ကိုဗစ် ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေအတွက် အလှူငွေကျပ် (၁၀) သိန်းလှူဒါန်းခဲ့တဲ့ ထိပ်ထားသခင်
ကိုဗစ် ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေအတွက် အလှူငွေကျပ် (၁၀) သိန်းလှူဒါန်းခဲ့တဲ့ ထိပ်ထားသခင်
သရုပ်ဆောင် ဖွေးဖွေးနဲ့တူတယ်ဆိုပြီးတော့ နာမည်ကြီးလာခဲ့တဲ့ ကလေးလေး ထိပ်ထားသခင်ဟာအရွယ်လေးနဲ့မလိုက်အောင်ကိုချစ်စရာကောင်းပြီးစကားတတ်လွန်းလို့ပရိသတ်တွေရဲ့ အချစ်တွေကိုရရှိပိုင်ဆိုင်ခဲ့တာပါ။
ထိပ်ထားသခင်ဟာအခုဆိုရင် (၆) နှစ်ကျော်အရွယ်လေးသာရှိသေးပေမယ့်လည်းကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီးတော့ ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်လို့လာတာပါ။
သူမရဲ့ပရိသတ်တွေကလည်းအရမ်းချစ်စရာကောင်းလွန်းသောထိပ်ထားသခင်ကိုကိုယ့်သမီးလေးလို၊ကိုယ့်တူမလေးလိုချစ်ပြီးအားပေးကြတာပါ။ယနေ့မှာလည်းထိပ်ထားသခင်ကသူမရဲ့ အနု ပညာကြေးတွေနဲ့ ဖေဖေ၊ မေမေရဲ့
ပိုက်ဆံတွေစုပြီးတော့အလှူလေးတစ်ခုပြုလုပ်ခဲ့ကြောင်း မျှဝေပေးလာပါတယ်နော်။ထိပ်ထားသခင်က Covid-19 ကာ ကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေအတွက်ထိပ်ထားတက်နိုင်သလောက်လေး အလှူငွေ (၁၀)သိန်းကျပ်တိတိကို
CB Bank မှတစ်ဆင့် သွားရောက်လှူဒါန်းခဲ့ပါတယ်ထိပ်ထားရဲ့အလှုတွေကိုသာဓုခေါ်ပေးကြပါဦးနော် ဆိုပြီးတော့ သူမရဲ့ ကုသိုလ်လေးကို မျှဝေပေးလာပါတယ်နော်။ထိပ်ထားလေးကတော့ လက်ရှိတစ်နိုင်ငံလုံးက
ပြည်သူတွေအတွက်ကိုလိုအပ်နေတဲ့ ကိုဗစ် ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေအတွက် အလှူငွေကျပ် (၁၀) သိန်းလှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်နော်။
ပရိသတ်ကြီးကလဲ ထိပ်ထားသခင်လေးရဲ့ မွန်မြတ်လှတဲ့ကုသိုလ်လေးကို ဝမ်းမြောက်စွာသာဓုခေါ်ဆိုကြပါနော်။
Source;ထိပ်ထားသခင်
မွေးကတည်းက ကွဲကွာသွားတဲ့အဖေ့ကိုပြန်လည်းမတွေ့ချင်တော့သလို ရုပ်ရှင်လည်းမဆန်ချင်ဘူးလို့ပြောလာတဲ့ စည်သူဝင်း
မွေးကတည်းက ကွဲကွာသွားတဲ့အဖေ့ကိုပြန်လည်းမတွေ့ချင်တော့သလို ရုပ်ရှင်လည်းမဆန်ချင်ဘူးလို့ပြောလာတဲ့ စည်သူဝင်း
MRTV 4 ဇာတ်လမ်းတွဲတွေကနေတစ် ဆင့်ပရိသတ်အားပေးမှုရရှိထားတဲ့မင်းသားတစ်လက်ဖြစ်တဲ့စည်သူဝင်းကတော့ ငယ်ငယ်ကတည်းကကွဲကွာသွားတဲ့ အဖေကို ပြန်မတွေ့ချင်တော့ဘူး၊ ရုပ်ရှင်မဆန်ချင်ဘူးလို့အင်တာဗျူးတစ်ခုမှာဆိုထားပါတယ်။“ ကျွန်တော်က Broken family ဆိုတော့ အဖေကတော့မရှိဘူးအဖိုးနဲ့အဖွားကပြန်မွေးစားထားတဲ့သဘောပေါ့ မှတ်ပုံတင်ထဲကမိဘနာမည်ကတော့အဖိုးအဖွားနာမည်ပေါ့ အဖေအရင်းကတော့မရှိတော့ဘူးကွဲသွားတာကြာပြီကျွန်တော်မွေးပြီးကွဲသွားတာဆိုတော့ မမြင်ဖူးလိုက်ဘူး ”
