အကွက်ရိုက်ပြီး ရောင်းတဲ့ ယာမြေကိုဝယ်ယူပြီးရင်အိမ်ဝိုင်းဂရန်ရအောင် ဘယ်လိုလုပ်မလဲ

အကွက်ရိုက်ပြီး ရောင်းတဲ့ ယာမြေကိုဝယ်ယူပြီးရင်အိမ်ဝိုင်းဂရန်ရအောင် ဘယ်လိုလုပ်မလဲ

ကျွန်တော်တို့ဒေသမှာအိမ်ဝိုင်းတွေကို အရောင်းအဝယ်လုပ်တဲ့အခါ ယာမြေကို အိမ်ဝိုင်းအဖြစ်အကွက် ရိုက်ရောင်းချလေ့ရှိပါတယ်။ယာမြေကို ပုံစံ ၇ ရှိရုံနဲ့ အိမ်ဝိုင်းအဖြစ်ရောင်းဝယ်နိုင်ပါသလား။ဝယ်သူအနေနဲ့ အိမ်ဝိုင်းဂရန်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိလိုပါတယ် ။

ယာမြေဆိုတာလယ်ယာမြေဥပဒေ ပုဒ်မ ၃(က) အရလယ်ယာမြေဆိုသည့်စကားရပ်မှာပါဝင်သောမြေဖြစ်ပါတယ်။ယာမြေကို ပုံစံ ၇ ရှိရုံနဲ့ ရောင်းဝယ်နိုင်သလားဆိုတော့သာမန်အားဖြင့်ရောင်းဝယ်နိုင်ပါတယ်လို့ ဖြေရမှာပါ။သို့သော်အိမ်ဝိုင်းမြေအဖြစ်ရောင်းဝယ်ခြင်းကိုအခွင့်ပေးတာ မဟုတ်ပါဘူး။လယ်ယာမြေလုပ်ပိုင်ခွင့်ကိုသာ ပုဒ်မ ၉(ခ)အရ ရောင်းဝယ်ခွင့်ပြုခြင်းဖြစ် ပါတယ်။

ယခုမေးခွန်းပါယာမြေကိုစိုက်ပျိုးလုပ်ကိုင်မှုအတွက်သာလယ်ယာမြေလုပ်ပိုင် ခွင့် ပုံစံ ၇ ထုတ်ပေးခြင်းဖြစ်ပါတယ်။ ပုံစံ ၇ ရရှိသူလိုက်နာရမည့် စည်းကမ်း ချက်တွေကိုပုဒ်မ ၁၂ မှာ ဖေါ်ပြထားရာမှာပုဒ်မခွဲ (ဆ)(ယခု ပုဒ်မခွဲ (စ)) မှာ “လယ်ယာ မြေကိုခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရ”..လို့ တားမြစ်ထားပါတယ်။ယာကွက် ပိုင်ရှင်သည် အိမ်ဝိုင်းကွက်အဖြစ်ဆောင်ရွက်လိုပါက ပုဒ်မ ၃၀(ခ) အရသက်ဆိုင်ရာတိုင်း ဒေသကြီးသို့မဟုတ်ပြည်နယ်အစိုးရ ထံအခြားနည်းသုံး ခွင့်ပြုမိန့် လျှောက်ထား ရယူပြီးမှသာအခြားနည်းသုံး ဆောင် ရွက်နိုင်ပါမယ်။

ပုံစံ ၇ ရရှိထားသူယာကွက်ပိုင်ရှင် အနေဖြင့် ခွင့်ပြုမိန့်မရဘဲအိမ်ဝိုင်းကွက် အသုံးပြုပါက ပုဒ်မ ၁၂ ချိုးဖေါက်မှုဖြင့် ပုဒ်မ ၁၉ အရ အမိန့်ထုတ်ဆင့် အရေးယူခံရပါမယ်။မနာခံရင် ပုဒ်မ ၂၀(က) အရတရား စွဲဆိုခြင်း ခံရမည် ဖြစ်ပြီး ပုဒ်မ ၃၅ အရ ထောင်ဒဏ်၊ငွေဒဏ်များ ကျခံ ရနိုင်ပါတယ်။ရောင်းသူဖြစ်ဖြစ်ဝယ်သူဖြစ်ဖြစ်အဆိုပါယာမြေမှ ဝိုင်းကွက်ကို တရားဝင် အသုံးပြုလိုပါကလယ်ယာ မြေ အခြားနည်းသုံးလယ ၃၀(ခ) လျှောက်ထား အသုံးြ့ပုသင့်ကြောင်း၊ယင်း လယ ၃၀ ရရှိပြီး မှသာကျေးရွာဂရန် ဆက်လက် လျှောက်ထားသင့်ကြောင်း အကြံပြုလိုပါတယ်။

Credit DVBlawlab

Photo credit

အကြက္ရိုက္ၿပီး ေရာင္းတဲ့ ယာေျမကို ဝယ္ယူၿပီးရင္ အိမ္ဝိုင္းဂရန္ရေအာင္ ဘယ္လိုလုပ္မလဲ

ကြၽန္ေတာ္တို႔ေဒသမွာအိမ္ဝိုင္းေတြကို အေရာင္းအဝယ္လုပ္တဲ့အခါ ယာေျမကို အိမ္ဝိုင္းအျဖစ္အကြက္ ရိုက္ေရာင္းခ်ေလ့ရွိပါတယ္။ယာေျမကို ပုံစံ ၇ ရွိ႐ုံနဲ႕ အိမ္ဝိုင္းအျဖစ္ေရာင္းဝယ္နိုင္ပါသလား ။ ဝယ္သူအေနနဲ႕ အိမ္ဝိုင္းဂရန္ရေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာကို သိလိုပါတယ္ ။

ယာေျမဆိုတာလယ္ယာေျမဥပေဒ ပုဒ္မ ၃(က) အရလယ္ယာေျမဆိုသည့္ စကားရပ္မွာပါဝင္ေသာေျမျဖစ္ပါတယ္။ ယာ ေျမကို ပုံစံ ၇ ရွိ႐ုံနဲ႕ ေရာင္းဝယ္နိုင္သလားဆိုေတာ့သာမန္အားျဖင့္ေရာင္းဝယ္နိုင္ပါတယ္လို႔ ေျဖရမွာပါ။သို႔ေသာ္အိမ္ဝိုင္းေျမအျဖစ္ေရာင္းဝယ္ျခင္းကိုအခြင့္ေပးတာ မဟုတ္ပါဘူး။လယ္ယာေျမလုပ္ပိုင္ခြင့္ကိုသာ ပုဒ္မ ၉(ခ)အရ ေရာင္းဝယ္ ခြင့္ ျပဳျခင္းျဖစ္ ပါတယ္။

ယခုေမးခြန္းပါယာေျမကိုစိုက္ပ်ိဳးလုပ္ ကိုင္မႈအတြက္သာလယ္ယာေျမလုပ္ပိုင္ ခြင့္ ပုံစံ ၇ ထုတ္ေပးျခင္းျဖစ္ပါတယ္။ ပုံစံ ၇ ရရွိသူလိုက္နာရမည့္ စည္းကမ္း ခ်က္ေတြကိုပုဒ္မ ၁၂ မွာ ေဖၚျပထားရာမွာပုဒ္မခြဲ (ဆ)(ယခု ပုဒ္မခြဲ (စ)) မွာ “လယ္ယာ ေျမကိုခြင့္ျပဳမိန႔္မရရွိဘဲ အ ျခား နည္း သုံးစြဲျခင္းမျပဳရ”..လို႔ တားျမစ္ထားပါတယ္။ ယာကြက္ ပိုင္ရွင္သည္ အိမ္ဝိုင္းကြက္အျဖစ္ ေဆာင္႐ြက္လိုပါက ပုဒ္မ ၃၀(ခ) အရသက္ဆိုင္ရာတိုင္း ေဒ သႀကီးသို႔မဟုတ္ျပည္နယ္ အစိုးရ ထံ အျခားနည္းသုံး ခြင့္ျပဳမိန႔္ ေလွ်ာက္ထား ရယူၿပီးမွ သာ အျခားနည္းသုံး ေဆာင္ ႐ြက္နိုင္ပါမယ္။

ပုံစံ ၇ ရရွိထားသူယာကြက္ပိုင္ရွင္ အ ေနျဖင့္ ခြင့္ျပဳမိန႔္မရဘဲအိမ္ဝိုင္းကြက္ အသုံး ျပဳပါက ပုဒ္မ ၁၂ ခ်ိဳးေဖါက္မႈျဖင့္ ပုဒ္မ ၁၉ အရ အမိန႔္ ထုတ္ဆင့္ အေရးယူခံရပါမယ္။မနာခံရင္ ပုဒ္မ ၂၀(က) အရ တရား စြဲဆိုျခင္း ခံရမည္ ျဖစ္ၿပီး ပုဒ္မ ၃၅ အရ ေထာင္ဒဏ္၊ေငြဒဏ္မ်ား က်ခံ ရနိုင္ပါတယ္။ေရာင္းသူျဖစ္ျဖစ္ ဝယ္သူျဖစ္ျဖစ္ အဆိုပါယာေျမမွ ဝိုင္းကြက္ကို တရားဝင္ အသုံးျပဳလိုပါကလယ္ယာ ေျမ အျခားနည္းသုံးလယ ၃၀(ခ) ေလွ်ာက္ထား အသုံးျ့ပုသင့္ေၾကာင္း၊ယင္း လယ ၃၀ ရရွိၿပီး မွသာေက်း႐ြာဂရန္ ဆက္လက္ ေလွ်ာက္ထားသင့္ေၾကာင္း အႀကံျပဳလိုပါတယ္။

Credit DVBlawlab

Photo credit

စနေ သားသမီးများအတွက် တစ်သက်စာ ဟောစာတမ်းနှင့် ယတြာများ

စနေ သားသမီးများအတွက် ဘဝတစ်သက်စာ ဟောစာတမ်းနှင့် ယတြာများ

မိမိတို့ရဲ့ အသက်အပိုင်းခြားကို ကြည့်ပြီး အဟောကို ဖတ်ပါလေ။ ညံ့တဲ့နှစ်တွေမှာ ချေရမယ့် ယတြာကိုပါ ဖော်ပြပေးထားပါတယ်။

ကောင်းတဲ့ နှစ်တွေမှာလည်း ကောင်းသထက် ကောင်းစေဖို့ ချေရမယ့် ယတြာတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

စနေသားသမီးဖြစ်သောသင်သည် အသက်……….၁၊၉၊၁၇၊၂၅၊၃၃၊၄၁၊၄၉၊၅၇၊၆၅၊၇၃၊၈၁၊ ၈၉၊၉၇၊၁၀၅ နှစ်အတွင်း၌စနေ သက်ရောက်ဖြစ်၏………သင်သည်ယခုနှစ်အတွင် အလုပ်နေရာ အိမ်နေရာအသစ်ရခြင်၊နေရာထိုင်ခြင်း၊မွမ်းမံရခြင်း၊ပြောင်းရွှေရခြင်းများကြူံရတတ်၏။ခရီးတို၊ခရီးရှည်များ သွားနေရလိမ့်မည်။ထိုခရီးများသည်လဲ သင့်အတွက်အကျိုးထူးစေပါလိမ့်မည်။မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း၊သင်တန်းတစ်ခုတက်ရခြင်းများပြုရတတ်၏။

မရည်ရွယ်ဘဲမြေဝင်တတ်၏။အလုပ် အကိုင်၌ထိခိုက်တတ်၏။ပြသနာကြီးစွာဖြေရှင်းရတတ်၏။ရုံးပြင်ကန္နား၊အမှုအခင်းများနှင့်ပတ်သက်ရ တတ်၏။မိမိနှင့်တကွမိသားစုပါကျန်းမာရေးညံ့တက် ၏။ဆေးရုံ၊ဆေးခန်းရောက်ရတတ်၏။မီး၊လျှပ်စစ်ဒုက္ခပေးတတ် ၏။အထူးသတိပြုပါ။လူမျိုးခြားဒုက္ခပေးတတ်၏။ ရွေနှင့်ရတနာပစ္စည်းများထွက်ခြင်း၊ပေါင် နှံရခြင်းများ ကြုံရတတ်၏။

