သူမပုံနဲ့ ပိုက်ဆံလိုက်ချေး နေတဲ့အတွက် ပရိသတ်နဲ့ မိတ်ဆွေတွေကို သတိပေး စကားပြောခဲ့တဲ့ သရုပ်ဆောင် နှိုင်းရှင်မြင့်မိုရ်
သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကတော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာ ဇာတ်ပို့၊ဇာတ်ရံတစ်ယောက်အဖြစ် ပါဝင်သရုပ် ဆောင်ရင်း တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။အနုပညာနယ်ပယ်မှာကျင်လည်နေတာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပြီးကျရာဇာတ်ကောင်တွေကို ကျွမ်း ကျင် ပိုင်နိူင်လွန်းတဲ့သူတစ်ယောက်ပါ။
လက်ရှိအနုပညာအလုပ်တွေကို ရပ်နားထားတဲ့နှိုင်းယှဉ်မြင့်မိုရ်ဟာ လုပ်ငန်းရှင်တွေရဲ့ကုန်ပစ္စည်းတွေကို အွန်လိုင်းကနေ Live Sale ရောင်းချပေးနေလျက်ရှိတာပါတယ်။ အပြောကောင်းသလို ဈေးလည်းရောင်းတတ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ဟာ Live Sale ရောင်းချတဲ့နေရာမှာလည်း နာမည်ကြီးပြီး လုပ်ငန်းရှင်တွေအပြိုင်အဆိုင်ငှားရမ်းရသူတစ်ယောက်ဆိုလည်းမမှားပါဘူး။
ဒီနေ့မှာလည်း သရုပ်ဆောင် နှိုင်းရှင်မြင့်မိုရ် ကတော့ သူမနာမည်ကိုသုံးပြီး VIBER ပေါ်မှာလိုက်လိမ်နေတယ်ဆိုတဲ့အ ကြောင်းကိုအခုလိုပဲပရိသတ်တွေနဲ့ မိတ်ဆွေတွေကို အသိပေးခဲ့ပါတယ်။ ”
နှိုင်းရှင် Viber သုံးလေ့သုံးထ သိပ်မရှိဘူးနော် နှိုင်းရှင် ပုံနဲ့ Viber ထဲ ပိုက်ဆံတွေ လိုက်ချေးနေတယ်တဲ့ နှိုင်းရှင် ပိုက်ဆံချေးရအောင်လည်းငွေမလိုဘူး အားလုံးကိုသတိပေးတာပါ
နှိုင်းရှင် မည်သူ့ဆီကမှ ခုချိန် ပိုက်ဆံမချေးပါဘူးရှင် ဘယ်သူနဲ့မှလည်း Viber နဲ့စကားပြောခြင်းမရှိပါဘူးအားလုံး သတိထားပေးကြပါနော် ဒီဖုန်းနံပါတ်က နှိုင်းရှင်နံပါတ်မဟုတ်ဘူး ” လို့ နှိုင်းရှင် ဟာ သတိပေးရေးသားထားတာကို တွေ့ရပါတယ်။
နှိုင်းယှဉ်လိုဘဲ ပရိသတ်ကြီးလည်း သတိထားမိစေဖို့ ပြန်လည်မျှဝေ ပေး လိုက်ပါတယ်။ဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးလည်း ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
Source – Nhyingshin’fb
Thwin – Shwengwegames
Source – Nhyingshin’fb
Thwin – Shwengwegames
(၁) နှစ်နဲ့ (၄)လ အရွယ်ရှိဘဲ ရှိသေးပေမဲ့ လူကြီးတွေထက် အိုက်တင် ကောင်းနေတဲ့ သမီးလေးရဲ့ချစ်စရာ ပုံလေးတွေကို မျှဝေပေးလာတဲ့ ဆန်းသစ်လ
ပရိသတ်ကြီးရေ ဆန်းသစ်လကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့တဲ့ ပရိသတ်အ ချစ်တော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးဘဝလေးကိုတည်ဆောက်ပြီး ချစ်စရာကောင်းလှတဲ့ သမီးချောလေး တစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။
