ဦးပိန်တံတား (သို့) တောင်သမန် တံတား သမိုင်း

ဦးပိန်တံတား (သို့) တောင်သမန် တံတား သမိုင်း

အင်း ကာ အော် ညီး-ဆောက်လုပ်ပြီး-တဲ့။ ၁၂၁၃-ခုနှစ်ကဒီတံတားကြီးကိုဆောက်လုပ်ပြီးတာပါ။၁။ ဦးအောင်ဇေယျ (၁၁၁၄-၁၁၂၂-ခု)။ ၂။နောင်တော်ကြီးမင်း(၁၁၂၂-၁၁၂၅ခု)။ ၃။ ဆင်ဖြူရှင်မင်း(၁၁၂၅-၁၁၃၈ခု)။ ၄။ စဉ့်ကူးမင်း(၁၁၃၈-၁၁၄၃ခု)။ ၅။ ဖောင်းကားစား မောင်မောင် (၁၁၄၃-ခု)။ ၆။ ဘိုးတော်ဦးဝိုင်း(၁၁၄၃-၁၁၈၁)။ ၇။ စစ်ကိုင်းမင်း=ဘကြီးတော်မင်း(၁၁၈၁-၁၁၉၉ခု)။ ၈။ သာယာ၀တီမင်း=ရွှေဘိုမင်း=ကုန်းဘောင်မင်း(၁၁၉၉-၁၂၀၈-ခု)။ ၉။ ပုဂံမင်း(၁၂၀၈-၁၂၁၄-ခု)။ ၁၀။ မင်းတုန်းမင်း(၁၂၁၄-၁၂၄၀-ခု)။၁၁။ သီပေါမင်း(၁၂၄၀-၁၂၄၇-ခု)ဆိုပြီးကုန်းဘောင်မင်းဆက် ၁၁-ဆက်ရှိပါတယ်။ နှစ်ပေါင်း ၁၃၃-နှစ် အုပ်ချုပ် မင်းလုပ်ခဲ့ကြပါတယ်။ဒီတံတားဟာ ၁၂၁၃-ခုနှစ် ဆောက် လုပ်ပြီးတာဆိုတော့ပုဂံမင်းလက်ထက်ကဖြစ်ပါတယ်။ပုဂံမင်းနဲ့ စကြာဒေဝီတို့ဟာမင်းတုန်းမင်း၊ကနောင်မင်းသားတို့နဲ့ အဖေတူ (=သာ ယာ၀တီမင်း)အမေကွဲများဖြစ်ကြပါတယ်။ နောင်တချိန် မင်းတုန်းမင်းက စကြာဒေဝီကို မိဖုရားကြီးမြှောက်ပါတယ်။

ပုဂံမင်းဟာမယ်တော်ဖြစ်တဲ့ ကျပင်းမိဖုရားကြီးရဲ့အကူအညီနဲ့ အဖေတူအမေကွဲညီနောင်များကို ရှင်းလင်းပြီး အမရပူရထီးနန်းကို ခြောက်နှစ်တိုင်တက်ထိုင်ခဲ့သူဖြစ်ပါတယ်။ဘုရင်တပါးဖြစ်သော်လဲ-သာမန်အရပ်သားတယောက်လို-အရက်သောက်၊ကြက်တိုက်၊ခါတယ်၊ ငှက်ဖမ်း-စတဲ့အပျော်အပါးတွေသာ ဝါ သနာပါတဲ့အတွက်ယောက်ဖဖြစ်တဲ့ ဦးကျောက်လုံးနဲ့အတွင်း၀န်ဦးပါးတို့ကိုသာတိုင်းရေးပြည်ရေးကိစ္စအားလုံးကို လွှဲ အပ်ထားပါတယ်။တောင်သမန်အင်းရဲ့တဖက်ကမ်းမှာဗုန်းအိုး-ဆိုတဲ့ရွာတရွာရှိပါတယ်။ဘိုးတော်ဝိုင်းလက်ထက်ကအာ သံ မဏိပူရကနေသုံ့ပန်းအဖြစ်ဖမ်းဆီးခေါ်လာခဲ့တဲ့အစ္စလာမ်ဘာသာ၀င်တွေနေဖို့တည်ပေးထားတဲ့ရွာဖြစ်ပါတယ်။အဲဒီရွာသားတွေဟာဘုရင့်အ မြောက်တပ်မှာအမှုထမ်းတဲ့သူမှတပါးကျန်တဲ့သူတွေဟာတောလိုက်မုဆိုးဘ၀နဲ့အသက်မွေးကြရတာပါ။ပုဂံမင်းဟာမင်းသားဘ၀ကတဲကအပျော်အပါးကြိုက်တာပါ။ဒါကို- ဗုန်းအိုးရွာသားဘိုင်ဆပ်-လို့ခေါ်တဲ့ကုလားတယောက်ကသိလေတော့- မင်း သားစိတ်တိုင်းကျပျော်ရအောင်တိရစ္ဆာန်တိုက်ပွဲမျိုးစုံကို ဖန်တီးပေးပါတယ်။

ပုဂံမင်းသားလဲ ဘိုင်ဆပ်ကိုသဘောကျပြီးသူဘုရင်ဖြစ်လာတဲ့အခါမြို့၀န်အဖြစ်ခန့်လိုက်ပါတယ်။ဘိုင်ဆပ်ဟာမြို့၀န်ဖြစ်လာတော့အမရပူရနန်းတော်အတွင်း တိရစ္ဆာန်တိုက်ပွဲများကျင်းပတဲ့အခါအသုံးပြုဖို့ရေကန်တွေတူးပေးတယ်။ဘုရင်နဲ့အမတ်များအလောင်းအစားလုပ်တဲ့အခါဘုရင်အနိုင်ရအောင်အကူအညီပေးလေတော့အမရပူရမြို့တော်ပေါ်မှာသာမကဘုရင့်အပေါ်မှာတောင်သူရဲ့သြဇာအရှိန်အဝါတွေလွှမ်းမိုးပြီးသူလုပ်ချင်ရာလုပ်လာပါတယ်။နောက်ဆုံး-သူ့ရွာ သားများဖြစ်တဲ့-ငပိန်-ကို မြို့စားရေးရာထူးပေးတယ်။ရွှေဘော်-ကို တံခါးမှူးးရာထူးပေးတယ်။ငမှုံ-ကို စျေးခေါင်း ရာထူးပေးတယ်။

ငရှင်-ကိုထန်းခေါင်းရားထူးပေးတယ်။ ရှင်ဘုရင်ကတော့တိရစ္ဆာန်တိုက်ပွဲတွေနဲ့ ပျော်နေလျက်။ဘာမှမသိ။ဘာဆို ဘာမှမသိ။ဘိုင်ဆပ်တို့အဖွဲ့ဟာနေရာအသီး သီးမှာရာထူးကြီးကြီးနဲ့ အာဏာရထားတာဆိုတော့-စေတီပုထိုးများရဲ့ ဌာပနာတွေကို ဖောက်ပြီးခိုးကြပါတယ်။မြန်မာအမျိုး သမီးများကိုလဲမုဒိန်းကျင့် စော် ကားဖျက်ဆီးရုံသာမကအဓမ္မသိမ်းပိုက်ပြီး ပေါင်းသင်းနေတဲ့မယားပေါင်းလေးဆယ်ကျော်ရှိပါတယ်။တချို့မိန်းကလေးတွေဆိုအမရပူရမှာမနေရဲလို့တခြားနေရာ ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။စီးပွားရေးလုပ်ငန်းရှင်တွေကိုလဲ ဘိန်းထုပ်ပစ်ပြီးအမှုဆင်ဖမ်းကာသက်ဆိုင်ရာမိသားစုတွေဆီကနေငွေတောင်းကြပါတယ်။

သူတို့တောင်းတဲ့ငွေမပေးသူတွေနဲ့ သူတို့အမြင်ကပ်သူတွေကိုတော့နှိပ်စက်တယ်။ သတ်တယ်။ဒီအတွက်လူတွေ သုံးထောင်လောက်သေကြရပါတယ်။(ဒါ-ကျုပ်တို့ကိုပခုံးပုတ်သတိပေးနေတာပါ။)ဒီလို ပြစ်မှု လွန်ကျူနေတဲ့ ဘိုင်ဆပ်အဖွဲ့ကို ဘယ်သူကမှဘုရင်ကိုတင်ပြလျှောက် ထားခြင်းမရှိကြပါဘူး။မြန်မာတွေဟာ အဲဒီကတဲကလူတောမတိုးတဲ့သဘောပါ။လအတွေလို့ ပြောရမှာပါ။အုပ်ချုပ်ရေးဘက်မှာဥပေက္ခာပြုထားတဲ့ဘုရင်ရဲ့ အား နည်းချက်ကိုသူတို့အဖွဲ့က သိလေတော့-မြို့တော်ကိုအာဏာသိမ်းယူတဲ့အခါသူတို့ရွာသားများထံကနေ အကူအညီ လိုအပ်သလို ရယူဖုိ့-မြန်မြန်နန်းသိမ်းနိုင်ဖို့အတွက်တောင်သမန်အင်းကို တံတား ဆောက်ဖို့လိုအပ်လာပါတယ်။

