သိန်း ၈၀၀ ကိစ္စအစွပ်စွဲခံရမှုကိုဦးရောဘတ်စန်းအောင်နဲ့မျက်နှာချင်းဆိုင်ဖြေရှင်းလိုက်တဲ့ လင်းလင်း

မကြာသေးခင်က လူမှုကွန်ရက်ပေါ်မှာ ဗစ်တိုးရီးယားအမှုကိစ္စနဲ့ပတ်သက်တဲ့အသံဖိုင်တစ်ခု ဂယက်ရိုက်ခဲ့ပါတယ်။ အနုပညာရှင်တွေရဲ့အတွင်းရေးတွေကို ဖော်ထုတ်လေ့ရှိတဲ့ ဟန်ငြိမ်းဦးအကောင့်ပိုင်ရှင်ကနေပြီးတော့ ဖုန်းအပြန်အလှန်ပြောထားတဲ့အသံဖိုင်တစ်ခုကို ဖွင့်ချခဲ့ပြီး အဲ့ဒီအသံဖိုင်မှာတော့ ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်ထားတဲ့ လင်းလင်းနဲ့ချစ်သုဝေတို့အကြောင်းကို ပြောထားတဲ့ စကားသံတချို့ပါဝင်ခဲ့ပါတယ်။

တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ ဗစ်တိုးရီးယားလေးရဲ့ အမှုကိုတော့ အမှုမှန်ပေါ်ပေါက်ဖို့ ပြည်သူတွေအလေးအနက်ထားခဲ့ကြပြီး ဘက်ပေါင်းစုံက အကူအညီတွေပေးခဲ့ကြပါတယ်။ ဒီအသံဖိုင်ထဲမှာတော့ လင်းလင်းနဲ့ချစ်သုဝေတို့က ဗစ်တိုးရီးယားအမှုကနေ ငွေကျပ်သိန်း(၈၀၀)ခန့် အချောင်ရခဲ့ရတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ အဲ့လိုပြောဆိုသူကိုတော့ လူအများအပြားက ရှေ့နေဦးရောဘတ်စန်းအောင်ရဲ့အသံနဲ့တူတယ်လို့ ပြောခဲ့ကြပါတယ်။

မနေ့ကတော့ လင်းလင်းက သူကိုယ်တိုင် ဒီကိစ္စနဲ့ပက်သက်တဲ့အကြောင်းတွေကို ရှင်းဖို့ ဦးရောဘတ်စန်းအောင်ရဲ့အိမ်ကို သွားခဲ့ပါတယ်။ ပရိသတ်တွေလည်း သိရအောင် ဦးရောဘတ်စန်းအောင်ရဲ့အိမ်ကိုရောက်ကတည်းက လင်းလင်းကိုယ်တိုင် Facebook Live လွှင့်ပြီးမျှဝေခဲ့တာမို့ မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက် ဒီ Live ဗွီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Mg Kaung (Thadinlaynyin)

Zawgyi

သိန္း ၈၀၀ ကိစၥ အစြပ္စြဲခံရမႈကို ဦးေရာဘတ္စန္းေအာင္နဲ႔ မ်က္ႏွာခ်င္းဆိုင္ေျဖ႐ွင္းလိုက္တဲ့ လင္းလင္း

မၾကာေသးခင္က လူမႈကြန္ရက္ေပၚမွာ ဗစ္တိုးရီးယားအမႈကိစၥနဲ႔ပတ္သက္တဲ့အသံဖိုင္တစ္ခု ဂယက္႐ိုက္ခဲ့ပါတယ္။ အႏုပညာ႐ွင္ေတြရဲ႕အတြင္းေရးေတြကို ေဖာ္ထုတ္ေလ့႐ွိတဲ့ ဟန္ၿငိမ္းဦးအေကာင့္ပိုင္႐ွင္ကေနၿပီးေတာ့ ဖုန္းအျပန္အလွန္ေျပာထားတဲ့အသံဖိုင္တစ္ခုကို ဖြင့္ခ်ခဲ့ၿပီး အဲ့ဒီအသံဖိုင္မွာေတာ့ ေခတ္သစ္ေဖာင္ေဒး႐ွင္းကို တည္ေထာင္ထားတဲ့ လင္းလင္းနဲ႔ခ်စ္သုေဝတို႔အေၾကာင္းကို ေျပာထားတဲ့ စကားသံတခ်ိဳ႕ပါဝင္ခဲ့ပါတယ္။

တစ္ႏိုင္ငံလုံး ဟိုးေလးတေက်ာ္ျဖစ္ခဲ့တဲ့ ဗစ္တိုးရီးယားေလးရဲ႕ အမႈကိုေတာ့ အမႈမွန္ေပၚေပါက္ဖို႔ ျပည္သူေတြအေလးအနက္ထားခဲ့ၾကၿပီး ဘက္ေပါင္းစုံက အကူအညီေတြေပးခဲ့ၾကပါတယ္။ ဒီအသံဖိုင္ထဲမွာေတာ့ လင္းလင္းနဲ႔ခ်စ္သုေဝတို႔က ဗစ္တိုးရီးယားအမႈကေန ေငြက်ပ္သိန္း(၈၀၀)ခန္႔ အေခ်ာင္ရခဲ့ရတယ္လို႔ စြပ္စြဲေျပာဆိုခဲ့ပါတယ္။ အဲ့လိုေျပာဆိုသူကိုေတာ့ လူအမ်ားအျပားက ေ႐ွ႕ေနဦးေရာဘတ္စန္းေအာင္ရဲ႕အသံနဲ႔တူတယ္လို႔ ေျပာခဲ့ၾကပါတယ္။

မေန႔ကေတာ့ လင္းလင္းက သူကိုယ္တိုင္ ဒီကိစၥနဲ႔ပက္သက္တဲ့အေၾကာင္းေတြကို ႐ွင္းဖို႔ ဦးေရာဘတ္စန္းေအာင္ရဲ႕အိမ္ကို သြားခဲ့ပါတယ္။ ပရိသတ္ေတြလည္း သိရေအာင္ ဦးေရာဘတ္စန္းေအာင္ရဲ႕အိမ္ကိုေရာက္ကတည္းက လင္းလင္းကိုယ္တိုင္ Facebook Live လႊင့္ၿပီးမွ်ေဝခဲ့တာမို႔ မၾကည့္ရေသးတဲ့ ပရိသတ္ေတြအတြက္ ဒီ Live ဗြီဒီယိုေလးကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Mg Kaung (Thadinlaynyin)

သဝန်တိုမိမှာစိုးလို့ Davika ရဲ့ ဇာတ်ကားတွေ ကိုတောင်မကြည့်တော့ဘူးဆိုတဲ့ ထွန်းထွန်း

ကိုကိုထွန်းထွန်း လို့ ပရိတ်သတ်တွေ ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် အဆိုတော် ထွန်းထွန်းကတော့ ဂီတလောကမှာရော သရုပ်ဆောင်လောကမှာပါ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးပါ။

တစ်ချိန်က Examplez အဖွဲ့နဲ့အတူ ဂီတလောကမှာ အောင်မြင်မှုများစွာရယူနိုင်ခဲ့သလို သရုပ်ဆောင်လောကထဲရောက်လာချိန်မှာ သူ့ရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုကို ဆွတ်ခူးနိုင်ခံတဲ့ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော Rapper တစ်ယောက်လည်းဖြစ်ပါတယ်။

အဲ့ဒီလို အောင်မြင်မှုများစွာရယူထားပြီး ပရိတ်သတ်တွေရဲ့ အရူးအမူးအားပေးခြင်းကို ခံထားရတဲ့ ထွန်းထွန်းကတော့ သူကိုယ်တိုင်ကလည်း အခြားအနုပညာရှင်တစ်ယောက်ကို အရူးအမူးအားပေးတဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်လို့နေပါတယ်။

ထွန်းထွန်း အရူးအမူးအားပေးတဲ့ အနုပညာရှင်ကတော့ မြန်မာပရိတ်သတ်တွေလည်း ရင်းနှီးပြီးသားဖြစ်တဲ့ ထိုင်းမင်းသမီးချောလေး Davika ပါ။ Davika ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ Pee Mak ဇာတ်ကား မြန်မာနိုင်ငံမှာ ရုံတင်ခဲ့စဉ်က သူငယ်ချင်းဖြစ်သူ ဖြိုးမောင်မောင်ရဲ့ တိုက်တွန်းမှုကြောင့် ရုံမှာသွားကြည့်ဖြစ်ရာကနေ Davika ကို စွဲလမ်းသွားခဲ့တယ်လို့ ထွန်းထွန်းက ဆိုပါတယ်။

အရင်က Davika ရဲ့ ရုပ်ရှင်ဇာတ်ကားတွေကို မလွတ်တမ်းအားပေးခဲ့ပေမယ့် အတူတွဲသရုပ်ဆောင်တဲ့ မင်းသားတွေနဲ့ သဝန်တိုနေရတာကြောင့် အခုနောက်ပိုင်းမှာ သူမရဲ့ ဇာတ်ကားတွေကိုမကြည့်ဖြစ်တော့ဘူးလို့လည်း သူက ပြောပါသေးတယ်။

