ဖြူဖြူထွေးကို ချီးကျူးခဲ့တာကြောင့် လူတချို့ရဲ့ ဝေဖန်မှုနဲ့ပတ်သတ်ပြီး သူ့ခံယူချက်ကို ပြောပြလာတဲ့ နေထက်လင်း

ဖြူဖြူထွေးကို ချီးကျူးခဲ့တာကြောင့် လူတချို့ရဲ့ ဝေဖန်မှုနဲ့ပတ်သတ်ပြီး သူ့ခံယူချက်ကို ပြောပြလာတဲ့ နေထက်လင်း

ပရိတ်သတ်ကြီးရေ မင်းသားကြီး နေထက်လင်းကတော့ ဖြူဖြူထွေးနဲ့ ပက်သက်ပြီး ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေအပေါ် ဖြူဖြူထွေးကိုချီးကျူးစကား ပြောဆိုခဲ့တာကြောင့် လူတချို့ရဲ့ ဝေဖန်မှုကို ခံနေရတာပဲ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်နဲ့ပက်သက်ပြီး မင်းသားကြီး နေထက်လင်းကတော့ သူ့ရဲ့ ခံယူချက်ကို အခုလိုပဲ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

နေထက်လင်း ပြောခဲ့တာကတော့ ”ကျွန်တော် ဖြူဖြူထွေးကို ချီးကျူးတယ်ဆိုတာကလည်း ကျောက်ရိုင်းတစ်လုံးကို ဈေးဖြတ်သလိုပါပဲ သိန်းရာကျော်တန်တဲ့ကျောက်ကို ကျွန်တော်က ၁၂ သိန်းပဲတန်တယ်လို့ ပြောလို့ဘယ်ကောင်းမလဲ ။ ကျွန်တော် ဖြူဖြူထွေးကိုမှ မဟုတ်ပါဘူး ဘယ်သူ့ကိုမဆို သူကတော့ ဖြစ်နိုင်တယ် ဘာတွေပြင်သင့်တယ် ပြောတာပါပဲ။ ကျွန်တော်တို့ အောင်မြင်ပြီးသားလူတွေကတော့ မုဒိတာ ပွားလို့ရတာပေ့ါ။

ဒီစည်းစိမ် ဒီအောင်မြင်မှုတွေဆိုတာ ကျွန်တော်တို့ ခံစားပြီးပြီလေ။ အခုဆို ကျွန်တော့်သားလေးကိုတောင်မြေတောင် မြှောက်ပေးနေပြီ။ကျွန်တော်လည်း မင်းသမီး မင်းသားတွေ အများကြီးကို မွေးထုတ်ခဲ့ပြီးပြီလေ။ ငပွကြီးလုပ်ပြီး ဖြူဖြူထွေးဘက်ကနေ ရပ်တည်ပေးနေတာလည်းမဟုတ်ဘူး။ ဖြူဖြူထွေး အောင် မြင်နိုင်ချေရှိတာကိုကျွန်တော်ကထောက် ပြပေးခဲ့တာပါ။

ဖြူဖြူထွေးက ဖုန်းနဲ့ ကြော်ညာဗီဒီယိုများ ရိုက်ကူးနေမှုအပေါ် ဈေးကွက်ကို ဖျက်စီးတယ်ဆိုတဲ့ ဝေဖန်သံတွေနဲ့ ပက်သက်ပြီးတော့လည်း မင်းသားနေထက်လင်းက အခုလိုပဲ ဖြေဆိုခဲ့ပါတယ်။ ” ဈေးကွက်လိုအပ်ချက်အရသူ့ဘာသာ ဘာနဲ့ပဲ ရိုက်ရိုက် ရုပ်ထွက်လာဖို့ပဲ လိုတယ်။ iph တွေ ၁၈ သိန်း ၊ သိန်း နှစ်ဆယ်ပေးရတဲ့ ဖုန်းတွေဆိုရင် ကင်မရာကောင်းတယ်။ ရုံကြီးကားတွေအထိ အေးဆေးမှီတယ်။ သူ့ဘာသာ ရှိလို့ပဲ လုပ်စားစား မရှိလို့ပဲ လုပ်စားစား မတားကြပါနဲ့…လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးလိုက်ကြပါ။

အစည်းအရုံးကတောင် တားပိုင်ခွင့်မရှိဘူးလို့ လူကြီးတွေက ပြောတယ်။ ကိုယ်က မကောင်းတဲ့စိတ်ထားရင် မကောင်းသလို ကောင်းတဲ့စိတ်ထားရင် ကောင်းသလို ဖြစ်သွားမှာပဲ။ ကိုယ့်ရွေးချယ်မှုက ကိုယ့်ရဲ့ ကံတရားပဲ ။ ”ဆိုကာ ဖြူဖြူထွေးရဲ့ အောင်မြင်အပေါ်မှာ သုံးသပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရေဖြူဖြူထွေးကတော့တကယ့်ဝါရင့် မင်းသားို ကြီးမင်းသမီးကြီးတွေရဲ့အားပေးချီးကျူးမှုက ရရှိနေပြီး အောင်မြင်တဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေသူပါနော်။ ဖြူဖြူထွေးကို ကဲ့ရဲ့ဝေဖန်မှုတွေနဲ့ ပက်သက်ပြီး ချစ်ရတဲ့ ပရိတ်သတ်ကြီးကအားပေး အကြံ ပြုစကားလေး ပြောခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Credit

ယနေ့ညပိုးတွေ့လူနာ (၉၅) ဦးတွင် မန္တလေးမှ ရန်ကုန်သို့ခရီးသွားရာဇဝင်ရှိသူ တစ်ဦးပါဝင်

ယနေ့ညပိုးတွေ့လူနာ (၉၅) ဦးတွင် မန္တလေးမှ ရန်ကုန်သို့ခရီးသွားရာဇဝင်ရှိသူ တစ်ဦးပါဝင်

ဩဂုတ်လ (၃၁) ရက်နေ့ ည (၈) နာရီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ကိုဗစ်_19 ပိုးတွေ့လူနာထုတ်ပြန် ကြေညာချက်အရ အတည်ပြုလူနာ (၉၅ ) ဦးတွေ့ရှိခဲ့ပါတယ်။

