နိုဝင်ဘာလ 1 ရက်နေ့လေးမှာ ပရိသတ်တွေအားလုံး ကံကောင်းခြင်းတွေ ရရှိစေဖို့ ဆုမွန်ကောင်း တောင်းပေးခဲ့တဲ့ ဟန်တီ

နိုဝင်ဘာလ 1 ရက်နေ့လေးမှာ ပရိသတ်တွေအားလုံး ကံကောင်းခြင်းတွေ ရရှိစေဖို့ ဆုမွန်ကောင်း တောင်းပေးခဲ့တဲ့ ဟန်တီ

ပရိသတ်ကြီးရေ ဟန်တီကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ဟန်တီကတော့ နိုင်ငံဂုဏ်ဆောင်အလှမယ်တစ်ယောက်လည်း ဖြစ်သလို အဆိုတော် သရုပ်ဆောင်တစ်ယောက်အနေနဲ့ လည်း ထူးချွန်လှတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီနေ့ နိုဝင်ဘာလရဲ့ အစနေ့လေးဖြစ်တဲ့ နိုဝင်ဘာလ(၁)ရက်နေ့လေးမှာတော့ ဟန်တီက ချစ်ရတဲ့ ပရိသတ်တွေအားလုံးကံကောင်းခြင်းတွေရရှိစေဖို့ဆုမွန်ကောင်း တောင်းကြောင်းသူ့ရဲ့လူမှုကွန် ရက်စာမျက်နှာကနေ အခုလိုပဲမျှဝေဖော်ပြလာခဲ့ပါတယ်။”Hello November!အားလုံးအတွက် ကံကောင်းခြင်းတွေ ယူဆောင်လာပေးပါ။” ဆိုပြီး ဆုမွန်ကောင်းတောင်းထားခဲ့တာပဲဖြစ်ပါတယ်။

ဟန်တီရဲ့ ပရိသတ်တွေကတော့ ပရိသတ်တွေအတွက် ဟန်တီရဲ့ ဆုတောင်းလေးပြည့်စေဖို့ နဲ့ ဟန်တီလည်း ကံကောင်းခြင်းတွေရစေဖို့ ပြန်လည်ကာ ဆုမွန်ကောင်းတွေတောင်းပေးနေခဲ့ကြပါသေးတယ်။ပရိသတ်ကြီးတွေလည်း ကံ ကောင်းတွေတွေ ရရှိပါစေလို့ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Source – Han Thi

Credit Celezone




Source – Han Thi

Credit Celezone

” ဘဝရဲ့ထူးခြားတဲ့အမှတ်တရအဖြစ် Bridal Shower ပွဲလေးကို ခင်ပွန်းလောင်းက ဖန်တီးပေးခဲ့ကြောင်း ကြည်နူးစွာ ပြောပြလာတဲ့ အေးချမ်းမိုး”

ပရိသတ်ကြီးရေ အေးချမ်းမိုးကတော့ အလှမယ်တစ်ဦးဖြစ်ပြီး အစီအစဉ်တင်ဆက်သူ တစ်ယောက်အဖြစ်ရပ်တည်နေသူပါ။ ပညာရေးမှာလည်း ထူးချွန်ခဲ့တဲ့သူမကတော့ ဆရာဝန်တစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာပိုင်းကို ဝါသနာပိုအားသန်တဲ့အတွက်ဆရာဝန်အလုပ်ကိုစွန့်လွှတ်ကာ အလှမယ်တစ်ယောက်ဖြစ်လာခဲ့တာပါ။

အေးချမ်းမိုးကတော့Miss Universe Myanmarရဲ့ first Runner Up ဆုကိုရရှိပိုင်ဆိုင်ခဲ့တဲ့သူပါ။ဒါ့အပြင် Miss Grand Myanmar 2017ရဲ့သရဖူကို ပြောင်းလဲ ပေးအပ်ခံခဲ့ရတဲ့ အလှမယ်တစ်ဦးလည်းဖြစ်ပါတယ်။ ပြောင်းလဲပေးအပ်ခံခဲ့ရတာနဲ့အညီ ကြိုးစားကာ အခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်းကာ ရဲဝင့်စွာသွားရောက်ယှဉ်ပြိုင်ခဲ့သူတစ်ယောက်ပါ။

