လေဆိပ် လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ လူနာ အမှတ် ၇၄၁( မ ၂၆ နှစ်)နှင့် ထိတွေ့ဆက်စပ်သူ ၁၅ဦးခန့်ကိုကွာရတင်းစင်တာသို့ ပို့ဆောင်

လေဆိပ် လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုဗစ်အတည်ပြုလူနာ အမှတ် ၇၄၁( မ ၂၆ နှစ်)နှင့် ထိတွေ့ဆက်စပ်သူ ၁၅ဦးခန့်ကိုကွာရတင်းစင်တာသို့ ပို့ဆောင်

Sunday, August 30, 2020
ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့(သြဂုတ်လ ၃၀ရက်) နံနက် ၈နာရီနာရီထုတ်ပြန်ချက်တွင် ပါဝင်လာသော မြောက်ဥက္ကလာပမြို့နယ်မှ ကိုဗစ်အတည်ပြုလူနာ အမှတ် ၇၄၁( မ ၂၆ နှစ်)သည် လေဆိပ် လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး ၎င်းနှင့် ထိတွေ့ဆက်စပ်သူ ၁၅ဦးခန့်ကို ယနေ့တွင် ကွာရတင်းစင်တာသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောသည်။

အဆိုပါ ကိုဗစ်လူနာသည် မြောက်ဥက္ကလာပမြို့နယ် ၊ ကျောက်ရေတွင်း ရပ်ကွက် ရွှေဘုန်းပွင့် ဘုရားအနီးတွင် နေထိုင်သူဖြစ်ပြီး ၎င်းသည် ပြည်ပသို့ ခရီးသွားလာမှု ရာဇဝင်မရှိ ၊ ရောဂါပိုးရှိသူ နှင့် ဆက်စပ်မရှိဘဲ အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ စောင့်ကြည့်လူနာတစ်ဦး ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Credit-Pyi Myanmar #မြောက်ဥက္ကလာ #လေဆိပ်လုံခြုံရေးဝန်ထမ်း

Zawgyi

Sunday, August 30, 2020
က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန၏ ယေန႔(ၾသဂုတ္လ ၃၀ရက္) နံနက္ ၈နာရီနာရီထုတ္ျပန္ခ်က္တြင္ ပါဝင္လာေသာ ေျမာက္ဥကၠလာပၿမိဳ႕နယ္မွ ကိုဗစ္အတည္ျပဳလူနာ အမွတ္ ၇၄၁( မ ၂၆ ႏွစ္)သည္ ေလဆိပ္ လုံၿခဳံေရးဝန္ထမ္းတစ္ဦးျဖစ္ၿပီး ၎ႏွင့္ ထိေတြ႕ဆက္စပ္သူ ၁၅ဦးခန႔္ကို ယေန႔တြင္ ကြာရတင္းစင္တာသို႔ ပို႔ေဆာင္ရန္ စီစဥ္ေနေၾကာင္း တိုင္းေဒသႀကီးလြတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္လြင္က ေျပာသည္။

အဆိုပါ ကိုဗစ္လူနာသည္ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ၊ ေက်ာက္ေရတြင္း ရပ္ကြက္ ေ႐ႊဘုန္းပြင့္ ဘုရားအနီးတြင္ ေနထိုင္သူျဖစ္ၿပီး ၎သည္ ျပည္ပသို႔ ခရီးသြားလာမႈ ရာဇဝင္မရွိ ၊ ေရာဂါပိုးရွိသူ ႏွင့္ ဆက္စပ္မရွိဘဲ အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးမွ ေစာင့္ၾကည့္လူနာတစ္ဦး ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Credit-Pyi Myanmar #ေျမာက္ဥကၠလာ #ေလဆိပ္လုံၿခဳံေရးဝန္ထမ္

မြောက်ဦးမှပြန်လာပြီး၁၂ရက်ကြာ မှ Quarantine ဝင်ခဲ့ကြတဲ့တောင်ငူကညီအစ်မ၂ယောက်😱😱

မြောက်ဦး မှ ပြန်လာပြီး ၁၂ရက်ကြာ မှ Quarantine ဝင်ခဲ့ကြတဲ့ တောင်ငူက ညီအစ်မ၂ယောက်😱😱

ဩဂုတ်လ ၂၈ ရက်နေ့ ည ၁၀ :၃၀ မိနစ်တွင် ရခိုင်ပြည်နယ်မြောက်ဦးမြို့မှတောင်ငူမြို့သို့ပြန်လာသူ ညီအမတော်စပ်သူ အမျိုးသမီးနှစ်ဦးအား သီတဂူကျောင်သို့ Quarantine ဝင်ရန်အတွက်တောင်ငူမြို့COVIDထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ညွှန်ကြားချက်ဖြင့်တောင်ငူမြို့နယ်အသက်ကယ်ယာဥ်များကွန်ယက်TANO အဖွဲ့ဝင်နန်းတော်ဦးလူမှုကူညီရေးအဖွဲ့မှပို့ဆောင်ပေးခဲ့တယ်လို့သိရှိရပါတယ် ။

အဆိုပါအမျိုးသမီး ၂ ဦးသည် တောင်ငူမြို့ ၁၇ ရပ်ကွက်မီးရထားရဲလိုင်းခန်းမှာနေထိုင်ကြပြီး သားဖြစ်သူရဲဝန်ထမ်း မြောက်ဦးမှာ တာဝန်ကျသူကို အတူတူလိုက်ပို့ကြရင်း ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်နေ့ကပြန်လာတာဖြစ်တယ်လို့ ရထားရဲဝန်ထမ်ူမိသားစုဝင်များနှင့်နီးစပ်သူထံကသိရှိရပါတယ် ။

Q မဝင်ခင်မနေ့က နေ့လည်ပိုင်းမှာ တောင်ငူမြို့စွန် ကောင်းမှုတော်ဘုရားနားက လဲဘူးရွာက ၎င်းတို့ရဲ့တူမအသုဘကို ရထားရဲဝန်ထမ်းမိသားစုဝင်ရဲမေတွေနဲ့အတူသွားခဲ့တယ်လို့လည်းစုံစမ်းသိရှိရပြီး ယနေ့လောလောဆယ်တော့ အတူသွားခဲ့သူ ၄ ဦးရဲ့အမည်စာရင်းကို ရယူသွားပါတယ် ။

အသုဘကိုသွားအတူတူသွားတဲ့ Hijet ကားသမားကိုလည်းလိုက်လံစုံစမ်းနေပါတယ်..

အမဖြစ်သူကတော့ ၁၂ ရပ်ကွက်မှာနေထိုင်သူဖြစ်ပါတယ် ၊ မြောက်ဦးကိုအတူတူသွားခဲ့ကြတာဖြစ်ပါတယ် ။

အဲ့ဒီနောက် ၎င်းတို့ပြန်လာပြီး ၁၂ ရက်တာကာလအတွင်းထိတွေ့ခဲ့သူစာရင်းများကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးများက စိစစ်ကောက်ယူနေတယ်လို့ကြားသိရပါတယ် ။

NHL ပို့ပြီးစစ်ဆေးအဖြေ Positive မဖြစ်ပါစေနဲ့လို့ ဘဲဆုတောင်းပေးပါတယ် ဗျာ ။ မတော်တဆ Positive သာဖြစ်ခဲ့ရင်တော့ မတွေးရဲစရာပါ..

မိမိ ဘယ်ကနေ ဘယ်နေ့ ဘယ်ရက်မှာပြန်လာပြီး မည်သူတွေနဲ့ထိတွေ့ခဲ့တယ်ဆိုတာကိုတော့ ပွင့်ပွင့် လင်းလင်းပြောပြဘို့လိုပါတယ် ၊ တာဝန်ရှိသူတွေလည်း ပွင့်ပွင့်လင်းလင်းပြောပြဘို့လိုပါတယ် ၊ လိမ်ညာဘို့မသင့်ပါဘူး ၊ ခင်ပွန်းဖြစ်သူရဲဝန်ထမ်းကိုတော့ Q မဝင်ခိုင်းသေးဘူးလို့သိရပါတယ်…Q ဝင်ရတာရှက်စရာမဟုတ်ပါဘူး..

ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ပါဘူး. ဗျာ

Photo #Credit

သတင်း ( ခ/၂ )

#SiThuMaung #တောင်ငူ

Zawgyi

ေျမာက္ဦး မွ ျပန္လာၿပီး ၁၂ရက္ၾကာ မွ Quarantine ဝင္ခဲ့ၾကတဲ့ ေတာင္ငူက ညီအစ္မ၂ေယာက္😱😱

ဩဂုတ္လ ၂၈ ရက္ေန႔ ည ၁၀ :၃၀ မိနစ္တြင္ ရခိုင္ျပည္နယ္ေျမာက္ဦးၿမိဳ႕မွေတာင္ငူၿမိဳ႕သို႔ျပန္လာသူ ညီအမေတာ္စပ္သူ အမ်ိဳးသမီးႏွစ္ဦးအား သီတဂူေက်ာင္သို႔ Quarantine ဝင္ရန္အတြက္ေတာင္ငူၿမိဳ႕COVIDထိန္းခ်ဳပ္ေရးႏွင့္အေရးေပၚတုန္႔ျပန္ေရးအဖြဲ႕ၫႊန္ၾကားခ်က္ျဖင့္ေတာင္ငူၿမိဳ႕နယ္အသက္ကယ္ယာဥ္မ်ားကြန္ယက္TANO အဖြဲ႕ဝင္နန္းေတာ္ဦးလူမႈကူညီေရးအဖြဲ႕မွပို႔ေဆာင္ေပးခဲ့တယ္လို႔သိ႐ွိရပါတယ္ ။

အဆိုပါအမ်ိဳးသမီး ၂ ဦးသည္ ေတာင္ငူၿမိဳ႕ ၁၇ ရပ္ကြက္မီးရထားရဲလိုင္းခန္းမွာေနထိုင္ၾကၿပီး သားျဖစ္သူရဲဝန္ထမ္း ေျမာက္ဦးမွာ တာဝန္က်သူကို အတူတူလိုက္ပို႔ၾကရင္း ၿပီးခဲ့တဲ့ ဩဂုတ္ ၁၆ ရက္ေန႔ကျပန္လာတာျဖစ္တယ္လို႔ ရထားရဲဝန္ထမ္ူမိသားစုဝင္မ်ားႏွင့္နီးစပ္သူထံကသိ႐ွိရပါတယ္ ။

Q မဝင္ခင္မေန႔က ေန႔လည္ပိုင္းမွာ ေတာင္ငူၿမိဳ႕စြန္ ေကာင္းမႈေတာ္ဘုရားနားက လဲဘူး႐ြာက ၎တို႔ရဲ႕တူမအသုဘကို ရထားရဲဝန္ထမ္းမိသားစုဝင္ရဲေမေတြနဲ႔အတူသြားခဲ့တယ္လို႔လည္းစုံစမ္းသိ႐ွိရၿပီး ယေန႔ေလာေလာဆယ္ေတာ့ အတူသြားခဲ့သူ ၄ ဦးရဲ႕အမည္စာရင္းကို ရယူသြားပါတယ္ ။

အသုဘကိုသြားအတူတူသြားတဲ့ Hijet ကားသမားကိုလည္းလိုက္လံစုံစမ္းေနပါတယ္..

အမျဖစ္သူကေတာ့ ၁၂ ရပ္ကြက္မွာေနထိုင္သူျဖစ္ပါတယ္ ၊ ေျမာက္ဦးကိုအတူတူသြားခဲ့ၾကတာျဖစ္ပါတယ္ ။

အဲ့ဒီေနာက္ ၎တို႔ျပန္လာၿပီး ၁၂ ရက္တာကာလအတြင္းထိေတြ႕ခဲ့သူစာရင္းမ်ားကိုလည္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမ်ားက စိစစ္ေကာက္ယူေနတယ္လို႔ၾကားသိရပါတယ္ ။

NHL ပို႔ၿပီးစစ္ေဆးအေျဖ Positive မျဖစ္ပါေစနဲ႔လို႔ ဘဲဆုေတာင္းေပးပါတယ္ ဗ်ာ ။ မေတာ္တဆ Positive သာျဖစ္ခဲ့ရင္ေတာ့ မေတြးရဲစရာပါ..

မိမိ ဘယ္ကေန ဘယ္ေန႔ ဘယ္ရက္မွာျပန္လာၿပီး မည္သူေတြနဲ႔ထိေတြ႕ခဲ့တယ္ဆိုတာကိုေတာ့ ပြင့္ပြင့္ လင္းလင္းေျပာျပဘို႔လိုပါတယ္ ၊ တာဝန္႐ွိသူေတြလည္း ပြင့္ပြင့္လင္းလင္းေျပာျပဘို႔လိုပါတယ္ ၊ လိမ္ညာဘို႔မသင့္ပါဘူး ၊ ခင္ပြန္းျဖစ္သူရဲဝန္ထမ္းကိုေတာ့ Q မဝင္ခိုင္းေသးဘူးလို႔သိရပါတယ္…Q ဝင္ရတာ႐ွက္စရာမဟုတ္ပါဘူး..

ဘာမွမျဖစ္ရင္ေတာ့ ဘာမွမျဖစ္ပါဘူး. ဗ်ာ

Photo #Credit

သတင္း ( ခ/၂ )

#SiThuMaung #ေတာင္ငူ

ရန်ကုန်မှ လူနာအမှတ်(၆၃၃)က စစ်တွေကနေ ရန်ကုန်ပြန်လာပြီး (၁၀)ရက်အကြာမှ ကွာရန်တင်းဝင်ရောက်ခဲ့သူဖြစ်

ရန်ကုန်မှ လူနာအမှတ်(၆၃၃)က စစ်တွေကနေ ရန်ကုန်ပြန်လာပြီး (၁၀)ရက်အကြာမှ ကွာရန်တင်းဝင်ရောက်ခဲ့သူဖြစ်

လူနာ အမှတ်(၆၃၃)က စစ်တွေကနေ ရန်ကုန်ပြန်လာပြီး (၁၀)ရက်အကြာမှ ကွာရန်တင်းဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ ရောက်ရောက်ချင်း ကွာရန်တင်းဝင်ဖို့ အသိမပေးခဲ့ဘဲ (၁၀)ရက်အကြာမှ ပတ်ဝန်းကျင်က သိတာကြောင့် ကွာရန်တင်းဝင်ရောက်ခဲ့ရတာပါ။

ကွာရန်တင်း ဝင်ရောက်နေစဉ်အတွင်း ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာတော့ အခုလိုရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

“ သူကပြန်ရောက်နေတာကို ဘယ်သူမှအသိမပေးဘူး။ ဒီပြန်ရောက်နေတာ (၁၀)ရက်လောက်ရှိပြီ။ သိသိချင်း ကွာရန်တင်းဝင်ခိုင်းခဲ့တာ။ ကိုဗစ်စစ်တော့ ညကထုတ်ပြန်ချက်မှာ လူနာနံပတ် (၆၃၃)နဲ့ အတည်ပြုလူနာအဖြစ်ပါလာတယ်”လို့ ဒဂုံဆိပ်ကမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူခိုင်က ပြောပါတယ်။

လူနာအပတ် (၆၃၃)က ဒဂုံဆိပ်ကမ်းမြိ့နယ်မှာ နေထိုင်သူဖြစ်ပြီး ကိုဗစ်အတည်ပြုလူနာအဖြစ် ဝန်ကြီးဌာနရဲ့ မနေ့ကညထုတ်ပြန်ချက်မှာ ပါရှိလာခဲ့တာပါ။

စစ်တွေကနေ ရန်ကုန်ကို ဩဂုတ်လ (၁၇)ရက်နေ့ကတည်းက ပြန်ရောက်နေတာဖြစ်ပြီး ကွာရန်တင်းဝင်ရောက်ဖို့ သက်ဆိုင်ရာတွေကို အကြောင်းမကြားဘဲ နေထိုင်ခဲ့တာဖြစ်ပါတယ်။ 

အဆိုပါလူနာက သူ့အဖေနဲ့အတူ နေထိုင်တာဖြစ်ပြီး ဖခင်ကိုလည်း ကွာရန်တင်းဝင်ရောက်ဖို့ ခေါ်ဆောင်သွားပြီဖြစ်ကာ ဓာတ်ခွဲစစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။

Sources Duwun

Zawgyi

ရန္ကုန္မွ လူနာအမွတ္(၆၃၃)က စစ္ေတြကေန ရန္ကုန္ျပန္လာၿပီး (၁၀)ရက္အၾကာမွ ကြာရန္တင္းဝင္ေရာက္ခဲ့သူျဖစ္