ပိုးတွေ့လူနာထဲမှာ မြင်းခြံကနေ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို လာပြတဲ့လူနာတစ်ဦးပါဝင်ပြီး ရောဂါရှိမရှိစစ်ဆေးကြည့်ရာမှာ ကိုဗစ်_19 ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့မန္တလေးဆေးရုံ အုပ်ကြီး ဒေါက်တာစုစုဒွေးကပြောပါတယ်။

ပိုးတွေ့ လူနာဟာ ရန်ကုန်ကို သြဂုတ်လ (၁၈) ရက်နေ့ကသွားရောက်ခဲ့ပြီး (၁၉) ရက်နေ့မှာ လေကြောင်းလိုင်းနဲ့မန္တလေးကိုဝင်ရောက်ခဲ့ပြီး အဲ့ဒီကမှသူနေထိုင်ရာ မြင်းခြံမြို့ကိုပြန်သွားခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

သူဟာ သြဂုတ်လ (၂၃) ရက်မှာ ဖျားနာလို့ မြင်းခြံမှာဆရာဝန်ပြခဲ့ပေမယ့် မသက်သာလို့ သြဂုတ်လ (၃၀)ရက်နေ့မှာ မန္တလေးမင်္ဂလာဆေးရုံပြင်ပလူနာဌာနကနေ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို ရောက်ရှိလာတာပါ။

သြဂုတ်လ (၃၁) ရက်နေ့စစ်ဆေးချက်အဖြေအရ ကိုဗစ်_19 ရောဂါပိုးတွေ့ရှိတယ်လို့အဖြေထွက်ခဲ့ပြီး လက်ရှိမှာတော့ ကန်တော်နဒီဆေးရုံကိုပြောင်းရွေ့ကာ ဆေးကုသမှုခံယူနေပါတယ်။

လူနာဟာ အသက် ၄၇ နှစ်အရွယ် အမျိုး သားတစ်ဦးဖြစ်ပြီး သူနဲ့အတူပါလာတဲ့ တူတော်စပ်သူကိုတော့ကွာနတင်းဝင်ခိုင်းထားပြီး စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။

ဩဂုတ်လ (၁၆) ရက်နေ့နောက်ပိုင်း ရခိုင်မှာ ကိုဗစ်_19 ပြည်တွင်းကူးစက်မှုတစ်ကျော့ပြန်ပြန်လည်ဖြစ်ပွားပြီးနောက် မန္တလေးမြို့မှာ ပိုးတွေ့လူနာ (၃) ဦးအထိရှိလာပြီဖြစ်ပါတယ်။

နောက်ဆုံးတွေ့ရှိရတဲ့မြင်းခြံကအတည် ပြုလူနာ ကတော့ရခိုင်ပြည်နယ်ကို သွားရောက်တဲ့ ခရီးသွားရာဇဝင်မရှိဘဲ ကူးဆက်ခံရတာဖြစ်ပါတယ်။

ဒီကနေ့ည(၈)နာရီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်အနေနဲ့ ပိုးတွေ့လူနာအအရေအတွက်ကိုသာ ထုတ်ပြန်သေးပြီးလူနာတွေ့ရဲ့အ ချက်အလက်တွေကိုတော့ ဆက်လက်ထုတ်ပြန်သွားမယ်လို့ကြေညာ ထားပါတယ်။

ထီပေါက်ချင်သူများအတွက် ထီပေါက်ဂါထာနှင့်ပုတီးစိပ်နည်းတင်ပေးလိုက်ပါတယ်

ထီပေါက်ချင်သူများအတွက် ထီပေါက်ဂါထာနှင့်ပုတီးစိပ်နည်းတင်ပေးလိုက်ပါတယ်

လူတိုင်း ထီပေါက်ချင်ကြတယ်ဒီနည်းကိုမသုံးကြလို့ မပေါက် ကြသေးတာပါ

အစွမ်းထက်မြက်တဲ့ထီပေါက်ဂါထာတော်။အစွမ်းထက်မြက်တဲ့ထီပေါက်ဂါထာကိုတင်ပေးလိုက်ပါတယ်အစွမ်းထက်မြက်တဲ့ထီပေါက်ဂါထာမင်္ဂလာပါသူဌေးမင်းထီဆိုင်ကြီးမှကူးယူဖော်ပြအပ်ပါသည်။

အစွမ်းထက်မြက်တဲ့ထီပေါက် ဂါထာ ရှေးကျမ်းရင်း တစောင်မှာ ဖော်ပြထားပြီး အစွမ်းထက်မြက်တဲ့ထီပေါက်ဂါထာ ဖြစ်ပါတယ်။

ဂါထာရဲ့အဓိပ္ပါယ်အတိုချုပ်က…“ဗုဒ္ဓမြတ်စွာဘုရား ရှိစဉ်ကေ ကာဏ္ဍဝေန မထေရ်ကြီးသည်ပထမစာရေးတံမဲကို အမြဲတမ်းပေါက်ခဲ့၏ထို့အတူကျွန်ုပ်သည်လည်းဤသို့ ဖြစ်ရပါစေ သတည်း” ဟု ဆိုထားပါတယ်။

ရှေးဟောင်းပေစာတစ်ခုထဲ မှာလည်း ဒီဂါထာရဲ့အစွမ်းကိုအထူးအစွမ်းထက်မြက်ကြောင်းဖော်ပြထားတာကိုတွေ့ရပါတယ်အခုဂါထာကိုမိတ်ဆွေတွေအတွက်စေတနာရှေ့ထားလို့ဖော်ပြပေး လိုက်ရပါတယ်။

ဂါထာကိုမဖော်ပြမီမှာအရင်ဆုံး ထီပေါက်ချင်တယ်ဆိုရင်သင်ဟာ ကိုးကွယ်ရာဘာသာရဲ့သီလကိုဆောက်တည်ရပါ လိမ့်မယ်။

ဂါထာမန္တန်တွေရဲ့အစွမ်းဆိုတာ ရွတ်ဖတ်နိုင်မှုအစွမ်း၊ကိုယ့်ရဲ့ ကိုယ်ကျင့်တရား စိတ်စွမ်းအားတို့ အပေါ်မှာမူတည်ပြီး အစွမ်းထက်မြက်မှုကတစ်ယောက်နဲ့ တစ်ယောက်မတူဘဲပိုနိုင်၊လျှော့နိုင်တာ ရှိပါတယ်။