ဆန်းသစ်လရဲ့ သမီးလေးကတော့ အသက် (၁)နှစ်နဲ့ (၄)လအရွယ်ရှိနေပြီဖြစ်ပြီး အရွယ်နဲ့ မလိုက်အောင် ချစ်ဖို့ကောင်းလှတာကြောင့် ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်နေခဲ့ပါသေးတယ်။ဆန်းသစ်လကတော့ လတ်တလောမှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သမီးလေးရဲ့ ချစ်စရာကောင်းလှတဲ့ ပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။
ပုံလေးတွေနဲ့အတူလည်း “အယ်မရေ အိုက်တင်လေးတွေနဲနဲလျှော့ပါဦးလို့။ ကျယ်မလိုက်မမှီတော့ဝူးအယ်မရေ။Appleလေး ၁နှစ်၄လပြည့်ပြီ” ဆိုပြီး အရွန်းဖောက်စနောက်ထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးတွေအတွက် ဆန်းသစ်လရဲ့ သမီးလေး Apple ရဲ့ ချစ်စရာကောင်းလှတဲ့ ပုံလေးတွေကို မျှဝေဖော်ပြပေး လိုက်ပါတယ်နော်။
Source – San Thit La
Credit – CeleZone
Source – San Thit La
Credit – CeleZone
သူမရဲ့မွေးနေ့နဲ့ သားငယ်လေးရဲ့ နာမည်ပေး ကင်ပွန်းတက်ပွဲကို စွန်းလွန်းဂူ ဝိပဿနာ‌ ကျောင်းတိုက်မှာ ရိုးရိုးရှင်းရှင်း ပြုလုပ်ခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်
နှိုင်းယှဉ်မြင့်မိုရ်ကတော့ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ရင်း အောင် မြင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
သရုပ်ဆောင်ကောင်းပြီးကျရာဇာတ်ရုပ်ကိုအပီပြင်ဆုံးသရုပ် ဆောင်နိုင်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ဟာ အကယ်ဒမီဆုကြီးနဲ့ အခုအချိန်ထိ လွဲချော်နေဆဲဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်ကတော့ လတ်တလောမှာ အနုပညာအလုပ်တွေကို ရပ်နားထားပြီး အွန်လိုင်း Live Sale ရောင်းချပေးနေတာပဲဖြစ်ပါတယ်။
မနေ့က ဇန်နဝါရီလ (၂၄) ရက်နေ့ကတော့ နှိုင်းယှဉ်မြင့်မိုရ်ရဲ့ မွေးနေ့လေးဖြစ်ပြီး နှိုင်းယှဉ်မြင့်မိုရ်က သူမရဲ့မွေးနေ့နဲ့ သားငယ်လေးရဲ့ နာမည်ပေးကင်ပွန်းတပ်ပွဲကို တပေါင်းတည်းပေါင်းလုပ်ခဲ့ကြောင်းကို “ဒီနေ့ 38 နှစ်ပြည့်မွေးနေ့ နဲ့ သားငယ်လေး( Sam သူဟန်)အမည်ပေးကင် ပွန်းတပ်အတွက် ရိုးရှင်းစွာ စွန်းလွန်းဂူ ဝိပဿနာ ကျောင်းတိုက်မှ ကျောင်းရှိသံဃာတော်များအား ဆွမ်းကပ်လှုဒါန်း မှု့ပြု ” ဆိုပြီး သူမတို့ကုသိုလ်ကို ပြောပြလာပါတယ်။
နှိုင်းယှဉ်မြင့်မိုရ်ကတော့ သူမတို့မိသားစုအလှူလေးကို ပကာသနတွေမပါပဲ ဘုန်း ကြီးကျောင်းဆွမ်းကပ်ရင်း ရိုးရိုးရှင်းရှင်းပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်း နှိုင်းယှဉ်မြင့်မိုရ်တို့ရဲ့ကုသိုလ်လေးကိုဝမ်းမြောက်စွာသာဓုခေါ်ဆိုပေးကြပါဦးနော်။
Source: Nhying Shin’s fb
Credit MCT
Source: Nhying Shin’s fb
Credit MCT
အမိုက်စားဖတ်ရှင်‌နဲ့ အထာကျကျပို့စ်တွေပေးပြီး အပြတ်လန်းနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်များ