လူနာ အမွတ္(၆၃၃)က စစ္ေတြကေန ရန္ကုန္ျပန္လာၿပီး (၁၀)ရက္အၾကာမွ ကြာရန္တင္းဝင္ေရာက္ခဲ့သူျဖစ္ပါတယ္။ ေရာက္ေရာက္ခ်င္း ကြာရန္တင္းဝင္ဖို႔ အသိမေပးခဲ့ဘဲ (၁၀)ရက္အၾကာမွ ပတ္ဝန္းက်င္က သိတာေၾကာင့္ ကြာရန္တင္းဝင္ေရာက္ခဲ့ရတာပါ။

ကြာရန္တင္း ဝင္ေရာက္ေနစဥ္အတြင္း ဓာတ္ခြဲစစ္ေဆးခဲ့ရာမွာေတာ့ အခုလိုေရာဂါပိုးေတြ႕႐ွိခဲ့တာျဖစ္ပါတယ္။

“ သူကျပန္ေရာက္ေနတာကို ဘယ္သူမွအသိမေပးဘူး။ ဒီျပန္ေရာက္ေနတာ (၁၀)ရက္ေလာက္႐ွိၿပီ။ သိသိခ်င္း ကြာရန္တင္းဝင္ခိုင္းခဲ့တာ။ ကိုဗစ္စစ္ေတာ့ ညကထုတ္ျပန္ခ်က္မွာ လူနာနံပတ္ (၆၃၃)နဲ႔ အတည္ျပဳလူနာအျဖစ္ပါလာတယ္”လို႔ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚျဖဴျဖဴခိုင္က ေျပာပါတယ္။

လူနာအပတ္ (၆၃၃)က ဒဂုံဆိပ္ကမ္းၿမိ့နယ္မွာ ေနထိုင္သူျဖစ္ၿပီး ကိုဗစ္အတည္ျပဳလူနာအျဖစ္ ဝန္ႀကီးဌာနရဲ႕ မေန႔ကညထုတ္ျပန္ခ်က္မွာ ပါ႐ွိလာခဲ့တာပါ။

စစ္ေတြကေန ရန္ကုန္ကို ဩဂုတ္လ (၁၇)ရက္ေန႔ကတည္းက ျပန္ေရာက္ေနတာျဖစ္ၿပီး ကြာရန္တင္းဝင္ေရာက္ဖို႔ သက္ဆိုင္ရာေတြကို အေၾကာင္းမၾကားဘဲ ေနထိုင္ခဲ့တာျဖစ္ပါတယ္။ 

အဆိုပါလူနာက သူ႕အေဖနဲ႔အတူ ေနထိုင္တာျဖစ္ၿပီး ဖခင္ကိုလည္း ကြာရန္တင္းဝင္ေရာက္ဖို႔ ေခၚေဆာင္သြားၿပီျဖစ္ကာ ဓာတ္ခြဲစစ္ေဆးသြားမယ္လို႔လည္း သိရပါတယ္။

Sources Duwun

မန္တလေးမြို့ ရဲအရာရှိအတတ်သင်ကျောင်းကလူနာအမှတ်(၅၈၇) နဲ့ထိတွေ့သူအားလုံးမှာ ရောဂါပိုးမတွေ့

မန္တလေးမြို့ ရဲအရာရှိအတတ်သင်ကျောင်းကလူနာအမှတ်(၅၈၇) နဲ့ထိတွေ့သူအားလုံးမှာ ရောဂါပိုးမတွေ့

ထိတွေ့ထားသူ (၁၂၁)ဦးစလုံး negativeဖြစ်ပါတယ်။မန္တလေးက ရဲသင်တန်းကျောင်းမှာ လူနာအမှတ်(၅၈၇) နဲ့အတူ သင်တန်းတက်ခဲ့တဲ့ မန္တလေးမြို့က ရဲအရာရှိအတတ်သင်ကျောင်းက သင်တန်းသား၊ နည်းပြဆရာတွေအပါအဝင် ရုံးဝန်ထမ်း ၁၂၁ ဦးရဲ့ ဆေးစစ်ချက်အဖြေက All Negative ဖြစ်တယ်လို့ သိရပါတယ်။

“ဟုတ်ကဲ့အဖြေထွက်ပါပြီ။ အကုန်လုံး Negative ပါရှင့်” လို့ မန္တလေးမြို့က ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမေ၀င့်ဝါက Duwunကိုပြောပါတယ်။

ပိုးတွေ့လူနာ(၅၈၇) က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ၊ မန္တလေးမြို့က ရဲအရာရှိအတတ်သင်ကျောင်းမှာ စခန်းမှူးသင်တန်းလာတက်နေတဲ့ ရဲအုပ်တစ်ဦးဖြစ်ပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့က အဆိုပါ ရဲတပ်သားမှာ ကိုဗစ်ရောဂါကူးစက်ခံရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။

လူနာကိုတော့ အဲဒီနေ့မှာပဲ ကန်တော်နဒီဆေးရုံဆီပို့ထားလိုက်ပြီး သူနဲ့အတူ ရခိုင်ပြည်နယ်ကနေပါလာသူ ၆ ဥဦးကိုလည်းရောဂါပိုးရှိမရှိစစ်ဆေးခဲ့ရာမှာလည်း ရောဂါပိုးမတွေ့ရှိခဲ့ပါဘူး။

ဒါ့အပြင် သင်တန်းကျောင်းက ထိတွေ့ထားသူအားလုံးကိုလည်း ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာလည်း အားလုံးမှာရောဂါပိုးမတွေ့ရှိခဲ့ပါဘူး။

လက်ရှိမှာတော့ သင်တန်းကျောင်းကို Lockdown ချထားဆဲဖြစ်ပြီး သင်တန်းကျောင်းအတွင်းကလူတွေကိုလည်း Quarantine ဆက်လက်ထားရှိထားတယ်လို့ သိရပါတယ်။

Sources Duwun

Zawgyi

မႏၲေလးၿမိဳ႕ ရဲအရာ႐ွိအတတ္သင္ေက်ာင္းကလူနာအမွတ္(၅၈၇) နဲ႔ထိေတြ႕သူအားလုံးမွာ ေရာဂါပိုးမေတြ႕

ထိေတြ႕ထားသူ (၁၂၁)ဦးစလုံး negative ျဖစ္ပါတယ္။မႏၲေလးက ရဲသင္တန္းေက်ာင္းမွာ လူနာအမွတ္(၅၈၇) နဲ႔အတူ သင္တန္းတက္ခဲ့တဲ့ မႏၲေလးၿမိဳ႕က ရဲအရာ႐ွိအတတ္သင္ေက်ာင္းက သင္တန္းသား၊ နည္းျပဆရာေတြအပါအဝင္ ႐ုံးဝန္ထမ္း ၁၂၁ ဦးရဲ႕ ေဆးစစ္ခ်က္အေျဖက All Negative ျဖစ္တယ္လို႔ သိရပါတယ္။

“ဟုတ္ကဲ့အေျဖထြက္ပါၿပီ။ အကုန္လုံး Negative ပါ႐ွင့္” လို႔ မႏၲေလးၿမိဳ႕က ျပည္သူ႕က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန(မႏၲေလး) ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာေမ၀င့္ဝါက Duwunကိုေျပာပါတယ္။

ပိုးေတြ႕လူနာ(၅၈၇) က ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ကေန၊ မႏၲေလးၿမိဳ႕က ရဲအရာ႐ွိအတတ္သင္ေက်ာင္းမွာ စခန္းမႉးသင္တန္းလာတက္ေနတဲ့ ရဲအုပ္တစ္ဦးျဖစ္ပါတယ္။

ၾသဂုတ္လ ၂၇ ရက္ေန႔က အဆိုပါ ရဲတပ္သားမွာ ကိုဗစ္ေရာဂါကူးစက္ခံရေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့တာပါ။

လူနာကိုေတာ့ အဲဒီေန႔မွာပဲ ကန္ေတာ္နဒီေဆး႐ုံဆီပို႔ထားလိုက္ၿပီး သူနဲ႔အတူ ရခိုင္ျပည္နယ္ကေနပါလာသူ ၆ ဥဦးကိုလည္းေရာဂါပိုး႐ွိမ႐ွိစစ္ေဆးခဲ့ရာမွာလည္း ေရာဂါပိုးမေတြ႕႐ွိခဲ့ပါဘူး။

