လောကမှာ မပေါင်းသင်းအပ်တဲ့ ဂဏန်းနဲ့တူသော လူ ၃ မျိုး

လောကမှာ မပေါင်းသင်းအပ်တဲ့ ဂဏန်းနဲ့တူသော လူ ၃ မျိုး

(၁) အလိုက်သင့်ပေါင်းပြီး အတွင်းကျိတ် မကောင်းကြံလေသူ။ (၂) ရလျှင်တစ်မျိုး မရလျှင်တစ်မျိုး ပြောင်းလဲဆက်ဆံတတ်သူ။(၃) တစ်ဖက်သားကို ချောက်တွန်းပြီးမှ မိမိကောင်းစားရေးကို လုပ်ဆောင်တတ်သူ ထိုသူတွေက ဂဏန်းနဲတူတဲ့ လူတွေဖြစ်တယ်။ဂဏန်းတွေဟာ သူတို့ကိုယ်တိုင်သာ အပေါ်မရောက်ဘဲရှိမယ် “ဆွဲချ” တဲ့နေရာမှာ အင်မတန် အားသန်ကြပါတယ်။

တစ်ခါက လူငယ်တစ်ယောက် ကမ်းခြေတစ်ခုကို သွားရင် အဖုံးမပါတဲ့ ပလိုင်းနဲ့ ဂဏန်းကောက်နေတဲ့လူကြီး တစ်ယောက်ကိုတအံံ့တသြံ ဖြစ်ခဲ့ဘူးတယ်။ဒီကောင်းလေးက “အကိုကြီး၊ ခင်ဗျား ပလိုင်းပေါက်နဲ့ဖားကောက်တယ် ဆိုတဲ့ စကားပုံလို၊အဖုံးမပါ ဟာလာဟင်းလင်း ပလိုင်းကြီးနဲ့ ဂဏန်းတွေ လိုက်ကောက်နေရသလား၊ ထွက် မကျ ကုန်ဘူးလား”လို့ ပြောတယ်။လူကြီးက “ညီ။ မင်း ဂဏန်းတွေ အကြောင်း မသိပဲကိုးကွ။

ဂဏန်းတွေ ဆိုတာ ထွက်ပေါက် တစ်ခုရလို့ တစ်ကောင်ကစတက်ရင် နောက် တစ်ကောင် ကလည်း လိုက်ပြီး အလုအယက် လိုက်တက်တယ်။လုတက်တယ် ဆိုကတည်းကအောက်တစ်ကောင်က အပေါ် တစ်ကောင်ကို သူ့လက်တွေနဲ့ ချိတ်ယူ ပစ်တယ် ဆွဲချပစ်တယ်။တစ်ကောင်နဲ့ တစ်ကောင် တက်ရင်း၊ ချိတ်ရင်း ကြိုးပမ်းရင်းက တစ်ကောင် ကို တစ်ကောင်က ဆွဲချနေကြ ပါရော။

ဒါကြောင့် တစ်ကောင်မှ ထွက်မလာနိုင်ဘူး။ ပလိုင်းဖုံးကို အေးဆေး ဖွင့်ထားနိုင်တယ် ငါ့ညီ။ဂဏန်း ဆိုတဲ့ အမျိုးဟာသူတို့ကိုယ်တိုင်သာ အပေါ်မရောက်ဘဲ ရှိမယ် –“ဆွဲချ” နေရာမှာ အင်မတန် သန်ကြတယ်။”စာဖတ်မိတ်ဆွေတွေအားလုံးကိုလည်း မိမိကိုယ်ရော တစ်ပါးသူကိုရော ကောင်းကျိုးမပေးတဲ့ ဂဏန်းလို မဖြစ်ကြဖို့၊ထိုလူမျိုး မတွေ့ဆုံကြဖို့ကိုပါ ဆုတောင်းပေး လိုက်ပါ တယ်။

Credit to – Internet [Lily]

၂၀၂၁ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက်ဂုဏ်အယူရဆုံးအမျိုးသမီး၃ယောက်

