အောက်ပါ ကိစ္စရပ်များမှ လွဲ၍ လူ (၅) ဦး ဖြစ်စေ၊ (၅) ဦး အထက် ဖြစ်စေ စုဝေးခြင်း ခွင့်မပြုကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာမှအမိန့် ထုတ်ပြန်
ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့် အမှတ် ၃၇/၂၀၂၀
လူ ၅ ဦးထက် ပို၍ စုဝေးခြင်းကို ပိတ်ပင်သည်။
အောက်ပါ ကိစ္စရပ်များမှ လွဲ၍ လူ (၅) ဦး ဖြစ်စေ၊ (၅) ဦး အထက် ဖြစ်စေ စုဝေးခြင်း မပြုရ။
၁- အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို သွားရောက်ခြင်း/ ပြန်ခြင်း
၂- ကုမ္ပဏီစက်ရုံအလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို သွားရောက်ခြင်း/ ပြန်ခြင်း
၃- ခွင့်ပြုချက်ရရှိထားတဲ့ စျေး/ ကုန်တိုက်များတွင် စျေးရောင်းစျေးဝယ်ပြုခြင်း
၄- ခွင့်ပြုချက်ရရှိထားတဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေး
၅- တရားစီရင်ရေး ဆောင်ရွက်ခြင်း
၆- ခွင့်ပြု့ချက်နဲ့အညီ ကိုဗစ်ကာကွယ်ရေးဆောင်ရွက်ခြင်း
၇- အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ခြင်း
၈-ကျန်းမာရေးအရ ဆေးရုံဆေးခန်းသို့ သွားရောက်ခြင်း
၉- နာရေးကိစ္စဆောင်ရွက်ခြင်း
အဆိုပါ ကိစ္စတွေက လွဲ၍ (၅)ဦးကနေ စုဝေးလျင် ( လိုက်နာရန်ပျက်ကွက်ရင်)
ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေအရ အရေးယူမည်။
Source: MRTV 8:00 pm news
Credit
၂၀ ရက်နေ့မှာ မဖြစ်မနေ အပြင်ပြန်ထွက်ရမယ့်သူတွေ အားလုံး အထူးဂရုပြု သွားလာကြပါ။
Zawgyi
အောက်ပါ ကိစ္စရပ်များမှ လွဲ၍ လူ (၅) ဦး ဖြစ်စေ၊ (၅) ဦး အထက် ဖြစ်စေ စုဝေးခြင်း ခွငိ့မပြုကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာမှအမိန့် ထုတ်ပြန်
၃- ခွင့်ပြုချက်ရရှိထားတဲ့ ဈေး/ ကုန်တိုက်များတွင် ဈေးရောင်းဈေးဝယ်ပြုခြင်း
၎- ခွင့်ပြုချက်ရရှိထားတဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေး
Source: MRTV 8:00 pm news
Credit
ကမ္ဘောဇဘဏ် ရဲ့ ငွေကျပ် သိန်း ၄ သောင်းနီးပါးတန်ဖိုး ရှိတဲ့ ရိက္ခာအလှု
ကမ္ဘောဇဘဏ် ရဲ့ ငွေကျပ် သိန်း ၄ သောင်းနီးပါးတန်ဖိုး ရှိတဲ့ ရိက္ခာအလှု
ယ ခုအချိန် Covid အရေးကြောင့် ပြည်သူတွေ စားနပ်ရိက္ခာအခက်အခဲမဖြစ်စေဖို့ လှူဒါန်းသူတွေ ရှိလာပါတယ်ဒီအထဲမှာမှ တကယ့်ကိုလှူချက်က အံ့မခန်းလို့ဆိုရလောက်တဲ့ကမ္ဘောဇဘဏ်ရဲ့ လှူဒါန်းမှုတွေကိုပရိသတ်ကြီးတို့သိအောင်ပြန် လည်မျှဝေလိုက်ပါတယ်အံ့သြစရာကောင်းအောင် လှူတာပါ