ဒါ့အျပင္ သင္တန္းေက်ာင္းက ထိေတြ႕ထားသူအားလုံးကိုလည္း ဓာတ္ခြဲစစ္ေဆးခဲ့ရာမွာလည္း အားလုံးမွာေရာဂါပိုးမေတြ႕႐ွိခဲ့ပါဘူး။

လက္႐ွိမွာေတာ့ သင္တန္းေက်ာင္းကို Lockdown ခ်ထားဆဲျဖစ္ၿပီး သင္တန္းေက်ာင္းအတြင္းကလူေတြကိုလည္း Quarantine ဆက္လက္ထား႐ွိထားတယ္လို႔ သိရပါတယ္။

Sources Duwun

အဝလွန်နေသူများ COVID-19 ကာကွယ်ဆေး မထိရောက်နိုင်

အဝလွန်နေသူများ COVID-19 ကာကွယ်ဆေး မထိရောက်နိုင်

အဝလွန်ဖြစ်နေသူများ၏ ကိုယ်ခံအားသည် သာမန်ကိုယ်အလေးချိန်ရှိသူများထက် ပိုအားနည်းသောကြောင့် အဝလွန်ဖြစ်နေသူများတွင် COVID-19 ကာကွယ်ဆေး ထိရောက်မှုမရှိဖြစ်နိုင်ကြောင်း ပညာရှင်များက သတိပေးသည်။

ယခင်က လေ့လာမှုများတွင် တုပ်ကွေး ရောဂါကာကွယ်ဆေးသည် အဝလွန်ဖြစ်နေသူများတွင် ထိရောက်မှုမရှိကြောင်း လေ့လာ တွေ့ရှိခဲ့သည်။

အဝလွန်ဖြစ်နေသူများ COVID-19 ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်သည့် (သို့မဟုတ်) သေဆုံးနိုင်သည့်အန္တရာယ်သည် သာမန်ကိုယ်အလေးချိန်ရှိသူများထက် ၄၈ ရာခိုင်နှုန်းပိုများကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။ သွေးထဲတွင် သကြားဓာတ်ပိုများနေခြင်း၊ သွေးကြောများရောင်ရမ်းခြင်းတို့ကြောင့် အဝလွန်ဖြစ်နေသူများ ရောဂါတိုက်ဖျက်နိုင်စွမ်း အားနည်းကြောင်းသိရသည်။

အဝလွန်ဖြစ်နေသူများ ကိုယ်ခံအားနည်းသောကြောင့် COVID-19 ကာကွယ်ဆေး မထိရောက် ဖြစ်နိုင်ကာ ယင်းအခြေအနေကို ကာကွယ်ဆေးစမ်းသပ်မှုများအတွင်း လေ့လာရန် အရေးကြီးကြောင်း မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်မှ သုတေသီများက ပြောကြားသည်။

ခန္ဓာကိုယ်ညွှန်းကိန်း BMI ၃၀ ထက်ပိုများနေသူများသည် ကိုယ်ခံအားစနစ်အားနည်းပြီး ခန္ဓာကိုယ် အတွင်းပိုင်းရောင်ရမ်းမှုကြောင့် ရောဂါတိုက်ဖျက်နိုင်စွမ်း နည်းပါးသည်။

အဝလွန်ဖြစ်နေသူများသည် တုပ်ကွေးရောဂါကာကွယ်ဆေးထိုးပြီးနောက်မှာပင် တုပ်ကွေးရောဂါ ဖြစ်ပွားသောသာဓကများအား သုတေသီများက ထောက်ပြထားသည်။ သီးခြားလေ့လာမှုတစ်ရပ်အတွင်း လန်ဒန်ကောလိပ်တက္ကသိုလ်က အဝလွန်ဖြစ်နေသူများ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်သည့်အန္တရာယ်ပိုများ ကြောင်း ဖော်ပြထားသည်။        -Ref : Dailymail

Credit 7days

Zawgyi

အဝလြန္ေနသူမ်ား COVID-19 ကာကြယ္ေဆး မထိေရာက္ႏိုင္

အဝလြန္ျဖစ္ေနသူမ်ား၏ ကိုယ္ခံအားသည္ သာမန္ကိုယ္အေလးခ်ိန္႐ွိသူမ်ားထက္ ပိုအားနည္းေသာေၾကာင့္ အဝလြန္ျဖစ္ေနသူမ်ားတြင္ COVID-19 ကာကြယ္ေဆး ထိေရာက္မႈမ႐ွိျဖစ္ႏိုင္ေၾကာင္း ပညာ႐ွင္မ်ားက သတိေပးသည္။

ယခင္က ေလ့လာမႈမ်ားတြင္ တုပ္ေကြး ေရာဂါကာကြယ္ေဆးသည္ အဝလြန္ျဖစ္ေနသူမ်ားတြင္ ထိေရာက္မႈမ႐ွိေၾကာင္း ေလ့လာ ေတြ႕႐ွိခဲ့သည္။

အဝလြန္ျဖစ္ေနသူမ်ား COVID-19 ေရာဂါကူးစက္ခံရပါက ေရာဂါျပင္းထန္ႏိုင္သည့္ (သို႔မဟုတ္) ေသဆုံးႏိုင္သည့္အႏၲရာယ္သည္ သာမန္ကိုယ္အေလးခ်ိန္႐ွိသူမ်ားထက္ ၄၈ ရာခိုင္ႏႈန္းပိုမ်ားေၾကာင္း သိပၸံပညာ႐ွင္မ်ားက ေျပာၾကားသည္။ ေသြးထဲတြင္ သၾကားဓာတ္ပိုမ်ားေနျခင္း၊ ေသြးေၾကာမ်ားေရာင္ရမ္းျခင္းတို႔ေၾကာင့္ အဝလြန္ျဖစ္ေနသူမ်ား ေရာဂါတိုက္ဖ်က္ႏိုင္စြမ္း အားနည္းေၾကာင္းသိရသည္။

အဝလြန္ျဖစ္ေနသူမ်ား ကိုယ္ခံအားနည္းေသာေၾကာင့္ COVID-19 ကာကြယ္ေဆး မထိေရာက္ ျဖစ္ႏိုင္ကာ ယင္းအေျခအေနကို ကာကြယ္ေဆးစမ္းသပ္မႈမ်ားအတြင္း ေလ့လာရန္ အေရးႀကီးေၾကာင္း ေျမာက္ကယ္႐ိုလိုင္းနားတကၠသိုလ္မွ သုေတသီမ်ားက ေျပာၾကားသည္။

ခႏၶာကိုယ္ၫႊန္းကိန္း BMI ၃၀ ထက္ပိုမ်ားေနသူမ်ားသည္ ကိုယ္ခံအားစနစ္အားနည္းၿပီး ခႏၶာကိုယ္ အတြင္းပိုင္းေရာင္ရမ္းမႈေၾကာင့္ ေရာဂါတိုက္ဖ်က္ႏိုင္စြမ္း နည္းပါးသည္။

အဝလြန္ျဖစ္ေနသူမ်ားသည္ တုပ္ေကြးေရာဂါကာကြယ္ေဆးထိုးၿပီးေနာက္မွာပင္ တုပ္ေကြးေရာဂါ ျဖစ္ပြားေသာသာဓကမ်ားအား သုေတသီမ်ားက ေထာက္ျပထားသည္။ သီးျခားေလ့လာမႈတစ္ရပ္အတြင္း လန္ဒန္ေကာလိပ္တကၠသိုလ္က အဝလြန္ျဖစ္ေနသူမ်ား ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ႏိုင္သည့္အႏၲရာယ္ပိုမ်ား ေၾကာင္း ေဖာ္ျပထားသည္။        -Ref : Dailymail

Credit 7days

တောင်ငူက လူနာ နံပတ်(၆၀၆)ဟာ စစ်တွေကနေ တောင်ငူကို ပြန်လာတဲ့သူဖြစ်ပြီး (၄)ရက်မြောက်နေ့မှ ကွာရန်တင်းဝင်ရောက်တဲ့သူဖြစ်

တောင်ငူက လူနာ နံပတ်(၆၀၆)ဟာ စစ်တွေကနေ တောင်ငူကို ပြန်လာတဲ့သူဖြစ်ပြီး (၄)ရက်မြောက်နေ့မှ ကွာရန်တင်းဝင်ရောက်တဲ့သူဖြစ်