လက်ရှိမှာတော့” အနီးကပ်ပေါင်းတဲ့ သူငယ်ချင်း သိပ်မရှိတဲ့ ကိုယ့်အတွက် ငယ်ပေါင်းသူငယ်ချင်းတွေကိုပါ ရအောင် ဖိတ်နိုင်တဲ့ သူ့ရဲ့ အားထုတ်မှုကိုတော့ အသိအမှတ်မပြုပဲ မနေနိုင်ပါဘူး 🥰
သူများတွေ လုပ်ဖြစ်ကြတဲ့ Bridal Shower ဆိုတာ..ကိုယ်တော့ မလုပ်ဖြစ်လောက်ဘူးလို့ ထင်ထားခဲ့တာ…ခုတော့ သူ့ရဲ့ ကိုယ့်ကို ပျော်ရွှင်စေချင်တဲ့ စိတ်လေးတစ်ခုကြောင့် ကိုယ့်အတွက် လုပ်ဖြစ်ခဲ့ပါပြီ။ တစ်သက်တာ ချစ်ခြင်းမေတ္တာတွေ…မြတ်နိုးတန်ဖိုးထားမှုတွေ အတွက် ကျေးဇူးပါ ကိုကို 😘အဲ့ဒီအပြင် ဒီပွဲလေးကို မရောက်ရောက်အောင် လာပေးခဲ့ကြတဲ့ ချစ်ရတဲ့သူများကိုလည်း တကယ် ရင်ထဲကနေ ကျေးဇူးတင်ပါတယ်လို့နော် 😘😘😘Bride to be လေးလည်း ရင်တွေ တအားခုန်နေပါပြီလို့ 👰🥰”ဆိုတဲ့စာလေးနဲ့ အတူ Bridal Shower ပွဲလေးပြုလုပ်ခဲ့တာပါ။ ပရိသတ်ကြီးလည်းအေးချမ်းမိုးအတွက်ဂုဏ်ပြုစကားပြောခဲ့ပါဦးနော်။

Credit CeleGabar
Source – AyeChan Moe

-Zawgyi Font ဖြင့်ဖတ်ရန် –




Credit CeleGabar
Source – AyeChan Moe

အဝေးရောက်နေတဲ့ ချစ်သူနဲ့ စေ့စပ်ကြောင်းလမ်းပွဲလေးကို Online ကနေခမ်းခမ်းနားနားပြုလုပ်ခဲ့တဲ့ စုမွန်..

ပရိသတ်ကြီးရေဆုမွန် ကတော့ မြန်မာနိုင်ငံရဲ့အောင်မြင်တဲ့ အစီအစဉ်တင်ဆက်သူတွေထဲကတစ်ဦးပါ။ မင်းသမီးတွေနီးနီးကို ယောကျာ်းလေးပရိသတ်တွေရဲ့ ဝန်းရံခြင်းခံရသူတစ်ယောက်လို့ဆိုရမှာပါ။ အစီအစဉ်တော်တော်များမှာပါဝင်တင်ဆက်ပြီး ချစ်စရာကောင်းတဲ့

အမူအရာလေးတွေအမြဲပြုလုပ်တတ်သူလေးလည်းဖြစ်ပါတယ်။ဒါ့အပြင် ”ဂျီဟောသူ”ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ကာ ပရိသတ်တွေရဲ့အချစ်ကို သိမ်းကြုံးယူနိုင်ခဲ့သူလေးပါ။ သူမရဲ့အချစ်ရေးကတော့ လတ်တလောမှာ ပရိသတ်တွေကို