ကမ္ဘောဇဘဏ်သည် နေပြည်တော်ပြည်ထောင်စုနယ်မြေအပါအဝင် ပြည် နယ်နှင့် တိုင်း(၁၅)ခုမှ အခြေခံပြည်သူများကိုပေးဝေလှူဒါန်းနိုင်ရန်အတွက် ငွေကျပ်သိန်း(၆၀၀၀) ကျော်တန်ဖိုးရှိ ဆန်အိတ်ပေါင်း(၂၁,၀၀၀) ကို COVID-19ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီသို့ ဧပြီလ ၁၃ ရက်နေ့တွင်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန်အိတ်ပေါင်း (၂၁၀၀၀) ကို ပြည်နယ်နှင့်တိုင်းအသီးသီးရှိ အခြေခံပြည်သူများထံသို့ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီကဧပြီလ ၁၃ ရက်နေ့မတိုင်မီကတည်းက ပေးပို့လှူဒါန်းလျက်ရှိပါသည်။
ကမ္ဘောဇဘဏ်၊ KBZ MS General Insurance၊ KBZ Life၊ Myanmar Airways International (MAI) နှင့်Air KBZ တို့သည် COVID0-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအတွက် ငွေကျပ် ၃၁, ၂၁၄ သိန်း (ကျပ်သိန်းပေါင်း သုံးသောင်းတစ်ထောင်နှစ်ရာတစ်ဆယ့်လေးသိန်း) ကို လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။
ဆက်လက်၍လည်း ကမ္ဘောဇဘဏ်သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်အတူတစ်နိုင်ငံလုံးအတိုင်းတာဖြင့် လိုအပ်သည့်အချိန်၊လိုအပ်သည့် နေရာများတွင်လိုအပ်သည်တို့ကိုပူးပေါင်းပါဝင်လှူဒါန်းသွားရန်စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
Writer ; Kwee (Jeeptoolay)
Source ; KBZ Bank
Source ; KBZ Bank
သေဆုံးသွားတဲ့ လူနာနံပါတ် ၃၉ရဲ့ မိသားစုဝင် ၄ ဦးမှာ ရောဂါပိုးတွေ့ရှိ
သေဆုံးသွားတဲ့ လူနာနံပါတ် ၃၉ရဲ့ မိသားစုဝင် ၄ ဦးမှာ ရောဂါပိုးတွေ့ရှိ
စုစုပေါင်း မိသားစုဝင် ၈ဦးမှာ ၄ဦးမှာ‌တော့ရောဂါပိုးမရှိဘူးလို့သိရပါတယ်။သေဆုံးသွားတဲ့လူနာနံပါတ် ၃၉မှာ မိသားစုဝင် ၈ဦးရှိပြီး၄ဦးမှာရော ဂါပိုးတွေ့ရှိရကာကျန် ၄ဦးမှာတော့ မတွေ့ရ ဘူးလို့ သိရပါတယ်။
ပန်းပဲတန်းမြို့နယ် ၂၆လမ်းအောက်ဘလောက်ကသေဆုံးသွားတဲ့ လူနာနံပါတ် ၃၉ရဲ့မိသားစုဝင်၈ဦးထဲက ၄ဦးမှာရောဂါပိုးတွေ့ရှိပြီးကျန်၄ဦးမှာ ရောဂါပိုးမတွေ့ရှိရဘူးလို့ပန်းပဲတန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်ဦးက Duwun ကိုပြောပါတယ်။