ဒီကနေ့ မနက် ထုတ်ပြန်ချက်မှာပါရှိတဲ့ လူနာ နံပတ်(၆၀၆)က စစ်တွေကနေ တောင်ငူကို ပြန်လာတဲ့သူဖြစ်ပြီး (၄)ရက်မြောက်နေ့မှ ကွာရန်တင်းဝင်ရောက်တဲ့သူဖြစ်တယ်လို့ သိရပါတယ်။

လူနာနံပတ် (၆၀၆)က အသက်(၄၂)နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး စစ်တွေမှာ အလုပ်လုပ်ကိုင်တဲ့သူဖြစ်တယ်လို့ သိရပါတယ်။ တောင်ငူကသူ့ရဲ့ မိသားစုဆီကို ပြန်လာရာမှာ ရပ်ကွက်တာဝန်ရှိသူတွေကို အကြောင်းမကြားဘဲနေထိုင်နေတာဖြစ်ပြီး ရပ်ကွက်သူရပ်ကွက်သားတွေအသိပေးမှ သိရတာဖြစ်တယ်လို့ တောင်ငူမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမခက Duwun ကိုပြောပါတယ်။

“ သူက စစ်တွေကနေပြန်လာတာ။ ရောက်ရောက်ချင်းကွာရန်တင်းမဝင်ထားဘူး။ အပြင်မှာ (၄)ရက်လောက်နေထားသေးတယ်။ ရပ်ကွက်ကလူတွေအကြောင်းကြားမှ တာဝန်ရှိသူတွေက သွားခေါ်ပြီး ကွာရန်တင်းဝင်ခိုင်းထားရာကနေ အခုရောဂါပိုးတွေ့ရှိတာပါ။ သူ့ရဲ့ မိသားစုဝင်တွေကိုတော့ ကွာရန်တင်းထားဖို့ သွားခေါ်နေပြီ။တခြားသူနဲ့ထိတွေ့ထားသူတွေကိုလည်း စုံစမ်းမှုတွေလုပ်နေပြီ” လို့ ဦးမိုးမခကပြောပါတယ်။

လူနာနံပတ်(၆၀၆)က တောင်ငူမြို့ရဲ့ ပထမဆုံးကိုဗစ်လူနာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဒေသခံပြည်သူလူထုအနေနဲ့ကလည်း စိုးရိမ်မှုတွေရှိနေကြသလို ဒေသတွင်းမှာ ကိုဗစ်စည်းကမ်းတွေနဲ့ ပတ်သက်လို့ တင်းကြပ်မှုတွေလုပ်သွားမယ်လို့ သိရပါတယ်။
မနက်ဖြန်ကစပြီး တောင်ငူမြို့မှာ စားသောက်ဆိုင်တွေကို ပါဆယ် စနစ်နဲ့သာ ရောင်းချခွင့်ပြုတော့မှာဖြစ်ပြီး အားကစားပွဲတွေ၊ သင်တန်းတွေကို လုပ်ခွင့်ပြုမှာမဟုတ်တော့ဘူးလို့ ဆိုပါတယ်။

လူစုလူဝေးဖြစ်စေမယ့် ပွဲလမ်းသဘင်အားလုံးကို ကန့်သတ်မှာဖြစ်ပြီး ဒေသခံပြည်သူလူထုအနေနဲ့လိုက်နာကြဖို့ကိုလည်း ဦးမိုးမခကတိုက်တွန်းပြောကြားခဲ့ပါတယ်။

လက်ရှိလူနာနံပတ် (၆၀၆)ရဲ့ ကျန်းမာရေးအခြေအနေက ကောင်းမွန်လျှက်ရှိကာ တောင်ငူဆေးရုံမှာပဲ ဆေးကုသမှုပေးသွားမယ်လို့သိရပါတယ်။

Credit Duwun

Zawgyi

ေတာင္ငူက လူနာ နံပတ္(၆၀၆) ဟာ စစ္ေတြကေန ေတာင္ငူကို ျပန္လာတဲ့သူျဖစ္ၿပီး (၄)ရက္ေျမာက္ေန႔မွ ကြာရန္တင္းဝင္ေရာက္တဲ့သူျဖစ္

ဒီကေန႔ မနက္ ထုတ္ျပန္ခ်က္မွာပါ႐ွိတဲ့ လူနာ နံပတ္(၆၀၆)က စစ္ေတြကေန ေတာင္ငူကို ျပန္လာတဲ့သူျဖစ္ၿပီး (၄)ရက္ေျမာက္ေန႔မွ ကြာရန္တင္းဝင္ေရာက္တဲ့သူျဖစ္တယ္လို႔ သိရပါတယ္။

လူနာနံပတ္ (၆၀၆)က အသက္(၄၂)ႏွစ္အ႐ြယ္ အမ်ိဳးသမီးျဖစ္ၿပီး စစ္ေတြမွာ အလုပ္လုပ္ကိုင္တဲ့သူျဖစ္တယ္လို႔ သိရပါတယ္။ ေတာင္ငူကသူ႕ရဲ႕ မိသားစုဆီကို ျပန္လာရာမွာ ရပ္ကြက္တာဝန္႐ွိသူေတြကို အေၾကာင္းမၾကားဘဲေနထိုင္ေနတာျဖစ္ၿပီး ရပ္ကြက္သူရပ္ကြက္သားေတြအသိေပးမွ သိရတာျဖစ္တယ္လို႔ ေတာင္ငူၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမိုးမခက Duwun ကိုေျပာပါတယ္။

“ သူက စစ္ေတြကေနျပန္လာတာ။ ေရာက္ေရာက္ခ်င္းကြာရန္တင္းမဝင္ထားဘူး။ အျပင္မွာ (၄)ရက္ေလာက္ေနထားေသးတယ္။ ရပ္ကြက္ကလူေတြအေၾကာင္းၾကားမွ တာဝန္႐ွိသူေတြက သြားေခၚၿပီး ကြာရန္တင္းဝင္ခိုင္းထားရာကေန အခုေရာဂါပိုးေတြ႕႐ွိတာပါ။ သူ႕ရဲ႕ မိသားစုဝင္ေတြကိုေတာ့ ကြာရန္တင္းထားဖို႔ သြားေခၚေနၿပီ။တျခားသူနဲ႔ထိေတြ႕ထားသူေတြကိုလည္း စုံစမ္းမႈေတြလုပ္ေနၿပီ” လို႔ ဦးမိုးမခကေျပာပါတယ္။

လူနာနံပတ္(၆၀၆)က ေတာင္ငူၿမိဳ႕ရဲ႕ ပထမဆုံးကိုဗစ္လူနာျဖစ္ပါတယ္။ လက္႐ွိအခ်ိန္မွာ ေဒသခံျပည္သူလူထုအေနနဲ႔ကလည္း စိုးရိမ္မႈေတြ႐ွိေနၾကသလို ေဒသတြင္းမွာ ကိုဗစ္စည္းကမ္းေတြနဲ႔ ပတ္သက္လို႔ တင္းၾကပ္မႈေတြလုပ္သြားမယ္လို႔ သိရပါတယ္။
မနက္ျဖန္ကစၿပီး ေတာင္ငူၿမိဳ႕မွာ စားေသာက္ဆိုင္ေတြကို ပါဆယ္ စနစ္နဲ႔သာ ေရာင္းခ်ခြင့္ျပဳေတာ့မွာျဖစ္ၿပီး အားကစားပြဲေတြ၊ သင္တန္းေတြကို လုပ္ခြင့္ျပဳမွာမဟုတ္ေတာ့ဘူးလို႔ ဆိုပါတယ္။

လူစုလူေဝးျဖစ္ေစမယ့္ ပြဲလမ္းသဘင္အားလုံးကို ကန္႔သတ္မွာျဖစ္ၿပီး ေဒသခံျပည္သူလူထုအေနနဲ႔လိုက္နာၾကဖို႔ကိုလည္း ဦးမိုးမခကတိုက္တြန္းေျပာၾကားခဲ့ပါတယ္။

လက္႐ွိလူနာနံပတ္ (၆၀၆)ရဲ႕ က်န္းမာေရးအေျခအေနက ေကာင္းမြန္လွ်က္႐ွိကာ ေတာင္ငူေဆး႐ုံမွာပဲ ေဆးကုသမႈေပးသြားမယ္လို႔သိရပါတယ္။

