Kangbaixin ဆေးဆိုင်လုပ်ငန်းဟာ ပီကင်းမြို့တော်မှာတင် ဆေးဆိုင်ပေါင်း 60 ရှိပါတယ်။Kangbaixin ရဲ့ ဥက္ကဋ္ဌ Li Dong နဲ့ အပေါင်းအပါ 2 ယောက်ကိုအပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ Li Dong က ထောင်ဒဏ် 15 နှစ်ကျပြီးကျန်နှစ်ယောက်ဖြစ်တဲ့ Li Yuzhang နဲ့ Luo Hanyi တို့က ဘယ်လောက်ကျမလဲမသိရသေးပါ။

တရုတ်ပြည်မှာ COVID အကြီးအကျယ်ဖြစ်နေတဲ့ January လထဲမှာ Li Dong ရဲ့ Kangbaixin ဆေးဆိုင်တွေဟာ 3M mask တွေလို့ ကြေညာပြီး အတုပေါင်း 5 သိန်း 8 သောင်းကို ရောင်းခဲ့ပါတယ်။အဲ့ဒီအချိန်က Mask စျေးတွေကအရမ်းမြင့်တက်ခဲ့ပြီးလူတွေကရသလောက်လုဝယ်ခဲ့ကြတာပါ။
ဒါပေမယ့် လူတွေက 3 M mask တွေရဲ့အရည်အသွေးကို ကွန်ပလိန်းတက်လာကြတဲ့အခါမှာဒေသအာဏာပိုင်တွေကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီမှာ 3M mask အစစ်တွေမဟုတ်ပဲအတုတွေကို Kangbaixin ဆေးဆိုင်တွေကဝယ်ရောင်းလုပ်ခဲ့တာပေါ်ပေါက်ခဲ့ပြီး Li Dong ကို February 1 ရက်နေ့မှာဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
February 25 ရက်နေ့မှာ mask အတုလုပ်မှု၊ အရည်အသွေးမမီတာတွေရောင်းချမှုနဲ့တရားစွဲဆိုခဲ့ပါတယ်။အဲ့လိုတရားစွဲဆိုပြီးသုံးရက်အကြာမှာ Kangbaixin ဆေးဆိုင်တွေကဝယ်ယူခဲ့သူတွေကို တောင်းပန်ပြီးစျေးသုံးဆပေးကာလျှော်ကြေးပေးမယ်လို့ ဆိုခဲ့ပါတယ်။

ဒါဟာ January 23 ကနေ 26 ရက်နေ့အထိ သုံးရက်အတွင်းအတုရောင်းမှု နဲ့ ထောင်ဒဏ် 15 နှစ်ချတာဖြစ်ပါတယ်။သူ့ပြည်သူအမြောက်အမြားကိုရောဂါဖြစ်ပြီးသေစေနိုင်မှုနဲ့ တရုတ်ရဲ့ အရေးယူမှုဟာ အတုယူစရာဖြစ်ပါတယ်။
Li Dong ရဲ့ ကုမ္ပဏီဟာ အဲ့ဒီ Mask အတုရောင်းမှုကနေ မြန်မာငွေ သိန်း 8000 ကျော်မြတ်စွန်းခဲ့ပါတယ်။သူ့ရှေ့နေကတော့ အတုမှန်းမသိလို့ ရောင်းမိပါတယ်လို့ ခုခံချေပပေမယ့် မရပါ။
Kangbaixin ဆေးဆိုင်လုပ်ငန်းဟာ Covid-19 မှာ အရေးယူခံရတာဒါပထမဆုံးအကြိမ်မဟုတ်ပါ။January လ ထဲမှာပဲ PM 2.5 Mask တွေကို စျေးအဆ 260 တင်ရောင်းမှုနဲ့ မြန်မာငွေ သိန်း 200 လောက်ဒဏ်ချခံရကြောင်းကျနော်နေ့စဉ်သတင်းထဲမှာထည့်ရေးဖူးပါတယ်။
တရုတ်အစိုးရရဲ့အရေးယူမှုက မြန်ပါတယ်။Mask အတုတွေပေါ်လာတဲ့အခါမှာ Supreme People’s Court က ဥပဒေအသစ်ကို February 10 ရက်နေ့မှာ မြန်မြန်ဆန်ဆန်ထုတ်ပြီး စအရေးယူတာဖြစ်ပါကြောင်း။
Richard Myo Thant(21-June-2020)
Zawgyi
3M Maskအတုေရာင္းမႈနဲ႔ ေဆးဆိုင္လုပ္ငန္း႐ွင္သူေဌးအားေထာင္ဒဏ္ (15 )ႏွစ္ခ်မွတ္
