လက်ရှိ ကိုယ့်ဘဝကို အားမရလို့ စိတ် ကုန်နေတဲ့ အခါ ဒီပို့ကိုဖတ်ကြည့်လိုက် ပါ။
ကိုယ့်ဘဝကိုယ် ချစ်ခင်လာဖို့ နည်းလမ်း (၁၀) ခု
သူတို့ဘဝကိုသူတို့မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။သူတို့ဟာသူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။
အကယ်၍သင်လည်းအဲလိုပဲဖြစ်ခဲ့မယ်ဆိုရင်သင်ဟာ- ချမ်းသာမှ၊အောင်မြင်မှ၊မိတ်ဆွေအပေါင်းအသင်းတွေအများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ပြီးပြည့်စုံတဲ့ မိသားစုရှိမှပျော်ရွှင်မယ်ဆိုတဲ့လူတွေထဲကတစ်ယောက်ဖြစ်နေပါလိမ့်မယ်။
စိတ်မကောင်းစရာပါပဲ။အဲလိုဆိုရင်တော့ မှားနေပါပြီ။နောက်တစ်ကြိမ် “ ငါ့ဘဝကိုငါမုန်းတယ် ”လို့ပြောတဲ့အခါသင့်ကိုယ်သင်မေးကြည့်ပါဦး။ဒါဆိုငါသေရင်ပိုကောင်းမလား-လို့။
ဒီစကားကကြမ်းတမ်းချင်ကြမ်းတမ်းလိမ့်မယ်။ဒါပေမဲ့တွေးရုံလေးပဲတွေးကြည့်လိုက်ပါသင်အသက်ရှင်နေသမျှ သင်ဟာပျော်ရွှင်နိုင်ပါတယ်။ပြီးတော့ဘဝကိုပိုကောင်းအောင်လုပ်နိုင်တဲ့ အခွင့်အရေးလည်းအမြဲတမ်းရှိပါတယ်။
ဟောဒီမှာ နည်းလမ်း(၁၀)ခု-
၁။ ဘဝရဲ့ကောင်းတဲ့အရာတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ
ဘဝနဲ့ပတ်သက်လို့ကောင်းတဲ့အရာတွေကိုတစ်ခုမှမစဉ်းစားနိုင်ဘူးဆိုရင်တော့ သင့်မှာအဆိုးမြင်အတွေးတွေရှိနေဆဲပဲ။ အဲဒီအတွေးတွေကိုထွက်သွားခွင့် ပေး လိုက်ပါ။သင့်ဘဝရဲ့ဘယ်အရာတွေကို သင်တကယ်မြတ်နိုးသလဲ?
၂။ မကျေမနပ်မဖြစ်ပါနဲ့
ဘဝကိုသင်မချစ်ဘူးဆိုရင်တောင်မှ အဲဒါကိုတစ်ချိန်လုံးပြောနေဖို့မလိုပါဘူး။ သင့်ဘဝကိုသင်မချစ်ဘူးလို့ပြောလေလေ၊ အဲဒီအနှုတ်လက္ခဏာအတွေးတွေကပိုအားကောင်းလာလေလေပါပဲ။
၃။ သင့်ရဲ့ဘဝကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
သင့်ရဲ့ဘဝဟာတခြားတစ်ယောက် ယောက်ရဲ့ဘဝနဲ့ဘယ်တော့မှတစ်သမတ်တည်းမတူနိုင်ပါဘူး။ကိုယ်မတတ်နိုင်တဲ့အဝတ်အစားဝတ်တဲ့သူတွေ၊ ကိုယ်မစီးနိုင်တဲ့ကားစီးတဲ့သူတွေ၊ကိုယ်မနေနိုင်တဲ့အိမ်မျိုးမှာနေသူတွေကတော့ ကိုယ့်အနားမှာအမြဲတမ်းရှိနေမှာပါပဲ။