ဒီဂါထာကိုသင်ဟာရွတ်ဖတ်ပြီးထီပေါက် ချင်တယ်ဆိုရင်လိုက်နာရမယ့် အချက်တွေတော့ရှိပါတယ်လွယ်လွယ်တော့ မရနိုင်ပါဘူး။

လိုက်နာရမယ့် ၃ ချက်က-

၁။ ဒီဂါထာကိုတစ်နေ့ အနည်းဆုံး ၁၀၈ လုံးပုတီးတစ်ပတ် ရအောင်စိပ်ရပါလိမ့်မယ်။နေ့စဉ်မပျက်မကွက်စိတ်ရမှာဖြစ်ပါတယ်။

၂။ ပုတီးမစိပ်မှီမှာမြတ်စွာဘုရားသခင်ရှေ့မှာသီလကို ဦးဆုံး ဆောက်တည်ပါ။

၃။ နောက်ဆုံး အချက်ကတော့ ဒီဂါထာကိုနေ့စဉ်မှန်မှန်စိပ်သွားပြီးလစဉ် ထီထိုးပေးပါက ၆ လအတွင်းထီပေါက်နိုင်ပါတယ်။

အဖိုးထိုက်တန်သော ထီပေါက်ဂါထာ

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံဘိက္ခူနံ ပထမံ သလာကံဂဏုန္တာနံ ယဒိဒံ ကောဏ္ဍဓာနောဧတေန သစ္စ ဝဇ္ဆေ ဧဝံမေဟောတု”ရှားပါးပြီအဖိုးမဖြတ်နိုင်တဲ့ဗုဒ္ဓ ဘာသာဂါထာတစ်ပုဒ်ပါအာလုံးပဲ ထီပေါက်ကံကို ဆွတ်ခူးနိုင်ကြပါစေ သိန်းဆုတွေ ပေါက်ကြပါစေ ။

အမျိုးတစ်ယောက်ကတော့ဒီဂါထာရွတ်ပြီး သိန်းဆုအမှန်တကယ် ပေါက်သွား တာကြောင့် ဒီဂါထာကို ဖော်ပြရခြင်း ဖြစ်ပါတယ်။

ရောဂါမပြင်းထန်သူတွေ၊ လူနာနဲ့ထိတွေ့သူတွေကို Home Quarantine ထားဖို့ အစီအစဉ်မရှိသေး

ရောဂါမပြင်းထန်သူတွေ၊ လူနာနဲ့ထိတွေ့သူတွေကို Home Quarantine ထားဖို့ အစီအစဉ်မရှိသေး

အသွားအလာကန့်သတ်စောင့်ကြည့်တဲ့ရက်ကို လျှော့ချမှာလည်းမဟုတ်ဘူးလို့ဆိုပါတယ်။ကိုဗစ်-၁၉ ပိုးတွေ့ရှိထားပေမယ့် ရောဂါမပြင်းထန်သူတွေ၊ ပိုးတွေ့လူနာတွေနဲ့ ဆက်စပ်သူတွေကိုနေအိမ်မှာပဲ အသွား အလာကန့်သတ်ဖို့ အစီအစဉ်မရှိသေးကြောင်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေ းဆိုခွင့်ရှိသူ ညွန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

မိသားစုဝင်တစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပါကအခြားမိသားစုဝင်တွေကို (Facility Quarantine) ကိုမပို့ဘဲ နေအိမ်မှာအသွားအလာကန့်သတ်ဖို့ မူဝါဒအ ပြောင်းအလဲကိုစဉ်းစားနေပေမယ့် လတ် တလော အခြေအနေအရ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။

“ လတ်တေလောအခြေအနေအရ ဒီလိုလုပ်ဖို့အစီအစဉ်မရှိသေးပါဘူး။ သူများတွေအကြံပေးတာကိုပြန်ပြီးသုံးသပ်တာမျိုးပဲရှိပါသေးတယ်။ပိုးတွေ့တဲ့လူနာဆိုတာ နေရာဒေသအများကြီးကလာတာ။ အဲဒီလူတွေအကုန်လုံးကို အိမ်မှာ ပြန်နေခိုင်းလိုက်ရင်ဘယ်လိုဖြစ်သွားမလဲ။ ပိုးတွေ့တဲ့မိသားစုဝင်တစ်ယောက်က ဥပမာပေါ့။တစ်ယောက်က ပိုးတွေ့ပြီး အိမ်ကို ပြန်လာမယ်ဆိုရင်ကျန်တဲ့သူတွေက သူ့ကိုအခန်းသီးသန့်ထားနိုင်မှာလား။ ဒါမှမဟုတ်ဘယ်လိုနေရမလဲ။ ရန်ကုန်မှာဆို တိုက်ခန်းတစ်ခုတည်းနေရတာဆိုရင် အဲ့ဒီပိုးတွေ့တဲ့လူကိုထားပြီးကျန်တဲ့အခန်းတွေကဘယ်လိုနေကြမလဲ။လှေကားကတစ်ခုတည်းကတက်နေရတာ။အဲဒီလိုလူတွေအများကြီးကရန်ကုန်မြို့ရဲ့နေရာအနှံ့အပြားမှာရှိတယ်။အဲဒီဟာတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ။ဒါတွေက ပိုးပိုပြန့်အောင်လုပ်သလိုမဖြစ်ဘူးးလား။ ဒါကြောင့် အကျိုးနဲ့ အပြစ် အများကြီးစဉ်းစားစရာ ဖြစ်သွားပြီ “ လို့ ဒေါက်တာသန်းနိုင်စိုးက Duwun ကို ပြောပါတယ်။

လူနာနဲ့ ထိတွေ့ဆက်စပ်သူတွေကို နေအိမ်မှာပဲကွာရန်တင်းထားဖို့အစီအစဉ်မရှိသေးသလိုကွာရန်တင်းစင်တာတွေမှာ ၁၄ ရက်ထားပြီး နေအိမ်မှာ ၇ ရက်ထားဖို့လည်းမဖြစ်နိုင်သေးကြောင်း ၊ တကယ် လို့ ပိုးတွေ့လူနာတွေကို တစ်ရပ်ကွက်တည်း၊တစ်နေရာတည်းမှာ တွေ့ခဲ့ရင်တော့ တရုတ်နိုင်ငံမှာကျင့်သုံးသလို အဲဒီနေရာကိုကန့်သတ်လိုက်ပြီး လုံခြုံရေးတွေ ၊ အစားအစာတွေ၊ ဆေးဝါးတွေထောက်ပံ့ပေးနိုင်ရင်တော့ပိုမိုကောင်းမွန်ဖြစ်ကြောင်း၊ လက်ရှိနိုင်ငံရဲ့အခြေအနေအရမဖြစ်နိုင်သေးကြောင်း ဒေါက်တာသန်းနိုင်စိုးက ဆိုပါတယ်။

