ဖခင် ရှိရာ လွတ်မြောက်နယ်မြေကို လိုက်လာတဲ့ မင်းမော်ကွန်းရဲ့ သားကြီးအကြောင်းကို ပြောပြလာခဲ့တဲ့ ဒါရိုက်တာ သည်ခေတ်နေ
ဖခင် ရှိရာ လွတ်မြောက်နယ်မြေကို လိုက်လာတဲ့ မင်းမော်ကွန်းရဲ့ သားကြီးအကြောင်းကို ပြောပြလာခဲ့တဲ့ ဒါရိုက်တာ သည်ခေတ်နေ
ပရိသတ်အချစ်တော် မင်းမော်ကွန်းကတော့ ရုပ်ရှင်ဇာတ်လမ်းတွေမှာရော နှင်းဆီအငြိမ့်မှာရောအောင်မြင်ခဲ့တာကြောင့် ပြည်သူတွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်သူဖြစ်ပါတယ်။မင်းမော်ကွန်းကတော့ အနုပညာမှာလည်း ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်နိုင်သလို အနုပညာသက်တမ်းတစ်လျှောက်
မှာလည်း နာမည်ပျက်မရှိအောင် နေထိုင်ခဲ့သူဖြစ်ပါတယ်။အနုပညာလောကမှာလည်း ဖခင်ဖြစ်သူဦးဇင်ဝိုင်းကိုလည်း လူတိုင်းကလေးစားအားကျရသလိုသားဖြစ်သူမင်းမော်ကွန်းကလည်းအမှန်တရား ဘက်ကိုရဲရဲဝင့်ဝင့်နေရဲသူလည်း ဖြစ်ပါတယ်.။ ပြည်သူတွေရဲ့အတူ ခံစားချက်တွေထပ်တူကျခဲ့သူဖြစ်တဲ့
အပြင် ဖခင်ဖြစ်သူ အဖမ်းခံရတဲ့အခါမှာလည်းနောက်ဆုတ်မသွားတဲ့အပြင်ရှေ့ကိုသာဆက်လက်ရပ်တည်ခဲ့ပါတယ်။ အဖေဖြစ်သူရောသားဖြစ်သူပါရဲရင့်ပြတ်သားစွာရှိနေခဲ့ကြလို့လည်း ပြည်သူတွေလည်းအားအင်တွေအပြည့်ရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူးနော်အခုဆိုရင်တော့ မင်းမော်ကွန်းက သူ့ရဲ့
မိသားစုတွေကိုပါခေါ်ပြီး လွတ်မြောက်နယ်မြေတစ်နေရာကိုရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။သူ့ရဲ့ဇနီးနဲ့ သားနှစ်ယောက်ကလည်းအိမ်ထောင်ဦးစီးဖြစ်တဲ့ မင်းမော်ကွန်းရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာပြီးသူနဲ့အတူ လိုက်ပါလာခဲ့တာ ဖြစ်ပါတယ် ။အခက်အခဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရပေမယ့်လည်း အမှန်
တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်နေတဲ့ မင်းမော်ကွန်းတို့မိသားစုကိုပြည်သူတွေကလည်း လေးစားနေကြတာ ဖြစ်ပါတယ် ။အခုလည်း ဒါရိုက်တာ သည်ခေတ်နေက သူ့ရဲ့မိတ်ဆွေတွေဖြစ်တဲ့ ကိုပေါက်နဲ့မင်းမော်ကွန်းတို့ရှိတဲ့လွတ်မြောက်နယ်မြေကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။ ဒါရိုက်တာသည်ခေတ်နေက
ကိုပေါက်၊ ကိုရဲမင်း၊ မင်းမော်ကွန်းရဲ့သားကြီးတို့နဲ့အတူရိုက်ကူးထားတဲ့ အမှတ် တရပုံရိပ်တစ်ခုကို မျှဝေလာခဲ့ရင်း ” သူတို့နှလုံးသားကိုမြင်လိုက်ရတယ်”နွေးထွေးလိုက်တာကြင်နာလိုက်တာသတ္တိရှိလိုက်ကြတာချစ်ခြင်းမေတ္တာတွေနဲ့ပြည့်နှက်နေလိုက်ကြတာဗျာသူတို့ရဲ့အပြုံးလေးတစ်ချက်နဲ့တင်ပြည်သူကိုလုံခြုံ
