တစ်ခေတ်တစ်ခါက မြန်မာပြည်ဘောလုံးလောကရဲ့ ထူးချွန်ပြောင်မြောက်တဲ့ ခြေစွမ်းပိုင်ရှင် ဦးမျိုးလှိုင်ဝင်း အကြောင်း

တစ်ခေတ်တစ်ခါက မြန်မာပြည်ဘောလုံးလောကရဲ့ ထူးချွန်ပြောင်မြောက်တဲ့ ခြေစွမ်းပိုင်ရှင် ဦးမျိုးလှိုင်ဝင်း အကြောင်း

တစ်ချိန်တစ်ခါက ဘောလုံးဝါသနာရှင် ပရိတ်သတ်တွေရဲ့ အသည်းစွဲ ဖြစ်တဲ့ မြန်မာဘောလုံးအသင်းရဲ့ တိုက်စစ်မှူး မျိုးလှိုင်ဝင်းဆိုတာတကယ်ကို နာမည်ကြီး အားကစားသမားတစ်ဦးဖြစ်ပါတယ်၊။သူဟာ သူ့ခေတ်မှာအရှေ့တောင်အာရှ ရဲ့ကြောက်စရာကောင်းဆုံး တိုက်စစ်မှူးလို့တောင် နိုင်ငံခြားမီဒီယာတွေက ရေးသားခြင်းခံရတဲ့အထိ ဘောလုံးအားကစားမှာ ထူးချွန်ပြောင်မြောက်သူတစ်ဦးဖြစ်ပါတယ်။

(၁၉၉၅) ခုနှစ်ဝန်းကျင် က ဦးမျိုးလှိုင်ဝင်း ဟာ တကယ်ကို ပရိတ်သတ်များအကြားရေပန်းစားခဲ့သူတစ်ဦးဖြစ်ပြီး ထိုခေတ်က မြန်မာနိုင်ငံမှာ မင်းသားတွေထက်တောင် တစ်တိုင်းပြည်လုံးကကြိုက်ကြချစ်ကြတဲ့ အားကစားသမားတစ်ဦးဖြစ်ပါတယ်။(၁၉၉၀ -၂၀၂၀) အတွင်း မြန်မာနိုင်ငံထဲမှာ ထိုခေတ်ကလူကြိုက်အများဆုံး မြန်မာ တိုက်စစ်မှူး ဖြစ်ခဲ့ပါတယ်။

သူဟာ သန်းတိုးအောင်နဲ့အတူ တွဲဘက်ကစားကာ မြန်မာဘောလုံးလောကမှာ စတင်ထင်ရှားလာခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဦးမျိုးလှိုင်ဝင်းဟာ အသက် (၂၀)အရွယ် ဖြစ်တဲ့ (၁၉၉၃)ခုနှစ် မှာတင်ပဲ ဆီးဂိမ်းပြိုင်ပွဲမှာဝင်ကစားခဲ့ပြီး ထို ပြိုင်ပွဲမှာထိုင်းအသင်းနဲ့ကစားခဲ့တဲ့ ဖိုင်နယ်ပွဲစဉ်မှာတော့ သွင်းဂိုး (၂) ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ထိုင်းအသင်းကို အရှုံးပေးခဲ့ရပါတယ်။ ဒါပေမယ့် ထိုပြိုင်ပွဲမှာတော့ ဦးမျိုးလှိုင်ဝင်း ဟာသွင်းဂိုး (၈) ဂိုးနဲ့အတူ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်ခဲ့ပါတယ်။

ဦးမျိုးလှိုင်ဝင်းဟာ တိုက်စစ်လမ်း ကြောင်းသွားရာနေရာလွတ်တွေမှာ နေရာယူကာ ကစားတက်တဲ့ ကစားဟန်မျိုးဖြစ်ပါတယ်။ ပြိုင်ဘက်ခံစစ်လူတွေကပ်ရခက်တဲ့ပုံစံကစားပြီး နောက်တန်းတွေကြားထဲသူကပြေးမဝင်ပဲဘောလုံးလက်ခံရယူဖို့လွယ်တဲ့ နေရာ လွတ်တွေကနေသာ နေရာယူတတ်တာကြောင့် ဂိုးသွင်းကောင်းပြီးထိန်းချုပ်ရခက်ခဲတဲ့တိုက်စစ်မှူးလို့ သတ်မှတ်ကြတာဖြစ်ပါတယ်။

ပြည်ပနိုင်ငံ တွေအထိ သွားရောက်ကာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို က စားခဲ့ဖူးခဲ့သူတစ်ဦးဖြစ်ပါတယ်။ (၁၉၈၉) ခုနှစ်ကနေ (၂၀၀၅) ခုနှစ်အထိမြန်မာ့လက်ရွေးစင်အသင်းတွက် (၁၆) နှစ်ကြာ ကစားခဲ့ပြီး လက်ရှိအချိန်အထိ သွင်းဂိုးအများဆုံးသွင်းယူထားတဲ့မြန်မာ့လက်ရွေးစင် ကစား သမား တစ်ဦးလဲဖြစ်ပါတယ်။ ဦးမျိုးလှိုင်ဝင်းဟာ (၂၀၀၅) ခုနှစ်မှာတော့ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။

ဦးမျိုးလှိုင်ဝင်းဟာ သူရဲ့ခေတ်တခုမှာတော့မြန်မာဘောလုံးလောကနဲ့အရှေ့ တောင်အာရှအတွင်းမှာပါထိပ်တန်းတိုက်စစ်မှူးအဖြစ်ရပ်တည်နိုင်ခဲ့တဲ့ ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။

Credit Myanmar load

ဆိုးရှားအား လျော်ကြေးပေးပြီး ထုတ်ပယ်ရန် ဆုံးဖြတ် လိုက်ကြပြီ

မန်ယူသည် စနေနေ့ညက ဝတ်ဖို့ဒ်အား အဝေးကွင်းတွင် ၄-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် ဘုတ်အဖွဲ့ အရေးပေါ် အစည်းအဝေး ပြုလုပ်ပြီးနောက် ဆိုးရှားအား ရာထူးမှ ထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။ဝတ်ဖို့ကဲ့သို့သောအသင်းအား အဝေးကွင်းတွင် ရှုံးနိမ့်ပြီးနောက် ဆိုးရှားသည် အဝေးကွင်း လိုက်ပါအားပေးသော မန်ယူပရိသတ်ရှေ့တွင် တောင်းပန်စကားများ ပြောဆိုခဲ့သော်လည်း ပရိသတ်များက ၎င်းအား လှောင်ပြောင်ခဲ့ကြသည်။

ဆိုးရှားသည် ယခုအခါ မမျှော်လင့်သော ဂိုးပြတ်အရှုံးပွဲကြောင့် ရာထူးမှ ထုတ်ပယ်ခံရရန် သေချာသွားပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာတစ်စောင်က ဖော်ပြသည်။အရေးပေါ်အစည်းအဝေး ခေါ်ခြင်းသည် ဆိုးရှားအား ရာထူးမှ ထုတ်ပယ်ရန်အတွက်ဖြစ်ကြောင်း အဆိုပါမီဒီယာက ဖော်ပြပြီး မန်ယူအသင်း၏ ခြေစွမ်းကျဆင်းနေမှုများမှာလည်း ရပ်တန့်မည့် အရိပ်အယောင် မရှိသေးချေ။

ဆိုးရှား၏နေရာတွင် ဒါရန်ဖလက်ချာကို ယာယီမန်နေဂျာအဖြစ် ခန့်အပ်ပြီးနောက် အမြဲတမ်းမန်နေဂျာတစ်ဦးကို ရှာဖွေသွားမည်ဟု သတင်းများ ထွက်ပေါ်လာသည်။ဂလေဇာမိသားစုက ကလပ်အသင်း၏ လက်ရှိဖြစ်ပေါ်နေသည့် ခြေစွမ်းနှင့်ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးခေါ်ပြီးနောက် ဆိုးရှားအား မန်နေဂျာအဖြစ် ဆက်ထားသင့်သလားဟု စည်းဝေးခဲ့ကြောင်း၊အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း ဆိုးရှားနှင့်လမ်းခွဲရန် ဆုံးဖြတ်ခဲ့ကြောင်း တိုင်းမ်သတင်းစာက ဖော်ပြသည်။

