အရင်လိုအပြင်ကိုလွတ်လွတ်လပ်လပ်ပြန်ထွက်လို့ရတာနဲ့ တွေ့သမျှလူဖက်နမ်းပစ်မယ်ဆိုတဲ့ ကျော်ကျော်ဗိုလ်

မြန်မာ့ဇာတ်သဘင်လောကထဲက ထိပ်တန်းသဘင်ပညာသည် မျိုးဆက်တစ်ဦးဖြစ်သလို ရုပ်ရှင်လောကထဲမှာ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တဲ့သူကတော့ သရုပ်ဆောင် အကယ်ဒမီ ကျော်ကျော်ဗိုလ်ပါ။

ကျော်ကျော်ဗိုလ်ကတော့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်သလို ဒါရိုက်တာမောင်မျိုးမင်းစီစဉ်တဲ့ နှင်းဆီအငြိမ့်မှာလည်း လူရွှင်တော်တစ်ဦးအဖြစ်နဲ့ ဖျော်ဖြေနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ ကျော်ကျော်ဗိုလ်က stay home ကာလကို အိမ်မှာပဲဖြတ်သန်းရင်း သီချင်းတွေလည်းဆိုဖြစ်နေပါတယ်။ ဒီအကြောင်းနဲ့ပက်သက်ပြီးသူ

” Stay home ကာလမှာ မိုးလင်းတာနဲ့ ဘုရားတရားလုပ်ဖြစ်တယ်။ ရုပ်ရှင်ကြည့်တယ်၊ စာဖတ်တယ်။ သမီးလေးနဲ့မိသားစုအနားမှာ အချိန်ပေးပြီးနေဖြစ်တယ်။ social network မှာ ပရိသတ်တွေကို စိတ်ကူးရရင် ရသလို သီချင်းလေးတွေ ဆိုပြတာ၊ ဗီဒီယို အတိုလေးတွေ ရိုက်ပြတာရှိတယ်။ ကျန်တာ ထွေထွေထူး ထူး လုပ်စရာတော့ မရှိပါဘူး။

သီချင်းဆိုတာက ရုပ်ရှင်မရိုက်ခင်ကတည်းက ဝါသနာပါတာ။ ဂီတကို အရင်ရူးသွပ်ခဲ့တာ။ ငယ်ငယ်ကအိမ်မှာ အမေနဲ့အဒေါ်တွေက ဘောလိဝုဒ်ကားတွေကြည့်တာများတော့ သူတို့နဲ့လိုက်ကြည့်ရင်း စိတ်ထဲမှာ သူတို့ရဲ့အနုပညာ အငွေ့အသက်တွေက ရင်းနှီးပြီးသား ဖြစ်နေတာနဲ့ နားရည် ဝပြီး ဆိုဖြစ်၊ ကဖြစ်သွားတာပါ။ ” လို့ပြောပြလာပါတယ်။

ဒါ့အပြင် သူက သရုပ်ဆောင်တစ်ယောက်ဖြစ်တာနဲ့အညီ အရင်လို ရိုက်ကူးရေးတွေ အမြန်ဆုံးပြန်လုပ်ခွင့်ရဖို့ မျှော်လင့်နေပြီး ရုပ်ရှင်ရိုက်ကွင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လွမ်းမောနေမိတဲ့အကြောင်းကိုလည်း

” အနုပညာလောကရဲ့လှုပ်ရှားနေရတဲ့ အနေအထားနဲ့ ဒီရောဂါရဲ့အနေအထားက လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတော့ စိတ်မကောင်းဘူး။ လွတ်လွတ်လပ်လပ်နဲ့ အပြင်ထွက်လို့ရတဲ့နေ့ရောက်ရင် မျက်စိရှေ့မှာတွေ့သမျှလူကို ဖက်နမ်းမယ်။ တကယ်စိတ်ရင်းနဲ့ပြောတာ။ ” ဆိုပြီး သူ့ရဲ့ စိတ်ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

Mg Kaung (Thadinlaynyin)

Zawgyi

အရင္လိုအျပင္ကိုလြတ္လြတ္လပ္လပ္ျပန္ထြက္လို႔ရတာနဲ႔ ေတြ႕သမွ်လူဖက္နမ္းပစ္မယ္ဆိုတဲ့ ေက်ာ္ေက်ာ္ဗိုလ္

ျမန္မာ့ဇာတ္သဘင္ေလာကထဲက ထိပ္တန္းသဘင္ပညာသည္ မ်ိဳးဆက္တစ္ဦးျဖစ္သလို ႐ုပ္႐ွင္ေလာကထဲမွာ ႏွစ္ေပါင္းမ်ားစြာ ရပ္တည္လာခဲ့တဲ့သူကေတာ့ သ႐ုပ္ေဆာင္ အကယ္ဒမီ ေက်ာ္ေက်ာ္ဗိုလ္ပါ။

ေက်ာ္ေက်ာ္ဗိုလ္ကေတာ့ သ႐ုပ္ေဆာင္တစ္ဦးလည္းျဖစ္သလို ဒါ႐ိုက္တာေမာင္မ်ိဳးမင္းစီစဥ္တဲ့ ႏွင္းဆီအၿငိမ့္မွာလည္း လူ႐ႊင္ေတာ္တစ္ဦးအျဖစ္နဲ႔ ေဖ်ာ္ေျဖေနသူတစ္ေယာက္လည္းျဖစ္ပါတယ္။

အခုလက္႐ွိမွာေတာ့ ေက်ာ္ေက်ာ္ဗိုလ္က stay home ကာလကို အိမ္မွာပဲျဖတ္သန္းရင္း သီခ်င္းေတြလည္းဆိုျဖစ္ေနပါတယ္။ ဒီအေၾကာင္းနဲ႔ပက္သက္ၿပီးသူ

” Stay home ကာလမွာ မိုးလင္းတာနဲ႔ ဘုရားတရားလုပ္ျဖစ္တယ္။ ႐ုပ္႐ွင္ၾကည့္တယ္၊ စာဖတ္တယ္။ သမီးေလးနဲ႔မိသားစုအနားမွာ အခ်ိန္ေပးၿပီးေနျဖစ္တယ္။ social network မွာ ပရိသတ္ေတြကို စိတ္ကူးရရင္ ရသလို သီခ်င္းေလးေတြ ဆိုျပတာ၊ ဗီဒီယို အတိုေလးေတြ ႐ိုက္ျပတာ႐ွိတယ္။ က်န္တာ ေထြေထြထူး ထူး လုပ္စရာေတာ့ မ႐ွိပါဘူး။