စေပါတယ်အမှန်တရားအတွက်သဘာဝကအစားပြန်ပေးတဲ့လက်ဆောင်တွေထဲမှာနှလုံးလှတဲ့လူတွေနဲ့တောနဲ့တောင်နဲ့စမ်းချောင်းလေးတောင်အဆစ်ပါသေးတယ် သည်ခေတ်နေ ” ဆိုပြီးရေးသားလာခဲ့ပါတယ်။ မိသားစုလိုက်တော်လှန်နေကြတဲ့ မင်းမော်ကွန်းတို့မိသားစုနဲ့
သူငယ်ချင်းတွေကိုလည်း ပရိသတ်ကြီးလည်း အားပေးစကားလေး တစ်ခုခုလောက်ရေးပေးသွားကြပါအုံးနော်
Source – The Khit Nay
ကျစ်လှစ်လှပတဲ့ သူမရဲ့ ခန္ဓာကိုယ်အချိုးစားလေးကို ထုတ်ကြွားလိုက်တဲ့ စံရတီမိုးမြင့်
စံရတီမိုးမြင့်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မော်ဒယ်လ်သရုပ်ဆောင် မင်းသမီးချောလေးပဲဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး လှပတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ အပြင် လက်ရှိမှာလည်း ကျစ်လှစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။
စံရတီမိုးမြင့်ကတော့ အဆီပိုမရှိလျစ်လှစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားလေးကို ပိုင်ဆိုင်ဖို့ စနစ်တကျ Gym ဆော့ခဲ့တဲ့ ဇွဲမလျော့ဘဲကြိုးစားခဲ့တဲ့အကျိုးရလဒ်အနေနဲ့ အခုဆိုရင်တောင် တော်တော်လေးကို လှပပြီးမိန်းကလေးတော်တော်များများ လိုချင်တောင်းတနေတဲ့ ခန္ဓာကိုယ်အချိုးအစားလေးကို ပိုင်ဆိုင်ထားခဲ့တာပါ။ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကန ဒီနေ့မှာတော့ အဆီပိုမရှိကျစ်လှစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို မျှဝေဖော်ပြလာခဲ့ပါတယ်။
မိန်းကလေးတော်တော်များများကတော့ စံရတီမိုးမြင့်ရဲ့ ခန္ဓာကိုယ်အချိုးအစားကို သဘောကျနေခဲ့ကြပြီး သူလိုလေး လှချင်ကြောင်းမှတ်ချက်ပေးပြောဆိုနေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးရေ စံရတီမိုးမြင့်ရဲ့ ခန္ဓာကိုယ်အချိုးအစားကလည်း တကယ်ကို အဆီပိုမရှိကျစ်လှစ်လှပပြီး မိန်းကလေးတွေ လိုချင်ကြတဲ့ အချိုးအစားလေးပါပဲ။
Credit Cele Zone
Source – San Yati Moe Myint
Zawgyi
Credit Cele Zone
ခင်ပွန်းဖြစ်သူ မရှိတဲ့ဘဝမှာ နေသားကျဖို့ ကြိုးစားနေရ‌ကြောင်း ရင်ဖွင့်လာတဲ့ နန်းမြတ်ဖြိုးသင်း
ခင်ပွန်းဖြစ်သူ မရှိတဲ့ဘဝမှာ နေသားကျဖို့ ကြိုးစားနေရ‌ကြောင်း ရင်ဖွင့်လာတဲ့ နန်းမြတ်ဖြိုးသင်း
ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ မကြာသေးမီအချိန်ကမှ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးထားတာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။ နန်းမြတ်ရဲ့ ခင်ပွန်းကတော့ ကိုဗစ်ရောဂါကြောင့် အိမ်ထောင်သက် (၄)နှစ်ကျော်မှာတင်ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။
ဘယ်လိုမှမထင်မှတ်ထားရတဲ့ အချိန်မှာ မိသားစုကို ခွဲခွာကာ ဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့တာကြောင့် မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချစ်ခင်သူတွေအတွက် နှမြောတသသနဲ့ အံ့သြခဲ့ရတဲ့အထိဖြစ်ခဲ့ပြီး နန်းမြတ်အတွက်တော့ လုံးဝကို ဖြေဆည်မရတဲ့ ဆုံးရှုံးမှုကြီးပါ။အခုလို ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးတဲ့နောက်မှာ နန်းမြတ်ကခင်ပွန်းဖြစ်သူမရှိတဲ့သူ့ရဲ့ဘဝကိုနေသားကြဖို့ ကြို းစားနေခဲ့ပေမဲ့ ခက်ခဲနေတဲ့အတွက် တော်တော်လေးကို ကြိုးစားယူသွားရမှာဖြစ်ကြောင်း သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရင်ဖွင့်လာခဲ့ပါတယ်။
နန်းမြတ်ကိုချစ်ခင်တဲ့ ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းအပေါင်းသင်းတွေကတော့ သူတို့အတွက်တောင်အခုချိန်ထိမယုံကြည်နိုင်လောက်အောင်ဖြစ်နေရသေးတဲ့အတွက်ကာယကံရှင်ဖြစ်တဲ့ နန်းမြတ်ခံစားရတာတွေကိုကိုယ်ချင်းစာကြောင့် စိတ်ဓာတ်မကျဘဲ အားတင်ထားဖို့ အားပေးစကားပြောနေခဲ့ကြပါသေးတ်။နန်းမြတ်အတွက် အခုချိန်ကတော့ တကယ်ကို ခက်ခဲနေမှာပဲနော်။
ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်ကြီးလည်း ကျန်းမာ ပျော်ရွှင်ပြီး ဘေးရန်ကင်းကြပါစေနော်။
Source – Nan Myat Phyoe Thin
မိသားစု သုံးယောက်ကတစ်ပတ်အတွင်း ရှေ့ဆင့်နောက်ဆင့် ဆုံးရှုံးခဲ့ရလို့ ရင်ကွဲမတတ်ခံစားခဲ့ရတဲ့ ဗီဗာဟိန်းရဲ့ခံစားချက် ဗီဒီယိုလေး
ပရိတ်သတ်ကြီးရေ…ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲံ ဗီဗာဟန်းဟာဆိုရင် မြူးမြူးကြွကြွသီချင်းတွေကိုသီဆိုရင်းပရိတ်သတ် အားပေး ချစ်ခင်ရတဲ့အောင်မြင်နေတဲ့ ဂီတအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။ဗီဗာဟိန်းကတော့ အနုပညာရှင်တွေဖြစ်ကြတဲ့ အဆိုတော် ဗိုလ်ဟိန်းနဲ့ အဆိုတော်ဗိုလ်မဆိုတဲ့တေးသံရှင်တွေရဲ့ မျိုးဆက်သစ်အဆိုတော်တစ်ဦးပဲဖြစ်ပြီး rap အဆိုတော်ရှိုင်းလင်းအောင်ရဲ့ညီမလေးလည်းဖြစ်ပါတယ်နော်။
….