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့ စာဖတ်ပရိတ်သတ်ကြီးများအတွက်၂၀၂၁ခုနှစ်၊မြန်မာနိုင်ငံအတွက်ဂုဏ်အယူရဆုံးအမျိုးသမီး၃ယောက်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။သူတို့ကတော့မတူညီတဲ့နယ်ပယ်ကနေဂုဏ်အယူရဆုံးဖြစ်ကြတဲ့ထပ်အကယ်ဒမီသရုပ်ဆောင်အိန္ဒြာကျော်ဇင်၊Master Chef Season 11 Top 3ပြိုင်ပွဲဝင်စုနဲ့အလှမယ်သူဇာဝင့်လွင် တို့ပဲဖြစ်ပါတယ်နော်။

ထပ်ဆင့်အကယ်ဒမီသရုပ်ဆောင်အိန္ဒြာကျော်ဇင်ကစက်တင်ဘာလ၁၅ရက်နေ့ကနေ့၁၉ရက်နေ့အထိ ကျင်းပပြုလုပ်နေတဲ့ဂျာမနီနိုင်ငံOldenburg International Film Festivalရုပ်ရှင်ပွဲတော်မှာSeymour Cassel Award For Outstanding Performanceသရုပ်ဆောင်ထူးချွန်ဆုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။တော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူအားတက်သရောပါဝင်ခဲ့တာကြောင့် မတရားအဖမ်းဆီးခံထားရပါတယ်နော်။

MasterChefSeason11Top3ပြိုင်ပွဲဝင်စုကတော့ပြိုင်ပွဲမှာမြန်မာအစားအစာတွေ ကိုအကောင်းဆုံးချက်ပြုတ်ပြိုင်ဆိုင်လာ​ပြီးတော့ဒိုင်တွေရဲ့ချီးကျူးစကားတွေပါရရှိခဲ့တဲ့နောက်Top3အထိတက်လှမ်းနိုင်ခဲ့ပါတယ်၊မြန်မာ့အစားအစာကိုကမ္ဘာမှာချပြနိုင် ခဲ့တာကြောင့်မြန်မာနိုင်ငံအတွက်ပထမဦးဆုံးဂုဏ်ဆောင်ပေးတဲ့အမျိုးသမီးပဲဖြစ်ခဲ့ပါတယ်နော်။

အလှမယ်သူဇာဝင့်လွင့်ကတော့ကမ္ဘာအကြီးဆုံးမယ်စင်္ကြဝဠာပြိုင်ပွဲကြီးမှာမြန်မာ့အရေး ကိုအရိုးရှင်းဆုံးချပြနိုင်ခဲ့တာကြောင့်နိုင်ငံတကာကသိထားမိအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်၊ပြိုင်ပွဲမှာလဲအကောင်းဆုံးရလဒ်အဖြစ်အမျိုးသားဝတ်စုံစုကိုထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်နော်။ပရိတ်သတ်ကြီးရေဒါကတော့၂၀၂၁ခုနှစ်မြန်မာနိုင်ငံအတွက်ဂုဏ်အယူရဆုံးအမျိုးသမီး၃ယောက်အကြောင်းပဲဖြစ်ပါ်၊စာဖတ် ပရိတ်သတ်ကြီးများအတွက်ပြန်လည်ကာတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်နော်။

Credit

ရေသန့်ဗူးတွေ ကားပေါ်မှာထားတဲ့အခါ သတိရှိပါ

ကားတွေ ဆီဖြည့်တဲ့အခါ အလကားပေးလေ့ရှိတဲ့ ရေသန့်ဘူးတွေကို အချို့ကားမောင်းတဲ့သူတွေက Cup Holder ထဲမထည့်ဘဲ ကားအထဲတစ်နေရာမှာ အလွယ်တကူ ထားတတ်ကြပါတယ်။ ဒီလိုအလွယ်တကူထားတာဟာ အလွန်ပင်အန္တရာယ်များတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ ဗန်းကပိ ကုန်တိုက်ကြီးမှာရှိတဲ့ ရှစ်ထပ်လောက်မြင့်တဲ့ ကားထားတဲ့နေရာကနေပြီး မနက်စောစောပိုင်း ကားလာထုတ်တဲ့ ဇနီးမောင်နှံနှစ်ဦးဟာ ကားနောက်ဆုတ်ရင်းနဲ့ အရှိန်မထိန်းနိုင်ဖြစ်ပြီး ၈ ထပ် ကနေအောက်ကို ဇောက်ထိုး ကျသွားခဲ့ရာ ကားမောင်းသူ သေဆုံးသွားခဲ့ပါတယ်။ ဒီလိုဖြစ်ရခြင်း အကြောင်းအရင်းဇစ်မြစ်ကို စစ်ဆေးလိုက်တဲ့အခါမှာတော့ –