ဝတ်ဖို့ကို ဂိုးပြတ်ရှုံးပြီးနောက် အချိန်နှစ်နာရီအတွင်း အရေးပေါ်အစည်းအဝေး ခေါ်ခဲ့ခြင်းဖြစ်ပြီး ထိုအစည်းအဝေးတွင် ဆိုးရှားအတွက် လျော်ကြေးပေးရမည့် ပေါင် ၇.၅ သန်း ကိစ္စကို အဓိကဆွေးနွေးခဲ့သည်။ရီးရဲမက်ဒရစ်နှင့်အတူ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ရရှိထားသော ဇီဒန်းကို ဂလေဇာမိသားစုက နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ၎င်းကိုခေါ်ယူရေး အရှိန်မြှင့် ကြိုးစားသွားမည်ဖြစ်သည်။

ဆိုးရှားကလည်း ၎င်းအနေဖြင့် ရာထူးမှ အထုတ်ခံရမည်ကို ယုံကြည်နေပြီး ကစားသမားများနှင့် ငိုကြွေးနေသော ဝန်ထမ်းများကို နှုတ်ဆက်စကား ပြောဆိုပြီးဖြစ်ကြောင်း ဆန်းသတင်းစာက ဖော်ပြသည်။ဆိုးရှားက လာမည့် ၄၈ နာရီအတွင်း ၎င်းကိုထုတ်ပယ်ကြောင်း အတည်ပြုမည်ဟု ယုံကြည်နေသဖြင့် ယခုကဲ့သို့ ဝတ်ဖို့နှင့်ပွဲ ပြီးလျှင်ပြီးချင်း ကစားသမားများကို နှုတ်ဆက်စကား ပြောဆိုခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသားများသည် ဗီကာရစ်ချ်ရုဒ်တွင် ကြီးမားသည့် အရှုံးပွဲနှင့် ရင်ဆိုင်ရပြီးနောက် ငိုကြွေးခဲ့ကြပြီး ၎င်းတို့ကိုယ်၌ကပင် ဆိုးရှားအထုတ်ခံရမည်ကို ယုံကြည်နေကြောင်း မန်ချက်စတာညနေခင်း သတင်းစာက ဖော်ပြသည်။အသက် ၄၈ နှစ်အရွယ်ရှိ ဆိုးရှားသည် ယခုအခါ မန်ယူအတွက် ၎င်းကိုင်တွယ်သည့် နောက်ဆုံး ၁၃ ပွဲတွင် ၄ ပွဲသာ အနိုင်ရရှိထားသည်။

မန်ယူအကြီးအကဲ ဂျိုးဂလေဇာက ဇီဒန်းကို ခေါ်ယူရေး အရှိန်မြှင့်ကြိုးစားရန် မန်ယူတာဝန်ရှိသူများအား ပြောဆိုခဲ့ကြောင်း တိုင်းမ်သတင်းစာက ဖော်ပြသည်။ ဇီဒန်းသည် မန်ယူအား ရာသီဝက်တွင် တာဝန်မယူလိုဟု ယခင်က သတင်းများ ထွက်ပေါ်ထားသည်။

ဇီဒန်း၏ အမျိုးသမီး ဗယ်ရိုနစ်က မန်ချက်စတာတွင် နေရသည့်ဘဝကို မနှစ်သက်ကြောင်း၊ ဇီဒန်းအား ဘောလုံးလောကမှ ပို၍အချိန်ကြာကြာ အနားယူစေလိုကြောင်း သတင်းများထွက်ပေါ်လာသည်။သို့ရာတွင် ဇီဒန်းနှင့်ရင်းနှီးသော ကစားသမားနှစ်ဦးဖြစ်သည့် ရော်နယ်ဒိုနှင့် ဗာရန်းတို့ မန်ချက်စတာတွင် ရှိနေခြင်းကြောင့် ၎င်းအား စည်းရုံးနိုင်မည်ဟုလည်း မီဒီယာများက သုံးသပ်ဖော်ပြသည်။

Credit

ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ၂ကြိမ်ဆက် လွဲချော်နိုင်ခြေရှိ နေတဲ့ ယူရို၂၀၂၁ ချန်ပီယံ

မြောက်အိုင်ယာလန်ကို သရေသာကစားနိုင်ခဲ့တဲ့နောက် ယူရိုချန်ပီယံအီတလီဟာ ကမ္ဘာ့ဖလားဝင်ပြိုင်ခွင့်ရဖို့အတွက် ပလေးအော့အဆင့်ကို ကစားရဖို့ရှိသွားခဲ့ပါတယ်။ အုပ်စုတွင်းမှာ ဆွစ်ဇာလန်နဲ့ အပြိုင်အဆိုင်ဖြစ်နေပြီး မြောက်အိုင်ယာလန်ကိုသာ အနိုင်ရခဲ့မယ်ဆိုရင် ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပေမယ့် သရေသာကစားနိုင်ခဲ့တာကြောင့် အီတလီတို့ နောက်တဆင့်ကို ကျော်ဖြတ်ရတော့မှာပါ။

ဆွစ်ဇာလန်ကတော့ ဘူဂေးလ်ရီးယားကို ၄ ဂိုးပြတ်အနိုင်ရသွားခဲ့လို့ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။ မန်စီနီအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရတာက အုပ်စုတွင်းမှာ ဆွစ်ဇာလန်ကို ၂ ကျော့စလုံးအနိုင်မရရှိခဲ့မှုပဲဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ကွင်းမှာ ဘူဂေးလ်ရီးယားကို သရေကျခဲ့တာကလည်း နစ်နာခဲ့ရပြီး သူတို့လည်းပဲ ပေါ်တူဂီလို ပလေးအော့အဆင့်ကနေသာ ဝင်ခွင့်ရဖို့ မျှော်လင့်ရတော့မှာဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်လည်း ပလေးအော့အဆင့်မှာ ဆွီဒင်ကို ရှုံးနိမ့်ခဲ့လို့ အီတလီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဝေးကွာခဲ့ရပါတယ်။ အခုလည်း နောက်တစ်ကြိမ် ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ရင်ဆိုင်ရနိုင်တဲ့ အနေအထားကို တွေ့ကြုံလာခဲ့ရတာဖြစ်ပါတယ်။ ပလေးအော့ကစားရမယ့်အသင်းစုစုပေါင်း ၁၀ သင်းအထိ ရှိကာ ပေါ်တူဂီ၊ စကော့တလန်၊ အီတလီ၊ ရုရှား၊ ဆွီဒင်၊ ပိုလန်၊ ဝေးလ်၊ မြောက်မက်ဆီဒိုးနီးယား၊ တူရကီနဲ့ ဖင်လန်တို့ဖြစ်ပါတယ်။

နည်းပြမန်စီနီကတေ့ာ “တကယ်စိတ်ပျက်စရာပါပဲ၊ ဘာလို့လဲဆိုတော့ ဒီပွဲမတိုင်ခင်ကတည်းက ကျွန်တော်တို့တွေ ခြေစစ်ပွဲကို အောင်မြင်ပြီးသားဖြစ်နေခဲ့သင့်တာပါ၊ အခုတော့ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို ပြန်ပြီးရှာဖွေဖို့ပဲ လိုပါတော့တယ်” လို့ စိတ်ပျက်လက်ပျက်နဲ့ပြောဆိုသွားခဲ့ပါတယ်။ “ပလေးအေ့ာအဆင့်အတွက်ကျွန်တော်ယုံကြည်ချက်ရှိပါတယ်၊ ကျွန်တော်တို့တွေ ကမ္ဘာ့ဖလားနောက်ဆုံးအဆင့်ပြိုင်ပွဲကို ဝင်ကစားခွင့်ရပါလိမ့်မယ်” လို့လည်း သူကထပ်မံပြောကြားခဲ့ပါတယ်။