“ကျွန်တော့်ဘဝမှာအမေရယ်ကျွေးမွေးပြုစုခဲ့တဲ့အဖိုးနဲ့အဖွားရယ်ကျွန်တော့်အစ်ကိုရယ် ဒီ၄ယောက်ပဲပေါ့နော် အဖေကတော့ရှိပါသေးတယ်တွေ့လည်းမတွေ့ချင်ပါဘူး ရုပ်ရှင်လည်းမဆန်ချင်ဘူး ကျွန်တော်က ၅တန်းနှစ်ကျမှ အဖိုးနဲ့အဖွားလို့သိတာအမေကိုအစ်မပဲသိထားတာငယ်ငယ်ကပေးမသိထားဘူး ”“ကျွန်တော့်အသက်၂၅ ရှိနေပြီမျက်နှာချင်းဆိုင်လည်းမတွေ့ဖူးဘူး နာမည်တောင်အရင်းမသိဘူး အဲ့ဒီတော့မတွေ့ချင်တော့ဘူး ကိုကြီးကလည်းမတွေ့ချင်တော့ဘူး ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ပြန်ရောက်ရောက်လောလောဆယ်ဖီလင်ကတော့မရှိဘူးပေါ့လောလောဆယ်တော့မိသားစုကောင်းကောင်းမွန်မွန်နေထိုင်ဖို့ပဲရှိပါတယ်”
“အဖိုးနဲ့အဖွားကတော့မေတ္တာကြီးပါတယ်ငယ်ငယ်ကတည်းကလိုအပ်တာမရှိအောင်ထားခဲ့တယ်အဲဒီ့အတွက်ကျေး ဇူးတင်တယ် အဲ့ဒီအတွက်မလိုချင်တော့တာလေ ဒီအတိုင်းလေးကကောင်းတယ် ” လို့ Sunday နဲ့အင်တာဗျူးမှာဆိုထားပါတယ်။ဝင်ငွေစီမံခန့်ခွဲတာနဲ့ပတ်သတ်ပြီး “ကြှန်တော်က ကပ်စေးနည်းတဲ့အထဲမပါဘူး အရမ်းကြီးသုံးတဲ့အထဲလည်းမပါဘူး အိမ်စရိတ် ၆သိန်းဖယ်ပြီးကျန်တာအမေတို့လိုတာဖြည့်ဆည်းပေးတယ်ပိုတာကေတာ့မိဘကကြှန်တော့်ဘာသာ စီမံခန့်ခွဲခွင့်ပေးတယ်အကျီဝယ်တာတို့ ဘာတို့အပြင်လှူတာဒါန်းတာလည်းအကြုံးဝင်သေးတယ်”
“ကိုကြီးကတော့ နိုင်ငံခြားမှာနေတာပေါ့ အနုပညာတော့ဝါသနာမပါဘူး ကျွန် တော်တို့မိသားစုကပြန်တည့်မတ်လာတာပဲရှိပါသေးတယ်ကြွယ်ဝချမ်းသာနေတာမဟုတ်ဘူးအလယ်အလတ်တန်းစား သာမန်မိသားစုပဲပေါ့ မိဘကိုပိုကြည့်ချင်တယ်လှူစေတန်းစေချင်တယ် ဖြစ်နိုင်ရင် အမေတို့ကိုကမ္ဘာတောင်ပတ်စေချင်တယ်ကိုယ်တွေကိုထားခဲ့တာထက်ပိုထားနိုင်ချင်တယ်ကျွန် တော် တို့နေခဲ့ရတာထက် ပိုမြင့်တဲ့ဘဝရောက်အောင် ညီ အစ်ကို၂ယောက်လုံးကြိုးစားနေတယ်”
“ကျွန်တော်တို့ကရုန်းကန်ရတဲ့မိသားစုထဲမှာပါတာကိုး မိဘတွေကလည်းသာမန်ပဲဆိုတော့လောလောဆယ်ညီအစ်ကို ၂ယောက် လုံးကြိုးစားနေကြတယ်အမေဆိုရင်ဘန်ကောက်ရောကဖူးတယ် စင်ကာပူတွေဘာတွေလည်းခေါ်သွားမယ်ပေါ့ တခြားခရီးတွေလည်းခေါ်သွားဖို့ရှိတယ် လူကြီးဆိုတော့ ကျန်းမာရေးကလည်းရှိသေးတယ်လေ မြန်မာနိုင်ငံအတွင်းတော့ခေါ်သွားဖြစ်တယ်”“အမေကတော့ Oversea တော့မတောင့်တဘူး မြန်မာနိုင်ငံအတွင်းဆိုရင်တော့အမေပါတယ် ကျွန်တော်မွေးထားတဲ့ခွေးလေးပါတယ်ပေါ့”လို့ဆိုထားပါတယ်။