အမိုက်စားကောက်ကြောင်း အလှပိုင်ရှင် သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ကျစ်လစ်သွယ်လျလှပတဲ့ ဘော်ဒီလေးကြောင့် ပုရိသတွေရဲ့ အလေးပေး ဝန်းရံခြင်းတွေကို သိမ်းပိုက် ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။  
သရုပ်ဆောင်ကောင်းပြီး ဇာတ်ကားတွေလည်းများစွာရိုက်ကူးထားတဲ့ သင်ဇာလေးကတော့ အားပေးချစ်ခင်ကြတဲ့ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေသူလေးလည်း ဖြစ်ကာ အချိုးအစားကျလွန်းတဲ့ခန္ဓာကိုယ်အလှနဲ့ အမိုက်စားဖက်ရှင်တွေကြောင့်လည်း ပရိသတ်တွေကြား ရေပန်းစားနေတာပါ။
သူမရဲ့ ဖက်ရှင်ပုံရိပ်တွေကိုလည်း မရိုးနိုင်လောက်အောင် ချပြလေ့ရှိတာကိုလည်းတွေ့ရပါတယ် ။ အခုလည်း ခေတ်ဆန်ဆန်ဖက်ရှင်လေးနဲ့ အထာကျလွန်းတဲ့ ပို့စ်တွေ မျိုးစုံပေးကာ အပြတ်လန်းနေတဲ့ ပုံတွေကို ဝေမျှလာပါတယ် ။ ပုံတိုင်းက မိမိုက်လွန်းလို့ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
Credit– Yaungchi
Photo – Thinzar Wint Kyaw
-Zawgyi Font ဖြင့်ဖတ်ရန် –
Credit– Yaungchi
ဇာတ်လမ်းထဲမှာ အတွဲလုံးဝမမိဘူးလို့ ပရိသတ်တွေရဲ့ ဝေဖန်မှုကိုခံကြရတဲ့ ကမ္ဘာကျော် သရုပ်ဆောင်များ
တစ်ခါတစ်လေမှာ ဇာတ်လမ်းကလည်းမိုက်၊ လှည့်ကွက်ကလည်းကောင်း၊ သရုပ်ဆောင်တွေကလည်း သရုပ်ဆောင်ပြောက်မြောက်နေပါလျက် အဓိကဇာတ်ဆောင်နှစ်ဦးက Chemistry မမိတာမျိုး ဖြစ်နေတတ်ပါတယ်။ဒါပေမယ့် အပြင်မှာဒီလိုမတည့်တာမျိုးကြောင့်မဟုတ်ပဲ သရုပ်ဆောင်ပိုင်းမှာသာ ဒီလိုပုံပေါ်နေခြင်းဖြစ်ပါတယ်။ဒီကနေ့မှာတော့ ဒီလိုအတွဲမညီဘူးလို့ ပရိသတ်တွေသမုတ်ခံရတဲ့ ဇာတ်ဆောင်အတွဲတွေကို ဖော်ပြပေးလိုက်ပါတယ်။
1. Ashley Greene and Jackson Rathbone
သူတို့နှစ်ဦးကိုတော့ Twilight Saga မှာ မြင်တွေခဲ့ရတာပါ။ Ashley Greene က Alice Cullen အဖြစ်သရုပ်ဆောင်ထားပြီး Jackson Rathbone ကတော့ Jasper Hale အဖြစ်သရုပ်ဆောင်ထားတာပါ။ သူတို့ဟာ တစ်ဦးချင်းဇာတ်ဝင်ခန်းတွေမှာ ကောင်းမွန်စွာသရုပ်ဆောင်နိုင်ပေမယ့် စုံတွဲအဖြစ်တော့ အတွဲလုံးဝမညီတာကို မြင်တွေ့ခဲ့ရပါတယ်။ သူတို့ဟာ ဇာတ်ကြောင်းအရစုံတွဲဖြစ်ကြောင်း မြင်သာစေဖို့ အရာတစ်ခုမှမရှိခဲ့ပါဘူး။
2. Katie Holmes and Christian Bale
“Batman Begins” မှာ မြင်တွေ့ခဲ့ရတဲ့စုံတွဲဖြစ်ပါတယ်။ ဇာတ်ကားတလျှောက်မှာ Katie (Rachel Dawes) အနေနဲ့ လုပ်ခဲ့တာဆိုလို့ Christian (Bruce/Batman) ကို လူသားကောင်းဖြစ်ကြောင်း ပြောခဲ့တာပါပဲ။ ဒါကိုလည်း မင်းသားကဘာပြန်လုပ်သလဲဆိုရင်တော့ မင်းသမီးကို အသက်မဲ့အကြည့်နဲ့ စိုက်ကြည့်နေပါတော့တယ်။ သူတို့အကြားက ချစ်ခြင်းနဲ့အတွဲညီမှုကိုလည်း လုံးဝမတွေ့ခဲ့ရပါဘူး။
3. James Franco and Freida Pinto