” သူ ရန်ကုန်ကို လာသွားတုန်းက ပွဲတစ်ပွဲမှာ ဆုံဖူးပါတယ်။သူက အပြင်မှာလည်း တကယ့်ကို နှစ်လိုဖွယ်ကောင်းတဲ့သူပါ။အဲ့ဒီတုန်းက ကျွန်တော် သူနဲ့ ဓာတ်ပုံတွဲရိုက်ဖို့အတွက် စိတ်တွေလှုပ်ရှားပြီး ပျာယာတွေခတ်နေတာပဲ ” လို့ Davika နဲ့ အပြင်မှာဆုံခဲ့တုန်းက အတွေ့အကြုံတွေကို ထွန်းထွန်းက မျှဝေခဲ့ပါသေးတယ်။

အခုလက်ရှိမှာတော့ ထွန်းထွန်း ဟာ stay home ကာလကို အိမ်မှာပဲ ဖြတ်သန်းနေပြီး ဒီကာလကြီး ကျော်လွန်ပြီးသွားပါက Examplez အဖွဲ့နဲ့အတူ အနုပညာလှုပ်ရှားမှုတွေ ပြန်လည်လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

Mg Kaung (Thadinlaynyin)

Zawgyi

သဝန္တိုမိမွာစိုးလို႔ Davika ရဲ႕ ဇာတ္ကားေတြ ကိုေတာင္မၾကည့္ေတာ့ဘူးဆိုတဲ့ ထြန္းထြန္း

ကိုကိုထြန္းထြန္း လို႔ ပရိတ္သတ္ေတြ ခ်စ္စႏိုးေခၚၾကတဲ့ သ႐ုပ္ေဆာင္ အဆိုေတာ္ ထြန္းထြန္းကေတာ့ ဂီတေလာကမွာေရာ သ႐ုပ္ေဆာင္ေလာကမွာပါ ေအာင္ျမင္တဲ့ အႏုပညာ႐ွင္တစ္ဦးပါ။

တစ္ခ်ိန္က Examplez အဖြဲ႕နဲ႔အတူ ဂီတေလာကမွာ ေအာင္ျမင္မႈမ်ားစြာရယူႏိုင္ခဲ့သလို သ႐ုပ္ေဆာင္ေလာကထဲေရာက္လာခ်ိန္မွာ သူ႕ရဲ႕ သဘာဝက်တဲ့ သ႐ုပ္ေဆာင္မႈေတြေၾကာင့္ အကယ္ဒမီဆုကို ဆြတ္ခူးႏိုင္ခံတဲ့ ျမန္မာႏိုင္ငံရဲ႕ တစ္ဦးတည္းေသာ Rapper တစ္ေယာက္လည္းျဖစ္ပါတယ္။

အဲ့ဒီလို ေအာင္ျမင္မႈမ်ားစြာရယူထားၿပီး ပရိတ္သတ္ေတြရဲ႕ အ႐ူးအမူးအားေပးျခင္းကို ခံထားရတဲ့ ထြန္းထြန္းကေတာ့ သူကိုယ္တိုင္ကလည္း အျခားအႏုပညာ႐ွင္တစ္ေယာက္ကို အ႐ူးအမူးအားေပးတဲ့ ပရိတ္သတ္တစ္ေယာက္ျဖစ္လို႔ေနပါတယ္။

ထြန္းထြန္း အ႐ူးအမူးအားေပးတဲ့ အႏုပညာ႐ွင္ကေတာ့ ျမန္မာပရိတ္သတ္ေတြလည္း ရင္းႏွီးၿပီးသားျဖစ္တဲ့ ထိုင္းမင္းသမီးေခ်ာေလး Davika ပါ။ Davika ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးတဲ့ Pee Mak ဇာတ္ကား ျမန္မာႏိုင္ငံမွာ ႐ုံတင္ခဲ့စဥ္က သူငယ္ခ်င္းျဖစ္သူ ၿဖိဳးေမာင္ေမာင္ရဲ႕ တိုက္တြန္းမႈေၾကာင့္ ႐ုံမွာသြားၾကည့္ျဖစ္ရာကေန Davika ကို စြဲလမ္းသြားခဲ့တယ္လို႔ ထြန္းထြန္းက ဆိုပါတယ္။

အရင္က Davika ရဲ႕ ႐ုပ္႐ွင္ဇာတ္ကားေတြကို မလြတ္တမ္းအားေပးခဲ့ေပမယ့္ အတူတြဲသ႐ုပ္ေဆာင္တဲ့ မင္းသားေတြနဲ႔ သဝန္တိုေနရတာေၾကာင့္ အခုေနာက္ပိုင္းမွာ သူမရဲ႕ ဇာတ္ကားေတြကိုမၾကည့္ျဖစ္ေတာ့ဘူးလို႔လည္း သူက ေျပာပါေသးတယ္။

” သူ ရန္ကုန္ကို လာသြားတုန္းက ပြဲတစ္ပြဲမွာ ဆုံဖူးပါတယ္။သူက အျပင္မွာလည္း တကယ့္ကို ႏွစ္လိုဖြယ္ေကာင္းတဲ့သူပါ။အဲ့ဒီတုန္းက ကြၽန္ေတာ္ သူနဲ႔ ဓာတ္ပုံတြဲ႐ိုက္ဖို႔အတြက္ စိတ္ေတြလႈပ္႐ွားၿပီး ပ်ာယာေတြခတ္ေနတာပဲ ” လို႔ Davika နဲ႔ အျပင္မွာဆုံခဲ့တုန္းက အေတြ႕အၾကဳံေတြကို ထြန္းထြန္းက မွ်ေဝခဲ့ပါေသးတယ္။

အခုလက္႐ွိမွာေတာ့ ထြန္းထြန္း ဟာ stay home ကာလကို အိမ္မွာပဲ ျဖတ္သန္းေနၿပီး ဒီကာလႀကီး ေက်ာ္လြန္ၿပီးသြားပါက Examplez အဖြဲ႕နဲ႔အတူ အႏုပညာလႈပ္႐ွားမႈေတြ ျပန္လည္လုပ္ေဆာင္ဖို႔ စီစဥ္ေနတယ္လို႔လည္း သိရပါတယ္။

Mg Kaung (Thadinlaynyin)

Netflix series ” Dark ” ရဲ့ season 3 ကိုပရိတ်သတ်တွေ မြင်တွေ့ရတော့မှာလား ?

Netflix series ” Dark ” ရဲ့ season 3 ကိုပရိတ်သတ်တွေ မြင်တွေ့ရတော့မှာလား ?

ဟုတ်ပါတယ် Neflix မှာပြသခဲ့တဲ့ဒီလူကြိုက်များရေပန်းစားတဲ့ ဂျာမာန် series Dark ရဲ့ season 3 ထုတ်လွှင့်မယ့်ရက်ကို Netflix က တရားဝင်ကြေညာထားခြင်းမရှိတဲအတွက်ပရိတ်သတ်တွေက သို့ လောသို့လောနဲ့ စောင့်ဆိုင်းနေကြရတာဖြစ်ပါတယ်။

အခုချိန်မှာတော့ဒီ series မှာအဓိက သရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားကြတဲ့ မင်းသားလေး Louis Hofmann နဲ့ မင်းသမီးလေး Lisa Vicari တို့ နှစ်ယောက်ဟာ “The last cycle starts soon” “tick,tock ” ဆိုတဲ့ caption လေးတွေကိုယ်စီနဲ့ Dark ရုပ်ရှင်ထဲက image တွေကို instagram မှာ ဝေမျှခဲ့ တာပဲ ဖြစ်ပါတယ်။

အဲ့ ဒါကြောင့် ” Dark ” season 3 ကို ပရိတ်သတ်တွေ အနေနဲ့ မြင်ရဖို့ နီးနေပြီပဲ ဖြစ်ပါတယ် ။

Dark season 1 ကို Netflix ကနေ ၂၀၁၇ခုနစ် ဒီဇင်ဘာ ၃ ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ချီးကျူးမှုတွေ rating ကောင်းတွေကိုပိုင်ဆိုင်ခဲ့ပါတယ်။ Season 2 ကိုတော့ ၂၀၁၉ ခုနစ် ဇွန်လ ၂၁ ရက်နေ့မှာထုတ်လွှင့်ခဲ့ပြီး နောက်ထပ်အောင်မြင်မှုတွေရခဲ့ပါတယ်။ Season နှစ်ခုပေါင်း 18 ပိုင်းသာရှိခဲ့တဲ့ ” Dark ” ဇာတ်လမ်းတွဲရဲ့ season 3 ဟာ final season ဖြစ်လာမယ်လို့လည်းသိရပါတယ်။

source : popculturetimes

Netflix series ” Dark ” ရဲ႕ season 3 ကိုပရိတ္သတ္ေတြ ျမင္ေတြ႕ရေတာ့မွာလား ?