နောက်ဆုတ်တဲ့အချိန် ဘရိတ်နင်းတဲ့နေရာမှာ ရေသန့်ဘူးက ညပ်နေတဲ့အတွက် ရပ်လို့မရတော့ဘဲ အရှိန်နဲ့တိုက်ပေါ်ကနေ ထိုးကျသွားခဲ့တာဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ရေသန့်ဘူး အချိုရည်ဘူး နဲ့ တစ်ရှူးစက္ကူဘူး တွေဟာ ကားရဲ့ ဘယ်နေရာထားပါစေ အရှိန်နဲ့လိမ့်ပြီး ကားမောင်းတဲ့ နေရာကိုရောက်သွားခဲ့ရင် လီဗာ/ဘရိတ်တံ တွေကြားမှာ ရောက်သွားတတ်ပါတယ်။

ဒါကို သတိမထားမိခဲ့ရင် အလွန်အန္တရာယ်များပါတယ်။ဒါကြောင့် ကားမောင်းသူတွေအနေနဲ့ မိမိကားကို မမောင်းခင်မှာ မောင်းခန်းထဲမှာ အောက်ခြေခုံကို အရာဝတ္တုတွေ တစ်ခုခုရှိနေမလားသေချာစွာစစ်ဆေးသင့်ပြီး၊ ရေသန့်ဘူးနဲ့ အခြားပစ္စည်းတွေကိုလည်း ကားပေါ်မှာအလွယ်တကူမတင်ထားသင့်ကြောင်း သတိပေးလိုက်ပါရစေ။

Credit ကားသတင်းစုံ

ဖာလူဒါပြုလုပ်နည်းလေး

ပူပြင်းတဲ့ ရာသီဥတုမှာ လုပ်စားနိုင်ဖို့ ဖာလူဒါ လုပ်နည်းလေးကိုမျှဝေပေးမယ်နော်။ ဖာလူဒါက အိန္ဒိယစတိုင် လုပ်နည်းပါနော်၊အိန္ဒိယမှာတော့ ဖာလူဒါထဲကို ပင်ပွား၊ စမိုင်ဖတ်၊ သာကူစေ့၊ နွားနို့၊ သကြားရည် တို့ထည့်ပြီး လုပ်ကြပါတယ်။ရာသီဥတု ပူပူလေးမှာ ဖာလူဒါ အေးအေးလေး လုပ်စားကြည့်ရအောင်

ပါဝင်ပစ္စည်းများ
နွားနို့- ခွက်၄ခွက် (၈၀၀ မီလီလီတာ)မုန့်လက်ဆောင်းဖတ် ၁ခွက်အနီရောင် ဂ်ယ္လီ ခွက်တဝက် (အတုံးသေးများတုံးထားပါ)အဝါရောင် ဂျယ်လီ ခွက်တဝက် (အတုံးသေးများတုံးထားပါ)အစိမ်း(သို့) ခရမ်းရောင် ဂျယ်လီ ခွက်တဝက် (အတုံးသေးများတုံးထားပါ)သာကူစေ့ ခွက် ၁ခွက် နို့စိမ်း (သို့) နို့ဆီ စားပွဲတင်ဇွန်း ၅ဇွန်းပူတင်း ၂တုံး Vanilla ရေခဲမုန့် ၁ဗူးပင်ပွားစေ့ ၂ ဇွန်း ကို ရေ ၂-၃ နာရီစိမ်ပါ။သုံးမယ် ဆိုတဲ့ အခါ အပေါက်ပါတဲ့ ဇွန်းလေးနဲ့ ရေစစ်ပီး ခပ်ယူထည့်ပါ။