သင်္ဃန်းကျွန်းမှ လူနာအမှတ် ၅၉၅ဟာ အဝတ်လျှော်တဲ့သူဖြစ်ပြီးအတူနေထိုင်သူ ၂၈ဦးထဲမှာ ဆိုက်ကားနင်းတဲ့လူနဲ့၊ တက္ကစီဆွဲတဲ့လူတို့ပါဝင်

သင်္ဃန်းကျွန်းမှ လူနာအမှတ် ၅၉၅ဟာ အဝတ်လျှော်တဲ့သူဖြစ်ပြီးအတူနေထိုင်သူ ၂၈ဦးထဲမှာ ဆိုက်ကားနင်းတဲ့လူနဲ့၊ တက္ကစီဆွဲတဲ့လူတို့ပါဝင်

သြဂုတ်လ ၂၈ ရက်နေ့ည ၈ နာရီထုတ်ပြန်ချက်တွင် လူနာအမှတ် ၅၉၅ အဖြစ်ပါဝင်လာတဲ့ သင်္ဃန်းကျွန်းမှာနေထိုင်သူ အသက် ၄၀ အရွယ်အမျိုးသမီးဟာ ရပ်ကွက်ထဲတွင် ကျပန်းအလုပ်လုပ်ကိုင်သူဖြစ်ပြီး သူနဲ့အတူနေထိုင်သူတွေထဲမှာလည်း ဆိုက်ကားနင်းသူတွေ၊ တက္ကစီဆွဲသူတွေ ပါဝင်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။၊

” သူတို့မိသားစုက အဝတ်လျှော်တဲ့လူနဲ့၊ ဆိုက်ကားနင်းတဲ့လူနဲ့၊ တက္ကစီဆွဲတဲ့လူနဲ့ ပေါ့‌လေ။ တစ်အိမ်ထဲမှာကို စုပြီးနေတာ။ မိသားစု ၃ စုလောက်ရှိတယ်။ တစ်စုတည်းနေသူ အားလုံးပေါင်း ၂၈ ယောက်ကို ကွာရန်တင်းစင်တာပို့မှာပေါ့နော်” လို့ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ကော်မတီဝင် ဒေါက်တာ ကျော်စွာဦးက သြဂုတ်လ ၂၈ ရက် မနက်ပိုင်းမှာ Duwun ကို ပြောပါတယ်။

လူနာဟာ သင်္ဃန်းကျွန်းမြို့နယ် ပေါ်ဆန်းမွှေး ၅ လမ်းနဲ့ ၆ လမ်းကြားမှာ နေထိုင်သူဖြစ်ပြီး နေမကောင်းဖြစ်လို့ ၂၆ ရက်နေ့မှာ စံပြဆေးရုံကို ပြသရာကနေ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

“သူက ချောင်းဆိုးတယ်၊ ဖျားတယ်။ အဲဒီတော့ စံပြဆေးရုံကို လာပြတယ်။ စံပြဆေးရုံကလည်း သံသယအနေနဲ့ သတ်မှတ်ပြီးတော့ သူ့ကို စောင့်ကြည့်လူနာအဖြစ်ထားပြီးတော့ swab ယူလိုက်တာ‌ပေါ့။ မနေ့ကညမှာ Positive ထွက်တာပေါ့” လို့ ဒေါက်တာကျော်စွာဦးက ပြောပါတယ်။

လူနာအမှတ် ၅၉၅ ဟာ အတည်ပြုလူနာများနဲ့ ထိတွေ့မှုမရှိသလို ခရီးသွားရာဇဝင်လည်း မရှိပါဘူး။

ရန်ကုန်မြို့မှာ အတည်ပြုလူနာများနဲ့ ထိတွေ့မှုမရှိသလို ခရီးသွားရာဇဝင်လည်းမရှိဘဲ ရောဂါပိုးတွေ့ရှိသူက သြဂုတ်လ ၂၇ ရက်ညအထိ ၃ ဦးထက်မနည်းရှိနေပါပြီ။

သြဂုတ်လ ၂၇ ရက်နေ့ညထုတ်ပြန်ချက်မှာပါတဲ့ သင်္ဃန်းကျွန်းမှ လူနာအမှတ် ၅၉၅ ၊ မြောက်ဥက္ကလာမှ လူနာအမှတ် ၆၀၂၊ သြဂုတ်လ ၂၇ ရက်နေ့ မနက် ၈ နာရီထုတ်ပြန်ချက်က တောင်ဒဂုံက လူနာအမှတ် ၅၈၄၊ သြဂုတ်လ ၂၅ ရက်ညက တွေ့ရှိတဲ့ လူနာအမှတ် ၄၇၇ (လွန်ခဲ့တဲ့ တစ်လခန့်ကစပြီး တောင်ကြီးမှ ရန်ကုန်ကို ရောက်ရှိနေသူ) တို့ဟာ အတည်ပြုလူနာနဲ့ ထိတွေ့မှုမရှိသလို ပြည်ပနဲ့ ရခိုင်သို့ ခရီးသွားရာဇဝင်များ မရှိကြပါဘူး။

Credit Duwun

Zawgyi

သဃၤန္းကြၽန္းမွလူနာအမွတ္ ၅၉၅ဟာ အဝတ္ေလွ်ာ္တဲ့သူျဖစ္ၿပီးအတူေနထိုင္သူ ၂၈ဦးထဲမွာ ဆိုက္ကားနင္းတဲ့လူနဲ႔၊ တကၠစီဆြဲတဲ့လူတို႔ပါဝင္

ၾသဂုတ္လ ၂၈ ရက္ေန႔ည ၈ နာရီထုတ္ျပန္ခ်က္တြင္ လူနာအမွတ္ ၅၉၅ အျဖစ္ပါဝင္လာတဲ့ သဃၤန္းကြၽန္းမွာေနထိုင္သူ အသက္ ၄၀ အ႐ြယ္အမ်ိဳးသမီးဟာ ရပ္ကြက္ထဲတြင္ က်ပန္းအလုပ္လုပ္ကိုင္သူျဖစ္ၿပီး သူနဲ႔အတူေနထိုင္သူေတြထဲမွာလည္း ဆိုက္ကားနင္းသူေတြ၊ တကၠစီဆြဲသူေတြ ပါဝင္တယ္လို႔ သဃၤန္းကြၽန္းၿမိဳ႕နယ္ ကိုဗစ္ေကာ္မတီဝင္တစ္ဦးက ေျပာပါတယ္။၊

” သူတို႔မိသားစုက အဝတ္ေလွ်ာ္တဲ့လူနဲ႔၊ ဆိုက္ကားနင္းတဲ့လူနဲ႔၊ တကၠစီဆြဲတဲ့လူနဲ႔ ေပါ့‌ေလ။ တစ္အိမ္ထဲမွာကို စုၿပီးေနတာ။ မိသားစု ၃ စုေလာက္႐ွိတယ္။ တစ္စုတည္းေနသူ အားလုံးေပါင္း ၂၈ ေယာက္ကို ကြာရန္တင္းစင္တာပို႔မွာေပါ့ေနာ္” လို႔ သဃၤန္းကြၽန္းၿမိဳ႕နယ္ ကိုဗစ္ေကာ္မတီဝင္ ေဒါက္တာ ေက်ာ္စြာဦးက ၾသဂုတ္လ ၂၈ ရက္ မနက္ပိုင္းမွာ Duwun ကို ေျပာပါတယ္။

လူနာဟာ သဃၤန္းကြၽန္းၿမိဳ႕နယ္ ေပၚဆန္းေမႊး ၅ လမ္းနဲ႔ ၆ လမ္းၾကားမွာ ေနထိုင္သူျဖစ္ၿပီး ေနမေကာင္းျဖစ္လို႔ ၂၆ ရက္ေန႔မွာ စံျပေဆး႐ုံကို ျပသရာကေန ေရာဂါပိုးစစ္ေဆးေတြ႕႐ွိခဲ့တယ္လို႔ ဆိုပါတယ္။ 

“သူက ေခ်ာင္းဆိုးတယ္၊ ဖ်ားတယ္။ အဲဒီေတာ့ စံျပေဆး႐ုံကို လာျပတယ္။ စံျပေဆး႐ုံကလည္း သံသယအေနနဲ႔ သတ္မွတ္ၿပီးေတာ့ သူ႕ကို ေစာင့္ၾကည့္လူနာအျဖစ္ထားၿပီးေတာ့ swab ယူလိုက္တာ‌ေပါ့။ မေန႔ကညမွာ Positive ထြက္တာေပါ့” လို႔ ေဒါက္တာေက်ာ္စြာဦးက ေျပာပါတယ္။

