့မှအဆုံးမရှိဘူးဆိုတာမှန်ပေမယ့် ကျွန်တော့်ဘက်ကတော့ Stuntman အတတ်ပညာများကို ၃ လ အခမဲ့ သင်ကြားပေးမှာဖြစ်ပြီး ၄ လမြောက် လကစလို့ မများလွန်းသောအခြေခံ လစာငွေကြေးကို စတင်ပေးအပ်ဖို့ စိတ်ကူးထားပါတယ်။ Stuntman များကို လစာပေးတဲ့စနစ်ကို မြန်မာနိုင်ငံမှာ ကျွန်တော်စတင်ပြီးအကောင်အထည်ဖေါ်ခြင်းဖြစ်လို့
ကျွန်တော့်အတွက်လဲ ရှေ့မှာရင်ဆိုင်ရမယ့် အခက်အခဲတွေ အများကြီးရှိနေမှာကိုလဲ ကျွန်တော်ကြိုပြီး သိပါတယ်။ Stuntman အလုပ်ကို ဝါသနာပါကြတဲ့ ညီငယ်များအတွက်တော့ ကျွန်တော့်အလုပ်ကို ယခုလိုအလုပ်အကိုင်ရှားပါးနေချိန်မှာ ရေထဲက ကောက်ရိုးတစ်မျှင်လို့ ယူဆချင်လဲ ရပါတယ်။” ဆိုပြီး ပြောလာတာဘဲ ဖြစ်ပါတယ်
သရုပ်ဆောင် နေထူးနိုင်ကတော့ လက်ရှိမှာ Target Stunts Studio ကို တည် ထောင်ထားပြီး အက်ရှင် ဝါသနာပါတဲ့ လူငယ်တွေနဲ့ စတန့်သရုပ်ဆောင်ဖြစ်ချင်တဲ့ လူငယ်တွေကို လေ့ကျင့်သင်ကြားပေးနေတယ်လို့သိရပါတယ်။
ဖတ်ရှု့ပေးတဲ့ ပရိတ်သတ်ကြီးလည်း ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source – Nay Htoo Naing’s fb
Thwin – Shwengwegames
Thwin – Shwengwegames
ပျော်ရွှင်စရာ မကောင်းတဲ့ နှစ်သစ်ကူးမှာ Happy New Year ဆိုပြီး စာမပို့ကြဖို့ တောင်းဆိုခဲ့တဲ့ ချောရတနာ
ပရိသတ်ကြီးရေ ချောရတနာလို့ပြောလိုက်တာနဲ့ နာမည်နဲ့လိုက်အောင်ချောမော လှပတဲ့မင်းသမီးတစ်လက်ဖြစ်ပြီး တစ်သားမွေးတစ်သွေးလှတယ်လို့ဆိုရလောက်အောင်နုပျိုလှပနေတဲ့သူပါ။ဒါ့အပြင် ဇာတ်ရုပ်တိုင်းကိုပီပြင်အောင်သရုပ်ဆောင်နိုင်မှုကြောင့် အကယ်ဒမီထူးချွန်ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦးပါ။
ဒါ့အပြင် ခင်ပွန်းသည်ရဲ့ချစ်ခင်ဂရုစိုက်မှုကိုရရှိထားတဲ့ အိမ် ထောင်ရေးကံကောင်းတဲ့မင်းသမီးတွေထဲကတစ်ယောကပါ။
ချောရတနာက ခင်ပွန်းဖြစ်သူကိုကျော်လင်းနဲ့ ၂၀၁၂ ခုနှစ်က တည်းကလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာတော့ အနုပညာလှုပ်ရှားမှုတွေသိပ်မရှိတော့ပါဘူး။
အဲဒီနောက်ဒုတိယရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့အချိန်၂၀၁၈ ခုနှစ်ကစပြီးအနုပညာအလုပ်တွေကို ကြော်ငြာရိုက်ကူးရေးတွေကနေတဆင့် ပြန်လည်လုပ်ကိုင်လာတာတွေ့ရပါတယ်။