“ ရန်ကုန်မှာ ရှိတဲ့ လူဦးရေ ၁၀ သန်းလောက်က ကိုယ်ခံအား စနစ်မကောင်းဘူး။ကွာရန်တင်းရက်လျှော့ပြီး နေအိမ်မှာထားဖို့လည်းမဖြစ်နိုင်သေးဘူး။ ဒီနေ့အထိမူဝါဒကတွေကဒီအတိုင်းပဲ။ ကျွန်တော်တို့ဦးတည်ထားတာကပြည်သူတွေကြားထဲမှာ ရောဂါ ကူးစက်မှု ကျယ်ကျယ်ပြန့်ပြန့်မဖြစ်ဖို့၊နောက်ဆက်တွဲ ဆိုးကျိုးတွေ မခံစားရဖို့ပါ။” လို့ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

လတ်တလောမှာ ပြည်တွင်းကူးစက်မှု အများဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်က ပြန်လာသူတွေကိုတော့ကွာရန်တင်းစင်တာတွေမှာအသွားအလာကန့်သတ်စောင့်ကြည့်မှုတွေပြုလုပ်နေပြီးတိုင်းနဲ့ ပြည် နယ်အသီးသီးကနေ ရခိုင်ပြည်နယ်ကို လေကြောင်းခရီးနဲ့ အသွားအလာရှိခဲ့သူ ၅၇၀၀ကျော်ရှိတဲ့အနက် ၅၄၀၀ ကျော်က ရန်ကုန်တိုင်းက ဖြစ်တယ်လို့လည်းသိရပါတယ်။

Credit DUWUN

တာမွေမြို့နယ်ကလူနာအမှတ် (၇၃၆) သည် ရောဂါလက္ခဏာမပြမီ အိမ်တွင် ဘုန်းကြီးဆွမ်းကပ်၍ အလှူလုပ်ခဲ့

တာမွေမြို့နယ်ကလူနာအမှတ် (၇၃၆) သည် ရောဂါလက္ခဏာမပြမီ အိမ်တွင် ဘုန်းကြီးဆွမ်းကပ်၍ အလှူလုပ်ခဲ့

တာမွေမြို့နယ်၊ ကျောက်မြောင်း မြို့သစ် ၁ လမ်းတွင်နေထိုင်သောကိုဗစ်လူနာအမှတ်(၇၃၆)သည် ရောဂါလက္ခဏာမပြခင် ၅ ရက်အလိုတွင်၎င်း၏အိမ်၌ ဘုန်းကြီးဆွမ်းကပ်၍အလှူလုပ်ခဲ့ကြောင်း တာမွေမြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောကြားပါတယ်။

အဆိုပါလူနာသည်သြဂုတ်လ ၁၀ ရက်နေ့နောက်ပိုင်းရခိုင် ပြည်နယ်မှ ပြန်လာခြင်းဖြစ်ပြီးလွန်ခဲ့သည် ၃ ရက်ခန့် မှ တာဝန်ရှိသူများထံသတင်းပေးအကြောင်းကြားခဲ့သောကြောင့် ၎င်းကို Home Quarantine နေထိုင်စေကာတို့ဖတ်နမူနာယူ၍ သြဂုတ်လ ၂၉ ရက်စစ်ဆေးမှုတွင်ပါဝင်ခဲ့ပြီးသြဂုတ်လ ၃၀ ရက်နံနက်ပိုင်းတွင်ရောဂါပိုးရှိသူအတည်ပြုလူနာအဖြစ်ကျန်း မာရေးနှင့် အားက စားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိတွင် ၎င်းနေထိုင်ရာ တိုက် နှင့် ၎င်းနှင့်ထိစပ်ခဲ့သူများကို Home Quarantineအဖြစ်နေထိုင်ခိုင်းထားပြီး စေတနာ့ ဝန်ထမ်းများဖြင့် ရပ်ကွက်ရှိအဖွဲ့များက၎င်းတို့လိုအပ်သည် အစားအသောက်ရိက္ခာကိစ္စများကိုကူညီဆောင် ရွက်ပေး သွားမည်ဖြစ်ကြောင်းတာမွေမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီထံမှသိရပါတယ်။

“ကျွန်တော်တို့စိတ်ပူနေရတာကလွန်ခဲ့တဲ့ ၅ ရက်လောက်က သူ့အိမ်မှာအလှူလုပ်ထားတယ်။သူနဲ့ထိတွေ့ခဲ့တဲ့ လူတွေကို ဒီည (သြဂုတ် ၃၀) ဒါမှမဟုတ်မနက်ဖြန်မနက်(သြဂုတ် ၃၁) ကို ခေါ်စစ်ဖို့ချိန်းထားပါတယ်။သူတို့ရဲ့အဖြေကိုကြည့်ပြီးကွင်းဆက်တွေကိုလိုက်ရမှာပေါ့” ဟုတာမွေမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီမှတာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။

လက်ရှိတွင်တာမွေမြို့နယ်၊ကျောင်းမြောင်းရပ်ကွက်အတွင်း ရခိုင်ပြည်နယ်မှပြန်လာသူအများအပြားရှိပြီးလာရောက်စစ်ဆေးသူများလည်းရှိသလိုသတင်းရရှိသဖြင့်သွားရောက်စစ်ဆေးမှုများလည်းရှိကြောင်း၎င်းက ရှင်းပြပါတယ်။

စွမ်းဇာနည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဘဝပေးအခြေအနေ အကြောင်းကိုပြောပြလာတဲ့ ဇွဲလရောင်

စွမ်းဇာနည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဘဝပေးအခြေအနေ အကြောင်းကိုပြောပြလာတဲ့ ဇွဲလရောင်