“Rise of the Planet of the Apes” မှာ စုံတွဲအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူတွေပါ။ သရုပ်ဆောင်နှစ်ဦးလုံးက ကောင်းမွန်ကြပေမယ့် စုံတွဲအဖြစ်တော့ “ချစ်သူတွေပါ” လို့ပြောစရာ အတွဲညီမှုကို မပြသနိုင်ခဲ့ပါဘူး။ သူတို့ကို ဒီဇာတ်ကားမှာပါစေချင်လို့ကို ဒီဇာတ်ကောင်မျိုးပေးလိုက်ရတဲ့ပုံနဲ့ တူနေပါတော့တယ်။
4. Natalie Portman and Hayden Christensen
သူတို့နှစ်ဦးကို စုံတွဲအဖြစ် “Star Wars: Episodes II-III” တို့မှာ မြင်တွေ့ခဲ့ရပါတယ်။ သူတို့ဟာတွဲကြည့်ရအဆိုးဆုံးပဲလို့ Star Wars ပရိသတ်တွေကိုယ်တိုင်က သဘောတူကြပါလိမ့်မယ်။ စုံတွဲလို့ပြောစရာ ကိုက်ညီမှုမျိုးမရှိကြပါဘူး။ ရုပ်ရှင်ရိုက်ကူးသူတွေကလည်း ဒါကိုပရိသတ်တွေက သတိမထားမိလောက်ဘူးများ ထင်နေကြတာလားပဲ။
5. Catherine Zeta-Jones and Brad Pitt
Catherine နဲ့ Brad လို့ ခံစားမှုပါပါသရုပ်ဆောင်တွေတောင် ဒီစာရင်းမှာပါလာရပါတယ်။ “Ocean’s Twelve” ဇာတ်ကားမှာ သူတို့နှစ်ဦးတွဲဖက်သရုပ်ဆောင်မှုဟာ ပရိသတ်တွေကို စုံတွဲဖြစ်ကြောင်း အယုံမသွင်းနိုင်ခဲ့ပါဘူး။ နောက်ခံတီးလုံးကောင်းကောင်းလေးနဲ့ ဥရောပစတိုင်ရိုက်ကွင်းမျိုးမှာတောင် သူတို့ရဲ့အတွဲမညီမှုဟာ ပျင်းစရာကောင်းနေခဲ့ပါတယ်။
6. Jennifer Lopez And Ben Affleck
သရုပ်ဆောင်နှစ်ဦးကို “Gigli” ဆိုတဲ့ဇာတ်ကားမှာ စုံတွဲအဖြစ်တွေ့မြင်ခဲ့ရခြင်းပါ။ ဒီဇာတ်ကားဟာပဲ သူတို့နှစ်ဦး စတင်သိကျွမ်းခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ဟာ အပြင်မှာလည်းစုံတွဲဖြစ်ခဲ့ပြီး စေ့စပ်ကြောင်းလမ်းခဲ့သူတွေပါ။ ဒါပေမယ့် ဇာတ်လမ်းထဲမှာတော့ သူတို့တွေဟာ အတွဲညီမှုကို မပြသနိုင်ခဲ့ကြပါဘူး။
7. Angelina Jolie and Johnny Depp
ဒီစာရင်းမှာ ဒီလိုသရုပ်ဆောင်ကြီးနှစ်ဦးပါလာတာ အံ့ဩစရာဖြစ်နေပါလိမ့်မယ်။ သူတို့နှစ်ဦးဟာ Hollywood မှာတော့ ဆွဲဆောင်မှုအရှိဆုံး သရုပ်ဆောင်တွေပဲလေ။ ဒါပေမယ့် သူတို့နှစ်ဦးကို အတွဲအဖြစ် “The Tourist” မှာမြင်တွေ့ခဲ့ရစဉ်မှာတော့ “ချစ်ရသူတွေ” နဲ့တူတဲ့ သရုပ်ဆောင်ညီညွတ်မှုမျိုးကို မမြင်ခဲ့ရပါဘူး။ သူတို့ဟာ ဒီဇာတ်ကားအတွက် သရုပ်ဆောင်နေစဥ် လက်တွေ့ဘဝမှာ ဆက်ဆံရေးအခက်အခဲတွေ ရှိခဲ့ကြတယ်လို့လည်း သိရပါသေးတယ်။
M2T shwengwegames
Zawgyi
M2T shwengwegames
သမာအာဇီဝကျကျဖြင့် မုန့်ဖက်ထုပ်ရောင်းပြီး မိဘအပေါ်မှာ လုပ်ကိုင်ကျွေးမွေးနေတဲ့ ကလေးတစ်ယောက်အား ဂုဏ်ပြုပြီး အလှူငွေပေးခဲ့တဲ့ မိုးစက်
လူရွှင်တော်မိုးစက်ကတော့လတ်တလော နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ရောဂါကူးစက်မှုဖြစ်ပေါ်နေတဲ့ အချိန်ကာလတွေမှာအကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက်အခက်အခဲဖြစ်နေတဲ့ မိသားစုတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေလုပ်ပေးပြီး မွန်မြတ်တဲ့ ပရဟိတအလုပ်တွေကို လုပ်ကိုင်ပေးနေတာဖြစ်ပါတယ်။