ချောရတနာကတော့ ကလေးအမေ တယောက်ဖြစ်တာကြောင့် နွေဦးတော်လှန်းရေးမှာ စိတ်သွားတိုင်း ကိုယ်မပါခဲ့ပေမဲ့ ပြည်သူတွေနဲ့အတူ တသားထဲ ရပ်တည်နေခဲ့တာပါ။
ဒီကနေ့မှာလည်း ချောရတနာက တစ်နိုင်ငံလုံးပျော်ရွှင်စရာမကောင်းတဲ့အချိန်မှာ မပျော်နိုင်ကြောင်းကို “ကျွန်မကို Happy New Year ဆိုပြီး Messenger ကမပို့ပါနဲ့။ နှစ်သစ်ကစပြီး အားနာတဲ့ အကျင့်ကိုလည်းဖျောက်ပါမယ်” ဆိုပြီး ပြောလာခဲ့ပါတယ်နော်။
ဖတ်ရှု့ပေးတဲ့ ပရိတ်သတ်ကြီးလည်း ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ်နော်။
Source: Chaw Yadanar’s fb
Thwin – Shwengwegames
Thwin – Shwengwegames
ကြည့်ရှုသူတွေ ဆက်မကြည့်ချင် လောက်အောင် အပိုလုပ်ပြနိုင်လွန်းတဲ့ Bollywood ဇာတ်ကားများ
အပိုတွေလုပ်ပြလွန်းလို့ ကြည့်ရှုသူတွေရဲ့ကိုယ်ကိုပါ တွန့်သွားအောင် လုပ်နိုင်တဲ့ Hindi ဇာတ်ကားတွေက အနည်းငယ်တင် မကပါဘူး။ ဒါပေမယ့် အခုတော့ ဒီထဲကမှအဆိုးဆုံးဆိုတဲ့ ဇာတ်ကား (၆) ကားကို ရွေးထုတ်ပြလိုက်ပါတယ်။
1. ‘Main Prem Ki Deewani Hoon’
အပိုသရုပ်ဆောင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ Bollywood ဇာတ်ကားတစ်ကားကို ပြပါဆိုရင်တော့ ဒီကားပဲဖြစ်ပါလိမ့်မယ်။ Hrithik Roshan နဲ့ Kareena Kapoor Khan တို့ရဲ့ ပူးတွဲကြောင်တောင်တောင် အပြုအမူတွေ၊ မျက်နှာပေးတွေက ကြည့်ရှုသူရဲ့ကိုယ်ခန္တာကို တွန့်ဆုတ်သွားစေတဲ့အထိ သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အချိန်တွေကို မဖြုန်းပစ်ချင်ဘူးဆိုရင်တော့ ဒီဇာတ်ကားကိုမကြည့်မိအောင် ခပ်ဝေးဝေးကရှောင်သင့်ပါတယ်။
2. ‘Befikre’
via GIPHY
ဇာတ်ကားရဲ့ Trailer ကတော့ နမ်းတဲ့ရိုက်ကွက်တွေနဲ့ သတင်းစာခေါင်းစီးပိုင်းတွေမှာ ပါလာခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီဇာတ်ကားထွက်လာတဲ့အချိန်မှာတော့ ဒီရိုက်ကွက်တွေဟာ ဇာတ်ညွှန်းကောင်းမရှိလို့သာ လုပ်ယူထည့်သွင်းထားရတယ်ဆိုတာကို ကြည့်ရှုသူတွေ သဘောပေါက်သွားကြပါတော့တယ်။ ဘာအလုပ်မှလည်းမရှိ၊ ဘာအဓိပ္ပာယ်မှလည်းမရှိပဲ တစ်ယောက်နဲ့တစ်ယောက် အကဲပြိုင်နေကြတဲ့ ချစ်သူနှစ်ဦးကိုသာ မြင်တွေ့ရပြီး သူတို့ဟာ ပြင်သစ်ဘာသာစကားကိုလည်း ပေါက်ကရတွေ ပြောထားကြပါသေးတယ်။ တကယ်ကို ရွံ့ရှာစရာဇာတ်ကားတစ်ကားပါ။