Surprise ဖြစ်စေခဲ့တာပါ။ဒီနေ့ကျရောက်တဲ့အောက်တိုဘာလ၃၀ရက်နေ့မှာအစီအစဉ်တင်ဆက်သူ ဆုမွန်ကတော့ သူမရဲ့ချစ်သူနဲ့စေ့စပ်ကြောင်းလမ်းလိုက်တဲ့ သတင်းကိုပရိသတ်တွေကိုအသိပေးလာခဲ့တာပါ။ ဒါ့အပြင်လုပ်ဖော်ကိုင်ဖက်တွေနဲ့ အနုပညာရှင်များစွာကလည်း ဂုဏ်ပြုစကား လေးတွေ မှတ်ချက်ပေးခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးလည်း ဆုမွန်ရဲ့ စေ့စပ်မင်္ဂလာသတင်းအတွက် ဂုဏ်ပြုစကားလေးတွေပြောကြားခဲ့ပါဦးနော်။

Source – SuMon

-Zawgyi Font ဖြင့်ဖတ်ရန် –




Source – SuMon

အမေ့ကို အချိန်ပေးပြီး ကိုယ်တိုင် ခြေသည်းလက်သည်း သန့်ရှင်းပေးနေတဲ့ သမီးအလိမ္မာလေး အိချောပို

စူစူက မေမေ့ကိုသိပ်ချ စ်တာပဲနော် အပြင်ဆိုင်တွေမှာတောင်မလုပ်ခိုင်းဘဲ သူကိုယ်တိုင်သေချာလုပ်ပေးနေတာနော်..🥰🥰အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကြောင့် ပရိသတ်တွေကြားမှာ ယနေ့ထိတိုင် စိတ်ဝင်စားခြင်းကိုခံနေရတာကတော့ အိချောပိုပဲဖြစ်ပါတယ်။ခဏလေး အချိန်တွင်းမှာပဲ အအောင်မြင်ဆုံးမင်းသမီးတစ်ယောက်အဖြစ်ရပ်တည်နိုင်ခဲ့တာပါ။အနုပညာလောကရောက်ရောက်ခြင်းမှာပင် အားပေးသူတွေတစ်ခဲနက်ရရှိခဲ့တာပါ။

စူစူ လို့ချစ်စနိုးနဲ့ခေါ်ကြပြီး ယောက်ျားလေးပရိသတ်အများဆုံးဝန်းရံခံထားရတာပါ။သူမရဲ့ အင်တာဗျူးလေးတွေတိုင်းမှာလည်း ပျော်ပျော်ရွှင်ရွှင်စစနောက်နောက်နဲ့ဖြေတာလေးတွေကြောင့်လည်း သူမကိုကြည့်နေတာကိုက အချစ်တွေပိုနေရတာပါ။လူမှုကွန်ရက်ကလည်းပုံရိပ်လေးတွေအမြဲတင်ပေးပြီး ပရိသတ်တွေနဲ ့ရှိနေတာပါ။

ခုလိုအနုပညာအလုပ်တွေပါးနေချိန်လေးမှာတော့ စူစူဟာ မိသားစုတွေနဲ့အချိန်ပေးပြီး ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေတာပါ။ခုမှာလည်း သူအားချိန်လေးမှာ ဆိုင်မသွားဖြစ်တော့ အမေ့ ခြေသည်းလက်သည်းလေးတွေကို အိမ်မှာ ကိုယ်တိုင်သန့်ရှင်းပြီး ဆေးဆိုးပေးနေတာပါ။မိဘအပေါ်လည်းသိတက်တဲ့ စူစူတစ်ယောက် အမေ့ကို ခြေသည်းလက်သည်း သန့်ရှင်းပေးနေတဲ့ပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ရပါတယ်။

Credit

-Zawgyi Font ဖြင့်ဖတ်ရန် –




Credit

ဂစ်တာရှိုတ်လေးလို သွယ်လျကျစ်လစ်တဲ့ သူမရဲ့ အမိုက်စား ခန္ဓာကိုယ် အလှတရားတွေကို ထုတ်ပြလိုက်တဲ့ စံရတီမိုးမြင့်