ဒါနဲ့-အင်း၀နဲ့ စစ်ကိုင်းမှာရှိတဲ့ ဘုန်း ကြီးကျောင်းဟောင်း၊သာသနိက အဆောက် အဦး ဓမ္မာရုံ၊ ဇရပ်၊ဘုရားတန်ဆောင်း၊ နန်းတော်ဟောင်းတို့မှ ဖျက်ယူအသုံးပြုခွင့်ရရေးအတွက်ဘုရင့်ထံခွင့်ပြုချက်တောင်းလိုက်ရာဘုရင်ကခွင့်ပြုချက်ပေး လိုက်ပါတယ်။

တံတားဆောက်လုပ်ခွင့်ရတဲ့အခါ မောင်ပိန်ကိုဆောက်လုပ်ရေးတာ၀န်ခံအဖြစ်ပေးအပ်ပြီးအမရပူရပြည်သူတွေရဲ့ အင်အားနဲ့ တံတားကြီးကို တည်ဆောက်ခဲ့ပါတယ်။လှိုင်းဒဏ်၊ လေဒဏ်ခံနိုင်အောင်အဖြောင့်မဆောက်ဘဲတောင်ဘက်ကိုခေါင်းမော့ကွေ့ ဝိုက်၍ဆောက်လုပ်ခဲ့ပါတယ်။ဦးဆောင်သူကုလားဦးပိန်ကိုအ စွဲပြုပြီး-တံတားအမည်ကို-ဦးပိန်တံတား-လို့ခေါ်ခဲ့ကြတာနဲ့ တူပါတယ်။ဒီတံတားကြီးဟာအဖိုးတန်ကျွန်းသစ်တွေနဲ့ တည် ဆောက်ခဲ့တာမို့ဒီလောက်ခိုင်ခံ့ပြီး သမိုင်းတွင်နေတာပါ။ ဒါပေမယ့်-အကောင်းစားကျွန်းသစ်လုံးကြီးတွေကိုတော့ငပိန်က နိုင်ငံခြားရောင်းစားပစ်လိုက်ပါသေးတယ်။အခုတံတားမှာမြင်နေရတဲ့ သစ်တွေကတော့နိုင်ငံခြားမှာအ၀ယ်မလိုက်လို့ ကျန်ခဲ့တဲ့ သစ်တွေနဲ့ အဖိုးတန်ကျွန်းသစ်တချို့ပဲဖြစ်ပါတယ်။အမရပူရမြို့တော်မှာ သူတို့အုပ်စုကိုကြောက်လို့ ဘယ်သူမှ မပြောရဲသော်လဲ-မျိုးနွယ်မတူ၊ ဘယ်ကလူ။

ပြည်ဆူပွက်အောင်ထားပါလိမ့်။ချို့ငှက်တည်ရာ၊ တွေ့ခဲ့ပါ၊ ပြည်တော်ဘယ်မှာသာပါလိမ့်–ဆိုပြီး စာချိုးပစ်သူတွေတော့ ရှိပါတယ်။နောက်ဆုံး-သူတို့ရဲ့ဒဏ်ကို သည်းမခံနိုင်လေတော့-ရုပ်သေးပညာရှင်များနဲ့ မိဖုရားခေါင်ကြီတို့တိုင်ပင်ကာ မြောက်စမုတ်ဆောင်မှာ ရုပ်စုံသဘင် က-ပြ တင်ဆက်ပါတယ်။ အဲဒီမှ-ရှင် ဘုရင်ကသိတာပါ။ရှင်ဘုရင် မခံရပ်နိုင်ဆုံးက-မိဖုရားနဲ့ အပျိုတော်များနေတဲ့ နန်းတွင်းအနောက်ဆောင်(မိဖုရားဆောင်)ကို ဘုရင်မှတပါးဘယ်သူမှ သွားလာခွင့်မရှိဘူးဆိုတာသိရက်နဲ့ မိဖုရားများနဲ့ စကားအဆက်အသွယ်ရှိနေကြခြင်းပင်။ဒါနဲ့-မြို့လယ်ခေါင်မှာ အများမြင်အောင် ကားစင်တင် ဖားကင်စေပြီး တံကျင်ထိုးသတ်ပစ်လိုက်ပါတယ်။တောင်သမန်းတံတားဟာ-မြေတသူ၊ထူးမူနှစ်ချက်၊ နှစ်ဘက်၀ရန်တာ-လို့ဆိုတဲ့အတိုင်း တံတားတိုင်က မြေအ၀င်(တသူဆိုတာ-လက်ခုတ်တဖောင်)၇-ပေခန့်ရှိပြီး၊(ထူးမူနှစ်ချက်ဆိုတာ)-အဲဒီတိုင်မှာ ကြက်ခြေခတ် သို့မဟုတ် ဆံပြုတ်မွှေတဲ့ ဒုတ်တံလို လုပ်ထားတယ်။

၀ရန်တာ လဲ ပါပါတယ်။ တိုင်က ၉၈၄- တိုင်ရှိပါတယ်။ နောက်တော့-တံတားနှစ်ဘက်ထိပ်မှာရှိတဲ့ အုတ်တံတားကိုဖြုတ်ပြီးအသားတံတား အစားထိုးလုပ်လိုက်တော့ တိုင်က ၁၀၈၆- တိုင်ရှိပြီး အရှည်ကလဲ ၃၉၆၇-ပေရှိလာပါတယ်။။ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်မှာ-တောင်သမန်အင်းရေကြီးလို့ရေအောက် တံတားနစ်သွားခဲ့ဖူးပါတယ်။တချို့တိုင်များ၊အခန်းများ ပျက်စီးသွားလို့ တောင်သမန်ရွာမှာနေတဲ့ အမရပူရအမတ် ဦးဘသီက ပြန်လည်ပြုပြင်ပေးခဲ့ပါတယ်။၁၉၇၃-ခုမှာလဲ ရေကြီးလို့ အခန်းပေါင်းရှစ်ဆယ်လောက်ရေထဲမျောပါ ပျက်စီးသွားလို့ ဂန္ဓာရုံဆရာတော်ကြီးနဲ့ မြို့နယ်လူကြီးမိဘများက ပြန်လည်ပြုပြင်ပေးခဲ့ပါတယ်။

Credit _ သော်တာမင်း

မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်မ တည်ရှိရာ နေရာ

မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်မ တည်ရှိရာ နေရာ

မြန်မာနိုင်ငံ အလယ်ဗဟို ချက်မတည်ရှိရာ နေရာသည် မြန်မာနိုင်ငံ အလယ်ပိုင်း၊ မန္တလေးတိုင်း၊ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့ မြသုခ ရွာ အနီးရှိ ပြက္ခရွေတောင်ပေါ်တွင် တည်ရှိသည်။ ကမ္ဘာ့တည်နေရာပြ စနစ် (GPS) တိုင်းတာချက်အရ မြောက် လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂.၆၉၅ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၄.၇၅၉ မိနစ်တွင် တည်ရှိသည်။ မြန်မာနိုင်ငံ အလယ်ဗဟိုချက်မ အ မှတ်အသားကျောက်တိုင်တစ်ခုကို မြန်မာ နိုင်ငံ မြေတိုင်းအဖွဲ့မှ စိုက်ထူထားသည်။ ပြက္ခရွေ့ တောင်ပေါ်ရှိ ပြက္ခရွေစေတီတော် အနီးတွင် တွေ့နိုင်ပါသည်။ ပြက္ခရွေ့ တောင်သည် ၃၇၅ဝ ပေ မြင့်သည်။ တောင်ထိပ်ပေါ်တွင် အနော်ရထာမင်းတည်ထား ကိုးကွယ်ခဲ့သော သမိုင်းဝင် ရှေးဟောင်းစေတီ တည်ရှိသည်။