ဟုတ္ပါတယ္ Neflix မွာျပသခဲ့တဲ့ဒီလူႀကိဳက္မ်ားေရပန္းစားတဲ့ ဂ်ာမာန္ series Dark ရဲ႕ season 3 ထုတ္လႊင့္မယ့္ရက္ကို Netflix က တရားဝင္ေၾကညာထားျခင္းမရွိတဲအတြက္ပရိတ္သတ္ေတြက သို႔ ေလာသို႔ေလာနဲ႕ ေစာင့္ဆိုင္းေနၾကရတာျဖစ္ပါတယ္။

အခုခ်ိန္မွာေတာ့ဒီ series မွာအဓိက သ႐ုပ္ေဆာင္ေတြအေနနဲ႕ ပါဝင္ထားၾကတဲ့ မင္းသားေလး Louis Hofmann နဲ႕ မင္းသမီးေလး Lisa Vicari တို႔ ႏွစ္ေယာက္ဟာ “The last cycle starts soon” “tick,tock ” ဆိုတဲ့ caption ေလးေတြကိုယ္စီနဲ႕ Dark ႐ုပ္ရွင္ထဲက image ေတြကို instagram မွာ ေဝမွ်ခဲ့ တာပဲ ျဖစ္ပါတယ္ ။

အဲ့ ဒါေၾကာင့္ ” Dark ” season 3 ကို ပရိတ္သတ္ေတြ အေနနဲ႕ ျမင္ရဖို႔ နီးေနၿပီပဲ ျဖစ္ပါတယ္ ။

Dark season 1 ကို Netflix ကေန ၂၀၁၇ခုနစ္ ဒီဇင္ဘာ ၃ ရက္ေန႕မွာ စတင္ထုတ္လႊင့္ခဲ့တာျဖစ္ၿပီး ႐ုပ္ရွင္ေဝဖန္ေရးသမားေတြရဲ႕ခ်ီးက်ဴးမႈေတြ rating ေကာင္းေတြကိုပိုင္ဆိုင္ခဲ့ပါတယ္။Season 2 ကိုေတာ့ ၂၀၁၉ ခုနစ္ ဇြန္လ ၂၁ ရက္ေန႕မွာထုတ္လႊင့္ခဲ့ၿပီး ေနာက္ထပ္ေအာင္ျမင္မႈေတြရခဲ့ပါတယ္။ Season ႏွစ္ခုေပါင္း 18 ပိုင္းသာရွိခဲ့တဲ့ ” Dark “ဇာတ္လမ္းတြဲရဲ႕ season 3 ဟာ final season ျဖစ္လာမယ္လို႔လည္းသိရပါတယ္။

source : popculturetimes

Deadpool 2 ရုပ်ရှင်ထဲကဇာတ်ဝင်ခန်းအတွက်သရုပ်ဆောင်ကြေးကို အံ့အားသင့်စွာတောင်းခဲ့တဲ့ Brad Pitt

မင်းသား Ryan Reynolds ရဲ့ Deadpool 2 ရုပ်ရှင်ထဲက ဓာတ်လိုက်တဲ့ အခန်းလေးမှာ cameo ( ဧည့်သည်သရုပ်ဆောင် ) အနေနဲ့ ပါဝင်ပေးခဲ့တဲ့ ကမ္ဘာကျော်မင်းသားကြီး Brad Pitt ကို အားလုံးပဲ သတိထားမိကြမှာပါ။

ဒီရုပ်ရှင်မှာ cameo အနေနဲ့ ပါဝင်ပေးဖို့ မင်းသား Ryan Reynolds က Brad Pitt ဆီကို ကိုယ်တိုင် စာရေးပြီး တောင်းဆိုခဲ့ တာဖြစ်ပါတယ်။ Brad Pitt ကလဲ Ryan ရဲ့ idea ကိုသဘောကျတဲ့ အတွက် လက်ခံခဲ့ ပါတယ်။

ဒီရုပ်ရှင်မှာ Brad Pitt ပါဝင်ခဲ့ ရတဲ့ cameo time က စက္ကန့် ဝက်မျှသာရှိပါတယ်။ အဲ့ဒီ စက္ကန့် ဝက်စာ ဇာတ်ဝင်ခန်းလေးကို ရိုက်ကူးဖို့ အချိန် ၇ မိနစ်သာကြာခဲ့ ပါတယ်။

ဒီလို cameo အနေနဲ့ ပါဝင်ပေးခဲ့ တဲ့ ကမ္ဘာကျော်မင်းသား Brad Pitt က သရုပ်ဆောင်ကြေးတွေ ဘာတွေ လက်မခံခဲ့ဘဲ Ryan Reynolds ကို သူ့ အတွက် Starbucks ကော်ဖီတစ်ခွက်သာ ပို့ ပေးဖို့ တောင်းဆိုခဲ့ ပါတယ်။

တစ်နည်းအားဖြင့်ပြောရရင် Brad Pitt ဟာ Ryan Reynolds ဆီက ကော်ဖီတစ်ခွက်အတွက် cameo အဖြစ်ပါဝင်ပေးဖို့ သဘောတူခဲ့ တာလို့လည်းပြောလို့ရပါတယ်။

source : the economic times

ဘာသာပြန် Mg Kaung (Thadinlaynyin)

Zawgyi

Deadpool 2 ႐ုပ္႐ွင္ထဲကဇာတ္ဝင္ခန္းအတြက္သ႐ုပ္ေဆာင္ေၾကးကို အံ့အားသင့္စြာေတာင္းခဲ့တဲ့ Brad Pitt

မင္းသား Ryan Reynolds ရဲ႕ Deadpool 2 ႐ုပ္႐ွင္ထဲက ဓာတ္လိုက္တဲ့ အခန္းေလးမွာ cameo ( ဧည့္သည္သ႐ုပ္ေဆာင္ ) အေနနဲ႔ ပါဝင္ေပးခဲ့တဲ့ ကမ႓ာေက်ာ္မင္းသားႀကီး Brad Pitt ကို အားလုံးပဲ သတိထားမိၾကမွာပါ။

ဒီ႐ုပ္႐ွင္မွာ cameo အေနနဲ႔ ပါဝင္ေပးဖို႔ မင္းသား Ryan Reynolds က Brad Pitt ဆီကို ကိုယ္တိုင္ စာေရးၿပီး ေတာင္းဆိုခဲ့ တာျဖစ္ပါတယ္။ Brad Pitt ကလဲ Ryan ရဲ႕ idea ကိုသေဘာက်တဲ့ အတြက္ လက္ခံခဲ့ ပါတယ္။

ဒီ႐ုပ္႐ွင္မွာ Brad Pitt ပါဝင္ခဲ့ ရတဲ့ cameo time က စကၠန္႔ ဝက္မွ်သာ႐ွိပါတယ္။ အဲ့ဒီ စကၠန္႔ ဝက္စာ ဇာတ္ဝင္ခန္းေလးကို ႐ိုက္ကူးဖို႔ အခ်ိန္ ၇ မိနစ္သာၾကာခဲ့ ပါတယ္။

ဒီလို cameo အေနနဲ႔ ပါဝင္ေပးခဲ့ တဲ့ ကမ႓ာေက်ာ္မင္းသား Brad Pitt က သ႐ုပ္ေဆာင္ေၾကးေတြ ဘာေတြ လက္မခံခဲ့ဘဲ Ryan Reynolds ကို သူ႕ အတြက္ Starbucks ေကာ္ဖီတစ္ခြက္သာ ပို႔ ေပးဖို႔ ေတာင္းဆိုခဲ့ ပါတယ္။

တစ္နည္းအားျဖင့္ေျပာရရင္ Brad Pitt ဟာ Ryan Reynolds ဆီက ေကာ္ဖီတစ္ခြက္အတြက္ cameo အျဖစ္ပါဝင္ေပးဖို႔ သေဘာတူခဲ့ တာလို႔လည္းေျပာလို႔ရပါတယ္။

source : the economic times

ဘာသာပြန် Mg Kaung (Thadinlaynyin)

ဆန်းသစ်တဲ့ Idea နဲ့ Pre-weddingဓာတ်ပုံရိုက်ကူးခဲ့တဲ့ Wonder Girls အဖွဲ့ဝင်ဟောင်း Lim

” Nobody ” သီချင်းနဲ့ ကေပေါ့ဂီတကို ကမ္ဘာကသိအောင်ထိုးဖောက်ခဲ့တဲ့ တောင်ကိုရီးယား စီနီယာ Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Wonder Girls အဖွဲ့က အဖွဲ့ဝင်ဟောင်း Lim ကတော့ သူမရဲ့ pre-wedding photo ကို instagram မှာတင်ခဲ့ပါတယ်။

၇ နှစ်ကျော်ကြာတွဲလာတဲ့ သူမရဲ့ ချစ်သူကတော့ နာမည်ကျော် တိုက်ကွမ်ဒိုကစားသမားတစ်ဦးဖြစ်ပြီး သူမတို့နှစ်ဦးဟာ လာမယ့် ဇူလိုင်လထဲမှာ လက်ထပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။အခုအခါမှာတော့ သူမတို့နှစ်ဦးရဲ့ pre-wedding ဓာတ်ပုံတွေကြောင့် ပရိတ်သတ်တွေ အထူးစိတ်ဝင်စားလျှက်ရှိပါတယ်။