“သေဆုံးသွားတဲ့လူနာ နံပါတ် ၃၉ရဲ့ မိသားစုဝင် ၈ဦးအနက် ၄ဦးမှာ ရောဂါပိုးတွေ့ရှိတာပါ။ရောဂါပိုးမတွေ့ရှိတဲ့ နောက် ထပ်မိသားစုဝင်၄ဦးကိုတော့ Facility Quarantine ထားရှိထားပါတယ်။”လို့ ဦးသန်းနိုင်ဦးကပြောပါတယ်။ဒါ့အပြင် သေဆုံးသွားတဲ့လူနာနံပါတ် ၃၉ကို ဆေးကုသပေးခဲ့ဖူးတဲ့ဆရာဝန်ကိုလည်း ဆေးစစ်မှုတွေပြုလုပ်ထားပေမယ့်ဆေးစစ်ချက်အဖြေတော့မသိရသေးဘူးလို့လည်းသိရပါတယ်။
လက်ရှိမှာတော့သေဆုံးသွားတဲ့လူနာ နံပါတ် ၃၉ရဲ့ ၂၆လမ်းအောက်ဘ လောက်ကမိသားစုနေအိမ်နဲ့ ဆေးကုသပေးခဲ့ဖူးတဲ့ဆရာဝန်ရဲ့ ၂၅လမ်းအောက်ဘလောက်ကဆေးခန်းတွေကို အသွား အလာကန့်သတ်ထားပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကဒီကနေ့ မနက် ၁၀နာရီခွဲမှာရောဂါပိုးတွေ့လူနာ ၁၁ဦးရှိတယ်လို့ထုတ်ပြန်ခဲ့ရာမှာ ပန်းပဲတန်းမြို့နယ် ၄ဦးပါဝင်လာပြီး ရန်ကုန်မှာစုစုပေါင်း ‌ရောဂါပိုး တွေ့ရှိသူ ၅၉ဦးရှိလာကာတစ်နိုင်ငံလုံး အတိုင်း အတာအနေနဲ့ ‌ရောဂါပိုးရှိသူ ၇၄ဦး ရှိပါပြီ။
Credit ဓူဝံ
ပန်းပဲတန်းမြို့နယ် ၂၆လမ်းအောက်ဘလောက်ကသေဆုံးသွားတဲ့ လူနာနံပါတ် ၃၉ရဲ့မိသားစုဝင်၈ဦးထဲက ၄ဦးမှာရောဂါပိုးတွေ့ရှိပြီးကျန်၎ဦးမှာ ရောဂါပိုးမတွေ့ရှိရဘူးလို့ပန်းပဲတန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်ဦးက Duwun ကိုပြောပါတယ်။
Credit ဓူဝံ
ဒုသမ္မတ ၂ အပါအဝင် ဓါတ်ခွဲနမူနာ (၃၂) ခု၏ ဆေးစစ်ချက် အ​ဖြေအရ ရောဂါပိုး မတွေ့ရှိရကြောင်း သမ္မတရုံးပြောကြား
နေပြည်တော်၊ ဧပြီ ၁၅
ဒုတိယသမ္မ (၂) နှင့် မိသားစုဝင်များ၊ အနီးကပ် ထိတွေ့ရသည့် ဝန်ထမ်းများ အားလုံးကို ယမန်နေ့က ဓါတ်ခွဲနမူနာ ရယူပြီး စစ်ဆေးခဲ့ကြောင်း သတင်းဖေါ်ပြပြီး ဖြစ်ပါသည်။
ယနေ့ မနက်ပိုင်းတွင် ဓါတ်ခွဲ အဖြေ သိရှိရပြီး ဓါတ်ခွဲနမူနာယူ စစ်ဆေးသူ (၃၂)လုံးတွင် ရောဂါပိုး မတွေ့ရှိကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
နိုင်ငံတော် အကြီးအကဲများ၏ ကျန်းမာရေးနှင့် ပတ်သက်၍ အိမ်တော်သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခြင်း ဖြစ်ပြီး တစ်နိုင်ငံလုံးနှင့် ဆိုင်သည့် စစ်ဆေးချက် အဖြေများအား သက်ဆိုင်ရာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ပေးနေမည် ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော် အကြီးအကဲများ၏ ကျန်းမာရေးအတွက် အဝင်၊ အထွက်များကို စိစစ် သတ်မှတ်ထားသူများ မှအပ အထိအတွေ့ မရှိစေခြင်း၊ ကျန်းမာရေး Guideline များနှင့်အညီ စိစစ်ကြပ်မတ်ကာ စနစ်တကျ ဆောင်ရွက်လျက် ရှိကြောင်း ဦးဇော်ဌေးက ဖြည့်စွက် ပြောကြားသည်။