ပုဂံ အနော်ရထာမင်းသည် ဗုဒ္ဓမြတ်စွာ စွယ်တော် ပွားများကို ပုဂံ တန့်ကြည်တောင်၊ တူုရွင်းတောင်၊ လောကနန္ဒာနှင့် ရွှေစည်းခုံ စေတီတော် တို့တွင် ဌာပနာထား တည်ခဲ့ပြီး နောက်ဆုံး ပဉ္စမမြောက် စွယ်တော်ပွားကို မြစ်သားမြို့ အရှေ့ တောင်ဘက် ပြက္ခရွေ့ တောင် ပေါ် ရှိ ပြက္ခရွေ့စေတီတော်မှာ ဌာပနာ ထားခဲ့လေသည်။အနော်ရထာမင်းလက်ထက်တွင် ကျောက်ဆည်ခရိုင်ရှိ ပြက္ခရွေတောင်၊ ကယွတ်တောင်တို့မှ ကျသောရေကို အထပ် ထပ်စစ်ကာရေသောက်ကန်ပြုလုပ်ခဲ့ကြောင်း သမိုင်းအထောက် အထားများ အရတွေ့ရှိရပေသည်။ထိုစေတီကိုလည်း ပြက္ခရွေ့ မဟာစွယ်တော်စေတီ ဟု ယနေ့တိုင် ခေါ်လေသည်။

Credit : Myat Ko Thwin

မော်တော်ယာဉ်တင်သွင်းမှုများ ပိတ်ပင်လိုက်တဲ့အတွက် ဈေးကွက်ပျက်သွားတဲ့ မန္တလေးကားဈေးကွက် အခြေအနေ

မော်တော်ယာဉ်တင်သွင်းမှုများ ပိတ်ပင်လိုက်တဲ့အတွက် ဈေးကွက်ပျက်သွားတဲ့ မန္တလေးကားဈေးကွက် အခြေအနေ

ပြင်ပနိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ် လာဈေးမြင့်တက်မှုနှင့်အတူ စက်သုံးဆီလိုအပ်မှုများဖြစ်ပေါ်နေသဖြင့် နိုင်ငံခြားထွက်ငွေလျော့နည်းစေရေးအတွက် တစ်ဦးချင်းအစီအစဉ်ဖြင့် ပြည်ပမှ မော် တော်ယာဉ်တင်သွင်းခြင်း အစီအစဉ်နှင့် ယာဉ်အို/ယာဉ်ဟောင်း အပ်နှံစလစ်ဖြင့် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်း အစီအစဉ်အား ယာယီဆိုင်းငံ့ထားမယ်လို့ ကြေညာပြီးတဲ့နောက်မှာတော့ ကားဈေး ကွက်ထဲမှာ “ဈေးကွက်ပျက်တယ်” လို့ ပြောဆိုလာခဲ့ ကြပါတယ်။

“ဘယ်ကား ဘယ်ဈေးရယ်လို့ မရှိတော့ဘူး။ ကြိုက်ရောင်း ကြိုက်ဝယ်ပဲ။ ကားတစ်စီး မနေ့ကခေါ်ဈေးနဲ့ ဒီနေ့ဈေး မတူတော့ဘူး။ ပုံမှန်လို ဘယ်ကားအမျိုးအစားက ဘယ်ဈေးဆိုတာမျိုးမရှိတော့ ဈေးကွက်ကပျက်တယ်လို့ ဆိုရမှာပဲ” – ဦးမြင့်ကျော်(ကားဝယ်/ရောင်း (မန္တလေး)

မော်တော်ယာဉ် တင်သွင်းခြင်းအစီအစဉ်အား ပိတ်ပင်လိုက်ပြီးနောက် မန္တလေး ကားဈေးကွက်ထဲတွင် ပုံမှန်ဈေးအတိုင်းမဟုတ်တော့ဘဲ ကြိုက်ရောင်း ကြိုက်ဝယ်ဈေး ဖြစ်သွားကြောင်းလည်း ပြည်ကြီးမျက်ရှင် ကားဝိုင်းထဲက ပြောကြားချက်အရ သိရပါတယ်။

“ဘယ်လောက်တက်သွားသလဲဆိုတော့ ဉပမာဗျာ သိန်း ၁၅၀ တန် ကားက အဲ့ဒီကြေညာချက်ထွက်ပြီးနောက် ၁၆၀ လား ၁၇၀ လား၊ ညှိနှိုင်းဈေးဖြစ်ကြတာဆိုတော့ ရာခိုင်နှုန်းနဲ့ တပ်အပ်ပြောလို့မရဘူး။ ကြိုက်ရောင်း ကြိုက်ဝယ်ပဲ” – အကျိုးတော်ဆောင် တစ်ဦး (ပြည်ကြီးမျက်ရှင် ကားဝိုင်း)

ကားဈေးကွက်အတွင်းမှာပြည်ပကတင်သွင်းသောကားဟောင်း/သစ်နဲ့ မူရင်းထုတ်လုပ်တဲ့စက်ရုံကနေကားအစိတ် အပိုင်း‌တွေကို မြန်မာပြည်တွင်းသို့ တစ်စစီသယ်လာပြီး မြန်မာပြည်တွင်းတွင် ပြန်လည်တပ်ဆင်ထားတဲ့ကားတွေဖြစ်တဲ့SKD(Semi Knocked Down) ကားများရှိရာ ယခုပိတ်ပင်လိုက်တာကတော့ ကားဟောင်း/သစ် တင်သွင်းမှုကိုပဲ ဖြစ်ပါတယ်။

ယခုလက်ရှိမှာတော့ ရောင်းလိုက်သော ကားတွေဟာ ဈေးထပ်တက်လာနိုင်တဲ့အတွက် အရောင်းသမားတွေဘက်ကို တွန့်ဆုတ်မှုဖြစ်ပေါ်စေပြီး၊ ဝယ်လိုသူများအတွက်ကိုတော့ အလုအယက်ဝယ်ယူစေဖို့ တွန်းအားပေးသလို ဖြစ်နေလျက်ရှိပါတယ်။

Credit ကားသတင်းစုံ
Source – Mizzima

ကားတင်သွင်းမှု ယာယီရပ်ဆိုင်းခြင်းက မြန်မာငွေစျေးကျခြင်းကို ပြေလည်နိုင်မလား

ကားတင်သွင်းမှု ယာယီရပ်ဆိုင်းခြင်းက မြန်မာငွေစျေးကျခြင်းကို ပြေလည်နိုင်မလား

Car Thadin Sone September 30, 2021
မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာက Systemic Banking Crisis ဖြစ်နေတာပါ။ Systemic Banking Crisis ဆိုတာ

၁။ ဘဏ်တွေမှာ Non-performing loans တွေ အဆမတန် များပြားနေခြင်း

၂။ အစိုးရအပြောင်းအလဲ တစ်ခုမှာ ဘဏ်များအပေါ်ပြည်သူက ယုံကြည်မှုကျသွားခြင်း

၃။ နိုင်ငံခြားမှ ပြည်တွင်းသို့ ငွေရေး ကြေးရေး အထောက်အပံတွေ ရပ်ဆိုင်းတာ

၄။ နိုင်ငံတကာ ငွေကြေး အဖွဲ့များနှင့် ဆက်သွယ်ရေးပြတ်တောက်တာ(အယုံအကြည်ကင်းမဲ့တာ)

အထက်ပါ (၄) ချက်ထဲက တစ်ခုခုဖြစ်ရင် ဘဏ်လုပ်ငန်းနယ်ပယ် တခုလုံး အကြပ်အတည်းဖြစ်ပြီး ရပ်သွားလေ့ရှိပါတယ်။လက်ရှိမြန်မာပြည်ရဲ့အခြေအနေက အဆို၊ အချက် (၄) ချက်မှာ လေးချက်လုံး ငြိနေတယ်လို့ ဆိုရမှာပါ။ ဒါကြောင့် မြန် မာပြည်မှာ systemic banking crisis ဖြစ်နေပါတယ်။

Systemic Banking Crisis ဖြစ်ရင် အ နည်းဆုံး လေးနှစ်လောက် တိုင်းပြည်ဟာ စီးပွားရေးထိုးကျလေ့ရှိတယ်လို့ ရှေးကဖြစ်ခဲ့တဲ့ဖြစ်စဥ်များကဆိုပါတယ်။ဒါကြောင့် ၂၀၂၅ လောက် အထိတော့ မြန်မာပြည်စီးပွားရေးဟာပြန်ကောင်းစရာမရှိနိုင်တဲ့အခြေနေဖြစ်တယ်လို့ ယေဘုယျ သုံးသပ်နိုင်ပါတယ်။

ဒီ Crisis ကို ကာကွယ်ဖို့ စကစ ဗဟိုဘဏ်ဟာငွေစက္ကူ သစ်တွေ အများအပြားရိုက်ထုတ်ခြင်း၊ငွေထုတ်ယူမှု ကန့်သတ်ခြင်း၊ ဒေါ်လာတွေရောင်းခြင်း အစရှိတဲ့နည်းလမ်းတွေနဲ့ ကယ်ပါတယ်။ ဒီနည်းတွေနဲ့ ကယ်တင်သော်လည်း အဆင်မပြေတဲ့အခါ monetary tools တွေ အပြင် financial tools တွေပါ ထုတ်သုံးရပါတယ်။ဒါကြောင့် ကားတင်သွင်းမှု ကို ယာယီပိတ်လိုက်ပါတယ် (ယာယီဆိုသော်လည်း systemic banking crisis ကနေမရုန်းထွက်မနိုင်မချင်းဆိုတော့ ၅ နှစ်လောက်​တော့ ပိတ်မယ်ထင်ပါတယ်)။