သူ့ရဲ့အလှူလေးတွေမှာ အနယ်နယ်အရပ်ရပ်ကနေ စေတနာရှင်များရဲ့ လှူဒါန်းမှုတွေနဲ့ အတူလှူဒါန်းထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။အနုပညာရှင်တွေသာမကအဆင်မပြေတဲ့အိမ်ထောင်စုတွေကိုတွေ့ရင်လည်းအမြဲတမ်းတတ်စွမ်းသလောက်ကူညီခဲ့တဲ့စေတနာကောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။
မိုးစက်က ကိုယ်တိုင်လည်း ရရှိတဲ့ အနုပညာကြေးလေးတွေစုပေါင်းပြီးလှူဒါန်းသလိုအများစုပေါင်းအလှူတွေမှာလည်း လုပ်အားဒါနတွေကူညီလေ့ရှိပါတယ်။ဒါ့ကြောင့်လည်းပရိသတ်တွေအားလုံးက မိုးစက်ကို လေးစားချစ်ခင်နေကြတာပါ။ဒါတင်မကဘဲ သူရဲ့အလှူလေးတွေကိုလည်း အားလုံးမြင်တွေ့ပြီးပီတိဖြစ်ရအောင်လည်းရေးသားဖော်ပြလေ့ရှိပါတယ်။ဒီနေ့မှာတော့ မုန့်ဖက်ထုပ်ရောင်းပြီး သမာအာဇီဝကျကျ ဖြင့် မိဘကိုလုပ်ကျွေးနေတဲ့ ကလေးတစ်ယောက်အား ဂုဏ်ပြုခဲ့ကြောင်းကို
“မေမေ့မှာ အိမ်ငှါးခနဲ့ အကြွေးတွေအများကြီးရှိတယ် သားကူဆပ်ပေးချင်လို့ပါ ”ဒီကလေးလေး စျေးရောင်းနေတာမြင်တော့ကျွန်တော့်ရဲ့ငယ်ဘဝကို ကွင်းကွင်းကွက်ကွက်မြင်လိုက်ရသလိုပါဘဲ။ကျွန်တော်ငယ်ငယ်က မိဘတွေအဆင်မပြေတော့အသက်(၇)နှစ်အရွယ်ကတည်းကအလုပ်မျိုးစုံလုပ်ပြီး ဖေဖေနဲ့မေမေ ရဲ့အခက်အခဲတွေ နိုင်သလောက်ဖြေရှင်းဖူးတာပေါ့ဗျာ။
ထားလိုက်ပါတော့“သားသား စျေးရောင်းတာဘယ်လောက်ကြာပြီလဲ”“သား (၇) အရွယ်ကတည်းက ရောင်းတာပါအခု အသက် (၁၁) နှစ်ရှိပြီ”“လိမ္မာလိုက်တာ သားသားရယ်ဖေဖေနဲ့မေမေကရော ဘာတွေလုပ်လဲ.”“မေမေကတော့ ဗိုက်ခွဲထားရတာတော့ဘာမှမလုပ်နိုင်တော့ဘူး ၊ဖေဖေကတော့ ပန်းရံလိုက်လုပ်တယ် ”
“အေးပါ သားသား အဲ့ဒါဆိုရင် ဦး မုန့်ဖတ်ထုပ်အားပေးမယ်နော်…တစ်ထုပ်ဘယ်လောက်လဲ.သားသား”“တစ်ထုပ်ကို ၂၀၀ ပါ ဦး”“အဲ့ဒါဆို ဦး ၁၀ ထုပ်ယူမယ်နော်ရော့ ဒါ မုန့်ဖတ်ထုပ် ၁၀ထုပ်ဖိုး ”“ဟာ .ဦး အဲ့ဒါ ၁သိန်းမလား”“ဟုတ်တယ်လေ သားသား သားသားရဲ့ မိဘအပေါ်မှာ သမာအာဇီဝကျကျ လုပ်ကိုင်ကျွေးမွေးမှုကို ဦး က ဂုဏ်ပြုတာပါ…”
“ကျေးဇူးပါ ဦးရယ် ဒါဆို မေမေ့ကို အကြွေးဆပ်ပေးလို့ရပြီ..ညီမလေးကိုလဲ နောက်လမွေးနေ့လုပ်ပေးချင်တာမွေးနေ့လုပ်ရင် ဦးလဲ လာခဲ့ဦးနော်”ဪ…ကလေးရယ် .ကိုယ့်အတွက်တောင် မကြည့်ဘဲမိဘနဲ့ ညီမလေးအပေါ်မှာ ထားတဲ့ မေတ္တာတရားက ကြီးမားလိုက်တာ။ကျွန်တော်က သက်ကြီးဖိုးဖွားတွေအဓိက ကူညီစောင့်ရှောက်ပေးဖြစ်ပေမယ့်
အခုလို မိဘအပေါ်မှာ သိတတ်တဲ့ကလေးငယ်ကို မြင်တွေ့တဲ့အခါမှာလဲနှလုံးသားက မနေနိုင်ခဲ့ပါဘူး။သားသားဖိုးလပြည့်ရဲ့ မုန့်ဖက်ထုပ်လေးတွေကိုအားပေးချင်ရင်မြောက်ဒဂုံမြို့နယ် ၊ ၃၃ရက်ကွက်အနီးမှာညနေ ဘက်ဆိုရင် ရောင်းချလျက်ရှိပါတယ်။
အခုလို နွမ်းပါးသော သမာအာဇီဝကျကျ စျေးရောင်းချသူများအားကျွန်တော်လှူဒါန်းချင်တိုင်း လှူဒါန်းခွင့်ရအောင်ကျွန်တော်နဲ့အတူ ပါဝင်လှူဒါန်းပေးကြတဲ့တစ်ဦးတစ်ယောက်စီတိုင်းကိုကျေးဇူးတင်လျက်ပါခင်ဗျာ။ 🙏🙏🙏ဆိုပြီးရေးသားထားပါတယ်။