3. ‘Krrish 3’
via GIPHY
India ရဲ့ကိုယ်ပိုင် Superhero ဆိုတာ တချို့လူတွေအတွက်တော့ ဆန်းသစ်တဲ့ကြံဆမှုဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်ကားရဲ့တတိယအပိုင်း အရောက်မှာတော့ ဒီဇာတ်ကားရိုက်ကူးသူတွေဟာ အတွေးအမြင်သစ်တွေ ကုန်ဆုံးသွားတဲ့ပုံပါပဲ။ ဒီလိုကုန်ဆုံးသွားတာကို လူမမြင်သာအောင် လျှောက်လုပ်လိုက်တော့ Kangana Ranaut ကိုလည်း ပေါကြောင်‌ကြောင် ဝတ်စုံတွေနဲ့မြင်တွေ့ရ၊ Vivek Oberoi ကလည်း မပီမပြင်တဲ့ မိတ်ကပ်အပြင်အဆင်တွေနဲ့၊ ပြီးတော့ Kirrish တစ်ယောက်ကလည်း Kirrish ပုံစံကနေ ထူးမလာဘူး။ အဲ့တော့ ဒီဇာတ်ကားကို မကြည့်စရာအချက်က တော်တော်များများပါပဲ။
4. ‘Housefull’
via GIPHY
လုံးဝမရိုက်ကူးသင့်ခဲ့တဲ့ Bollywood ရုပ်ရှင်ဇာတ်ကားများ စာရင်းရဲ့အလယ်လောက်မှာ ပါဝင်နေတဲ့ဇာတ်ကားတွေကတော့ Housefull ဇာတ်လမ်းဆက်တွေပါပဲ။ ဒီဇာတ်လမ်းဆက်ဟာ သုံးကား၊ မဟုတ်ရင်လည်း လေးကားဖြစ်မှာပေါ့ (လိုက်ရေတွက်နေဖို့တောင် ခက်ခဲပါတယ် မိတ်ဆွေတို့ရေ) စုစုပေါင်း ရိုက်ကူးခဲ့တာပါ။
“Romantic comedy” စီးရီးတွေအဖြစ် ရိုက်ကူးထားတဲ့ဒီဇာတ်ကားဆက်တွေဟာ တစ်ကားထက်တစ်ကား ပိုမိုဆိုးရွားလို့သာလာပါတယ်။ ဒီဇာတ်ကားဆက်အားလုံးမှာ ပုံမှန်ဖြစ်နေတဲ့အရာဆိုလို့ Akshay Kumar ရဲ့ ဟာသဖြစ်အောင် လုပ်ယူထားတဲ့ပေါကြောင်ကြောင် စရိုက်တွေပါပဲ။ စာဖတ်သူကို ဒီလောက်နဲ့ပဲ သွားမကြည့်ဖို့ တားပါရစေ။
5. ‘Love Story 2050’
via GIPHY
Harman Baweja နဲ့ Priyanka Chopra Jonas တို့အပြင် time travel (အချိန်ကာလပြောင်းလဲမှု) ပါဝင်နေတဲ့ ဒီဇာတ်ကားဟာ ရင်းနှီးစရိတ်များသလောက် ပရိသတ်တွေဆက်ကြည့်ဖို့တောင် တွန့်ဆုတ်ရတာလည်း များရတဲ့ Bollywood ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အချိန်ကာလရှေ့ရောကသွားတယ် တဲ့လားဗျာ။ ဟုတ်ပါပြီ၊ ဇာတ်ကားမှာပါတဲ့ ၂၀၅၀ ကသာ အပြင်မှာတကယ်ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့တော့ အဲ့အချိန်အခါကို မရောက်ချင်တော့ပါဘူး။