Credit Duwun Sports

Zawgyi

ေျမာက္အိုင္ယာလန္ကို သေရသာကစားႏိုင္ခဲ့တဲ့ေနာက္ ယူ႐ိုခ်န္ပီယံအီတလီဟာ ကမ႓ာ့ဖလားဝင္ၿပိဳင္ခြင့္ရဖို႔အတြက္ ပေလးေအာ့အဆင့္ကို ကစားရဖို႔႐ွိသြားခဲ့ပါတယ္။ အုပ္စုတြင္းမွာ ဆြစ္ဇာလန္နဲ႔ အၿပိဳင္အဆိုင္ျဖစ္ေနၿပီး ေျမာက္အိုင္ယာလန္ကိုသာ အႏိုင္ရခဲ့မယ္ဆိုရင္ ေျခစစ္ပြဲေအာင္ျမင္မွာျဖစ္ေပမယ့္ သေရသာကစားႏိုင္ခဲ့တာေၾကာင့္ အီတလီတို႔ ေနာက္တဆင့္ကို ေက်ာ္ျဖတ္ရေတာ့မွာပါ။

ဆြစ္ဇာလန္ကေတာ့ ဘူေဂးလ္ရီးယားကို ၄ ဂိုးျပတ္အႏိုင္ရသြားခဲ့လို႔ တိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္သြားခဲ့ၿပီျဖစ္ပါတယ္။ မန္စီနီအတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ရတာက အုပ္စုတြင္းမွာ ဆြစ္ဇာလန္ကို ၂ ေက်ာ့စလုံးအႏိုင္မရ႐ွိခဲ့မႈပဲျဖစ္ပါတယ္။ ဒါ့အျပင္ အိမ္ကြင္းမွာ ဘူေဂးလ္ရီးယားကို သေရက်ခဲ့တာကလည္း နစ္နာခဲ့ရၿပီး သူတို႔လည္းပဲ ေပၚတူဂီလို ပေလးေအာ့အဆင့္ကေနသာ ဝင္ခြင့္ရဖို႔ ေမွ်ာ္လင့္ရေတာ့မွာျဖစ္ပါတယ္။

၂၀၁၈ ကမ႓ာ့ဖလားၿပိဳင္ပြဲအတြက္လည္း ပေလးေအာ့အဆင့္မွာ ဆြီဒင္ကို ႐ႈံးနိမ့္ခဲ့လို႔ အီတလီဟာ ကမ႓ာ့ဖလားၿပိဳင္ပြဲနဲ႔ ေဝးကြာခဲ့ရပါတယ္။ အခုလည္း ေနာက္တစ္ႀကိမ္ ဒီလိုအျဖစ္ဆိုးမ်ိဳးနဲ႔ ရင္ဆိုင္ရႏိုင္တဲ့ အေနအထားကို ေတြ႕ၾကဳံလာခဲ့ရတာျဖစ္ပါတယ္။ ပေလးေအာ့ကစားရမယ့္အသင္းစုစုေပါင္း ၁၀ သင္းအထိ ႐ွိကာ ေပၚတူဂီ၊ စေကာ့တလန္၊ အီတလီ၊ ႐ု႐ွား၊ ဆြီဒင္၊ ပိုလန္၊ ေဝးလ္၊ ေျမာက္မက္ဆီဒိုးနီးယား၊ တူရကီနဲ႔ ဖင္လန္တို႔ျဖစ္ပါတယ္။

နည္းျပမန္စီနီကေတ့ာ “တကယ္စိတ္ပ်က္စရာပါပဲ၊ ဘာလို႔လဲဆိုေတာ့ ဒီပြဲမတိုင္ခင္ကတည္းက ကြၽန္ေတာ္တို႔ေတြ ေျခစစ္ပြဲကို ေအာင္ျမင္ၿပီးသားျဖစ္ေနခဲ့သင့္တာပါ၊ အခုေတာ့ ဘာေတြျဖစ္ပ်က္ခဲ့သလဲဆိုတာကို ျပန္ၿပီး႐ွာေဖြဖို႔ပဲ လိုပါေတာ့တယ္” လို႔ စိတ္ပ်က္လက္ပ်က္နဲ႔ေျပာဆိုသြားခဲ့ပါတယ္။ “ပေလးေအ့ာအဆင့္အတြက္ကြၽန္ေတာ္ယုံၾကည္ခ်က္႐ွိပါတယ္၊ ကြၽန္ေတာ္တို႔ေတြ ကမ႓ာ့ဖလားေနာက္ဆုံးအဆင့္ၿပိဳင္ပြဲကို ဝင္ကစားခြင့္ရပါလိမ့္မယ္” လို႔လည္း သူကထပ္မံေျပာၾကားခဲ့ပါတယ္။

ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တာဟာ ကွင်းလယ်ဒိုင်လူကြီး ကြောင့်လို့ လီဗာပူးနည်းပြ ကလော့ပ် စွပ်စွဲ

အဝေးကွင်းမှာ ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ်နည်းပြကလော့ပ်ဟာ ကွင်းလယ်ဒိုင်ခရိတ်ပေါလ်ဆင်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ပြစ်တင်ပြောဆိုလိုက်ပါတယ်။ ဒီပွဲအရေးနိမ့်မှုဟာ လီဗာပူးလ်အတွက် ဒီရာသီမှာ ပရီးမီးယားလိဂ်ပထမဆုံးအရေးနိမ့်မှု ဖြစ်လာခဲ့သလို နိုင်ငံတကာပွဲတွေကစားဖို့ရှိလာချိန်မှာ အဆင့် ၃ နေရာကိုပါ ဝက်စ်ဟမ်းကို လွှဲပေးလိုက်ရလို့ ရှုံးချက်နာခဲ့ရပါတယ်။

ဒီပွဲမှာ ကွင်းလယ်ဒိုင်လူကြီးက အဓိကအရေးပါတဲ့ဆုံးဖြတ်ချက်နှစ်ခုကို မှားယွင်းချမှတ်ခဲ့တယ်လို့ ကလော့ပ်က စွပ်စွဲခဲ့ပါတယ်။ ပထမတစ်ခုကတော့ အယ်လစ်ဆန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူတဲ့ ဂိုးတွေကို ခွင့်ပြုခဲ့မှုနဲ့ နောက်တခုကတော့ ပြိုင်ဘက်ကစားသမားခရက်စ်ဝဲလ်ကို အနီကတ်ပြမထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

“အယ်လစ်ဆန်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာလို့ ကျွန်တော်ထင်တယ်၊ အော့ဘွန်နာရဲ့ လက်မောင်းက သူ့ဆီကို ရောက်သွားခဲ့ပါတယ်၊ ကွင်းလယ်ဒိုင်က ဒါကို သူ့အတွက်တော့ လွယ်လွယ်လေးပဲဆိုပြီးလုပ်ခဲ့တယ်၊ ပြီးတော့ VAR က ဘာပြောလဲ ကြည့်ပါဦးဆိုပြီး ပြောခဲ့တယ်၊ ကစားသမားတွေ ပြောတာကတော့ ရှင်းရှင်းလင်းလင်းမသိရဘူးတဲ့၊ ဘာကြောင့်လဲ ကျွန်တော်မသိဘူး၊ ဒါက တကယ်ထူးဆန်းပါတယ်၊ လူကပ်ထားတာလည်းမဟုတ်ပါဘူး၊ ဂိုးသမားကို ပိတ်ထားတာပါ”

“လူတွေက ကျွန်တော်ဆင်ခြေပေးတယ်လို့ မြင်ကြဦးမယ်၊ မဟုတ်ပါဘူး၊ အရမ်းကြိးခြေစွမ်းမကောင်းဘဲ ရှုံးတာမျိုးကို ကျွန်တော်လက်ခံပါတယ်၊ ဒီနေ့ကို ကျွန်တော်တို့အရေးနိမ့်ခဲ့တယ်၊ ဒါပေမယ့် လက်ခံပါတယ်၊ ဒါပေမယ့် ပွဲချိန်တွင်းအခြေအနေတွေကိုတော့ ပြောတဲ့အခါမှာ ကွင်းလယ်ဒိုင်တစ်ယောက်ဆီက ပုံမှန်ဆုံးဖြတ်ချက်မျိုးတော့ လိုအပ်ပါတယ်၊ သူက အဲဒီလိုတောင်မလုပ်ခဲ့ပါဘူး”