ကားတင်သွင်းမှု ပိတ်ပင်လိုက်ရုံဖြင့် ယခု ဖြစ်နေတဲ့ ပြဿနာထဲက တစ်ခုဖြစ်တဲ့ မြန်မာငွေတန်ဖိုး အလွန်အမင်းကျဆင်းမှုကိုကာကွယ်နိုင်သလားဆိုရင်တော့ လက်ရှိမြန်မာငွေတန်ဖိုးကျတာ ဟာ Import/Export နဲ့ သိပ်မဆိုင်ပါဘူး။ Systemic Banking Crisis ဖြစ်နေတာကြောင့် လူတွေက ဘဏ်က ထုတ်ပြီး ရွှေစု နိုင်ငံ​ခြား ငွေစုကြလို့ပါ။

ရွှေစုနိုင်ငံခြားငွေ စုတယ်ဆိုကတည်းကပြည်တွင်းမှာ investment မလုပ်ကြလို့ပါ။ ဒါကြောင့် ပြည်တွင်းမှာ domestic investment ကော၊ FDI ပါ အတော်လျော့သွားပါတယ်။ ဒီလိုအချိန်မှာ import ပမာဏလည်းကျ export ပမာဏလည်းကျတာ နှစ်မျိုးလုံးပြိုင်တူဖြစ်နေမှာ ဖြစ်ပြီး ကားတင်သွင်းခွင့်ပိတ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ပြည်တွင်းစျေးကွက်မှာကားသစ်ဝယ်စီးသူနည်းနေမှာပါ။

ဒီတော့ လက်ရှိ ဒေါ်လာစျေးတက်နေတာ systemic banking crisis ကြောင့် လူတွေဟာ ဘဏ်မှာငွေစုကြဖို့ လုံးဝမဖြစ်နိုင်တော့တဲ့ အနေအထားမှာ လူတွေဟာ ပြည်တွင်း စီးပွားရေး နှင့်ပြည်တွင်းသုံးငွေ အပေါ် ယုံကြည်မှုကျဆင်းသွားလို့ ရွှေ၊ ဒေါ်လာ ဝယ်ယူပြီး မိမိအရမ်းမဆင်းရဲသွားအောင် အကာအကွယ်ယူနေတာဖြစ်တာကြောင့် ကားမတင်သွင်းရုံနဲ့ ဒေါ်လာစျေးဟာ အကျဘက်ကို မရောက်နိုင်ပါဘူး။

Monetary tools တွေတင်မ က financial tools တွေပါ ထုတ်သုံးလာရတဲ့ ယနေ့အနေအထားမှာ ဒေါ်လာဟာ ဆင်းစရာနေရာမရှိတော့ပါဘူး။ Systemic banking crisis ကို ပြေလည်အောင် မဖြေရှင်းနိုင်ရင် လာမယ့် ငါးနှစ်အတွင်းမှာ ဒေါ်လာဟာအတက်မှာပဲ ဆက်ရှိနေမယ် ခန့်မှန်းပါတယ်။ဒါကြောင့်ဒေါ်လာ စျေး ၂၀၀၀ကျပ်ကနေ ဆင်းမလား တက်မလားမေးရင် ကျွန်တော့အမြင်အရဆိုရင်တော့ ဒေါ်လာစျေးဟာ ယခုမှ စတက်ခါစ လို့ပဲ ဆိုချင်ပါတယ်။

Author – Myat Maw

ချယ်ရီထက် ကို ပုဒ်မ ၅၀၅ (က) ဖြင့်အမှုဖွင့်ပြီး ဖမ်းဆီးရတဲ့ အကြောင်းအရင်း

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် လုပ်ခဲ့သူ ဒုရဲအုပ် ချယ်ရီထက်အား ရာဇ သတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယနေ့ (စက်တင်ဘာ ၂၆ ရက်တွင်) ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်၌ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဌာနမှ ဒုရဲမှူး ဇော်ဝင်းထွန်း တိုင်တန်းချက်ရ ဒုရဲအုပ် ချယ်ရီ ထက်အား ဖမ်းဆီး၍ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်းတွင် ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။

ချယ်ရီထက်သည် လူမှုကွန်ရက် စာမျက်နှာ၌ May Mi အကောင့်ဖြင့် မတ် ၆ ရက်မှစ၍ “မတရားတာကို မတရားဘူးလို့ မပြောရဲရင် ပါးစပ် ပိတ်ထားပါ။ တရားပါတယ်လို့တော့ မပြောပါနဲ့” ၊ မတ် ၇ ရက်တွင် “ဘယ်လိုပဲ ပြောပြော ဟိုဘက် ကလည်း CDM မပါရင် စစ်ကောင်စီ ဘက်တော်သားအဖြစ် အရေးယူမယ်တဲ့.. ဒီဘက်ကလည်း CDM ပါရင် ရဲစည်း/ အရပ်ဘက် ထောင် ၁၃ နှစ်တဲ့၊ နှစ်ဖက်စလုံး ဖမ်းချင်နေကြတယ် ဆိုတော့ တခါတည်း အထုပ်ပြင်ပြီး အချုပ်ထဲ သွားနှင့် ရမလား” ဟူ၍ လည်းကောင်း မတ် ၁၄ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် ဖေ့ဘွတ် page မှ “လွမ်းလိုက်တာ အမေ” ဟူသည့် ပိုစ့်အား share ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

photo credit Original uploader

ထို့ပြင် ဇွန်လတွင် NLD ပါတီ၏ ဘီးလင်း လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဖြစ်သူ မသီရိရတနာနှင့် ဆက်သွယ်မှု များ ပြုလုပ်ခဲ့ပြီး မသီရိရတနာမှ တောတွင်း စခန်းချ နေထိုင်မှုများနှင့် လက်နက်ကိုင်ဆောင်မှု မှတ်တမ်းဓာတ်ပုံများ၊ NUG ၏ သတင်းထုတ်ပြန်ချက်များကို ပေးပို့ခြင်း၊ ပြည်ပ သတင်းဌာနများ၏ သတင်း ရုပ်သံဖိုင်များကို အပြန်အလှန် ပေးပို့ခြင်းများ ပြုလုပ်ခဲ့သဖြင့် အမှုဖွင့် တိုင်တန်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ချယ်ရီထက်အား စက်တင်ဘာ ၂၁ ရက်တွင် စစ်ဆေးမေးမြန်းရန်နေအိမ်မှနေ ခေါ်ဆောင်သွားခဲ့ပြီး စက်တင်ဘာလ ၂၃ ရက်တွင် ဖမ်းဆီး၍ အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

Ref:ဧရာဝတီ

Zawgyi






Ref:ဧရာဝတီ

ပုံစံ -၇/ပုံစ-၁၀၅ ကျပြီးပါပြီ။ မီးတိုင်လည်းစိုက်ပြီးပါပြီ …ဆိုတဲ့ မြေကွက်တွေဝယ်မယ်ဆိုရင် ..ဒါလေးအရင်ဖတ်ပါ”

ပုံစံ -၇/ပုံစ-၁၀၅ ကျပြီးပါပြီ။ မီးတိုင်လည်းစိုက်ပြီးပါပြီ …ဆိုတဲ့ မြေကွက်တွေဝယ်မယ်ဆိုရင် ..ဒါလေးအရင်ဖတ်ပါ”

ပုံစံ -၇/ပုံစ-၁၀၅ ကျပြီးပါပြီ။

မီးတိုင်လည်းစိုက်ပြီးပါပြီ ။

အရှုပ်အရှင်းတာဝန်ယူုပါတယ် ။

အရှုပ်အရှင်းဖြစ်ခဲ့ရင်၂ဆပြန်လျော်ပါ့မယ်လို့စာချုပ်ထဲထည့်ချုပ်ထားပါတယ်။ဘာညာ မက်လုံးတွေပေါ့ဗျာ။

ကုမ္ပဏီ /ငွေရှင်ကြေးရှင်ကလယ်ကွက်တွေကိုဧကနဲ့ဝယ်ပေသတ်မှတ်ပြီးအကွက်ရိုက်ရောင်း။

ကိုယ့်ပိုက်ဆံဟာကြွေပန်းကန်စေ့မဟုတ်လေတော့ခံရပြီဆိုရင်နစ်နာမယ်။

လျှပ်စစ်ဌာနအနေနဲ့ဓာတ်မီးတိုင်ဆွဲနိုင်တဲ့အကွာအဝေးလည်းရှိမယ်ပေးနိုင်တဲ့လျှပ် စစ်ပမာဏကလည်းရှိရင်မူအရပေးမှာဘဲ။လူနေခွင့်ရှိတဲ့မြေနေရာမှာဆောက်ထားတဲ့အိမ်ဟုတ်မဟုတ်စဉ်းစားမှာမဟုတ်။