ပရိတ်သတ်ကြီးရေ ဇွဲလရောင်ကတော့ စွမ်းဇာနည်ရဲ့ ဇာတ်ခုံပေါ် မှာ သီချင်းကောင်းများကို သီဆိုဖျော်ဖြေရင်း ပရိတ်သတ်ရှေ့မှောက်ရောက်ရှိလာတဲ့မင်းသားချောပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့သီချင်းဗီဒီယိုများစွာကိုလက်ခံရိုက်ကူးနေပြီးရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲများလည်း ရိုက်ကူးနေပြီဖြစ်တဲ့ အောင်မြင်တဲ့ မင်းသားချောတစ်ယောက်ပါ ။

မင်းသားကြီး ဦးကျော်သူရဲ့ နာရေး ကူညီမှုအသင်းမှာပရဟိတလုပ်ငန်းများကိုတဖက်တလှမ်းကလုပ်ကိုင်နေတာကြောင့်အားလုံးရဲ့ ချီးကျူးအားပေးမှုကို ရရှိထားတာပဲ ဖြစ်ပါတယ်။

မင်းသားချောဇွဲလရောင်ကတော့ အနု ပညာလမ်းကြောင်းအစမှ စင်တင်ပြီး သီချင်းများကို သီဆိုဖျော်ဖြေခွင့်ပေးခဲ့တဲ့ ဆရာအကို စွမ်းဇာနည်နဲ့ ပက်သက်ပြီးမီဒီယာမှာ အခုလိုပဲ ဖြေကြားခဲ့ပါတယ်။ ” ကိုစွမ်းနဲ့ကတော့ ကျွန်တော့်ကို မအောင်မြင်လူသိမများခင်ကတည်းက စင်ပေါ်တင်ပေးပြီးသီချင်းဆိုခွင့်ပေးခဲ့တယ်။ကျွန်တော့်ဘဝအတွက် ကျေးဇူး ရှင်ပါ။ကိုစွမ်းကတကယ်တော့ ကျွန်တော့်ထက်ငယ်တယ်။ဒါပေမဲ့ လေးစားမှုရှိတဲ့အနေနဲ့ ကျွန်တော်က အကိုလို့ ခေါ်တာကိုစွမ်း ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ်ဘယ်လိုအကြောင်းအရာမျိုးပဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ ကျွန်တော့် ကျေးဇူးရှင်လို့ပဲ သတ်မှတ်ထားတယ်။

အခုတော့ သူမွေးနေ့လို အချိန်မျိုးရောက်မှ ညီအကိုတွေတနှစ်တခါ ဆုံဖြစ်တယ်။ အရင်ကဆို ပွဲတွေရှိတိုင်း သွားဆိုဖြစ်တယ်။အခုတော့ ပွဲတွေ မရှိတော့ဘူးဆိုရင်တောင်နှစ်တိုင်းမွေးနေ့မှာတော့ အတူတူရှိဖြစ်ပါတယ်။အဓိကကတော့ တယောက်နဲ့ တယောက်က ဘဝတွေ မတူဘူးပေါ့နော်။ကိုစွမ်းကျတော့ သူ့ဘေးမှာဖေးမမယ့်သူနည်းတယ်။

သူ့ဘေးနားမှာမိဘညီအကိုမောင်နှမ ဆွေမျိုး သားချင်း နည်းတယ်။အဲ့တော့ သူက တစ်ယောက်တည်း ဖြစ်နေပြီး အားငယ်နေတဲ့အချိန်တွေ အများကြီးရှိတယ်။ကျွန်တော်တို့ကလည်း အချိန်ပြည့် ရှိမနေပေးနိုင်ဘူး။သူတစ်ယောက်သာ အဆင်ပြေမယ်ဆိုရင် နောက်ကအဖွဲ့သားတွေအကုန်လုံး မှီခိုလို့ ရမယ်ပေါ့နော်။

ဟိုတလောက သူနေမကောင်းတဲ့အချိန် ကျွန်တော်တို့ အတူတူ ရေတံခွန်တောင် မှာ အလှူသွားလုပ်ကြတယ်။ အဲ့ဒါကို ပရိတ်သတ်တွေက အားပေးကြတယ်။ ဓာတ်ပုံတွေရှိက်ကြတယ်။ အဲ့ဒါနဲ့ ကျွန်တော်တို့လည်း အမြန်ပြန်လာခဲ့ရတယ်။ အဓိက သူ့ရဲ့ ဆန်းက တော်တော်လေးကို ကောင်းတယ်။ သူ ကျန်းမာရေးမကောင်းလို့ဘယ်လိုပဲဖြစ်နေဖြစ်နေတချိန်ချိန်ကျရင် ကောင်း ကောင်း မွန်မွန်နဲ့ စင်ပေါ်သာပြန်တက်လိုက် သေချာတယ် သူ့ကို ချစ်တဲ့သူတွေ အများကြီး ရှိမှာပဲ ။

ကျွန်တော်က နေကောင်းတဲ့ တရက်ကျရင် ကျွန်တော် ပရဟိတလုပ်နေတဲ့ နာရေးကူညီမှု ကို လိုက်ခဲ့ပါလားလို့ ခေါ်ဖြစ်တယ်။ ကျွန်တော် နာရေးကူညီမှု အသင်းမှာ လုပ်နေတဲ့ ကုသိုလ်တွေကို ရစေချင်တယ်။ အဲ့ပီတိကို ရစေချင်တယ်။ ကောင်းတာတွေ များများလုပ်ရင် မကောင်းတဲ့အချိန်တွေ နည်းသွားလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ကိုစွမ်းဘာကြီးဖြစ်နေဖြစ်နေ ကျန်းမာနေရင်တော်ပြီ။အောင်မြင်မှုကဘယ်လိုပဲ ဖြစ်နေဖြစ်နေ ကျန်းမာနေရင် ကျွန်တော်တို့ ညီအကိုတွေ ဆုံလို့ရပြီပေါ့…ဒါက ကျွန်တော့်ဘက်က ဆန္ဒပါ။ ဒါပေမဲ့ ပရိတ်သတ်တယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အကောင်းဆုံးကို မျှော်လင့်ထားပြီး ဖြစ်စေချင်ပါတယ်။”ဆိုကာ ညီအကိုလို ကျေးဇူးရှင်လို ချစ်ခင်လေးစားရတဲ့ စွမ်းဇာနည်ရဲ့ ကျန်းမာရေး အခြေ အနေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရေ စွမ်းဇာနည်ကို အခုချိန်ထိ ချစ်ခင်အားပေးနေပြီး စင်ပေါ်ပြန်တက် လာတာကို မြင်ချင်ကြတယ်ဆိုရင် စွမ်း အတွက် အားပေးစကားလေး ပြောခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