“ခရက်စ်ဝဲလ်က ဟန်ဒါဆန်ကို ဖျက်ထုတ်ခဲ့တာလည်း ကျွန်တော်မြင်တာပဲ၊ ဒါက သေချာပေါက်အနီကတ်ပါ၊ ဆွေးနွေးစရာတောင်မလိုပါဘူး၊ သူ ဘာတွေပြောခဲ့လဲ ကျွန်တော်မသိဘူး၊ ဒါပေမယ့် သူ့ဆုံးဖြတ်ချက်ကိုတော့ သူ ယုံကြည်နေတာကိုမြင်ရပါတယ်၊ အရာအားလုံးက ကွင်းလယ်ဒိုင်ပါပဲ” လို့ ကလော့ပ်က ပြောသွားခဲ့ပါတယ်။ လီဗာပူးလ်ဟာ ၃-၂ အထိ လိုက်ကစားနိုင်ခဲ့ပေမယ့် နောက်ထပ်ချေပဂိုးမရခဲ့တာကြောင့် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

Credit Duwun

Zawgyi

အေဝးကြင္းမွာ ဝက္စ္ဟမ္းကို အေရးနိမ့္ခဲ့ၿပီးေနာက္ လီဗာပူးလ္နည္းျပကေလာ့ပ္ဟာ ကြင္းလယ္ဒိုင္ခရိတ္ေပါလ္ဆင္ရဲ႕ ဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သက္ၿပီး ျပစ္တင္ေျပာဆိုလိုက္ပါတယ္။ ဒီပြဲအေရးနိမ့္မႈဟာ လီဗာပူးလ္အတြက္ ဒီရာသီမွာ ပရီးမီးယားလိဂ္ပထမဆုံးအေရးနိမ့္မႈ ျဖစ္လာခဲ့သလို ႏိုင္ငံတကာပြဲေတြကစားဖို႔႐ွိလာခ်ိန္မွာ အဆင့္ ၃ ေနရာကိုပါ ဝက္စ္ဟမ္းကို လႊဲေပးလိုက္ရလို႔ ႐ႈံးခ်က္နာခဲ့ရပါတယ္။

ဒီပြဲမွာ ကြင္းလယ္ဒိုင္လူႀကီးက အဓိကအေရးပါတဲ့ဆုံးျဖတ္ခ်က္ႏွစ္ခုကို မွားယြင္းခ်မွတ္ခဲ့တယ္လို႔ ကေလာ့ပ္က စြပ္စြဲခဲ့ပါတယ္။ ပထမတစ္ခုကေတာ့ အယ္လစ္ဆန္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းယူတဲ့ ဂိုးေတြကို ခြင့္ျပဳခဲ့မႈနဲ႔ ေနာက္တခုကေတာ့ ၿပိဳင္ဘက္ကစားသမားခရက္စ္ဝဲလ္ကို အနီကတ္ျပမထုတ္ပယ္ခဲ့တာျဖစ္တယ္လို႔ Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

“အယ္လစ္ဆန္ကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တာလို႔ ကြၽန္ေတာ္ထင္တယ္၊ ေအာ့ဘြန္နာရဲ႕ လက္ေမာင္းက သူ႕ဆီကို ေရာက္သြားခဲ့ပါတယ္၊ ကြင္းလယ္ဒိုင္က ဒါကို သူ႕အတြက္ေတာ့ လြယ္လြယ္ေလးပဲဆိုၿပီးလုပ္ခဲ့တယ္၊ ၿပီးေတာ့ VAR က ဘာေျပာလဲ ၾကည့္ပါဦးဆိုၿပီး ေျပာခဲ့တယ္၊ ကစားသမားေတြ ေျပာတာကေတာ့ ႐ွင္း႐ွင္းလင္းလင္းမသိရဘူးတဲ့၊ ဘာေၾကာင့္လဲ ကြၽန္ေတာ္မသိဘူး၊ ဒါက တကယ္ထူးဆန္းပါတယ္၊ လူကပ္ထားတာလည္းမဟုတ္ပါဘူး၊ ဂိုးသမားကို ပိတ္ထားတာပါ”

“လူေတြက ကြၽန္ေတာ္ဆင္ေျခေပးတယ္လို႔ ျမင္ၾကဦးမယ္၊ မဟုတ္ပါဘူး၊ အရမ္းႀကိးေျခစြမ္းမေကာင္းဘဲ ႐ႈံးတာမ်ိဳးကို ကြၽန္ေတာ္လက္ခံပါတယ္၊ ဒီေန႔ကို ကြၽန္ေတာ္တို႔အေရးနိမ့္ခဲ့တယ္၊ ဒါေပမယ့္ လက္ခံပါတယ္၊ ဒါေပမယ့္ ပြဲခ်ိန္တြင္းအေျခအေနေတြကိုေတာ့ ေျပာတဲ့အခါမွာ ကြင္းလယ္ဒိုင္တစ္ေယာက္ဆီက ပုံမွန္ဆုံးျဖတ္ခ်က္မ်ိဳးေတာ့ လိုအပ္ပါတယ္၊ သူက အဲဒီလိုေတာင္မလုပ္ခဲ့ပါဘူး”

“ခရက္စ္ဝဲလ္က ဟန္ဒါဆန္ကို ဖ်က္ထုတ္ခဲ့တာလည္း ကြၽန္ေတာ္ျမင္တာပဲ၊ ဒါက ေသခ်ာေပါက္အနီကတ္ပါ၊ ေဆြးေႏြးစရာေတာင္မလိုပါဘူး၊ သူ ဘာေတြေျပာခဲ့လဲ ကြၽန္ေတာ္မသိဘူး၊ ဒါေပမယ့္ သူ႕ဆုံးျဖတ္ခ်က္ကိုေတာ့ သူ ယုံၾကည္ေနတာကိုျမင္ရပါတယ္၊ အရာအားလုံးက ကြင္းလယ္ဒိုင္ပါပဲ” လို႔ ကေလာ့ပ္က ေျပာသြားခဲ့ပါတယ္။ လီဗာပူးလ္ဟာ ၃-၂ အထိ လိုက္ကစားႏိုင္ခဲ့ေပမယ့္ ေနာက္ထပ္ေခ်ပဂိုးမရခဲ့တာေၾကာင့္ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

Credit Duwun

စပါးကစားသမားတွေကို ဘော်လုံး နည်းစနစ်သာမက ခုတင်ပေါ်က နည်းစနစ်များကိုပါ လမ်းညွှန်ပို့ချနေတဲ့ နည်းပြသစ် ကွန်တီ

စပါးအသင်းဥက္ကဌ ဒန်နီရယ် လီဗိုင်းနဲ့ မန်နေးဂျင်းဒါရိုက်တာ ဖေဘီယို ပရာတီစီတို့ဟာ ပေါ်တူဂီလူမျိုးနည်းပြ နူနို ဆန်တိုကို ထုတ်ပယ်ပြီး ကွန်တီကို ၁၈ လစာချုပ် ချုပ်ဆိုနိုင်အောင် အလျင်အမြန် လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ လစာအကောင်းဆုံးနည်းပြတွေထဲက တစ်ဦးအဖြစ် တစ်ရာသီကို ပေါင် ၁၅ သန်းအထိ ရရှိမယ်လို့ မျှော်မှန်းခြင်းခံထားရတဲ့ အသက် ၅၂ နှစ်အရွယ် အီတလီလူမျိုးနည်းပြဟာ စီးရီးအေဖလား ၄ ကြိမ်၊ ပရီးမီးယားလိဂ်ဖလား ၁ ကြိမ်နဲ့ အက်ဖ်အေဖလား ၁ ကြိမ် ရရှိထားတဲ့နည်းပြဖြစ်ပါတယ်။

ကွန်တီဟာ နည်းဗျူဟာဦးတည်တဲ့ အတွေးအခေါ်တစ်ခုတည်းနဲ့တင် အသင်းကို ရောက်ရှိလာခဲ့တာမဟုတ်ဘဲ အလွန်များပြားတဲ့ အခြားအတွေးအခေါ်တွေလည်း ရှိနေခဲ့တာဖြစ်ပြီး အရင်တုန်းက ကစားသမားတွေရဲ့ အိပ်ရာတွင်း လှုပ်ရှားမှုတွေအပေါ်မှာပါ အကြံဉာဏ်ပေးခဲ့ဖူးသူဖြစ်ပါတယ်။