သီခ်င္းဆိုတာက ႐ုပ္႐ွင္မ႐ိုက္ခင္ကတည္းက ဝါသနာပါတာ။ ဂီတကို အရင္႐ူးသြပ္ခဲ့တာ။ ငယ္ငယ္ကအိမ္မွာ အေမနဲ႔အေဒၚေတြက ေဘာလိဝုဒ္ကားေတြၾကည့္တာမ်ားေတာ့ သူတို႔နဲ႔လိုက္ၾကည့္ရင္း စိတ္ထဲမွာ သူတို႔ရဲ႕အႏုပညာ အေငြ႕အသက္ေတြက ရင္းႏွီးၿပီးသား ျဖစ္ေနတာနဲ႔ နားရည္ ဝၿပီး ဆိုျဖစ္၊ ကျဖစ္သြားတာပါ။ ” လို႔ေျပာျပလာပါတယ္။

ဒါ့အျပင္ သူက သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တာနဲ႔အညီ အရင္လို ႐ိုက္ကူးေရးေတြ အျမန္ဆုံးျပန္လုပ္ခြင့္ရဖို႔ ေမွ်ာ္လင့္ေနၿပီး ႐ုပ္႐ွင္႐ိုက္ကြင္းေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြကို လြမ္းေမာေနမိတဲ့အေၾကာင္းကိုလည္း

” အႏုပညာေလာကရဲ႕လႈပ္႐ွားေနရတဲ့ အေနအထားနဲ႔ ဒီေရာဂါရဲ႕အေနအထားက လုံးဝ ဆန္႔က်င္ဘက္ျဖစ္ေနေတာ့ စိတ္မေကာင္းဘူး။ လြတ္လြတ္လပ္လပ္နဲ႔ အျပင္ထြက္လို႔ရတဲ့ေန႔ေရာက္ရင္ မ်က္စိေ႐ွ႕မွာေတြ႕သမွ်လူကို ဖက္နမ္းမယ္။ တကယ္စိတ္ရင္းနဲ႔ေျပာတာ။ ” ဆိုၿပီး သူ႕ရဲ႕ စိတ္ခံစားခ်က္ကို ပြင့္ပြင့္လင္းလင္းေျပာျပလာပါတယ္။

Mg Kaung (Thadinlaynyin)

မင်္ဂလာသက်တမ်း ၂ နှစ်ပြည့်သွားပြီဖြစ်တဲ့ အောင်သူ နဲ့ ပိုးအိအိခန့်

မင်္ဂလာသက်တမ်း ၂ နှစ်ပြည့်သွားပြီဖြစ်တဲ့ အောင်သူ နဲ့ ပိုးအိအိခန့်

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ တိုက်စစ်မှုးအောင်သူ နဲ့ ချစ်စရာကောင်းတဲ့ သရုပ်ဆောင် မင်းသမီး ပိုးအိအိခန့်တို့ကတော့ ဒီနေ့ မေလ ၃၁ ရက်နေ့မှာတော့ မင်္ဂလာသက်တမ်း ၂ နှစ်ပြည့်သွားပြီလို့သိရပါတယ်။

အွန်လိုင်းမှာဂိမ်းအတူဆော့ရင်းကနေ ဖူးစာစုံခဲ့ကြတယ်ဆိုတဲ့ အောင်သူ နဲ့ ပိုးအိအိခန့်တို့ကတော့ လက်ရှိမှာ သာယာအေးချမ်းပြီးပျော်စရာကောင်းတဲ့ မိသား စုဘဝလေးကို ပိုင်ဆိုင်ထားတာပါ။

အခုလို မင်္ဂလာသက်တမ်း ၂ နှစ်ပြည့်သွားတာနဲ့ ပက်သက်ပြီး ပိုးအိအိခန့်က သူမရဲ့ Facebook စာမျက်နှာကနေ

“ဒီနေ့ လို မေ ၃၁ လွန်ခဲ့တဲ့ ၂ နှစ်မှာ ၂ ယောက်လုံး ဘဝခရီးလမ်းကို အတူတူလျှောက်ဖို့ ဆုံးဖြတ်ချက်တွေ ခိုင်ခိုင်မာမာချပြီး တရားရုံးရှေ့မှောက် လက်ထပ်စာချုပ်ပေါ် လက်မှတ်ရေးထိုးခဲ့တာ အခုဆို သားလေးတစ်ယောက်တောင်ရပြီပေါ့လား။

Happy 2 Years Anniversary ️ပါနော်ယောကျာ်း။အခုထက်ပိုပြီး ပျော်ရွှင်သာယာတဲ့ဘဝကို နှစ်ယောက်အတူ ဖန်တီးပြီး လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ် ယောကျာ်းရေ။အမြဲတမ်း မိန်းမစကားကို အလေး ထားပြီးတန်ဖိုးထားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်။ဟိုတုန်း ကထက်ပိုချစ်တယ်နော် ကလေးအဖေ။ ” ဆိုပြီး ခင်ပွန်းဖြစ်သူအတွက် မင်္ဂလာဆုတောင်းစကားလေးရေးသားဖော်ပြထားပါသေးတယ်။

အောင်သူ နဲ့ ပိုးအိအိခန့် တို့ရဲ့ ၂ နှစ်ပြည့် မင်္ဂလာသက်တမ်းအတွက် ပရိတ်သတ်တွေအပြင် လုပ်ဖော်ကိုင်ဖက် အနုပညာတွေမောင်နှမတွေနဲ့ အားကစားသမားအချို့ကလည်း ဆုမွန်ကောင်းစကားတွေ ဝိုင်းဝန်းရေးသားဖော်ပြပေးခဲ့ကြပါသေးတယ်။

Mg Kaung (Thadin Laynyin)

မဂၤလာသက္တမ္း ၂ ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ ေအာင္သူ နဲ႕ ပိုးအိအိခန႔္

ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းရဲ႕ တိုက္စစ္မႈးေအာင္သူ နဲ႕ ခ်စ္စရာေကာင္းတဲ့ သ႐ုပ္ေဆာင္ မင္းသမီး ပိုးအိအိခန႔္တို႔ကေတာ့ ဒီေန႕ ေမလ ၃၁ ရက္ေန႕မွာေတာ့ မဂၤလာသက္တမ္း ၂ ႏွစ္ျပည့္သြားၿပီလို႔သိရပါတယ္။

အြန္လိုင္းမွာဂိမ္းအတူေဆာ့ရင္းကေန ဖူးစာစုံခဲ့ၾကတယ္ဆိုတဲ့ ေအာင္သူ နဲ႕ ပိုးအိအိခန႔္တို႔ကေတာ့ လက္ရွိမွာ သာယာေအးခ်မ္းၿပီးေပ်ာ္စရာေကာင္းတဲ့ မိသား စုဘဝေလးကို ပိုင္ဆိုင္ထားတာပါ။

အခုလို မဂၤလာသက္တမ္း ၂ ႏွစ္ျပည့္သြားတာနဲ႕ ပက္သက္ၿပီး ပိုးအိအိခန႔္က သူမရဲ႕ Facebook စာမ်က္ႏွာကေန