မြန်မာနိုင်ငံအနှံ့အပြားလက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကပ်ဆိုးကြီးနဲ ့ပတ်သတ်ပြီးအောက်ဆီဂျင်မလုံလောက်မှုကြောင့် အသက်ပေါင်း များစွဆုံးရှုံးနေရ ပါတယ်။ ကိုဗစ်ကြောင့်အသက်ဆုံးရှူံးရတဲ့ သူတွေထဲမှာအဆိုတော် ဗီဗာဟိန်းရဲ့မိဘနှစ်ပါးနဲ့အစ်ကိုဖြစ်သူတို့ အပါအဝင်ပဲဖြစ်ပါတယ်နော်။ဖခင်ဖြစ်သူကြီးကွယ်လွန်သွားပြီရက်ပိုင်းအကြာမှာ မိခင်ကိုထပ်မံဆုံးရှံးရတာဖြစ်ပြီး နောက်ထပ်မကြာခင်ရက်ပိုင်းမှာ ထပ်မံပြီး အစ်ကိုဖြစ်သူကွယ်လွန်သွားတာပဲဖြစ်ပါတယ်နော်။မိသားစု လေးယောက်မှာသုံးယောက်ကတစ်ပတ်အတွင်း ရှေ့ဆင့်နောက်ဆင့် ထွက်ခွါသွားခဲ့တဲ့ ဗီဗာဟိန်းရဲ့အဖြစ်ကတော့တကယ်ကိုဆိုးလွန်းပါတယ်နော်။
ဒီလိိုမိသားစုတွေရှေ့ဆင့်နောက်ဆင့်ဆုံးရှုံးသွားလို့ရင်ကွဲမတတ်ခံစားခဲ့ရတဲ့ သူမရဲ့ခံစားချက်တွေကို အင်တာဗျူးတစ်ခုကနေတစ်ဆင့် ရင်ဖွင့်ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။ဗီဗာဟိန်းက အဖေသေတော့ မငိုရဲခဲ့ဘူး အမေသိရင် စိတ်မကောင်းဖြစ်မှာစိုးလို့ကိုယ်ဟာကိုစိတ်ထဲမှာပဲကြိတ်ပြီးခံစားနေခဲ့ရတယ်။အနားမှာဘယ်သူမှမရှိပဲတစ်ယောက်ထဲ ရင်ကွဲယုံကြီးထဲမှာ မိဘနှစ်ပါးနဲ့အစ်ကိုကြီးရဲ့အလောင်းကိုကြည့်ပြီး ရင်ကွဲမတတ်ခံစားနေခဲ့ရတာတွေကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်.။မိသားစုတွေဆုံးရှုံးရတာနဲ့ပတ်သက်ပြီး သူမခံစားနေရတာကိုရင်ဖွင့်ပြောပြလာတဲ့ ဗီဗာဟိန်းရဲ့အင်တာဗျူးဗီဒီယိုလေးကိုအခုလိုပဲတစ်ဆင့်ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်.။ဖတ်ရှုပေးတဲ့ Celebrity Platforms ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
Source and Video Credit ; Myanmar Celebrity TV
Credit ; Celebrity Platforms
Zawgyi
ပရိသတ်ကြီးကို ဝမ်းသာစရာသတင်းကောင်းလေး ပြောပြလာတဲ့ မအေးသောင်း
မော်ဒယ်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာကြတဲ့ အေးဝတ်ရည်သောင်းတို့ ညီအစ်မတွေလို့ဆိုလိုက်တာနဲ့ မသိသူမရှိသလောက်ပါပဲနော်… ညီအစ်မ ၃ ယောက်လုံးကလည်း ချောလဲချော အသားအရည်လေးလဲ လှတဲ့အပြင် လူတိုင်းအားကျရလောက်တဲ့ ကိုယ်ခန္ဓာမျိုးနဲ့ အရပ်ကို ပိုင်ဆိုင်ထားကြတာကြောင့်
အပြစ်ပြောစရာမလိုအောင် ပြည့်စုံနေကြသူတွေ ဖြစ်ပါတယ်။ အေးသောင်းကတော့ အနုပညာလောကကနေ ခနပျောက်သွားပြီးနောက်မှာတော့ မြန်မာဆန်ဆန်လေးနဲ့ လှပကျက်သရေရှိစွာနဲ့ ပြန်ရောက်လာချိန်မှာလည်း ပရိသတ်တွေက ချစ်မြဲချစ်ဆဲပါပဲနော်… အေးသောင်းရဲ့အစ်မဖြစ်သူ နှင်းဝတ်ရည်သောင်းကတော့