သူ့ဌာနနဲ့သူသူ့လုပ်ပိုင်ခွင့်နဲ့သူလေ။အမှုထဲသူ့ဆွဲထည့်လို့မရ။ဒါကိုသဘော ပေါက်ထားရမယ်။ပြီးတော့ယခင်မူ ကလယ်မြေကိုအိမ်ဆောက်လို့ရတယ်ပြောရောင်းရင်

လိမ်ရောင်းတယ်ဆိုပြီးတရားစွဲလို့ရပေမယ့်ပြင်ဆင်ချက်ဥပဒေသစ်အရလယ်မြေကိုလက်ရှိပိုင်ရှင်အမည်ပေါက်ကအိမ် ဆောက်နေရင် လယ်ပိုင်ဖြစ်နေပြီးလယ်မလုပ်ဘဲအိမ်ဆောက်နေတဲ့အတွက်လက်ရှိအမည်ပေါက်ပိုင်ရှင်ကိုလည်းအရေးယူရတော့မှာဖြစ်ကြောင်းဥပဒေသစ်ထုတ် ထားတော့ငါ့လက်ကလွတ်ပြွတ်။

ပိုင်ရှင်အမည်ပြောင်းပါတခါတည်းစီစဉ်ပေးပါ့မယ်ဆိုပြီးတက်သုတ်ရိုက်ဂျင်းထည့်ပါလေရော။ကိုယ့်အမည်ပြောင်းပါ စီစဉ်ပေးပြီးသားဆိုပြီးကျေးဇူးရှင်မထင်နဲ့။

နောက်လူရှင်း မူအရပိုင်ရှင်သစ်မဖြစ်ဖြစ်အာင်ထိုးထည့်တာဘဲ။ပုံစံ-၁၀၅ ဆိုတာကမြေပုံဘဲမြေအသုံးပြုနေသူနေရာပြမြေပုံဥယျှာဉ်ခြံမြေကိုအစိုးရဆီကငှါးရမ်းအခွန်ဆောင်စိုက်ပျိုးစားသူ အတွက်လည်း ပုံစံ-၁၀၅ ထုတ်လို့ရတာဘဲ။ဘိုး ဘွားပိုင်မြေသမားလည်းပုံစံ-၁၀၅ထုတ်လို့ရတာဘဲ။

ဂရံမြေသမားလည်းပုံစံ-၁၀၅ထုတ်လို့ရတာဘဲ။တပ်သိမ်းမြေလည်းပုံစံ-၁၀၅ ထုတ်လို့ရတာဘဲ။ခေတ်စကားနဲ့ပြောရရင်locationပေါ့ဗျာ။ပုံစံ-၇ ကတော့သီးခြားရှင်းမနေတော့ပါဘူး။လယ်ယာမြေ(ဥယျာဉ်ခြံမြေအပါအဝင်)ဆိုင်ရာဆိုင်ရာပုံစံတစ်ခုဆိုပါတော့။

လယ်မြေအတွက်လည်းပုံစံ-၇ဥယျာဉ်ခြံမြေအတွက်လည်းပုံစံ-၇ပါဘဲလူနေဘို့မဟုတ်။စိုက်ပျိုးမြေအတွက်ပါ။တချို့များကျဥယျာဉ်ခြံမြေကိုတန်ဘိုးနည်းဘိလပ်မြေအုတ်တွေနဲ့ခြံဝင်းခတ်အ ကွက်ရိုက်ပြီးအိမ်ဆောက်နေလို့ရသယောင်ဂွင်ကရိုက်သေးသဗျ။

ရွာနဲ့ဆက်စပ်နေတဲ့ဥယျာဉ်ခြံမြေဆိုရင်တော့အခြားနည်းသုံးခွင့်လျှောက်။တိုးချဲ့ရွာမြေအဖြစ်ပြောင်းပြီးမှအိမ်ဆောက်နေခွင့်ရသဗျ။လယ်မြေပုံစံများကိုဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။

( လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံများ )

ပုံစံ(၁) လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်လွှာ။

ပုံစံ(၂) လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက် ထားခြင်းကို ကန့်ကွက်လိုသူတို့က ကန့် ကွက်နိုင်ရန် ထုတ်ဆင့်သည့် ကြော်ငြာစာ။

ပုံစံ (၂-က) လယ်ယာမြေ လုပ်ပိုင်ခွင့် အမည်ပြောင်းလဲပေးရန် လျှောက်ထားခြင်းကို ကန့်ကွက်လိုသူတို့က ကန့်ကွက်နိုင်ရန် ထုတ်ဆင့်သည့် ကြော်ငြာစာ။

ပုံစံ(၃) လယ်ယာမြေ လုပ်ပိုင်ခွင့်လျှောက် လွှာ မှတ်ပုံတင်စာရင်း။

ပုံစံ(၄) လယ်ယာမြေ လုပ်ပိုင်ခွင့် စစ်ဆေးချက်။

ပုံစံ(၅) လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူ များမှတ်ပုံတင်စာရင်း။

ပုံစံ(၆) လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိရန်လျှောက်ထားချက်ကို ငြင်းပယ်ခံရသူ များ မှတ်ပုံတင်စာရင်း။

ပုံစံ(၇) လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်။

ပုံစံ(၈) လယ်ယာမြေ လုပ်ပိုင်ခွင့်ရလိုကြောင်းလျှောက်လွှာကို ငြင်းပယ်သော အကြောင်းကြားစာ။

ပုံစံ(၉) လယ်ယာမြေ လုပ်ကိုင်ခွင့်ရရှိသူအမည်ပြောင်းလဲပေးရန် လျှောက်လွှာ ။

ပုံစံ(၁၀) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လယ်ယာမြေအဖြစ် ပြောင်းလဲပေးရန်လျှောက်လွှာ ။

ပုံစံ(၁၁) ရပ်ကွက်/ကျေးရွာအုပ်စုအ လိုက် လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံစာရင်း ။

ပုံစံ(၁၂) နစ်နာကြေးနှင့် လျော်ကြေးပေးဆောင်ရန် တွက်ချက်မှု။

ပုံစံ(၁၃) အခြားသီးနှံပြောင်းလဲ စိုက်ပျိုးခြင်းအတွက် ခွင့်ပြုမိန့်။

ပုံစံ(၁၄) လယ်ယာမြေ အခြားနည်းအသုံး ပြုခွင့်လျှောက်လွှာ(နယ်မှာရချင်ရမယ်။ရန်ကုန်တိုင်းမှာလုံးဝခွင့်မပြု)(ရန် ကုန်တိုင်းမှာအခြားနည်းသုံးခွင့်ကရွာထဲရောက်နေတဲ့။ရွာနဲ့ဆက်စပ်နေတဲ့ဥယျာဉ်ခြံမြေတွေကိုအိမ်ဆောက်နေဘို့တိုးချဲ့ရွာမြေလျှောက်ရင်ခွင့်ပြုတယ်။

လယ်မြေကတော့ဆောရီး)

ပုံစံ(၁၅) လယ်ယာမြေမှတစ်ပါး အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့် ။(ဥယျာဉ်ခြံမြေတွေကိုတိုးချဲ့ရွာမြေလျှောက်ပြီးအိမ်ဆောက်နေမယ်ဆိုဒီပုံစံသုံးပြီးခွင့်ပြုတယ်။ဒါကလည်းရွာနဲ့ဆက်စပ်နေမှနော်။သီးခြားကြီးဖြစ်နေရင်တိုးချဲ့ရွာမြေလျှောက်မရဘူး)

ပုံစံ(၁၆) လယ်ယာမြေအား အခြားနည်းဖြင့်အသုံးချရန်ခွင့်ပြုပြီး ကိစ္စရပ်အပေါ် စိစစ်တွေ့ရှိချက်အခြေအနေ။

ပုံစံ(၁၇) ရပ်ကွက်/ကျေးရွာအုပ်စုအ လိုက် မြေနုကျွန်းမြေ လုပ်ပိုင်ခွင့် မှတ်ပုံစာရင်း။လယ်သမားအချင်းလယ်ရောင်းတော့လယ်ဝယ်သူကပုံစံ-၉နဲ့ပိုင်ရှင်အမည်ပြောင်းတဲ့လုပ်ရိုးလုပ်စဉ်အရလုပ်တာကိုရောကြိတ်ပြီးအမည်ပြောင်းပါတခါတည်းလျှောက်လို့ရပါတယ်ဆိုပြီးဖိန့်သေးသဗျ။