“ဒီေန႕ လို ေမ ၃၁ လြန္ခဲ့တဲ့ ၂ ႏွစ္မွာ ၂ ေယာက္လုံး ဘဝခရီးလမ္းကို အတူတူေလွ်ာက္ဖို႔ ဆုံးျဖတ္ခ်က္ေတြ ခိုင္ခိုင္မာမာခ်ၿပီး တရား႐ုံးေရွ႕ေမွာက္ လက္ထပ္စာခ်ဳပ္ေပၚ လက္မွတ္ေရးထိုးခဲ့တာ အခုဆို သားေလးတစ္ေယာက္ေတာင္ရၿပီေပါ့လား။

Happy 2 Years Anniversary ️ပါေနာ္ေယာက်ာ္း။အခုထက္ပိုၿပီး ေပ်ာ္႐ႊင္သာယာတဲ့ဘဝကို ႏွစ္ေယာက္အတူ ဖန္တီးၿပီး ေလွ်ာက္လွမ္းနိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းပါတယ္ ေယာက်ာ္းေရ။အၿမဲတမ္း မိန္းမစကားကို အေလး ထားၿပီးတန္ဖိုးထားေပးတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္ရွင္။ဟိုတုန္း ကထက္ပိုခ်စ္တယ္ေနာ္ ကေလးအေဖ။ ” ဆိုၿပီး ခင္ပြန္းျဖစ္သူအတြက္ မဂၤလာဆုေတာင္းစကားေလးေရးသားေဖာ္ျပထားပါေသးတယ္။

ေအာင္သူ နဲ႕ ပိုးအိအိခန႔္ တို႔ရဲ႕ ၂ ႏွစ္ျပည့္ မဂၤလာသက္တမ္းအတြက္ ပရိတ္သတ္ေတြအျပင္ လုပ္ေဖာ္ကိုင္ဖက္ အႏုပညာေတြေမာင္ႏွမေတြနဲ႕ အားကစားသမားအခ်ိဳ႕ကလည္း ဆုမြန္ေကာင္းစကားေတြ ဝိုင္းဝန္းေရးသားေဖာ္ျပေပးခဲ့ၾကပါေသးတယ္။

Mg Kaung (Thadin Laynyin)

ကိုဗစ်ကာလမှာ အနုပညာသမားတွေ အထိနာကြတယ်ဆိုတဲ့ကိစ္စနဲ့ပက်သက်ပြီးပွင့်ပွင့်လင်းလင်းပြောလိုက်တဲ့ ဇာဂနာ

ကိုဗစ်ကာလမှာ အနုပညာသမားတွေ အထိနာကြတယ်ဆိုတဲ့ကိစ္စနဲ့ပက်သက်ပြီးပွင့်ပွင့်လင်းလင်းပြောလိုက်တဲ့ ဇာဂနာ

တစ်ခေတ်တစ်ခါက နိုင်ငံရေးလောကကို ထိမိတဲ့ ပြက်လုံးတွေနဲ့ သရော်ပြီး အပြုသဘောင်ဆောင်ထောက်ပြခဲ့လို့ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရခဲ့သူက ဟာသ သရုပ်ဆောင်ဇာဂနာပါ။

ဇာဂနာရဲ့ ပြက်လုံးတွေကတော့ ပရိတ်သတ်တွေကြားမှာရေပန်းစားကျော်ကြား ခဲ့ရုံသာမကဘဲ နိုင်ငံရေးပုဒ်မနဲ့ထောင် ကျသည်အထိအောင်မြင်ခဲ့တာတော့ ပရိတ်သတ်တွေသိပြီးသားဖြစ်မှာပါ။

အခုလက်ရှိမှာတော့ ဟာသရုပ်ဆောင်ဇာဂနာဟာ ဒါရိုက်တာ ဇာတ်ညွှန်းရေးဆာတစ်ယောက်အဖြစ်ပါ ပူးတွဲလုပ်ကိုင်နေသလို မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းက ပါဝင်ဆောင်ရွက်နေသူဖြစ်ပါတယ်။

လတ်တလော ကိုဗစ်ကာလမှာ အနုပညာသမားတွေ အထိနာကြတယ် ဆိုတဲ့ ကိစ္စနဲ့ပက်သက်ပြီးသရုပ်ဆောင် ဇာဂနာ က အခုလိုပြောပြလာပါတယ်။

” အထိနာတာကတော့ တစ်ကမ္ဘာလုံးပါပဲ။ အနုပညာသမားမှ မဟုတ်ပါဘူး။ လူတိုင်းအထိနာကြတာ။အဲ့ဒါကိုမှ အနု ပညာသမားတွေပဲ ပိုပြီး အထိနာတယ်လို့ ပြောရင် ဘယ်တရားမလဲ။ ဒါကတော့ ဘယ်တတ်နိုင်မလဲ။ စားတုန်းကလည်းစားခဲ့ပြီးပြီ။ ဒီလောက်ကတော့ ခံပေါ့။ အဲ့ဒါကိုမှ မခံနိုင်ဘူးဖြစ်နေရင်လည်း ဆက်မလုပ်ကြနဲ့ပေါ့။ ဒါပဲရှိတယ်။ ”

အနုပညာလှုပ်ရှားမှုတွေ ယာယီရပ်ဆိုင်းထားရတဲ့ ကိုဗစ်ကာလမှာ အနုပညာရှင်တွေဟာသူ့ထက်ငါအပြိုင်အဆိုင် ဈေး ရောင်းနေကြတဲ့ ကိစ္စတွေကလည်း တချို့သော ပရိတ်သတ်တွေကြားမှာတော့ ဝေဖန်မှုတွေရှိနေသလို ၊ အခြေခံလူတန်းစား ဈေးသည်စစ်စစ်တွေဆီက စားခွက်လုတယ် ဆိုပြီးတော့လည်း ပြစ်တင်ပြောဆိုမှုတွေရှိနေတာဖြစ်ပါတယ်။ ဒီကိစ္စတွေနဲ့ပက်သက်ပြီးတော့လည်း သရုပ်ဆောင် ဇာဂနာက

” ဈေးရောင်းတာတော့ ရောင်းကြပါစေ။ ဒါမကောင်းတာလုပ်စားတာမှမဟုတ်တာ။ သူများပစ္စည်းခိုးတာလည်း မဟုတ်ဘူး။ သူများ နှမ တက်လုနေတာလည်း မဟုတ်ဘူး။ ရောင်းတာတော့ ရောင်းကြပါစေ။ သူတို့လည်း ဘယ်လောက်ရောင်းနိုင်မှာလဲ။ အလွန်ဆုံး ၃ လပေါ့။ ရောင်းသူဝယ်သူ အသံတူဆိုတဲ့ စကားအတိုင်း ဝယ်စားတဲ့သူတွေရှိနေလို့လည်း သူတို့လည်းရောင်းနေရတာပေါ့။ နောက်ပိုင်း ဝယ်စားတဲ့သူမရှိတော့ရင် သူတို့လည်းရပ်သွားပါလိမ့်မယ် ” ဆိုပြီး ပြောပြလာပါတယ်။