6. ‘Race 3’
via GIPHY
စကားပြောကောင်းတွေ၊ ဝေဖန်ပိုင်းခြားမှုတွေ၊ သူတို့ဒါတွေကို လုံးလုံးနားမလည်ကြတာပါ။ ဒါပေမယ့်ဗျာ “ငါတို့လုပ်ငန်းက ငါတို့အပိုင်ပဲလေ။ မင်းတို့နဲ့ဘာမှမဆိုင်ဘူးပေါ။” ဟုတ်တယ်မလား။ ဒီဇာတ်ကားရိုက်ကူးသူတွေက ဒီဇာတ်ကားအတွက်ရေးထားတဲ့ ဇာတ်ညွှန်းကို ပြတင်းပေါက်အပြင် လွှင့်ပစ်ပြီး ရိုက်ကူးခဲ့ကြသလားတောင် ထင်ရပါတယ်။
အဲ့တော့ ကြည့်ရှုသူတွေမြင်ရတာက ယောက်ျားလေးတချို့ တိုက်ခိုက်ရင်း ဇာတ်ကားတိုင်းမှာ ပါနေကျစကားတွေ ပြောနေကြတာကိုပါပဲ။ ဒီဇာတ်ကားကိုတော့ လုံးဝဆက်မကြည့်မိရင်တောင် လုံးဝတောင်မေ့နိုင်မယ် မထင်ပါဘူးဗျာ။
ဒီဇာတ်ကားတွေကို သွားကြည့်မယ်ဆိုရင်တော့ ငါတို့မတားခဲ့ပါလားလို့ လာမပြောပါနဲ့နော်။
M2T shwengwegames
2. ‘Befikre’
3. ‘Krrish 3’
4. ‘Housefull’
5. ‘Love Story 2050’
6. ‘Race 3’
M2T shwengwegames
ဒီနေ့မှာ ကျရောက်တဲ့ သဇင်ထူးမြင့်ရဲ့ မွေးနေ့လေးအတွက် မွေး‌နေ့ဆုမွန်ကောင်း တောင်းပေးခဲ့တဲ့ နွေးနွေးချစ်ဖွယ်
ပရိသတ်ကြီးရေ သဇင်ထူးမြင့်ကတော့ ပရိသတ်တွေရဲ့အ ချစ်တော် ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော် ခင်လှိုင်ရဲ့ သမီးချောလေးပဲဖြစ်ပါတယ်။
သဇင်ထူးမြင့်ကိုယ်တိုင်ကလည်း ဖခင်ကြီးရဲ့ အနုပညာအမွေကိုဆက်ခံနေတဲ့မျိုးဆက်သစ်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်အားပေးချစ်ခင်မှုကို ရရှိနေတဲ့ ပရိသတ်အချစ်တော်တစ်ယောက်လည်းဖြစ်နေခဲ့ပါတယ်။
ဒီနေ့ ဒီဇင်ဘာလ (၃၁)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သဇင်ထူးမြင့်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ ဒီနေ့မွေးနေ့ရက်လေးမှာတော့ ပရိသတ်တွေရဲ့အချစ်တော် “သဲ” ကအသက် (၂၁)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။
သဲရဲ့မွေးနေ့လေးအတွက်ကိုတော့ အမလိုချစ်ခင်ရတဲ့ နွေးနွေးချစ်ဖွယ်က သဲငယ်စဉ်ကပုံလေးနဲ့အတူ “Happy Birthday ချစ်ညီမလေး Thazin Htoo Myint မျက်စိရှေ့ ကနေ့ တဖြေးဖြေး ကြီးလာလိုက်တာ ထက်မြက်တဲ့ လိမ်မာတဲ့ မိဘအပေါ် သိတက်တဲ့ မိသားစုကို ဦးဆောင်နိုင်တဲ့ သမီးလိမ္မာလေး အဖြစ်မြင်လာခဲ့ရပြီ။