သားသမီးလက်အောက်ငယ်သားနှင့် ပက်သတ်ပြီးစိတ်ညစ်စရာကြုံရမည်။စက်ပစ္စည်းဒုက္ခပေးတတ်၏။ငွေဒလဟော ထွက်ခြင်း၊ငွေအတွက်ပြောဆိုဖြေရှင်းရခြင်းများ ကြုံရမည်။မထင်မှတ်သော ဆွေမျိုးသားချင်းကအကူအညီကောင်းပေးလာလိမ့်မည်။သစ်၊သံ၊သွပ်ကိစ္စများ၊ရေတွက်ကုန်ပစ္စည်းကိစ္စများ အောင်မြင်အကျိုးပေးလိမ့်မည်။ဌာနဆိုင်ရာ အကြီးအကဲ၊ဆွေမျိုးအကြီးအကဲတို့က အကူအညီကောင်းပေးလိမ့်မည်။

ကျန်းမာရေးညံ့သောသက်ကြီးရွယ်အိုများအိမ်သို့လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်၏။ခြေထောက်တွင် အန္တရာယ်ဖြစ်တတ်၏။လုပ်ငန်းအသစ်၊အစီအစဉ်အသစ်များပေါ်ပေါက်တတ် ၏။ယခင်နှစ်များကကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်၏။လောကဓံ တရား၏ မတရားညင်းပန်း နှိပ်စက်မှုကိုခံရပီး မမျော်လင့်ပဲသံဝေဂတရားရလိမ့်မည်။အစိုးရနှင့်ပတ် သက်သောအမှူဖြစ်တတ်၏။

အစစ်အဆေးအမေးအမြန်းခံရတတ်၏။သောကြာသမီးတစ်ဦးညအိမ်လာမှ သင်၏ဒုက္ခများ လွတ်ကင်းလိမ့်မည်။

“ယတြာ”

စနေနေ့ညတွင် အဝတ်ဟောင်းဝတ်အိပ်၍မနက်တွင်ရေမျှောပါအုန်းကိုအချောသပ်၍ ထုံးဖြင့်”ဥုမ်”အက္ခရာရေးပြီး မီးထွန်းပါ။

အသက်……………..၂၊၁၀၊၁၈၊၂၆၊၃၄၊၄၂၊၅၀၊၅၈၊၆၆၊၇၄၊၈၂၊ ၉၀၊၉၈၊၁၀၆ နှစ်အတွင်း၌ကြာသပတေးသက်ရောက် ဖြစ်၏…..ယုခုနှစ်အတွင်းသင်သည် စက်ပစ္စည်းများ စိန်ထည် ပစ္စည်းများဝင်မည်။လုပ်ငန်းသစ်လုပ်ရန်အကြံအစည်ကောင်းများ အဆက် အသွယ်ကောင်းများပေါ်လာလိမ့်မည်။အလုပ်အကိုင်သစ်များ ပေါ်လာလိမ့်မည်။ဤကာလတွင် ပစ္စည်းများကိုထုခွဲရောင်းချ၍ လုပ်ငန်းသစ်ကြီးကြီးမားမားစရန်မကောင်းပါ။ငွေကံမကောင်းသေးပါ။

လာဘ်လဲအလွန်ပိတ်နေလိမ့်မည်။ထီးလဲမထိုးသင့်ပါ။ ထီပေါက်လျှင်မိသားစုအတွင်းကျန်းမာရေး ဆိုးဆိုးရွားရွား ညံသွားတတ်၏။လူမျိုးခြားကအကူအညီပေးလိမ့်မည် အောက် လက်ငယ်သားတို့က အကူအညီပေးလိမ့်မည်။ဟိုဟာလုပ်ရကောင်းနိုးနိုးဒီဟာလုပ်ရကောင်းနိုးနိုးနှင့်အချိန်ကုန်သွားတတ်၏။အမှားမှားအယွင်းယွင်းဆုံးဖြတ်မိတတ်၏။မကြာမီ ကံကောင်းဘက်သို့ရောက်တော့မည်။လောလောဆယ်သတိထား၍သည်းခံလိုက်ပါ။

မသွားချင်သောခရီးများ စိတ်ညစ်စရာခရီးများ သွားလာရတတ်၏။အထက်လူကြီးဆွေမျိုးအကြီးအကဲတို့က မိမိအပေါ်အထင်လွဲတတ်သည်။သားသမီးများ ကျန်းမာရေးညံတတ်၏။ရွှေထွက်မည်အိမ်ခန်းဆိုင်ခန်းကိစ္စများ အောင် မြင်မည်။ကန်တော့ပွဲ နတ်အုန်းသီးတို့မှ အစို့ပေါက်လိမ့်မည်။ခြေလက်မျက်ခြင်း ခါးနာခြင်းများ ဖြစ်တတ်၏။စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်ပေါက်လိမ့်မည်။လုပ်လျှင်အောင်မြင်မည်။ဘိုးတော်တု ဆရာတုများရောက်လာတတ်၏။ငွေလူလိမ်ခံရမည်။

ခင်မင်သူချစ်သူကြောင့်ဒုက္ခတွေ့တတ်သည်။မိတ်ဆွေအ ပေါင်းအသင်းများနှင်မမျော်လင့်ပဲ လမ်းခွဲရတတ်၏။သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။ဤအချိန်အခါသည်”အဖေကိုကာပြန်ဖူးသော သီဟဗာဟု”ကဲ့သို့ဖြစ်နေလိမ့်မည်။

ယတြာ

အုန်းစိမ်း အဝလှပ်၍ အရည်စစ်ပါ။ဆားလက်သုံးဆုပ်ထည့်ပြီး ညောင်ပင်ကြီးကြီးမှ ရုက္ခစိုးတွင် လှူရင်း လိုရာဆုတောင်းပါ။

” နေမကောင်းဖြစ်ရင် အမြန်ဆုံးနေကောင်းသက်သာစေတဲ့ ယတြာ ”

” နေမကောင်းဖြစ်ရင် အမြန်ဆုံးနေကောင်းသက်သာစေတဲ့ ယတြာ ”

အမြန်ဆုံးနေကောင်းသက်သာစေတဲ့ ယတြာဖြစ်ပါတယ်။

အသက်ကိုစောင့်သော ကလျာဏီနတ် ကျန်းမာချမ်းသာပါစေလို့ ၃၇ ခေါက်ကို မနက်တိုင်း ရွတ်ပြီး မေတ္တာပို့ပေးပါ။ အသက်ကို စောင့်ရှောက်တဲ့အတွက် သေဘေးကြုံရင် ကယ်တင်နိုင်ပါတယ်။

အညွှန့်တွေ ရှာရခက်တယ် မလွယ်ဘူးဆိုရင် တော့ လွယ်တဲ့ယတြာလုပ်လို့ရပါတယ်။ အဲဒါကတော့ ခေါင်းရင်း၊ ခါးလယ်၊ခြေရင်းမှာ ဆန်နို့်ဆီဗူးတစ်ဗူးစီ ထားပြီးညအိပ်ပါ။မနက်မှာ ခေါင်းရင်းက ဆန်ကိုထမင်းချက်တဲ့ထဲထည့်ပြီး ဆွမ်းတော်ကပ်ပါ။ခါးလယ်ကဆန်ကို သက် ကြီးသူ၊ တွေကို အခြားကို လှူပါ။ ခြေရင်းက ဆန်ကို ကျီး၊ ငှက် အစာကျွေးပါ။ နေပြန်ကောင်းလာသည်အထိ ရက်ဆက်လုပ်ပေးပါ။

နောက် အညွှန့်ရှာနိုင်မယ်ဆိုရင်တော့ဒီယတြာကလည်းထိရောက်ပါတယ်။သူက လူမမာနံရဲ့တြိရန်းရွက်ညွှန့်ကို ခေါင်းရင်းမှာ ထားပြီး ခြေရင်းမှာတော့ စတုရန်းရွက်ညွှန့်ကို ထားရတဲ့ ယတြာပါ။

(၁)တနင်္ဂနွေသား နေမကောင်းရင်

ဗုန္ဓဟူးနေ့ (နံနက် ၉နာရီကနေ ၁၀း ၃၀ အတွင်း) ၊အင်္ဂါနေ့ (ညနေ ၃ နာရီကနေ ၄း ၃၀ အတွင်း)ယတြာချေပါ။ပေးထားတဲ့ နေ့ ၂ နေ့လုံးရဲ့ပေးထားတဲ့ အ ချိန်အတွင်းအတိအကျ ချေပါ။

လုပ်ရမှာကလူမမာနံရဲ့ တြိရန်းညွှန့်ဖြစ်တဲ့ဆီးညွှန့်သက်စေ့ကိုခေါင်းရင်းမှာ ထားပါ။ ခြေရင်းမှာတော့စတုရန်းရွက်ညွှန့်ဖြစ်တဲ့ ဝါးညွှန့်ကို ထားပါ။နောက်တစ်နေ့မှာ မနက် ၉နာရီမှာလုပ်ခဲ့ရင် ၉နာရီမှာ ပြန်စွန့်ပါ။ ဒါဆိုရင် ရပါတယ်။

(၂)တနင်္လာ သားနေမကောင်းရင်

ကြာသပတေးနေ့ (နံနက် ၉နာရီကနေ ၁၀း ၃၀အတွင်း) ၊ဗုန္ဒဟူးနေ့ (ညနေ ၃ နာရီကနေ ၄း ၃၀ အတွင်း) ယတြာချေပါ။ပေးထားတဲ့ နေ့ ၂ နေ့လုံးရဲ့ ပေးထားတဲ့ အချိန်အတွင်းအတိအကျ ချေပါ။

လုပ်ရမှာက လူမမာနံရဲ့ တြိရန်းရွက်ညွှန့် ဖြစ်တဲ့ရဲယိုညွန့်သက်စေ့ကို ခေါင်းရင်းမှာထားပြီး စတုရန်းရွက်ညွှန့်ဖြစ်တဲ့ ပေါက်ညွှန့်သက်စေ့ကို ခြေရင်းမှာ ထားပါ။ နောက်တစ်နေ့ တင်တဲ့အချိန်မှာ ပြန်စွန့်ပါ။

(၃)အင်္ဂါသားနေမကောင်းရင်

သောကြာနေ့ (နံနက် ၉နာရီကနေ ၁၀ း ၃၀အတွင်း) ၊ကြာသပတေးနေ့ (ညနေ ၃ နာရီကနေ ၄း ၃၀ အတွင်း) ယတြာချေပါ။ပေးထားတဲ့ နေ့ ၂ နေ့လုံးရဲ့ ပေးထားတဲ့ အချိန်အတွင်းအတိအကျ ချေပါ။

လုပ်ရမှာက ပျဉ်းမ(သို့) ဘူးညွှန့် သက်စေ့ကို ခေါင်းရင်းမှာထားပြီး သီဟိုဋ္ဌ်ညွှန့်သက်စေ့ကို ခြေရင်းမှာ ထားပါ။ နောက်တစ်နေ့ တင်တဲ့အချိန်မှာ ပြန်စွန့်ပါ။

(၄)ဗုဒ္ဓဟူးသားနေမကောင်းရင်

စနေနေ့ (နံနက် ၉နာရီကနေ ၁၀ း ၃၀အတွင်း) ၊သောကြာနေ့ (ညနေ ၃ နာရီကနေ ၄း ၃၀ အတွင်း )ယတြာချေပါ။ပေးထားတဲ့ နေ့ ၂ နေ့လုံးရဲ့ ပေးထားတဲ့ အချိန်အတွင်းအတိအကျ ချေပါ။