သရုပ်ဆောင် ဇာဂနာကတော့ အခုလက်ရှိမှာ stay home ကာလကို အိမ်မှာပဲ ဖြတ်သန်းနေပြီး ရုပ်ရှင် နဲ့ သဘင်လောက က အခက်အခဲဖြစ်နေတဲ့ ဟာသသရုပ်ဆောင်တွေနဲ့ လူရွှင်တော်တွေကို အလှူအတန်းပြုနိုင်ဖို့ ရင်းနှီးသူ မိတ်ဆွေတွေထံမှ အလှူလိုက်ခံနေတယ်လို့လည်းသိရပါတယ်။

Mg Kaung (Thadin Laynyin)

ကိုဗစ္ကာလမွာ အႏုပညာသမားေတြ အထိနာၾကတယ္ဆိုတဲ့ကိစၥနဲ႕ပက္သက္ၿပီးပြင့္ပြင့္လင္းလင္းေျပာလိုက္တဲ့ ဇာဂနာ

တစ္ေခတ္တစ္ခါက နိုင္ငံေရးေလာကကို ထိမိတဲ့ ျပက္လုံးေတြနဲ႕ သေရာ္ၿပီး အျပဳသေဘာင္ေဆာင္ေထာက္ျပခဲ့လို႔ ပရိတ္သတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကိုရခဲ့သူက ဟာသ သ႐ုပ္ေဆာင္ဇာဂနာပါ။

ဇာဂနာရဲ႕ ျပက္လုံးေတြကေတာ့ ပရိတ္သတ္ေတြၾကားမွာေရပန္းစားေက်ာ္ၾကား ခဲ့႐ုံသာမကဘဲ နိုင္ငံေရးပုဒ္မနဲ႕ေထာင္ က်သည္အထိေအာင္ျမင္ခဲ့တာေတာ့ ပရိတ္သတ္ေတြသိၿပီးသားျဖစ္မွာပါ။

အခုလက္ရွိမွာေတာ့ ဟာသ႐ုပ္ေဆာင္ဇာဂနာဟာ ဒါရိုက္တာ ဇာတ္ၫႊန္းေရးဆာတစ္ေယာက္အျဖစ္ပါ ပူးတြဲလုပ္ကိုင္ေနသလို ျမန္မာ့႐ုပ္ရွင္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္လည္း တစ္ဖက္တစ္လမ္းက ပါဝင္ေဆာင္႐ြက္ေနသူျဖစ္ပါတယ္။

လတ္တေလာ ကိုဗစ္ကာလမွာ အႏုပညာသမားေတြ အထိနာၾကတယ္ ဆိုတဲ့ ကိစၥနဲ႕ပက္သက္ၿပီးသ႐ုပ္ေဆာင္ ဇာဂနာ က အခုလိုေျပာျပလာပါတယ္။

” အထိနာတာကေတာ့ တစ္ကမာၻလုံးပါပဲ။ အႏုပညာသမားမွ မဟုတ္ပါဘူး။ လူတိုင္းအထိနာၾကတာ။အဲ့ဒါကိုမွ အႏု ပညာသမားေတြပဲ ပိုၿပီး အထိနာတယ္လို႔ ေျပာရင္ ဘယ္တရားမလဲ။ ဒါကေတာ့ ဘယ္တတ္နိုင္မလဲ။ စားတုန္းကလည္းစားခဲ့ၿပီးၿပီ။ ဒီေလာက္ကေတာ့ ခံေပါ့။ အဲ့ဒါကိုမွ မခံနိုင္ဘူးျဖစ္ေနရင္လည္း ဆက္မလုပ္ၾကနဲ႕ေပါ့။ ဒါပဲရွိတယ္။ ”

အႏုပညာလႈပ္ရွားမႈေတြ ယာယီရပ္ဆိုင္းထားရတဲ့ ကိုဗစ္ကာလမွာ အႏုပညာရွင္ေတြဟာသူ႕ထက္ငါအၿပိဳင္အဆိုင္ ေဈး ေရာင္းေနၾကတဲ့ ကိစၥေတြကလည္း တခ်ိဳ႕ေသာ ပရိတ္သတ္ေတြၾကားမွာေတာ့ ေဝဖန္မႈေတြရွိေနသလို ၊ အေျခခံလူတန္းစား ေဈးသည္စစ္စစ္ေတြဆီက စားခြက္လုတယ္ ဆိုၿပီးေတာ့လည္း ျပစ္တင္ေျပာဆိုမႈေတြရွိေနတာျဖစ္ပါတယ္။ ဒီကိစၥေတြနဲ႕ပက္သက္ၿပီးေတာ့လည္း သ႐ုပ္ေဆာင္ ဇာဂနာက

” ေဈးေရာင္းတာေတာ့ ေရာင္းၾကပါေစ။ ဒါမေကာင္းတာလုပ္စားတာမွမဟုတ္တာ။ သူမ်ားပစၥည္းခိုးတာလည္း မဟုတ္ဘူး။ သူမ်ား ႏွမ တက္လုေနတာလည္း မဟုတ္ဘူး။ ေရာင္းတာေတာ့ ေရာင္းၾကပါေစ။ သူတို႔လည္း ဘယ္ေလာက္ေရာင္းနိုင္မွာလဲ။ အလြန္ဆုံး ၃ လေပါ့။ ေရာင္းသူဝယ္သူ အသံတူဆိုတဲ့ စကားအတိုင္း ဝယ္စားတဲ့သူေတြရွိေနလို႔လည္း သူတို႔လည္းေရာင္းေနရတာေပါ့။ ေနာက္ပိုင္း ဝယ္စားတဲ့သူမရွိေတာ့ရင္ သူတို႔လည္းရပ္သြားပါလိမ့္မယ္ ” ဆိုၿပီး ေျပာျပလာပါတယ္။

သ႐ုပ္ေဆာင္ ဇာဂနာကေတာ့ အခုလက္ရွိမွာ stay home ကာလကို အိမ္မွာပဲ ျဖတ္သန္းေနၿပီး ႐ုပ္ရွင္ နဲ႕ သဘင္ေလာက က အခက္အခဲျဖစ္ေနတဲ့ ဟာသသ႐ုပ္ေဆာင္ေတြနဲ႕ လူ႐ႊင္ေတာ္ေတြကို အလႉအတန္းျပဳနိုင္ဖို႔ ရင္းႏွီးသူ မိတ္ေဆြေတြထံမွ အလႉလိုက္ခံေနတယ္လို႔လည္းသိရပါတယ္။

Mg Kaung (Thadin Laynyin)

ဂီတအကြောင်းဂဃဏန မသိဘဲ ဆရာကြီးလုပ်နေတဲ့သူတွေကို အိမ့်ချစ်ပြောပြီ

တေးသံရှင် ချစ်ကောင်း ရဲ့ မျိုးဆက်တစ်ဦးဖြစ်သလို ကိုယ်တိုင်ကလည်း အနုပညာလောကမှာ ပုံစံသစ်တစ်မျိုးထိုးဖောက်ပြီး ဖခင်ခြေရာနင်းနိုင်ခဲ့တဲ့ တေးသံရှင်ကတော့ အိမ့်ချစ်ပါ။