ဒီအဖေ ဒီအမေ ဒီအဒေါ် ဒီမောင်နှမတွေနဲ့ တသက်လုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာ ပြီးလိုတရ ဘဝလေးနဲ့ ပျော်ရွှင်အေးချမ်းစွာနေထိုင်သွားနိုင်ပါစေ” လို့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့ပါသေးတယ်။ပရိသတ်ကြီးတွေလည်း သဲရဲ့မွေးနေ့လေးအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်။
Source – Nway Nway Chit Phwel
Credit – CeleZone
Credit – CeleZone
နှစ်သစ်ကူးမှာ ပျော်မြူးနေကြတဲ့ပုံများ အွန်လိုင်းမှာ မတင်ကြဖို့ ပြည်သူများအား မေတ္တာ ရပ်ခံလာတဲ့ သရုပ်ဆောင်ဖွေးဖွေး
ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ဖွေးဖွေး ဟာ ချစ်ဖို့ကောင်းတဲ့သရုပ်ဆောင် မင်းသမီးချောပါ။ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီးကျရာဇာတ်ရုပ်ကိုသရုပ်ဆောင်နိုင်တဲ့ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးတစ်လက်လဲ ဖြစ်ပါတယ်နော်။
မိုးကုတ်သူလေးဖြစ်တဲ့ ဖွေးဖွေး ဟာ ဇာတ်ကားတိုင်းမှာပါဝင်တဲ့ကာရိုက်တာတိုင်းကို အကောင်းမွန်ဆုံးသရုပ်ဖော်တင်ဆက်နိုင်တာကြောင့်အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန် ဆွတ်ခူးထားပါသေးတယ်။
မြန်မာနိုင်ငံရဲ့အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလဲ ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ခဲ့တာကြောင့်ပရိသတ်တွေအချစ်ပိုကြရပြန်ပါတယ်။မကြာသေးမှီနာရီပိုင်းလောက်က ဖွေးဖွေး ဟာ ပြည်သူတွေကို မေတ္တာရပ်ခံစာလေးတစ်စောင် ဖြန့်ဝေလာခဲ့ပါတယ်။
မနေ့ဖန်ဆိုရင် အင်္ဂလိပ်ပြက္ခဒိန် ရဲ့နှစ်သစ်ကူးအချိန်ကိုရောက်ရှိတော့မှာပဲဖြစ်ပါတယ်။ဒီလိုအချိန်တွေမှာဆိုရင် မိသားစုတွေတွေ့ဆုံ၍ ဝိုင်းဖွဲ့စားသောက်ကြပြီးပျော်ရွှင်စရာကောင်းတဲ့အချိန်ကာလလေးပဲ ဖြစ်ပါတယ်နော်။
ဒါပေမယ့် မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအရပျော်ရွှင်မှု့တွေကို ရှေ့တန်းမတင်သင့်တဲ့အချိန်ကာလဖြစ်နေတာကြောင့် တတ်နိုင်သလောက်ထိန်းချုပ်ရမဲ့အချိန်ကာလဖြစ်ပါတယ်။
