သွယ်လျကျစ်လစ်လွန်းလှတဲ့ သူမရဲ့ခန္ဓာကိုယ်အလှတရားတွေနဲ့ ညို့ယူဖမ်းစားလိုက်ပြန်တဲ့ အိချောပို
သွယ်လျကျစ်လစ်လွန်းလှတဲ့ သူမရဲ့ခန္ဓာကိုယ်အလှတရားတွေနဲ့ ညို့ယူဖမ်းစားလိုက်ပြန်တဲ့ အိချောပို
ရုပ်ရှင်သရုပ်ဆောင်မင်းသမီးချော အိချောပိုကတော့ပုရိသတွေရဲ့အသည်းကျော်အလှမိမယ်လေးတစ်ဦးဖြစ်ပါတယ်။သူမတူတဲ့ကောက်ကြောင်းအလှတွေကိုပိုင်ဆိုင်ထားတဲ့အိချောပိုကပရိ သတ်တွေကြားမှာသည်းသည်းလှုပ် ရေ ပန်းစားနေတာဖြစ်ပါတယ်။အနုပညာပျိုးခင်းရဲ့စင်တင်မင်းသမီးလေးအဖြစ် အနုပညာလောကိုဝင်ရောက်လာခဲ့တဲ့ အိချောပိုကအခုဆိုရင်ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။
မြင်သူတိုင်းကစွဲမက်ရတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေနဲ့ အိချောပိုက ဘာဝတ်ဝတ်အမြဲထင်ပေါ်လှပနေတာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့သွယ်လျကျစ်လစ်ပြီး ဆွဲဆောင်မှုရှိလွန်းတဲ့သူမရဲ့အမိုက်စားပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာအရမ်းကိုစွဲမက်ဖွယ်ကောင်းအောင်လှပလွန်းနေတာလည်းဖြစ်ပါတယ်။
ဘုရားပေးတဲ့သူမရဲ့ထူးခြားတဲ့အလှက ပရိသတ်တွေအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်စေတဲ့အပြင် ပီပြင်တဲ့သရုပ်ဆောင် အရည်အချင်းကြောင့်ပရိသတ်တွေရဲ့ အားပေးမှုတွေကိုပိုင်ဆိုင်ထားတဲ့သူလေးဖြစ်ပါတယ်။သူမကတော့အနုပညာအလုပ်တွေဆက်တိုက်လုပ်ကာခရီးတွေလည်းထွက်နေတယ်လို့လည်းသိရပါတယ်။ချစ်ပရိတ်သတ်ကြီးတွေအတွက်အိချောပိုရဲ့ပုံလေးတွေကိုကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။
Source & Photo Credit : Ei Chaw Po Facebook Account
၁၅ကြိမ်မြောက် အောင်ဘာလေထီ ကျပ် သိန်း ၁၅၀၀၀ ဆုရှင် ထွက်ပေါ်လာပြီ
နေပြည်တော်ရှိ ဆုလာဘ်ပိုင်းထီဆိုင်မှ (၁၅) ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲကံထူးရှင်အား ရန်ကုန်မြို့နေ ဦးအောင်နေလ+ ဒေါ်ဝေဝေလင်းမှ လက်လုပ်တောင်ဘုရားဖူး၍ ကံစမ်းခဲ့သော ထီလက်မှတ်မှ ကံထူးခဲ့တာဖြစ်ပါတယ်။
ဘာသာအကျိုး သာသနာအကျိုး ပိုပြီးသယ်ပိုးနိုင်ပါစေခင်ဗျာယခုလို ကပ်ဘေးကျနေတဲ့အချိန်မှာ အလှူအတန်းများစွာ လုပ်ဆောင်နိုင်ပါစေ။မိသားစုနဲ့အတူထပ်တူဝမ်းသာပါတယ်။MON
Source – ထီပေါက်စဉ်
