ရွေးကောက်ပွဲပြီးမှသာကျင်းပတော့မည့် ထွန်းအိန္ဒြာဗိုလ် နှင့် တင်ဇာမော်တို့ရဲ့ အွန်လိုင်းဂီတရှိုးပွဲ
အဆိုတော် ထွန်းအိန္ဒြာဗိုလ်နဲ့ တင်ဇာမော် တို့ရဲ့ Makeup Room Concert ကို ရက်ရွှေ့လိုက်ပြီဖြစ်ပါတယ်။ အခုလို ရက်ရွှေ့ရတဲ့ အကြောင်းအရင်းကို V7 Entertainment မှ တာဝန်ရှိသူ ကိုဝေမင်းမောင်ကို Duwun ကယခုလို ပြောပါတယ်။
” မခိုင်ကြီးနဲ့ မမော်တို့ရဲ့ ရှိုးပွဲကို ရက်ရွေ့လိုက်ပါတယ်။ ဒါကိုလည်း ရွေးကောက်ပွဲ ပြီးမှ ပြန်လုပ်ဖြစ်ဖို့ များပါတယ်။ ရက်ရွေ့လိုက်ရတဲ့အကြောင်း အရင်းကလည်း လက်ရှိ အပြင်မှာ ဖြစ်နေတဲ့ ဂယက်တွေကြောင့် အခုလို ရွှေ့လိုက် တာပါ။ ကျွန်တော်တို့ 7Sense အနေနဲ့က ပရိသတ်ကို အနုပညာတွေနဲ့ ပျော်ပျော်ရွှင်ရွှင် တင်ဆက်ချင်တာဖြစ်တဲ့အတွက် အခုလို ဂယက်ဖြစ်နေတဲ့ အချိန်မှာ ဖျော်ဖြေပွဲ လုပ်ဖို့ အဆင်မပြေဘူး။ ရက်အတိအကျကို ပြန်ကြေညာသွားမှာပါ” ဆိုပြီးတော့ V7 Entertainment မှ ကိုဝေမင်းမောင်က ဖြေဆိုခဲ့တာပါ။
Makeup Room Concert လို့ အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကိုတော့ MPT အပလီကေးရှင်းကနေ တိုက်ရိုက်လိုက်ဖ်လွှင့် ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကတော့ အနုပညာရှင်တွေ စင်ပေါ်တက်ပြီး သီဆိုဖျော်ဖြေတာတွေ မလုပ်ကြခင် စတိတ်စင်ရဲ့နောက်ကွယ် Makeup Room ထဲကနေ ပရိသတ်ကို အွန်လိုင်းမှတဆင့် ဖျော်ဖြေမှုပေးတဲ့ ပုံစံမျိုးကျင်းပမှာ ဖြစ်ပါတယ်။ဒီဖျော်ဖြေပွဲအတွက် သီချင်းစုစုပေါင်း(၁၅)ပုဒ် သီဆိုဖို့အတွက် စီစဉ်ထားတာလို့ ထွန်းအိန္ဒြာဗိုလ် က Duwun ကို ပြောပြခဲ့ဖူးပါတယ်။
ထွန်းအိန္ဒြာဗိုလ်ဟာ သရုပ်ဆောင်လောကမှာသာမက ဂီတလောကမှာလည်း ထူးချွန်သူ တစ်ယောက်ဖြစ်ပါတယ်။ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ခဲ့ဖူးသလို ၊ တစ်ကိုယ်တော် ဖျော်ဖြေပွဲများစွာလည်း ကျင်းပပြုလုပ်ခဲ့ဖူးပါတယ်။ အဆိုတော် တင်ဇာမော်ကလည်း ဂီတလောကမှာ လေးစားအားကျခြင်းခံထားရတဲ့ အမျိုးသမီး အဆိုတော် တစ်ယောက်ပါပဲ။ သူမဟာ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေလည်း ကျင်းပြုလုပ်ခဲ့သလို တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။
Credit Duwun