ဒါကိုကျင့်သားရအောင်လုပ်ပါ။နေသားကျသွားပြီဆိုရင်တော့ဘာမှပြဿနာမရှိတော့ပါဘူး။တခြားတစ်ယောက်ယောက်ရဲ့အောင် မြင်မှုကိုသင့်ကိုယ်ပိုင်အောင်မြင်မှုရရှိဖို့အတွက်တွန်းအားတစ်ခုအဖြစ်အသုံးချနိုင်ပါတယ်။ဒါပေမဲ့ သင့်မှာမရှိတဲ့အရာတွေအတွက်တော့ ဘယ်တော့မှစိတ်မကောင်းမဖြစ်ပါနဲ့။
၄။ သင်တကယ် ချစ်မြတ်နိုးတဲ့ အရာတွေကို ပိုလုပ်ပါ။
သင့်ကိုပျော်ရွှင်စေမယ့်အလုပ်တစ်ခုခုကိုအနည်းဆုံးတစ်ခုလောက်ဖြစ်ဖြစ်နေ့တိုင်းလုပ်ပါ။
၅။ ဘဝဟာအမြဲတမ်းပြောင်းလဲနေတယ်ဆိုတာအသိအမှတ်ပြုပါ။
သင့်မှာအလုပ်ကောင်းကောင်းမရလို့၊ဒါမှမဟုတ်ငွေရေးကြေးရေးကသင်မျှော်မှန်းထားသလေက်အဆင်မပြေလို့ စိတ်ဓာတ်ကျနေတယ်ဆိုရင်သင့်ရဲ့ လက်ရှိအခြေအနေဟာအခြေအနေတစ်ခုမျှသာဖြစ်တယ်လို့လက်ခံပါ။အရာအားလုံးဟာပြောင်းလဲကြပါတယ်။
၆။ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းပါ။
သင်အမြဲပေါင်းသင်းနေတဲ့သူတွေနဲ့ပတ်သက်လို့ဂရုစိုက်ပါ။ပျော်ရွှင်တဲ့သူတွေ၊အကောင်းမြင်တတ်သူတွေနဲ့ပေါင်းသင်းမယ်ဆိုရင်သင်လည်းပိုပြီးပျော်ရွှင်လာပါလိမ့်မယ်။အကယ်၍သင့်အပေါင်း အသင်းတွေဟာအဆိုးမြင်တတ်သူတွေဖြစ်နေမယ်ဆိုရင်တော့အဲဒီအတွေးတွေဟာသင့်ကိုလည်းလွှမ်းမိုးလာနိုင်တယ်ဆိုတာဂရုပြုပါ။
၇။ အခြားသူတွေကို ကူညီပါ
အခြားသူတွေကိုများများကူညီလေ၊ သင့်ရဲ့ဘဝနဲ့ပတ်သက်လို့ ညည်းတွားနေဖို့အချိန်မရလေပါပဲ။ဒါတင်မကပါဘူး၊ လူတွေကိုကူညီခြင်းကသင့်ကိုတကယ်ပဲ ပျော်ရွှင်စေနိုင်ပါတယ်။
၈။ TV သိပ်မကြည့်ပါနဲ့။
ကြော်ငြာတွေရဲ့အလုပ်က – သင့်ဘဝဟာမပြည့်စုံဘူး၊ဒါပေမဲ့အဲဒါကို ကောင်း မွန်အောင်ပြုလုပ်နိုင်တယ်၊အဲလိုပြုလုပ်ဖို့သူတို့ရဲ့နောက်ဆုံးပေါ် အဝတ်အစားတွေ၊အသုံးအဆောင်တွေ၊ကားတွေကိုဝယ်ရမယ်လို့သင့်ကိုပြောဖို့ပါပဲ။အဲဒီအလိမ် အညာတွေကိုလက်မခံမိပါစေနဲ့။
၉။ သေးငယ်တဲ့ အရာလေးတွေအပေါ်မှာ တန်ဖိုးထားတတ်လာပါစေ။
ဘဘာဝလောကကြီးကိုအသေအချာကြည့်ဖူးပါသလား။မိုး ကောင်းကင် ၊တိရစ္တာန်လေးတွေ၊အပင်တွေနဲ့ မြစ်ချောင်းတွေ။ဒါတွေဟာတကယ်ကိုလှပပါတယ်။အဲဒါတွေကိုရှာဖွေကြည့်ပါ။ပြီးတော့ ဘဝကိုသူ့အရှိအတိုင်းချစ်မြတ်နိုးတတ်အောင်သင်ယူပါ။
၁၀။ ဘဝရဲ့သာယာပျော်ရွှင်မှုတွေ၊ အခွင့်အရေးတွေကို ရယူပါ။