လူနာအမွတ္ ၅၉၅ ဟာ အတည္ျပဳလူနာမ်ားနဲ႔ ထိေတြ႕မႈမ႐ွိသလို ခရီးသြားရာဇဝင္လည္း မ႐ွိပါဘူး။

ရန္ကုန္ၿမိဳ႕မွာ အတည္ျပဳလူနာမ်ားနဲ႔ ထိေတြ႕မႈမ႐ွိသလို ခရီးသြားရာဇဝင္လည္းမ႐ွိဘဲ ေရာဂါပိုးေတြ႕႐ွိသူက ၾသဂုတ္လ ၂၇ ရက္ညအထိ ၃ ဦးထက္မနည္း႐ွိေနပါၿပီ။

ၾသဂုတ္လ ၂၇ ရက္ေန႔ညထုတ္ျပန္ခ်က္မွာပါတဲ့ သဃၤန္းကြၽန္းမွ လူနာအမွတ္ ၅၉၅ ၊ ေျမာက္ဥကၠလာမွ လူနာအမွတ္ ၆၀၂၊ ၾသဂုတ္လ ၂၇ ရက္ေန႔ မနက္ ၈ နာရီထုတ္ျပန္ခ်က္က ေတာင္ဒဂုံက လူနာအမွတ္ ၅၈၄၊ ၾသဂုတ္လ ၂၅ ရက္ညက ေတြ႕႐ွိတဲ့ လူနာအမွတ္ ၄၇၇ (လြန္ခဲ့တဲ့ တစ္လခန္႔ကစၿပီး ေတာင္ႀကီးမွ ရန္ကုန္ကို ေရာက္႐ွိေနသူ) တို႔ဟာ အတည္ျပဳလူနာနဲ႔ ထိေတြ႕မႈမ႐ွိသလို ျပည္ပနဲ႔ ရခိုင္သို႔ ခရီးသြားရာဇဝင္မ်ား မ႐ွိၾကပါဘူး။

Credit Duwun

မြောက်ဦးမှ ပြန်လာတဲ့ သူငယ်ချင်းနှင့် တွေ့ဆုံပြီးနောက် နှာခေါင်းအနံ့မရ‌တော့တဲ့ လူငယ်တစ်ဦး

မြောက်ဦးမှ ပြန်လာတဲ့ သူငယ်ချင်းနှင့် တွေ့ဆုံပြီးနောက် နှာခေါင်းအနံ့မရ‌တော့တဲ့ လူငယ်တစ်ဦး

မိတ္ထီလာမြို့ပြည်သာယာ (တောင်) ရပ်ကွက်ရှိတည်းခိုခန်းလုပ်ငန်း လုပ်ကိုင်သူအမျိုးသားတစ်ဦးသည် မြောက်ဦးမြို့မှ ပြန်လာသည့် သူငယ်ချင်းနှင့် တွေ့ဆုံမိရာမှနှာခေါင်း အနံ့မရတော့သဖြင့် ၎င်းနှင့် အတူနေသူ (၃) ဦးနှင့်အတူ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးကာ တည်းခိုခန်း၌ Home Quarantine အဖြစ်နေထိုင်လျှက် ရှိကြောင်းယင်းရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့်ဒေသခံများက ပြောသည်။

အနံ့အသက် ပျောက်သည့် အမျိုးသားသည် အသက် (၃၀)ဘဝန်းကျင်အရွယ်အရွယ် အမျိုးသားဖြစ်ပြီး၎င်းနှင့်အတူ အသက် (၁၂)နှစ်အရွယ်မိန်းကလေးတစ်ဦး၊အသက် (၃၀)ဝန်းကျင်အရွယ်အမျိုးသားတစ်ဦးနှင့်အသက်(၅၀)ဝန်းကျင် အမျိုးသမီးတစ်ဦး၊စုစုပေါင်းလေးဦးသည် သြဂုတ် (၂၆)ရက်နေ့လည်ပိုင်းတွင် Swab (ဓာတ်ခွဲနမူနာ)ရယူစစ်ဆေးကာ မိတ္ထီလာမြို့ပြည်သာယာ(တောင်) ရပ် ကွက်ရှိတည်းခိုခန်း၌ပင် Home Quarantine အဖြစ် နေထိုင်နေခြင်း ဖြစ်ကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှသတင်းရရှိသည်။

“သူက (တည်းခိုခန်းလုပ်ကိုင်သည့်အမျိုး သား)မြောက်ဦးက ပြန်လာတဲ့ သူ့သူငယ် ချင်းနဲ့ စကားပြောမိတယ်။ မြောက် ဦးက ပြန်လာတဲ့လူက ဒီမှာတစ်နာရီလောက် ဝင်ပြီးစကားပြောတာ။သူက မြဝတီ ဆက်သွားမယ်လို့ပြောသွားတယ်တဲ့။ အဲဒါလွန်ခဲ့တဲ့ လေးရက်လောက်ကပါ။ ဒီလူနဲ့ ဆက်စပ်တဲ့သူတွေကတော့ တည်း ခိုခန်း မန်နေဂျာနဲ့ ထမင်းချက် သားအမိပေါ့။ တည်းခိုခန်းမှာပဲ Home Stay ထားတယ်။ လိုအပ်ရင် ဆေးရုံ ပို့ပေးရမှာပေါ့။ ပြည်သူ့ကျန်းမာကတို့ဖတ် လာယူသွားတယ်။ အခုပြီးတာပဲ” ဟု ပြည်သာယာ(တောင်)ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးမျိူးမင်းမင်းမြတ်က ပြောသည်။

အဆိုပါ တည်းခိုခန်းပိုင်ရှင် အမျိုးသားသည် နှာခေါင်းမှ အနံ့အသက် မရတော့သဖြင့် သြဂုတ် (၂၆) ရက် နံနက်ပိုင်းတွင် မြို့ခံ လူမှုကူညီရေးအသင်းများသို့ ဆက်သွယ်၍ အကူအညီ တောင်းခြင်းဖြစ်ပြီး လူမှုကူညီရေးအသင်းများက ကျန်း မာရေးဌာနသို့ဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း၎င်းက ရှင်းပြသည်။အဆိုပါ (၄) ဦးအား ဓာတ်ခွဲနမူနာ ရယူစစ်ဆေးထားမှုနှင့် ပတ်သက်၍ အဖြေမသိရသေးဟု ၎င်းက ပြောသည်။

မန္တလေးတိုင်းအစိုးရသည် ရခိုင်ပြည်နယ်မှ လာရောက်သူများကို ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရန်နှင့် Facility Quarantine (သတ်မှတ်နေရာ၌ အသွားအလာ ကန့် သတ်စောင့်ကြည့်ခြင်း) (၂၁)ရက် ထားရှိရန် သြဂုတ် (၂၀)ရက်မှ စတင်ကာ ညွှန်ကြားစာ ထုတ်ပြန်ထားသည်

စစ်တွေမြို့မှ မန္တလေးရဲအရာရှိအတတ်သင်ကျောင်းကို လာတက်သည့် ရဲအုပ်ထံတွင် COVID-19ပိုးတွေ့ရှိ

စစ်တွေမြို့မှ မန္တလေးရဲအရာရှိအတတ်သင်ကျောင်းကို လာတက်သည့် ရဲအုပ်ထံတွင် COVID-19ပိုးတွေ့ရှိ

မန္တလေးမြို့ရဲ အရာရှိ အတတ်သင်ကျောင်း ကို ရခိုင်ပြည်နယ်စစ်တွေမြို့က သင်တန်းလာတက်တဲ့ ရဲအုပ်တစ်ဦးတွင် covid -19ရောဂါပိုးတွေ့ရှိတယ်လို့သိရပါတယ်။