ဒီအကြောင်းကို သရုပ်ဆောင် ဖွေးဖွေး က ပျော်ရွှင်တာတွေကို အွန်လိုင်းပေါ်မတင်ကြဖို့ အကြောင်းကို သူမရဲ့ကိုယ်ပိုင်အကောင့်မှာအခုလိုပဲရေးသားလာပါတယ်။”ပျော်ပါ Just Have Fun in Private Pls Don’t Postပုံလေးတွေမတင်နဲ့လွတ်လပ်ရေးရမှတင်ဖို့သိမ်းထားပေးပါနော်
Help by not acting like This is Normal ပုံမတင်ရလို့ဘာမှမဖစ်သွားပါဘူး PLEASE ”လို့ ဖွေးဖွေး ဟာပြည်သူတွေကိုမေတ္တာရပ်ခံလိုက်တဲ့သတင်းလေးကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။
ပရိသတ်ကြီးရေနှစ်သစ်မှာပျော်ပါးနေကြတာတွေကိုကျေးဇူးပြုပြီး လိုင်းပေါ်မတင်ကြပါနဲ့နော်။သရုပ်ဆောင် ဖွေးဖွေး ရဲ့မေတ္တာရပ်ခံချက်တွေကိုလိုက်နာမယ်ဆိုရင်ကောမန့်မှာရေးသားသွားပေးခဲ့ပါအုန်းနော်။
ချစ်တဲ့ပရိသတ်ကြီး နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ၊မြန်မာပြည်ကြီးလဲ အမြန်ဆုံးငြိမ်းချမ်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
Credit Cele Only
Source Phway Phway
Zawgyi
Credit Cele Only
Source Phway Phway
ထောင်ဒဏ် ၃နှစ်လို့သတင်းထွက်လာပေမယ့် ထင်သလိုမဟုတ်ခဲ့တဲ့ Beauty Blogger ဝင်းမင်းသန်း ရဲ့ စိတ်မကောင်းစရာအဖြစ်
Beauty Blogger ဝင်းမင်းသန်းဟာဆိုရင်အရမ်းကိုချစ်ဖို့ကောင်းပြီး ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်တတ်တဲ့သူဖြစ်ပါတယ်။အမှန်တရားအတွက်ဆိုရင်ဘာကိုမှမကြောက်တဲ့ မဝင်းမင်းသန်းကို ဧပြီလကတည်းဖမ်းဆီးထားတာဖြစ်ပါတယ်။ဒီဇင်ဘာလ၃၀ရက်နေ့မှာတော့Glow Nation မဝင်းမင်းသန်းကို ထောင်ဒဏ်အမိန့်ချလိုက်ပြီပဲဖြစ်ပါတယ်။
ကနဦးသတင်းတွေအရGlow Nationမဝင်းမင်းသန်းကိုအလုပ်ကြမ်းနှင့်ထောင်ဒဏ်၃နှစ်လို့ သတင်းတွေထွက်နေပေမယ့်တကယ်တမ်းတော့ထောင်ဒဏ်၆နှစ်တိတိချလိုက်တာဖြစ်ကြောင်းရှေ့နေဖြစ်သူရဲ့အဆိုအရ သိရပါတယ်။
မဝင်းမင်းသန်းကိုပုဒ်မ၅၀၅- က ဖြင့်ထောင်ဒဏ်၃နှစ်၊မတရားအသင်းဆက်သွယ်မှုဖြင့်ထောင်ဒဏ်၃နှစ်စုစုပေါင်း၆နှစ်တိတိချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဒီဇင်ဘာလ၃၀ရက်နေ့မှာတော့ဖမ်းဆီးခံထားရတဲ့ပြည်သူ့အချစ်တော်အနုပညာရှင်တွေဖြစ်ကြတဲ့ ဦးလူမင်း၊ရဲတိုက်၊အိန္ဒြာကျော်ဇင်၊ပြေတီဦး၊တေးသံရှင်စောဖိုးခွား၊အဆိုတော်ပိုပိုနှင့်Beauty Blogger မဝင်းမင်းသန်းတို့ အားလုံးကိုထောင်ဒဏ်အသီးသီးချမှတ်ခဲ့တာဖြစ်ပါတယ်။