အောင်ဘာလေထီရုံးမှဝန်ထမ်းအချို့ကိုဗစ်လူနာနှင့် ထိတွေ့မှုရှိခဲ့သော်လည်း ထီ ဖွင့်ပွဲကို ပုံမှန်အတိုင်း ကျင်းပမည်

အောင်ဘာလေထီရုံးမှဝန်ထမ်းအချို့ကိုဗစ်လူနာနှင့် ထိတွေ့မှုရှိခဲ့သော်လည်း ထီ ဖွင့်ပွဲကို ပုံမှန်အတိုင်း ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိအောင်ဘာလေသိန်းဆုဌာနခွဲရုံးမှဝန်ထမ်းအချို့မှာကိုဗစ်ဓါတ်ခွဲအတည် ပြုလူနာနှင့်ထိတွေ့ ဆက်စပ်မှုရှိခဲ့သော်လည်း ပုံမှန်အတိုင်းရုံးဖွင့်မည်ဖြစ်ပြီး လာမည့်(၁၉) ကြိမ်မြောက် ထီဖွင့်ပွဲကိုလည်း

ပုံမှန်အတိုင်းကျင်းပသွားမည်ဖြစ် ကြောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။အောင်ဘာလေသိန်းဆုဌာနခွဲရုံးမှဝန်ထမ်းတဦးမှာကိုဗစ်ဓါတ်ခွဲအတည်ပြုလူနာနှင့်ထိတွေ့ ဆက်စပ်မှုရှိခဲ့သည့်အတွက် ၎င်းနှင့် ထိတွေ့မှုရှိခဲ့သည့်

ဝန်ထမ်း၂၀ဦးခန့်ကိုHome Quarantine /Facility Quarantine သို့ ပို့ဆောင်ထားပြီး အောင်ဘာလေထီရုံးကိုလည်းတိုင်းကျန်း မာရေးဦးစီးဌာနမှ စစ်ဆေးမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကပြောသည်။

“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း ကျန်းမာရေးအဖွဲ့ကိုချပြထားတယ်။ ကျန်းမာရေးအဖွဲ့ကလည်းလိုအပ်တဲ့စစ် ဆေးမှုတွေ၊လိုအပ်တဲ့ပိုးသက်ဆေးဖြန်းတာတွေအားလုံးဆောင်ရွက်ပြီးပါပြီ။

ပုံမှန်လည်ပတ်လို့ရတယ်ဆိုလို့ ကျွန် တော်တို့အနေနဲ့ (၁၉)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲကိုပုံမှန်အတိုင်းကျင်းပမှာဖြစ်ပါတယ်”ဟု၎င်းကပြော သည်။ယင်းသို့ (၁၉)ကြိမ်မြောက် အောင် ဘာလေထီဖွင့်ပွဲကိုကျင်းပရာတွင် ကျန်း မာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီ

လူတစ်ဦးနှစ် တစ်ဦး Social distancing များပြုလုပ်၍ ခွဲထိုင်စေခြင်း၊ နှာခေါင်းစည်းတပ်စေခြင်း၊ လက်ဆေးစေ ခြင်းအစရှိသည်တို့ကိုဆောင်ရွက်ရမည်ဖြစ် ကြောင်းဦးမင်းထွဋ်က ဆက်ပြောသည်။

ယခုလဖွင့်လဗစ်မည့် အောင်ဘာလေထီ (၁၉) ကြိမ်မြောက်တွင်ထီအက္ခရာ သုံးလုံးလျှော့ချခဲ့သည့်အတွက်ယခင်လထက် ရောင်းချသည့်ထီလက်မှတ်စောင်ရေ ၂ ဒသမ ၆ သန်းကျော် လျော့နည်းခဲ့သည်။

ထို့ကြောင့်ပြီးခဲ့သည့် (၁၈)ကြိမ်မြောက်ထီဖွင့်ပွဲ၌ ဆုငွေကျပ် ၁၉,၆၃၆ သန်းခွဲဝေချီးမြှင့်ခဲ့ပြီး (၁၉) ကြိမ်မြောက်တွင် ကျပ် ၁၈,၁၆၃ သန်းချီးမြှင့်မည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းစုဌာနက ကြေညာထားသည်။

Crd ကျော်သူ

ကိုဗစ်ကာလမှာ Mask ချုပ်ရလို့ အရမ်း ချမ်းသာသွားပြီလို့ပြောကြတဲ့အပေါ်ပြန် လည်ဖြေရှင်း လာတဲ့ ခိုင်သင်းကြည်

ကိုဗစ်ကာလမှာ Mask ချုပ်ရလို့ အရမ်း ချမ်းသာသွားပြီလို့ပြောကြတဲ့အပေါ်ပြန် လည်ဖြေရှင်း လာတဲ့ ခိုင်သင်းကြည်

ထပ် ဆင့်အကယ်ဒမီကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးခိုင်သင်းကြည်ကတော့ ပရိ သတ်တွေရဲ့အချစ်ကိုနှစ်ပေါင်းများစွာသိမ်းပိုက်ထားတဲ့ မင်းသမီးတစ်လက်ပါ။ ဘယ်ဇာတ်ရုပ်ကိုမဆိုပိုင်ပိုင်နိုင်နိုင်သရုပ် ဆောင်နိုင်တဲ့မင်းသမီးကြီးကတော့ ပရိသတ်တွေရဲ့အသည်းကိုဖမ်းစားထားနိုင်တာလည်း ဖြစ်ပါတယ်။

ယခုကိုဗစ်ကာလမှာတော့အနုပညာလုပ်ငန်းတွေကို ရပ်နားထားရတာဖြစ်ပြီး ခိုင်သင်းကြည်အနေနဲ့ ခင်ပွန်းဖြစ်သူရဲ့ အထည်ချုပ်လုပ်ငန်းကိုကူညီပေးလျှက်ရှိတာပါလွန်ခဲ့တဲ့လပိုင်းကပဲ ခိုင်သင်းကြည်တို့စက်ရုံဟာ ဒိန်းမတ်နိုင်ငံ ကနေ Mask ချုပ်လုပ်ရန် Project လက်ခံရရှိခဲ့တာကြောင့် အရမ်းချမ်း သာသွားပြီလို့ ပြောဆိုကြမှုတွေရှိလာခဲ့တာဖြစ်ပါတယ်