စည်သူဝင်းကတော့ကျွန်တော် ကအရမ်းကြီးခံစားချက်မရှိဘူးဆိုပေမယ့် ကြီးလာတဲ့အခါ ငါတို့သားသမီး ငါတို့လိုမဖြစ်စေရဘူးလို့ဆုံးဖြတ်ထားတယ် ယောက်ျား ကောင်းတစ်ယောက်ပီသရမယ် တာဝန်ယူလိုစိတ်ပြည့်ဝရမယ်ကိုယ့်သားသမီးကို သူများနဲ့မကြီးပြင်းစေရဘူးပေါ့ ဒါကျွန်တော့်ဘဝနဲ့ရင်းပြီးရခဲ့တဲ့သင်ခန်းစာပေါ့ ကလေးကိုမိတကွဲဖတကွဲနဲ့မကြီး ပြင်းစေဘူး”“မသေချာရင် အိမ်ထောင်မပြုဘူး သေချာမှမိသားစုဘဝတည် ဆောက်မယ် သေတပန်သတ်တစ်ဆုံးကောင်းကောင်းနေသွားချင်တယ် ဒါကျွန်တော့်ဆန္ဒပဲ အရမ်းကြီးချမ်းသာဖို့ထက် မိသားစုဘဝလေးပြည့်စုံနေဖို့ပဲလိုတယ် ကိုယ့်လိုမဖြစ်အောင်ကြိုးစားသွားမယ်” လို့ သူ့ဆန္ဒကိုရင်ဖွင့်ခဲ့ပြီးဇာတ်လမ်းတွဲတွေကို စိပ်စိပ်လေးမရိုက်ပေးနိုင်တဲ့အတွက်လည်း ပရိသတ်ကိုတောင်းပန်ပါတယ်လို့ ဆိုခဲ့ပါသေးတယ်။
Credit ; Shwe Yaung Myanmar
Source – Sunday
ဟားခါးတွင် လူနေအိမ် ၃ လုံးမီးလောင်၍ တစ်ဦးသေဆုံး
ဟားခါးတွင် လူနေအိမ် ၃ လုံးမီးလောင်၍ တစ်ဦးသေဆုံး
ဟားခါးမြို့၊မြို့သစ်ရပ်ကွက်မှာ ဇန်န ဝါရီလ ၉ရက် ည ၁၁ နာရီကျော်အချိန်တွင် လူနေအိမ် ၃ လုံးမီးလောင်သွားပြီး အိမ်ငှားနေထိုင်သူတစ်ဦးသေဆုံးတယ်လို့ သတင်းရရှိပါတယ်။
မီးကိုမီးသတ်တပ်ဖွဲ့ နဲ့အရန်မီးသတ်တပ်ဖွဲ့ ၅၀ ကျော် ရေသယ်ယာဉ် ၈စီးတို့နဲ့မီးငြိမ်းရာ မနက် ၁၂ နာရီကျော်တွင် မီးငြိမ်းနိင်ခဲ့ပါတယ်။
မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းကတော့နေအိမ်အိပ်ခန်းအတွင်း Electronic Heater အပူလွန်ကဲပြီး စတင်လောင်ကျွမ်းခြင်းဖြစ်တယ်လို့ ဟားခါးခရိုင်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
သေဆုံးသူဟာ မီးစတင်လောင်ကျွမ်းတဲ့နေအိမ်က အိမ်ငှားဦးသန်းဝင်း(သ)၃၆ နှစ်ဖြစ်ပါတယ်။
Credit
Credit
ခရီးသည် ၅၀ ဦးလိုက်ပါလာတဲ့ ခရီးသည်လေယာဉ်တစ်စင်း ပင်လယ်ပြင်ထဲပျက်ကျ
ခရီးသည် ၅၀ ဦးလိုက်ပါလာတဲ့ ခရီးသည်လေယာဉ်တစ်စင်း ပင်လယ်ပြင်ထဲပျက်ကျ
ခရီးသည် ၅၀ လိုက်ပါလာတဲ့ ဘိုးအင်း ၇၃၇ ခရီးသည်လေယာဉ်တစ်စင်း အင်ဒိုနီးရှား ဂျာကာတာမြို့တော်ကနေ ထွက်ခွာသွားပြီးနောက် မကြာခင် ပေ ၁၀၀၀၀ ကျော်ကနေ ထိုးကျသွားတယ်လို့ သတင်းတွေက ဆိုပါတယ်။ အဆိုပါလေယာဉ်ဟာ ဂျာကာတာလေဆိပ်ကနေ ထွက်ခွာသွားပြီးနောက် ပင်လယ်ပြင်ထဲ ကျရောက်ပြီး ပျောက်ကွယ်သွားတယ်လို့ သိရပါတယ်။
Sriwijaya Air လေယာဉ်ဟာ ယနေ့ စနေနေ့က ဂျာကာတာမြို့တော်က ထွက်ခွာသွားပြီးနောက် လေယာဉ်ထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ်ပြတ်တောက်သွားတယ်လို့ ဒေသခံသတင်းဌာနတွေက ဆိုပါတယ်။ အဆိုပါလေယာဉ်ဟာ ကာလီမန်တန်ပြည်နယ်အနောက်ပိုင်းရှိ ပွန်တီယာနက်ကို ထွက်ခွာလာတဲ့လေယာဉ်လို့ သိရပါတယ်။ဘိုးအင်း B737-500 လို့ယူဆရတဲ့ လေယာဉ်ဟာ လေဆိပ်ကထွက်ခွာပြီး လေးမိနစ်အကြာမှာပဲ ပေ ၁၀၀၀၀ အမြင့်ကနေ ပျက်ကျခဲ့တယ်လို့ ယူဆထားပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ မြို့တော်မြောက်ဘက်သမုဒ္ဒရာအတွင်း အပျက်အစီးတွေ ရှာတွေ့ခဲ့ကြပြီးနောက် ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေအတွက် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