ဓာတ်ပုံထဲမှာတော့ Lim ဟာ သူမရဲ့ ခင်ပွန်းလောင်းအပါအဝင် သူမ ခင်ပွန်းလောင်းရဲ့ လုပ်ဖော်ကိုင်ဖက် ကစားသမားတွေနဲ့ အတူ ဓာတ်ပုံအလန်းစားရိုက်ကူးခဲ့တာပါ။ဓာတ်ပုံထဲမှာကြည့်မယ်ဆိုရင် သူမရဲ့ ခင်ပွန်းလောင်းဟာ တိုက်ကွမ်ဒို ဝတ်စုံပုံစံ အနက်ရောင် သတို့သားဝတ်စုံကို ဝတ်ဆင်ထားပြီ ဘေးက အခြားကစားသမားတွေဟာလည်း အဖြူရောင် တိုက်ကွမ်ဒို ဝတ်စုံတွေကို ဝတ်ဆင်ထားကြပါတယ်။

ဒါ့အပြင် Lim ဟာလည်း အဖြူရောင်ဂါဝန်ကို ရွှေရောင် ဒေါက်မြင့်ဖိနပ်နဲ့ တွဲဖက်ဝတ်ဆင်ထားပြီး ဒူးခေါင်းထိရှည်တဲ့ adidas ခြေစွပ်ကိုလည်း အထာကျကျဝတ်ဆင်ထားပါတယ်။ဒါတင်မကသေးဘဲ သူမတို့အားလုံးဟာ ဓာတ်ပုံရိုက်တဲ့အချိန်မှာ လက်မောင်းကို မြှောက်ပြီး အတူတူ pose ပေးခဲ့ကြပါသေးတယ်။

Lim တို့စုံတွဲရဲ့ ထူးခြားဆန်းသစ်တဲ့ wedding photo idea ကြောင့် ပရိတ်သတ်တွေက သဘောကျလျှက်ရှိပြီး ချီးကျူး ဂုဏ်ပြုတဲ့ မှတ်ချက်တွေ ဝင်ရောက်ရေးသားခဲ့ကြပါတယ်။

source : allkpop

ဘာသာပြန် Mg Kaung (Thadinlaynyin)

Zawgyi

ဆန္းသစ္တဲ့ Idea နဲ႔ Pre-weddingဓာတ္ပုံ႐ိုက္ကူးခဲ့တဲ့ Wonder Girls အဖြဲ႕ဝင္ေဟာင္း Lim

” Nobody ” သီခ်င္းနဲ႔ ေကေပါ့ဂီတကို ကမ႓ာကသိေအာင္ထိုးေဖာက္ခဲ့တဲ့ ေတာင္ကိုရီးယား စီနီယာ Idol အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ Wonder Girls အဖြဲ႕က အဖြဲ႕ဝင္ေဟာင္း Lim ကေတာ့ သူမရဲ႕ pre-wedding photo ကို instagram မွာတင္ခဲ့ပါတယ္။

၇ ႏွစ္ေက်ာ္ၾကာတြဲလာတဲ့ သူမရဲ႕ ခ်စ္သူကေတာ့ နာမည္ေက်ာ္ တိုက္ကြမ္ဒိုကစားသမားတစ္ဦးျဖစ္ၿပီး သူမတို႔ႏွစ္ဦးဟာ လာမယ့္ ဇူလိုင္လထဲမွာ လက္ထပ္ဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။

အခုအခါမွာေတာ့ သူမတို႔ႏွစ္ဦးရဲ႕ pre-wedding ဓာတ္ပုံေတြေၾကာင့္ ပရိတ္သတ္ေတြ အထူးစိတ္ဝင္စားလွ်က္႐ွိပါတယ္။

ဓာတ္ပုံထဲမွာေတာ့ Lim ဟာ သူမရဲ႕ ခင္ပြန္းေလာင္းအပါအဝင္ သူမ ခင္ပြန္းေလာင္းရဲ႕ လုပ္ေဖာ္ကိုင္ဖက္ ကစားသမားေတြနဲ႔ အတူ ဓာတ္ပုံအလန္းစား႐ိုက္ကူးခဲ့တာပါ။

ဓာတ္ပုံထဲမွာၾကည့္မယ္ဆိုရင္ သူမရဲ႕ ခင္ပြန္းေလာင္းဟာ တိုက္ကြမ္ဒို ဝတ္စုံပုံစံ အနက္ေရာင္ သတို႔သားဝတ္စုံကို ဝတ္ဆင္ထားၿပီ ေဘးက အျခားကစားသမားေတြဟာလည္း အျဖဴေရာင္ တိုက္ကြမ္ဒို ဝတ္စုံေတြကို ဝတ္ဆင္ထားၾကပါတယ္။ ဒါ့အျပင္ Lim ဟာလည္း အျဖဴေရာင္ဂါဝန္ကို ေ႐ႊေရာင္ ေဒါက္ျမင့္ဖိနပ္နဲ႔ တြဲဖက္ဝတ္ဆင္ထားၿပီး ဒူးေခါင္းထိ႐ွည္တဲ့ adidas ေျခစြပ္ကိုလည္း အထာက်က်ဝတ္ဆင္ထားပါတယ္။

ဒါတင္မကေသးဘဲ သူမတို႔အားလုံးဟာ ဓာတ္ပုံ႐ိုက္တဲ့အခ်ိန္မွာ လက္ေမာင္းကို ေျမႇာက္ၿပီး အတူတူ pose ေပးခဲ့ၾကပါေသးတယ္။

Lim တို႔စုံတြဲရဲ႕ ထူးျခားဆန္းသစ္တဲ့ wedding photo idea ေၾကာင့္ ပရိတ္သတ္ေတြက သေဘာက်လွ်က္႐ွိၿပီး ခ်ီးက်ဴး ဂုဏ္ျပဳတဲ့ မွတ္ခ်က္ေတြ ဝင္ေရာက္ေရးသားခဲ့ၾကပါတယ္။

source : allkpop

ဘာသာျပန္ Mg Kaung (Thadinlaynyin)

ရီဟားနားရဲ့ သီချင်းအယ်လ်ဘမ်သစ်ကို စောင့်မျှော်နေတဲ့ အေရီယာနာဂရန်ဒီ

မကြာမီထွက်ရှိလာတော့မယ်လို့သတင်းပြေးနေတဲ့ အဆိုတော်ရီဟာနားရဲ့ သီချင်းအယ်လ်ဘမ်သစ်ကို မျှော်လင့်စောင့်စားနေသူတွေထဲမှာ သာမန်ပရိသတ်တွေသာမက အေရီယာနာဂရန်ဒီလို ဘဝတူအဆိုတော်တွေ လည်း ပါဝင်ကြောင်း Celebrity Insider သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

ပေါ့ပ်သီချင်းတွေနဲ့ပတ်သက်ပြီး ဆန်းသစ်တီထွင်မှုတွေလုပ်တတ်တဲ့ ရီဟာနားဟာ မကြာခင်မှာ အယ်လ်ဘမ်တစ်ခွေထွက်ဖို့ရှိတယ်လို့ ဖွင့်ဟထားပေမယ့် အယ်လ်ဘမ်ထွက်လာမယ့် အချိန်အတိအကျတော့ မသိရသေးပါဘူး။

အခုလို အယ်လ်ဘမ်ထွက်ဖို့ ကြန့်ကြာနေတာနဲ့ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ အေရီယာနာဂရန်ဒီက “ပရိသတ်တွေလိုပဲ ကျွန်မလည်း ရီဟားနားရဲ့အခွေသစ်ကိုစောင့်မျှော်နေပါတယ်။ သူ့နေရာမှာ ကျွန်မသာဆိုရင် အယ်လ်ဘမ် အမြန်ဆုံးထွက်နိုင်အောင် ကြိုးစားမှာပါ”လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

source : complex

ဘာသာပြန် Mg Kaung (Thadinlaynyin)

Zawgyi

ရီဟားနားရဲ႕ သီခ်င္းအယ္လ္ဘမ္သစ္ကို ေစာင့္ေမွ်ာ္ေနတဲ့ ေအရီယာနာဂရန္ဒီ

မၾကာမီထြက္႐ွိလာေတာ့မယ္လို႔သတင္းေျပးေနတဲ့ အဆိုေတာ္ရီဟာနားရဲ႕ သီခ်င္းအယ္လ္ဘမ္သစ္ကို ေမွ်ာ္လင့္ေစာင့္စားေနသူေတြထဲမွာ သာမန္ပရိသတ္ေတြသာမက ေအရီယာနာဂရန္ဒီလို ဘဝတူအဆိုေတာ္ေတြ လည္း ပါဝင္ေၾကာင္း Celebrity Insider သတင္းဝက္ဘ္ဆိုက္က ေဖာ္ျပထားပါတယ္။

ေပါ့ပ္သီခ်င္းေတြနဲ႔ပတ္သက္ၿပီး ဆန္းသစ္တီထြင္မႈေတြလုပ္တတ္တဲ့ ရီဟာနားဟာ မၾကာခင္မွာ အယ္လ္ဘမ္တစ္ေခြထြက္ဖို႔႐ွိတယ္လို႔ ဖြင့္ဟထားေပမယ့္ အယ္လ္ဘမ္ထြက္လာမယ့္ အခ်ိန္အတိအက်ေတာ့ မသိရေသးပါဘူး။