ဥပဒေပညာရှင်အကြံပြုတဲ့အိမ်ဆောက်ဘို့ဝယ်သင့်တဲ့မြေကတော့

-ဘိုးဘွားပိုင်မြေ

ဂရံမြေ

ပါမစ်မြေ

ရွာမြေ

ရွာ / ရပ်ကွက်အတွင်းရှိ ဥယျာဉ်ခြံမြေ

(ဘာမြေဖြစ်ဖြစ်အထောက်အထားမရှိလေနဲ့လျှောက်ပြောနေရင်မယုံပါနဲ့)

Crd:မူရင်းရေးသားသူအား crdပေးပါသည်

အလှူပွဲကိုလာရောက်ကြတဲ့ ဒါယကာ၊ဒါယိကာမတွေအတွက် ပိုက်ဆံတွေကြဲချပြီး ရွှေမိုးငွေမိုးရွာပေးခဲ့တဲ့ မြောက်ဦးဆရာတော်ရဲ့ဗီဒီယိုဖိုင်

မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒကတော့ လာမယ့်တော်သလင်းလပြည့်ကျော် (၆)ရက်နေ့၊ (၂၆-၉-၂၀၂၁) တနင်္ဂနွေနေ့မှာ သက်တော် (၆၂)နှစ်ပြည့်မှာ ဖြစ်ပါတယ် ။ ဒီနှစ်မှာ မြောက်ဦးဆရာတော်က ဝိဇာတမွေးနေ့ အထိမ်းအမှတ်အဖြစ် အသံမစဲပဋ္ဌာန်းတရားတော် ပူဇော်ပွဲကိုလည်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ် ။ မြောက်ဦးဆရာတော်က ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီတောရကျောင်းက ဆရာတော်တစ်ပါး ဖြစ်ပါတယ်။

Photo Credit-“မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ” FB Page
Photo Credit-“မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ” FB Page

မြောက်ဦးဆရာတော်က သက်တော်(၆၂)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆုတောင်းပြည့် အဓိဌာန်အောင် လျောင်းတော်မူဘုရားကြီးကိုလည်း တည်ထားနေတာ ဖြစ်ပါတယ်။ ဒါယကာ၊ဒါယိကာမတွေကလည်း ဆရာတော်ရဲ့ကုသိုလ်ကို တတ်နိုင်သလောက် ပါရမီဖြည့်ပေးနေကြတာ ဖြစ်ပါတယ် ။ ဒီနေ့မှာဆိုရင်လည်း ဆရာတော်ရဲ့မွေးနေ့အကြိုအဖြစ် မအီမြို့ရှိ ကျောင်းဝန်းထဲမှာ စတုဒီသာအလှူပွဲကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-“မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ” FB Page
Photo Credit-“မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ” FB Page

ဒီပွဲကိုလာရောက်ကြတဲ့ ဒါယကာ၊ဒါယိကာမတွေကို မြောက်ဦးဆရာတော်က ပိုက်ဆံတွေကြဲပြီး အလှူပေးခဲ့တာလည်း ဖြစ်ပါတယ် ။ ဆရာတော်ဘုရားကိုယ်တိုင် ပိုက်ဆံကြဲပေးခဲ့တာဖြစ်ပြီးဒါယကာ၊ဒါယိကာမတွေကလည်း အလှူမှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ် ။ မွေးနေ့မတိုင်ခင်တစ်ရက်မှာ စတုဒီသာအလှူကိုလာရောက်ကြတဲ့ ဒါယကာ၊ဒါယိကာမတွေအတွက် ရွှေမိုးငွေမိုးရွာသွန်းပေးခဲ့တဲ့ မြောက်ဦးဆရာတော်ရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။Source & Video Credit-“မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ” FB Page

Photo Credit-“မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ” FB Page

Credit MMLOAD

ထူးဆန်းမှုတွေ ပြည့်နှက်နေတဲ့ မြန်မာပြည်ထဲက ဘာမြူဒါ (သို့မဟုတ်) ပြန်လမ်းမဲ့ ရေကန်

ထူးဆန်းမှုတွေ ပြည့်နှက်နေတဲ့ မြန်မာပြည်ထဲက ဘာမြူဒါ (သို့မဟုတ်) ပြန်လမ်းမဲ့ ရေကန်

ဘာမြူဒါ ဆိုရင် အဖြေရှာဖို့ခက်ခဲတဲ့ ထူးဆန်းမှုတွေပြည့်နှက်နေတဲ့ နေရာလို့ အားလုံးသိပြီးဖြစ်မှာပါ။အဓိကကတော့ အဲဒီနေရာကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေလေယာဉ်တွေအစအနမကျန်ပဲပျောက်ပျောက်သွားတတ်လို့ပါပဲ။ဘာမြူဒါတြိဂံလိုပဲနေရာတစ်ခုမြန်မာနိုင်ငံမှာ ရှိတယ်လို့ဆိုရင်မသိသေးသူများ အံသြသွားနိုင်ပါတယ်။ဟုတ်ပါတယ်။ဘာမြူဒါနဲ့ခပ်ဆင်ဆင်တူတဲ့ ပြန်လမ်းမဲ့ရေကန်လို့အမည်ပေးထားတဲ့ ရေကန်တစ်ခုဟာ အိန္ဒိယမြန်မာနယ်စပ် နာဂဒေသ မြန်မာ့မြေပေါ်မှာ တည်ရှိနေပါတယ်။

ဒေသခံတွေကတော့ ဒီကန်ကို သူတို့ဘာသာစကားနဲ့ နောင်ယန်းအင်း လို့ ခေါ်ပြီး အများဆုံးသိကြတဲ့နာမည်ကတော့ The Lake Of No Return (ပြန်လမ်းမဲ့ရေကန်) ဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းကလက်နက်ခဲယမ်းနဲ့ အသုံး အဆောင်ပစ္စည်းတွေသယ်ဆောင်ဖို့ ဖောက်လုပ်ထားတဲ့လီဒိုလမ်းမကြီး(သို့) အိန္ဒိယ-တရုတ်-မြန်မာ လမ်း ရဲ့ဘေး ပန်ဆောင်ကျေးရွာ အနီးမှာ တည်ရှိနေတဲ့ကန်ဖြစ်ပါတယ်။

မှတ်တမ်းများအရ ဒီကန်ကို ဖြတ်သန်းသွားခဲ့တဲ့မဟာမိတ်အမေရိကန်လေယာဉ်ပေါင်းများစွာဟာပျောက်ဆုံးခဲ့ဖူးပါတယ်။တကယ်တော့လေယာဉ်တွေဟာ ရေကန်ထဲကိုပျက်ကျခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခါကတော့ ဒါဇင်ပေါင်းများစွာပါတဲ့ဂျပန်စစ်တပ်တစ်တပ်ဖြစ်ပါတယ်။စစ်ရှုံးနိမ့်ပြီးထွက်ပြေးလာတဲ့ ဂျပန်စစ်တပ်ဟာ မျက်စိလည်ပြီး ဒီနေရာကိုရောက်တဲ့အခါ စခန်းချခဲ့ပါတယ်။အဲဒီစခန်းချစဉ်ရက်ပိုင်းအတွင်းမှာပဲ ငှက် ဖျားရောဂါအပြင်းအထန်ကူးစက်ခံရပြီး အားလုံးသေဆုံးကုန်ကြပါတယ်။

ဒီကန်ရဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေကြောင့် မဟာမိတ်အမေရိကန်စစ်ခေါင်းဆောင်တွေဟာ ဒီကန်ကို စစ်ဆေးဖို့ စစ်သားတချို့ကိုစေလွှတ်ခဲ့ပါတယ်။ဒါပေမယ့် အဲဒီစစ်သားတွေအားလုံးလည်း ထူးဆန်းစွာသေဆုံးကုန်ကြပြန်ပါတယ်။၁၉၄၂ တုန်းကလည်း ဗြိတိန်စစ်သားတွေဟာ ထွက် ပြေးရင်း ဒီကန်နေရာမှာ နုံးတွေကျွံပြီး ပျောက်ဆုံးကုန်ကြပြန်ပါတယ်။