အင်တာမီလန်အသင်းကို နည်းပြခဲ့စဉ်အချိန်တုန်းက ကွန်တီဟာ ကစားသမားတွေရဲ့ ခန္ဓာကိုယ်အပေါ်မှာ ရုပ်ပိုင်းဆိုင်ရာ မတော်တဆမှုတွေ မဖြစ်လာအောင် အကန့်အသတ်တွေ ပြုလုပ်ခဲ့ပြီး ကစားသမားတွေအနေနဲ့ ချစ်သူ၊ ဇနီးမယားနဲ့ ဆက်ဆံရာမှာ တတ်နိုင်သမျှ အားသိပ်မစိုက်ထုတ်ဘဲ ၎င်းတို့ရဲ့ ပါတနာတွေကို အပေါ်ကနေ နေခိုင်းဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ပွဲတွေ တောက်လျှောက်ကစားနေရတဲ့အချိန်အတွင်း ကစားသမားတွေဟာ အချိန်တော်တော်ကြာကြာ လိင်ပိုင်းဆိုင်ရာဆက်ဆံမှုတွေ မပြုလုပ်သင့်ပါဘူး။ သူတို့တွေအနေနဲ့ လုပ်မယ်ဆိုရင်လည်း တတ်နိုင်သလောက် အားနည်းနည်းပဲ စိုက်ထုတ်သင့်ပါတယ်။ သူတို့အတွက် အကောင်းဆုံးပုံစံကတော့ သူတို့ရဲ့ ပါတနာကို အပေါ်မှာ နေခိုင်းတာပါပဲ”

“သူတို့တွေရဲ့ မိန်းမတွေနဲ့ဆိုတော့ အဲဒါက သင့်လည်း သင့်တော်ပါတယ်။ အဲဒီနည်းလမ်းကတော့ သူတို့အနေနဲ့ ထူးထူးခြားခြား စွမ်းဆောင်ရည်ပြသဖို့ မလိုအပ်တဲ့နည်းလမ်းပါ။ တကယ်တော့ကွန်တီတစ်ဦးတည်းသာကစားသမားများရဲ့လိင်မှုကိစ္စနှင့်အကြံပေးတတ်တဲ့နည်းပြမဟုတ်ပါဘူး။ပက် ဂွါဒီယိုလာဟာ ကစားသမားတွေရဲ့ လိင်ပိုင်းဆိုင်ရာအားထုတ်မှုအပေါ်မှာ ကိုယ်ပိုင်အတွေးမျိုးရှိတဲ့ နောက်ထပ် ထိပ်တန်းနည်းပြတစ်ဦးဖြစ်ပြီး တစ်ခါတုန်းက မန်စီးတီးနည်းပြဟာ ချစ်ပွဲဝင်တာကို အတင်းအကြပ် ပိတ်ပင်တာမျိုးကို ငြင်းပယ်ခဲ့ဖူးပါတယ်။

“ခင်ဗျားရဲ့ လက်တွဲဖော်နဲ့ မချစ်ဘဲနေရင် ဘောလုံးကောင်းကောင်းကစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”လို့ ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဂွါဒီယိုလာလက်အောက်မှာ ကစားခဲ့ဖူးတဲ့ နာဆရီရဲ့ ပြောကြားချက်အရ မန်စီးတီးနည်းပြဟာ ကမ္ဘာ့အဆင့်ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ လီဗန်ဒေါ့ဗ်စကီးတို့လို ကစားသမားတွေအပါအဝင် ၎င်းရဲ့ကစားသမားတွေကို ညဉ့်လယ်မတိုင်မီ ချစ်ပွဲဝင်ဖို့ စည်းကမ်းထုတ်ခဲ့တယ်လို့ သိရပါတယ်။

“သူရော သူ့ကစားသမားတွေပါ မနက်ဖြန် နားရက်ဆိုရင်တောင်မှပဲ ည ကောင်းကောင်း အိပ်စက်အနားယူနိုင်ဖို့ ချစ်ပွဲဝင်မယ်ဆိုရင် ညဉ့်လယ်မတိုင်မီ မဖြစ်မနေ ချစ်ပွဲဝင်ရပါတယ်။ ဂွါဒီယိုလာပြောခဲ့တာက ဒီစည်းကမ်းကို မက်ဆီအပေါ်မှာလည်း ချမှတ်ခဲ့ပြီး သူ့ရဲ့ကြွက်သားတွေက အဲဒီအချိန်ကတည်းက တိုးတက်လာခဲ့တယ်တဲ့”

 

 

“သူ ကျွန်တော်တို့ကို ပြောတာကတော့ အဲဒီနည်းလမ်းနဲ့ လီဗန်ဒေါ့ဗ်စကီးဆီကနေ အကောင်းဆုံးပုံစံရအောင် လုပ်ခဲ့ပြီး ကစားသမားတွေကို ကြွက်သားဒဏ်ရာတွေ အများကြီးမဖြစ်အောင် ရှောင်လွှဲနိုင်ခဲ့တယ်တဲ့”လို့ L’Equipe du Soir ကို နာဆရီက ပြောကြားခဲ့တာဖြစ်ပါတယ်။

 

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ကွန်တီကို အပြောင်းအရွှေ့စျေးကွက်မှာ လူအင်အားဖြည့်တင်းနိုင်ဖို့အတွက် သိသာထင်ရှားတဲ့ ဘတ်ဂျက်ပေါင်သန်း ၁၅၀ သုံးစွဲခွင့်ပေးသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

 

Credit SPORTS A2Z.

ဆိုးလ်ရှား နေရာမှာ အစားထိုးခန့်ဖို့ နည်းပြစာရင်း ထွက်ပေါ်လာ

သတင်းတွေအရ ဇီဒန်း နဲ့ ကွန်တီတို့ဟာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားနေရာမှာ အစားဝင်နိုင်မယ့်သူအဖြစ် ရေပန်းစားနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်ထပ်ရေပန်းစားနေတဲ့နည်းပြတွေအဖြစ် လက်စတာနည်းပြ ရော်ဂျာ နဲ့ အေဂျက်နည်းပြဟောင်း အဲရစ်တန်ဟက်ဂျ်တို့လည်း ပါဝင်နေပါတယ်။

ယူနိုက်တက်ဟာ တနင်္ဂနွေနေ့တုန်းက လီဗာပူးကို ၅ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာဖြစ်ကာ ဆိုးလ်ရှားအနေနဲ့ ရာထူးမှာဆက်ရှိနေဖို့ မသေချာတော့တာဖြစ်ပါတယ်။

Photo:PA Media

သတင်းတွေအရ ယူနိုက်တက်တာဝန်ရှိသူတွေဟာ ဆိုးလ်ရှားနေရာအတွက် နည်းပြသစ် ၄ ဦးလျာထားပြီး အဲ့ထဲမှာ ဇီဒန်း ၊ ကွန်တီ ၊ ရော်ဂျာ နဲ့ အဲရစ်တန်ဟက်ဂျ်တို့ပါဝင်နေပါတယ်။

ယူနိုက်တက်ဟာ နည်းပြနေရာအတွက် ဇီဒန်း နဲ့ ချဲလ်ဆီးနည်းပြဟောင်း ကွန်တီတိကို့ကို အဓိကချိတ်ဆက်နေတာဖြစ်ပါတယ်။

ကလပ်အသင်းတာဝန်ရှိသူတွေကတော့ အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးနေတယ်လို့လည်း သိရပါတယ်။ ယူနိုက်တက်ဟာ ဆိုးလ်ရှားကို ဇူလိုင်လတုန်းက ၃ နှစ်စာချုပ်သစ်ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးကို အရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်တာဝန်ရှိသူတွေဟာ ဆိုးလ်ရှားကို ၂၄ နာရီအတွင်း ထုတ်ပယ်ဖို့ ပြင်ဆင်နေပါတယ်။


Photo:PA Media

အစောပိုင်းတုန်းကလည်း အမှုဆောင် ဂျိုး နဲ့ ဂလေဇာတို့ဟာ အသင်းရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ရော်နယ်ဒို ၊ ဆန်ချို နဲ့ ဗာရာနီတို့ကို ခေါ်ယူထားခဲ့ပါတယ်။ ရော်ဂျာကို ချိတ်ဆက်နေပေမယ့် လီဗာပူးကိုကိုင်တွယ်ခဲ့တာကြောင့် ယူနိုက်တက်ကို ကိုင်တွယ်ဖွယ်မရှိလောက်တာဖြစ်ပါတယ်။

ကွန်တီကတော့ အင်တာမီလန်အသင်းကနေ အခုနွေရာသီအစောပိုင်းတုန်းက ထွက်ခွာခဲ့ပြီး ချဲလ်ဆီးကို ၂၀၁၆ -၂၀၁၇ တုန်းက ပရီးမီးယားလိဂ်ဆုဖလားရယူပေးနိုင်ခဲ့ပါတယ်။