ပြည်ပမှာနေထိုင်နေပေမဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်မသွားသူလေးပဲ ဖြစ်ပါတယ်။ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် ပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်ကာ အရေးတော်ပုံကြီးအောင်မြင်ရေးမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ မအေးသောင်းက ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံထားရပြီး လက်ရှိမှာဆိုရင်
ဘေးကင်းလုံခြုံတဲ့တစ်နေရာမှာ ရှောင်ပုန်းနေရတာဖြစ်ပါတယ်။ အခုလိုထွက်ပြေးတိမ်းရှောင်နေရတဲ့ အနုပညာရှင်တွေလည်းများစွာရှိနေတာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်တွေလည်းရှိလာနေတာဖြစ်ပါတယ်။ အခုလိုအခြေအနေတွေကြောင့် ပရိသတ်တွေနဲ့အဆက်အသွယ်ပြတ်နေတဲ့ မအေးသောင်းကို
ပရိသတ်တွေအားလုံးကသတိရနေကြတာဖြစ်ပြီး ဘေးကင်းစေဖို့အတွက်လည်း ဆုတောင်းပေးနေကြတာဖြစ်ပါတယ်….။ အခုတော့လည်း ၅၀၅ ဖျက်သိမ်းခံရတဲ့ အနုပညာရှင်(၂၄) ဦးတွင် မအေးသောင်းပါခဲ့ပါတယ်နော်။မအေးသောင်းကတော့ လက်ရှိအချိန်မှာ နေအိမ်သို့ မပြန်သေးဘဲ ဘေးကင်းရာအရပ်တွင် နေထိုင်နေဆဲ ဖြစ်ပါတယ်။
မကြာသေးခင် နာရီပိုင်းလောက်က အေးဝတ်ရည်သောင်းရဲ့ Facebook Page တွင်ဓာတ်ပုံတစ်ချို့ကို ဝေမျှပေးလာခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ သူမကို စိတ်ပူနေတဲ့ ပရိသတ်ကြီးအတွက် ရောက်တဲ့အရပ်မှာ အဆင်ပြေပြေရှိနေကြောင်းကို ပုံနှင့်တကွ ဝေမျှပေးလာခဲ့တာ ဖြစ်ပါတယ်။
မအေးသောင်းမှလည်း ” စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေ အမြဲဆုတောင်းပေးတယ် ရောက်ရာအရပ်မှာပျော်အောင် နေတတ်တဲ့အကျင့်လေးလည်းကျင့်ထားတယ်။ ” ဆိုပြီး လက်ရှိနေထိုင်ဖြစ်နေတဲ့ပုံစံလေးကို ရေးသားပြောပြထားပါသေးတယ်။
ပရိသတ်တွေကလည်းအရေးကြုံတိုင်း ပြည်သူတွေနဲ့အတူ ဓမ္မဘက်ကရပ်တည်ပေးခဲ့တဲ့ မအေးသောင်းကိုအားပေးစကားလေးပြောပေးကြပါအုံးနော်…
Source: Aye Thaung
Credit Cele World
Zawgyi
Source: Aye Thaung
Credit Cele World
ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့ရက်မြတ်လေးကို အိမ်မှာပဲ သီလယူကောင်းမှုတွေပြုလုပ်ပြီး ဖြတ်သန်းခဲ့တဲ့ နီနီခင်ဇော်
ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့ရက်မြတ်လေးကို အိမ်မှာပဲ သီလယူကောင်းမှုတွေပြုလုပ်ပြီး ဖြတ်သန်းခဲ့တဲ့ နီနီခင်ဇော်