ရောက်လေရာအရပ်တိုင်းမှာ အခက်ခဲဖြစ်သူတွေကို စေတနာအပြည့်နဲ့ အမြဲကူညီပေးနေတဲ့ မိုစက်ရဲ့ လှုဒါန်းမှုလေးကိုလည်းမှတ်ချက်ပေးခဲ့ပေးပါဦးနော်။
Source MoeSat
Zawgygi
ထားလိုက်ပါတော့“သားသား ဈေးရောင်းတာဘယ်လောက်ကြာပြီလဲ”“သား (၇) အရွယ်ကတည်းက ရောင်းတာပါအခု အသက် (၁၁) နှစ်ရှိပြီ”“လိမ္မာလိုက်တာ သားသားရယ်ဖေဖေနဲ့မေမေကရော ဘာတွေလုပ်လဲ.”“မေမေကတော့ ဗိုက်ခွဲထားရတာတော့ဘာမှမလုပ်နိုင်တော့ဘူး ၊ဖေဖေကတော့ ပန်းရံလိုက်လုပ်တယ် ”
Source MoeSat
ခြေတုများတပ်ပေးခြင်း၊ ကိုယ်ဝန်ဆောင်များ စောင့်ရှောက်ခြင်းနှင့် အခြားပရဟိတ လုပ်ငန်းများ အတွက် သတင်းကောင်းလေးကိုမျှဝေလာတဲ့ ခိုင်နှင်းဝေ
ခိုင်နှင်းဝေကတော့ခက်ခဲနေတဲ့ပြည်သူတွေကို နေ့တိုင်း ပံ့ပိုးကူညီပေးနေပြီး စားသောက်ကုန်တွေကိုလည်း ရက်ရက်ရောရောလှူဒါန်းပေးနေတာဖြစ်ပါတယ်။
ဒါ့အပြင် သူမရဲ့ သားသမီးလေးတွေကိုလည်းအလုပ်တွေ မအားလပ်တဲ့ ကြားကနေမှ အချိန်ပေးကာမိခင်ရင်းသဖွယ် ကြင်နာစောင့်ရှောက်မှုတွေကို လုပ်ပေးတတ်ပါသေးတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကလေးများအတွက်ဂေဟာသစ်ကြီးကိုလည်းဉီးစီးဦးဆောင်လုပ်ကာဖွင်လစ်ခဲ့ပါသေးတယ်။
ဒါ့အပြင် ဆေးကုသဖို့ အခက်အခဲ ဖြစ်နေတဲ့ သူတွေအတွက် လိုအပ်တဲ့ ငွေကြေးထောက်ပံ့လှူဒါန်းပေးတာတွေလည်း တွေ့မြင်ရပါတယ်။ကောင်းမှု တစ်ခုနေ့စဉ် ပြုလုပ်လျက်ရှိတဲ့ ခိုင်နှင်းဝေက သူမရဲ့လှူဒါန်းမှုလေးတွေကိုလည်းအမြဲမျှဝေပေးလျက်ရှိနေသူပါ။ဒီနေ့မှာတော့
“တောင်ဒဂုံ (၁၀၅) ရပ်ကွက်မှာ ဆောက်လုပ်နေတဲ့ အဆောက်အဦးလေး မကြာခင်ပြီးပါတော့မယ်ရှင်..အဆောက်အဦးတန်ဘိုး (မြေမပါ သိန်း(၃၅၀) ဝန်းကျင်ခန့်) ပါ..ဒီနေရာလေးမှာတော့ ခြေတုများတပ်ပေးခြင်း၊ ကိုယ်ဝန်ဆောင်များ စောင့်ရှောက်ခြင်းနှင့် အခြားပရဟိတ လုပ်ငန်းများ အတွက် အသုံးပြုသွားမှာ ဖြစ်ပါမယ်
အလှုရှင်များ အားလုံး လှူဒါန်းငွေများ နှင့် ကျမရဲ့ အနုပညာလုပ်အားခများ စုပေါင်းကာ လိုအပ်သူများအတွက် အထောက်အပံ့များကို တတ်နိုင်သလောက်လေး ဆောင်ရွက် ကူညီပေးသွားပါမယ်ရှင်..🙏🙏🙏.” ဆိုပြီး
ခြေတုများတပ်ပေးခြင်း၊ ကိုယ်ဝန်ဆောင်များ စောင့်ရှောက်ခြင်းနှင့် အခြားပရဟိတ လုပ်ငန်းများ အတွက်အသုံးပြုသွားရန်အတွက် ဆောက်လုပ်နေတဲ့အဆောက်အဦးလေး မကြာခင်ပြီးတော့မယ်ဆိုတဲ့ သတင်းကောင်းလေးကိုမျှဝေထားတဲ့အကြောင်းလေးကိုထပ်ဆင့်တင်ပြပေးလိုက်ရပါတယ်
Source Khine Hnin Wai
Zawgyi
အလှုရှင်တွေရဲ့လှူဒါန်းမှုလေးဖြင့် ခြေတုများတပ်ပေးခြင်း၊ ကိုယ်ဝန်ဆောင်များ စောင့်ရှောက်ခြင်းနှင့် အခြားပရဟိတ လုပ်ငန်းများ အတွက် အသုံးပြုသွားရန်အတွက် ဆောက်လုပ်နေတဲ့ အဆောက်အဦးလေး မကြာခင်ပြီးတော့မယ်ဆိုတဲ့ သတင်းကောင်းလေးကိုမျှဝေထားတဲ့အကြောင်းလေးကိုထပ်ဆင့်တင်ပြပေးလိုက်ရပါတယ်