လုပ်ရမှာက သီဟိုဋ္ဌ်ညွှန့်သက်စေ့ကို ခေါင်းရင်းမှာထားပြီး ထန်းညွှန့်သက်စေ့ကို ခြေရင်းမှာ ထားပါ။ နောက်တစ်နေ့ တင်တဲ့အချိန်မှာ ပြန်စွန့်ပါ။

(၅)ကြာသပတေးသားနေမကောင်းရင်

တနင်္ဂနွေနေ့ (နံနက် ၉နာရီကနေ ၁၀ း ၃၀အတွင်း) ၊စနေနေ့ (ညနေ ၃ နာရီကနေ ၄း ၃၀ အတွင်း)ယတြာချေပါ။ ပေးထားတဲ့ နေ့ ၂ နေ့လုံးရဲ့ ပေးထားတဲ့ အချိန်အတွင်းအတိအကျ ချေပါ။

လုပ်ရမှာကဒန်းညွန့်သက်စေ့ကို ခေါင်း ရင်းမှာထားပြီး အုန်းညွှန့်သက်စေ့ကို ခြေရင်းမှာ ထားပါ။ နောက်တစ်နေ့ တင်တဲ့အချိန်မှာ ပြန်စွန့်ပါ။

(၆)သောကြာသားနေမကောင်းရင်

တနင်္လာနေ့ (နံနက် ၉နာရီကနေ ၁၀း ၃၀အတွင်း) ၊ တနင်္ဂနွေနေ့ (ညနေ ၃ နာရီကနေ ၄း ၃၀ အတွင်း) ယတြာချေပါ။ပေးထားတဲ့နေ့ ၂ နေ့လုံးရဲ့ပေးထားတဲ့ အချိန်အတွင်းအတိအကျ ချေပါ။

လုပ်ရမှာကအုန်းညွန့်သက်စေ့ကို ခေါင်း ရင်းမှာထားပြီး ကံေ့ကာ်ညွှန့်သက်စေ့ကို ခြေရင်းမှာ ထားပါ။ နောက်တစ်နေ့ တင်တဲ့အချိန်မှာ ပြန်စွန့်ပါ။

(၇)စနေသားနေမကောင်းရင်

အင်္ဂါနေ့(နံနက် ၉နာရီကနေ ၁၀ း ၃၀အတွင်း) ၊ တနင်္လာနေ့ (ညနေ ၃ နာရီကနေ ၄း ၃၀ အတွင်း )ယတြာချေပါ။ပေးထားတဲ့ နေ့ ၂ နေ့လုံးရဲ့ ပေးထားတဲ့ အချိန်အတွင်းအတိအကျ ချေပါ။

လုပ်ရမှာက လူနာနံရဲ့ တြိရန်းညွှန့်ဖြစ်တဲ့ ကံ့ကော်ညွန့် သက်စေ့ကို ခေါင်းရင်းမှာထားပြီးစတုရန်းညွှန့်ဖြစ်တဲ့ ဆီးညွှန့်သက်စေ့ကိုခြေရင်းမှာ ထားပါ။ နောက်တစ်နေ့ တင်တဲ့အချိန်မှာ ပြန်စွန့်ပါ။

ဘေးကင်းကျန်းမာကြပါစေ

မေတ္တာဖြင့်

May Thingyan Hein-Myitmakha

ကိုဗစ်ကိုအနိုင်ယူပြီးလို့နလန်ထလာချိန်မှာ အထူး ဂရုစိုက် လိုက်နာရမည့် အချက်များ

ကိုဗစ်ကိုအနိုင်ယူပြီးလို့နလန်ထလာချိန်မှာ နောက်ဆက်တွဲသွေးခဲမှုပြဿနာနဲ့ သေဆုံးသူတွေများပြားလာလို့ မပေါ့ကြပါနဲ့

ကိုဗစ်ကိုအနိုင်ယူပြီးလို့နလန်ထလာချိန်မှာ နောက်ဆက်တွဲသွေးခဲမှုပြဿနာနဲ့ သေဆုံးသူတွေများပြားလာပါတယ်

ကိုဗစ်ကနလန်ထပြီးချိန်မှာ ခရီးထွက်တာလုံးဝမလုပ်ပါနဲ့။

ကိုဗစ်ကနလန်ထပြီးချိန်မှာ အားကစားလုံးဝမလုပ်ပါနဲ့။

ကိုဗစ်ကနလန်ထပြီးချိန်မှာ ဝရံတာထွက်ပြီးအအေးခံတာလုံးဝမလုပ်ပါနဲ့။

ကိုဗစ်ကနလန်ထပြီးချိန်မှာ ပြင်းပြင်းထန်ထန်လှုပ်ရှားမှု လုံးဝမလုပ်ပါနဲ့။

စင်ကာပူမှာအသက် (၄၁) နှစ်အရွယ်အမျိုးသားတစ်ယောက်ဟာ ကိုဗစ်ကနေပြန်ကောင်းလာပြီး ဆေးရုံဆင်းတာနှစ်ပတ်ကျော်ပြီးမှ အဆုတ်မှာသွေးခဲပြီးသေဆုံးသွားခဲ့ပါတယ်။

အဆုတ်ထဲက pulmonary artery ထဲမှာ thromboembolism သွေးခဲလေးကသွားပိတ်တာပေါ့ဗျာ။

စင်ကာပူ NTU တက္ကသိုလ်က သုသေသနပညာရှင်များဟာ ကိုဗစ်ကနေပြန်ကောင်းလာတာ တစ်လလောက်ရှိပြီဖြစ်တဲ့ လူနာအယောက် (၃၀) ကို သွေးနမူနာယူစစ်ဆေးကြည့်ခဲ့ပါတယ်။

သိပ္ပံဂျာနယ် eLife မှာတင်ပြထားရာမှာ အဲ့ဒီလူနာအယောက် (၃၀) စလုံးမှာ သွေးကြောတွေပျက်စီးထားတာတွေ့ရပါတယ်တဲ့။

ဒါဟာ ကိုဗစ်ကိုပြန်တိုက်ရင်း lingering immune response ကနေ သွေးခဲလေးတွေဖြစ်စေခဲ့ပုံရပါတယ်တဲ့ ။အဲ့ဒီကိုယ်ခန္ဓာထဲမှာကိုဗစ်ကိုတိုက်ရင်း ရှိနေတဲ့သွေးခဲသေးသေးလေးဟာ ရုတ်တရက်ပြုတ်ထွက်သွားပြီး တနေရာမှာသွားပိတ်ရင် အသက်အန္တရာယ်ရှိပါတယ်။

သဘောကဗျာ အဲ့ဒီသွေးခဲလေးဟာ နှလုံးသွေးကြောမှာသွားပိတ်ရင် heart attack ရုတ်တရက် နှလုံးထိခိုက်တာဖြစ်ပြီး အသက်ဆုံးနိုင်တယ်။
ဦးနှောက်ထဲမှာသွားပိတ်ရင် ရုတ်တရက် လေဖြတ်နိုင်တယ်။ အသက်ဆုံးနိုင်တယ်။

အခြားကိုယ်အင်္ဂါတစ်ခုခုမှာ သွားပိတ်ရင် အဲ့ဒီကိုယ်အင်္ဂါပျက်စီးပြီးအသက်ဆုံးရှုံးနိုင်ပါတယ်။

အဲ့ဒီတော့ ကိုဗစ်ကနေ ပြန်ကောင်းလာပြီးရင်လည်း ဂရုစိုက်ကြပါ။ အထူးသဖြင့် နှလုံး၊ သွေးတိုး၊ ဆီးချိုရှိသူတွေ အဝလွန်သူတွေပိုသတိထားကြပါခင်ဗျား။

Richard Myo Thant(23-July-2021)

Zawggyi

ကိုဗစ္ကိုအႏိုင္ယူၿပီးလို႔နလန္ထလာခ်ိန္မွာ ေနာက္ဆက္တြဲေသြးခဲမႈျပႆနာနဲ႔ ေသဆုံးသူေတြမ်ားျပားလာလို႔ မေပါ့ၾကပါနဲ႔

ကိုဗစ္ကိုအႏိုင္ယူၿပီးလို႔နလန္ထလာခ်ိန္မွာ ေနာက္ဆက္တြဲေသြးခဲမႈျပႆနာနဲ႔ ေသဆုံးသူေတြမ်ားျပားလာပါတယ္

ကိုဗစ္ကနလန္ထၿပီးခ်ိန္မွာ ခရီးထြက္တာလုံးဝမလုပ္ပါနဲ႔။

ကိုဗစ္ကနလန္ထၿပီးခ်ိန္မွာ အားကစားလုံးဝမလုပ္ပါနဲ႔။

ကိုဗစ္ကနလန္ထၿပီးခ်ိန္မွာ ဝရံတာထြက္ၿပီးအေအးခံတာလုံးဝမလုပ္ပါနဲ႔။

ကိုဗစ္ကနလန္ထၿပီးခ်ိန္မွာ ျပင္းျပင္းထန္ထန္လႈပ္႐ွားမႈ လုံးဝမလုပ္ပါနဲ႔။

စင္ကာပူမွာအသက္ (၄၁) ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ေယာက္ဟာ ကိုဗစ္ကေနျပန္ေကာင္းလာၿပီး ေဆး႐ုံဆင္းတာႏွစ္ပတ္ေက်ာ္ၿပီးမွ အဆုတ္မွာေသြးခဲၿပီးေသဆုံးသြားခဲ့ပါတယ္။

အဆုတ္ထဲက pulmonary artery ထဲမွာ thromboembolism ေသြးခဲေလးကသြားပိတ္တာေပါ့ဗ်ာ။

စင္ကာပူ NTU တကၠသိုလ္က သုေသသနပညာ႐ွင္မ်ားဟာ ကိုဗစ္ကေနျပန္ေကာင္းလာတာ တစ္လေလာက္႐ွိၿပီျဖစ္တဲ့ လူနာအေယာက္ (၃၀) ကို ေသြးနမူနာယူစစ္ေဆးၾကည့္ခဲ့ပါတယ္။

သိပၸံဂ်ာနယ္ eLife မွာတင္ျပထားရာမွာ အဲ့ဒီလူနာအေယာက္ (၃၀) စလုံးမွာ ေသြးေၾကာေတြပ်က္စီးထားတာေတြ႕ရပါတယ္တဲ့။

ဒါဟာ ကိုဗစ္ကိုျပန္တိုက္ရင္း lingering immune response ကေန ေသြးခဲေလးေတြျဖစ္ေစခဲ့ပုံရပါတယ္တဲ့ ။အဲ့ဒီကိုယ္ခႏၶာထဲမွာကိုဗစ္ကိုတိုက္ရင္း ႐ွိေနတဲ့ေသြးခဲေသးေသးေလးဟာ ႐ုတ္တရက္ျပဳတ္ထြက္သြားၿပီး တေနရာမွာသြားပိတ္ရင္ အသက္အႏၲရာယ္႐ွိပါတယ္။

သေဘာကဗ်ာ အဲ့ဒီေသြးခဲေလးဟာ ႏွလုံးေသြးေၾကာမွာသြားပိတ္ရင္ heart attack ႐ုတ္တရက္ ႏွလုံးထိခိုက္တာျဖစ္ၿပီး အသက္ဆုံးႏိုင္တယ္။
ဦးေႏွာက္ထဲမွာသြားပိတ္ရင္ ႐ုတ္တရက္ ေလျဖတ္ႏိုင္တယ္။ အသက္ဆုံးႏိုင္တယ္။

အျခားကိုယ္အဂၤါတစ္ခုခုမွာ သြားပိတ္ရင္ အဲ့ဒီကိုယ္အဂၤါပ်က္စီးၿပီးအသက္ဆုံး႐ႈံးႏိုင္ပါတယ္။

အဲ့ဒီေတာ့ ကိုဗစ္ကေန ျပန္ေကာင္းလာၿပီးရင္လည္း ဂ႐ုစိုက္ၾကပါ။ အထူးသျဖင့္ ႏွလုံး၊ ေသြးတိုး၊ ဆီးခ်ိဳ႐ွိသူေတြ အဝလြန္သူေတြပိုသတိထားၾကပါခင္ဗ်ား။