Zawgyi
Source – ထီပေါက်စဉ်
ကြီးပွားချမ်းသာချင်ရင် နေ့စဉ်ပြုလုပ်သင့်တဲ့ ကုသိုလ် (အာစိဏ္ဏကံကုသိုလ်)
ကြီးပွားချမ်းသာချင်ရင် နေ့စဉ်ပြုလုပ်သင့်တဲ့ ကုသိုလ် (အာစိဏ္ဏကံကုသိုလ်)
ဘုရားရှိခိုးဖြစ် ရဲ့လား။သောက်တော်ရေ ရောနေ့စဉ်ကပ်ဖြစ် ရဲ့လား။ဘုရားပန်းလည်း အပတ်စဉ်လှူဖြစ်ရဲ့လား။ အဲ့လို့ နေ့စဉ်လုပ်ရင်ကုသိုလ်ကို စွဲသွားတာလို့ ခေါ်တယ်။မကြာခင်ကြီးပွါး တော့မယ့် လက္ခဏာပဲ။
သေချာမှတ်ထားလောကမှာအကုသိုလ်ကိုစွဲသွားတဲ့ လူရယ်၊ကုသိုလ်ကို စွဲသွားတဲ့လူရယ်လို့လူနှစ်မျိုးရှိတယ် ။လူတစ်ယောက်ဟာအကုသိုလ်ဘက်မှာစွဲသွားပြီ ဆိုရင်အဲဒီလူဟာမကြာခင်မွဲသွားတတ်တော့တာပဲ။
တွေ့ဖူးတယ်မလား၊အရက်သေစာ သောက်စားမှုကိုစွဲသွားတဲ့သူတွေ၊မကောင်းတဲ့နေရာတွေမှာစွဲလမ်းသွားတဲ့ သူတွေကိုလေ။အဲ့သလိုလူမျိုးတွေဟာ မကြာခင်မွဲသွားတတ်တယ်။ငါတို့ ဒေသအခေါ်ကျတော့အဲ့ဒါမျိုးကိုကင်းပွန်း သင့်တယ်လို့ခေါ်တာပေါ့ကွာ။
ကုသိုလ်ဘက်မှာစွဲသွားတဲ့လူတွေကြတော့မကြာမတင်မှာပဲချမ်းသာ လာတတ်တယ်ကွ။
နေ့စဉ် ပြုနေကျသောက်တော်ရေကပ်၊ ဘုရားရှိခိုး၊မေတ္တာပို့၊အမျှဝေတာလောက်မှမလုပ်ရရင်တစ်ခုခုလိုနေသလို တွေ့လာပြီဆိုရင်အဲဒါမျိုးကိုကုသိုလ်ကို စွဲသွားတာလို့ ခေါ် တယ် ။
အဲ့သလိုဖြစ်လာပြီဆိုရင် စိတ်သာချပေတော့ကွ၊မကြာခင်ကြီးပွါးချမ်းသာတော့မယ်။ဘာကြောင့်လဲဆိုတော့ကုသိုလ်ကို စွဲသွားလို့ပဲ။စွဲသွားတဲ့အခါကျတော့ ကုသိုလ်ကောင်းမှုဆိုတာနေ့စ ဉ်ပြုဖြစ် လာတော့တာပဲ။
အဲ့ဒါမျိုးကိုအာစိဏ္ဏကံကုသိုလ်လို့ ခေါ်တယ်။
သေချာမှတ်ထားနော်၊အာစိဏ္ဏ ကံကုသိုလ်ဆိုတာနေ့စဉ်၊ အပတ်စဉ်၊ လစဉ် ဆိုသလို အချိန်မှန်မှန်ပြုတဲ့ကုသိုလ်မျိုးကိုဆိုလိုတယ်။အချိန်မှန်မှန်ပြုတယ်ဆိုရင်
#ပဋ္ဌာန်းလိုအာသေဝနပစ္စည်း တပ်တော့တာပဲကွ။ (အာသေဝနဆိုတာ အထပ်ထပ်အခါခါပြုတာမျိုးကို ပြောတာပဲ)
ဓားသွေးသလို ပေါ့ကွာ။အချိန်မှန်မှန်၊ အထပ်ထပ်အခါခါသွေးဖန်များတော့၊ ဓားဟာထက်လာရသလိုပဲ၊ကုသိုလ်ကောင်းမှုဆိုတာလည်းအချိန်မှန်မှန် အထပ်ထပ်အဖန်ဖန်ပြုဖန်များတော့ ထက်မြက်လာတော့တာပဲကွ။
အလုပ်ကိုလည်းကြိုးစားပြီးလုပ်သလို၊ သောက်တော်ရေကပ်၊ဘုရားရှိခိုး၊ မေတ္တာပို့၊အမျှဝေတဲ့အခြေခံကုသိုလ် အလုပ်တွေကိုလည်းစွဲသွားသည်အထိ ကြိုးစားပြီးတော့လုပ်ကွာ။မကြာခင် ကြီးပွားချမ်းသာလာပါလိမ့်မယ်။