Kangbaixin ေဆးဆိုင္လုပ္ငန္းဟာ ပီကင္းၿမိဳ႕ေတာ္မွာတင္ ေဆးဆိုင္ေပါင္း 60 ႐ွိပါတယ္။Kangbaixin ရဲ႕ ဥကၠ႒ Li Dong နဲ႔ အေပါင္းအပါ 2 ေယာက္ကို အျပစ္ဒဏ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ Li Dong က ေထာင္ဒဏ္ 15 ႏွစ္က်ၿပီး က်န္ႏွစ္ေယာက္ျဖစ္တဲ့ Li Yuzhang နဲ႔ Luo Hanyi တို႔က ဘယ္ေလာက္က်မလဲမသိရေသးပါ။
တ႐ုတ္ျပည္မွာ COVID အႀကီးအက်ယ္ျဖစ္ေနတဲ့January လထဲမွာ Li Dong ရဲ႕ Kangbaixin ေဆးဆိုင္ေတြဟာ 3M mask ေတြလို႔ ေၾကညာၿပီးအတုေပါင္း 5 သိန္း 8 ေသာင္းကို ေရာင္းခဲ့ပါတယ္။အဲ့ဒီအခ်ိန္က Mask ေစ်းေတြကအရမ္းျမင့္တက္ခဲ့ၿပီး လူေတြက ရသေလာက္လုဝယ္ခဲ့ၾကတာပါ။
ဒါေပမယ့္ လူေတြက 3 M mask ေတြရဲ႕အရည္အေသြးကို ကြန္ပလိန္းတက္လာၾကတဲ့အခါမွာေဒသအာဏာပိုင္ေတြကစုံစမ္းစစ္ေဆးမႈေတြျပဳလုပ္ခဲ့ပါတယ္။အဲ့ဒီမွာ 3M maskအစစ္ေတြမဟုတ္ပဲ အတုေတြကို Kangbaixin ေဆးဆိုင္ေတြက ဝယ္ေရာင္းလုပ္ခဲ့တာေပၚေပါက္ခဲ့ၿပီး Li Dong ကို February 1 ရက္ေန႔မွာဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။
February 25 ရက္ေန႔မွာ mask အတုလုပ္မႈ၊ အရည္အေသြးမမီတာေတြ ေရာင္းခ်မႈနဲ႔ တရားစြဲဆိုခဲ့ပါတယ္။အဲ့လို တရားစြဲဆိုၿပီးသုံးရက္အၾကာမွာ Kangbaixin ေဆးဆိုင္ေတြကဝယ္ယူခဲ့သူေတြကို ေတာင္းပန္ၿပီး ေစ်းသုံးဆေပးကာ ေလွ်ာ္ေၾကးေပးမယ္လို႔ ဆိုခဲ့ပါတယ္။
ဒါဟာ January 23 ကေန 26 ရက္ေန႔အထိ သုံးရက္အတြင္းအတုေရာင္းမႈ နဲ႔ ေထာင္ဒဏ္ 15 ႏွစ္ခ်တာျဖစ္ပါတယ္။သူ႕ျပည္သူအေျမာက္အျမားကို ေရာဂါျဖစ္ၿပီးေသေစႏိုင္မႈနဲ႔တ႐ုတ္ရဲ႕အေရးယူမႈဟာ အတုယူစရာျဖစ္ပါတယ္။
Li Dong ရဲ႕ ကုမၸဏီဟာ အဲ့ဒီ Mask အတုေရာင္းမႈကေန ျမန္မာေငြ သိန္း 8000 ေက်ာ္ျမတ္စြန္းခဲ့ပါတယ္။သူ႕ေ႐ွ႕ေနကေတာ့အတုမွန္းမသိလို႔ ေရာင္းမိပါတယ္လို႔ ခုခံေခ်ပေပမယ့္ မရပါ။
Kangbaixin ေဆးဆိုင္လုပ္ငန္းဟာ Covid-19 မွာ အေရးယူခံရတာဒါပထမဆုံးအႀကိမ္မဟုတ္ပါ။January လ ထဲမွာပဲ PM 2.5 Mask ေတြကို ေစ်းအဆ 260 တင္ေရာင္းမႈနဲ႔ ျမန္မာေငြ သိန္း 200 ေလာက္ဒဏ္ခ်ခံရေၾကာင္း က်ေနာ္ေန႔စဥ္သတင္းထဲမွာ ထည့္ေရးဖူးပါတယ္။
တ႐ုတ္အစိုးရရဲ႕အေရးယူမႈက ျမန္ပါတယ္။Mask အတုေတြေပၚလာတဲ့အခါမွာ Supreme People’s Court က ဥပေဒအသစ္ကို February 10 ရက္ေန႔မွာ ျမန္ျမန္ဆန္ဆန္ထုတ္ၿပီး စအေရးယူတာျဖစ္ပါေၾကာင္း။
https://www.facebook.com/Richard-Myo-Thant-109119807474881/
Richard Myo Thant
21-June-2020