အိမ့်ချစ်ကတော့ သူမရဲ့ အသံပါဝါအားကောင်းကောင်း နဲ့ သီချင်းသီဆိုနိုင်မှုအပြင် ဖျော်ဖြေပွဲတေမှာ စင်အောက်ကပရိတ်သတ်နဲ့ တသားတည်းဖြစ်အောင်ပွဲထိန်းနိုင်မှုကြောင့်လည်း ပရိတ်သတ်တွေရဲ့ သဘောကျနှစ်သက်ခြင်းကိုရရှိထားသူပါ။

သိပ်မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ FG Live Lounge ဖျော်ဖြေပွဲမှာလည်း ဖခင်ဖြစ်သူ ချစ်ကောင်း ၊ မောင်လေးဖြစ်သူ ဂျူနီယာချစ်ကောင်းတို့နဲ့အတူ ပူးတွဲဖျော်ဖြေမှုက အတော်လေးအောင်မြင်ခဲ့ပါသေးတယ်။

အခုအခါမှာတော့ အိမ့်ချစ်က ဂီတအကြောင်းနဲ့ပက်သက်ပြီး ဘာမှလည်းမသိဘဲ သိသလို တတ်သလိုနဲ့ ဝေဖန်နေတဲ့သူတွေအကြောင်း သူမရဲ့ အမြင်ကို ပြောပြလာပါတယ်။

” Music နဲ့ပတ်သက်ရင်သိသလိုတတ်သလိုနဲ့ဝေဖန်တာဆိုးတယ်။တော်တော်ရှင်းပြရခက်တယ်လေ။ ကိုယ်ကရှင်းပြသူကမသိ။ ဒါပေမဲ့ သိချင်ယောင်ဆောင်ဆရာကြီးလုပ်၊ အဲ့မှာကိုယ်ကထပ်ရှင်း။ အဲ့တော့ဘာမှမပြောတာအကောင်းဆုံး ” ဆိုပြီး အိမ့်ချစ်က သူမရဲ့ Facebook က My Day မှာတင်ထားခဲ့တာပါ။

အိမ့်ချစ်အနေနဲ့ သူမ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာကို ပြန်လည်ဝေမျှထားတာဖြစ်တာကြောင့် သူမ ကို ဘယ်သူကများ ဂီတအကြောင်း နားမလည်ဘဲ သိသလို တတ်သလို ဆရာကြီး လာလုပ်သွားသလဲဆိုတာတော့စိတ်ဝင်စားစရာပါပဲနော်။

Source Eint Chit

Mg Kaung (Thadinlaynyin)

Zawgyi

ဂီတအေၾကာင္းဂဃဏန မသိဘဲ ဆရာႀကီးလုပ္ေနတဲ့သူေတြကို အိမ့္ခ်စ္ေျပာၿပီ

ေတးသံ႐ွင္ ခ်စ္ေကာင္း ရဲ႕ မ်ိဳးဆက္တစ္ဦးျဖစ္သလို ကိုယ္တိုင္ကလည္း အႏုပညာေလာကမွာ ပုံစံသစ္တစ္မ်ိဳးထိုးေဖာက္ၿပီး ဖခင္ေျခရာနင္းႏိုင္ခဲ့တဲ့ ေတးသံ႐ွင္ကေတာ့ အိမ့္ခ်စ္ပါ။

အိမ့္ခ်စ္ကေတာ့ သူမရဲ႕ အသံပါဝါအားေကာင္းေကာင္း နဲ႔ သီခ်င္းသီဆိုႏိုင္မႈအျပင္ ေဖ်ာ္ေျဖပြဲေတမွာ စင္ေအာက္ကပရိတ္သတ္နဲ႔ တသားတည္းျဖစ္ေအာင္ပြဲထိန္းႏိုင္မႈေၾကာင့္လည္း ပရိတ္သတ္ေတြရဲ႕ သေဘာက်ႏွစ္သက္ျခင္းကိုရ႐ွိထားသူပါ။

သိပ္မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ FG Live Lounge ေဖ်ာ္ေျဖပြဲမွာလည္း ဖခင္ျဖစ္သူ ခ်စ္ေကာင္း ၊ ေမာင္ေလးျဖစ္သူ ဂ်ဴနီယာခ်စ္ေကာင္းတို႔နဲ႔အတူ ပူးတြဲေဖ်ာ္ေျဖမႈက အေတာ္ေလးေအာင္ျမင္ခဲ့ပါေသးတယ္။

အခုအခါမွာေတာ့ အိမ့္ခ်စ္က ဂီတအေၾကာင္းနဲ႔ပက္သက္ၿပီး ဘာမွလည္းမသိဘဲ သိသလို တတ္သလိုနဲ႔ ေဝဖန္ေနတဲ့သူေတြအေၾကာင္း သူမရဲ႕ အျမင္ကို ေျပာျပလာပါတယ္။

” Music နဲ႔ပတ္သက္ရင္သိသလိုတတ္သလိုနဲ႔ေဝဖန္တာဆိုးတယ္။ေတာ္ေတာ္႐ွင္းျပရခက္တယ္ေလ။ ကိုယ္က႐ွင္းျပသူကမသိ။ ဒါေပမဲ့ သိခ်င္ေယာင္ေဆာင္ဆရာႀကီးလုပ္၊ အဲ့မွာကိုယ္ကထပ္႐ွင္း။ အဲ့ေတာ့ဘာမွမေျပာတာအေကာင္းဆုံး ” ဆိုၿပီး အိမ့္ခ်စ္က သူမရဲ႕ Facebook က My Day မွာတင္ထားခဲ့တာပါ။

အိမ့္ခ်စ္အေနနဲ႔ သူမ ကိုယ္တိုင္ၾကဳံေတြ႕ခဲ့ရတဲ့ အေၾကာင္းအရာကို ျပန္လည္ေဝမွ်ထားတာျဖစ္တာေၾကာင့္ သူမ ကို ဘယ္သူကမ်ား ဂီတအေၾကာင္း နားမလည္ဘဲ သိသလို တတ္သလို ဆရာႀကီး လာလုပ္သြားသလဲဆိုတာေတာ့စိတ္ဝင္စားစရာပါပဲေနာ္။

Source Eint Chit

Mg Kaung (Thadinlaynyin)

ဒေါ်နယ်ထရမ့်ကို ပြစ်တင်ဝေဖန်လိုက်တဲ့ တေလာဆွစ်ဖ်

နာမည်ကျော် ပေါ့ပ်အဆိုတော်မလေး တေလာဆွစ်ဖ်ကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ Twitter မှာတင်ထားတဲ့ အကြောင်းအရာ တစ်ခုနဲ့ပက်သက်ပြီး သမ္မတ ထရမ့်ကို Twitter ကနေပဲ ပြန်လည် ပြစ်တင်ဝေဖန်လိုက်ပါတယ်