အရှင်ဝိသာရဒ (ရမ္မာဝတီ)တရားတော်မှ / အီ သာ
စီးပွားတက်မည့် အိမ်တစ်အိမ်ဖြစ်ဖို့ ရှောင်ရမည့် အချက်များ
စီးပွားတက်မည့် အိမ်တစ်အိမ်ဖြစ်ဖို့ ရှောင်ရမည့် အချက်များ
အိမ်တစ်အိမ်မှာအမြဲလာဘ်ပွင့်အိမ်အေးချမ်းနေအောင် ဒါတွေလုပ်ပါ ဝါတွင်းကာလရောက်ပြီဖြစ်လို့ကုသိုလ်ရေး ပိုလုပ်သင့်ပါပြီ
(1) ဘုရားပန်း နှင့် သောက်တော်ရေ ဆွမ်း ဆီမီး အမြဲကပ်ပါ။ဘုရားပန်း မနွမ်းပါစေနဲ့။ ဘုရားပန်းအိုးထဲမှရေများ မပူပါစေနဲ့။ သောက် တော်ရေကို သတိရတိုင်းကပ်ပါ။
(2)ဘုရားရှိခိုးလျင်အိမ်စောင့်နတ် ခြံစောင့်နတ်အိမ်ဝန်းအတွင်းမှီတင်းစောင့်ရှောက်နေထိုင်ကြသော နတ်မြတ်နတ်ကောင်းများမြင်အပ်မမြင်အပ် သတ္တဝါများအားလုံးကိုမေတ္တာပို့ အမျှဝေပါ
(3)အလွန်ကံညံ့ ံလာဘ်ပိတ်နေလျင် ညသန်းခေါင် ပရိတ်ရွတ်ပါ။ည 12နာရီနောက်ပိုင်းသည် lနတ်မြတ်နတ်ကောင်းများလူ့ပြည်သို့လှည့်လည် ကြည့်ရှုချိန်ဖြစ်၍ညဘက်ပရိတ်ရွတ်ဖတ်ဆုတောင်းလျင်ပို၍ဆုတောင်းပြည့်စေပါတယ်။
(4)အိမ်မှာအဟောင်းအစုတ်တွေ မထားပါနဲ့။အချိူ့အိမ်တွေမှာနှမြောပြီးထားတတ်ကြတာတွေ ရှိပါတယ်။ပုလင်းကွဲတွေဒန်အိုးပေါက်တွေအဝတ်အစားစုတ်တွေ ဘယ်လိုမှ သုံးမရတာတွေ လွှတ်ပစ်လိုက်ပါ။အိမ်မှာလိုအပ်တာတွေသာအဓိက ထားပါ။
(5)အိမ်ကိုတံမြက်စည်းလှည်းလျင် နံနက်လှည်းလျင်အိမ်ရှေ့မှအိမ်နောက်သို့လှည်းပါ။ညနေနှင့်ညဘက် လှည်းလျင် အိမ်နောက်မှအိမ်ရှေ့သို့လှည်းပါ။
(6) မီးဖိုချောင်တွင် ဆန်နှင့်ဆီကို အပြတ်မခံပါနဲ့ ။မကုန်မီကြိုတင်၍ ဝယ်ပါ။
(7) အိမ်ရှိ လှေကားများကျိူးပျက်နေသည်ကို ပြုပြင်ပါ။လှေကားများ ကျိူးပျက်နေခြင်းကလာဘ်တိတ်စေသလို မကောင်းသောအန္တရာယ်များကို ဖိတ်ခေါ်စေပါတယ်။
ဖတ်မိခဲ့သော စာစု့များ
အရှင်သူရိယ
Credit
(7) အိမ်ရှိ လှေကားများကျိုးပျက်နေသည်ကို ပြုပြင်ပါ။လှေကားများ ကျိုးပျက်နေခြင်းကလာဘ်တိတ်စေသလို မကောင်းသောအန္တရာယ်များကို ဖိတ်ခေါ်စေပါတယ်။
အရှင်သူရိယ
ဘွဲ့ယူခဲ့တဲ့အချိန်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ အမှတ် တရတွေကို ပြောပြလာတဲ့ ညီညီမောင်
ဘွဲ့ယူခဲ့တဲ့အချိန်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ အမှတ် တရတွေကို ပြောပြလာတဲ့ ညီညီမောင်