အဆိုတော် နီနီခင်ဇော်ကတော့ သီချင်းတွေကို ကိုယ်ပိုင်ဟန်ဖြင့် ပရိသတ်တွေအခါခါနားဆင်ချင်အောင် သီဆိုနိုင်သူတစ်ဦး ဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများတွင်လည်း တတ်နိုင်တဲ့ဘက်ကနေပူးပေါင်းပါဝင်ပေးခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေက ချီးကျူးနေကြတာ ဖြစ်ပါတယ်။ဒီနေ့ကတော့ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုလေ့ရှိတဲ့ အဆိုတော် နီနီခင်ဇော်ရဲ့ မွေးနေ့ရက်မြတ် ဖြစ်ပါတယ်။
ဒီနေ့ရဲ့ မွေးနေ့ရှင်ဖြစ်တဲ့ နီနီခင်ဇော်ကတော့ ဒီနေ့မွေးနေ့ရက်မြတ်လေးကို နေအိမ်မှာပဲကောင်းမှုကုသိုလ်တွေပြုလုပ်ပြီး ဖြတ်သန်းနေကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေထားခဲ့ပါတယ်။
“ယနေ့မွေးနေ့အဖြစ် ဥပုသ် သီလ ယူဖြစ်ပါတယ်။မသေခင်စပ်ကြား ရှင်သန်ရဦးမယ့်နေ့ရက်တွေကိုအကောင်းမြင်တတ်ခြင်းနဲ့ ဖြတ်သန်းတတ်ဖို့လေ့ကျင့်သင် ကြားနေတုန်းပါ။ ယနေ့အထိ သွန်သင်ပေးတဲ့ မိဘဆရာ မိတ်ဆွေကောင်းတွေရဲ့ကျေးဇူ။းအထူးသဖြင့် မေမေ့ကျေးဇူး ။ စိတ်ချမ်းသာအောင်ထားပေးတဲ့ Ninians တွေ ပရိသတ်တွေရဲ့ကျေးဇူးပါ။ အားလုံးအတွက် စစ်မှန်သောအမှန်တရား ကြီးစိုးရပါစေ။ ကျန်းမာလို့ အမြန်ဆုံးစိတ်ချမ်းသာရပါစေသား။ “ဆိုပြီး ဖော်ပြထားခဲ့တာပါ။
အခုလို သူ့ရဲ့အသက်(၃၀) ပြည့်မွေးနေ့လေးမှာမွေးနေ့ဆုမွန်ကောင်းတောင်းပေးကြတဲ့ ချစ်ရတဲ့သူတွေရဲ့ မေတ္တာဓာတ်တွေကြောင့်လည်း မေတ္တာတွေရရှိပြီး ချမ်းမြေ့ရပါတယ်တဲ့။ပရိသတ်ကြီးတွေထဲကနီနီရဲ့ပရိသတ်တွေလည်း နီနီမွေးနေ့လေးအတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။
Source – Ni Ni Khin Zaw
မိဘနှစ်ပါးမသေဆုံးမီ ခွဲပေးခဲ့သည့်အမွေကို မကျေနပ်လို့ဆိုပြီး လမ်းလယ်ခေါင်ကို အုတ်တံတိုင်းခတ်ပြီး စည်းခြားခဲ့သော ညီအစ်ကိုနှစ်ဦး
မိဘနှစ်ပါးမသေဆုံးမီ ခွဲပေးခဲ့သည့်အမွေကို မကျေနပ်လို့ဆိုပြီး လမ်းလယ်ခေါင်ကို အုတ်တံတိုင်းခတ်ပြီး စည်းခြားခဲ့သော ညီအစ်ကိုနှစ်ဦး
ဗီယက်နမ်နိုင်ငံ Hai Phongမြို့ Nam Son ကျေးရွာတွင် နေထိုင်သော ညီအစ်ကိုနှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် အမြဲလိုလိုရန်ဖြစ်ကြပြီး မိဘနှစ်ပါး သေဆုံးသွားပြီးနောက်ပိုင်း အခြေအနေမှာ ပိုဆိုးလာခဲ့သည်။
မိဘနှစ်ပါးသည် သားလေးနှစ်ယောက်ရှိကာ သူတို့မသေဆုံးမီ ပိုင်ဆိုင်ထားသော မြေယာကို အမွေအဖြစ် ခွဲဝေပေးခဲ့သည်။