အခုသင့်မှာအခွင့်အရေးရှိပါသေးတယ်- ဘဝရဲ့ကောင်းတဲ့အရာတွေကိုရှာဖွေပါ၊ ပျော်ရွှင်ပါ၊ပြီးတော့ဘဝကိုချစ်မြတ်နိုးပါ။
Credit
Zawgyi
ကိုယ့္ဘဝကိုယ္ ခ်စ္ခင္လာဖို႔ နည္းလမ္း (၁၀) ခု
သူတို႔ဘဝကိုသူတို႔မုန္းတယ္ဆိုတဲ့လူေတြ ရွိပါတယ္။သူတို႔ဟာသူတို႔မွာရွိေနတဲ့အရာေတြနဲ႕ မေပ်ာ္႐ႊင္နိုင္ၾကပါဘူး။
အကယ္၍သင္လည္းအဲလိုပဲျဖစ္ခဲ့မယ္ဆိုရင္သင္ဟာ- ခ်မ္းသာမွ၊ေအာင္ျမင္မွ၊ မိတ္ေဆြအေပါင္းအသင္းေတြအမ်ားႀကီးရမွ၊ နာမည္ေက်ာ္ၾကားမွ၊ၿပီးျပည့္စုံတဲ့ မိသားစုရွိမွေပ်ာ္႐ႊင္မယ္ဆိုတဲ့လူေတြထဲကတစ္ေယာက္ျဖစ္ေနပါလိမ့္မယ္။
စိတ္မေကာင္းစရာပါပဲ။အဲလိုဆိုရင္ေတာ့ မွားေနပါၿပီ။ေနာက္တစ္ႀကိမ္ “ငါ့ဘဝကိုငါမုန္းတယ္ ” လို႔ေျပာတဲ့အခါသင့္ကိုယ္သင္ေမးၾကည့္ပါဦး။ဒါဆိုငါေသရင္ပိုေကာင္းမလား-လို႔။
ဒီစကားကၾကမ္းတမ္းခ်င္ၾကမ္းတမ္းလိမ့္မယ္။ဒါေပမဲ့ေတြး႐ုံေလးပဲေတြးၾကည့္လိုက္ပါသင္အသက္ရွင္ေနသမွ် သင္ဟာေပ်ာ္႐ႊင္နိုင္ပါတယ္။ၿပီးေတာ့ ဘဝကိုပိုေကာင္းေအာင္လုပ္နိုင္တဲ့ အခြင့္အေရးလည္းအၿမဲတမ္းရွိပါတယ္။
ေဟာဒီမွာ နည္းလမ္း(၁၀)ခု-
၁။ ဘဝရဲ႕ေကာင္းတဲ့အရာေတြအေပၚမွာ အာ႐ုံစိုက္လိုက္ပါ
ဘဝနဲ႕ပတ္သက္လို႔ေကာင္းတဲ့အရာေတြကိုတစ္ခုမွမစဥ္းစားနိုင္ဘူးဆိုရင္ေတာ့ သင့္မွာအဆိုးျမင္အေတြးေတြရွိေနဆဲပဲ။ အဲဒီအေတြးေတြကိုထြက္သြားခြင့္ ေပး လိုက္ပါ။သင့္ဘဝရဲ႕ဘယ္အရာေတြကို သင္တကယ္ျမတ္နိုးသလဲ?
၂။ မေက်မနပ္မျဖစ္ပါနဲ႕
ဘဝကိုသင္မခ်စ္ဘူးဆိုရင္ေတာင္မွ အဲဒါကိုတစ္ခ်ိန္လုံးေျပာေနဖို႔မလိုပါဘူး။သင့္ဘဝကိုသင္မခ်စ္ဘူးလို႔ေျပာေလေလ၊ အဲဒီအႏႈတ္လကၡဏာအေတြးေတြကပိုအားေကာင္းလာေလေလပါပဲ။
၃။ သင့္ရဲ႕ဘဝကို အျခားသူေတြနဲ႕ မႏွိုင္းယွဥ္ပါနဲ႕
သင့္ရဲ႕ဘဝဟာတျခားတစ္ေယာက္ ေယာက္ရဲ႕ဘဝနဲ႕ဘယ္ေတာ့မွတစ္သမတ္တည္းမတူနိုင္ပါဘူး။ကိုယ္မတတ္နိုင္တဲ့အဝတ္အစားဝတ္တဲ့သူေတြ၊ကိုယ္မစီးနိုင္တဲ့ကားစီးတဲ့သူေတြ၊ကိုယ္မေနနိုင္တဲ့အိမ္မ်ိဳးမွာေနသူေတြကေတာ့ ကိုယ့္အနားမွာအၿမဲတမ္းရွိေနမွာပါပဲ။
ဒါကိုက်င့္သားရေအာင္လုပ္ပါ။ေနသားက်သြားၿပီဆိုရင္ေတာ့ဘာမွ ျပ ႆနာမရွိေတာ့ပါဘူး။တျခားတစ္ ေယာက္ေယာက္ရဲ႕ေအာင္ျမင္မႈကိုသင့္ကိုယ္ပိုင္ ေအာင္ျမင္မႈရရွိဖို႔အတြက္တြန္းအားတစ္ခုအျဖစ္အသုံးခ်နိဳင္ပါတယ္။ဒါေပမဲ့ သင့္မွာမရွိတဲ့အရာေတြအတြက္ေတာ့ ဘယ္ ေတာ့မွစိတ္မေကာင္းမျဖစ္ပါနဲ႕။