အနီရောင် သကြားရည်တွင် ပါဝင်ပစ္စည်းများ – အနီရောင်ဆိုးဆေးအရည် လက်ဖက်ရည် ဇွန်း တဝက်၊ သကြား စားပွဲတင်ဇွန်း ၆ဇွန်း၊ ရေ စားပွဲတင်ဇွန်း ၃ဇွန်း၊ ပြင်ဆင်နည်း –

၁။ အရင်ဆုံး သာကူကြိုရန် ဒယ်အိုးထဲ ရေတဝက်ထည့်ပြီ ရေဆူလာလျှင် သာကူစေ့များထည့်ပြီ ရောမွှေပေးပါ။

၂။ သာကူကို မီးအတင့်သင့်ဖြင့် မကပ်မသွားအောင် မွှေပေးရပါမည်။

၃။ သာကူစေ့ အလယ်အစံများ ပျောက်သွားလျှင် မီးပိတ်လိုက်ပြီ အနီရောင်ဆိုးဆေးရည်(၄စက်)ခန့် လောင်းထည့်ကာ ရောမွှေပေးလိုက်ပါ။

၄။ သာကူစေ့များ အနီရောင်ပြောင်းသွားလျှင် ဇကာဖြင့် ပြန်စစ်ထားပြီ ပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၅။ ပြီနောက် သကြားရည်အတွက် ပါဝင်ပစ္စည်းများ ဖြစ်သော (အနီရောင်ဆိုးဆေးရည်၊ သကြား၊ ရေ)တို့ကို သကြားအရည်ပျော်သည်အထိ ရောမွှေပေးပါ။

၆။ နွားနို့ ၈၀၀ မီလီလီတာ ကို ဒယ်ထဲ ထည့်ပြီ မီးအတင့်သင့်ဖြင့် မိနစ် ၂ဝခန့် နွားနို့ တဝက်ခန့် ခမ်းသွားသည်အထိ ပျစ်အောင် တည်ထားပေးပါ။(သို့) နွားနို့ ပွက်ပွက်ဆူအောင် တည်ထားပြီ ကော်မှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ကို ရေဖြင့် ရောမွှေပြီ လောင်းထည့်ပေးပါ၊ နွားနို့ အနည်းငယ် ပျစ်လျှင် မီးပိတ်လိုက်ပါ။

၇။ ပြီးနောက် နှားနို့ကို အခန်းအပူချိန်ဖြင့်ခေတ္တအအေးခံပြီး ရေခဲသေတ္တာအောက်ထပ်တွင်အအေးခံထားပါ။

ဖာလူဒါ ပြုလုပ်နည်း –

၁။ အရင်ဆုံး ဖန်ခွက်ရှည်ထဲသို့ အနီရောင် သကြားရည်(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပါ။ပင်ပွားစေ့( စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်ပေးပါ။

၂။ ပြီနောက် အပေါ်မှ မုန့်လက်ဆောင်ဖတ်(စားပွဲတင်ဇွန်း ၁ဇွန်း၊ ဂ်ယ္လီ ရောင်စုံ(၁မျိုး စားပွဲတင်ဇွန်း တဝက္စီ)၊ သာကူ၊ ပူတင်း(တုံးဝက်)၊

၃။(ခွက်တဝက်)ထည့်ပေးပါ။

၄။ နောက်ဆုံး ရေခဲမုန့်(1 Scoop)အပေါ်မှ တင်၊ နို့စိမ်း(သို့) နို့စိမ်း(စားပွဲတင်ဇွန်း ၂ဇွန်း) ဆမ်းပေးပါ။

၅။ အားလုံးကို သမအောင် အနည်းငယ် ရောမွှေပြီ အရသာရှိသော ဖာလူဒါ အေးအေးလေးကို သုံးဆောင်နိုင်ပါပြီ။

မူရင်း Credit

ရေးထားတဲ့စာကို ဖျက်လိုက် တင်လိုက်နဲ့မို့ အွန်လိုင်းမှာ ဝေဖန်မှု ပြင်းထန်နေတဲ့ မေလသံစဉ်