မြန်မာနိုင်ငံမှာအောင်မြင်မှုတွေရရှိထားတဲ့မိတ်ကပ်ပညာရှင်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပြီးအချိန်အတော်ကြာကြာမိတ်ကပ်ပညာရှင်တစ်ဦးအဖြစ် ရပ်တည်ခဲ့တဲ့မိတ်ကပ်ညီညီမောင် (စမ်းချောင်း)ဟာယခုနောက်ပိုင်းမှာတော့သုသုအဖြစ်ရုပ်ရှင်ကားကြီးတွေပါ ရိုက်ကူးလာခဲ့ပါတယ်။သူကအောင်မြင်မှုတွေမတိုင်ခင်တက္ကသိုလ်ကျောင်းသားဘဝကအမှတ်တရတွေကိုပြောပြလာခဲ့ပါတယ်။
သူပြောပြခဲ့တာကတော့ ”ကျွန်တော် ဘဝ ကျမ အကြောင်း” လို့ဆိုကာ ခေါင်းစဉ်တက်ပြီး “တက္ကသိုလ်တက်တော့လည်း မိန်းမလိုဝတ်တက်လို့ရတယ်ပြဿ နာ ကဘွဲ့ယူတော့စပြီမိန်းမလိုဝတ်စားဆင် ယင်ပြီးတက်ယူချင်တာဒါနဲ့မေဂျာက ဆရာမကိုယူလိုရလားမေးတော့ငါတာဝန်မယူရဲဘူးပါချုပ်ကိုမေးလိုပြောတော့မေးတာပါနော်ကိုမေဂျာကပါချုပ်ဆရာမကြီးကငါ့ကို ပြသနာမရှာပါနဲ့ ပုံမှန်ဝတ်စားဆင်ရင်ပြီးလာပါဆိုလို့ တသတ်မဝတ်ဖူးတဲ့ယောကျာ်းဝတ်စတိုင်ပန်တော့ဝယ်လိုက်ရတယ်လှချင်တာကို ဖိနပ် ကတော့အကိုရူးဖိနပ်ငှားစီးတာ”
” နောက်လဲမစီးမဲ့အတူတူပိုက်ဆံကုန်လို့ဝယ်မနေတော့ဘူးဆံပင်ကလည်း ရှည်နေတော့အနောက်မှာအထုံးနဲ့ဖွတ်ပြီး ဦးထုပ်စွပ်ချပလိုက်တယ်အရှေ့ဆံပင် ကို အဲ့ချိန်ကစမြိတ်ညုပ်ထားတော့ ဘေးနှစ်ခွဲ ကကြီးလေးလိုအမောက်လိုလုပ်ပြီးရအောင်တော့ငါမိန်းမလျာလှပတယ် ဆိုတာလုပ်လိုက်သေးတာမိုးလေးတဖျောက်နှစ်ဖျောက်ရှာလိုက်တော့ အရှေ့ဆံပင်လည်း ပုံပျက် အချောင် လိုက်လေးတွေဖြစ် ဂွမ်းသွားတာပေါ့”
“ဘွဲ့ ယူ တဲ့ခန်းမထုံးစံအရ ပထမဆုံးတက်ယူတဲ့ကျောင်းသားရယ် နောက်ဆုံးတက်ယူတဲ့ကျောင်းသားရယ်ပဲ လက် ခုပ်တီးကြရတာ သု တက်ယူတဲ့ အချိန်က သုံးပုံ နှစ်ပုံလောက်ပြီးတော့ပေါ့ ကိုယ်လည်း လှလှလေးလျောက်ပေါ့ဆရာမ က ကိုယ် နာမည်လည်းခေါ်ရော လက်ခုပ်တွေတီးပြီးမွှေလိုက်ကျတာအောက်က သူငယ်ချင်းတွေခန်းမတခုလုံး သော သောညံ ကိုယ်လဲရှက်ကိုးရှက်ကန်းနဲ့ ပါချုပ် လက်ထဲ ကဘွဲ့လက်မှတ်ကြီးအတင်းယူဆင်းပြောမိပါရော ဓါတ်ပုံတောင်သူများတွေယူသလိုမျက်နှာလေးလှည့် ပြီးလှလှပပမရိုက်လိုက်ရပါဘူးအဲ့ဒါကတော့တကယ်အမှတ်တရ ပါပဲခန်းမထဲဘွဲ့ယူတဲသူကများအချိန်ကကြာတော့ပါလာတဲ့မုန့်တွေ နေကြာစိတွေစားအရှေ့ကသူငယ်ချင်းရဲ့ဘွဲ့ စံလွယ် အိတ်ထဲထည့်နောက်ခဲကြတာလဲပျော်ခဲ့ရပါတယ် ”