Richard Myo Thant(23-July-2021)

အစာစားနေစဉ်မှာ ရေသောက်သင့် သလား မသောက်သင့်ဘူးလား

အစာစားနေစဉ်မှာ ရေသောက်သင့် သလား မသောက်သင့်ဘူးလား

အစာစားနေစဉ်မှာ ရေသောက်လိုက်ရင် အချဉ်​ဓာတ်​ကို ​လျော့​ကျစေပြီး အစာမ​ကြေတာတွေဖြစ်ကာ ပိုဝလာတက်တယ်လို့ လူအများကယူဆထားကြပါတယ်။ ဒီအယူအဆက မှန်လား မမှန်ဘူးလားဆိုတာကို ရှင်းပြပေးသွားမှာပါ။

အစာအိမ်ထဲက ရေနဲ့အစာတွေရဲ့ အခြေအနေ

အစာအိမ်အလုပ်လုပ်ပုံကို အရင်ကြည့်ရအောင်​။ အစာကိုဝါးလိုက်​ပြီဆိုတာနဲ့ ခံတွင်းထဲက တံ​တွေးဂလင်းတွေက​နေ တံ​တွေးရည်​​တွေ ထုတ်​​ပေးပြီး အစာကို ​ပျော့ညက်​​စေပါတယ်​။ ဒီတံ​တွေးရည်​မှာ အစာကိုချေဖျက်ဖို့အတွက် လိုအပ်တဲ့ အင်​ဇိုင်းတွေပါဝင်​တယ်​။ ​အစာတွေဟာ အစာအိမ်​ထဲကို ​ရောက်​ပြီး အက်​ဆစ်​ရည်​နဲ့ ထပ်​ပြီး​ရော​နှောသွားပြန့်သွားပါတယ်။ ဒီအစာကို အရည်​ဖြစ်​​အောင်​ ​ချေဖျက်​ဖို့ အစာအိမ်​က ​(၄) နာရီကြာအချိန်​ယူရပါတယ်​။ ​ချေဖျက်​ပြီးအစာ​တွေ အူလမ်း​ကြောင်းထဲ​ရောက်​ချိန်​မှာ ခန္ဓာကိုယ်​အတွက်​ လိုအပ်​တဲ့အာဟာရဓာတ်ကို ထုတ်​​​ပေးပါတယ်။

​ဒါပေမယ့်ရေကတော့ ဒီလိုမဟုတ်ပါဘူး။ ​ရေ (၁၀) ​အောင်​စ ပမာဏဟာ အစာအိမ်​ထဲမှာ (၁၀) မိနစ်​ထက်​ ပိုမ​နေပါဘူး။ ဒါ​ကြောင့် အစာစား​နေတုန်း​ ​ရေ​သောက်​တာဟာ အစာအိမ်​ထဲမှာ ​ရေ​လှောင်​ကန်​ကြီးလို ဖြစ်​မသွားစေပါဘူး။ ​ရေက ဝါးထားတဲ့အစာ​တွေကို လျင်​လျင်​မြန်​မြန်​ပဲ ဖြတ်​ပြီး အစာအိမ်​ဆီကို ​ရောက်​သွားမယ်​။ ​ရေဓာတ်​ဖြည့်ပေးပြီး အစာအိမ်​ကနေ ချက်​ချင်းထွက်​ပါတယ်​။

ရေဟာ အစာအိမ်ထဲက အက်ဆစ်ဓာတ်တွေကို လျှော့ကျမသွားစေဘူး

​ကျွန်​တော်​တို့ရဲ့ ​​အစာအိမ်ထဲက ​အက်​ဆစ်​ဓာတ်​ဟာ ​ရေ​သောက်​တာ​ကြောင့် အ​စာ​ချေဖျက်​​ပေးဖို့ ​အက်​ဆစ်​​ဓာတ်​​လျော့သွားတယ်​ ဆိုတာမျိုးလည်း မရှိပါဘူး။ အစာတစ်​ခုခုကို ​ချေဖျက်​ဖို့ခက်​လာရင်​ အင်​ဇိုင်း​တွေ ပိုထုတ်​ပါတယ်​။ အက်​ဆစ်​ဓာတ်​ကို ပိုထုတ်​တယ်​။ ဒါက အလိုအ​လျောက်​စနစ်​ပါပဲ။ သ​ဘောက​တော့ ​ရေဂါလံဝက်​​လောက်​​သောက်​လည်း အ​စာ​ခြေဖို့အက်​ဆစ်​ဓာတ်​ မ​လျော့သွားပါဘူး။ ဒါ​ကြောင့်​ရေမှာ အစာ​ချေဖျက်​နှုန်းကို ​နှေး​ကွေး​စေတဲ့ သက်​​ရောက်​မှုရှိမနေပါဘူး။

Source: Bright Side

Credit Kwee

Zawgyi

အစာစားေနစဥ္မွာ ေရေသာက္သင့္ သလား မေသာက္သင့္ဘူးလား

အစာစားေနစဥ္မွာ ေရေသာက္လိုက္ရင္ အခ်ဥ္​ဓာတ္​ကို ​ေလ်ာ့​က်ေစၿပီး အစာမ​ေၾကတာေတြျဖစ္ကာ ပိုဝလာတက္တယ္လို႔ လူအမ်ားကယူဆထားၾကပါတယ္။ ဒီအယူအဆက မွန္လား မမွန္ဘူးလားဆိုတာကို ႐ွင္းျပေပးသြားမွာပါ။

အစာအိမ္ထဲက ေရနဲ႔အစာေတြရဲ႕ အေျခအေန

အစာအိမ္အလုပ္လုပ္ပုံကို အရင္ၾကည့္ရေအာင္​။ အစာကိုဝါးလိုက္​ၿပီဆိုတာနဲ႔ ခံတြင္းထဲက တံ​ေတြးဂလင္းေတြက​ေန တံ​ေတြးရည္​​ေတြ ထုတ္​​ေပးၿပီး အစာကို ​ေပ်ာ့ညက္​​ေစပါတယ္​။ ဒီတံ​ေတြးရည္​မွာ အစာကိုေခ်ဖ်က္ဖို႔အတြက္ လိုအပ္တဲ့ အင္​ဇိုင္းေတြပါဝင္​တယ္​။ ​အစာေတြဟာ အစာအိမ္​ထဲကို ​ေရာက္​ၿပီး အက္​ဆစ္​ရည္​နဲ႔ ထပ္​ၿပီး​ေရာ​ေႏွာသြားျပန္႔သြားပါတယ္။ ဒီအစာကို အရည္​ျဖစ္​​ေအာင္​ ​ေခ်ဖ်က္​ဖို႔ အစာအိမ္​က ​(၄) နာရီၾကာအခ်ိန္​ယူရပါတယ္​။ ​ေခ်ဖ်က္​ၿပီးအစာ​ေတြ အူလမ္း​ေၾကာင္းထဲ​ေရာက္​ခ်ိန္​မွာ ခႏၶာကိုယ္​အတြက္​ လိုအပ္​တဲ့အာဟာရဓာတ္ကို ထုတ္​​​ေပးပါတယ္။

​ဒါေပမယ့္ေရကေတာ့ ဒီလိုမဟုတ္ပါဘူး။ ​ေရ (၁၀) ​ေအာင္​စ ပမာဏဟာ အစာအိမ္​ထဲမွာ (၁၀) မိနစ္​ထက္​ ပိုမ​ေနပါဘူး။ ဒါ​ေၾကာင့္ အစာစား​ေနတုန္း​ ​ေရ​ေသာက္​တာဟာ အစာအိမ္​ထဲမွာ ​ေရ​ေလွာင္​ကန္​ႀကီးလို ျဖစ္​မသြားေစပါဘူး။ ​ေရက ဝါးထားတဲ့အစာ​ေတြကို လ်င္​လ်င္​ျမန္​ျမန္​ပဲ ျဖတ္​ၿပီး အစာအိမ္​ဆီကို ​ေရာက္​သြားမယ္​။ ​ေရဓာတ္​ျဖည့္ေပးၿပီး အစာအိမ္​ကေန ခ်က္​ခ်င္းထြက္​ပါတယ္​။

ေရဟာ အစာအိမ္ထဲက အက္ဆစ္ဓာတ္ေတြကို ေလွ်ာ့က်မသြားေစဘူး

​ကြၽန္​ေတာ္​တို႔ရဲ႕ ​​အစာအိမ္ထဲက ​အက္​ဆစ္​ဓာတ္​ဟာ ​ေရ​ေသာက္​တာ​ေၾကာင့္ အ​စာ​ေခ်ဖ်က္​​ေပးဖို႔ ​အက္​ဆစ္​​ဓာတ္​​ေလ်ာ့သြားတယ္​ ဆိုတာမ်ိဳးလည္း မ႐ွိပါဘူး။ အစာတစ္​ခုခုကို ​ေခ်ဖ်က္​ဖို႔ခက္​လာရင္​ အင္​ဇိုင္း​ေတြ ပိုထုတ္​ပါတယ္​။ အက္​ဆစ္​ဓာတ္​ကို ပိုထုတ္​တယ္​။ ဒါက အလိုအ​ေလ်ာက္​စနစ္​ပါပဲ။ သ​ေဘာက​ေတာ့ ​ေရဂါလံဝက္​​ေလာက္​​ေသာက္​လည္း အ​စာ​ေျခဖို႔အက္​ဆစ္​ဓာတ္​ မ​ေလ်ာ့သြားပါဘူး။ ဒါ​ေၾကာင့္​ေရမွာ အစာ​ေခ်ဖ်က္​ႏႈန္းကို ​ေႏွး​ေကြး​ေစတဲ့ သက္​​ေရာက္​မႈ႐ွိမေနပါဘူး။

Source: Bright Side

Credit Kwee

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုနှင့် စီမံကိန်းနှင့်မြေ စီမံခန့်ခွဲရေး ဆိုင်ရာ နည်းဥပဒေများတွင် ပါရှိသည့် မြေ (၉) မျိုး အကြောင်း ရှာဖွေ တင်ပြလိုက်ပါသည်။

၁။ မြေပိုင်မြေ

မြေပိုင်မြေဆိုသည်မှာ မြိုတော်နယ်နိမိတ်အတွင်း စနစ်တကျ မြို့ကွက်ဖော်ထုတ်ကာ ရောင်းချခဲ့၍ ၀ယ်ယူ ပိုင်ဆိုင်ခဲ့ပြီး မြေပိုင်ရှင် အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုင်သည်။

၂။ ဘိုးဘပိုင်မြေ

ဘိုးဘပိုင်မြေဆိုသည်မှာအောက်မြန်မာ နိုင်ငံ မြို့နှင့် ကျေးရွာမြေများအက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ၊ ဘိုးဘွားမိဘလက်ထက်ကပင် “ဓါးမဦးချ” ပိုင်ဆိုင်လာ၍ လွှဲပြောင်း ဆက်ခံခွင့်ရှိကာ “မစိုက်ပျိုးသည့်မြေ” ကို ဆိုလိုသည်။

၃။ ဂရန်ရှိမြေပိုင်မြေ

ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေးအဆင့်အတန်းရှိသည့်မြေကို ဆိုလိုသည်။

၄။ လိုင်စင်မြေ

လိုင်စင်မြေဆိုသည်မှာအောက်မြန် မာနိုင်ငံမြို့နှင့်ကျေးရွာ မြေများ အပိုဒ် – ၃၀၊ ၃၄ တို့အရ၊ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့် ပေးထားသော မြေကို ဆိုလိုသည်။

၅။ ပါမစ်မြေ

ပါမစ်မြေဆိုသည်မှာ ကော်မတီကသတ်မှတ်သည့်စည်းကမ်းချက်များနှင့်အညီ “လူနေအိမ်” သို့ “အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်” ပြုထားသော မြေကို ဆိုလိုသည်။

၆။ မြေငှားဂရန်မြေ

မြေငှားဂရန်မြေ ဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့ အရ ကော်မတီကစည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြားသတ်မှတ်၍မြေငှားစာချုပ်ဖြင့်အငှားချ ထားသည့် မြေကိုဆိုလိုသည်။