ရေးထားတဲ့စာကို ဖျက်လိုက် တင်လိုက်နဲ့မို့ အွန်လိုင်းမှာ ဝေဖန်မှု ပြင်းထန်နေတဲ့ မေလသံစဉ်

ပရိသတ်ကြီးရေ မေလသံစဉ်ဆိုတဲ့ အဆိုတော် မလေးကတော့ မြန်မာသံတေးသီချင်းလေးတွေ နဲ့ ပရိသတ်တွေရင်ထဲကိုရောက်လာတဲ့ ဆယ်ကျော်သက် အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပြန် လည်ဆန်းသစ်နှောင်းတစ်ခေတ် အယ်ဘမ်လ်ကလည်းပရိသတ်တွေကြားမှာအတော်လေးရေပန်းစားခဲ့တာပါ။

ခုချိန်အထိလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားဆဲပါ ။ခုလို အခြေအနေတွေမှာလည်းတတ်နိုင်သ လောက် သူမအနေနဲ့ လိုအပ်တဲ့နေရာတွေကို ပါဝင်လှူဒါန်းပေးနေတာတွေ့ရပါတယ် ။မေလသံစဉ်က မြန်မာနိုင်ငံကြီးနဲ့ ပက်သက်လို့ရှေ့မထွက်လာရတဲ့အ ကြောင်းရင်းကိုလွန်ခဲ့တဲ့ နာရီပိုင်း

လောက်တုန်းက တင်လာခဲ့ပါတယ်.မေလသံစဉ်က ” မြင်​တွေ့ နေရတဲ့သတင်း​တွေ​ကြောင့်တစ်ရက်မှ မ​ပျော်ရွှင်ရပါဘူး

ဖမ်းခံရမှာစိုးလို့လည်း စပိအောက်မလုပ်ရဲပါဘူး…အ​ရေးကြီးတဲ့ သတင်း​တွေ​ကျော်သွားမှာစိုးလို့FB ပေါ်မှာ သီချင်း​တွေလည်း ဆိုမပြဖြစ်​တော့ဘူး

အနာဂတ်တွေလဲပျောက်တယ် ဒါ…….လူတိုင်းပါပဲ

မေလကို ချစ်တဲ့သူတွေ မေလကို သတိရတဲ့အချိန်ဒီတယ်လီဂရမ် ချန်နယ်​လေးမှာ အဆက်အသွယ်ယူကြမယ်နော်

”ဆိုပြီးရေးသားလာပြီးနောက်ပိုင်းမှာတော့ သူမရေးသားထားတဲ့ ပို့စ်အောက်မှာတော့ ဝေဖန်သူတစ်ချို့လည်း ရှိလာခဲ့ပြန်ပါတယ်။ မိနစ်အနည်းငယ်နောက်ပိုင်းမှာတော့ သူမ

ရေးသားထားတဲ့ ဖမ်းခံရမှာစိုးလို့လည်း စပိအောက်မလုပ်ရဲပါဘူး..ဆိုတဲ့ စာသားတွေကို ဖျက်ပြီး အသစ်ပြန်တင်လာခဲ့ပြန်ပါတယ်။

Source: မေလသံစဉ် May Melody

ဂျာမနီရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တဲ့ မအူ၀ဲ အတွက်အတိုင်းမသိပျော်ရွှင်ပြီးဂုဏ်ပြုပေးကြတဲ့ အနုပညာရှင်တို့ရဲ့ရင်တွင်းစကားများ

ဒါရိုက်တာ ဏကြီးရိုက်ကူးထားပြီး အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု၊ အောင်မြင့်မြတ်တို့ပါ၀င်သရုပ်ဆောင်ထားတဲ့ “What Happened to the Wolf” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာ ဂျာမနီနိုင်ငံ၊ Oldenburg မြို့မှာ ကျင်းပပြုလုပ်တဲ့ “Oldenburg International Film Festival ” ပွဲမှာ ပြသဖို့ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး World Premiere အဖြစ်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။