ဒီကနေ့ ညနေ ၇ နာရီခန့်က ရဲအရာရှိအတတ်သင်ကေြာငျးထဲကို လူနာ တင်ကားနဲ့ လာရောက်ခေါ်ဆောင်သွားတာကိုတွေ့ရပြီး ပိုးသတ်ဆေးဖြန်းတာလည်းပြုလုပ်ခဲ့ပါတယ်။ စစ်တွေမြို့မှ ၇ဦးခနျ့လာရောကျတယျလို့သိထားရပွီးသီးသန့်ထားရှိကာ စစ်ဆေးကြည့်ရာမှာ တွေ့ရှိခြင်းဖြစ်တယ်လို့ ကနဦးသိရပါတယ်။ အဲဒီအတည်ပြုလူနာကို ကန်တော်နဒီဆေးရုံကိုညနေ၇နာရီခန့်ကပို့ဆောင်ခဲ့ပါတယ်။ ရဲအတတ်သင်ကျောင်းကိုလည်း အသွားလာ ကန့်သတ်သွားမယ်လို့လည်းသိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးကိုဗစ်ရောဂါဆိုင်ရာသတင်းထုတ်ပြန်ရေးကော်မတီဥက္ကဌနဲ့ ပြည်သူ့ကျန်း မာရေးနဲ့ကုသရေးဦးစီးဌာနတို့ကိုဆက်သွယ်ပေမယ့်မရသေးပါဘူး။ဩဂုတ်လ ၂၇ ရက်နေ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ည ၈နာရီထုတ်ပြန်ချက်တွင် အတည်ပြုလူနာ ၁၆ ဦးတွေ့ရှိခဲ့ပါတယ်။

Author: ထက်အောင်

Credit Kumudra

စစ္ေတြၿမိဳ႕မွ မႏၲေလးရဲအရာရွိအတတ္သင္ေက်ာင္းကို လာတက္သည့္ ရဲအုပ္ထံတြင္ COVID-19ပိုးေတြ႕ရွိ

မႏၲေလးၿမိဳ႕ရဲ အရာရွိ အတတ္သင္ေက်ာင္း ကို ရခိုင္ျပည္နယ္စစ္ေတြၿမိဳ႕က သင္တန္းလာတက္တဲ့ ရဲအုပ္တစ္ဦးတြင္ covid -19ေရာဂါပိုးေတြ႕ရွိတယ္လို႔သိရပါတယ္။

ဒီကေန႕ ညေန ၇ နာရီခန့္က ရဲအရာရွိအတတ္သင္ေၾကာင်းထဲကို လူနာ တင္ကားနဲ႕ လာေရာက္ေခၚေဆာင္သြားတာကိုေတြ႕ရၿပီး ပိုးသတ္ေဆးျဖန္းတာလည္းျပဳလုပ္ခဲ့ပါတယ္။ စစ္ေတြၿမိဳ႕မွ ၇ဦးခန့်လာေရာက်တယ်လိဳ႕သိထားရပြီး သီးသန့္ထားရွိကာ စစ္ေဆးၾကည့္ရာမွာ ေတြ႕ရွိျခင္းျဖစ္တယ္လို႔ ကနဦးသိရပါတယ္။ အဲဒီအတည္ျပဳလူနာကို ကန္ေတာ္နဒီေဆး႐ုံကိုညေန၇နာရီခန့္ကပို႔ေဆာင္ခဲ့ပါတယ္။ ရဲအတတ္သင္ေက်ာင္းကိုလည္း အသြားလာ ကန့္သတ္သြားမယ္လို႔လည္းသိရပါတယ္။

ဒီကိစၥနဲ႕ပတ္သက္ၿပီး မႏၲေလးတိုင္းေဒသႀကီးကိုဗစ္ေရာဂါဆိုင္ရာသတင္းထုတ္ျပန္ေရးေကာ္မတီဥကၠဌနဲ႕ ျပည္သူ႕က်န္း မာေရးနဲ႕ကုသေရးဦးစီးဌာနတို႔ကိုဆက္သြယ္ေပမယ့္မရေသးပါဘူး။ ဩဂုတ္လ ၂၇ ရက္ေန႕ က်န္းမာေရးနဲ႕အားကစားဝန္ႀကီးဌာန ည ၈နာရီထုတ္ျပန္ခ်က္တြင္ အတည္ျပဳလူနာ ၁၆ ဦးေတြ႕ရွိခဲ့ပါတယ္။

Author: ထက္ေအာင္

Credit Kumudra

ပေါက်တောမြို့က ကိုဗစ်-၁၉ လူနာသစ် ၁၂ ဦးအနက် ကျောင်းသား/သူ ၇ ဦးပါဝင်

ပေါက်တောမြို့က ကိုဗစ်-၁၉ လူနာသစ် ၁၂ ဦးအနက် ကျောင်းသား/သူ ၇ ဦးပါဝင်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၂ ဦးထဲမှာစစ်တွေမှာ ကျောင်းသွားတဲ့ ကျောင်း သူ ၄ ဦး၊ ကျောင်းသား ၃ ဦး ပါဝင်နေတယ်လို့ ပေါက်တောဒေသခံတွေထံက သိရပါတယ်။

ပေါက်တောမြို့မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၂ ဦးထဲမှာ အသက် ၇ နှစ်အရွယ်ကလေး ၁ ဦး၊ အသက် ၁၅ နှစ်မှ ၁၆ နှစ်အထိ ကျောင်းသူ/ကျောင်းသား ၇ ဦး၊ အသက် ၃၃ နှစ် ကျား ၁ ဦး၊ အသက် ၃၉ နှစ်အရွယ် ကျား ၁ ဦး၊ ၄၄ နှစ်အရွယ်အမျိုးသမီး ၁ ဦးနဲ့ ၅၃ နှစ်အရွယ်ကျား ၁ ဦးပါဝင်ကြောင်းသိရှိပါတယ်။

ပေါက်တောဒေသခံကိုမျိုးကျော်က “စစ်တွေမှာ ကျောင်းတက်နေကြတဲ့ ကျောင်းသူ ကျောင်းသားလေး ၇ ဦးပါတယ်။ ဒီကျောင်းသူ ကျောင်းသားထဲမှာ စစ်တွေမြို့ ကိုယ်ပိုင်စာသင်ကျောင်းမှာ တက်ရောက်ခဲ့တာတွေ ပါသလို နောက် ဘော်ဒါဆောင်တွေမှာ ကျောင်းတက်ခဲ့တာတွေလည်း ပါတယ်။ နောက်ပြီးအဲဒီကလေးတွေနဲ့ ထိတွေ့ ခဲ့တဲ့ မိဘတွေ၊ မိသားစုတွေပါတယ်။ အားလုံးက စစ်တွေက ပြန်လာသူတွေဖြစ်တယ်။” လို့ ပြောပါတယ်။

ပေါက်တောမြို့နယ်က ဆရာဝန် ဒေါက်တာ ကိုကိုအောင်ကတော့ “စစ်တွေက ပြန်လာသူနဲ့ လေယာဉ်နဲ့ လာတဲ့ Contact တွေအားလုံး ၅၀ ကျော်ရဲ့ နှာခေါင်းနဲ့အာခေါင်တို့ဖတ်တွေကို စစ်တဲ့အထဲမှာ မနေ့က ၁၂ ဦး ပိုးတွေ့တာ ဖြစ်တယ်။ ဒီအထဲမှာ လူလတ်ပိုင်းကလေးတွေလည်း ပါတယ်။ အကုန်လုံးကတော့စစ်တွေပြန်တွေပါ။ ကျောင်းသူ/ကျောင်းသားတွေလည်း ပါပါတယ်။ နောက်သူတို့ကို သွားခေါ်တဲ့မိဘတွေပါ ပါနေတယ်။ အသက် ၇ နှစ်အရွယ်ကလေးကတော့ ကျောင်းမတတ်သေးတဲ့အရွယ်ဆိုတော့ အလည်အပတ်သွားတာ ဖြစ်နိုင်ပါတယ်။ စစ်တွေနဲ့ ပေါက်တောက အချိန်မရွေး သွားလာနိုင်တယ်လေ” လို့ ပြောဆိုပါတယ်။

လတ်တလော ပေါက်တောမြို့မှာတွေ့ရှိတဲ့ လူနာသစ် ၁၂ ဦးနဲ့ ထိတွေခဲ့သူပေါင်း အယောက် ၁၀၀ ကျော်ရှိနိုင်တယ်လို့လည်း မြို့နယ်ဆရာဝန် ဒေါက်တာကိုကိုအောင်က ပြောပါတယ်။

အခုအခါ အဆိုပါပိုးတွေ့လူနာတွေရဲ့ နေအိမ်တွေကို လော့ဒေါင်းလုပ်ထားပြီး ပေါက်တောစျေးကိုတော့ နေ့တဝက်သာ ဖွင့်ခိုင်းထားပြီး လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်တွေကို ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ ညွှန်ကြားထားပါတယ်။

သတင်း – လင်းလက်

Credit DVB