@Peacock
Zawgyi
နေပြည်တော်၊ ဧပြီ ၁၅
@Peacock
ဗိုင်းရပ်စ်ဖြန့်မိသူ မဖြစ်ရေးအတွက် တစ်ပါးသူအိမ်ကို သွားမလည်ကြရန် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် သတိပေး
ဗိုင်းရပ်စ်ဖြန့်သူများ မဖြစ်စေလိုရေးအတွက် တစ်ပါးသူ၏အိမ်ကိုအလည်အပတ်သွားခြင်းများမှရှောင်ကျဉ်သင့်ကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများကိုအသိပေးပြောကြားလိုက်သည်။
ဧပြီလ(၁၃)ရက်က ကျင်းပသည့် ဗိုင်းရပ်စ်အရေးအွန်လိုင်းပေါ်မှတိုက်ရိုက်ဆွေးနွေးပွဲတွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗိုင်းရပ်စ်ဖြင့်သေဆုံးလူနာ Case-39 ၏ ဖြစ်စဉ်ကိုအခြေခံ၍ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။ ” အခု နံပါတ်(၃၉)။ ဆုံးသွားတဲ့လူနာက အသက်ကလည်း(၈၅)နှစ်ရှိပြီ။ အသက်ကလည်းကြီးပြီး အခြေခံရောဂါကလည်း ရှိတယ်။ ဒီတော့ ကိုဗစ်အတွက်က လွယ်ကူသွားတယ်ပေါ့။ နောက်ပြီးတော့ အခြေအနေကို ပြန်သုံးသပ်ကြည့်တဲ့အခါမှာ အိမ်အဝင်အထွက် သိပ်များတယ်။ အဲဒီတော့ ပြည်သူပြည်သားတွေကို သတိပေးချင်တယ်။ အိမ်အဝင်အထွက်များတာက အန္တရာယ်ပဲ ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယင်းအတွက်ကြောင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်အသိပေးထားခြင်းဖြစ်ပြီး တစ်ဦးကိုကူးစက်မိပါက ဆက်လက်လူနာရှာဖွေရမှုတွင် ခက်ခဲသွားနိုင်ကြောင်းလည်း ဆိုသည်။ မြန်မာနိုင်ငံသားများအနေဖြင့် ဧည့်သည်ကို ဖော်ဖော်ရွေရွေလက်ခံစကားပြောလေ့ရှိသည့်အတွက် ယင်းအခြေအနေများသည် သာမန်အချိန်တွင်ပြသနာမရှိသော်လည်း ဗိုင်းရပ်စ်ကပ်ဆိုးကူးစက်ပျံ့နှံ့မှုနှင့်ယှဉ်လာပါက အန္တရာယ်ကြီးသွားကြောင်းလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းကလည်း ပြောကြားသည်။ ” မြန်မာတွေက ယဉ်ကျေးမှုအရ ဧည့်သည်တွေကို လက်မခံတာမလုပ်ချင်ဘူးဆိုရင် ဧည့်သည်တွေက မသွားဖို့က အရေးကြီးတယ်။ သူများအိမ်တွေကို မသွားပါနဲ့။ ကိုယ့်ကြောင့်မို့လို့အခြားသူတွေကို ပြသနာမဖြစ်စေပါနဲ့” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ၌ ကူးစက်ခံရသည့်လူနာပေါင်း ၄၀ ကျော်လာခဲ့ပြီဖြစ်ပြီး ယင်းအထဲတွင် တစ်အိမ်မှတစ်အိမ်၊ တစ်နေရာမှတစ်နေရာသို့ပုံမှန်သွားလာနေထိုင်ခဲ့မှုများအရ သွားလာဆက်စပ်မိခဲ့ကြသည့် ကွင်းဆက်လူနာများလည်း ရှိလာခဲ့ကြောင်း သိရသည်။
အကုန်သိ
Zawgyi
အကုန်သိ