အခုလို အယ္လ္ဘမ္ထြက္ဖို႔ ၾကန္႔ၾကာေနတာနဲ႔ပတ္သက္ၿပီး အင္တာဗ်ဴးတစ္ခုမွာ ေအရီယာနာဂရန္ဒီက “ပရိသတ္ေတြလိုပဲ ကြၽန္မလည္း ရီဟားနားရဲ႕အေခြသစ္ကိုေစာင့္ေမွ်ာ္ေနပါတယ္။ သူ႕ေနရာမွာ ကြၽန္မသာဆိုရင္ အယ္လ္ဘမ္ အျမန္ဆုံးထြက္ႏိုင္ေအာင္ ႀကိဳးစားမွာပါ”လို႔ ဖြင့္ဟေျပာၾကားခဲ့ပါတယ္။

source : complex

ဘာသာျပန္ Mg Kaung (Thadinlaynyin)

Stay Home ကာလမှာ ချစ်တဲ့သူနဲ့ဝေးနေရလို့မိုးအေးအေးမှာဆွေးနေရတယ်ဆိုရင်ခံစားနားဆင်ဖို့သီချင်း တစ်ပုဒ်တင်ပေးခဲ့တဲ့ ဖြူဖြူကျော်သိန်း

ဖြူဖြူကျော်သိန်းကတော့ အားလုံးသိပြီးတဲ့အတိုင်း ဆန်းသစ်တဲ့အနုပညာဖန်တီးမှုတွေနဲ့ မြန်မာ့ဂီတလောကမှာ ထိပ်တန်းနေရာရယူထားနိုင်တဲ့ မိန်းကလေး အဆိုရှင်တစ်ဦးပါ။

အနုပညာလောကထဲမှာ အခြားသူတွေနဲ့ ကွဲထွက်ပြီး ကိုယ်ပိုင်စတိုင်တစ်ခုကိုပိုင်ဆိုင်ထားတဲ့ဖြူဖြူကတော့ ဂီတဖန်တီးမှုပိုင်းမှာသာမက ဖက်ရှင်ပိုင်းမှာလည်း ခေတ်ရှေ့ပြေးသူဆိုတာ မေ့ထားလို့မရပြန်ပါဘူး။

အခုလက်ရှိမှာတော့ ဖြူဖြူက Stay Home ကာလမှာ ပရိသတ်တွေမပျင်းရအောင် သီချင်းတစ်ပုဒ်ကို Music Video ရိုက်ကူးပေးခဲ့တာပါ။သီချင်းနာမည်ကတော့ “နင်မရှိပဲ” ဖြစ်ပြီး အဲ့ဒီအကြောင်းကိုတော့

“Lockdown ကာလမှာ Stay at Home စည်းကမ်းတွေလိုက်နာပြီး ကြိုးစားရိုက်ကူးထားကြတာမို့အားနည်းချက်နဲ့ လိုအပ်ချက်တွေရှိရင်လည်းဖြည့်စွက်နားလည်အားပေးကြည့်ရှုပေးကြပါလို့” ဆိုပြီးတော့ သူမရဲ့ Facebook စာမျက်နှာရေးသားထားပါတယ်။

ဒီသီချင်းလေးရဲ့ Audio Version ကတော့ လွန်ခဲ့တဲ့ခြောက်လကထွက်ရှိထားတာဖြစ်ပြီး JOOX အပ်ပလီကေးရှင်းမှာလည်းနားထောင်လို့ရပါတယ်။ဖြူဖြူကတော့ “ချစ်တဲ့သူနဲ့ဝေးနေရလို့မိုးအေးအေးမှာဆွေးနေရတယ်ဆိုရင် ခုပဲဒီသီချင်းလေးနဲ့ feel လိုက်တော့နော်” ဆိုထားပါသေးတယ်။

ကဲ .. ဒီတော့မိုးအေးအေးနဲ့ဆွေးချင်သူတွေအတွက် ဖြူဖြူကျော်သိန်းရဲ့ Music Video လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Mg Kaung (Thadinlaynyin)

Zawgyi

Stay Home ကာလမွာ ခ်စ္တဲ့သူနဲ႔ေဝးေနရလို႔မိုးေအးေအးမွာေဆြးေနရတယ္ဆိုရင္ခံစားနားဆင္ဖို႔တစ္ပုဒ္တင္ေပးခဲ့တဲ့ ျဖဴျဖဴေက်ာ္သိန္း

ျဖဴျဖဴေက်ာ္သိန္းကေတာ့ အားလုံးသိၿပီးတဲ့အတိုင္း ဆန္းသစ္တဲ့အႏုပညာဖန္တီးမႈေတြနဲ႔ ျမန္မာ့ဂီတေလာကမွာ ထိပ္တန္းေနရာရယူထားႏိုင္တဲ့ မိန္းကေလး အဆို႐ွင္တစ္ဦးပါ။

အႏုပညာေလာကထဲမွာ အျခားသူေတြနဲ႔ ကြဲထြက္ၿပီး ကိုယ္ပိုင္စတိုင္တစ္ခုကိုပိုင္ဆိုင္ထားတဲ့ျဖဴျဖဴကေတာ့ ဂီတဖန္တီးမႈပိုင္းမွာသာမက ဖက္႐ွင္ပိုင္းမွာလည္း ေခတ္ေ႐ွ႕ေျပးသူဆိုတာ ေမ့ထားလို႔မရျပန္ပါဘူး။

အခုလက္႐ွိမွာေတာ့ ျဖဴျဖဴက Stay Home ကာလမွာ ပရိသတ္ေတြမပ်င္းရေအာင္ သီခ်င္းတစ္ပုဒ္ကို Music Video ႐ိုက္ကူးေပးခဲ့တာပါ။သီခ်င္းနာမည္ကေတာ့ “နင္မ႐ွိပဲ” ျဖစ္ၿပီး အဲ့ဒီအေၾကာင္းကိုေတာ့ “Lockdown ကာလမွာ Stay at Home စည္းကမ္းေတြလိုက္နာၿပီး ႀကိဳးစား႐ိုက္ကူးထားၾကတာမို႔အားနည္းခ်က္နဲ႔ လိုအပ္ခ်က္ေတြ႐ွိရင္လည္းျဖည့္စြက္နားလည္အားေပးၾကည့္႐ႈေပးၾကပါလို႔” ဆိုၿပီးေတာ့ သူမရဲ႕ Facebook စာမ်က္ႏွာေရးသားထားပါတယ္။

ဒီသီခ်င္းေလးရဲ႕ Audio Version ကေတာ့ လြန္ခဲ့တဲ့ေျခာက္လကထြက္႐ွိထားတာျဖစ္ၿပီး JOOX အပ္ပလီေကး႐ွင္းမွာလည္းနားေထာင္လို႔ရပါတယ္။

ျဖဴျဖဴကေတာ့ “ခ်စ္တဲ့သူနဲ႔ေဝးေနရလို႔မိုးေအးေအးမွာေဆြးေနရတယ္ဆိုရင္ ခုပဲဒီသီခ်င္းေလးနဲ႔ feel လိုက္ေတာ့ေနာ္” ဆိုထားပါေသးတယ္။

ကဲ .. ဒီေတာ့မိုးေအးေအးနဲ႔ေဆြးခ်င္သူေတြအတြက္ ျဖဴျဖဴေက်ာ္သိန္းရဲ႕ Music Video ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Mg Kaung (Thadinlaynyin)

အကျိုးရှိမယ့် challenge လေးတစ်ခုပြုလုပ်ဖို့ ပရိတ်သတ်တွေကို စိန်ခေါ်လိုက်တဲ့ နေထူးနိုင်

အကျိုးရှိမယ့် challenge လေးတစ်ခုပြုလုပ်ဖို့ ပရိတ်သတ်တွေကို စိန်ခေါ်လိုက်တဲ့ နေထူးနိုင်

ကိုဗစ်ကာလမှာ အနုပညာရှင်တွေဟာ တစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင် ပျော်စရာ challenge လေးတွေ ပြုလုပ်နေကြတာကို ပရိတ်သတ်တွေလည်း သိပြီးသားဖြစ်မှာပါ။

အခုတစ်ခါမှာလည်းနောက်ထပ် အနု ပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်နေထူးနိုင်ကသူ့ရဲ့ ပရိတ်သတ်တွေကို challenge တစ်ခုပြုလုပ်ဖို့ စိန်ခေါ်လိုက်ပြန်ပါပြီ။

ပရိသတ်တွေရဲ့ အချစ်တော် အက်ရှင်မင်းသားနေထူးနိုင်ကတော့ သူ့ရဲ့ ပရိသတ်တွေကို သစ်ပင်စိုက်ဖို့ Challengeလေးတစ်ခုခေါ်ခဲ့ပါတယ်။အပူဒဏ်ကို ကာကွယ်နိုင်ဖို့ရည်ရွယ်ချက်နဲ့ အခုလို Challenge လေးကို ပြိုင်ပွဲသဘောမျိုးနဲ့ လုပ်ဖို့ ခေါ်ခဲ့တာပဲဖြစ်ပါတယ်။ နေထူးနိုင်က ကိုယ်တိုင်လည်း ကမ္ဘာမြေ စိမ်းလန်းသာယာပြီး အပူဒဏ်ကို ကာကွယ်ဖို့ သစ်ပင်တွေကို စိုက်ပျိုးသလို ပရိသတ်တွေကိုလည်း သစ်ပင်စိုက်ဖို့ Challenge ခေါ်လိုက်တာပါ။