ဇီဒန်းကတော့ မေလတုန်းက ဘာနေဗျူးကနေ ထွက်ခွာခဲ့တာဖြစ်ကာ အလုပ်လက်မဲ့ ဖြစ်နေပါတယ်။

Credit Ballon Star

Zawgyi

သတင္းေတြအရ ဇီဒန္း နဲ႔ ကြန္တီတို႔ဟာ ယူႏိုက္တက္နည္းျပ ဆိုးလ္႐ွားေနရာမွာ အစားဝင္ႏိုင္မယ့္သူအျဖစ္ ေရပန္းစားေနတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ေနာက္ထပ္ေရပန္းစားေနတဲ့နည္းျပေတြအျဖစ္ လက္စတာနည္းျပ ေရာ္ဂ်ာ နဲ႔ ေအဂ်က္နည္းျပေဟာင္း အဲရစ္တန္ဟက္ဂ်္တို႔လည္း ပါဝင္ေနပါတယ္။

ယူႏိုက္တက္ဟာ တနဂၤေႏြေန႔တုန္းက လီဗာပူးကို ၅ ဂိုးျပတ္နဲ႔ အေရးနိမ့္ခဲ့တာျဖစ္ကာ ဆိုးလ္႐ွားအေနနဲ႔ ရာထူးမွာဆက္႐ွိေနဖို႔ မေသခ်ာေတာ့တာျဖစ္ပါတယ္။

သတင္းေတြအရ ယူႏိုက္တက္တာဝန္႐ွိသူေတြဟာ ဆိုးလ္႐ွားေနရာအတြက္ နည္းျပသစ္ ၄ ဦးလ်ာထားၿပီး အဲ့ထဲမွာ ဇီဒန္း ၊ ကြန္တီ ၊ ေရာ္ဂ်ာ နဲ႔ အဲရစ္တန္ဟက္ဂ်္တို႔ပါဝင္ေနပါတယ္။

ယူႏိုက္တက္ဟာ နည္းျပေနရာအတြက္ ဇီဒန္း နဲ႔ ခ်ဲလ္ဆီးနည္းျပေဟာင္း ကြန္တီတိကို႔ကို အဓိကခ်ိတ္ဆက္ေနတာျဖစ္ပါတယ္။

ကလပ္အသင္းတာဝန္႐ွိသူေတြကေတာ့ ေအးဂ်င့္ျဖစ္သူနဲ႔ ေဆြးေႏြးေနတယ္လို႔လည္း သိရပါတယ္။ ယူႏိုက္တက္ဟာ ဆိုးလ္႐ွားကို ဇူလိုင္လတုန္းက ၃ ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးကို အေရးနိမ့္ခဲ့ၿပီးေနာက္ ယူႏိုက္တက္တာဝန္႐ွိသူေတြဟာ ဆိုးလ္႐ွားကို ၂၄ နာရီအတြင္း ထုတ္ပယ္ဖို႔ ျပင္ဆင္ေနပါတယ္။

အေစာပိုင္းတုန္းကလည္း အမႈေဆာင္ ဂ်ိဳး နဲ႔ ဂေလဇာတို႔ဟာ အသင္းရဲ႕အေျခအေနနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။

ယူႏိုက္တက္ဟာ အခုေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ေရာ္နယ္ဒို ၊ ဆန္ခ်ိဳ နဲ႔ ဗာရာနီတို႔ကို ေခၚယူထားခဲ့ပါတယ္။ ေရာ္ဂ်ာကို ခ်ိတ္ဆက္ေနေပမယ့္ လီဗာပူးကိုကိုင္တြယ္ခဲ့တာေၾကာင့္ ယူႏိုက္တက္ကို ကိုင္တြယ္ဖြယ္မ႐ွိေလာက္တာျဖစ္ပါတယ္။

ကြန္တီကေတာ့ အင္တာမီလန္အသင္းကေန အခုေႏြရာသီအေစာပိုင္းတုန္းက ထြက္ခြာခဲ့ၿပီး ခ်ဲလ္ဆီးကို ၂၀၁၆ -၂၀၁၇ တုန္းက ပရီးမီးယားလိဂ္ဆုဖလားရယူေပးႏိုင္ခဲ့ပါတယ္။

ဇီဒန္းကေတာ့ ေမလတုန္းက ဘာေနဗ်ဴးကေန ထြက္ခြာခဲ့တာျဖစ္ကာ အလုပ္လက္မဲ့ ျဖစ္ေနပါတယ္။

ရာသီကုန်ထိနားရဖွယ်ရှိနေတဲ့ ဒေါ့မွန် တိုက်စစ်မှူး ဟာလန်း

ဒေါ့မွန်အသင်း၏ ကြယ်ပွင့်တိုက်စစ်မှူး ဟော်လန်းသည် တင်ပါးကြွက်သား ဒဏ်ရာရရှိနေပြီး ရက်သတ္တပတ်အနည်းငယ် အနားယူရမည်ဟု ခန့်မှန်းထားရာမှ ယခုအခါ ရာသီကုန်အထိ အနားယူရနိုင်သည့်အလားအလာရှိနေကြောင်း သိရသည်။

ဂျာမန်သတင်းစာ Bild က ဒေါ့မွန်အသင်းသည် ဟော်လန်း၏ဒဏ်ရာအခြေအနေမှာ မူလခန့်မှန်းထားသည်ထက် ပိုမိုဆိုးရွားနေပြီး ရာသီကုန်အထိ အနားယူရဖွယ်ရှိနေသည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ဟော်လန်း၏ မိသားစုနှင့် နီးစပ်သည့် မိတ်ဆွေတစ်ဦးကလည်း ” အေဂျက်စ်နဲ့ပွဲက ဒီရာသီ ဟော်လန်းရဲ့ နောက်ဆုံးပွဲ ဖြစ်သွားနိုင်ပါတယ်။ ဟော်လန်းရဲ့ တင်ပါးဒဏ်ရာက ထင်တာထက် ပိုဆိုးနေပါတယ်။ ဒီဇင်ဘာမှာ ပြန်ကစားနိုင်မယ်လို့ မှန်းထားပေမဲ့ ဒါက အကောင်းမြင်တာပါပဲ”ဟု ပြောကြားခဲ့သည်။

Credit Eleven Sport

Zawgyi

ေဒါ့မြန္အသင္း၏ ၾကယ္ပြင့္တိုက္စစ္မႉး ေဟာ္လန္းသည္ တင္ပါးႂကြက္သား ဒဏ္ရာရ႐ွိေနၿပီး ရက္သတၱပတ္အနည္းငယ္ အနားယူရမည္ဟု ခန္႔မွန္းထားရာမွ ယခုအခါ ရာသီကုန္အထိ အနားယူရႏိုင္သည့္အလားအလာ႐ွိေနေၾကာင္း သိရသည္။

ဂ်ာမန္သတင္းစာ Bild က ေဒါ့မြန္အသင္းသည္ ေဟာ္လန္း၏ဒဏ္ရာအေျခအေနမွာ မူလခန္႔မွန္းထားသည္ထက္ ပိုမိုဆိုး႐ြားေနၿပီး ရာသီကုန္အထိ အနားယူရဖြယ္႐ွိေနသည္ဟု ေျပာၾကားခဲ့ေၾကာင္း ေဖာ္ျပခဲ့သည္။

ထို႔ျပင္ ေဟာ္လန္း၏ မိသားစုႏွင့္ နီးစပ္သည့္ မိတ္ေဆြတစ္ဦးကလည္း ” ေအဂ်က္စ္နဲ႔ပြဲက ဒီရာသီ ေဟာ္လန္းရဲ႕ ေနာက္ဆုံးပြဲ ျဖစ္သြားႏိုင္ပါတယ္။ ေဟာ္လန္းရဲ႕ တင္ပါးဒဏ္ရာက ထင္တာထက္ ပိုဆိုးေနပါတယ္။ ဒီဇင္ဘာမွာ ျပန္ကစားႏိုင္မယ္လို႔ မွန္းထားေပမဲ့ ဒါက အေကာင္းျမင္တာပါပဲ”ဟု ေျပာၾကားခဲ့သည္။