၄။ သင္တကယ္ ခ်စ္ျမတ္နိုးတဲ့ အရာေတြကို ပိုလုပ္ပါ။
သင့္ကိုေပ်ာ္႐ႊင္ေစမယ့္အလုပ္တစ္ခုခုကို အနည္းဆုံးတစ္ခုေလာက္ျဖစ္ျဖစ္ ေန႕တိုင္းလုပ္ပါ။
၅။ ဘဝဟာအၿမဲတမ္းေျပာင္းလဲေနတယ္ဆိုတာအသိအမွတ္ျပဳပါ။
သင့္မွာအလုပ္ေကာင္းေကာင္းမရလို႔၊ဒါမွမဟုတ္ေငြေရးေၾကးေရးကသင္ေမွ်ာ္မွန္းထားသေလက္အဆင္မေျပလို႔ စိတ္ဓာတ္က်ေနတယ္ဆိုရင္သင့္ရဲ႕ လက္ရွိအေျခအေနဟာအေျခအေနတစ္ခုမွ်သာျဖစ္တယ္လို႔လက္ခံပါ။အရာအားလုံးဟာေျပာင္းလဲၾကပါတယ္။
၆။ အေကာင္းျမင္တတ္သူေတြနဲ႕ ေပါင္းသင္းပါ။
သင္အၿမဲေပါင္းသင္းေနတဲ့သူေတြနဲ႕ ပတ္သက္လို႔ဂ႐ုစိုက္ပါ။ေပ်ာ္႐ႊင္တဲ့သူေတြ၊အေကာင္းျမင္တတ္သူေတြနဲ႕ ေပါင္းသင္းမယ္ဆိုရင္သင္လည္းပိုၿပီးေပ်ာ္႐ႊင္လာပါလိမ့္မယ္။အကယ္၍သင့္အေပါင္းအသင္းေတြဟာအဆိုးျမင္တတ္သူေတြျဖစ္ေနမယ္ဆိုရင္ေတာ့အဲဒီအေတြးေတြဟာသင့္ကိုလည္းလႊမ္းမိုးလာနိုင္တယ္ဆိုတာဂ႐ုျပဳပါ။
၇။ အျခားသူေတြကို ကူညီပါ
အျခားသူေတြကိုမ်ားမ်ားကူညီေလ၊ သင့္ရဲ႕ဘဝနဲ႕ပတ္သက္လို႔ ညည္းတြားေနဖို႔ အခ်ိန္မရေလပါပဲ။ဒါတင္မကပါဘူး၊ လူေတြကိုကူညီျခင္းကသင့္ကိုတကယ္ပဲ ေပ်ာ္႐ႊင္ေစနိုင္ပါတယ္။
၈။ TV သိပ္မၾကည့္ပါနဲ႕။
ေၾကာ္ျငာေတြရဲ႕အလုပ္က – သင့္ဘဝဟာမျပည့္စုံဘူး၊ဒါေပမဲ့အဲဒါကို ေကာင္း မြန္ေအာင္ျပဳလုပ္နိုင္တယ္၊အဲလိုျပဳလုပ္ဖို႔သူတို႔ရဲ႕ေနာက္ဆုံးေပၚ အဝတ္အစားေတြ၊အသုံးအေဆာင္ေတြ၊ကားေတြကိုဝယ္ရမယ္လို႔သင့္ကိုေျပာဖို႔ပါပဲ။အဲဒီအလိမ္ အညာေတြကိုလက္မခံမိပါေစနဲ႕။
၉။ ေသးငယ္တဲ့ အရာေလးေတြအေပၚမွာ တန္ဖိုးထားတတ္လာပါေစ။
ဘဘာဝေလာကႀကီးကိုအေသအခ်ာ ၾကည့္ဖူးပါသလား။မိုးေကာင္းကင္ ၊တိရစၱာန္ေလးေတြ၊အပင္ေတြနဲ႕ ျမစ္ေခ်ာင္းေတြ။ဒါေတြဟာတကယ္ကိုလွပပါတယ္။ အဲဒါေတြကိုရွာေဖြၾကည့္ပါ။ၿပီးေတာ့ ဘဝကိုသူ႕အရွိအတိုင္းခ်စ္ျမတ္နိုးတတ္ေအာင္သင္ယူပါ။
၁၀။ ဘဝရဲ႕သာယာေပ်ာ္႐ႊင္မႈေတြ၊ အခြင့္အေရးေတြကို ရယူပါ။
အခုသင့္မွာအခြင့္အေရးရွိပါေသးတယ္- ဘဝရဲ႕ေကာင္းတဲ့အရာေတြကိုရွာေဖြပါ၊ ေပ်ာ္႐ႊင္ပါ၊ၿပီးေတာ့ဘဝကိုခ်စ္ျမတ္နိုးပါ။
Credit