Photo credit-Original Uploader

“Oldenburg International Film Festival “ရဲ့ ဆုပေးပွဲမှာတော့ Seymour Cassel Award for Best Performance ဆုအား “What Happened to the Wolf” ရုပ်ရှင်မှ အိန္ဒြာကျော်ဇင်က ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ် ။ အခုလိုအကျဉ်းကျနေပေမယ့် သူမရဲ့ထိမိလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာကပါအသိအမှတ်ပြုလေးစားဂုဏ်ပြု‌ခဲ့တာဖြစ်ပါတယ်…..။

Photo credit-Original Uploader
Photo credit-Original Uploader

အနုပညာအသိုင်းအဝိုင်းကသူတွေနဲ့ ပရိသတ်တွေကလည်း အများအပြားဂုဏ်ပြုပေးခဲ့ကြပြီး social mediaမှာလည်း မအူဝဲကိုဂုဏ်ပြုလေးစားကြတဲ့ပို့စ်တွေနဲ့ မိသားစုနဲ့အမြန်ဆုံးဆုံတွေ့နိုင်ဖို့ ဆုတောင်ပေးနေကြတာဖြစ်ပါတယ် ။ မအူဝဲတစ်ယောင်လည်း အမြန်ဆုံးပြန်လည်လွတ်မြောက်ပြီး ချစ်တဲ့အနုပညာတွေကို အကောင်းဆုံးထပ်ပြီးပုံဖော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်းအရင်းမြစ်: Myanmarload

ဖခင်ကြီးရဲ့လပတ်လည်အလှူလေးကိုတောင် မိသားစုနဲ့အတူ လိုက်ပါပြုလုပ်ခွင့်မရခဲ့တဲ့ ဖွေးဖွေး

ပရိသတ်ကြီးရေ မနေ့က စက်တင်ဘာလ (၁၉)ရက်နေ့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော ဖွေးဖွေးရဲ့ ဖခင်ကြီးကွယ်လွန်သွားခဲ့တာ (၁)လပြည့်တဲ့ လပတ်လည်နေ့လေးပဲဖြစ်ပါတယ်။ ဖွေးဖွေးတို့ မိသားစုကတော့ ဖခင်ကြီးအတွက် ရည်စူးပြီး လပတ်လည်နေ့မှာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးခဲ့ကြပါသေးတယ်။

ဖွေးဖွေးရဲ့ ဖခင်ကြီးကွယ်လွန်တဲ့အချိန်မှာလည်း ဖွေးဖွေးကတော့ အခြေနေအကြောင်းကြောင်းတွေကြောင့် ဖခင်ကြီးရဲ့ နောက်ဆုံးခရီးကိုတောင် လိုက်ပါပို့ဆောင်ခွင့်မရရှိခဲ့တဲ့ အတွက် ပရိသတ်တွေကဖွေးဖွေးအတွက် စိတ်မကောင်းဖြစ်ခဲ့ရပါသေးတယ်။ မနေ့ကပြုလုပ်ခဲ့တဲ့ လပတ်လည်အလှူပြုလုပ်နေချိန်မှာလည်းဖွေးဖွေးက သူ့ရဲ့မိသားစုတွေနဲ့ အတူ ဖခင်ကြီးအတွက် ကုသိုလ်တွေပြုလုပ်ပေးခွင့်မရရှိခဲ့ပြန်ပါဘူး။

ဖွေးဖွေးကတော့ ဖခင်ကြီးကွယ်လွန်ချိန်ကနေ ဒီနေ့အထိ ဖခင်ကြီးကို နာရီတိုင်းစက္ကန့်တိုင်း သတိရလွတ်ဆွတ်နေခဲ့ရသူပါ။ ပရိသတ်ကြီးရေ ဖခင်ကို ချစ်ခင်ရတဲ့ သမီးတစ်ယောက်အနေနဲ့ ဖခင်ကြီးရဲ့ နောက်ဆုံးခရီးရော အခုလပတ်လည်နေ့ရက်လေးမှာတောင် မိသားစုနဲ့အတူ အလှူပြုလုပ်ခွင့်မရတာ ဖွေးဖွေးတစ်ယောက် ဘယ်လောက်တောင်စိတ်မကောင်းဖြစ်နေမလဲနော်။