Source Khine Hnin Wai
ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့ပြီး မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်းစေဖို့ ဆုတောင်းပေးခဲ့တဲ့ ခိုင်သင်းကြည်
ပရိသတ်ကြီးရေ ခိုင်သင်းကြည်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် ဝါရင့် သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ခိုင်သင်းကြည်ကတော့ မြန်မာအမျိုးသမီးတစ်ယောက်ပီပီ အလှူအတန်းတွေကိုလည်းရက်ရောစွာလုပ်ကိုင်လေ့ရှိပြီး ဘာသာရေးကိုလည်းကိုင်းရှိုင်းလှပါသေးတယ်။
ခိုင်သင်းကြည်ကတော့ အခုကာလအနုပညာအလုပ်တွေ လုပ်ကိုင်မှုနည်းပါနေချိန်မှာလည်း အလှူအတန်းတွေနဲ့ ဘာသာရေးတွေကိုပိုမိုလုပ်ကိုင်နေခဲ့ပြီး ဒီနေ့မှာလည်းအိမ်ကဘုရားမှာ ဆွမ်းကပ်လှူပြီး “ပဋ္ဌာန်းရွတ်ဖတ်ပူဇော်။ အရပ်ဆယ်မျက်နှာနေအားလုံးသောသတ္တဝါတွေဘေးရန်ကင်းကြပါစေ။ စိတ်ဆင်းရဲကင်းကြပါစေ။ ကိုယ်ဆင်းရဲကင်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
ကပ်ကြီး(၃)ပါးမှလည်းကျော်လွှားနိုင်ကြပါစေ။ မြန်မာပြည်ကြီးတရားမျှတမှု့တွေနဲ့အမြန်ဆုံးအေးချမ်းပါစေရှင်” ဆိုပြီး ကျရောက်နေတဲ့ ကပ်ဘေးတွေကနေ အမြန်ဆုံးလွတ်မြောက်စေဖို့ တောင်းဆုပြုခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ ပရိသတ်တွေကတော့ခိုင်သင်းကြည်ရဲ့တောင်းဆုလေးပြည့်ဝစဖို့ဆုတောင်းပေးထားခဲ့ကြပါသေးတယ်။
Source – Khine Thin Kyi
Credit – CeleZone
Source – Khine Thin Kyi
Credit – CeleZone
မင်းသား Kwak Jung Wook နဲ့ရွှေလက်တွဲတော့မယ့် မင်းသမီး Park Se Young
Park Se Young ရဲ့အေဂျင်စီ CLN Company က ဒီသတင်းကို ဇန်နဝါရီ (၂၄) ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး မင်းသား Kwak Jung Wook နဲ့ ဖေဖော်ဝါရီလလယ်လောက်မှာ လက်ထပ်ဖြစ်မယ်လို့ သိရပါတယ်။ သတင်းထုတ်ပြန်စာအပြည့်အစုံကို အောက်မှာဖတ်ကြည့်နိုင်ပါတယ်။
“မင်္ဂလာပါ။ ဒါကတော့ CLN Company ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မင်းသမီး Park Se Young နဲ့ပတ်သတ်တဲ့ သတင်းကောင်းကို ပြောကြားဖို့အခုလို ရေးသားလာရခြင်းပါ။
Park Se Young ဟာဆိုရင် မင်းသား Kwak Jung Wook နဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလလယ်ပိုင်းမှာ Seoul မြို့အတွင်း လက်ထပ်သွားဖို့စီစဉ်နေပါတယ်။ သူတို့နှစ်ဦးဟာ ‘School 2013’ ကတည်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်အကြာမှာတော့ သူငယ်ချင်းအဆင့်ထက် ပိုခဲ့တာပါ။
ကျရောက်လာမယ့် အသစ်စတင်ခြင်းကို နွေးထွေးတဲ့စိတ်ဆန္ဒတို့နဲ့ ဆင်နွှဲပေးကြပါ။ မင်္ဂလာအခန်းအနားကိုတော့ မိဘဆွေမျိုးမှာပါ တက်ရောက်ပြီး အတွင်းရေးအနေနဲ့သာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုစီစဉ်ရခြင်းကိုလည်း နားလည်ပေးစေချင်ပါတယ်။