ဒီအကြောင်းကို ခိုင်သင်းကြည်က “မက်စ်တွေ ချုပ်ရလို့ အဲ့လောက် ချမ်းသာမလား၊ အဓိကက အလုပ်သမားတွေ လုပ် အားခရဖို့၊ မြတ်တဲ့အခါလည်း မြတ်မယ်၊ ရှုံးတဲ့ဟာနဲ့ ပြန်ချေရတာလည်းရှိမယ်” ကိုဗစ်ကာလမှာ ချမ်းသာသွားပြီလို့ ပြောနေကြတဲ့အပေါ် ရှင်းပြလာခဲ့တာဖြစ်ပါ တယ်

ဆက်လက်ပြီးခိုင်သင်းကြည်က “အဓိကကစက်ရုံအလုပ်သမားတွေကိုလစာပေးနိုင်ဖို့နဲ့ အလုပ်တွေလည်ပတ်နိုင်ဖို့ပါပဲ ကိုဗစ်ကာလမှာဘယ်လိုလုပ်ချမ်းသာနိုင်ပါ့မလဲ ဒီလရှုံး နောက်လမြတ်နဲ့ပဲလည်ပတ်နေရတာပါ ”လို့ပြောလာခဲ့တာပါ ပရိသတ်ကြီးရေ

မခိုင်လေးကလက်ရှိကိုဗစ်ကာလမှာပရိသတ်ကြီးအနေနဲ့ ကျန် းမာရေးဂရုစိုက်ကြဖို့လည်းသတိပေးသွား ခဲ့ပါသေး တယ်နော်

Credit Shwe Yaung Myanmar

ကိုဗစ်ကာလမှာ Mask ချုပ်ရလို့ အရမ်း ချမ်းသာသွားပြီလို့ပြောကြတဲ့အပေါ်ပြန် လည်ဖြေရှင်း လာသော ခိုင်သင်းကြည်







ပိုးတွေ့လူနာအမှတ်( ၇၇၆ )မင်္ဂလာဒုံမှလူနာသည် ရခိုင်ကပြန်လာပြီး ၁၅ရက်အကြာမှ နေအိမ်ကွာရန်တင်းဝင်ထားသူဖြစ်

ပိုးတွေ့လူနာအမှတ်( ၇၇၆ )မင်္ဂလာဒုံမှလူနာသည် ရခိုင်ကပြန်လာပြီး ၁၅ရက်အကြာမှ နေအိမ်ကွာရန်တင်းဝင်ထားသူဖြစ်

လေကြောင်းလိုင်းဝန်ထမ်းဖြစ်တယ်လို့ သိရပါတယ်။ဒီနေ့ သြဂုတ်လ ၃၁ရက်မနက်၈နာရီမှာကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာပါဝင်လာတဲ့ကိုဗစ်၁၉ အတည်ပြုလူနာအမှတ် (၇၇၆) ကမင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ Air Thanlwin လေကြောင်းလိုင်းဝန်ထမ်းအိမ်ရာမှာ နေထိုင်ပြီးယင်းလေကြောင်းလိုင်းရဲ့ကုန်တင် ကုန်ချဝန်ထမ်း ဖြစ်တယ်လို့ သိရပါတယ်

စစ်တွေမြို့ကို ခရီးသွားရာဇဝင်ရှိသူဖြစ်ပြီး သြဂုတ်လ ၁၂ရက်နေ့က ရန်ကုန်ကိုပြန်လည်ရောက်ရှိလာကာ ၂၇ရက်နေ့အထိ ပုံမှန်အလုပ်ဆင်းနေဆဲဖြစ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

“သူက Air Thanlwin လေကြောင်းရဲ့ ကုန်တင်ကုန်ချဝန်ထမ်းပေါ့ ။စစ်တွေက ၁၂ရက်နေ့ကပြန်လာတယ်။ ၂၇ရက်နေ့အထိအလုပ်ဆင်းတယ်ပေါ့။ပြီးမှအလုပ်ကခွင့်ပေးပြီးနေအိမ်ကွာရန်တင်းနေထိုင်ရတယ်။ကျန်းမာရေးလည်းကောင်းတယ်ဘာလက္ခဏာမှတော့ မရှိဘူး။ဒါပေမဲ့ဆေးစစ်ချက်ယူလိုက်တော့ positive တွေ့တာဖြစ်ပါတယ်’လို့မင်္ဂလာဒုံမြို့နယ်၊ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ်ဦးထွန်းထွန်းဝင်းက Duwun ကိုပြောပါတယ် ။

လူနာအမှတ်(၇၇၆) မှာ မိသားစုဝင်လေးဦးရှိပြီး ဇနီးနဲ့ အသက် ၁၈နှစ် ၊ ၁၃နှစ် ၊၇ နှစ်အရွယ် ကလေးသုံးဦးဖြစ်ပါတယ် ။လက်ရှိမှာတော့ပိုးတွေ့လူနာကိုတောင်ဥက္ကလာပဆေးရုံကြီးကိုပို့ဆောင်လိုက်ပြီဖြစ်ပြီးမိသားစုဝင်လေးဦးကိုတော့ နေ အိမ်မှာပဲအသွားအလာကန့်သတ်ထားရှိပြီးဆေးစစ်ချက်ယူသွားမယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက Duwun ကိုပြောပါတယ်။

ယနေ့မနက်တွေ့ရှိတဲ့ လူနာ ၁၂ ဦးရှိပြီး ရန်ကုန် ၁ ဦးနဲ့ ရခိုင် ၁၁ ဦးတို့ဖြစ်ပါတယ်။ကျောက်ဖြူ မြို့မှာ ပိုးတွေ့ရှိသူ ၃ ဦးက အတည်ပြုလူနာများနဲ့ ထိတွေ့မှုရှိကြသူများဖြစ်ပြီး ရန်ကုန်တစ်ဦးနဲ့ ပုဏ္ဏားကျွန်းက ၄ ဦးမှာ ၁၄ ရက်အတွင်း ရခိုင်ပြည်နယ်အတွင်းသို့သွားလာခဲ့တဲ့ ခရီး သွားရာဇဝင်ရှိသူများဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Credit DUWUN