Sriwijaya Air SJ182 ဘိုးအင်းလေယာဉ် ရေဒါက ပျောက်သွားပြီးနောက် ဂျာကာတာပင်လယ်အော်မှာ ကယ်ဆယ်ရေးသမားတွေ ပထမဆုံး အပျက်အစီးတွေ ရှာတွေ့ခဲ့ပါတယ်။ ဒီအပျက်အစီးတွေဟာ ဘိုးအင်း ၇၃၇ လေယာဉ်က ဖြစ်ကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ လေကြောင်းလိုင်းတာဝန်ရှိသူတွေက ဆိုပါတယ်။လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းနဲ့ပတ်သက်ပြီး လေကြောင်းလိုင်းကလည်း စုံစမ်းနေပါတယ်။
_ref:dailymail
Zawgyi
_ref:dailymail
ကြီးပွားချမ်းသာစေမယ့် ဓာတ်တစ်မျိုး နဲ့မွေးဖွားလာတတ်တဲ့ ကိုးဂဏန်းသမားများ
ကြီးပွားချမ်းသာစေမယ့် ဓာတ်တစ်မျိုး နဲ့မွေးဖွားလာတတ်တဲ့ ကိုးဂဏန်းသမားများ
ဘီလီယံနာသူဌေးတွေမွေးထုပ်ပေးတဲ့ ကိုးဂဏန်းသမားများမည်သည့်နှစ် မည်သည့်လမှာမဆို အဂ်လိပ်လို9 ရက် 18 ရက် 27 ရက်နေ့မှာမွေးဖွားသူတွေဟာ 9 ဂဏန်းသမားများဖြစ်ကြပါတယ်9 ဂဏန်းသမားတွေဟာ
သူများပေးတဲ့ငွေတစ်ဆယ်ထက် ကိုယ်တိုင်ရှာဖွေထားတဲ့ငွေတစ်ကျပ် ကိုပိုမက်တယ်ဘယ်ကိစ္စတွေမှာမဆို ကွယ်ရာမှာတစ်မျိုးရှေ့တစ်မျိုးမလုပ်တတ်ဘူး အဲဒါကြောင့်ဘဝမှာရန်သူတွေများနေတတ်တယ်
တွဲလို့ရရင်တွဲ တွဲလို့မရရင်ကွဲ အဲလိုပြတ်ပြတ်သားသားရှိတာ 9 ဂဏန်းသမားတွေပဲသူတို့ဟာမကြာခဏလောကကြီးကို စိတ်ကုန်နေတတ်တယ်ဒါပေမယ့်စိတ်တာကုန်နေတာ 9 ဂဏန်းသမားတွေထဲက
ဘုန်းကြီးဝတ်သွားတဲ့သူ သီလရှင်ဝတ်သွားတဲ့သူအင်မတန်နည်းတယ် 9 ဂဏန်းသမားတွေကဘဝမှာရန်သူအတိုက်အခံ ဘယ်လောက်များများနောက်ဆုံးမှာအောင်မြင်တတ်တယ်သူတို့ကမသိကြလို့
၉ဂဏန်းသမားတွေဟာကြီးပွားချမ်းသာစေမယ့် ဓာတ်တစ်မျိုး မွေးရာပါ အနေနဲ့ပါလာတတ်ကြတယ်9 ဂဏန်းသမားတွေမှာဖြစ်တတ်တဲ့ရောဂါတွေကကြောက်စရာကောင်းတယ် မဖြစ်ရင်လည်းအရှင်းပဲဖြစ်ပြီဆို
ကူစက်တတ်တဲ့ရောဂါတွေဖြစ်တတ်တယ်အပူလောင်တာလည်းမကြာခဏဖြစ်တတ်တယ်သူတို့အတွက်အကောင်းဆုံးဆေး အကောင်းဆုံးဓါတ် စာကတော့ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ ပဲပုံမှန်းစားသုံးသင့်တယ
ကံကောင်းစေမယ့်အဆောင်ရတနာကတော့သံမဏိပဲ သံမဏိကို လက်စွပ်တို့ လက်ကောက်တို့ပြုလုပ်ပြီး ဆောင်ထားသင့်တယ်အကျိုးပေးတဲ့အရောင် ကံကောင်းစေမယ့်အရောင်တွေကတော့ ကြက်သွေးရောင်နဲ့
အနီရောင်ရဲရဲတွေပဲအရေးကြီးတဲ့လုပ် ငန်းတွေလုပ်တော့မယ်ဆိုရင်9 ရက် 18 ရက် 27 ရက်တွေမှာပဲ လုပ်ပါအဲဒီနေတွေမှာ အင်ဂါနေ့ နဲ့ ကြုံကြိုက်ခဲ့ရင်တော့သေချာပေါက် အောင်မြင်ပါလိမ့်မယ်မိတ်ဆွေတို့ရဲ့