Credit Eleven Sport

GOAT တွေ မရှိတော့တဲ့ El Clasico မှာ ဘာကာကိုအနိုင်ယူလိုက်တဲ့ ရီရဲလ်မက်ဒရစ်

စပိန်ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်ဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အယ်လ်ကလာစီကို ပွဲစဉ်ကို တနင်္ဂနွေနေ့ညမှာ ကစားခဲ့ရာမှာ နှစ်ဖက်အသင်းတွေအနေနဲ့ သူတို့ရဲ့အကောင်းဆုံး နာမည်ကြီး ကစားသမားတွေကို ထုတ်သုံးခဲ့ပေမယ့် လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ GOAT နှစ်ဦးစလုံး မပါတဲ့ ပထမဆုံးပွဲစဉ်ဖြစ်ခဲ့တဲ့အတွက် အနည်းငယ်ဆားပေါ့သလိုတော့ဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာ ဘယ်ခြမ်းကနေ အတွင်းကို ဆွဲဝင်ဖို့ ကြိုးစားတဲ့ ဗီနီးရှပ်စ် ဂျူနီယာကို နောက်ကနေ ဘာစီလိုနာခံစစ်မှူး မင်ဂွယ်ဇာက လက်နဲ့ ဆွဲဖက်လို့ လဲကျသွားခဲ့ပေမယ့် ဒိုင်လူကြီး ဟိုဆေး ဆန်ချက်ဇ်က ထိတွေ့မှု မလုံလောက်ဘူးလို့ လျစ်လျူရှုသွားခဲ့လို့ ရီးရဲလ်မက်ဒရစ်တို့ နစ်နာခဲ့ရသလို နည်းပြ အန်ဆယ်လော့တီကတောင် ပေါက်ကွဲခဲ့ရသေးတာပါ။

ပွဲချိန် ၂၅ မိနစ်မှာတော့ ဘယ်တောင်ပံကနေ ဒီပိုင်းတစ်ကိုယ်တော် ထိုးဖောက်လာပြီး ဧရိယာအတွင်းကို ပြန်ချိုးပေးတဲ့ ဘောလုံးကို အန်ဆူ ဖာတီက နောက်ပေါက်နဲ့ ချပေးရာမှာ ညာနောက်ခံလူ ဒက်စ်က သိပ်ကောင်းတဲ့ အခွင့်အရေးကို ဖြုန်းတီးပစ်ခဲ့တာကြောင့် ပြုတ်စော်နံနေတဲ့ နည်းပြ ကိုးမန်း စိတ်ပျက်ခဲ့ရပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ တန်ပြန်တိုက်စစ်ကနေ ထိုးဖောက်လာခဲ့ရင်း ရိုဒရီဂိုကို ဘယ်ခြမ်းကို ချပေးခဲ့ရာမှာ ဒီနေ့ပွဲမှာမှ ပထမဆုံး အယ်လ်ကလာစီကို,ကို ကစားဖူးတဲ့ လူသစ်

ဒေးဗစ် အလာဘာက ဘယ်ခြေနဲ့ ထောင့်ဖြတ်ကန်သွင်းခဲ့ရာမှာ ဂိုးသမား တာစတီဂန်ကို အနိုင်ယူပြီး ဧည့်သည်တွေ စတင်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ ပီကေးရဲ့ ခေါင်းတိုက်ချက်နဲ့ အန်ဆူ ဖာတီရဲ့ လူကြားထဲက ကန်ချက်တွေက အန္တရာယ်ပေးနိုင်ရုံအဆင့်ထက် မပိုခဲ့ဘဲ ဂိုးပေါက်နဲ့ လွဲချော်ခဲ့တာကြောင့် ဘာစီလိုနာတို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခြင်းမရှိဘဲ ရီးရဲလ်မက်ဒရစ်တို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ ဘာစီလိုနာဘက်က မင်ဂွယ်ဇာအစား ကော်တင်ညိုဝင်ကစားပြီး တိုက်စစ်မြှင့်ခဲ့သလို အန်ဆူ ဖာတီရဲ့ ကန်ချက်ကို ရီးရဲလ်ဂိုးသမား ကူတွာ ကာကွယ်သွားနိုင်ခဲ့ချိန်မှာဘန်ဇီးမားရဲ့ Volley ကန်ချက်ကိုလည်း ဘာဆာဂိုးသမား တာစတီဂန် ကာကွယ်နိုင်ခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာတော့ ဖာတီအစား ကော်တင်ညို လူစားဝင်ကစားလာခဲ့ပါတယ်။

ဘာစီလိုနာတို့ ဆက်တိုက်ဆိုသလို ဖိကစားနေခဲ့ချိန်မှာ ရီးရဲလ်မက်ဒရစ်တို့ ခံစစ်နဲ့ တန်ပြန်တိုက်စစ်ကို ကစားခဲ့ရပြီး နာကျင်အချိန်ပို ၇ မိနစ်အထိ သတ်မှတ်ပေးခဲ့တဲ့ပွဲမှာအိမ်ရှင်တွေရဲ့ ကစားပုံနဲ့ နည်းပြ ကိုးမန်းရဲ့ တစ်လမ်းသွားလုပ်နေပြီး စိတ်ဝင်စားစရာမရှိတဲ့ နည်းဗျူဟာတွေက အန်ဆယ်လော့တီကို နှပ်ပစ်နိုင်ဖို့တော့ ခက်ခဲခဲ့တာပါ။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ဘာစီလိုနာတို့ တက်ဖိပြီး ရီးရဲလ်ဂိုးဧရိယာထဲ ပီကေးလဲကျခဲ့ချိန်မှာ ဒိုင်လူကြီးကတော့ ဆက်ကစားဖို့ အချက်ပြခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ လူစားဝင်ကစားသမားမာကို အဆန်စီယိုက ဘယ်ခြမ်းကနေ အနိမ့်ဘောကန်သွင်းခဲ့ရာမှာ ဂိုးသမား တာစတီဂန် ပုတ်ထုတ်နိုင်ခဲ့ပေမယ့် နောက်က ပါလာတဲ့ လူးကပ်စ် ဗက်ဇ်ကက်ဇ်က ယှဉ်ဖျက်တဲ့ အဲရစ် ဂါစီယာထက်ဦးအောင် ပိတ်သွင်းနိုင်ခဲ့လို့ ရီးရဲလ်တို့ ဒုတိယမြောက် ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဘာစီလိုနာတို့ ဂုဏ်သိက္ခာအတွက် ထပ်မံကြိုးစားခဲ့ပြီး နာကျင်အချိန်ပို ၇ မိနစ်မှာတော့ ညာခြမ်းကနေ နောက်ခံလူ ဒက်စ်ရဲ့ ဖြတ်တင်ဘောကို

ရီးရဲလ်ခံစစ်က အလာဘာ ခြေချော်ပြီး မဖျက်နိုင်ဘဲ လွတ်သွားခဲ့တာကို အဂွေရိုက အနီးကပ် Volley ကန်သွင်းပြီး သူ့ရဲ့ ကာတာလန်ကစားသမားဘဝ ပထမဆုံးဂိုးနဲ့ တစ်ဂိုး ပြန်လည်ချေပနိုင်ခဲ့လို့ ပွဲအပြီးမှာ နှစ်ဂိုး-တစ်ဂိုးရလဒ် ထွက်ပေါ်ခဲ့တာပါ။

ဒီပွဲအပြီးမှာတော့ အနိုင်ရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်တို့ အဖိုးတန်သုံးမှတ်ကို ဆုပ်ကိုင်ပြီး လာလီဂါအမှတ်ပေးဇယားမှာ ဦးဆောင်သူ ဆိုစီဒက်ထက် တစ်ပွဲလျှော့ကစားပြီး တစ်မှတ်အကွာကနေ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို ပြန်လည်ရောက်ရှိလာနိုင်ခဲ့သလို

ဘာစီလိုနာကတော့ အဆင့် ၉ နေရာကို ဆင်းပေးလိုက်ရပြီး ပရိသတ်တွေအတွက် စိတ်ပျက်စရာပဲဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

မန်ယူအသင်းမှာ ဒီထက်ကောင်းတဲ့နည်းပြလိုအပ်နေပြီလို့ ကာရေဂါပြောဆို

မန်ချက်စတာယူနိုက်တက်အသင်းမှာ လက်ရှိနည်းပြဆိုးလ်ရှားထက် ပိုကောင်းတဲ့နည်းပြတစ်ဦး လိုအပ်နေပြီလို့ အင်္ဂလန်နောက်ခံလူဟောင်း ကာရေဂါက တိုက်တွန်းလိုက်ပါတယ်။