Credit MMLOAD
Zawgyi
Credit MMLOAD
ကွယ်လွန်သူ မျက်မမြင် ဓားသွေး အဘအား လစဉ်ထောက်ပံ့ငွေထဲမှလက်ကျန်ငွေလေးဖြင့် အဘတွက်ရည်စူးပြီးကုသိုလ်ကောင်းမှုများပြုလုပ်လုပ်ပေးခဲ့တဲ့ မိုးစက်
မိုးစက်ကတော့ ခုလိုကာလတွေမှာသူကိုယ်တိုင်ရှာဖွေထားတဲ့ချွေးနှဲစာအပြင် (၇)ရက်သားသမီးအလှူရှင်တွေနဲ့ စုပေါင်းပြီး အခက်အခဲဖြစ်နေသူတွေကို စာနာစိတ်ဖြင့် လိုက်လံကူညီနေတာမို့ အများက လေးစားနေရတာပါ။ဒါ့အပြင် အနုပညာ အသိုင်းအဝိုင်းထဲက ခက်ခဲနေတဲ့ သက်ကြီးပိုင်းတွေကိုလည်း ကူညီ ထောက်ပံ့ပေးလျက်ရှိပါတယ် ။
အခုလည်း သူလစဉ်ထောက်ပံ့ပေးနေတဲ့မျက်မမြင် ဓားသွေးတဲ့ အဘ ကွယ်လွန်သွားတာကြောင့် သူရဲ့ကျန်ရှိနေတဲ့ငွေတွေထဲက အဘအတွက် ရည်စူးပြီးအလှူအတန်းများစွာ ပြုလုပ်ခဲ့ပေးဖြစ်ခဲ့ကြောင်း ရေးသားဝေမျှလာပါတယ်။
အလှူနဲ့ ပတ်သက်ပြီး ”ကွယ်လွန်သူ(မျက်မမြင်ဓားသွေး )အဘ ဦးမောင်ကြိုင် အသက်(၇၁) နှစ် ရဲ့ လစဉ်ထောက်ပံ့ငွေ ကျွန်တော့်ဆီမှာ(၁၀)သိန်းတိတိကျန်ခဲ့ပါတယ်။
” ဒီနေ့ (30.12.2021) နေ့မှာ….ဘဘ ဦးမောင်ကြိုင် နာရေးအသုံးပြုရန်အတွက် ၅)သိန်းကျပ် ပေးခဲ့ပြီး…Royal Asia Myanmar သောက်ရေသန့်မှသောက်ရေသန့်ကဒ် (၃၀)ပါဝင်လှူဒါန်းပေးပါတယ်ဘဘ ရဲ့ဇာတိမြေမြစ်ခြေမြို့ ဆည်းဆာအေးရိပ် ဘိုးဘွားစောင့်ရှောက်မှူဂေဟာ အတွက်၁သိန်း ကျပ် ။
ခဝဲ ခြံ မျက်မမြင်စောင့်ရှောက်ရေးဂေဟာအတွက်၁သိန်းကျပ်။ရမျက်စိကွယ်နေတဲ့အပြင်ကိုယ်လက်ထုံကျင်ရောဂါများကြောင့်ဆရာထူးခန့်ကျော်ဆီမှာပြသနေရတဲ့ ဆရာလေး ဒေါ်ပညာစာရီ အတွက် ၁သိန်းကျပ် ။
Shake ဆိုင်မှပေါင်မုန့်လေးတွေယူပြီး မြို့ထဲမှာလှည့်လည်ရောင်းချနေသော အသက်(၇၈)အရွယ် အဘဦးသာ အတွက် ၁သိန်းကျပ်။အသက် (၉၀)ကျော် မိခင်ကြီးကို ရှာဖွေ ကျွေးမွေးနေတဲ့ ကိုယ်တိုင်ချုပ်အိတ်များရောင်းချသော အဘ ဦးတင်ဝင်း အတွက်..၁သိန်းကျပ် ။အသီးသီး ခွဲဝေ လှူဒါန်းခဲ့ပါတယ်။
ဤသို့လှူဒါန်းပေးရသော အကျိုးအားကြောင့်ဘဘဦးမောင်ကြိုင်တစ်ယောက် နောက်ဘဝများလူဖြစ်ခွင့်ရခဲ့ပါလျှင် စက္ခုနှစ်ကွင်း အလင်းရ၍ ကိုယ်ခန္ဓာ ၊အသိပညာ ချို့ယွင်းမှူကင်းသော လူပုဂ္ဂိုလ်တစ်ဦးဖြစ်နိုင်ပါစေခင်ဗျာ။ရောက်ရာဘုံဘဝမှ သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ပါစေ ”ရေးသားထားရာပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Credit Cele Zone