စာရေးသူတစ်ယောက်ကလည်း ဒီနေရာမှာ ပျောက်ဆုံးသွားတဲ့ အစ္စ ရေးလူမျိုးတစ်မျိုးစုတစ်စု ပုန်းအောင်းနေတယ်လို့ ဆိုပါတယ်။ရှေးဒေသခံတွေအနေနဲ့တော့ ဒီကန်ဟာနတ်ဘီလူးတွေရှိနေတဲ့ကန်လို့ ယုံကြည်နေကြပြီး ဒီကန်ထဲကငါးတွေကိုဘေးမဲ့ပေးထားကြပါတယ်။ဒီကန်ဟာ နဂါးတွေနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ ပုံပြင် ဒဏ္ဍာရီတွေလည်း ရှိပါတယ်။သုတေသနပညာရှင်တွေကတော့ လေယာဉ်တွေပျက်ကျခဲ့တဲ့အကြောင်းဟာ လေယာဉ်မှူးတွေဟာ ဒီနေရာက နုန်းမြေပေါ်ကိုအရေးပေါ် ဆင်းသက်ခဲ့တာကြောင့် အန္တရယ်ထဲကျရောက်ပြီး ပျက်ကြခဲ့ခြင်းဖြစ်တယ် လို့ ဆိုပါတယ်။

ဒီလိုထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတာကြောင့် ဒီကန်ကို ပြန်လမ်းမဲ့ရေကန် ( The Lake Of No Return) လို့ အမည် ပေးခဲ့ကြတာပဲဖြစ်ပါတယ်။ဒီကန်ရဲ့အကျယ်ကတော့ အလျှား ၁.၄ကီလိုမီတာ အနံ ဝ.၈ကီလိုမီတာဖြစ်ပါတယ်။လီဒိုလမ်းမကြီးနဲ့ ၂.၅ကီလိုမီတာ အကွာမှာ တည်ရှိတာပဲဖြစ်ပါတယ်။ဒီနေရာကို မြန်မာနိုင်ငံဘက်ကနေသွားလာရအနည်း ငယ်ခက်ပြီးအိန္ဒိယဘက်ကတော့ လွယ် ကူပြီး မြန်မာ့ပိုင်နက်ထဲမှာပါဝင်နေပေမယ့်ကမ္ဘာလှည့်ခရီးသွားတွေမကြာ ခဏလာလေ့ရှိကာ အိန္ဒိယရဲ့ ဘာမြူဒါလို့ နာမည်ကြီးပါတယ်။

Credit – မူရင်း

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်က လမ်းခွဲနေရာများနှင့် ခရီးအကွာအဝေးမိုင်များ

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်က လမ်းခွဲနေရာများနှင့် ခရီးအကွာအဝေးမိုင်များ

၃၉မိုင် (ဘုရားကြီးလမ်းခွဲ)။ ၇၂မိုင် ၂ဖာလုံ (ဒိုက်ဦးလမ်းခွဲ)။၈၃မိုင် ၃ဖာလုံ (မင်းလှလမ်းခွဲ)။၈၃မိုင် ၆ဖာလုံ (ကျောက်တံခါးလမ်းခွဲ)။၁၁၅မိုင် (ဖြူးလမ်းခွဲ)။၁၃၈မိုင် ၁ဖာလုံ (အုတ်တွင်း ၊ ပေါက်ခေါင်းလမ်းခွဲ)။၁၄၅မိုင် (ခပေါင်းတံတား)။၁၄၆မိုင် ၇ဖာလုံ (တောင်ငူလမ်းခွဲ)။၁၅၄မိုင် (ကေတုမတီမြို့သစ်လမ်းခွဲ)။၁၇၃မိုင် ၂ဖာလုံ(သာဂရလမ်းခွဲ)။၂၂၀မိုင် ၄ဖာလုံ (တောင်တွင်းကြီးလမ်းခွဲ)။၂၃၃ မိုင် ၄ဖာလုံ(တပ်ကုန်းလမ်းခွဲ)။၂၆၂ မိုင် ၁ဖာလုံ(ပျော်ဘွယ်လမ်းခွဲ)။၂၈၄ မိုင် ၆ဖာလုံ(မိတ္ထီလာလမ်းခွဲ)။၃၂၅ မိုင် ၆ဖာလုံ(မြင်းခြံလမ်းခွဲ)။ခရီးမိုင်အကွားဝေးများ – ရန်ကုန် – ဒိုက်ဦး – 86 မိုင်။ရန်ကုန် – ညောင်လေးပင် – 98 မိုင်။ရန်ကုန် – ဖဒို – 115 မိုင်။ရန်ကုန် – မဒေါက် – 110 မိုင်။ရန်ကုန် – ရွှေကျင် – 114 မိုင်။ရန်ကုန် – ပဲနွယ်ကုန်း – 122 မိုင်။ရန်ကုန် – ဖြူး – 142 မိုင်။ရန်ကုန် – ဇေယျ၀တီ – 144 မိုင်။ရန်ကုန် –တောင်ငူ – 175 မိုင်။ရန်ကုန် – ရေတာရှည် – 192 မိုင်။ရန်ကုန် – ဆွာ – 201 မိုင်။ရန်ကုန် – နေပြည်တော်(လမ်းသစ်)– 240 မိုင်။ရန်ကုန် – နေပြည်တော်(လမ်းဟောင်း)-250 မိုင်။ရန်ကုန် – ပျော်ဘွယ်- 312 မိုင်။ရန်ကုန် – မိတ္ထီလာ – 338 မိုင်။ရန်ကုန် – တောင်သာ – 381မိုင်။ရန်ကုန် – မြင်းခြံ – 396 မိုင်။ရန်ကုန် –စစ်ကိုင်း – 425 မိုင်။ရန်ကုန် – မန္တလေး – 430 မိုင်။ရန်ကုန် – မုံရွာ – 495 မိုင်။ရန်ကုန် – ပြင်ဦးလွင် – 472 မိုင်။ရန်ကုန် – ရွှေဘို -500 မိုင်။ရန်ကုန် –တန့်ဆည်-560 မိုင်။ရန်ကုန် -လားရှိုး -605 မိုင်။ရန်ကုန် – တောင်ကြီး – 424 မိုင်။ရန်ကုန် – လွိုင်ကော် –377 မိုင်။ရန်ကုန် – ရမ်းဗြဲကျွန်း – 400 မိုင်။ရန်ကုန် – တမူး – 725 မိုင်။ရန်ကုန်မှ (ရိုးမအနောက်လမ်းပိုင်း)-ရန်ကုန် -လက်ပံတန်း -85 မိုင်။ရန်ကုန် – ပြည် – 179 မိုင်။ရန်ကုန် – ပေါက်ခေါင်း -203 မိုင်။ရန်ကုန် – အောင်လံ-223 မိုင်။ရန်ကုန် – ကြံခင်း -245 မိုင်။ရန်ကုန် – မြန်အောင် – 250 မိုင်။ရန်ကုန် – တောင်တွင်းကြီး-280 မိုင်။ရန်ကုန် – မကွေး – 331 မိုင်။ရန်ကုန် – မင်းဘူး – 332 မိုင်။ရန်ကုန် –အထက်မင်းလှ – 350 မိုင်။ရန်ကုန် –ရေနံချောင်းဆင်ဖြူကျွန်း-363 မိုင်။ရန်ကုန် – ကျောက်ပန်းတောင်း – 397 မိုင်။ရန်ကုန် – ချောက်- 408 မိုင်။ရန်ကုန် – ပုဂံ-ညောင်ဦး – 431 မိုင်။ရန်ကုန် – ပခုက္ကူ- 445 မိုင်။ရန်ကုန် – မြင်းခြံ -456 မိုင်။ရန်ကုန် – နွားထိုးကြီး – 476 မိုင်။ရန်ကုန် – တောင်ကုတ်-279 မိုင်။ရန်ကုန် – သံတွဲ -323 မိုင်။ရန်ကုန် – ကျောက်ဖြူ – 400 မိုင်။ရန်ကုန် – စစ်တွေ – 634 မိုင်။ရန်ကုန်မှ(ဧရာ၀တီတိုင်းဒေသကြီးလမ်းပိုင်း) – ရန်ကုန် –မအူပင် -51 မိုင်။ရန်ကုန် – အိမ်မဲ -75 မိုင်။ရန်ကုန် – မြောင်းမြ -102 မိုင်။ရန်ကုန် – လပွတ္တာ -150 မိုင်။ရန်ကုန် – ဂွ-146 မိုင်။ရန်ကုန် – ဆပ်သွား -182 မိုင်။ရန်ကုန် – ရေကြည်- 90 မိုင်။ရန်ကုန် – ငသိုင်းချောင်း – 93 မိုင်။ရန်ကုန် – ဟင်္သာတ-96 မိုင်။