Source – Phway Phway, Credit CeleZone

Zawgyi





ဇနီးဖြစ်သူ အူဝဲကို သွားတွေ့ရင်း မျက်နှာကြီး ဆူပုတ်ကာပြန်လာတဲ့ ပြေတီဦးရဲ့ ထောင်ထဲက ရယ်ရခက် ငိုရခက် အဖြစ်လေးကို ပြောပြလာတဲ့ ပြည်သူတစ်ဦး

ပရိသတ်တွေရဲ့ အချစ်တွေကို နှစ်အတော်ကြာ သိမ်းပိုက်ထားတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ ခုချိန်မှာ (၅၀၅ – က) နဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ ဒီကနေ့အထိ တစ်ရက်လေးမှ မမေ့ဘဲ သတိရလွမ်းဆွတ်ကြောင်းတွေ ဖော်ပြပေးကြသလို အမြန်လွတ်မြောက်ဖို့ကိုလည်း ဆုတောင်းပေးနေကြပါတယ် ။

အခုလည်း သူတို့ ဇနီးမောင်နှံနဲ့ ထောင်ထဲမှာဆုံခဲ့ရတဲ့ ပြည်သူတစ်ဦးက ပြေတီဦးတို့ လင်မယားနှစ်ယောက်ရဲ့ ငိုရခက် ရယ်ရခက် အဖြစ်လေးကို အမှတ်တရ ရေးသားဖော်ပြလာပါတယ် ။ စာလေးဖတ်ပြီး ရယ်နေရတာ အမှန်ပါပဲ ။ ဒါ့အပြင် အူဝဲတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ စိတ်သဘောထား ပြည့်ဝပုံတွေကိုလည်း ချီးကျူးစကားဆိုထားပါသေးတယ် ။

အကြောင်းအရာလေးကတော့ ” မအူဝဲဗီဒီယိုလေးတွေ့တော့သတိရလို့ ဦးတီနဲ့ မအူဝဲတို့လင်မယားရီရတာပြောဦးမယ် ထောင်မှာ တရားဝင်လင်မယား အချုပ်တူတူကျရင် 2ပတ်တစ်ခါပဲရတွေ့ခွင့်ရှိတယ် တနင်္ဂနွေပေါ့ အဲ့မှာ ဦးတီကမိန်းမနဲ့တွေ့မယ့်နေ့ဆိုတော့ ရှိုးစမိုးနဲ့ရှယ်တွေပြင်ပြီးသွား‌တာပေါ့ ပြန်လာတော့မျက်နှာကြီးဆူပုတ်ပြီးပြန်လာတာဗျာ ဆူပုတ်နေပေမယ့် ပြုံးပြရှာပါတယ်မင်္ဂလာပါဘာညာပေါ့ ကိုယ်တွေသိတယ်လေ နည်းနည်းတော့လွဲနေပြီ‌ဆိုတာကို ဘာဖြစ်တာလဲဆိုတာမသိမသာလေးမေးကြည့်တော့ နို့ထမင်းလှူတာမှာ စာရင်းလွဲလို့ဆိုလား မအူဝဲကဆူလိုက်လို့တဲ့ဗျာ တနေကုန်စိတ်ထိုင်ကောက်နေတာ အခုရောအဆင်များပြေကြရဲ့လားမသိဘူး…၂ယောက်လုံးကတအားသဘောကောင်းကြတယ်” ဆိုပြီးရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit – Cele Zone

Zawgyi




Credit– Cele Zone

ဒီနေ့မှာ အသက် (၂၂) နှစ်ပြည့် သွားတဲ့ အဆိုတော် ချမ်းမြေ့မောင်ချို

ဒီနေ့မှာ အသက် (၂၂) နှစ်ပြည့် သွားတဲ့ အဆိုတော် ချမ်းမြေ့မောင်ချို

ချမ်းမြေ့မောင်ချိုကတော့ မြန်မာအိုင်ဒေါ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိခဲ့တဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ဒီနေ့ စက်တင် ဘာလ(၂၀)ရက်နေ့လေးကတော့ ပရိ သတ်တွေရဲ့အချစ်တော်မောင်ချိုလေးရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။