သို့သော်လည်း ညီအစ်ကိုနှစ်ဦးသည် တင်းတိမ်ရောင့်ရဲခြင်းမရှိပဲ မကျေနပ်ခြင်းတွေနှင့်အတူ လမ်းမပေါ်တွင် အုတ်တံတိုင်းဆောက်ကာ စည်းခြားပစ်ခဲ့သည်။
ထိုလမ်းမကြီးသည် တစ်ချိန်က သူတို့မြေယာပိုင်ထဲကဖြစ်သော်လည်း ရပ်ရွာလမ်းသာဖို့ရာ ဖောက်ခဲ့သည့်အတွက် အမွေခွဲချိန်တွင် တစ်ယောက်တစ်ခြမ်းစီ စည်းခြားကာ အုတ်တံတိုင်းတား ထားပစ်လိုက်သည်။
ထိုသို့ တားထားခြင်းက ယာဥ်သွားလာရာအခက်အခဲဖြစ်စေခဲ့သည့်အတွက် ဒေသခံ အာဏာပိုင်များမှ ပြန်လည်ဖယ်ရှားပေးရန် တောင်းဆိုခဲ့၍ ယခင်တိုင်းပြန်ဖြစ်သွားရသည်။
Credit (Love Feeling)
အမေဖြစ်သူမှ ငြင်းဆိုပြီးနောက် ၁၉ နှစ်အရွယ် သမီးဖြစ်သူ နဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသား
အသက် ၅၈ နှစ်ရှိ အင်ဒိုနီးရှားအမျိုးသားတစ်ဦးက သတို့သမီးရဲ့အမေဖြစ်သူမှ ငြင်းဆိုပြီးနောက် ၁၉ နှစ်အရွယ် သမီးဖြစ်သူ နဲ့ လက်ထပ်ခဲ့ပါတယ် ။ ၎င်းအသက် ၅၈ နှစ်သတို့သား Bora က တစ်ကိုယ်တည်းသမား ဖြစ်ပါတယ် ။
သတို့သမီး Fazillah က မောင်နှမသုံးယောက်ထဲမှာ အကြီးဆုံးသမီးဖြစ်ပြီး သူမရဲ့အမေက လယ်သမားတွေဖြစ်ကြပြီး မိခင်က အဖေနဲ့ ကွာရှင်းပြီးနောက် အချိန်ကြာမြင့်စွာ ကလေးသုံးယောက်ကို ပြုစုပျိုးထောင်ရန် တစ်ယောက်တည်း ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့တာပါ ။
အစောပိုင်းတုန်းက Bora ဟာ Facillar ရဲ့အမေကို လက်ထပ်ဖို့တောင်းဆိုခဲ့ပါတယ် ။ ဒါပေမယ့် သူမရဲ့အမေက လက်မခံဘဲ ငြင်းခဲ့ပြီး သမီးအကြီးဆုံးကို Bora က ရူပီငွေ ၁၀ သန်း (ဘတ်ငွေ ၂၂၀၀၀ ခန့်) နဲ့ မြေ ၇ ဧကခန့်နဲ့ သူ့ရဲ့ သတို့သမီးဖြစ်ပေးဖို့ ကမ်းလှမ်းခဲ့လိုက်တာပါ ။ သတို့သမီး Fasilla ကလည်း ထိုအဘိုးအိုကို လက်ထပ်ဖို့ သဘောတူခဲ့လိုက်ပါတယ် ။
သူတို့ရဲ့ မင်္ဂလာဆောင်ပွဲကို ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့ပြီး အခမ်းအနားကို Bonto Kani ဒေသမှာ ကျင်းပခဲ့တာပါ ။ ရွာသူကြီးအိုင်ဇက်က အဆိုပါအခမ်းအနားဟာ ဇနီးမောင်နှံနှစ်ဦးနဲ့ ၎င်းတို့ရဲ့ မိသားစုများရဲ့ သဘောတူညီမှုဖြင့် ကျင်းပခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ် ။
ထို့ကြောင့် ၎င်းမင်္ဂလာပွဲက သတို့သမီးနဲ့ သတို့သားတို့ တစ်ဦး နဲ့ တစ်ဦး ချစ်ခြင်းမေတ္တာအပေါ် အခြေခံပြီး ကျင်းပခဲ့ခြင်းဖြစ်ပါတယ် ။
JRose (Mckzone Daily)
Source : sanook
Zawgyi
JRose (Mckzone Daily)
Source : sanook
မြောက်ဦးဆရာတော်တည်ထားပူဇော်သည့်လျောင်းတော်မူဘုရားကြီးအတွက်အလှူငွေတွေလှူဒါန်းပေးခဲ့တဲလေးဖြူ
