ဒီနေ့မှာတော့ ညီမတို့ ကိုတင်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲတွေစတင် ပေါ်ပေါက်လာချိန်ကတည်းက ဒီနေ့အထိကြည့်ရှုနှုန်းအမြင့်ဆုံး ရုပ်သံဇာတ်လမ်းတွဲလေးတွေအကြောင်း ပဲဖြစ်ပါတယ်။

၁၀။ Hotel Del Luna (2019)
IU နဲ့မင်းသား Yeo Jin Goo တို့ပါဝင်သရုပ်ဆောင်ထားပြီး သဘာဝလွန်ဇာတ်လမ်းဇာတ်အိမ်နဲ့ IU ရဲ့ ဖက်ရှင်တွေဟာ ဒီစီးရီးရဲ့ဆွဲဆောင်မှုပဲ ဖြစ်ပါတယ်။ ကြည့်ရှုနှုန်း ၈.၉% နဲ့ ကြည့်ရှုနှုန်းအမြင့်ဆုံး အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။

၉။ 100 Days My Prince (2018)
EXO အဖွဲ့ဝင် D.O. နဲ့ မင်းသမီး Nam Ji Hyun တို့ပါဝင်ထားတဲ့ ရှေးခေတ်နောက်ခံ အချစ်ဇာတ်လမ်းတွဲပါ။ tvN ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့ပြီး လူကြီးလူငယ်အကုန်ကြိုက်နှစ်သက်တာမို့ ကြည့်ရှုနှုန်းကတော့ ၉% ကျော်ခဲ့ပါတယ်။

၈။ Hospital Playlist (2020)
မကြာသေးမီကမှ ထွက်ရှိခဲ့ပြီး ဆရာဝန်သူငယ်ချင်းတစ်စုရဲ့ကြားက သံယောဇဉ် အချစ်နဲ့ဘဝကို သဘာဝကျကျရိုက်ကူးထားတာမို့ ကြည့်ရှုနှုန်း ၉.၉% နဲ့ ထုတ်လွှင့်ပြသပြီးမကြာခင်မှာပဲ ဒီစာရင်းထဲကို ဝင်လာခဲ့ပါတယ်။

၇။ Itaewon Class (2020)
နာမည်ကြီး webtoon ကိုပြန်လည်အသက်သွင်းခဲ့တဲ့အပြင် မင်းသား Park Seo Joon နဲ့ မင်းသမီး Kim Dami ပါဝင်ခဲ့ပြီး ဇာတ်လမ်းအတော်လေးကောင်းတာကြောင့် ကြည့်ရှုနှုန်း ၁၁.၈% တောင် ရခဲ့ပြီး အရမ်းအောင်မြင်ခဲ့တာပါ။

၆။ Crash Landing on You (2019)
မြောက်ကိုရီးယားဗိုလ်ကြီးနဲ့ တောင်ပိုင်းကသူဌေးမမတို့ရဲ့ အချစ်ဇာတ်လမ်းလေးကတော့ rating ၁၂.၂% ရရှိခဲ့ပါတယ်။ ထိပ်တန်းမင်းသားနဲ့ မင်းသမီးရဲ့ တွဲဖက်မှုအစွမ်းကတော့ အံ့မခန်းလို့သာ ဆိုရတော့မှာပါ။

၅။ Reply 1988 (2015)
၁၉၈၈ ခုနှစ်က သူငယ်ချင်း မိသားစုကြားက သံယောဇဉ်တွေကို လွမ်းမောဖွယ် ပြန်ပြောင်းရိုက်ကူးထားပြီး ရသမျိုးစုံခံစားစေရမယ့် ဒီဇာတ်လမ်းတွဲကတော့ ကြည့်ရှုနှုန်း ၁၂.၄% နဲ့ နံပါတ် ၅ နေရာမှာရပ်တည်နေပါတယ်။

၄။ Sky Castle (2018)
မိသားစုအရှုပ်တော်ပုံတွေနဲ့ အိမ်ထောင်ရှင်မတွေရဲ့ ဘဝကို ဒရမ်မာဆန်ဆန်ရိုက်ကူးထားပြီး ရင်သပ်ရှုမောရမယ့် ဇာတ်လမ်းဇာတ်ကွက်နဲ့ စီးရီးကောင်းတစ်ခုပါ။ ကြည့်ရှုနှုန်းအနေနဲ့ ၁၂.၅% ရှိပြီး အောင်မြင်ခဲ့ပါတယ်။

၃။ Goblin (2016)
အားလုံးနှစ်သက်ကြတဲ့ မှင်စာဦးဦး Gong Yoo နဲ့ သတို့သမီးလေး Kim Go Eun ရဲ့ဇာတ်လမ်းတွဲလေးကတော့ မင်းသားနဲ့မင်းသမီးကြားက chemistry နဲ့ ဇာတ်ညွှန်းကောင်းမွန်မှုကြောင့် rating ၁၂.၉% တောင်ကျော်ခဲ့ပါတယ်။

၂။ Mr.Sunshine (2018)
မင်းသားကြီး Lee Byung Hoon ပါဝင်ပြီး ၁၈၇၁ ခုနစ်က အမေရိကန်ရောက် ကိုရီးယားအစေခံတစ်ဦးရဲ့ဘဝကို နိုင်ငံရေးရှုထောင့်တွေကပါ စေ့စပ်စွာရိုက်ကူးထားတာမို့ တကယ်ကိုကောင်းပြီး ကြည့်ရှုနှုန်း ၁၃% ရခဲ့ပါတယ်။

၁။ The World of the Married (2020)
အိမ်ထောင်ရေးအရှုပ်အရင်းတွေနဲ့ ဖောက်ပြန်မှုတွေ လူ့သဘောသဘာဝတွေကို အပြင်မှာဖြစ်နေသလို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားလို့ အမျိုးသမီးတိုင်း စောင့်ကြည့်ခဲ့ရတာမို့ ကြည့်ရှုနှုန်း ၁၆.၉% နဲ့ သမိုင်းတစ်လျှောက် ကြည့်ရှုနှုန်းအမြင့်ဆုံးပါပဲ။
Source: Summit media
Credit Myanmar Cele Bar page