” ဘွဲ့ယူပြီးပြန်လာတော့ ဓါတ်ပုံဆိုင်သွားတော့မှစပြီမိသားစုဓါတ်ပုံရိုက်တော့ ဆုံးသွားပြီဖြစ်တဲ့အမေကြီးကိုသတိရလိုငို တစ်မိသားစုလိုမပြုံးနိုင်တော့ဘူးစိတ်မကောင်းဖြစ်ကျတာဒီမိန်းမလျာပညာတက်ဖြစ်ဖို့ဈေးရောင်းဆိုင်ဖွင့်သူမြင်ချင်တဲ့ဘွဲ့ဝတ်စုံဝတ်ဘွဲ့ရတဲ့နေသူမမပါတော့ဘူးလောကကြီးကဘယ်လောက်မတရားလဲ အိမ်ထောင်ကျပြီးကလေးမွေးပြီး ၁နှစ် နဲ့ ကိုးလအကြာမှာယောကျာ်းဆုံး မုဆိုးမ ၂၆နှစ်မှာဖြစ်တဲ့အမေကလေးတယောက်လက်စွဲသားသမီးမျက်နှာမငယ်ရအောင်နောက်အိမ်ထောင်မပြုပဲ တယောက်ထဲ မိခင်လိုရောဖခင်လိုရော အလုပ်တွေလုပ်တဲ့ဒဏ်တွေသူမအတွက်ပိပြီလေဆီးချိုရောဂါတွေဝင်နေမကောင်းလူလောကကနေအသက်၄၆နှစ်မှာအရှုံးပေးထွက်ခွာသွားရပါပြီသူမ အပင်ပန်းခံ ခဲ့တဲ့ပြန်လုပ်ကျွေးရမဲ့ အချိန် အိမ်ဦးခန်းမိန့်မိန့်ကြီးထိုင်စားရမယ် အချိန်အမေကမရှိရှာတော့ဘူးလောက ကြီးကတရားမျှတမှုရှိရဲ့လား ”
” ဘွဲ့ကိုလွယ်လွယ်ရခဲ့တာမဟုတ်ပါဘူး အဝေးသင်ဆိုတော့ တပတ်၂ရက် အနီးကပ်၁၀ပတ်တက်ရတယ်လေ ပြဿ နာကစနေတနင်္ဂနွေ ဆိုတာ မင်္ဂလာ ဆောင်ဘွဲ့ ပြင်ရတာလေ အဲ့ချိန်ခါက အမေ (မိတ်ကပ်အောင်အောင်တောင်ကြီး)ဆိုင်များ တရက် ဘွဲ့ ၁၂၀ မင်္ဂ လာဆောင်က ပွဲ၄၀လောက်ရှိတာ ကြွားပြောတာမဟုတ်ပါဘူးအဲ့ထက်များတယ် ပြင်ဘူးသူတွေသိပါတယ် ။ကျမကသူများ ပိုက်ဆံအလကားမလိုချင်ဘူးလေမနက် ၃နာရီဆိုင်အရောက်သွားစပြင်မနက် ၇.၃၀ ဆိုပန်းဆိုတန်းကသန်လျင်ကားဂိတ်ကနေလိုင်းကားနဲ့ တာဝကျောင်းတက်ညနေ ၃နာရီ ပြီးတာနဲ့တန်းပြန် ဘားလမ်းကဆိုင်ဝင်ညနေ ဒင်နာ wedding လိုက်ပြင်တာလိုက် ဝတ်စုံလဲပွဲတွေ ပွဲဆင်းည ၁၀နာရီလောက်မှ အိမ်ရောက်နောက်နေ့မနက်၃နာရီပြန်ထ ဆိုင်ပြန်သွားအဲလိုနဲ့ ၃နှစ်တာ တက္ကသိုလ်တက်တဲ့အချိန်အမေမညိုညင်ပဲ ပညာ ရေးတက်ရမှာပေါ့ခွင့်ပြုလို့ဘွဲ့ ရခဲ့တာပါ ပြီးတော့မလတ် မနန္ဒာ ကရူတင် ရှိလဲ မနက်ပိုင်းပြင်ပြီးကောင်းတက်ခွင့်ပေးလို့ ဘွဲ့ တခု ရခဲ့တာပါ ”
” ဘွဲ့ ယူပြီးအိမ်ပြန် ဒါပုံတွေ ဘာတွေရိုက်ပြီးတော့ဒုတိယအမေလိုကြည့်ရူစောင့်ရှောက်အလုပ်ပေးထမင်းကျွေးခဲတဲ့ယနေ့ထက်တိုင်မိဘလိုညီအမလိုစောင့်ရှောက်ပေးတဲ့အမေပေါက် (ပေါက်ပေါက် စမ်းချောင်း)နဲ့ အမှတ်တရ ဓါတ်ပုံတွဲရိုက် ကန်တော့ တုံးစံအတိုင်းမျက်ရည် လွယ်တော့ငိုပေါ့ ဓါတ်ပုံသာကြည့်လိုက်တော့မျက်နာမှာဖြစ်နေတဲ့ပုံကို နောက်တယောက်ကတော့အချစ်ဆုံး ၁၀တန်းထဲကသူငယ်ချင်းဖြိုးဝေလင်းဘွဲ့ယူတာအစဆုံးအောက်ခြေသိမ်းကစလိုက်လုပ်ပေးယနေ့ထက်တိုင်အနွံတာခံတဲ့ အချစ်ဆုံးသူငယ်ချင်းပါဘဝရဲ့အရေးကြီးတဲ့ခွဲစိတ်မှုတိုင်းမှာလဲဘန်ကောက်ထိကိုယ်ထမင်းကိုယ်စားကိုယ်လေယာဉ်စရိတ်နဲ့လိုက်စောင့် ရှောက်ပေးတဲ့သူငယ်ချင်းရေ အရမ်းချစ်တယ်နော်”
“မိန်းမလျာတယောက်ဟာ B.Sc Botany ဘွဲ့ကိုရအောင်ယူနိုင်ခဲ့ပါပြီဒါပေမဲ့ မုဆိုးမဘဝနဲ့ပခုံးထမ်းတင်ဘွဲ့ရအောင်နောက် ကွယ်ကနေပညာသင်ပေးကျောင်းစရိတ်အကုန်ကျခံကျွေးမွေးခဲ့တဲ့ပညာတက်ကြီးအရမ်းဖြစ်စေချင်တဲ့ မုဆိုးမအမေကြီးကတော့ဒီမြင်ကွင်းဒီခံစားချက်တွေကိုမမြင်နိုင်ခဲ့ပါဘူးဒုတိယနှစ်မှာဆုံးသွားခဲ့ပါပြီအမေအဲ့နေကကျမနဲ့ကျန်ခဲ့မိ သားစုလေးကိုကောင်းကင်ဘုံကနေကြည့်ပြီးပျော်နေမယ်လို့ကျမယုံ ကြည်ပါတယ်” လို့ ဆိုကာရေးသားခဲ့ပါတယ်။
သုသု lကိုချစ်တဲ့ပရိသတ်ကြီးအနေနဲ့ သူ့ရဲ့ပျော်စရာတွေရော စိတ်မကောင်းဖြစ်စရာတွေရောသိလိုက်ရတဲ့အတွက်သုသုကို အားပေးစကားတွေပြောပေးလိုက်ကြပါအုံးနော်။ဖတ်ရှု့ပေးကြတဲ့ပရိသတ်အပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
Credit May(cele connection TV)
Source – nyi nyi mg’sfb
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီ
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီ
၁။ (၁-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်း၌ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၂၀၈) ခုကို စစ်ဆေးပြီးစီးခဲ့ရာ –
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦး တွေ့ရှိခဲ့ပါသည်။
၂။ သို့ဖြစ်ပါ၍ (၁-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်အထိ မြန် မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၅၁) ဦး တွေ့ရှိခဲ့ပြီဖြစ်ပါသည်။
၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) အနေဖြင့် ထိုသို့ စောင့်ကြည့်လူနာနှင့် အသွား အလာကန့်သတ်ထားရှိသူများ၏ ဓာတ်ခွဲနမူနာများအပြင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများအားလည်း ရယူကာ ပိုးကင်းစင်လာမှု အခြေအနေအား စစ်ဆေးလျက်ရှိပါသည်။