လူနာအမှတ်၂၅ မှ မင်္ဂလာပွဲလာတက်မှုနှင့် ဆက်နွယ်ပြီး လက်ရှိ Quarantine လုပ်ခံရသူ ၁၆၆ ဦး ရှိလာ
လူနာအမှတ်၂၅ မှမင်္ဂလာပွဲလာတက်မှုနှင့်ဆက်နွယ်ပြီးလက်ရှိ Quarantine လုပ်ခံရသူ ၁၆၆ ဦး ရှိလာ COVID 19 လူနာအမှတ်၂၅ မှမင်္ဂလာပွဲလာတက်မှုနှင့်ဆက်နွယ်ပြီးလက်ရှိ Quarantine လုပ်ခံရသူ ၁၆၆ ဦး ရှိသွားပါပြီ။လူစုလူဝေး မလုပ်ရလို့ နိုင်ငံတော်ကကြေငြာထားတော့ခန်းမကြီးမှာ
မင်္ဂလာမဆောင်ရလို့အိမ်မှာပဲလူလေးနည်းနည်းနှင့်မင်္ဂလာဆောင်လိုက်ပါတယ်တဲ့။COVID 19 လူနာအမှတ် ၂၅ က ရန်ကုန်ကနေ ၂၃.၃.၂၀၂၀ မှာရန်ကုန်ကနေ ၅၈ ဦးပါ လေယာဉ်စီးပြီးမြိတ်ကိုရောက်လာတယ်အိမ်တော်ဖြူဟိုတယ်မှာ တစ်ညတည်းပြီး ၂၄ ရက်နေ့မှာမင်္ဂလာပွဲတက်တယ်။၂၅.၃.၂၀၂၀ မှာ
မြိတ်ကနေရန်ကုန်ကိုလေယာဉ်နှင့် ပြန် သွားပါတယ်။COVID 19 လူနာအမှတ်၂၅ ဟာ ၂.၄.၂၀၂၀ စဖျားပါတယ်။ ၉.၄.၂၀၂၀ မှာ ရန်ကုန်ဆေးရုံကြီးရောက်ပါတယ်။COVID 19 လူနာအမှတ် ၂၅တက်ရောက်တဲ့ အကျည်းချုပ်လုပ်ပါတယ်ဆိုတဲ့ မင်္ဂလာပွဲမှာ လူ ၅၀ထက်မနည်းတက်ရောက်ခဲ့တယ်
လို့ သိရပါတယ်။အခုမင်္ဂလာပွဲ လုပ်တဲ့ရက်ဟာ မြန်မာပြည်မှာ လူနာစတွေ့ပြီးရန်ကုန်မှာညအချိန် အိုးနှင်းခွက်နှင်း ဖြစ်တဲ့နေ့ပါ။ကုတင်ပေါ်မှာ တက်ထပ်မဲ့ ကိစ္စနှစ်ဦးသဘောတူဖို့ဘဲ့လိုတယ်မဟုတ်လားဒီလိုအချိန်မှာဂုဏ်တွေနှင့် မင်္ဂလာပွဲလုပ်မှတက်ထပ်လို့ရမယ်လို့ စိတ်ကြီးဝင်နေတဲ့အသိုင်းဝိုင်းကို
တော်တော်ကိုရွှံသွားတယ်။အခုဒီမင်္ဂလာပွဲ မွေလိုက်တာ COVID 19 လူနာအမှတ် ၂၅ တည်းခိုသွားတဲ့ ဟိုတယ်တခုတည်းနှင့်သာပတ်သက်မှုရှိတဲ့ ဝန်ထမ်းတွေ ရဲ မိသားစု လက်ရှိ Quarantine လုပ်ခံရသူ ၁၆၆ ဦး ရှိသွားပါပြီ ။လက်ရှိ Quarantineလုပ်ခံရသူ ၁၆၆ ဦးကို မနေ့ညတညလုံး
ကားလေတွေလိုက်ရှာခေါ် နေပြီး Quarantine လုပ်မည့် အဆောင်ဦးကိုပို့ နေတဲ့ LIVE လွှင့်နေတာ ကြည့်လိုက်ရတာ။လမ်းတောင်ကောင်းကောင်း မလျောက်နိုင်တဲ့သက်ကြီးရွှယ်အိုတွေ ဟိုင်လပ်အရွှယ်စားလောက်သာရှိတဲ့ ကားပေါ်တောင်မတက်နိုင်တဲ့ အသက်ကြီးရွှယ်အိုတွေ ကလေးလေးတွေပါ
Quarantine လုပ်ခံရသူ ၁၆၆ ဦး ထဲမှာပါနေတာ မြင်ရတော့ ရင်ထဲဆို့တက်ပြီးဘာမှတောင်ဆက်မတွေးရဲတော့ဘူး။ အခုဒီဂျိုမွေတဲ့မင်္ဂလာပွဲကြောင့် လက်ရှိ Quarantine လုပ်ခံရမဲ့ ၁၆၆ ဦးထဲကဝန်ထမ်းဘယ်နှဦးစီးပွားရေးဒုက္ခနှင့် ရင်ဆိုင်ရပြီး ဒီထဲမှာမတော်လို့ ပါလာခဲ့ရင်သွားပြီပေါ့။
ဒါ COVID 19 လူနာအမှတ် ၂၅ တည်းခိုသွားတဲ့ဟိုတယ် တခုရဲ့ Case ပဲရှိပါသေးတယ်။မင်္ဂလာပွဲ Case ဆက်နွယ်မှုတွေ မလာသေးပါဘူး။COVID 19 လူနာအမှတ် ၂၅ စီးနှင်းခဲ့တဲ့ အသွားအပြန်လေယာဉ်ကဆက်နွယ်မှုမလာသေးပါဘူး။ဒီကြားထဲ COVID 19လူနာအမှတ် ၂၅ ဟာ
မြိတ်ကိုရောက်ခိုက်ကုန်တိုက်တွေ သွားခဲ့တယ်လို့အတည်မပြု နိင်တဲ့ သတင်းလဲ ရထားတယ်။အခုမင်္ဂလာပွဲ Case ကြောင့်အေးချမ်းတဲ့မြိတ်မြို့ကြီး အခုပူပန်သောကတွေနှင့်တစ်ယောက်ကိုယ်တစ်ယောက်ရောဂါသံသယ မျက်လုံးတွေ နှင့်ကြည့်ပြီးကြောက်စိတ်တွေနှင့်နေထိုင်ရပါတော့မယ်။ဒါဟာကံတရား မဟုတ်ဘူးတကမ္ဘာလုံးကပ်ဘေးဆိုက်နေတာ သိသိကြီးနှင့် ဖင်ယားတဲ့အမှုကို ခွင့်လွှတ်လို့မရဘူး။ Credit – ဧပရယ်မောင်မောင် (April Maung Maung)