ရာစ်ဘီချိုင်မတ်ဇ် (Rabbi Chaim Mertz) ကိုရိုနာဗိုင်းရပ်စ် ကြောင့်သေဆုံးသွားတယ်။သူကထင်ရှားကျော်ကြားတဲ့ ရဗ္ဗိတစ်ယောက်ပေါ့..။ Hasidic ဩသဒေါက်စ်ဘာသာရေးခေါင်းဆောင်ဖြစ်တယ်။
ဘာသာရေးခေါင်းဆောင် သေဆုံးတော့ နယူးယောက်မြို့တော်ဝန်က တားထားတဲ့ကြားက ခေါင်းမာတဲ့ ဘာသာရေးဝင်တွေ ဟာ ထောင်နဲ့ချီပြီး အသုဘအတွက် စုရုံးကုန်ကြတယ်..။ များသောအားဖြင့် ဆယ်ကျော်သက်တွေတဲ့..။
ဒါဟာဂျူးလူမျိုးတွေရဲ့ အသုဘရိုးရာဓလေ့ထုံးစံမို့ ဖြစ်တယ်..။မနေ့က (ဗုဒ္ဓဟူးနေ့)မှာ မြို့တော်ဝန် Bill De Blasio de ကလည်း ဗိုင်းရပ်စ်ပျံ့ကုန်မှာစိုးလို့ ဂျူးအသုဘအခမ်းအနားကို ဖျက်သိမ်းဖို့လုပ်တယ် ။
နယူးယောက်ရဲ (NYPD) ကော်မရှင်နာ Dermot Shea ကလည်း“ သူတို့တတွေ ကျုပ်တို့ ရဲတွေကိုပါအန္တရာယ်ပေးနေတာ။ ဒီကိစ္စကို ကျနော်တို့က ဘယ်လိုမှ ခွင့်မပြုနိုင်ဘူး”
ထောင်ပေါင်းများစွာသောလူတွေကို ရဲတွေက အုပ်စုခွဲလိုက်တယ်။ဒီလို ကြီးမားတဲ့ ဂျူးအသုဘအခမ်းအနားကို မြို့တော်ဝန်က ဖျက်သိမ်းတော့ ပြဿနာတွေတက်ကုန်တယ်..။
နယူးယောက်နေ့စဉ်သတင်းထဲ အဲဒီဓာတ်ပုံတွေပါလာတယ်။ Twitter မှာစာတွေရေးကြ၊ ဝေဖန်ကြပေါ့..။ ဂျူးတွေကလည်း သူတို့ အသုဘဆက်လုပ်ဖို့ ပြင်းပြင်းထန်ထန်ခုခံကာကွယ်တယ်။
ဒါဟာ “ မိုက်မဲ ကြမ်းတမ်းသောချစ်ခြင်းမေတ္တာ လို့ပြောရမလား၊ ဒီစုရုံးမှုကနေ ရလာမယ့် အန္တရာယ်ပမာဏက ခန့်မှန်းတွက်ချက်လို့တောင်မရပါဘူး” ဟု မြို့တော်ဝင် ဒီဘလာစီယိုကပြောတယ်။
ဒီလိုဆက်ပြီး ခေါင်းမာနေရင် ကံမကောင်းအကြောင်းမလှစွာပဲ လူတွေထပ်ပြီး သေကြရတော့မယ်။နယူးယောက်မှာ လူပေါင်း ၈.၅ သန်းနေထိုင်ကြတယ်။ အဲဒီထဲမှာ ၁.၁ သန်းသည်ဂျူးလူမျိုးတွေဖြစ်တယ်။
အဲဒီထဲမှာမှ ဂျူး လူမျိုး ၇၂၀၀၀ ဟာ နယူးယောက်၊ ဘရွတ်ကလင်၊ ဝီလျံစဘတ်မှာနေကြတာ။ အသုဘအခန်းအနားက ဝီလျံစဘတ် မှာပေါ့။
အခုဆို COVID-19 ရောဂါဟာ အမေရိကန်ပြည်သူ တစ်သန်းကျော်ကို ကူးစက်နေပြီ..။ နယူယောက်မြို့မှာပဲ ၃ သိန်းကျော်နေပြီဖြစ်တယ်။
ဒါပေမဲ့ ဂျူးလူမျိုးတွေက နယူးယောက်က ဘရွတ်ကလင်လမ်းတွေပေါ်မှ ပခုံးချင်းယှဉ်ရပ်၊ အော်ငိုကြွေးမြည်တမ်းနေခဲ့ကြ..။
COVID-19 ရောဂါ ကာကွယ်ဖို့ စည်းမျဉ်းတွေဟာ..
နိုင်ငံရေး မဟုတ်ပါ။ လူမျိုးရေးခွဲခြားတာမဟုတ်၊
ဘာသာရေးဆန့်ကျင်တာလည်းမဟုတ်၊ကျန်းမာရေးမို့ အားလုံး လိုက်နာသင့်တဲ့ စည်းမျည်းတွေဖြစ်ပါတယ်။
ကိုယ့်နိုင်ငံမဟုတ်လို့၊ ကိုယ်ယုံကြည်တဲ့ ဘာသာရေးမဟုတ်လို့၊ ကိုယ့်လူမျိုးမဟုတ်လို့ လျစ်လျှူရှုလို့လည်းမရ၊ တရုတ်က စခဲ့ပေမဲ့ တစ်ကမ္ဘာလုံး ပျံ့ခဲ့ပြီမဟုတ်လား..။ ဒါ တစ်ကမ္ဘာလုံး စည်းလုံးမှ အောင်နိုင်မယ့်အရေး..။
Credit မရွှေမိုး (ကိုရီးယား) April 30th,2020.
(Zawgyi font)
ကိုဗစ်-၁၉ကြောင့်သေဆုံးခဲ့တဲ့ဂျူးလူမျိုးဘာသာရေးခေါင်းဆောင်ရဲ့ဈာပနမှာ လူစုလူဝေးဖြစ်ပေါ်ခဲ့
ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့၊ နယူးယောက်၊ဘရွတ်ကလင်းမြို့
References
De Blasio defends ‘tough love’ after breaking up large Jewish funeral crowd
By DAVE GOLDINER
NEW YORK DAILY NEWS
APR 29, 2020 | 4:25 PM