အဆိုတော် ပိုပိုကတော့ ဆန်းသစ်တဲ့အနုပညာဖန်တီးမှုတွေကြောင့် ပရိသတ်တွေရဲ့အချစ်တွေကိုရရှိထားရုံသာမက စိတ်ကောင်းစေတနာကောင်းရှိတာကြောင့်လည်း လေးစားစရာကောင်းတဲ့သူတစ်ယောက်ပါ။ပိုပိုကတော့ အလှူရေစက်လက်နဲ့အကွာဆိုသလို သူတတ်နိုင်သလောက် မကြာခဏလှူဒါန်းမှုတွေပြုလုပ်လေ့ရှိသူတစ်ဦးလဲဖြစ်ပါတယ်။
ပိုပိုကတော့ လတ်တလောမှာဖြစ်ပွားနေတဲ့ ကိုရိုနာရောဂါကြောင့် လိုအပ်နေတဲ့သူတွေကို သူမရဲ့ ချွေးနှဲစာထဲကနေ တက်နိုင်သလောက်လေးတွေ လှူဒါန်းခဲ့ပါသေးတယ်။ဒီနေ့မှာတော့ ပိုပိုက ”ယနေ့မှာ ဘုရား အမှူး ရှိသော သံဃာ တော်တို့အား အဘွားဒေါ်အုန်းကြည် နဲ့ ဖေဖေ ဦးအောင်ကျော်ဝင်း တို့ရဲ့ ကျေးဇူး တရားကို ပြန်လည် အောက်မေ့ပြီး တစ်နေ့တာ ဆွမ်းအလှူ ၇ သိန်းခွဲ လှူဒါန်းပါတယ်ရှင်။
ယခုလို လှူဒါန်းရတဲ့အကျိုးကြောင့် ကမ္ဘာ့ပေါ်မှာ ဖြစ်ပျက်နေသော ကပ်ရောဂါ ဆိုးတွေ အမြန်ပျောက်ကင်းပါစေ ။ပိုလဲ နိဗ္ဗာန် မဂ်ဖိုလ် ကို အမြန်ဆုံး ရောက်ရပါလို၏။ကျွန်မလဲ စိတ်ချမ်းသာသလို လူတိုင်း လူတိုင်း စိတ်ချမ်းသာကြပါစေ။Happy New Year ကတည်းက လှူဖို့ စာရင်းပေးထားတာ ပို့ မွေးနေ့ မှာ လှူမဲ့သူရှိနေလို့ ဒီရက်လှူလိုက်တာ”ဆိုပြီး ပရိသတ်တေါအတွက် မျှဝေထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးကလည်း ပိုပိုရဲ့ မွန်မြတ်တဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ပါအုံးနော်။
Source-Po Po
Zawgyi
အဘိုးအဖွားနဲ့ ဖခင်ဖြစ်သူကိုရည်စူးပြီး မဟာဝိဟာရကျောင်းတိုက်မှာ တစ်နေ့တာဆွမ်းအလှူ (၇)သိန်းခွဲ လှူဒါန်းခဲ့တဲ့ ပိုပို
Source-Po Po