ပရိသတ်ကြီးရေ .. Idol couple အဖြစ်ပရိသတ်တွေ အားကျချစ်ခင်ခဲ့ရတဲ့ G-fatt နဲ့နန်းဆုတို့ရဲ့ အချစ်ရေးဟာ မကြာသေးမီကာလတွေက အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ် ။ ပရိသတ်တွေအားလုံးက သဘောတူပြီး ပြန်တွဲစေချင်နေကြပေမယ့်လည်း သူတို့နှစ်ဦးကတော့ နှစ်ယောက်ထဲသိတဲ့အဆင်မပြေမှုတွေအတွက် ရှေ့ဆက်ဖို့မဖြစ်နိုင်တော့လို့ အေးချမ်းစွာ လမ်းခွဲခဲ့တာပါလို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ကြပါတယ် ။ ဒါပေမယ့်လည်း ခုချိန်ထိ သူတို့နှစ်ယောက်ကို စုံတွဲတွေအဖြစ် ပြန်မြင်ချင်နေသေးတဲ့ ပရိသတ်တွေ အများအပြားပါပဲ ။
လတ်တလောမှာတော့ အရမ်းကိုချစ်ခဲ့ကြပြီး လူတိုင်းအားကျရတဲ့ စုံတွဲလေးဖြစ်ခဲ့တဲ့ Gfatt နဲ့ နန်းဆုတို့နှစ်ယောက် ကတော့ ပဋိပက္ခလေးတွေ အနည်းငယ်ဖြစ်ပွားခဲ့ပါတယ် ။ နန်းဆုတစ်ယောက် မကြာသေးမီက သူမရရှိခဲ့တဲ့ ရည်းစားစာလေးတွေကို အမှတ်တရအဖြစ်သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ် ။ ဒီရည်းစားစာ ကိစ္စနဲ့ပတ်သက်ပြီး G-fatt က နန်းဆုကိုပြောတယ်လို့ထင်ရလောက်တဲ့ စာအချို့ကို သူ့ရဲ့ မိုင်ဒေးမှာရေးသားခဲ့ပြီး နန်းဆုကလည်း ပြန်လည်တုံ့ပြန်ရေးသားခဲ့ပါတယ် ။ မိုင်ဒေးမှာ အချင်းချင်း အပြန်အလှန်တင်ရင်းကနေ ပရိသတ်တွေသိရှိသွားပြီး သူတို့နှစ်ဦးရဲ့ ပဋိပက္ခကို ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်နေခဲ့ကြပါတယ် ။
တချို့ပရိသတ်တွေကတော့ အရမ်းကိုအားကျစရာကောင်းခဲ့တဲ့ စုံတွဲလေး အခုလို ပြဿနာတွေ ဖြစ်နေရတာကို စိတ်မကောင်းဖြစ်နေကြပြီး တချို့ပရိသတ်တွေကတော့ G-fatt ဘက်က မခံနိုင်လို့ ပြန်လည်တုံ့ပြန်စာတွေရေးသားခဲ့ကြပေမယ့် G-fatt ကတော့ သူ့ရဲ့ ပရိသတ်တွေကို ဘာစာမှ ထပ်မံမရေးသားဖို့ ပြန်လည်တောင်းဆိုခဲ့ပြီးအခုထွက်မယ့် သီချင်းသစ်လေးအတွက်ပဲ အာရုံစိုက်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ် ။
Source : Nansu Yati Soe
Credit Emily (Cele Gabar )
Zawgyi