Zawgyi
ေ႐ြးေကာက္ပြဲၿပီးမွသာက်င္းပေတာ့မည့္ ထြန္းအိႁႏၵာဗိုလ္ ႏွင့္ တင္ဇာေမာ္တို႔ရဲ႕ အြန္လိုင္းဂီတ႐ိႈးပြဲ
အဆိုေတာ္ ထြန္းအိႁႏၵာဗိုလ္နဲ႔ တင္ဇာေမာ္ တို႔ရဲ႕ Makeup Room Concert ကို ရက္ေ႐ႊ႕လိုက္ၿပီျဖစ္ပါတယ္။ အခုလို ရက္ေ႐ႊ႕ရတဲ့ အေၾကာင္းအရင္းကို V7 Entertainment မွ တာဝန္႐ွိသူ ကိုေဝမင္းေမာင္ကို Duwun ကယခုလို ေျပာပါတယ္။
” မခိုင္ႀကီးနဲ႔ မေမာ္တို႔ရဲ႕ ႐ိႈးပြဲကို ရက္ေ႐ြ႕လိုက္ပါတယ္။ ဒါကိုလည္း ေ႐ြးေကာက္ပြဲ ၿပီးမွ ျပန္လုပ္ျဖစ္ဖို႔ မ်ားပါတယ္။ ရက္ေ႐ြ႕လိုက္ရတဲ့အေၾကာင္း အရင္းကလည္း လက္႐ွိ အျပင္မွာ ျဖစ္ေနတဲ့ ဂယက္ေတြေၾကာင့္ အခုလို ေ႐ႊ႕လိုက္ တာပါ။ ကြၽန္ေတာ္တို႔ 7Sense အေနနဲ႔က ပရိသတ္ကို အႏုပညာေတြနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ တင္ဆက္ခ်င္တာျဖစ္တဲ့အတြက္ အခုလို ဂယက္ျဖစ္ေနတဲ့ အခ်ိန္မွာ ေဖ်ာ္ေျဖပြဲ လုပ္ဖို႔ အဆင္မေျပဘူး။ ရက္အတိအက်ကို ျပန္ေၾကညာသြားမွာပါ” ဆိုၿပီးေတာ့ V7 Entertainment မွ ကိုေဝမင္းေမာင္က ေျဖဆိုခဲ့တာပါ။
Makeup Room Concert လို႔ အမည္ေပးထားတဲ့ ဒီေဖ်ာ္ေျဖပြဲကိုေတာ့ MPT အပလီေကး႐ွင္းကေန တိုက္႐ိုက္လိုက္ဖ္လႊင့္ ေဖ်ာ္ေျဖေပးသြားမွာ ျဖစ္ပါတယ္။ ဒီအစီအစဥ္ကေတာ့ အႏုပညာ႐ွင္ေတြ စင္ေပၚတက္ၿပီး သီဆိုေဖ်ာ္ေျဖတာေတြ မလုပ္ၾကခင္ စတိတ္စင္ရဲ႕ေနာက္ကြယ္ Makeup Room ထဲကေန ပရိသတ္ကို အြန္လိုင္းမွတဆင့္ ေဖ်ာ္ေျဖမႈေပးတဲ့ ပုံစံမ်ိဳးက်င္းပမွာ ျဖစ္ပါတယ္။ ဒီေဖ်ာ္ေျဖပြဲအတြက္ သီခ်င္း စုစုေပါင္း(၁၅)ပုဒ္ သီဆိုဖို႔အတြက္ စီစဥ္ထားတာလို႔ ထြန္းအိႁႏၵာဗိုလ္ က Duwun ကို ေျပာျပခဲ့ဖူးပါတယ္။
ထြန္းအိႁႏၵာဗိုလ္ဟာ သ႐ုပ္ေဆာင္ေလာကမွာသာမက ဂီတေလာကမွာလည္း ထူးခြၽန္သူ တစ္ေယာက္ျဖစ္ပါတယ္။ တစ္ကိုယ္ေတာ္ အေခြေတြလည္း ထြက္ခဲ့ဖူးသလို ၊ တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲမ်ားစြာလည္း က်င္းပျပဳလုပ္ခဲ့ဖူးပါတယ္။ အဆိုေတာ္ တင္ဇာေမာ္ကလည္း ဂီတေလာကမွာ ေလးစားအားက်ျခင္းခံထားရတဲ့ အမ်ိဳးသမီး အဆိုေတာ္ တစ္ေယာက္ပါပဲ။ သူမဟာ တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲေတြလည္း က်င္းျပဳလုပ္ခဲ့သလို တစ္ကိုယ္ေတာ္ အေခြေတြလည္း ထြက္႐ွိထားသူ တစ္ေယာက္ျဖစ္ပါတယ္။
Credit Duwun