ကံဇာတာမှာဘယ်အလုပ်အကိုင်နဲ့ကြီးပွားမယ်ဘယ်အသက် အရွယ်မှာ ကောင်း စားမယ်ဘယ်လိုလူမျိုးနဲ့ အိမ်ထောင်ကျရင် သင့်တော်ကြီးပွားမယ် ထီပေါက်ကံရှိမရှိ အိမ်ထောင်ရေးအချစ်ရေး ငွေကြေးစသည့်
ကံဇာတာတွေကို သိလိုပါကနာမည် မွေးသက္ကရာဇ်အပြည့်အစုံကို မက်စင်ဂျာမှာ ပေးပို့ပြီးမိတ်ဆွေတို့ရဲ့ ကောင်းကျိုးအဖြာဖြာကိုလိုလားသောမင်းမြတ်သုခ မရမ်းတလင်းယတြာအောင်မြေ 09889741914/09450708355
မြင့်မြတ်နဲ့ ပထမဦးဆုံးအကြိမ် ဆုံတွေ့ပြီးကြော်ငြာရိုက်ကူးခွင့်ရလို့ ဝမ်းသာနေတဲ့ နေခြည်ဦး
မြင့်မြတ်နဲ့ ပထမဦးဆုံးအကြိမ် ဆုံတွေ့ပြီးကြော်ငြာရိုက်ကူးခွင့်ရလို့ ဝမ်းသာနေတဲ့ နေခြည်ဦး
ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာ တရားတွေကို အပြည့်အဝရရှိထားတဲ့ Beauty Blogger မလေး နေခြည်ဦးကတော့ သူမရဲ့ကြိုးစားမှုကြောင့် ပရိသတ်ပေးတဲ့ နေရာတစ်ခု အခိုင်အမာရရှိထားသူလေးပဲ ဖြစ်ပါတယ်။ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ခေါင်းဆောင်မင်းသမီးတစ်ဦးနေ ရာကနေ ပါဝင်နေရပြီဖြစ်တဲ့ နေခြည်ဦးကတော့ တစ်နေ့တစ်ခြား အလှတွေတိုးလာပြီး ပိုပိုလှလာတာလည်း တွေ့ရပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ ပုံမှန်လုပ်ကိုင်နေပြီး ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ကြော်ငြာအချို့ကိုသာ ရိုက်ကူးနေ တာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာလည်း နေခြည်ဦးက သူမရဲ့ကြော်ငြာလေးတစ်ခုကို နိုင်ငံကျော်မင်းသားချော မြင့်မြတ်နဲ့ အတူတူ ရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ်။ နေခြည်ဦးက တစ်နိုင်ငံ လုံးကချစ်ကြတဲ့ မင်းသား မြင့်မြတ်နဲ့ ပထမဦးဆုံးရိုက်ကူးရတဲ့ ကြော်ငြာရိုက်ကွင်းလေးမှာ မြင့်မြတ်နဲ့ ပထမဦးဆုံးအကြိမ် ဆုံတွေ့မှုကို ဝမ်းသာစွာနဲ့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး မှတ်တမ်းတင် လာခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။
နေခြည်ဦးကတော့ နေတိုး၊ အောင်ရဲလင်း၊ မိုရီဆာကီဝင်း၊ တိုင်ရွန်၊ နေမင်း စတဲ့ မင်းသားတွေနဲ့ ရုပ်ရှင်ရိုက်ကူးမှု၊ ဇာတ်လမ်းတွဲရိုက်ကူးမှုတွေရှိခဲ့ပေမယ့် မြင့်မြတ်နဲ့တော့ ဒါဟာ ပထမဦးဆုံးအကြိမ် ဆုံတွေ့မှုပါပဲ။ ပရိသတ်ကြီးလည်း နေခြည်ဦးနဲ့ မြင့်မြတ်တို့ရဲ့ ကြော်ငြာလေးကို ရင်ခုန်စွာနဲ့ စောင့်မျှော်အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်။
Source: Nay Chi Oo’s fb
Credit – Cele Connections
Zawgyi
Source: Nay Chi Oo’s fb
အသက် (၉၀) ကျော် အဖွားတစ်ယောက်ရဲ့အသက်ကိုကယ်တင်လိုက်နိုင်လို့ တစ်ရက်တာ လူဖြစ်ရကျိုး နပ်ခဲ့ရပြန်ပြီဆိုတဲ့ ထူးခန့်ကျော်