သမ္မတ ထရမ့် ရဲ့ Twitter မှာတင်ထားတဲ့ အကြောင်းအရာတစ်ခုဟာ မင်နီဆိုးတား ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အကြမ်းဖက်သမားတွေကို ခြိမ်းခြောက်ထားတဲ့အရေးအသားတွေပါဝင်နေတာ ဖြစ်ပါတယ်။တေလာဆွစ်ဖ် ဟာ ထရမ့်ရဲ့ ခြိမ်းခြောက်စာကို ယခုလိုပဲ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

” သင့်ရဲ့ သမ္မတ သက်တမ်းတစ်လျှောက်လုံးလူမျိုးရေး ခွဲခြားမှုတွေဖြစ်ပြီးတဲ့နောက်မှာ သင့်အနေနဲ့ အကြမ်းဖက်မှုတွေကို မခြိမ်းခြောက်ခင် စိတ်ထားကောင်းကောင်းလေး ထားသင့်တယ်။လုယက်မှုတွေ စတင်တာနဲ့ ပဲ ပစ်ခတ်မှုတွေ ဖြစ်ဖို့ လိုအပ်ရဲ့လား ? ကျွန်မတို့ အားလုံး သင့်ကို သမ္မတရာထူးက ပြုတ်အောင် လာမယ့်နိုဝင်ဘာလမှာမဲပေးကြမယ်” ဆိုပြီး ရေးသားခဲ့တာပါ။

သူမ အနေနဲ့ အခုလို လုပ်ဆောင်လိုက်တာဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အပေါ်ကို သူမ အနေနဲ့ လုံးဝမထောက်ခံကြောင်း ပြသလိုက်တဲ့သဘောလဲ ဖြစ်ပါတယ်။

ဒါ့အပြင် တေလာဆွစ်ဖ်ဟာ လူမည်းအမျိုးသား ဂျော့ခ်ဖလွိုက် ရဲ့ လည်ပင်းကို ဒူးနဲ့ ထောက်ပြီး အကြမ်းဖက်ခဲ့တဲ့ ရဲအရာရှိအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲဆိုပြီးတော့လည်း မေးခွန်း ထုတ်ခဲ့ပါသေးတယ်။

တေလာဆွစ်ဖ်အနေနဲ့ သမ္မတ ထရမ့်ရဲ့ twitter အကောင့်ကို တိုက်ရိုက် mention ပြီး ပြောဆိုခဲ့တာဖြစ်ပေမယ့် သမ္မတ ထရမ့်ဘက်ကို ဘာမှတုံ့ပြန့်ထားခြင်းမရှိသေးပါဘူး။

source – daily mail

Mg Kaung (Thadinlaynyin)

Zawgyi

ေဒၚနယ္ထရမ့္ကို ျပစ္တင္ေဝဖန္လိုက္တဲ့ ေတလာဆြစ္ဖ္

နာမည္ေက်ာ္ ေပါ့ပ္အဆိုေတာ္မေလး ေတလာဆြစ္ဖ္ကေတာ့ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ Twitter မွာတင္ထားတဲ့ အေၾကာင္းအရာ တစ္ခုနဲ႔ပက္သက္ၿပီး သမၼတ ထရမ့္ကို Twitter ကေနပဲ ျပန္လည္ ျပစ္တင္ေဝဖန္လိုက္ပါတယ္

သမၼတ ထရမ့္ ရဲ႕ Twitter မွာတင္ထားတဲ့ အေၾကာင္းအရာတစ္ခုဟာ မင္နီဆိုးတား ျပည္နယ္မွာ ျဖစ္ပ်က္ေနတဲ့ အၾကမ္းဖက္သမားေတြကို ၿခိမ္းေျခာက္ထားတဲ့အေရးအသားေတြပါဝင္ေနတာ ျဖစ္ပါတယ္။ေတလာဆြစ္ဖ္ ဟာ ထရမ့္ရဲ႕ ၿခိမ္းေျခာက္စာကို ယခုလိုပဲ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

” သင့္ရဲ႕ သမၼတ သက္တမ္းတစ္ေလွ်ာက္လုံးလူမ်ိဳးေရး ခြဲျခားမႈေတြျဖစ္ၿပီးတဲ့ေနာက္မွာ သင့္အေနနဲ႔ အၾကမ္းဖက္မႈေတြကို မၿခိမ္းေျခာက္ခင္ စိတ္ထားေကာင္းေကာင္းေလး ထားသင့္တယ္။လုယက္မႈေတြ စတင္တာနဲ႔ ပဲ ပစ္ခတ္မႈေတြ ျဖစ္ဖို႔ လိုအပ္ရဲ႕လား ? ကြၽန္မတို႔ အားလုံး သင့္ကို သမၼတရာထူးက ျပဳတ္ေအာင္ လာမယ့္ႏိုဝင္ဘာလမွာမဲေပးၾကမယ္” ဆိုၿပီး ေရးသားခဲ့တာပါ။

သူမ အေနနဲ႔ အခုလို လုပ္ေဆာင္လိုက္တာဟာ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ အေပၚကို သူမ အေနနဲ႔ လုံးဝမေထာက္ခံေၾကာင္း ျပသလိုက္တဲ့သေဘာလဲ ျဖစ္ပါတယ္။

ဒါ့အျပင္ ေတလာဆြစ္ဖ္ဟာ လူမည္းအမ်ိဳးသား ေဂ်ာ့ခ္ဖလြိဳက္ ရဲ႕ လည္ပင္းကို ဒူးနဲ႔ ေထာက္ၿပီး အၾကမ္းဖက္ခဲ့တဲ့ ရဲအရာ႐ွိအတြက္ ဘယ္သူ႕မွာ တာဝန္႐ွိလဲဆိုၿပီးေတာ့လည္း ေမးခြန္း ထုတ္ခဲ့ပါေသးတယ္။