Challenge လေးမှာတော့ ကိုယ်ရဲ့ ခြံဝန်းအတွင်းမှာပဲဖြစ်ဖြစ် အခြားသော အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် ဖြစ်ဖြစ် အပင်တွေစိုက်ပျိုးရမှာဖြစ်ပြီး အပင်အရေအတွက်အများဆုံးရှင်သန်အောင်စိုက်နိုင်သူ၊ အရိပ်ရပြီး လူသားတို့အတွက်အကျိုးဖြစ်ထွန်းမှုအများဆုံးရရှိအောင်စိုက်ပျိုးနိုင်သူ၊ ရေပေးဝေမှုစနစ် အကောင်းဆုံးဖြင့် အပင်စိုက်နိုင်သူဆိုကာ(၃)ဦးကိုရွေးချယ်ပြီးနေထူးနိုင်ကိုယ်တိုင် အိမ်တိုင်ရာရောက် ဆုလာရောက် ချီးမြှင့် ပေးသွားဦးမှာပါတဲ့။

မြန်မာနိုင်ငံအတွင်း ဘယ်နေရာတွင်‌နေထိုင်သူဖြစ်ပါစေ နေထူးနိုင်ကကိုယ်တိုင် အိမ်တိုင်ရာရောက် လာရောက်၍ဆုချီးမြှင့်မှာဖြစ်ပြီး ပြိုင်ပွဲကာလကိုတော့ ယခု ကနေစပြီး (၆) လ တိတိ သတ်မှတ်ပါတယ်တဲ့။ပြိုင်ပွဲဝင်လိုတဲ့ သူတွေကတော့ မစိုက်ပျိုးခင် မြေအနေအထား၊ ပတ်ဝန်းကျင်နှင့် (၆)လအကြာ စိုက်ပျိုးပြီး အပင်အနေအထား၊ ပတ်ဝန်းကျင်အား ဓါတ်ပုံရိုက်ပြီး နေထူးနိုင်ကို Messengerသို့ပေးပို့ရမှာပါတဲ့ ပရိသတ်ကြီးရေ။

Mg Kaung (Thadinlaynyin)

အက်ိဳးရွိမယ့္ challenge ေလးတစ္ခုျပဳလုပ္ဖို႔ ပရိတ္သတ္ေတြကို စိန္ေခၚလိုက္တဲ့ ေနထူးနိုင္

ကိုဗစ္ကာလမွာ အႏုပညာရွင္ေတြဟာ တစ္ေယာက္နဲ႕တစ္ေယာက္အၿပိဳင္အဆိုင္ ေပ်ာ္စရာ challenge ေလးေတြ ျပဳလုပ္ေနၾကတာကို ပရိတ္သတ္ေတြလည္း သိၿပီးသားျဖစ္မွာပါ။

အခုတစ္ခါမွာလည္းေနာက္ထပ္ အႏု ပညာရွင္တစ္ဦးျဖစ္တဲ့ သ႐ုပ္ေဆာင္ ေနထူးနိုင္ကသူ႕ရဲ႕ ပရိတ္သတ္ေတြကို challenge တစ္ခုျပဳလုပ္ဖို႔ စိန္ေခၚလိုက္ျပန္ပါၿပီ။

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ အက္ရွင္မင္းသားေနထူးနိုင္ကေတာ့ သူ႕ရဲ႕ ပရိသတ္ေတြကို သစ္ပင္စိုက္ဖို႔ Challengeေလးတစ္ခုေခၚခဲ့ပါတယ္။အပူဒဏ္ကို ကာကြယ္နိုင္ဖို႔ရည္႐ြယ္ခ်က္နဲ႕ အခုလို Challenge ေလးကို ၿပိဳင္ပြဲသေဘာမ်ိဳးနဲ႕ လုပ္ဖို႔ ေခၚခဲ့တာပဲျဖစ္ပါတယ္။ ေနထူးနိုင္က ကိုယ္တိုင္လည္း ကမာၻေျမ စိမ္းလန္းသာယာၿပီး အပူဒဏ္ကို ကာကြယ္ဖို႔ သစ္ပင္ေတြကို စိုက္ပ်ိဳးသလို ပရိသတ္ေတြကိုလည္း သစ္ပင္စိုက္ဖို႔ Challenge ေခၚလိုက္တာပါ။

Challenge ေလးမွာေတာ့ ကိုယ္ရဲ႕ ၿခံဝန္းအတြင္းမွာပဲျဖစ္ျဖစ္ အျခားေသာ အမ်ားျပည္သူႏွင့္သက္ဆိုင္သည့္ ေနရာမ်ားတြင္ ျဖစ္ျဖစ္ အပင္ေတြစိုက္ပ်ိဳးရမွာျဖစ္ၿပီး အပင္အေရအတြက္အမ်ားဆုံးရွင္သန္ေအာင္စိုက္နိုင္သူ၊ အရိပ္ရၿပီး လူသားတို႔အတြက္အက်ိဳးျဖစ္ထြန္းမႈအမ်ားဆုံးရရွိေအာင္စိုက္ပ်ိဳးနိုင္သူ၊ ေရေပးေဝမႈစနစ္ အေကာင္းဆုံးျဖင့္ အပင္စိုက္နိုင္သူဆိုကာ (၃)ဦးကိုေ႐ြးခ်ယ္ၿပီး ေနထူးနိုင္ကိုယ္တိုင္ အိမ္တိုင္ရာေရာက္ ဆုလာေရာက္ ခ်ီးျမႇင့္ ေပးသြားဦးမွာပါတဲ့။

ျမန္မာနိုင္ငံအတြင္း ဘယ္ေနရာတြင္‌ေနထိုင္သူျဖစ္ပါေစ ေနထူးနိုင္ကကိုယ္တိုင္ အိမ္တိုင္ရာေရာက္ လာေရာက္၍ဆုခ်ီးျမႇင့္မွာျဖစ္ၿပီး ၿပိဳင္ပြဲကာလကိုေတာ့ ယခု ကေနစၿပီး (၆) လ တိတိ သတ္မွတ္ပါတယ္တဲ့။ ၿပိဳင္ပြဲဝင္လိုတဲ့ သူေတြကေတာ့ မစိုက္ပ်ိဳးခင္ ေျမအေနအထား၊ ပတ္ဝန္းက်င္ႏွင့္ (၆)လအၾကာ စိုက္ပ်ိဳးၿပီး အပင္အေနအထား၊ ပတ္ဝန္းက်င္အား ဓါတ္ပုံရိုက္ၿပီး ေနထူးနိုင္ကို Messengerသို႔ေပးပို႔ရမွာပါတဲ့ ပရိသတ္ႀကီးေရ။

Mg Kaung (Thadinlaynyin)

ရိုမတ်တစ်ဆန်တဲ့ ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်မယ့် WINNER အဖွဲ့ဝင် Kang Seung Yoon

ကန်စွန်းရိုးလို့ မြန်မာပြည်က ပရိတ်သတ်တွေချစ်စနိုးနဲ့ ခေါ်တဲ့ Winner အဖွဲ့ဝင် Kang Seung Yoon ကတော့ MBC ရဲ့ drama အသစ်မှာ ပါဝင်သရုပ်ဆောင်သွားဖို့ရှိပါတယ်။ဒီသတင်းကိုတော့ Kang Seung Yoon ရဲ့ အေဂျင်စီဖြစ်တဲ့ YG Entertainment ကနေ မေလ ၂၀ ရက်နေ့မှာ အတည်ပြုပြောကြားထားပါတယ်။

” Kairos ” လို့ အမည်ပေးထားတဲ့ ဒီဇာတ်လမ်းတွဲကတော့ romantic fantasy thriller ဇာတ်လမ်းတွဲအမျိုးအစားဖြစ်ပြီး မင်းသား Shin Sung Rok နဲ့ မင်းသမီး Lee Se Young တို့က အဓိကပါဝင်သရုပ်ဆောင်ကြမှာပါ။ Kang Seung Yoon ကတော့ Lee Se Young ရဲ့ သူငယ်ချင်းနေရာက ပါဝင်မှာပဲဖြစ်ပါတယ်။

High Kick ဇာတ်လမ်းတွဲနဲ့ သရုပ်ဆောင်နယ်ပယ်မှာ ပွဲဦးထွက်ခဲ့တဲ့ Kang Seung Yoon ဟာ သူနောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲပြီးတဲ့နောက် ၂ နှစ်အကြာမှ အခုလို ဇာတ်လမ်းတွဲတစ်ခုမှာ ပြန်လည်သရုပ်ဆောင်ခြင်းဖြစ်ပါတယ်။