သြဂုတ်လ ၃၁ ရက်‌နေ့ အသက်(၂၉) နှစ်ပြည့် မွေးနေ့မှာရင်ထဲက ခံစားချက်တွေကို ပြောပြလာတဲ့ နီနီခင်ဇော်

သြဂုတ်လ ၃၁ ရက်‌နေ့ အသက်(၂၉) နှစ်ပြည့် မွေးနေ့မှာရင်ထဲက ခံစားချက်တွေကို ပြောပြလာတဲ့ နီနီခင်ဇော်

ဒီနေ့ကတော့ သူမရဲ့ မွေးနေ့ဖြစ်ပါတယ်။နီနီခင်ဇော်ကတော့သူမရဲ့ အသက်(၂၉) နှစ်ပြည့်မွေးနေ့လေးမှာရင်ထဲက ခံစားချက်တချို့ကိုအခုလိုပြောပြလာပါတယ်။

ပရိသတ်အခိုင်အမာရရှိပြီးဂီတလောကမှာအောင်မြင်မှုရရှိထားတဲ့အဆိုတော် နီနီခင်ဇော်ကတော့ဒီနေ့ (သြဂုတ်လ ၃၁ ရက်)မှာအသက်(၂၉) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။သူမဟာအားငယ်နေတဲ့ အချိန်တိုင်းအားပေးနိုင်ဖို့ကိုယ်ကိုယ်တိုင်သာ ရှိနေခဲ့တယ်လို့ဆိုလာပါတယ်။

” Happy 29th Birthday ကျွန်မအားငယ်နေတိုင်းကိုယ်ကိုကိုယ့်ထွေးပွေ့ထားနိုင်ဖို့ ကျွန်မမှာလက်အစုံရှိခဲ့တယ်။လဲကျတဲ့အချိန်တိုင်းပြန်ထဖို့ ခြေအစုံပိုင်ဆိုင်ထားတယ်။အခက်အခဲတွေကိုရင်ဆိုင်နိုင်ဖို့ အဆင်ပြေသွားမှာပါဆိုတဲ့အားပေးစကားပြောပေးဖို့ကိုယ်ကိုယ်တိုင်ရှိခဲ့တယ်။ဟိုးတိမ်လွှာတွေအထိပျံသန်းနိုင်ဖို့ ပရိသတ်ခွန်အားတွေနဲ့တစတစစီပြုလုပ်ထားတဲ့အတောင်အစုံရှိခဲ့တယ်။ “ကိုယ့်အတွက်ကိုယ်ကိုယ်တိုင်ရှိတယ်” (ယနေ့အချိန်အထိကောင်းရာတွေကို သင်ပြပေးခဲ့တဲ့တည့်မတ်ပေးခဲ့တဲ့မိဘ ၊ဆရာသမား ၊သူငယ်ချင်းများ၊ပရိသတ်များကိုကျေး ဇူးတင်လျှက်)” ဆိုပြီးတော့ သြဂုတ်လ (၃၁) ရက်နေ့ မနက် ၈ နာရီက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

နီနီခင်ဇော်ကတော့ ဒီနေ့မှာကျရောက်တဲ့ မွေးနေ့ အမှတ်တရလေးအဖြစ် “HOPE” ဆိုတဲ့သီချင်းလေးကို သူမရဲ့ Ni Ni Khin Zaw Youtube Channel မှာ ပရိသတ်တွေနားထောင်လို့ရအောင် မိတ်ဆက်ပေးထားတယ်လို့သိရပါတယ်။ ဒီသီချင်းဟာ နီနီခင်ဇော်အတွက် ဘဝဖြတ်သန်းမှုတွေအကြောင်းကို ထည့်သွင်း သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ်လို့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြောပြခဲ့ဖူးပါတယ်။

နီနီခင်ဇော်ဟာ ၂၀၂၀ ခုနှစ် သြဂုတ်လ(၁၃) ရက်နေ့မှာတော့ ဂီတသက်တမ်း (၁၂) နှစ်ပြည့်ခဲ့ပါပြီ။သူမကတော့ Melody World 2008 ခုနှစ် သီချင်းဆို ပြိုင်ပွဲကနေ တဆင့် မြန်မာပြည်ရဲ့ဂီတလောကတွင် ထင်ရှားလာပြီး နိုင်ငံတကာထိထင်ရှားကျော်ကြားသောဂီတပညာ ရှင်တစ်ဦးအဖြစ် Best in Music ဆိုတဲ့ ခေါင်းစဉ်အောက်က Myanmar’s Pride Award 2019 ဆုကိုလည်း နီနီခင်ဇော်က ရရှိပိုင်ဆိုင်ခဲ့ပါတယ်။သူမဟာဂီတနဲ့ ပတ်သက်ပြီးပြည်တွင်းမှာရရှိထားတဲ့ ဆုတွေနဲ့ ပြည်ပကချီးမြှင့်ထားတဲ့ ဆုတွေ အပါအဝင်ဆုစုစုပေါင်း (၁၃) ဆု ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။

ဂီတဘက်မှာထူးချွန်ပေမယ့်သရုပ် ဆောင်အလုပ်ကိုလည်းဝါသနာပါသူဖြစ်တာကြောင့် “အိပ်မက်ကာရန်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နီနီခင်ဇော် ကအကယ်ဒမီနေတိုးအတူပါဝင်သရုပ် ဆောင်ထားပါသေးတယ်။ဒီဇာတ်ကားဟာသူမကိုယ်တိုင် ရေးထားတဲ့ ဇာတ် လမ်းလေးဖြစ်တယ်လို့လည်း Duwun ကို ဖြေဆိုခဲ့ဖူးပါတယ်။ နီနီခlင်ဇော်ဟာ အချစ်သီချင်းပေါင်းများစွာနဲ့ အောင်မြင်ခဲ့တဲ့အဆိုတော် တစ်ဦးဖြစ်သလို ‘’ဂယ်ဘဲ ဂယ်ဘဲ’’၊ ‘’Super Red’’ ၊ ‘’U’’ စတဲ့ အခွေတွေ ထွက်ရှိပြီး အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ပါ။သူမက Covid ကာလမှာလည်း ပရဟိတအလှူအတွက်အွန်လိုင်းပေါ်ကနေ ဂီတဖျော်ဖြေပွဲ လုပ်ခဲ့ပါသေးတယ်။

Credit DUWUN