၇။ စကွာတာမြေ

စကွာတာမြေဆိုသည်မှာမြေငှားစာချုပ်မရယူခဲ့၍ လည်းကောင်း၊ မြေငှား စာ ချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍ လည်းကောင်း မြေ ငှားစာချုပ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း မြေအဆင့်အတန်းနိမ့်ချ သတ်မှတ်သောမြေကို
ဆိုလိုသည်။

၈။ ကျူးလွန်ခြင်းမြေ

ကျူးလွန်ခြင်းမြေ ဆိုသည်မှာ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်၌ ကျူးလွန်ခြင်း ပြေစာဖြင့်ကောက်ခံသည့် မြေမျိုးကို ဆိုလိုသည်။

၉။ ကျူးကျော်မြေ

ကျူးကျော်မြေဆိုသည်မှာ ကော်မတီပိုင်မြေနှင့်ကော်မတီက စီမံခန့်ခွဲပိုင်ခွင့် ရှိသောမြေပေါ်တွင်ခွင့်ပြုချက် တစ်စုံ တစ်ရာ မရှိသူများ ၀င်ရောက်နေထိုင်လျှက်ရှိသော မြေကို ဆိုလိုသည်။

မြို့ကွက်မြေပုံ

မြို့ကွက်မြေပုံဆိုသည်မှာ အခြေခံ အင်ဂျင်နီယာပိုင်းဆိုင်ရာများ m ဖြင့် စနစ်တ ကျရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက် ဖော်ထုတ်ထားသည့် အခြေခံမြေပုံကို ဆိုလိုသည်။

မြို့မြေစာရင်း

မြို့မြေစာရင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများအက်ဥပဒေ၊ နည်းဥပဒေများ၊ နောက် ဆက်တွဲ ၁ – အခန်း (၂) အပိုဒ် ၇ အရ မြို့ကွက် မြေပုံဖြင့် ရှိပြီးသော မြေများ၏ မြေပိုင်ဆိုင်ခွင့် စာရင်းကို ဆိုလိုသည်။တင်ပြပြီးနောက်

ယခုဖော်ပြခဲ့သော မြေများမှာ အိမ်ခြံမြေနှင့် ပတ်သက်သော မြေများ ဖြစ်ပါသည်။

Credit Shared_Myay

မိဘ ဂုဏ်ရည် (၁၃) ပါး

မိဘ ဂုဏ်ရည် (၁၃) ပါး

(၁) သုဟဒယဂုဏ်

အရိုး အကြော အသွေးအသားထဲကစိမ့်ပြီး သားသမီးကိုချစ်ခြင်း ။

(၂) ဗြဟ္မာဂုဏ်

မတျတော ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပကျခော လေးပါးနှင့်စောင့်ရှောက်ခြင်း ။

(၃) ဇနေတ္တိဂုဏ်

အသက်စွန့်ပြီး မွေးသောအမေ ၊အသက် စွန့်ပြီး ရှာကျွေးသောအဖေဖြစ်ခြင်း ။

(၄) ပေါသကဂုဏ်

အေးမြပြီးသန့်ရှင်းကြည်လင်သောမိဘ နှစ်ပါး၏ အရိပ်ရခြင်း ။

(၅) ပေါသနန္တိဂုဏ်

လေပူ နေပူ အအေးဒဏ်မျိုးစုံကို ကာကွယ်ပြီး ပြုစုစောင့်ရှောက်ပေးခြင်း ။

(၆) ဒထောရာဂုဏ်

စကားပြောသင်ခြင်းမှအစ ဘုရားရှိခိုးနည်း ဆွမ်းကပ်နည်း ကြီးသူကိုရိုသေ ငယ်သူကိုညှာတာတတ်အောင် သင်ကြားပေးခြင်း ။

(၇) အာပါဒကာဂုဏ်

ဘေးရန်ကင်းစေရန် အသက်စွန့်ပြီး စောင့်ရှောက်တတ်ခြင်း ။

(၈) တေသယန္တိဂုဏ်

တေးသီချင်းတို့ဖြင့် သံငြိမ့်ညူးရင်း နှစ်သိမ့်တတ်ခြင်း ။

(၉) ပုဗ္ဗာဒေဝတါဂုဏ်

အိမ်ဦးနတ် ဖခင် မိခင်ဖြစ်ခြင်း ။

(၁၀) ပုဗ္ဗာစရိယဂုဏ်

လက်ဦးဆရာမည်ထိုက်စွာပုဗ္ဗာစရိယ မိနှင့်ဖဟူသော စကားနှင့်လျော်ညီစွာ စာရိတ္တမပျက်စီးစေရန် ဘာသာရေးနှင့်သိမ်းသွင်းခြင်း ။

(၁၁) ဂေါပယန္တိဂုဏ်

စား ဝတ် နေရေး ပညာရေးကျန်းမာရေးမပူပင်ရအောင်၊လုပ်ဆောင်ပေးသော အေးသောအရိပ်ပေးခြင်း ။

(၁၂) အာဟုနေယျဂုဏ်

ပစ္စည်းလေးပါးတို့ဖြင့်၊ကန်တော့ခံရသည့်ပုဂ္ဂိုလ်ဖြစ်ခြင်း ။

(၁၃) အနာမဋ္ဌဂုဏ်

သားရဟန်း ဆွမ်းမဘုဥ်းပေးမီ၊မိဘနှစ်ပါးအား အရင်ဆုံးဆွမ်းစားစေခြင်း အခွင့်ရရှိသော မိဘနှစ်ပါးဖြစ်ခြင်း ။

✍ Credit to Original writer

စာပေချစ်သူများအား အစဥ်လေးစားလျှက်မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် ။

မြေကွက်ပုံစံပေါ် မူတည်ပြီး မြေဧက တွက်နည်းများ

မြေကွက်ပုံစံပေါ် မူတည်ပြီး မြေဧက တွက်နည်းများ

မြေဧကကိုဘယ်လိုတွက်ရသလဲ ခဏ ခဏ မေးလာလို့အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်ချက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်၏ ပုံသဏ္ဍန်ကိုကြည့်၍ ဧကတွက်နိုင်ပါသည်။

လေးနားညီ စတုရန်းပုံစံ ဖြစ်ပါက

၂၀၈.၇၁’ × ၂၀၈.၇၁’ ÷ ၄၃၅၅၉.၈၆ = ၁ ဧက

ဥပမာ: ၁၀၀ ပေပတ်လည် အကွက်ဖြစ်လျှင်
၁၀၀’ × ၁၀၀’ ÷ ၄၃၅၆၀ = ၀. ၂၂၉ ဧက

နှစ်နားညီ စတုဂံပုံစံ ဖြစ်ပါက

(လ x န)’ ÷ ၄၃၅၆၀ = … ဧက

ဥပမာ:
(၄၀’×၆၀’) ÷ ၄၃၅၆၀ = ၀.၀၅၅ ဧက
(၆၀’×၁၀၀’) ÷ ၄၃၅၆၀ = ၀.၁၃၇ ဧက

နှစ်နားပြိုင် တြာဗီဇီယံပုံစံ ဖြစ်ပါက

ပြိုင်နားနှစ်ခုပေါင်း ÷ ၂ x နံ ÷ ၄၃၅၆၀ = … ဧက

ဥပမာ:
[{(၅၀+၈၀)÷၂}×၆၀]÷၄၃၅၆၀ = ၀.၀၈၉ ဧက

တြိဂံပုံစံဖြစ်ပါက

၅ x အခြေ x အမြင့် ÷ ၄၃၅၆၀ = … ဧက
½ အခြေ x အမြင့် ÷ ၄၃၅၆၀ = … ဧက

ဥပမာ:
၅ × ၁၀၀’ × ၅၀’ ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

ထောင့်မှန် တြိဂံပုံစံဖြစ်ပါက

အခြေ x အမြင့် = ရလာဒ် ÷ ၂ ÷ ၄၃၅၆၀

ဥပမာ: ၁၀၀’ × ၅၀’ = ၅၀၀၀’
၅၀၀၀ ÷ ၂ ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

စက်ဝိုင်းပုံစံဖြစ်ပါက

အချင်းဝက် x အချင်းဝက် x ပိုင်ကိန်း ÷ ၄၃၅၆၀ = …. ဧက

အချင်း x အချင်း x .၇၈၅၄ ÷ ၄၃၅၆၀ = … ဧက ( ပုံသေမြှောက်ကိန်း .၇၈၅၄ )

(.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို အနားလေးဖက် ၄ နှင့် စားပြီး စတုရန်းကွက်ဖေါ်ခြင်းဖြစ်သည်။ )

ဥပမာ:
၅၀’ × ၅၀’ × .၇၈၅၄ ÷ ၄၃၅၆၀ = ၀.၀၄၅ ဧက

အနား ၅ မျက်နှာ ၆ မျက်နှာနှင့် အနားများစွာပါသော ပုံစံဖြစ်လျှင် စတုဂံ စတုရန်းတြိဂံစသည်အကွက်စိပ်ပြီးတွက် ၊ ရလာဒ်အားလုံးကို ပေါင်း၍ ၄၃၅၆၀ ဖြင့်စား (၁ ဧက = ၄၃၅၆၀ စတုရန်းပေ)

Credit Shared_Myay

အဲကွန်းနဲ့ လျှပ်စစ်ပစ္စည်းဝယ်ရင် ဒါလေးတွေကို စစ်ပါ မဟုတ်ရင် အိမ်တွင်းသူခိုး တကောင်ရောက်နေသလိုပါပဲ

အဲကွန်းနဲ့ လျှပ်စစ်ပစ္စည်းဝယ်ရင် ဒါလေးတွေကို စစ်ပါ မဟုတ်ရင် အိမ်တွင်းသူခိုး တကောင်ရောက်နေသလိုပါပဲ

အဲကွန်းနဲ့လျှပ်စစ်ပစ္စည်းတွေဝယ်ရင်အဲဒါကိုကြည့်ပါ အဲဒါလေးကို Star rating လို့ခေါ်ပါတယ်။

အဲဒါမပါရင် ဘာတံဆိပ်ဖြစ်ဖြစ် စွမ်းအင်သုံးစွဲမှုက ကိုယ်တိုင်တိုင်းကြည့်မှကောင်းမကောင်းသိရမှာပါ။

ပုံမှန်ကတော့1-Star ကနေ 5-Star ထိရှိပါတယ်။ နိုင်ငံအလိုက် Rating သတ်မှတ်ချက်တော့ကွဲပြားနိုင်ပါတယ်။

ဒေသတွင်းကဆို ယိုးဒယားနဲ့ စင်္ကာပူ နိုင်ငံတွေရဲ့ Rating ကအစစ်အမှန်ရထားတာဆိုရင် တကယ်ကောင်းတဲ့ပစ္စည်းဖြစ်ပါတယ်။

5-star အဆင့်လျှပ်စစ်ပစ္စည်းတွေက စွမ်းအင်သုံးစွဲအရမ်းသက်သာပါတယ်။

အိမ်သုံးအဲကွန်းမှာတော့Start rating မြင့်ရင်မြင့်သလိုဝယ်ရင်းဈေးတော့ Rating နိမ့်တဲ့စက်တွေစာရင် ၂၅% လောက်ပိုကောင်းပိုနိုင်ပါတယ်။

ဒါပေမယ့် တနှစ်မကြာခင်မှာပဲ မီတာခသက်သာသွားလို့ နောက်နှစ်တွေမှာ တနှစ်ကိုမီတာခ သိန်းကျော်သက်သာနိုင်ပါတယ်။

ဈေးကွက်ထဲမှာတော့ Star rating မပါပဲမီတခသက်သာတဲ့ အဲကွန်းတွေလည်းရှိပါတယ်.. ဒါပေမယ့်နားလည်မှသိနိုင်မှာပါ။

လျှပ်စစ်ပစ္စည်းတွေဝယ်တိုင်းCOP , EER ဘယ်လောက်ရှိလဲမေးကြည့်ပါCOP-3.5 အောက် ၊EER-11အောက်စက်တွေဝယ်မယ်ဆိုရင်

ဒါလေးဖတ်ကြည့်ပေးပါမဖြေနိုင်ရင်..မဝယ်ပါနဲ့။ဝယ်မိရင်အိမ်ပေါ်မှာ အိမ်တွင်းသူခိုးတကောင်ရောက်နေသလိုပါပဲ။

ဥပမာ အဲကွန်း ဒါမှမဟုတ် လျှပ်စစ်ပစ္စည်းတွေဆိုပါတော့သူ့တို့ကိုသုံးရာမှာစက်အမျိုးအစားတစ်ခုချင်းစီလိုက်လို့..