” ဇာတ်ညွှန်းကို ဖတ်ကြည့်ပြီးသွားပြီ။ အကြာကြီးနေမှ အခုလို ပြန်ပြီးသရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် အရမ်းလည်း စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော့်မှာ လေ့လာသင်ယူစရာတွေအများကြီးရှိသေးပေမယ့် ကျွန်တော်နဲ့ တွဲဖက်သရုပ်ဆောင်ရမယ့်သူတွေ အခက်အခဲမဖြစ်ရအောင် အကောင်းဆုံးကြိုးစားသွားမှာပါ ” လို့ Kang Seung Yoon က ပြောထားပါတယ်။

source – Soompi

Zawgyi

႐ိုမတ္တစ္ဆန္ဆန္ ဇာတ္လမ္းတြဲအသစ္မွာ ပါဝင္သ႐ုပ္ေဆာင္မယ့္ WINNER အဖြဲ႕ဝင္ Kang Seung Yoon

ကန္စြန္း႐ိုးလို႔ ျမန္မာျပည္က ပရိတ္သတ္ေတြခ်စ္စႏိုးနဲ႔ ေခၚတဲ့ Winner အဖြဲ႕ဝင္ Kang Seung Yoon ကေတာ့ MBC ရဲ႕ drama အသစ္မွာ ပါဝင္သ႐ုပ္ေဆာင္သြားဖို႔႐ွိပါတယ္။

ဒီသတင္းကိုေတာ့ Kang Seung Yoon ရဲ႕ ေအဂ်င္စီျဖစ္တဲ့ YG Entertainment ကေန ေမလ ၂၀ ရက္ေန႔မွာ အတည္ျပဳေျပာၾကားထားပါတယ္။

” Kairos ” လို႔ အမည္ေပးထားတဲ့ ဒီဇာတ္လမ္းတြဲကေတာ့ romantic fantasy thriller ဇာတ္လမ္းတြဲအမ်ိဳးအစားျဖစ္ၿပီး မင္းသား Shin Sung Rok နဲ႔ မင္းသမီး Lee Se Young တို႔က အဓိကပါဝင္သ႐ုပ္ေဆာင္ၾကမွာပါ။ Kang Seung Yoon ကေတာ့ Lee Se Young ရဲ႕ သူငယ္ခ်င္းေနရာက ပါဝင္မွာပဲျဖစ္ပါတယ္။

High Kick ဇာတ္လမ္းတြဲနဲ႔ သ႐ုပ္ေဆာင္နယ္ပယ္မွာ ပြဲဦးထြက္ခဲ့တဲ့ Kang Seung Yoon ဟာ သူေနာက္ဆုံး႐ိုက္ကူးခဲ့တဲ့ ဇာတ္လမ္းတြဲၿပီးတဲ့ေနာက္ ၂ ႏွစ္အၾကာမွ အခုလို ဇာတ္လမ္းတြဲတစ္ခုမွာ ျပန္လည္သ႐ုပ္ေဆာင္ျခင္းျဖစ္ပါတယ္။

” ဇာတ္ၫႊန္းကို ဖတ္ၾကည့္ၿပီးသြားၿပီ။ အၾကာႀကီးေနမွ အခုလို ျပန္ၿပီးသ႐ုပ္ေဆာင္ရမွာျဖစ္တဲ့အတြက္ အရမ္းလည္း စိတ္လႈပ္႐ွားမိပါတယ္။ ကြၽန္ေတာ့္မွာ ေလ့လာသင္ယူစရာေတြအမ်ားႀကီး႐ွိေသးေပမယ့္ ကြၽန္ေတာ္နဲ႔ တြဲဖက္သ႐ုပ္ေဆာင္ရမယ့္သူေတြ အခက္အခဲမျဖစ္ရေအာင္ အေကာင္းဆုံးႀကိဳးစားသြားမွာပါ ” လို႔ Kang Seung Yoon က ေျပာထားပါတယ္။

source – Soompi

သီဟတင်စိုး နှင့်ပတ်သတ်ပြီး မိသားစုတာဝန် ကျေပွန်တဲ့ ညီမဖြစ်သူ ဆီကို လာမပြောကြဖို့ပြောလိုက်တဲ့ စည်သူတင်စိုး

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် သီဟတင်စိုးက ငွေကြေးအရှုပ်အရှင်းကိစ္စတွေကြောင့် ကျိုက်လတ်မြို့မှာ အမှုဖွင့်အရေးယူခံထားရတယ်လို့ သတင်းတွေထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။ သီဟတင်စိုးတို့မိသားစုဟာ ငွေကြေးခိုင်မာတောင့်တင်းသူတွေဖြစ်ပြီး အခုလိုကိစ္စမျိုးနဲ့ ပက်သတ်ပြီး ပရိသတ်တွေက အမျိုးမျိုး ဝေဖန်နေကြတာပဲ ဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး သီဟတင်စိုးရဲ့ ညီအရင်းဖြစ်သူ စည်သူတင်စိုးက အခုလိုပဲ ပွင့်လင်းစွာချပြပြောဆိုလာပါတယ်။

“ကိုယ်တိုင်သေချာမသိပဲ ကြားသုံးကြားထဲဝင်ပါပြီး လိုင်းပေါ်မှာထင်ရာမြင်ရာပြောနေကြလို့အမှန်တရားကိုရှင်းပြတာ။ အမေ့ကိုအမွေတောင်းတယ်။ ကုန်သွားမှာစိုးလို့ မပေးဘူးပြောတော့ အမေ့ကို ဓား နဲ့လိုက်တယ်။ မောင်နှမ၅ယောက်မှာတစ်ဦးချင်းဆီအတွက် သူ့ဝေစု ၊သူရသင့်ရထိုက်တဲ့သိန်းပေါင်း ၁၂၀၀၀ (ငွေကျပ်သိန်းပေါင်းတစ်သောင်းနှစ်ထောင်)ပိုက်၊ပျော်ပျော်ပါးပါးကြီးယူ ထွက်သွားခဲ့တာ။ အမေသေလည်းမလာဘူး၊မောင်နှမတွေသေလည်းမလာဘူးဆိုပြီး တစ်ခါတည်းဆွေခန်းမျိုးခန်းဖြတ် သူကအရင်ဖြတ်သွားတာ။”

“အမေက ဘယ်သူ့ဘယ်သူအပေါ်မှ မတရားလုပ်ထားတာမရှိဘူး။ အားလုံးညီတူမျှတူပဲ။ သူမိန်းမယူတဲ့အချိန်တုန်းကလည်းအမေကသူ့မိန်းမရဲ့နောက်ကြောင်းအရှုပ်ထုပ်တွေကိုငွေထုပ်ပိုက်ပြီးတဖက်လူကိုခြေထောက်ဖက်တောင်းပန်ပြီးလျှော်ကြေးပေးခဲ့ရတာ အားလုံးသိတယ်။ သူသာ အကိုကြီးအဖရာအနေနဲ့ရော သားကြီးသြရသအနေနဲ့ရော နောက်ဆုံးသူကိုယ်တိုင်မွေးထားတဲ့ သူကလေးတွေ အပေါ်မှာရော ဘယ်တစ်ခုမှတာဝန်မကျေခဲ့ဘူး။ လင်မယားနှစ်ယောက်လုံးပျော်ပျော်ပါးပါး တက်ညီလက်ညီသုံးဖြုံန်းလိုက်ကြတာများ ခုဆို သူတို့ရဲ့ကလေး၂ယောက်စလုံးကိုပါ ကျောင်းထုတ်ပြစ်ထားတဲ့အထိ။”

“ကောင်းစားစဉ်ကလည်း အဖေ့ဆီကိုလင်မယားနှစ်ယောက်လုံးမသွားဘူး။ မလာဘူး။ သီတင်းကျွတ်တောင်သွားမကန်ခဲ့ကြဖူးဘူး၊၊သူတို့ဒုက္ခရောက်လို့ငတ်ပြတ်တဲ့အချိန်ကြမှ အဖေ့ကိုသွားအပူကပ်၊ငိုပြ၊နှိပ်စက်လိုက်ကြတာ အဖေဟာစိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ဆုံးသွားခဲ့ရတဲ့အထိပဲ၊၊ ပိုစ့်တင်ထားတဲ့ဟိုတစ်ယောက်ရော သူ့ကိုသိပ်ချစ်ကြ ၊သိပ်အပြစ်ကင်းတယ်ထင်ပြီးလိုင်းပေါ်မှာအာချောင်နေကြတဲ့သူတွေရော၊ မနေနိုင်ရင် မကျေနပ်ရင်စုပေါင်းပြီးသာစိုက်လျှော်ပေးလိုက်ကြတော့ဗျို့။ ရှေ့မှာသူတို့လင်မယားမိုက်ခဲ့ကြသမျှ ကျန်တော့်အမေနောက်ကနေလိုက်ရှင်းခဲ့ရတာတွေကို တစ်ခုချင်းစီပြောပြရရင်စိတ်ဆင်းရဲပြီးကိုယ့်ကိုယ်တောင်သတ်သေသွားလိမ့်မယ်။”