အသက် (၉၀) ကျော် အဖွားတစ်ယောက်ရဲ့အသက်ကိုကယ်တင်လိုက်နိုင်လို့ တစ်ရက်တာ လူဖြစ်ရကျိုး နပ်ခဲ့ရပြန်ပြီဆိုတဲ့ ထူးခန့်ကျော်
မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲထဲက ဦးဗေဒါ ဇာတ်ရုပ်နဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်ထူးခန့်ကျော်ကတော့ အနုပညာအလုပ်တွေ ရပ်နားထားရစဉ်က သူတတ်စွမ်းတဲ့ ဆေးပညာနဲ့ လေဖြတ်လေငန်းနဲ့ အကြောရောဂါ အမျိုးမျိုးကို ငွေကြေး တပြားတချပ်မှ မယူပဲ အခမဲ့ ကုသပေးနေတဲ့သူတစ်ယောက်ပါ ။ လတ်တလောမှာတော့ အသက် (၉၀) ကျော် အဖွားတစ်ယောက်ရဲ့အသက်ကိုကယ်တင်လိုက်နိုင်တယ်လို့ သိရပါတယ် ။
အသက်ရှင်ခွင့်လေး တစ်ရက်တာ လူဖြစ်ရကျိုး နပ်ခဲ့ရပြန်ပြီလေ ဒီနေ့အသက်၉၈နှစ်ရှိတဲ့ အမေကြီးရဲ့ထုံကျင်ကိုက်ခဲနေတဲ့ ရောဂါဝေဒနာများကိုပါရမီဖြည့် ကုသခွင့်ရခဲ့ခြင်းကြောင့် လည်းကောင်း ၊ ၇ ရက်သားသမီးများရဲ့ရောဂါဝေဒနာများကိုကုသပါရမီဖြည့်ရခြင်းကြောင့်လည်းကောင်း ၊ ဘုရားတည်ဖို့ရာလာရောက်ကာ ဆေးကုသမှုခံယူကြရင်း အလှူငွေများထည့်ဝင်သွားမှုများကိုလည်းကောင်း သာဓုအကြိမ်ကြိမ်ခေါ်ဆိုကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။
သာဓုအကြိမ်ကြိမ်ခေါ်ဆိုရင်း လူမျိုးမရွေးဘာသာမရွေး လူသားချင်းကိုယ်ချင်းစာတဲ့ စိတ်လေးနဲ့ ဒီဘဝ ၇ရက်သားသမီးများရဲ့ ထုံ ကျင် ကိုက်ခဲနေသောရောဂါဝေဒါများကိုသက်သာပျောက်ကင်းအောင် ကုသပြီးပါရမီဖြည့်ခွင့်လေးပေးပါတဲ့ ရတနာသုံးပါးအားဦးထိပ်ပန်ဆင်ကန်တော့ရင်း ဒီကနေ့လူဖြစ်ရကျိုးလေးနပ်ခဲ့ပြန်ပြီ ဖြစ်ကြောင်းကိုလည်း ရေးသားထားပါသေးတယ် ။
Source : Htoo Khant Kyaw
Credit Maria (Yaung Chi)
Zawgyi
Source : Htoo Khant Kyaw
Credit Maria (Yaung Chi)
လှပလွန်းတဲ့ မင်္ဂလာအလှဓာတ်ပုံလေးတွေ ရိုက်ကူးခဲ့ကြတဲ့ ခင်ရတနာစိုးတို့ ဇနီးမောင်နှံ
လှပလွန်းတဲ့ မင်္ဂလာအလှဓာတ်ပုံလေးတွေ ရိုက်ကူးခဲ့ကြတဲ့ ခင်ရတနာစိုးတို့ ဇနီးမောင်နှံ
ပရိသတ်ကြီးရေ The Voice Myanmar ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ခင်ရတနာစိုးကတော့ ပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်ကတည်း ဖန်တွေအများကြီးရဲ့ အားပေးမှုနဲ့ အောင်မြင်လာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ ။ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ် ထောင်ပြုခဲ့ပြီး အခက်ခဲတွေ ရင်ဆိုင်ခဲ့ရပေမယ့်လည်းလက်တွဲမဖြုတ်ဘဲ သည်းခံပြီးချစ်ပေးခဲ့တဲ့ ခင်ပွန်းသည်ကတော့ သူမအတွက် တကယ့်ကို ပါရမီဖြည့်ဘက်ကောင်းတစ်ယောက်လို့ အင် တာဗျူးတွေမှာဖြေဆိုလေ့ရှိပါတယ် ။