အမျိုးအစားနဲ့ကွဲပြားတဲ့ထုတ်လုပ်သူလိုက်လိို့မီတာခကုန်တာမတူပါပါဘူး သူ့ရဲ့ COP သို့မဟုတ် EER ပေါ်မူတည်ပါတယ်။

COP ဆိုတာ (coefficient of performance) ကိုဆိုတာပါ။

EER ဆိုတာ (Energy Efficiency Ratio)ကိုပြောတာပါ။

ဥပမာ အဲကွန်းအတွက်ဆိုပါတော့အရိုးရှင်းဆိုးပြောရရင်စက်တလုံးရဲ့တစ်နာရီအတွင်းအခန်းထဲကအပူကိုထုတ်ပြီး

အခန်းကိုအေးအောင်လုပ်နိုင်တဲ့ပမာနဲ့အေးအောင်လုပ်ဖို့ ကုန်သွားတဲ့ စက်ရဲ့စားသုံးတဲ့လျှပ်စစ်စွမ်းအားအချိုးကိုဖော်ပြထားတဲ့ကိန်းဂဏန်းပါ။

တခြားလျှပ်စစ်ပစ္စည်းတွေဆိုရင်လည်း ဥပမာပြောရရင်လေးလုံးဝင်ပေါင်းအိုးဆိုပါတော့ထမင်းကျက်တာခြင်းအတူတူလျှပ်စစ်ကုန်တာချင်းမတူပါဘူး။

လေးလုံးစာထမင်းကျက်ဖို့တခုက 500 Watt ကုန်နေချိန်တခြားတံဆိပ်တခုက Watt 600ကုန်နေတာမျိုးဆိုတာပါ။

အဲကွန်းမှာဆို ရာသီတစ်ခု ဒါမှမဟုတ် တစ်နှစ်စာအတွင်းစက်တွေဟာ တစ်ရက်နဲ့တစ်ရက် တစ်နာရီနဲ့တစ်နာရီ အခန်းတွင်းက

အပူချိန်နဲ့ ပတ်ဝန်းကျင်အပူချိန်လိုက်လို့ လျှပ်စစ်စားသုံးမှူကလည်း မတူပြန်ပါဘူး။

အဲဒီတော့ တစ်နာရီစာမဟုတ်ပဲတစ်နှစ်တစ်ရာသီစာ အတွက် ယူတဲ့ EER ကိုတော့ SEER(seasonal energy efficiency ratio)လို့ခေါ်ပါတယ်။

သူကတော့ စက်တစ်လုံးစီရဲ့စက်တစ်မျိုးချင်းစီရဲ့ စွမ်းအင်သုံးစွဲမှုကိုရာသီတစ်ခုလုံးနဲ့ ယှဉ်ပြီး ပြောတာဖြစ်လို့ ပိုပြီးတိကျပါတယ်။

ဒီမှာတော့ EER နဲ့ COP ကိုပဲဖော်ပြပေးပါမယ်။အိမ်သုံးအဲကွန်းတွေထဲကမှ အင်ဗာတာမဟုတ်တဲ့စက်တွေကတော့ပုံမှန်

လည်နေတာဖြစ်လို့စက်လည်ပြီဆိုတာနဲ့ပုံသေသတ်မှတ်ထားတဲ့အတိုင်း မောင်းချိန်နာရီလိုက်လို့လျှပ်စစ်စားပါတယ်။

အင်ဗာတာစက်အမျိုးအစားတွေကတော့..အခန်းတွင်းအပူပမာဏလိုက်လို့

လည်ပတ်မှုကအချိန်တိုင်းပြောင်းနေလို့..တစ်နာရီချင်းစီ.ပုံသေနှုန်းနဲ့တွက်မရတတ်ပါဘူး။

အဲဒါကြောင့် ကာလတစ်ခုနဲ့ချိန်ထိုးတွက်ရပါတယ်။အကြမ်းဖျင်းပြောရရင်..စက်တွေရဲ့Name Plate မှာ..Power input ဆိုတာရေးထားပါတယ်။

နောက်ပြီးCooling Input ဆိုပြီးတော့လည်းရေးထားတတ်ပါတယ်။

Power input ခေါ် လျှပ်စစ်စားသုံးမှုကတော့တစ်နာရီမောင်းရင်အဲဒီအဲကွန်းကလျှပ်စစ်စားသုံးမှုဘယ်လောက်ကုန်တယ်ဆိုတာပြောတာပါ။

အများစုကတော့..အရပ်အခေါ်တစ်ကောင်စက်1Hp အတွက်ဆိုရင်ပြည်တွင်းလက်ရှိသုံးနေတဲ့ အဲကွန်းအများစုက800Watt ကနေ 1000Watt ကြားရှိပါတယ်

800 Watt အောက်နည်းတဲ့အဲကွန်းအမျိုးအစားအနည်းအကျဉ်းရှိပါတယ်..သိချင်ရင် CB ကမေးပါ။

တွက်ချက်မှုအနေနဲ့လျှပ်စစ်ဓာတ်အား1000Watt ကို တစ်နာရီသုံးရင်မီတာတစ်ယူနစ်(1kW Hr) ၁ ကီလိုဝပ်နာရီတက်ပါတယ်။

အဲဒါကြောင့်ပျမ်းမျှယူရရင်1Hp အဲကွန်းကို တစ်နာရီမောင်းရင်.0.85 ယူနစ်(၁ ယူနစ်နီးပါးတက်ပါတယ်)။

တရုတ်စက်တွေကတော့..လူအထင်ကြီးအောင်..Power input ကို800Watt ဘာညာရေးထားပေမယ့်သူပြောထားတာထက်ပိုကုန်တဲ့စက်တွေကများပါတယ်။

Energy Efficiency Ratio(EER) သို့ COPဆိုတာ Btu per hour ကို Input Watt(W) နဲ့ စားထားတဲ့ အချိုး (ဒါမှမဟုတ်)

COP=Heat KW /Electric Kwကအပူထုတ်နိုင်စွမ်း (Colling capacity) KiloWattကို လျှပ်စစ်ကီလိုဝပ်နဲ့စားတာပါ။နိုင်ငံလိုက်လို့ အခေါ်အဝေါ်ကွဲတတ်ပါတယ်။

တချို့နိုင်ငံတွေမှာက COP နဲ့ EER ကို အတူတူပဲခေါ်ကြပါသေးတယ်။

ဒီမှာ COP နဲ့ EER ကို ယျေဘူယျ အနေနဲ့ နှစ်မျိုးခွဲတွက်ပြပါမယ်ပထမတစ်မျိုးကEER/COP= BTU/Input electric wattနဲ့တွက်တဲ့ပုံစံပါ။

US မှာသုံးပါတယ်။နောက်တစ်မျိုးအနေနဲ့ပြောရင်COP နဲ့ EER ကို ဒီလိုတွက်ကြပါသေးတယ်။

EER or COP=Heat KW /Electric Kwကိုစားတဲ့နည်းနဲ့ပါ။တနည်းအားဖြင့် သူတို့နှစ်ခုရဲ့KW(coolingcapacity) /kW(electric)နဲ့အချိုးပါ။

ဥပမာ အပူထုတ်နိုင်စွမ်း 2.65KW (2650Watt)ရှိတဲ့ အဲကွန်းကိုတစ်နာရီ မောင်းဖို့ လျှပ်စစ်ဓာတ်အား845Watts ကုန်တယ်ဆိုပါစို့။

အစားထိုးရင် COP=2650/845=3.136~3.14 COP ရပါတယ်။အဲကွန်းတွေဟာ။COP တန်ဖိုးမြင့်လေ စွမ်းဆောင်ရည် Efficiency ကောင်းလေပါ။

အဲဒီအမှတ်တွေကိုသတ်မှတ်ပြိးEnergy start rating ဆိုတာနိုင်ငံတကာမှာသတ်မှတ်ပါတယ်။

ဂဏန်းကြီးရင်star rating မြင့်ပါတယ်။COP မြင့်ပါတယ်။COP နိမ့်တဲ့စက်တွေလျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေဆိုရင်

သွင်းကုန်ခွန် မြှင့်တာတို့ တင်သွင့်ခွင့်ပိတ်ပင်တာတို့နဲ့တားဆီးထားလေ့ရှိပါတယ်။

COP မြင့်တဲ့စက်တွေဆိုရင်အခွန်လျှော့ပေးတာအထူးအခွင့်အရေးပေးတာတွေနဲ့နိုင်ငံရေးအရ မက်လုံးပေးပါတယ်။

နောက်ပြီးCOP အလိုက် Star Ratingတွေကိုလျှပ်စစ်အသုံးအဆောင်တွေရဲ့အပေါ်မှာကပ်ထားတာတွေ့နိုင်ပါတယ်။တရား ဝင်ကပ်ထားပေးပါတယ်။ဝယ်သူတွေရွေးချယ်နိုင်ဖို့ပါ။

အခုလက်ရှိမြန်မာပြည်ကတရုတ်အဲကွန်းတွေကတော့ Airconditioner တွေမှာ COP 2~3 အတွင်းသာအများစုရှိပါတယ်။Star rating လည်းမကပ်ထားပါ။

ဘယ်လိုပဲဖြစ်ဖြစ်EER နဲ့ COP ဟာသဘောတရားတူတူပါ။အပူထုတ်နိုင်စွမ်းနဲ့လျှပ်စစ်စားသုံးရဲ့အချိုးပါတခုကတော့

cooling capacity-KW နဲ့ လျှပ်စစ်စားသုံးမှု kWတွေရောတတ်ပါတယ်။

Cooling Capacity. ဆိုတာအပူထုတ်နိုင်စွမ်းPower input ဆိုတာ..လျှပ်စစ်စားသုံးမှုပါ။

ဥပမာ အဲကွန်းစက်အမျိုးအစားတခုကတစ်တန်(1.5 hp) အပူထုတ်နိုင်စွမ်းရှိတယ်ဆိုပါစို့။

သူ့ရဲ့ အပူထုတ်နိုင်စွမ်းက12000Btu ဖြစ်ပြီးPower Inputခေါ် 12000Btu အပူထုတ်နိုင်ဖို့ပေးသွင်းကုန်ဆုံးရတဲ့ လျှပ်စစ်ဝပ်အားပမာဏ1120 Watt ဆိုပါတော့။

အဲဒါဆိုရင်12000Btu/1120Watts=10.71 ရပါမယ်အဲဒါကြောင့်အဲဒီစက်ဟာ..EER အနေနဲ့10.71ရှိတယ်လို့ဆိုပါတယ်။

နောက်စက်တလုံးက 12000Btu/hr အပူထုတ်ဖို့လျှပ်စစ်စားသုံးမှု Power Input1200Watts ရှိတယ်ဆိုရင်သူ့ရဲ့ COP or EER =12000/1200=10ရပါမယ်။

ဒါဆို ဒီစက်က စောစောကစက်ထက် စွမ်းဆောင်ရည်နိမ့်ပြီး လျှပ်စစ်ပိုကုန်ပါတယ်။ဝယ်မယ်ဆိုအပေါ်ကစက်အမျိုးအစားကိုဝယ်ရမှာပါ။