လီဗာပူးကို ၅ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ယူနိုက်တက်အနေနဲ့ နည်းပြအပြောင်းအလဲလုပ်သင့်ကြောင်း စကိုင်းစပေါ့ကနေ လီဗာပူး ကစားသမားဟောင်း ကာရေဂါက သုံးသပ်ခဲ့တာပါ။

“အိုလီက ကောင်းမွန်တဲ့အလုပ်တစ်ခု လုပ်ဆောင်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ ကလော့ပ်၊ တူချယ်နဲ့ ပက်ဂွါဒီယိုလာတို့ကို ကျော်ဖြတ်ဖို့ဆိုရင်တော့ မန်ယူနိုက်တက်က ပိုကောင်းတဲ့ နည်းပြတစ်ဦး လိုအပ်ပါတယ်။”

ဆိုးလ်ရှားကို မလေးမစားပြောတာမဟုတ်ဘဲ သူ့အတွက် စာနာမိကြောင်း၊ တစ်စုံတစ်ယောက်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ပြောရတာဟာ သက်သောင့်သက်သာမဖြစ်ကြောင်းလည်း ကာရေဂါက ပြောပါတယ်။

ကာရေဂါက နည်းပြချုပ် ဆိုးလ်ရှားအပြင် တခြားနည်းပြအဖွဲ့ဝင်တွေကိုလည်း ဝေဖန်ခဲ့ပြီး လက်ထောက်နည်းပြ မိုက်ဖီလန်က နည်းပြတစ်ဦး မဟုတ်ကြောင်း၊ မိုက်ကယ်ကာရစ်နဲ့ မက်ကမ်နာ တို့ဟာလည်း နည်းပြခဲ့ဖူးတဲ့ အတွေ့အကြုံမရှိကြောင်း ကာရေဂါက ဝေဖန်သွားခဲ့ပါတယ်။

Zawgyi

မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ လက္႐ွိနည္းျပဆိုးလ္႐ွားထက္ ပိုေကာင္းတဲ့နည္းျပတစ္ဦး လိုအပ္ေနၿပီလို႔ အဂၤလန္ေနာက္ခံလူေဟာင္း ကာေရဂါက တိုက္တြန္းလိုက္ပါတယ္။

လီဗာပူးကို ၅ ဂိုး ဂိုးမ႐ွိနဲ႔ ႐ႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာ ယူႏိုက္တက္အေနနဲ႔ နည္းျပအေျပာင္းအလဲလုပ္သင့္ေၾကာင္း စကိုင္းစေပါ့ကေန လီဗာပူး ကစားသမားေဟာင္း ကာေရဂါက သုံးသပ္ခဲ့တာပါ။

“အိုလီက ေကာင္းမြန္တဲ့အလုပ္တစ္ခု လုပ္ေဆာင္ခဲ့ၿပီးပါၿပီ။ ဒါေပမဲ့ ကေလာ့ပ္၊ တူခ်ယ္နဲ႔ ပက္ဂြါဒီယိုလာတို႔ကို ေက်ာ္ျဖတ္ဖို႔ဆိုရင္ေတာ့ မန္ယူႏိုက္တက္က ပိုေကာင္းတဲ့ နည္းျပတစ္ဦး လိုအပ္ပါတယ္။”

ဆိုးလ္႐ွားကို မေလးမစားေျပာတာမဟုတ္ဘဲ သူ႕အတြက္ စာနာမိေၾကာင္း၊ တစ္စုံတစ္ေယာက္ကို ရာထူးကေန ထုတ္ပယ္ဖို႔ ေျပာရတာဟာ သက္ေသာင့္သက္သာမျဖစ္ေၾကာင္းလည္း ကာေရဂါက ေျပာပါတယ္။

ကာေရဂါက နည္းျပခ်ဳပ္ ဆိုးလ္႐ွားအျပင္ တျခားနည္းျပအဖြဲ႕ဝင္ေတြကိုလည္း ေဝဖန္ခဲ့ၿပီး လက္ေထာက္နည္းျပ မိုက္ဖီလန္က နည္းျပတစ္ဦး မဟုတ္ေၾကာင္း၊ မိုက္ကယ္ကာရစ္နဲ႔ မက္ကမ္နာ တို႔ဟာလည္း နည္းျပခဲ့ဖူးတဲ့ အေတြ႕အၾကဳံမ႐ွိေၾကာင္း ကာေရဂါက ေဝဖန္သြားခဲ့ပါတယ္။

အာရှဖလား ခြေစစ်ပွဲအောင်မြင်ခဲ့ပြီဖြစ်တဲ့ မြန်မာအမျိုးသမီးအသင်း

၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ အုပ်စု (D) နောက်ဆုံးနေ့ကို အောက်တိုဘာ ၂၄ ရက်ကကျင်းပရာ မြန်မာအမျိုးသမီးအသင်းဟာ ယူအေအီးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။

မြန်မာအသင်းသည် အုပ်စုတွင်းတွင် လက်ဘနွန်ကို (၄-ဝ)ဂိုး၊ ဂူအမ်ကို (၈-ဝ)ဂိုးဖြင့် အနိုင်ယူခဲ့ပြီး အုပ်စု(၃)ပွဲစလုံးအနိုင်ရကာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် အာရှဖလားခြေစစ်ပွဲ နောက်ဆုံးအဆင့်တွင် ငါးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ၂၀၀၃၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ပြိုင်ပွဲတိုတွင် အောင်မြင်ခဲ့ကာ ၂၀၂၂ ပြိုင်ပွဲတွင် ထပ်မံယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းအနေနဲ့ အုပ်စုတွင်း ၃ ပွဲမှာ ၁၄ ဂိုးသွင်းယူခဲ့ပြီး ပေးဂိုးလုံးဝမရှိခဲ့ဘဲ အုပ်စုပထမနေရာရရှိပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။

Credit

Zawgi
၂၀၂၂ အာ႐ွဖလား အမ်ိဳးသမီးေျခစစ္ပြဲ အုပ္စု (D) ေနာက္ဆုံးေန႔ကို ေအာက္တိုဘာ ၂၄ ရက္ကက်င္းပရာ ျမန္မာအမ်ိဳးသမီးအသင္းဟာ ယူေအအီးကို ၂-၀ နဲ႔ အႏိုင္ရ႐ွိခဲ့ၿပီး ေျခစစ္ပြဲေအာင္ျမင္သြားခဲ့ၿပီျဖစ္ပါတယ္။

ျမန္မာအသင္းသည္ အုပ္စုတြင္းတြင္ လက္ဘႏြန္ကို (၄-ဝ)ဂိုး၊ ဂူအမ္ကို (၈-ဝ)ဂိုးျဖင့္ အႏိုင္ယူခဲ့ၿပီး အုပ္စု(၃)ပြဲစလုံးအႏိုင္ရကာ ေျခစစ္ပြဲေအာင္ျမင္ခဲ့ျခင္းျဖစ္သည္။

ျမန္မာအသင္းသည္ အာ႐ွဖလားေျခစစ္ပြဲ ေနာက္ဆုံးအဆင့္တြင္ ငါးႀကိမ္ေျမာက္ ယွဥ္ၿပိဳင္ခြင့္ရျခင္းျဖစ္ၿပီး ၂၀၀၃၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ၿပိဳင္ပြဲတိုတြင္ ေအာင္ျမင္ခဲ့ကာ ၂၀၂၂ ၿပိဳင္ပြဲတြင္ ထပ္မံယွဥ္ၿပိဳင္ခြင့္ရ႐ွိခဲ့ျခင္းျဖစ္သည္။

ျမန္မာအမ်ိဳးသမီးအသင္းအေနနဲ႔ အုပ္စုတြင္း ၃ ပြဲမွာ ၁၄ ဂိုးသြင္းယူခဲ့ၿပီး ေပးဂိုးလုံးဝမ႐ွိခဲ့ဘဲ အုပ္စုပထမေနရာရ႐ွိၿပီး ေျခစစ္ပြဲေအာင္ျမင္ခဲ့တာလည္းျဖစ္ပါတယ္။