ေတလာဆြစ္ဖ္အေနနဲ႔ သမၼတ ထရမ့္ရဲ႕ twitter အေကာင့္ကို တိုက္႐ိုက္ mention ၿပီး ေျပာဆိုခဲ့တာျဖစ္ေပမယ့္ သမၼတ ထရမ့္ဘက္ကို ဘာမွတုံ႔ျပန္႔ထားျခင္းမ႐ွိေသးပါဘူး။

source – daily mail

Tik Tok မှာ ဆင်ဆာထိပြီး ရက်အကန့် အသတ်နဲ့ တားမြစ်ပိတ်ပင်ခံလိုက်ရတဲ့ ကိုပေါက်

Tik Tok မှာ ဆင်ဆာထိပြီး ရက်အကန့် အသတ်နဲ့ တားမြစ်ပိတ်ပင်ခံလိုက်ရတဲ့ ကိုပေါက်

သရုပ်ဆောင်၊ ဒါရိုက်တာ ကိုပေါက်ကတော့လက်ရှိမှာ ကပ်ရောဂါအခြေ အနေတွေကြောင့် သူ့ရဲ့ အနုပညာလှုပ်ရှားမှု အားလုံးကို ရပ်နားထားရပြီး အိမ်မှာပဲ အကျိုးရှိမယ့်အရာလေးတွေကို ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ကိုပေါက်က သူဝါသနာပါရာလေးတွေကိုလည်း ပြုလုပ်နေသလို ပရိသတ်တွေ ရယ်မောပျော်ရွှင်စေဖို့ အခွီဗီဒီယို Tik Tok လေးတွေကို ရိုက်ကူးနေလျက်ရှိပါတယ်။ ဒါပေမယ့် ကိုပေါက်ကတော့ Tik Tok မှာပါ ဆင်ဆာထိပြီး ပိတ်ပင်ခံရတဲ့အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“Tik Tok မှာလည်း ဆင်ဆာရှိတယ်ဗျ။ ဆားနဲ့ပန်းသီး တို့ဆားတဲ့ tik tok နဲ့ အရက်မော့သောက်တာကို သေနတ်သံထည့်ထားတဲ့ tik tok တွေကို သူတို့ pageမှာပြဖို့ ခွင့်မပြုဘဲ 1.6.2020/ 6:37 pmကျမှာ tik tok ကို vdoတင်လို့ရပါမယ်တဲ့။ကိုပေါက်တို့များ မြန်မာရုပ်ရှင်လော ကမှာပဲ ဆင်ဆာထိတာမဟုတ်ဘူး။ Tik Tok မှာလဲထိတယ်ဗျ။ Tik Tok မှာ သူ များ ဆော့ထားတာတွေကိုပဲ ကျွန်တော်လိုက်ဆော့တယ်။ ကိုယ့်ကျတော့ ရက်အကန့်အသတ်နဲ့ တားမြစ်ခံရတယ်။ ၁ ရက်နေ့ရောက်ဖို့ မလိုတော့ဘူးဆိုတော့ စောင့်လိုက်ပါတော့မယ်။ ရောမကိုရောက်တော့ ရောမလိုကျင့်ရမှာပေါ့။ သူ့ Tik Tok ကိုမှဆော့ချင်နေတော့လည်း သူ့ဥပဒေကို လိုက်နာရမှာပေါ့။” ဆိုပြီး ပြောထားပါတယ်။

ကိုပေါက်ကတော့ Tik Tok ဆော့ရတာ အရမ်းဝါသနာပါသူတစ်ယောက်ဖြစ်ပြီး နေ့တိုင်းလိုလို Tik Tok ဗီဒီယိုလေးတွေကို တင်ပေးလေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိ သတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ Source: Ko Pauk

TIK TOK မွာ ဆင္ဆာထိၿပီး ရက္အကန႔္ အသတ္နဲ႕ တားျမစ္ပိတ္ပင္ခံလိုက္ရတဲ့ ကိုေပါက္

သ႐ုပ္ေဆာင္၊ ဒါရိုက္တာ ကိုေပါက္ကေတာ့လက္ရွိမွာ ကပ္ေရာဂါအေျခ အေနေတြေၾကာင့္ သူ႕ရဲ႕ အႏုပညာလႈပ္ရွားမႈ အားလုံးကို ရပ္နားထားရၿပီး အိမ္မွာပဲ အက်ိဳးရွိမယ့္အရာေလးေတြကို ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။ ကိုေပါက္က သူဝါသနာပါရာေလးေတြကိုလည္း ျပဳလုပ္ေနသလို ပရိသတ္ေတြ ရယ္ေမာေပ်ာ္႐ႊင္ေစဖို႔ အခြီဗီဒီယို Tik Tok ေလးေတြကို ရိုက္ကူးေနလ်က္ရွိပါတယ္။ ဒါေပမယ့္ ကိုေပါက္ကေတာ့ Tik Tok မွာပါ ဆင္ဆာထိၿပီး ပိတ္ပင္ခံရတဲ့အေၾကာင္းကို အခုလိုပဲ ေျပာလာပါတယ္။

“Tik Tok မွာလည္း ဆင္ဆာရွိတယ္ဗ်။ ဆားနဲ႕ပန္းသီး တို႔ဆားတဲ့ tik tok နဲ႕ အရက္ေမာ့ေသာက္တာကို ေသနတ္သံထည့္ထားတဲ့ tik tok ေတြကို သူတို႔ pageမွာျပဖို႔ ခြင့္မျပဳဘဲ 1.6.2020/ 6:37 pmက်မွာ tik tok ကို vdoတင္လို႔ရပါမယ္တဲ့။ကိုေပါက္တို႔မ်ား ျမန္မာ႐ုပ္ရွင္ေလာ ကမွာပဲ ဆင္ဆာထိတာမဟုတ္ဘူး။ Tik Tok မွာလဲထိတယ္ဗ်။ Tik Tok မွာ သူ မ်ား ေဆာ့ထားတာေတြကိုပဲ ကြၽန္ေတာ္လိုက္ေဆာ့တယ္။ ကိုယ့္က်ေတာ့ ရက္အကန႔္အသတ္နဲ႕ တားျမစ္ခံရတယ္။ ၁ ရက္ေန႕ေရာက္ဖို႔ မလိုေတာ့ဘူးဆိုေတာ့ ေစာင့္လိုက္ပါေတာ့မယ္။ ေရာမကိုေရာက္ေတာ့ ေရာမလိုက်င့္ရမွာေပါ့။ သူ႕ Tik Tok ကိုမွေဆာ့ခ်င္ေနေတာ့လည္း သူ႕ဥပေဒကို လိုက္နာရမွာေပါ့။” ဆိုၿပီး ေျပာထားပါတယ္။

ကိုေပါက္ကေတာ့ Tik Tok ေဆာ့ရတာ အရမ္းဝါသနာပါသူတစ္ေယာက္ျဖစ္ၿပီး ေန႕တိုင္းလိုလို Tik Tok ဗီဒီယိုေလးေတြကို တင္ေပးေလ့ရွိသူတစ္ေယာက္ ျဖစ္ပါတယ္။ အခ်ိန္ေပးၿပီး ဖတ္ရႈေပးတဲ့ ပရိ သတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။ Source: Ko Pauk

စံချိန်သစ်ရေးထိုးနိုင်ခဲ့တဲ့ Lady Gaga နဲ့ BLACKPINK တို့ရဲ့ Sour Candy သီချင်း

Lady Gaga နဲ့ BLACKPINK တို့ ရဲ့ collaboration သီချင်းအသစ်တစ်ပုဒ်ဖြစ်တဲ့ Sour Candy ကတော့ ထွက်ရှိပြီး ၂၄ နာရီမပြည့်ခင်မှာပဲ နိုင်ငံပေါင်း ၄၂ နိုင်ငံက iTunes music chart တွေမှာ နံပါတ် ၁ နေရာကို ရရှိခဲ့ပါတယ်။