ႏွစ္ဖက္ပရိတ္သတ္ေတြ စိတ္ဝင္စားလာတဲ့ G-Fatt နဲ႔ နန္းဆု တို႔ရဲ႕ ပဋိပကၡ
Cele Gabar ပရိသတ္ႀကီးေရ .. Idol couple အျဖစ္ပရိသတ္ေတြ အားက်ခ်စ္ခင္ခဲ့ရတဲ့ G-fatt နဲ႔နန္းဆုတို႔ရဲ႕ အခ်စ္ေရးဟာ မၾကာေသးမီကာလေတြက အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္ ။ ပရိသတ္ေတြအားလုံးက သေဘာတူၿပီး ျပန္တြဲေစခ်င္ေနၾကေပမယ့္လည္း သူတို႔ႏွစ္ဦးကေတာ့ ႏွစ္ေယာက္ထဲသိတဲ့အဆင္မေျပမႈေတြအတြက္ ေ႐ွ႕ဆက္ဖို႔မျဖစ္ႏိုင္ေတာ့လို႔ ေအးခ်မ္းစြာ လမ္းခြဲခဲ့တာပါလို႔ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ၾကပါတယ္ ။ ဒါေပမယ့္လည္း ခုခ်ိန္ထိ သူတို႔ႏွစ္ေယာက္ကို စုံတြဲေတြအျဖစ္ ျပန္ျမင္ခ်င္ေနေသးတဲ့ ပရိသတ္ေတြ အမ်ားအျပားပါပဲ ။
လတ္တေလာမွာေတာ့ အရမ္းကိုခ်စ္ခဲ့ၾကၿပီး လူတိုင္းအားက်ရတဲ့ စုံတြဲေလးျဖစ္ခဲ့တဲ့ Gfatt နဲ႔ နန္းဆုတို႔ႏွစ္ေယာက္ ကေတာ့ ပဋိပကၡေလးေတြ အနည္းငယ္ျဖစ္ပြားခဲ့ပါတယ္ ။ နန္းဆုတစ္ေယာက္ မၾကာေသးမီက သူမရ႐ွိခဲ့တဲ့ ရည္းစားစာေလးေတြကို အမွတ္တရအျဖစ္သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ ပရိသတ္ေတြကို မွ်ေဝေပးခဲ့ပါတယ္ ။ ဒီရည္းစားစာ ကိစၥနဲ႔ပတ္သက္ၿပီး G-fatt က နန္းဆုကိုေျပာတယ္လို႔ထင္ရေလာက္တဲ့ စာအခ်ိဳ႕ကို သူ႕ရဲ႕ မိုင္ေဒးမွာေရးသားခဲ့ၿပီး နန္းဆုကလည္း ျပန္လည္တုံ႔ျပန္ေရးသားခဲ့ပါတယ္ ။ မိုင္ေဒးမွာ အခ်င္းခ်င္း အျပန္အလွန္တင္ရင္းကေန ပရိသတ္ေတြသိ႐ွိသြားၿပီး သူတို႔ႏွစ္ဦးရဲ႕ ပဋိပကၡကို ပရိသတ္ေတြ စိတ္ဝင္တစားေစာင့္ၾကည့္ေနခဲ့ၾကပါတယ္ ။
တခ်ိဳ႕ပရိသတ္ေတြကေတာ့ အရမ္းကိုအားက်စရာေကာင္းခဲ့တဲ့ စုံတြဲေလး အခုလို ျပႆနာေတြ ျဖစ္ေနရတာကို စိတ္မေကာင္းျဖစ္ေနၾကၿပီး တခ်ိဳ႕ပရိသတ္ေတြကေတာ့ G-fatt ဘက္က မခံႏိုင္လို႔ ျပန္လည္တုံ႔ျပန္စာေတြေရးသားခဲ့ၾကေပမယ့္ G-fatt ကေတာ့ သူ႕ရဲ႕ ပရိသတ္ေတြကို ဘာစာမွ ထပ္မံမေရးသားဖို႔ ျပန္လည္ေတာင္းဆိုခဲ့ၿပီးအခုထြက္မယ့္ သီခ်င္းသစ္ေလးအတြက္ပဲ အာ႐ုံစိုက္ေပးဖို႔ ေမတၱာရပ္ခံခဲ့ပါတယ္ ။
Source : Nansu Yati Soe
Credit Emily (Cele Gabar )