Source Moe Sat
Zawgyi
Credit Cele Zone
Source Moe Sat
ကွယ်လွန်သွားခဲ့တာ(၅)လပြည့်သွားခဲ့ပြီဖြစ်သော ဖခင်ကြီးအတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှုများပြုလုပ်ပေးခဲ့တဲ့ သရုပ်ဆောင်လင်းအောင်ခေတ်
လင်းအောင်ခေတ်ကတော့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရထားတဲ့ မင်းသားတစ်ဦး ဖြစ်ပါတယ်။ရုပ်ရည်ချောမောပြေပြစ်ပြီးဆွဲဆောင်မှုအားပြင်းတဲ့ လင်းအောင်ခေတ်က အထူးသဖြင့်နှုတ်ခမ်းနီမလေးတွေကြားမှာရေပန်းစားအောင်မြင်နေတာဖြစ်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာ ပြည်သူတစ်ယောက်အနေနဲ့တာပွန်ကျေပွန်နေတဲ့အနုပညာရှင်တွေထဲမှာဆိုရင်လင်းအောင်ခေတ်တစ်ယောက်လည်းအပါအဝင်ဖြစ်ပါတယ်။
လင်းအောင်ခေတ်က တတ်နိုင်တဲ့ဘက်ကနေတစ်တပ်တစ်အား အကူအညီပေးနေတဲ့မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် မော်ဒယ်လ်သရုပ်ဆောင် မင်းသားချော လင်းအောင်ခေတ်ကတော့
ချစ်ရတဲ့ ဖခင်ကြီးကိုရည်စူးပြီး ဆရာတော် တစ်ပါးဆီမှာလိုအပ်တာများလှူဒါန်းပြီး ကောင်းမှုကုသိုလ်ပြုခဲ့တဲ့အလှူလေးဖြစ်ပြီး သူ့ရဲ့My Day ကနေ အလှူလေးပြုလုပ်တဲ့အကြောင်းကိုမျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။
လင်းအောင်ခေတ်ရဲ့ ဖခင်ကြီးကတော့ပြီးခဲ့တဲ့ (၅)လကဆုံးပါးကွယ်လွန်သွားခဲ့တာဖြစ်ပြီး မနေ့ကဆိုရင်တော့(၅)လပြည့် တဲ့နေ့လေးကျရောက်တာပဲဖြစ်ပါတယ်။
လင်းအောင်ခေတ်ကတော့လစဉ်တိုင်း ဖခင်အတွက် အလှုအတန်းတွေ ပြုလုပ်ပေးနေတဲ့သားအလိမ္မာလေးလည်း ဖြစ်ပါတယ်ပရိသတ်ကြီးအတွက် လင်းအောင်ခေတ်ရဲ့ အလှူလေးကို ဝေမျှပေးလိုက်ပါတယ် ။
သားဖြစ်သူရဲ့ သိတတ်လိမ္မာမှုကြောင့် ဖခင်ကြီးကတော့ ကောင်းရာဘုံဘဝကနေပီတိဖြစ်နေမှာပါ။ပရိသတ်ကြီးတွေကလည်း လင်းအောင်ခေတ်တို့ရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Yuan – Cele Zone
Photo – Lin Aung Khit
Zawgyi
Yuan – Cele Zone
Photo – Lin Aung Khit