တလုံးနှစ်လုံးစာ မသိသာပေမယ့်တနိုင်ငံလုံးအတွက်ဆိုရင်EER 10 လောက်ရှိတဲ့ စက်ကိုဝယ်မိရင်စက်တ လုံးတနာရီမောင်းရင် 8 Watts ဆိုတော့စက်အလုံးရေ တသန်းဆိုရင်

1000000 x 8Watt/hr=8000000 Watts(8မဂ်ဂါဝပျနာရီ) ကုန်ပါမယ်။

တနေ့ (10)နာရီ နဲ့ ရက်ပေါင်း (300)သုံးနေကြရင်10x300x 8=24000 မဂ်ဂါဝပျနာရီ အလကားကုန်ပါတယ်။

အဲဒီလျှပ်စစ်ပမာဏဟာနိုင်ငံတကာအဆင့်အလုပ်သမား ဦးရေ 100000 လောက်ရှိတဲ့စက်မှုဇုန်သုံးခုလောက်ကို တနှစ်စာ လျှပ်စစ်ပေးထားလို့ရပါတယ်။

အဲဒီအတွက် လူငယ်တွေအလုပ်အကိုင်အခွင့်အလမ်းတွေတိုင်းပြည်ဝင်ငွေတွေ လျှပ်စစ်ချွေတာခြင်းကနေ ပိုတိုးလာမှာပါ။

ဒါကို ကုန်ထုတ်လုပ်မှုမှာမသုံးပဲကျေးရွာတွေကိုမျှပေးနိုင်ရင်ကျေးလက်ရဲ့ ကျန်းမာရေး၊ပညာရေးနဲ့လူမှုစီးပွားရေးတွေ အများကြီးတိုးတက်လာမှာပါ။

ဒါကြောင့်လျှပ်စစ်ချွေတာတာ ၊ COP ကောင်းတဲ့စက်တွေကိုပဲသုံးခွင့်ပြုတာကတကယ့်နိုင်ငံရေးတခုပါ။

တိုင်းပြည်မွဲလိို့ လျှပ်စစ်ဓာတ်အားပေးစက်ရုံအသစ်မတည်ခင်သုံးနေတဲ့လျှပ်စစ်ပစ္စည်းတွေရဲ့တင်သွင်းခွင့်အရည်အသွေးကို

နည်းနည်းလေးကြပ်မတ်ယုံနဲ့ အပိုလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေတည်စရာမလိုပဲအထောက်အကူရပါတယ်။

မဟုတ်ရင်တော့ အိတ်ပေါက်နဲ့ဖားကောက်ဖြစ်နေပါလိမ့်မယ်။
EER နဲ့ COPတန်ဖိုးဟာ..အဲကွန်းရဲ့အပူထုတ်နိုင်စွမ်းနဲ့ကုန်ဆုံးတဲ့လျှပ်စစ်ဓာတ်အားတို့ရဲ့အချိုးဆိုတာထပ်ပြောပါမယ်။

အပူထုတ်တာချင်းအတူ လျှပ်စစ်ဝပ်အားပိုကုန်ရင်EER နဲ့ COP တန်ဖိုးနည်းသွားမှာပါ။EER များတဲ့ Air Con တွေက ရေရှည်မှာ မီတာခ ကုန်ကျစရိတ် သက်သာပါတယ်။

EER များလာရင် Air Con ဈေးလဲ လိုက်များလာပါတယ်။ဒီမှာတင်သွင်းနေတဲ့Air Con အများစုကတော့ EER 8.9 ကနေ 10.7ကြားမှာပဲ ရှိကြပါတယ်။

အရည်အသွေးညံ့ကြတယ်ပေါ့။စွမ်းအင်သုံးစွဲမှုအရမ်းတင်းကြပ်တဲ့နိုင်ငံတွေမှာတော့..

EER 11 အောက်စက်တွေကို တင်သွင်းခွင့်မပြုခြင်းဖြင့် စွမ်အင်မူဝါဒနဲ့ တင်းကြပ်ထားပါတယ်။

တင်သွင်းချင်ရင်လည်းEER မြင့်တဲ့စက်ထက်အခွန်အများကြီးပိုကောက်ပါတယ်။Inverter type တွေမှာဆို EER 12 ကနေ15 ဝန်းကျင် ကြားရှိကြပါတယ်။

24 နာရီ 7 ရက်လုံး ဆက်တိုက် အချိန်ကြာကြာ သုံးရမယ့်နေရာမျိုးမှာဆိုEER မြင့်တဲ့ Air Con ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

ဒါဟာကိုယ့်အတွက်လည်းငွေကြေးချွေတာပြီးသားဖြစ်သလိုနိုင်ငံတော်ကိုလည်းကူညီရာရောက်ပါတယ်။

အဲကွန်းတွေကိုတင်သွင်းခွင့်ပြုရာမှာEER မြင့်တဲ့ အဲကွန်းတွေတင်သွင်းခွင့်ပြုလေတိုင်းပြည်ရဲ့ လျှပ်စစ်ပြုန်းတီးမှုသက်သာလေပါ။

ဘယ်လိုအဲကွန်းမျိုးကို ဝယ်ရမယ်မသိရင်ကျနော်တို့ကူညီပေးနိုင်ပါတယ်။ crd. YLG Air Con Services ကိုနန္ဒမို

လင်မယားကွာရှင်းခွင့်တောင်းဖို့လိုတဲ့အချက်အလက်များ (အကျဉ်းချူ ပ်)

လင်မယားကွာရှင်းခွင့်တောင်းဖို့လိုတဲ့အချက်အလက်များ(အကျဉ်းချူ ပ်)

(အရပ်ထဲက စကားတွေနားမယောင်ပါနဲ့)

အရပ်ထဲမှာပြောပြောနေတဲ့…လင်မယား ၆လ/၁နှစ်/၃နှစ် မပေါင်းပဲနေရင်လင်ခန်းမယားခန်းပြတ်တယ်ဆိုတာယုံပြီးတရားဝင်မပြတ်သေးပဲ…နောက်အိမ်ထောင်မပြု ကြပါနဲ့…တလင်တမယားဥပဒေနဲ့ အာမခံတောင် မရပါဘူး…

နောက်တချက်က…တချိူ့့တရားဝင်တော့ပြတ်စဲတယ်…ဒါပေမဲ့ လူသိရှင်ကြားပြန်ပေါင်းတယ်…နောက်လင်မယားပြန်ကွဲတယ်…ဒါကို…တရားဝင်ထပ်ကွာရှင်းရမှာမသိပဲ…အရင်စာချူ ပ်ရှိနေတာ မလိုပါဘူးလို့နေပြီး လင်(သို့)မယားကနောက်အိမ်ထောင်ပြု ရင်…တလင်တမယားဥပဒေနဲ့ငြိပြန်ပါတယ်…(ကွာရှင်းပြီး အထင်အရှားပြန်ပေါင်းသင်းရင် စာချူ ပ်အလိုလိုပျက်ပြယ်လို့ပါ)…

(ဘယ်လိုအခြေအနေဆိုရင် ကွာရှင်းခွင့်တောင်းနိူင်လဲ)…(အကျဉ်းချူ ပ်ပါ)

လုံလောက်သောအကြောင်းပြချက်မရှိပဲ လင်ဖြစ်သူက နေအိမ်မှထွက်ခွာပြီး…(၃)နှစ်တိုင် ငွေကြေးမထောက်ပံ့့/ပြန်ပေါင်းဖို့အဆက်အသွယ်မလုပ်/မကြိုးစားခြင်း…ဒဏ်ရာရစေလောက်အောင် ရက်စက်မှု့ကျူ းလွန်ခြင်း…(ဒါက…မယားဖြစ်သှူမှ ကွာရှင်းခွင့်တောင်းနိူင်တဲ့အချက်တွေပါ)…မယားလုပ်သူမှ လုံလောက်သောအကြောင်းပြချက်မရှိပဲ…

နေအိမ်မှထွက်ခွာခြင်း/ထွက်ခွာပြီးတနှစ်အတွင်း လင်နဲ့ပြန်ပေါင်းရန်မဆက်သွယ်ခြင်း/မကြိုးစားခြင်း(ယောက်က္ခမနဲ့စိတ်ဆိုးလို့ယောင်းမနဲ့ရန်ဖြစ်လို့ )စတာတွေက လုံလောက်တဲ့အကြောင်းပြချက်မဟုတ်တာသတိထားပါ(ဒါက…လင်ဖြစ်သူမှ ကွာရှင်းခွင့်တောင်းနိူင်တဲ့အချက်တွေပါ)…

အိမ်ထောင်သည်အမျိူ းသမီးတွေသတိထားပေါ့(ထစ်ခနဲရှိ အိမ်ကဆင်းမယ်…ကလေးသံယောဇဉ်နဲ့ ငါ့ပြန်လာခေါ်မှာပါလို့မထင်ပါနဲ့…လာမခေါ်ပဲ တနှစ်ပြည့်ရင်သူကကွာရှင်းခွင့်တောင်းရင် အလကားနေ…တခုလပ်ဘဝရောက်ရမှာပါ)…

##တလင်တမယားစနစ်ကျင့်သုံးရေးဥပဒေအကျဉ်း

မြန်မာနိူင်ငံအတွင်း/ပြင်ပတွင်နေထိုင်သော…မြန်မာနိူင်ငံသား(ဧည့်/ပြု နိူင်ငံသားအပါအဝင်) များသည်…ကိုကွယ်ရာဘာသာအရသော်၎င်း ဓလေ့ထုံးတမ်းအရသော်၎င်းလက်ရှိအိမ်ထောင်တည်မြဲနေစဉ်…အခြားသူတစ်ဦးနှင့် ထ်ိမ်မြားခြင်း/တရားမဝင်လင်မယားကဲ့သို့ပေါင်းသင်းနေထိုင်ခြင်း မပြု ရ…

(အရင်လို…ကိုးကွယ်ရာဘာသာအရ…ဓလေ့ထုံးတမ်းအရခွင့်ပြု ထားလို့ယူတာပါလို့ မရဘူးနော်)…(ဒါကြောင့်)

မုဆိုးဖို/မုဆိုးမ/တခုလပ်/တလင်ကွာ/လူပျိူ /အပျိူ မှလွဲ၍…လက်ရှိအိမ်ထောင်ရှိသူမှန်သမျှ…ဆန့်ကျင်ဖက်လိင်နှင့် တရားမဝင်ပေါင်းသင်းနေထိုင်ပါက…ဤဥပဒေပုဒ်မ(၁၃)အရ ထောင်ဒဏ်(၇)နှစ်အထိကျခံစေ…(လူသတ်မှု့လောက်ရှိတယ်နော်)…

အိမ်ထောင်ရှိလျက်နဲ့ လူလွတ်ဟုလိမ်ညာပြောဆို လက်ထပ်ပါက ဤဥပဒေ ပုဒ်မ(၁၇)အရ ထောင်ဒဏ်(၁၀)နှစ်ထိကျခံစေ…နစ်နာသူမှ နစ်နာကြေးတောင်းခံစေ…(ထောင်ကျခံရမဲ့အပြင်လျော်ကြေးပါပေးရမှာနော်)…

ဤဥပဒေပါ ပုဒ်မ(၁၄)(၁၅)တို့အရ…အပြစ်မရှိသူမှ အပြစ်ရှိသူအား တရားဝင်ကွာရှင်းခွင့်တောင်းခံစေ…လက်ထပ်ပွားနှစ်ဦးပိုင်ပစ္စည်းများအား အပြစ်မရှိသူက အကုန်ယူစေ(သေပြီလေထောင်ကလဲထွက်ရော လူလဲလမ်းဘေးရောက်ရော)

အိမ်ထောင်သည်ယေက်ကျာင်္းနှင့်…အပျိူ ဆိုပါက…အိမ်ထောင်သည်ယောက်ကျာင်္း သာလျင်ပြစ်ဒဏ်ကျခံစေ…အိမ်ထောင်သည်မိန်းမနှင့်လူပျိူ ဆိုပါက…အိမ်ထောင်သည်မိန်းမသည် ပုဒ်မ(၁၃)အရကျခံစေ…အိမ်ထောင်သည်မိန်းမ၏လင်မကျေနပ်ပါက လူပျိူ အား ရာဇသတ်ဥပဒေပုဒ်မ(၄၉၇)အရအရေးယူစေ…