မြောက်ဦးဆရာတော်တည်ထားပူဇော်သည့်လျောင်းတော်မူဘုရားကြီးအတွက်အလှူငွေတွေလှူဒါန်းပေးခဲ့တဲလေးဖြူ
ဆယ်စုနှစ်တခုကြာအောင်မြင်ခဲ့တဲ့အဆိုတော်ကြီးလေးဖြူကတော့ အမိုက်စားအကြမ်းစားသီချင်းတွေကိုပရိသတ်တွေရင်ထဲရောက်အောင်သီဆိုနိုင်သူတစ်ယောက်ပါ။ကိုယ်ပိုင်အမ်ဘမ်များစွာလည်းထွက်ရှိထားပြီးအားလုံးနီးပါးအောင်မြင်ခဲ့တာဘဲဖြစ်ပါတယ်။
ဒီနေ့မှာတော့အဆိုတော်လေးဖြူတို့မိသားစုကမွန်မြတ်တဲ့အလှူလေးတခုကိုပြုလုပ်လာတာဘဲဖြစ်ပါတယ်။မအီတောရကျောင်း၊မြောက်ဦးဆရာတော်သက်တော်(၆၂)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်၊ကျောက်တောင်ကြီးထွင်း၍ပူဇော်သည့်ဉာဏ်တော်ပေ(၉၀)
လျောင်းတော်မူဘုရားကြီးအတွက်အဆိုတော်လေးဖြူ+ဒေါ်ခင်နွယ်နွယ်သန်း၊သမီးမဆောင်းလေးဖြူ၊သားမောင်တိမ်လေးဖြူမိသားစုရန်ကုန်မြို့မှအလှူငွေတစ်သိန်းကျပ်လှူဒါန်းခဲ့ကြောင်းသိရပါတယ်။
Credit
Zawgyi
Credit
ပွဲမစမီချစ်သူကို စပရိုက်လုပ်ပြီး လက်ထပ်ခွင့်တောင်းခဲ့ပြီးနောက် ဂိုးပြတ်အသွင်းခံရလိုက်ရတဲ့ အသင်းနည်းပြ
ပါရာဂွေးနည်းပြတစ်ဦးဟာပြီးခဲ့တဲ့အပတ်ကသူ့အသင်းရဲ့ပွဲမတိုင်မီဘောလုံးကွင်းထဲတွင်သူ့ချစ်သူအားလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။
ရေးဗားပလိတ်အေဆန်စီယွန်နည်းပြစယ်လိုရာဖေးလ်အေယာလာဟာဘောလုံးပွဲမတိုင်မီကစားသမားများရဲ့အကူအညီနဲ့ချစ်သူလီလီဘင်နီတက်ဇ်အားလက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လက်ထပ်ခွင့်တောင်းပြီးတဲ့နောက်သူ့အသင်းဟာလည်းဂွါရာနီကို၅-၁ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။
စယ်လိုရာဖေးလ်အေယာလာဟာဘောလုံးပွဲစတင်မီကစားသမားများအား Lili Marry Me ဆိုတဲ့စာသားပါ ဆိုင်းဘုတ်ကိုကိုင်ဆောင်ခဲ့ပါတယ်။ယင်းနောက်သူ့သမီးများကချစ်သူအားခေါ်ဆောင်လာတဲ့အထိစောင့်ဆိုင်းနေခဲ့ပါတယ်။
ယင်းနောက်သူဟာချစ်သူအားလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ချစ်သူဟာလည်းပျော်လွန်းမှုကြောင့်မျက်ရည်များကျနေခဲ့တာတွေ့ရပါတယ်။
အထက်ပါအဖြစ်အပျက်ကြောင့်ရေးဗားပလိတ်အဆန်စီယိုအသင်းကစားသမားများဟာအာရုံစိုက်မှုလျှော့ကျသွားပုံရပါတယ်။အသင်းဟာပထမပိုင်းမှာတင်၃-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးပွဲအပြီးမှာ၅-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။
တစ်ဖက်မှာတော့နည်းပြကတော့အိမ်ကွင်းမှာဂိုးသွင်းနိုင်တော့မှာဖြစ်ပါတယ်။
Credit playmaker
ZawGyi
Credit playmaker