အဆုတ်ကျန်းမာရေးချွတ်ယွင်းလာပြီဆိုရင် ခန္ဓာကိုယ်မှာပြလာတတ်တဲ့လက္ခ ဏာရပ်များ
ယနေ့ခေတ်မှာ လူဦးရေထူထပ်ပြီး ယာဉ်တွေပေါများလာတာကြောင့်လေ ကောင်းလေသန့်ရဖို့ကခက်လာပါပြီ။
အဲဒါကြောင့် အဆုတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။ အဆုတ်က နေမကောင်းရင် ခန္ဓါကိုယ်မှာ လက္ခဏာတွေ ပြလာတတ်ပါတယ်နော်။
၁။ ကျောနဲ့ပုခုံး နာကျင်လာခြင်း”
ရင်ဘတ်အောင့်တာက အဆုတ်ကင်ဆာရဲ့ ရှေးဦးလက္ခဏာဖြစ်တာတောင် ကျောနဲ့ပုခုံးနာကျင်လာခြင်းက
တွေ့ရခဲတဲ့လက္ခဏာပါပဲ။ ကျောနဲ့ပုခုံးနာကျင်တဲ့လက္ခဏာတွေပြလာရင် အဆုတ်ကို ကုသလို့ရပါသေးတယ်။
နာကျင်မှုက ပြင်းထန်လာပြီး ကျောက အမြဲလိုလိုနာကျင်နေတယ်ဆိုရင် ဆရာ ဝန်နဲ့ မြန်မြန်ပြသသင့်ပါပြီ ။
၂။ ချောင်းဆိုးခြင်း”
အဆုတ်ကျန်းမာရေးမကောင်းရင် ချောင်ူဆိုးလာပါတော့တယ်။အဲဒီလို ချောင်းဆိုးတာက အအေးမိလို့ ချောင်းဆိုးတာနဲ့
ဆင်ဆင်တူပါတယ်။ဒါပေမယ့်ချောင်းဆိုးခြင်းက နာတာ ရှည်ရောဂါတစ်ခုရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။
အဲဒါကြောင့် ချောင်းဆိုးလာပြီဆိုရင်လည်းမပေါ့ဆ သင့်ပါဘူး။ ချောင်းဆိုးတဲ့အခါသွေးပါလာပြီ
ဆိုရင်တော့အဆုတ်ကင်ဆာရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။
၃။ မျက်လုံးနဲ့ အသားအရေ ဝါလာခြင်း”
အဆုတ်ကျန်းမာရေးချို့တဲ့လာတဲ့အခါ မျက်လုံးနဲ့ အသားအရေ ဝါလာတတ်ပါတယ်။ အဆုတ်ကင်ဆာကြောင့်
အသည်းမှာပြဿနာရှိနေကြောင်း ဖော်ပြတဲ့လက္ခဏာဖြစ်ပါတယ်။အသားဝါ ရော ဂါကြောင့်လည်း
အသားဝါလာတာဖြစ်နိုင်ပါသေးတယ်။ ရောဂါရင့်လာတဲ့ အခါမှာတော့ မျက်လုံးကအဝါရင့်ရောင်ကို ပြောင်းသွားတတ်ပါတယ်။
၄။ အားကုန်လာခြင်း”
အိပ်ရေးမဝခြင်းက စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းဖြစ်စေပါတယ်။ဒါပေမယ့် မကြာခဏအားကုန်တာ၊
မကြာခဏ အသက်ရှူမဝတာ၊အစားစားချင်စိတ် မရှိတာမျိုးတွေ ကြုံလာရင်တော့ ဆေးကုသမှု ခံယူသင့်ပါပြီနော်။
၅။ အသက်ရှုမဝခြင်း”
နှလုံးအားနည်းတဲ့အခါ၊အဆုတ်မကောင်းတဲ့အခါအသက်ရှူမဝဖြစ်တတ်ပါတယ်။ အသက်ရှူမဝဘူးလို့
ခံစားရရင်လေကောင်းလေသန့်ရတဲ့ ကျေးလက်ဒေသကို ခဏတာခရီးထွက်သင့်ပါတယ်။
မကြာခဏ မောနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်နေပါပြီ။
အဆုတ် ကျန်းမာရေးအတွက်
အဆုတ်ကျန်းမာရေးအတွက် ပေါ့ပေါ့ဆဆမနေသင့်ပါဘူး။ဆေးလိပ်ဖြတ်လိုက်ခြင်းနဲ့စားသောက်မှုပုံစံကို
ပြောင်းလဲလိုက်ခြင်းကအဆုတ်ကိုကူညီရာရောက်ပါတယ်။အဆုတ်ကြောင့် နာတာရှည်ဝေဒနာခံစားရပြီဆိုရင်
အင်တီအောက်ဆီးဒင့်ကြွယ်ဝတဲ့အစား အစာတွေကိုရွေးချယ်ပြီးစားသုံးပေးသင့်ပါတယ်။
အဆုတ်အတွက်မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေပြုလုပ်လို့ရပါတယ်။
ပန်းနာရောဂါမရှိရင်တောင်ပတ်ဝန်းကျင်ရဲ့ဖုန်မှုန့်နဲ့ ရောဂါပိုးတွေက သွေးကြောထဲရောက်သွားတဲ့အခါ
အဆုတ်ကျန်းမာရေးကိုထိခိုက်လာနိုင်ပါတယ်။အဲဒါကြောင့် သန့်ရှင်းတဲ့လေထုရှိတဲ့နေရာကို ရွေးချယ်ပြီး နေထိုင်သင့်ပါတယ်နော်။
ခရက်ဒစ် – မူရင်း