“တစ်မိသားစုလုံးမှာသမီးမိန်းကလေးတစ်ယောက်ပဲပါလို့ ဝိုင်းပြီးချစ်ကြရတဲ့ ကျွန်တော့ညီမ၊ အိမ်ကစီပွားရေးလုပ်ငန်းမှန်သမျှသူ့နာမည်ပေးခဲ့တဲ့အထိတအိမ်လုံးကဝိုင်းချစ်ကြတဲ့ကျွန်တော့်ညီမ၊ အကိုအကြီးဆုံးကနေစပြီး အကိုအယောက်ဆီတိုင်းအပေါ်(သူ့အိမ်ထောင်နဲ့သူဖြစ်နေတာတောင်)တာဝန်ကျေတာထက် ပိုပြီး သိတတ်တဲ့ကျွန်တော့်ညီမ၊ သူတပါးမိသားစုအတွင်းရေးသေချာလည်းမသိဘဲရမ်းသန်းအာချောင်ချင်ပြီး သူ တစ်ခုခုဖြစ်တာနဲ့ ကျွန်တော့် ညီမကို လာပြောနေကြတဲ့သူတွေ သေသေချာချာ ဖတ်ကြည့်ပေးပါ။ ဒီထက်မှအသေးစိတ်သိချင်ကြသေးတယ်ဆိုရင်လည်း ကျွန်တော့်ဖုန်းနံပတ် ၀၉ ၄၅၁၄၆၆၆၁၆ ကို ဆက်မေးကြပါ။ တဖက်သတ်အမြင်နဲ့စိတ်ထင်ရာပေါက်ကရတွေ ဝင်ရေးဝင်မန့်နေကြတာ ကျေးဇူးပြုပြီးရပ်ပေးကြပါ။” လို့ စည်သူတင်စိုးက ပြောထားတာပဲ ဖြစ်ပါတယ်။

Credit

Zawgyi

႐ုပ္႐ွင္နဲ႔ ဗီဒီယိုသ႐ုပ္ေဆာင္ သီဟတင္စိုးက ေငြေၾကးအ႐ႈပ္အ႐ွင္းကိစၥေတြေၾကာင့္ က်ိဳက္လတ္ၿမိဳ႕မွာ အမႈဖြင့္အေရးယူခံထားရတယ္လို႔ သတင္းေတြထြက္ေပၚေနတာပဲ ျဖစ္ပါတယ္။ သီဟတင္စိုးတို႔မိသားစုဟာ ေငြေၾကးခိုင္မာေတာင့္တင္းသူေတြျဖစ္ၿပီး အခုလိုကိစၥမ်ိဳးနဲ႔ ပက္သတ္ၿပီး ပရိသတ္ေတြက အမ်ိဳးမ်ိဳး ေဝဖန္ေနၾကတာပဲ ျဖစ္ပါတယ္။ ထိုကိစၥနဲ႔ ပက္သတ္ၿပီး သီဟတင္စိုးရဲ႕ ညီအရင္းျဖစ္သူ စည္သူတင္စိုးက အခုလိုပဲ ပြင့္လင္းစြာခ်ျပေျပာဆိုလာပါတယ္။

“ကိုယ္တိုင္ေသခ်ာမသိပဲ ၾကားသုံးၾကားထဲဝင္ပါၿပီး လိုင္းေပၚမွာထင္ရာျမင္ရာေျပာေနၾကလို႔အမွန္တရားကို႐ွင္းျပတာ။ အေမ့ကိုအေမြေတာင္းတယ္။ ကုန္သြားမွာစိုးလို႔ မေပးဘူးေျပာေတာ့ အေမ့ကို ဓား နဲ႔လိုက္တယ္။ ေမာင္ႏွမ၅ေယာက္မွာတစ္ဦးခ်င္းဆီအတြက္ သူ႕ေဝစု ၊သူရသင့္ရထိုက္တဲ့သိန္းေပါင္း ၁၂၀၀၀ (ေငြက်ပ္သိန္းေပါင္းတစ္ေသာင္းႏွစ္ေထာင္)ပိုက္၊ေပ်ာ္ေပ်ာ္ပါးပါးႀကီးယူ ထြက္သြားခဲ့တာ။ အေမေသလည္းမလာဘူး၊ေမာင္ႏွမေတြေသလည္းမလာဘူးဆိုၿပီး တစ္ခါတည္းေဆြခန္းမ်ိဳးခန္းျဖတ္ သူကအရင္ျဖတ္သြားတာ။”

“အေမက ဘယ္သူ႕ဘယ္သူအေပၚမွ မတရားလုပ္ထားတာမ႐ွိဘူး။ အားလုံးညီတူမွ်တူပဲ။ သူမိန္းမယူတဲ့အခ်ိန္တုန္းကလည္းအေမကသူ႕မိန္းမရဲ႕ေနာက္ေၾကာင္းအ႐ႈပ္ထုပ္ေတြကိုေငြထုပ္ပိုက္ၿပီးတဖက္လူကိုေျခေထာက္ဖက္ေတာင္းပန္ၿပီးေလွ်ာ္ေၾကးေပးခဲ့ရတာ အားလုံးသိတယ္။ သူသာ အကိုႀကီးအဖရာအေနနဲ႔ေရာ သားႀကီးၾသရသအေနနဲ႔ေရာ ေနာက္ဆုံးသူကိုယ္တိုင္ေမြးထားတဲ့ သူကေလးေတြ အေပၚမွာေရာ ဘယ္တစ္ခုမွတာဝန္မေက်ခဲ့ဘူး။ လင္မယားႏွစ္ေယာက္လုံးေပ်ာ္ေပ်ာ္ပါးပါး တက္ညီလက္ညီသုံးျဖဳံန္းလိုက္ၾကတာမ်ား ခုဆို သူတို႔ရဲ႕ကေလး၂ေယာက္စလုံးကိုပါ ေက်ာင္းထုတ္ျပစ္ထားတဲ့အထိ။”

“ေကာင္းစားစဥ္ကလည္း အေဖ့ဆီကိုလင္မယားႏွစ္ေယာက္လုံးမသြားဘူး။ မလာဘူး။ သီတင္းကြၽတ္ေတာင္သြားမကန္ခဲ့ၾကဖူးဘူး၊၊သူတို႔ဒုကၡေရာက္လို႔ငတ္ျပတ္တဲ့အခ်ိန္ၾကမွ အေဖ့ကိုသြားအပူကပ္၊ငိုျပ၊ႏွိပ္စက္လိုက္ၾကတာ အေဖဟာစိတ္ဆင္းရဲကိုယ္ဆင္းရဲနဲ႔ဆုံးသြားခဲ့ရတဲ့အထိပဲ၊၊ ပိုစ့္တင္ထားတဲ့ဟိုတစ္ေယာက္ေရာ သူ႕ကိုသိပ္ခ်စ္ၾက ၊သိပ္အျပစ္ကင္းတယ္ထင္ၿပီးလိုင္းေပၚမွာအာေခ်ာင္ေနၾကတဲ့သူေတြေရာ၊ မေနႏိုင္ရင္ မေက်နပ္ရင္စုေပါင္းၿပီးသာစိုက္ေလွ်ာ္ေပးလိုက္ၾကေတာ့ဗ်ိဳ႕။ ေ႐ွ႕မွာသူတို႔လင္မယားမိုက္ခဲ့ၾကသမွ် က်န္ေတာ့္အေမေနာက္ကေနလိုက္႐ွင္းခဲ့ရတာေတြကို တစ္ခုခ်င္းစီေျပာျပရရင္စိတ္ဆင္းရဲၿပီးကိုယ့္ကိုယ္ေတာင္သတ္ေသသြားလိမ့္မယ္။”

“တစ္မိသားစုလုံးမွာသမီးမိန္းကေလးတစ္ေယာက္ပဲပါလို႔ ဝိုင္းၿပီးခ်စ္ၾကရတဲ့ ကြၽန္ေတာ့ညီမ၊ အိမ္ကစီပြားေရးလုပ္ငန္းမွန္သမွ်သူ႕နာမည္ေပးခဲ့တဲ့အထိတအိမ္လုံးကဝိုင္းခ်စ္ၾကတဲ့ကြၽန္ေတာ့္ညီမ၊ အကိုအႀကီးဆုံးကေနစၿပီး အကိုအေယာက္ဆီတိုင္းအေပၚ(သူ႕အိမ္ေထာင္နဲ႔သူျဖစ္ေနတာေတာင္)တာဝန္ေက်တာထက္ ပိုၿပီး သိတတ္တဲ့ကြၽန္ေတာ့္ညီမ၊ သူတပါးမိသားစုအတြင္းေရးေသခ်ာလည္းမသိဘဲရမ္းသန္းအာေခ်ာင္ခ်င္ၿပီး သူ တစ္ခုခုျဖစ္တာနဲ႔ ကြၽန္ေတာ့္ ညီမကို လာေျပာေနၾကတဲ့သူေတြ ေသေသခ်ာခ်ာ ဖတ္ၾကည့္ေပးပါ။ ဒီထက္မွအေသးစိတ္သိခ်င္ၾကေသးတယ္ဆိုရင္လည္း ကြၽန္ေတာ့္ဖုန္းနံပတ္ ၀၉ ၄၅၁၄၆၆၆၁၆ ကို ဆက္ေမးၾကပါ။ တဖက္သတ္အျမင္နဲ႔စိတ္ထင္ရာေပါက္ကရေတြ ဝင္ေရးဝင္မန္႔ေနၾကတာ ေက်းဇူးျပဳၿပီးရပ္ေပးၾကပါ။” လို႔ စည္သူတင္စိုးက ေျပာထားတာပဲ ျဖစ္ပါတယ္။

Credit