အရုပ်မလေးလိုချစ်စရာကောင်းပြီး စတိုင်ကျတဲ့ဖက်ရှင်လေးကို အမြဲဝတ်ဆင်လေ့ရှိတဲ့ သူလေးကတော့မင်းသမီးချောလေး စံရတီမိုးမြင့်ပဲဖြစ်ပါတယ်။ သူမကတော့ အနုပညာလောကမှာ နေရာတစ်နေရာကိုအခိုင်အမာရရှိထား သူလေးတစ်ယောက်ဖြစ်သလို စကားပြောလေးကလည်း ချိုသာပြီးချစ်စရာကောင်းသူလေးပဲဖြစ်ပါတယ်။

သူမကခွေးလေးတွေကိုလည်း အသည်းယားစွာ ချစ်ခင်တတ်သလို စိတ်ထားလေးကလည်း ဖြူစင်သူတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ ယဉ်ကျေးတဲ့အပြောဆိုလေးတွေကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်တော်လေးပါပဲ နော် ။

သူရဲ့ လှုပ်ရှားမှု ပုံရိပ်တွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ် ။ အခုလည်း အဆီပိုမရှိဘဲ ဂစ်တာရှိုတ်လေးလို သွယ်လျကျစ်လစ်တဲ့ သူမရဲ့ အမိုက်စား ခန္ဓာကိုယ် အလှတရားတွေ ပေါ်လွင်နေတဲ့ အမိုက်စား ပုံရိပ်တွေကို ဝေမျှလာပါတယ် ။ ပုံတိုင်းက မိမိုက်ပြီး အားကျစရာကောင်းလောက်အောင် လန်းလွန်းတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit – Cele Channel

Photo – San Yati Moe Myint

-Zawgyi Font ဖြင့်ဖတ်ရန် –




Credit – Cele Channel


သူမရဲ့ အမေ အတွက် ရည်စူးပြီး ကုသိုလ်လုပ်ခဲ့တဲ့ မေပန်းချီ

အောင်မြင်တဲ့ သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်တဲ့ မေပန်းချီကတော့ အမိုက်စားခန္ဓာကိုယ်နဲ့ ပုရိသတွေကို တဖြုတ်ဖြုတ်ကြွေသွားလောက်စေတဲ့ အလှတွေနဲ့ ဆွဲဆောင်နေတဲ့ မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ အလန်းစားဖက်ရှင်တွေနဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကတော့ မေပန်းချီရဲ့ အလှတွေကို ထင်ဟပ်ပြနေပါတယ်။

အလုပ်တွေကို ကြိုးစား လုပ်ကိုင်နေသလို မိဘအပေါ်မှာလည်း သိတတ်လိမ္မာပြီး လုပ်ကျွေးပြုစုနေတဲ့ သမီး အလိမ္မာလေးဖြစ်လို့ အားလုံးက ပိုတောင် လေးစားနေကြတာပါ ။ အလှူအတန်းတွေဆိုရင်လည်း တတ်နိုင်သလောက် လှူဒါန်းလေ့ရှိပါတယ် ။

အခုလည်း ကွယ်လွန်သွားတဲ့ မိခင်ကြီးကို ရည်စူးပြီး သံဃာတော်များကို ဆွမ်း ဆက်ကပ်ကာ ကောင်းမှု ကုသိုလ်များစွာ ပြုလုပ်ခဲ့တဲ့ ဗီဒီယိုလေးကို ဝေမျှလာပါတယ် ။ ဗီဒီယိုလေးနဲ့အတူ ” ဒီနေ့ ဘုန်းဘုန်းနဲ့ဆုံတုန်း ရောက်တဲ့နေရာလေးမှာ အဆင်ပြေသလိုလေး သူငယ်ချင်းနှစ်ယောက် အမေတွေအတွက်ဆွမ်းကပ်🙏🏼🙏🏼🙏🏼 ” ရေးသားထားရာ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ် ။

Credit – Cele Channel
Photo – May Panche

-Zawgyi Font ဖြင့်ဖတ်ရန် –



Credit– Cele Channel
Photo – May Panche