လတ်တလောမှာတော့ ခင်ရတနာစိုးတို့ဇနီးမောင်နှံက KMA Wedding Photo Studio မှာရိုက်ကူးခဲ့တဲ့သူမတို့ရဲ့ Wedding ပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ခမ်းနားလှပတဲ့ မင်္ဂလာသတို့သားနဲ့သတို့သမီး ရဲ့ ပုံရိပ်လေးတွေကတော့ကျက်သရေရှိရှိနဲ့ အရမ်းကိုလိုက်ဖက်ညီလွန်းလို့ ပရိသတ်တွေက ချီးကျူးစကားတွေ မှတ်ချက်ရေးသားထားကြတာလည်းတွေ့ရပါတယ် ။
အနေအေးပြီးတည်ငြိမ်တဲ့အပြင် ခင်ခင်ကိုအရမ်းချစ်တဲ့ ခင်ပွန်းသည်ကို ပိုင်ဆိုင်ထားရတာက သူမအတွက် တော့ တကယ့်ကို ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုပါပရိသတ်ကြီးရေ .. ။ ခင်ခင်ကိုချစ်တဲ့ချစ်ပရိသတ်ကြီးအတွက်လည်း ခင်ခင်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော် ။
Source : Khin Yadanar Soe
Credit Maria (Yaung Chi)
Credit Maria (Yaung Chi)
ကုန်စိမ်းရောင်းတဲ့ဘဝကနေ သိန်းပေါင်း လေးသောင်းကျော်လှူနိုင်တဲ့အထိ ကြိုး စားနိုင်ခဲ့လို့ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ ချီးမြင့်ခံရသူ
ကုန်စိမ်းရောင်းတဲ့ဘဝကနေ သိန်းပေါင်း လေးသောင်းကျော်လှူနိုင်တဲ့အထိ ကြိုး စားနိုင်ခဲ့လို့ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ ချီးမြင့်ခံရသူ
သာသနာတော်ဆိုင်ရာအမြင့်ဆုံးဆု(လူပုဂ္ဂိုလ်များ) ပထမအဆင့်ကိုမိုးကောင်းမြို့မှအမျိုးသမီးတစ်ဦး ချီးမြှင့်ခံရကြောင်းယမန်နေ့ (၇၃)နှစ်မြောက် လွတ် လပ်ရေးနေ့က နိုင်ငံပိုင်သတင်းစာနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်ပြန်ကြေငြာခဲ့သိရသည်။
ကချင်ပြည်နယ် မိုးကောင်းမြို့နောင်ကိုင်တော်ရပ်ကွက်နေ မနောဧကရီနှင့် မြို့ပြရွှေပြည်ကုမ္ပဏီတို့၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်ခင်မြင့်ဦးသည် နိုင်ငံတော်မှ ချီးမြှင့်သည့် သာသနာတော်ဆိုင်ရာအမြင့်ဆုံးဆု (လူပုဂ္ဂိုလ်များ) ပထမအဆင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ကိုအပ်နှင်းဂုဏ်ပြုခြင်းခံရကြောင်း ဇန်နဝါရီလ (၄)ရက်နေ့က နိုင်ငံပိုင်သတင်းစာနှင့်ရုပ်မြင်သံကြားတို့မှ ထုတ်ပြန်ကြေငြာခဲ့သည်။
“အန်တီတို့က ဘဝကို အောက်ခြေကစခဲ့ရတာ။အိမ်ထောင်ထူကာစက အန်တီ့အမျိုးသားက ဆိုက္ကားနင်းပြီး အန်တီက ကုန်စိမ်းရောင်းပြီး ဘဝကိုစခဲ့ရတာ။
တစ်ဆင့်ပြီးတစ်ဆင့်ကြိုးစားရင်း ခုတော့ လုပ်ငန်းအများအပြားက မြန်မာပြည်အနှံ့ ခြေဆန့်နိုင်ခဲ့ပြီး ရလာတဲ့အမြတ်ငွေထဲက ကျောင်းဆောက်၊ ဘုရားတည် အလှူဒါန အသီးသီးပြုကြတယ်။ ခုလိုဘွဲ့ထူးချီးမြှင့်ခံရတာအထူးအထူးပဲဝမ်းသာမိတယ်။ အရမ်းလဲပျော်ရပါတယ်၊ ပီတိမျက်ရည်များလဲကျခဲ့ရပါတယ်။