နှစ်ယောက်လုံးအိမ်ထောင်သည်ဖြစ်ပါက…နှစ်ယောက်စလုံးပြစ်ဒဏ်ခံစေ…(လွတ်လာမှ အတိအလင်းယူပေတော့)…

ဤဥပဒေသည်(၃၁-၈-၂၀၁၅)မှစ၍ အာဏာတည်စေ…မည်သူမဆို ဤဥပဒေချိူ းဖောက်သူများအား တိုင်တန်းခွင့်ရှိစေ……(ကိုယ့်ကိုမလိုတဲ့သူက သွားတိုင်လို့ရတာသတိထားပါ…မာဆတ်သွားရင် ကြည့်သွားပေါ့)…

ဤဥပဒေအရ…ကျေအေး/ရုပ်သိမ်းခွင့်မရှိစေရ…(ကျမလင်ထောင်ကျရင် ကလေးတွေနဲ့ကျမဒုက္ခရောက်မှာမို့…အမှု့ကိုပြန်ရုပ်သိမ်းချင်ပါတယ်ရှင်လို့ တောင်းပန်လို့မရဘူးနော်…မတိုင်ခင် စဉ်းစား) စဖမ်းထဲက အာမခံပေးမှာမဟုတ်ဖူး…

အပေါ်ကအချက်အလက်တွေကတော့…မိမိလေ့လာမှတ်သားထားသမျှတွေကို…ဥပဒေ အကိုးအကား/စကားရပ်တွေမပါပဲ သာမာန်ပြည်သူတွေ…ရှင်းလင်းလွယ်ကူစွာသိအောင်လို့တင်ပြထားတာပါ

မှားယွင်းတာ/လိုအပ်တာတွေရှိလဲ…ဥပဒေပညာရှင်များမှ…ပြင်ဆင်/ဖြည့်စွက်သင်ကြားပေးပါရန်…မေတ္တာရပ်ခံပါတယ်

Credit
(လေးစားစွာဖြင့်)

Zawgyi

လင္မယားကြာ႐ွင္းခြင့္ေတာင္းဖို႔လိုတဲ့အခ်က္အလက္မ်ား(အက်ဥ္းခ်ဴ ပ္)

(အရပ္ထဲက စကားေတြနားမေယာင္ပါနဲ႔)

အရပ္ထဲမွာေျပာေျပာေနတဲ့…လင္မယား ၆လ/၁ႏွစ္/၃ႏွစ္ မေပါင္းပဲေနရင္လင္ခန္းမယားခန္းျပတ္တယ္ဆိုတာယုံၿပီးတရားဝင္မျပတ္ေသးပဲ…ေနာက္အိမ္ေထာင္မျပဳ ၾကပါနဲ႔…တလင္တမယားဥပေဒနဲ႔ အာမခံေတာင္ မရပါဘူး…

ေနာက္တခ်က္က…တခ်ိဴ႕့တရားဝင္ေတာ့ျပတ္စဲတယ္…ဒါေပမဲ့ လူသိ႐ွင္ၾကားျပန္ေပါင္းတယ္…ေနာက္လင္မယားျပန္ကြဲတယ္…ဒါကို…တရားဝင္ထပ္ကြာ႐ွင္းရမွာမသိပဲ…အရင္စာခ်ဴ ပ္႐ွိေနတာ မလိုပါဘူးလို႔ေနၿပီး လင္(သို႔)မယားကေနာက္အိမ္ေထာင္ျပဳ ရင္…တလင္တမယားဥပေဒနဲ႔ၿငိျပန္ပါတယ္…(ကြာ႐ွင္းၿပီး အထင္အ႐ွားျပန္ေပါင္းသင္းရင္ စာခ်ဴ ပ္အလိုလိုပ်က္ျပယ္လို႔ပါ)…

(ဘယ္လိုအေျခအေနဆိုရင္ ကြာ႐ွင္းခြင့္ေတာင္းႏိူင္လဲ)…(အက်ဥ္းခ်ဴ ပ္ပါ)

လုံေလာက္ေသာအေၾကာင္းျပခ်က္မ႐ွိပဲ လင္ျဖစ္သူက ေနအိမ္မွထြက္ခြာၿပီး…(၃)ႏွစ္တိုင္ ေငြေၾကးမေထာက္ပံ့့/ျပန္ေပါင္းဖို႔အဆက္အသြယ္မလုပ္/မႀကိဳးစားျခင္း…ဒဏ္ရာရေစေလာက္ေအာင္ ရက္စက္မႈ႕က်ဴ းလြန္ျခင္း…(ဒါက…မယားျဖစ္သႉမွ ကြာ႐ွင္းခြင့္ေတာင္းႏိူင္တဲ့အခ်က္ေတြပါ)…မယားလုပ္သူမွ လုံေလာက္ေသာအေၾကာင္းျပခ်က္မ႐ွိပဲ…

ေနအိမ္မွထြက္ခြာျခင္း/ထြက္ခြာၿပီးတႏွစ္အတြင္း လင္နဲ႔ျပန္ေပါင္းရန္မဆက္သြယ္ျခင္း/မႀကိဳးစားျခင္း(ေယာက္ကၡမနဲ႔စိတ္ဆိုးလို႔ေယာင္းမနဲ႔ရန္ျဖစ္လို႔ )စတာေတြက လုံေလာက္တဲ့အေၾကာင္းျပခ်က္မဟုတ္တာသတိထားပါ(ဒါက…လင္ျဖစ္သူမွ ကြာ႐ွင္းခြင့္ေတာင္းႏိူင္တဲ့အခ်က္ေတြပါ)…

အိမ္ေထာင္သည္အမ်ိဴ းသမီးေတြသတိထားေပါ့(ထစ္ခနဲ႐ွိ အိမ္ကဆင္းမယ္…ကေလးသံေယာဇဥ္နဲ႔ ငါ့ျပန္လာေခၚမွာပါလို႔မထင္ပါနဲ႔…လာမေခၚပဲ တႏွစ္ျပည့္ရင္သူကကြာ႐ွင္းခြင့္ေတာင္းရင္ အလကားေန…တခုလပ္ဘဝေရာက္ရမွာပါ)…

##တလင္တမယားစနစ္က်င့္သုံးေရးဥပေဒအက်ဥ္း

ျမန္မာႏိူင္ငံအတြင္း/ျပင္ပတြင္ေနထိုင္ေသာ…ျမန္မာႏိူင္ငံသား(ဧည့္/ျပဳ ႏိူင္ငံသားအပါအဝင္) မ်ားသည္…ကိုကြယ္ရာဘာသာအရေသာ္၎ ဓေလ့ထုံးတမ္းအရေသာ္၎လက္႐ွိအိမ္ေထာင္တည္ၿမဲေနစဥ္…အျခားသူတစ္ဦးႏွင့္ ထ္ိမ္ျမားျခင္း/တရားမဝင္လင္မယားကဲ့သို႔ေပါင္းသင္းေနထိုင္ျခင္း မျပဳ ရ…

(အရင္လို…ကိုးကြယ္ရာဘာသာအရ…ဓေလ့ထုံးတမ္းအရခြင့္ျပဳ ထားလို႔ယူတာပါလို႔ မရဘူးေနာ္)…(ဒါေၾကာင့္)

မုဆိုးဖို/မုဆိုးမ/တခုလပ္/တလင္ကြာ/လူပ်ိဴ /အပ်ိဴ မွလြဲ၍…လက္႐ွိအိမ္ေထာင္႐ွိသူမွန္သမွ်…ဆန္႔က်င္ဖက္လိင္ႏွင့္ တရားမဝင္ေပါင္းသင္းေနထိုင္ပါက…ဤဥပေဒပုဒ္မ(၁၃)အရ ေထာင္ဒဏ္(၇)ႏွစ္အထိက်ခံေစ…(လူသတ္မႈ႕ေလာက္႐ွိတယ္ေနာ္)…

အိမ္ေထာင္႐ွိလ်က္နဲ႔ လူလြတ္ဟုလိမ္ညာေျပာဆို လက္ထပ္ပါက ဤဥပေဒ ပုဒ္မ(၁၇)အရ ေထာင္ဒဏ္(၁၀)ႏွစ္ထိက်ခံေစ…နစ္နာသူမွ နစ္နာေၾကးေတာင္းခံေစ…(ေထာင္က်ခံရမဲ့အျပင္ေလ်ာ္ေၾကးပါေပးရမွာေနာ္)…

ဤဥပေဒပါ ပုဒ္မ(၁၄)(၁၅)တို႔အရ…အျပစ္မ႐ွိသူမွ အျပစ္႐ွိသူအား တရားဝင္ကြာ႐ွင္းခြင့္ေတာင္းခံေစ…လက္ထပ္ပြားႏွစ္ဦးပိုင္ပစၥည္းမ်ားအား အျပစ္မ႐ွိသူက အကုန္ယူေစ(ေသၿပီေလေထာင္ကလဲထြက္ေရာ လူလဲလမ္းေဘးေရာက္ေရာ)

အိမ္ေထာင္သည္ေယက္က်ာၤးႏွင့္…အပ်ိဴ ဆိုပါက…အိမ္ေထာင္သည္ေယာက္က်ာၤး သာလ်င္ျပစ္ဒဏ္က်ခံေစ…အိမ္ေထာင္သည္မိန္းမႏွင့္လူပ်ိဴ ဆိုပါက…အိမ္ေထာင္သည္မိန္းမသည္ ပုဒ္မ(၁၃)အရက်ခံေစ…အိမ္ေထာင္သည္မိန္းမ၏လင္မေက်နပ္ပါက လူပ်ိဴ အား ရာဇသတ္ဥပေဒပုဒ္မ(၄၉၇)အရအေရးယူေစ…

ႏွစ္ေယာက္လုံးအိမ္ေထာင္သည္ျဖစ္ပါက…ႏွစ္ေယာက္စလုံးျပစ္ဒဏ္ခံေစ…(လြတ္လာမွ အတိအလင္းယူေပေတာ့)…

ဤဥပေဒသည္(၃၁-၈-၂၀၁၅)မွစ၍ အာဏာတည္ေစ…မည္သူမဆို ဤဥပေဒခ်ိဴ းေဖာက္သူမ်ားအား တိုင္တန္းခြင့္႐ွိေစ……(ကိုယ့္ကိုမလိုတဲ့သူက သြားတိုင္လို႔ရတာသတိထားပါ…မာဆတ္သြားရင္ ၾကည့္သြားေပါ့)…

ဤဥပေဒအရ…ေက်ေအး/႐ုပ္သိမ္းခြင့္မ႐ွိေစရ…(က်မလင္ေထာင္က်ရင္ ကေလးေတြနဲ႔က်မဒုကၡေရာက္မွာမို႔…အမႈ႕ကိုျပန္႐ုပ္သိမ္းခ်င္ပါတယ္႐ွင္လို႔ ေတာင္းပန္လို႔မရဘူးေနာ္…မတိုင္ခင္ စဥ္းစား) စဖမ္းထဲက အာမခံေပးမွာမဟုတ္ဖူး…

အေပၚကအခ်က္အလက္ေတြကေတာ့…မိမိေလ့လာမွတ္သားထားသမွ်ေတြကို…ဥပေဒ အကိုးအကား/စကားရပ္ေတြမပါပဲ သာမာန္ျပည္သူေတြ…႐ွင္းလင္းလြယ္ကူစြာသိေအာင္လို႔တင္ျပထားတာပါ

မွားယြင္းတာ/လိုအပ္တာေတြ႐ွိလဲ…ဥပေဒပညာ႐ွင္မ်ားမွ…ျပင္ဆင္/ျဖည့္စြက္သင္ၾကားေပးပါရန္…ေမတၱာရပ္ခံပါတယ္

Credit
(ေလးစားစြာျဖင့္)