ရန်ကုန် – ထူးကြီး-133 မိုင်။ရန်ကုန် – ပုသိမ် -115 မိုင်။ရန်ကုန် –ချောင်းသာ – 150 မိုင်။ရန်ကုန် – ငွေဆောင် -145 မိုင်။ရန်ကုန် – ဖျာပုံ -60 မိုင်/85 မိုင်။ရန်ကုန် – ဘိုကလေး – 85 မိုင်/105 မိုင်။ရန်ကုန် – ညောင်တုန်း -35 မိုင်။ရန်ကုန် – ကျောင်းကုန်း- 74 မိုင်။ရန်ကုန် – ဇလွန် -86 မိုင်။ရန်ကုန် – ကျိုက်လတ်-74 မိုင်။ရန်ကုန် – ဝါးခယ်မ -93 မိုင်။ရန်ကုန် – ကျုံပျော်- 96 မိုင်။ရန်ကုန် – ရွှေလောင်း -78 မိုင်။ရန်ကုန် – ရုံးဒေါင့်- 80 မိုင်။ရန်ကုန် – ကျိုက်ပိ- 85 မိုင်။ရန်ကုန် – လေးမျက်နှာ- 110 မိုင်။ရန်ကုန် – သာပေါင်း-142 မိုင်။ရန်ကုန်-မော်လမြိုင်-ထား၀ယ်-မြိတ်လမ်းပိုင်း – ရန်ကုန်-ကျိုက်ထို-110 မိုင်။ရန်ကုန်-ကျိုက်ထီးရိုး-119 မိုင်။ရန်ကုန် – တောင်စွန်း-120 မိုင်။ရန်ကုန် – ဘီးလင်း -128 မိုင်။ရန်ကုန် – သထုံ -152 မိုင်။ရန်ကုန် – မုတ္တမ – 190 မိုင်။ရန်ကုန် – မော်လမြိုင်-194 မိုင်။ရန်ကုန် – မုဒုံ -208 မိုင်။ရန်ကုန် – သံဖြူဇရပ်- 230 မိုင်။ရန်ကုန် – ကျိုက္ခမီ – 245 မိုင်။ရန်ကုန် – ဘားအံ- 180 မိုင်။ရန်ကုန် – သာမည-200 မိုင်။ရန်ကုန် – ကော့ကရိတ်- 235 မိုင်။ရန်ကုန် – မြ၀တီ -279 မိုင်။ရန်ကုန် – ရေး – 287 မိုင်။ရန်ကုန် – ထား၀ယ်- 397 မိုင်။ရန်ကုန် – မြိတ်- 550 မိုင်။ရန်ကုန် – ကော့သောင်း -745 မိုင်။နေပြည်တော်လမ်းပိုင်း – နေပြည်တော် – ရန်ကုန် – 240 မိုင်/250 မိုင်။နေပြည်တော် – မကွေး – 160 မိုင်။နေ ပြည်တော် – မန္တလေး -180 မိုင်။နေပြည်တော် – ညောင်ဦး – 183 မိုင်။နေပြည်တော် – တောင်ကြီး- 174 မိုင်။နေပြည်တော် – မုံရွာ – 260 မိုင်။နေပြည်တော် – တောင်ငူ – 75 မိုင်။နေပြည်တော် –လွိုင်ကော်-250 မိုင်။နေပြည်တော်– ပြည် -150 မိုင်။မန္တလေး လမ်းပိုင်း – မန္တလေး – တောင်ကြီး – 204 မိုင်။မန္တလေး –လားရှိုး – 175 မိုင်။မန္တလေး – မူဆယ်- 288 မိုင်။မန္တလေး – မိုးကုတ်-115 မိုင်။မန္တလေး – မင်းလှ – 250 မိုင်။မန္တလေး – ပြည် – 373 မိုင်။မန္တလေး – တောင်ငူ – 255 မိုင်။မန္တလေး – ကျောက်ပန်းတောင်း-155 မိုင်။မန္တလေး – မြင်းခြံ – 96 မိုင်။မန္တလေး – ပြင်ဦးလွင်- 42 မိုင်။မန္တလေး – ရွှေဘို-70 မိုင်။မန္တလေး – ရေဦး -95 မိုင်။မန္တလေး – တန့်ဆည် -110 မိုင်။မန္တလေး – တမူး – 295 မိုင်။မန္တလေး – ပုလဲ-110 မိုင်။မန္တလေး – စဉ့်ကူ- 60 မိုင်။မန္တလေး – မတ္တရာ- 20 မိုင်။မန္တလေး – ရွေကူ – 245 မိုင်။မန္တလေး – ဗန်းမော် – 270 မိုင်။မန္တလေး – ထီးချိုင့် – 170 မိုင်။မန္တလေး – ကသာ – 230 မိုင်။မန္တလေး – ကလေး – 210 မိုင်။မန္တလေး – တကောင်း -130 မိုင်။မန္တလေး – သပိတ်ကျင်း -90 မိုင်။ မန္တလေး – ငါးအိုး – 200 မိုင်။မန္တလေး – ပခုက္ကူ -125 မိုင်။မန္တလေး – ဆည်တော် – 30 မိုင်။မန္တလေး – မုံရွာ – 80 မိုင်။ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး၏ စုစုပေါင်းမိုင်အရှည်မှာ( ၃၆၆မိုင် ၃ဖာလုံ )ဖြစ်ပါသည်။အမြန်လမ်းမကြီးပေါ်တွင်တစ်နာရီလျှင်ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ထက်ပို၍ မမောင်းသင့်ပါ။မိုင်တိုင် ၁၆၅ နှင့် ၁၇၁ အကြားတွင်လမ်းကွေ့များရှိပါသဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၈၀ ထက်ပို၍မမောင်းသင့်ပါ။

မူရင်းရေးသားသူအား Credit ပေးပါသည်။

အမြန်လမ်းမှာ မနားသင့်သောနေရာ၊ မစားသင့်သောနေရာနှင့် အပေါ့မသွားသင့်သောနေရာများ

အမြန်လမ်းမှာ မနားသင့်သောနေရာ၊ မစားသင့်သောနေရာနှင့် အပေါ့မသွားသင့်သောနေရာများ

ဒီနေရာလေးကိုသိကြလား ။ဒီနေရာလေးကအမြန်လမ်း ၁၃၅ မိုင်မှာရှိတဲ့အလယ်ကျွန်းမှာပေါက်နေတဲ့ ထန်းညီနောင်ပါပဲ အဲ့ဒီနားရောက်ရင်ကားရပ်ပြီးသေးပေါက် တာမလုပ်ပါနဲ့ လုပ်တော့ဘာဖြစ်လဲကွာဆိုရင်စမ်းကြည့်လိုက်လေ။ကားကိုအ နားပေးချင်လို့ခဏရပ်မယ်ဆိုရင်လည်း သင့်ကားပေါ်မှာအညှီအဟောက် အစား အသောက်တွေမပါပါစေနှင့် ။

အထူးသဖြင့်ညဘက် မရပ်နားသင့်ပါ ။259 မိုင် သီးကုန်းနားမှာလည်း ညောင်ပင်ကြီးတစ်ပင်ရှိတယ်။ အခန့် မသင့်လျင် နွားခလောက်သံခြူသံတွေကြားရတတ်တယ်။ အဲဒီနားမှာလည်း မနားသင့် သေးမပေါက်သင့်ပါဘူး။ကိုယ်တွေ့တွေရှိပါတယ် ။တံတားဘေးနားတွေမှာနားရင် သတိနဲ့နားပါ ။တချို့ကအိမ်ကထည့်လာတဲ့ထမင်းဟင်းကိုအမြန်လမ်းဘေးက သစ်ပင်ရိပ်အောက်တွေမှာ စားတတ်ကြပါတယ် ။

နေ့နေ့ညည ပရလောကသားတွေ ဟာအမြန်လမ်းတလျောက်မှာ ရှိနေကြပါတယ် ။လူဟာသူတို့ထက်မြင့်ပါတယ်။ဒါပေမည့်အမှားမလုပ်မိစေနဲ့ပေါ့ ခွင့်လွှတ်ခြင်း ဆိုတာသူတို့မှာမရှိဘူး ။မယုံရင်စမ်းကြည့်လိုက် သင်ကံနိမ့်နေပြီဆိုရင်တော့ ဟုတ်ကဲ့ အမြန်လမ်းမှာ ကားမှောက်တာ တိုက်တာရုတ်တရက်ရပ်သွားတာတွေရှိတတ်ပါတယ်။

လမ်းမကောင်းလို့ ဒရိုင်ဘာအိပ်ငိုက်လို့ စသည်ဖြင့်မဟုတ်ပဲ ဖြစ်နေကြတာတွေအများကြီးပါ။မေတ္တာပို့ပေးပါ။ဘုရားစာတတွတ် တွတ်ရွတ်သွားပါ။ကားရပ်နားတဲ့အခါလည်းမေတ္တာပို့ပေးပါ။ထမင်းစားကြမယ်ဆိုရင်ခပ်ဝေးဝေးမှာစက္ကူလေး ခင်းပြီး နည်းနည်းပုံပြီးထည့်ပေးလိုက်ပါ ။ညဘက်တော့မလုပ်ပါနဲ့ ။အမြန်လမ်းအသုံးပြုသူတိုင်းဘေးရန်ကင်ကြပါစေ။

Credit-Ronald ye lin tun