*တစ်မူးရလို့တစ်ပဲလှူ ဒို့ရှမ်းတောင်သူ တူနိုင်ရိုးလား* ဆိုတဲ့အတိုင်းဘဲ မိုးပေါ်ကကျလာတဲ့ မိုးရေပေါက်တွေဟာ ကျပါများလာတော့ ရေပုံး၊ ရေအိုးထဲပြည့်လျှံရသလို အလှူဒါနတွေကလဲ တစ် ဖြည်းဖြည်း တစ်စိမ့်စိမ့်လှူလာရင်းနဲ့ ဒါနကုသိုလ်တွေများလာခဲ့ရတာပါ။
ဒီဘွဲ့ဟာ အန်တီ့ဘဝရဲ့သမိုင်းမှတ်တမ်းမှတ်တိုင်လေးတစ်ခုလေးဖြစ်လို့ အရမ်းအရမ်းပျော်တာပေါ့။ သွားလေသူကြီးလဲ ရောက်ရှိရာ ဘုံကနေအပြုံးပီတိတွေနဲ့ကြည့်နေမှာပါ၊ သိနေမှာပါ”ဟု သာသနာတော်ဆိုင်ရာအမြင့်ဆုံးဆု (လူပုဂ္ဂိုလ်များ) ပထမအဆင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ရ ဒေါ်ခင်မြင့်ဦးက ဆိုသည်။
အဆိုပါ အလှူရှင်သည် နေရာဌာနအသီး သီးတွင်ငွေကျပ် သိန်းပေါင်းလေးသောင်းကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းနှင့် ၂၀၁၉ ခုနှစ်ကလည်း သီဟသုဓမ္မသိင်္ဂီဘွဲ့ ကို နိုင်ငံတော်မှ ချီးမြှင့်ပေးအပ်ခဲ့ပြီးကြောင်း သိရသည်။
Credit မူရင်း
နေပြည်တော်မှာရောက်နေတာကြာပြီး ယောင်ချာချာဖြစ်နေလို့ တွေ့ရင်ခေါ်ပါဦးလို့ ပရိသတ်တွေကို ပြောလာတဲ့ စိုးမြတ်နန္ဒာ
နေပြည်တော်မှာရောက်နေတာကြာပြီး ယောင်ချာချာဖြစ်နေလို့ တွေ့ရင်ခေါ်ပါဦးလို့ ပရိသတ်တွေကို ပြောလာတဲ့ စိုးမြတ်နန္ဒာ
ပရိသတ်ကြီးရေ တစ်ခတ်တစ်ခါက မော်ဒယ်လ်မင်းသမီးချောလေးတစ်ယောက်အဖြစ် ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ စိုးမြတ်နန္ဒာကတော့ အနုပညာခြေလှမ်းတွေ ကျဲသွားပေမယ့် ပရိသတ်တွေကချစ်ခင်အားပေးနေကြဆဲပါ ။ စိုးမြတ်နန္ဒာကတော့သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးနေကြပါ ။
လတ်တလောမှာတော့ နေပြည်တော် ရောက်တာ တလ ပြည့်ပြီဖြစ်တဲ့အတွက် ရက်တွေကြာလာတော့ ယောင်ချာချာဖြစ်နေပြီလို့ ဆိုပါတယ် ။ နေပြည်တော် လမ်းတွေလဲမှတ်မိလို့ ခုဆိုရင် ပျဉ်းမနားမြို့ဟောင်းကိုတောင်သွားလည်တတ်နေပါပြ သစ်တံခါးဆရာတော်ဘုရားရဲ့ တောင် ၅ တောင် မှာ မေတ္တာပို့အမျှဝေ တဲ့အဓိဌာန် လဲ ၂ကြိမ်ရှိပြီ နေပြည် တော်-ပျဉ်းမနား ဘုရားအစုံလဲ ဖူးပြီးပြီ ချစ်သူလမ်းကြား က အစားအသောက်တွေလဲ လျှောက်စားပြီးပြီ နေပြည်တော်မှာ မင်းသမီးဆိုင် လာဖွင့်ရင် ကောင်းမလားပဲ ဆိုတဲ့စာသားလေးနဲ့အတူ နေပြည် တော်မှာရောက်နေတာကြာပြီဖြစ်လို့ ယောင်ချာချာဖြစ်နေတဲ့အကြောင်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်။
ဒါ့အပြင် ကမ္ဘာသစ်ဆိုတဲ့လက်ဖက်ရည်ဆိုင်ကို သူမ မကြာခဏ သွားလေ့ရှိတာကြောင့် ပရိသတ်တွေကို တွေ့ရင်ခေါ်ပါဦးလို့ တောင်းဆိုထားပါသေးတယ် ။ ဒါဒါကိုချစ်တဲ့ နေပြည်တော်က ပရိသတ်တွေ ကမ္ဘာသစ်လက်ဖက်ရည်ဆိုင်မှာ ဒါဒါကိုတွေ့ရင် နှုတ်ဆက်ဖို့ မမေ့ကြနဲ့နော် ။
Source : Soe Myat Nandar
Credit Maria (Yaung Chi)
Source : Soe Myat Nandar
Credit Maria (Yaung Chi)