မောင်ချိုလေးကတော့ ဒီနေ့မှာကျရောက်တဲ့မွေးနေ့ရက်မြတ်လေးမှာတော့ အသက်(၂၂)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ Happy Birthday ပါ ချစ်ရတဲ့မောင်ချိုလေးရေ။မွေးနေ့ကနေစပြီး စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ ဝါ သနာပါတဲ့အနုပညာအလုပ်တွေကိုပိုမိုလုပ်ကိုင်နိုင်ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်း ပိုမိုရရှိပါစေလို့မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ပရိသတ်ကြီးတွေထဲမှာရော မောင်ချိုလေးကို ချစ်ခင်ပြီး အားပေးကြတဲ့ပရိသတ်တွေရှိလား။ ပရိသတ်ကြီးတွေထဲမှာမောင်ချိုရဲ့ပရိသတ်တွေရှိရင် ဒီနေ့မှာကျရောက်တဲ့မောင်ချိုရဲ့ မွေးနေ့လေးအတွက်မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။

Photo Credit – Chan Myae Mg Cho

Credit Cele Zone

မိန်းမရဲ့တူမဖြစ်သူနှင့် ပထဆုံးရင်သွေးရခဲ့ပြီလို့ ကြေညာလိုက်တဲ့ ဘရာဇီးတိုက်စစ်မှုး ဟောခ့်

ဘရာဇီးတိုက်စစ်မှူးဟော့ခ်နှင့်ဇနီးသည်ဖြစ်တဲ့ တူမဖြစ်သူတို့ကသူတို့ရဲ့ပထမဆုံးကလေး ရောက်လာတော့မှာဖြစ်ကြောင်းကြေညာလာပါတယ်။

ဟော့ခ်ဟာ၂၀၁၉ခုနှစ်၊ဇူလိုင်လတုန်းက၁၂နှစ်ကြာလက်တွဲလာခဲ့တဲ့ဇနီးသည်နှင့်လမ်းခွဲခဲ့ပါတယ်။ယင်းနောက်သူဟာလအနည်းငယ်အကြာမှာဇနီးသည်ရဲ့တူမဖြစ်သူကာမီလာအန်ဂျီလိုနှင့်လက်တွဲခဲ့တာဖြစ်ပါတယ်။

ဟော့ခ်နှင့်ကာမီလာအန်ဂျီလိုတို့ဟာ၂၀၂၀ခုနှစ်၊မတ်လတုန်းကလက်ထပ်ခဲ့ကြပါတယ်။ထိုစဉ်ကဟော့ခ်ဟာတရုပ်ကလပ် Shanghai SIPG တွင်ကစားနေတာဖြစ်ပါတယ်။

ဟော့ခ်ဟာလက်ရှိဇနီးဖြစ်သူကာမီလာအန်ဂျီလိုရဲ့အန်တီဖြစ်သူနှင့်သားနှစ်ဦး၊သမီးတစ်ဦးရရှိခဲ့သူဖြစ်ပါတယ်။

ယနေ့မှာဟော့ခ်တို့ဇနီးမောင်နှံကမမွေးဖွားသေးတဲ့ကလေးငယ်အားအာထရာဆောင်းရိုက်ကူးထားတဲ့ဓာတ်ပုံများနှင့်အတူ ဓာတ်ပုံရိုက်ကူးကာ အွန်လိုင်းမှာတင်ပြီးပရိသတ်များကိုအသိပေးလာပါတယ်။

ခန္ဓာကိုယ်သန်စွမ်းတဲ့ဟော့ခ်ဟာ၂၀၁၉ခုနှစ်၊ဒီဇင်ဘာလတုန်းကကာမီလာရဲ့မိခင်နှင့်ညီအစ်ကိုမောင်နှမများသို့ အိမ်သို့ခေါ်ယူကာသူတို့ရဲ့အချစ်ဇာတ်လမ်းကိုဖွင့်ဟခဲ့တာဖြစ်ပါတယ်။ဇနီးဟောင်းဖြစ်သူအီရန်အန်ဂျီလိုဟာတူမဖြစ်သူကနောက်ကျောကိုဓားနှင့်ထိုးသွားတဲ့လုပ်ရပ်ကြောင့်အကြီးအကျယ်နာကျင်ခဲ့ရပါတယ်။

Credit

Zawgyi