Park Se Young အနေနဲ့ အနာဂတ်မှာလည်း သရုပ်ဆောင်အဖြစ် အကောင်းဆုံးလုပ်ကိုင်သွားဦးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မင်းသမီးအဖြစ်လည်း ဆက်လက်အားပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ကျေးဇူးတင်ပါတယ်။”
Park Se Young ဟာဆိုရင် SBS ရဲ့ ‘If Tomorrow Comes’ နဲ့သရုပ်ဆောင်အဖြစ် ပွဲထွက်လာခဲ့သူပါ။ Kwak Jung Wook ကတော့ ကလေးဘဝတည်းက သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ‘School 2013’ နဲ့ လူအများရဲ့အာရုံစိုက်မှုကို ခံခဲ့ရသူပါ။
သူတို့နှစ်ဦးကို ဂုဏ်ပြုပေးလိုက်ပါတယ်။
M2T shwengwegames
Zawgyi
မွေးနေ့ အထိမ်းအမှတ် အဖြစ်ကိုယ်တိုင်ရှာဖွေထားတဲ့ အနုပညာကြေးလေးတွေနဲ့ လိုအပ်တဲ့ နေရာများမှာ လှူဒါန်းခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်
သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကတော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာ ဇာတ်ပို့၊ဇာတ်ရံတစ်ယောက်အဖြစ် ပါဝင်သရုပ် ဆောင်ရင်း တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။လက်ရှိအနုပညာအလုပ်တွေကို ရပ်နားထားတဲ့
နှိုင်းယှဉ်မြင့်မိုရ်ဟာ လုပ်ငန်းရှင်တွေရဲ့ကုန်ပစ္စည်းတွေကို အွန်လိုင်းကနေ Live Sale ရောင်းချပေးနေလျက်ရှိတာပဲဖြစ်ပါတယ်။အပြောကောင်းသလို ဈေးလည်းရောင်းတတ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ဟာ Live Sale ရောင်းချတဲ့နေရာမှာလည်း နာမည် ကြီးပြီး လုပ်ငန်းရှင်တွေအပြိုင် အဆိုင်ငှားရမ်းရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။
ဒီကနေ့ ဇန်နဝါရီလ (၂၄) ရက်နေ့ကတော့ နှိုင်းယှဉ်မြင့်မိုရ်ရဲ့ (၃၈) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်က သူမရဲ့မွေးနေ့မှာ ကိုယ်တိုင်ရှာဖွေထားတဲ့ ငွေကြေးနဲ့ အလှူလေးပြုလုပ်ခဲ့ကြောင်းကို
“မနက်ဖန် နှိုင်းရှင်ရဲ့ ၃၈ နှစ်ပြည့်မွေးနေ့အတွက် နဂါးရစ်ဘုန်းဘုန်းကြီးကို ငွေကျပ် ၃၅၀၀၀၀ နဲ့ အဖေတို့ ချောက်မြို့က လမ်းအတွက် လိုအပ်နေသော ဆိုလာပြား ၂ခု စာ လှုဒါန်းမှုပြုခဲ့ပါသည်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေပေးလာပါတယ်။
နှိုင်းယှဉ်မြင့်မိုရ်ကတော့ မွေးနေ့မှာ အမှန်တကယ်လိုအပ်နေတဲ့နေရာတွေမှာ အလှူလေးပြုလုပ်ပေးရင်း ကျက်သရေရှိရှိဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်။ ပရိ သတ်ကြီးကလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး နှိုင်းယှဉ်မြင့်မိုရ်အတွက် အမှတ် တရမွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ကြပါဦးနော်။
Source: Nhying Shin’s fb
Credit – MCT
Source: Nhying Shin’s fb
Credit – MCT