ဒါဟာ ကေပေါ့ဂီတလောကမှာ BLACKPINK အဖွဲ့ နောက်ထပ်စံချိန်တစ်ခုကို ရိုက်ချိုးနိုင်လိုက်ခြင်းလည်းဖြစ်ပါတယ်။ ဒီစံချိန်ဟာ ကေပေါ့လောကမှာ အခြားဘယ်မိန်းကလေး အဖွဲ့မှ မရဖူးသေးတဲ့ စံချိန်တစ်ခုလည်းဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဟာ အရင်ကလည်း သူတို့ရဲ့ Kill This Love ဆိုတဲ့ သီချင်းနဲ့ အခုလိုစံချိန်ကောင်းတစ်ခုကို တင်နိုင်ခဲ့ပြီး အခုအခါမှာလည်း Sour Candy နဲ့ သူတို့ရဲ့ စံချိန်ကို ပြန်ရိုက်ချိုးကာ နောက်ထပ်စံချိန်သစ်တစ်ခု ရေးထိုးနိုင်ခဲ့တာပါ။

ဒီသီချင်းကို အင်္ဂလိပ် နဲ့ ကိုရီးယားဘာသာစကားနှစ်ခုနဲ့ သီဆိုထားတာဖြစ်ပြီး Lady Gaga ရဲ့ Chromatic ဆိုတဲ့ album ထဲမှာပါဝင်လာတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

source – allkpop

Mg Kaung (Thadinlaynyin)

Zawgyi

စံခ်ိန္သစ္ေရးထိုးႏိုင္ခဲ့တဲ့ Lady Gaga နဲ႔ BLACKPINK တို႔ရဲ႕ Sour Candy သီခ်င္း

Lady Gaga နဲ႔ BLACKPINK တို႔ ရဲ႕ collaboration သီခ်င္းအသစ္တစ္ပုဒ္ျဖစ္တဲ့ Sour Candy ကေတာ့ ထြက္႐ွိၿပီး ၂၄ နာရီမျပည့္ခင္မွာပဲ ႏိုင္ငံေပါင္း ၄၂ ႏိုင္ငံက iTunes music chart ေတြမွာ နံပါတ္ ၁ ေနရာကို ရ႐ွိခဲ့ပါတယ္။

ဒါဟာ ေကေပါ့ဂီတေလာကမွာ BLACKPINK အဖြဲ႕ ေနာက္ထပ္စံခ်ိန္တစ္ခုကို ႐ိုက္ခ်ိဳးႏိုင္လိုက္ျခင္းလည္းျဖစ္ပါတယ္။ ဒီစံခ်ိန္ဟာ ေကေပါ့ေလာကမွာ အျခားဘယ္မိန္းကေလး အဖြဲ႕မွ မရဖူးေသးတဲ့ စံခ်ိန္တစ္ခုလည္းျဖစ္ပါတယ္။

BLACKPINK အဖြဲ႕ဟာ အရင္ကလည္း သူတို႔ရဲ႕ Kill This Love ဆိုတဲ့ သီခ်င္းနဲ႔ အခုလိုစံခ်ိန္ေကာင္းတစ္ခုကို တင္ႏိုင္ခဲ့ၿပီး အခုအခါမွာလည္း Sour Candy နဲ႔ သူတို႔ရဲ႕ စံခ်ိန္ကို ျပန္႐ိုက္ခ်ိဳးကာ ေနာက္ထပ္စံခ်ိန္သစ္တစ္ခု ေရးထိုးႏိုင္ခဲ့တာပါ။

ဒီသီခ်င္းကို အဂၤလိပ္ နဲ႔ ကိုရီးယားဘာသာစကားႏွစ္ခုနဲ႔ သီဆိုထားတာျဖစ္ၿပီး Lady Gaga ရဲ႕ Chromatic ဆိုတဲ့ album ထဲမွာပါဝင္လာတဲ့ သီခ်င္းတစ္ပုဒ္ျဖစ္ပါတယ္။

source – allkpop

Mg Kaung (Thadinlaynyin)

Album အသစ်ရောင်းချလို့ရတဲ့ငွေမှ ဒေါ်လာတစ်သိန်းကျော်ကိုလှူဒါန်းသွားမယ့် Lady Gaga

Album အသစ်ရောင်းချလို့ရတဲ့ငွေမှ ဒေါ်လာတစ်သိန်းကျော်ကိုလှူဒါန်းသွားမယ့် Lady Gaga

ကမ္ဘာကျော် ပေါ့ပ်အဆိုတော် Lady Gaga ကတော့ Chromatica လို့အမည်ရတဲ့ သူ့ရဲ့တေးသီချင်း album သသစ် ရောင်းချလို့ရတဲ့ငွေမှ ဒေါ်လာ တစ်သိန်းကျော်ကို အစာရေဆာငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး ရန်ပုံငွေအဖွဲ့အစည်းတစ်ခုထံကို လှူဒါန်းသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

Laddy Gaga ဟာ သူမရဲ့ ၆ ခွေမြောက် တစ်ကိုယ်တော် album ကို ဧပြီလထဲ ထုတ်ဝေဖို့ စီစဉ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ယာယီရွှေ့ဆိုင်းခဲ့ရပြီး မေလ ၂၉ ရက်နေ့ရောက်မှသာ ထုတ်ဝေဖြန့်ချိနိုင်ခဲ့တာဖြစ်ပါတယ်။

သူမရဲ့ album ကိုမထုတ်ဝေခင် ပစ္စည်းပို့ဆောင်ရေး Delivery Application တစ်ခုဖြစ်တဲ့ Postmates လက်တွဲထားတဲ့ အစီအစဉ်တစ်ခုအရ Postmate ကနေ album တစ်ချပ် အော်ဒါတက်တိုင်း တစ်ဒေါ်လာလှူဒါန်းသွားမယ်လို့လည်း Lady Gaga က ပြောထားပါသေးတယ်။

source – TMZ

Mg Kaung ( Thadinlaynyin)

Zawgyi

Album အသစ္ေရာင္းခ်လို႔ရတဲ့ေငြမွ ေဒၚလာတစ္သိန္းေက်ာ္ကိုလႉဒါန္းသြားမယ့္ Lady Gaga

ကမ႓ာေက်ာ္ ေပါ့ပ္အဆိုေတာ္ Lady Gaga ကေတာ့ Chromatica လို႔အမည္ရတဲ့ သူ႕ရဲ႕ေတးသီခ်င္း album သသစ္ ေရာင္းခ်လို႔ရတဲ့ေငြမွ ေဒၚလာ တစ္သိန္းေက်ာ္ကို အစာေရဆာငတ္မြတ္ေခါင္းပါးမႈ တိုက္ဖ်က္ေရး ရန္ပုံေငြအဖြဲ႕အစည္းတစ္ခုထံကို လႉဒါန္းသြားဖို႔ ႐ွိတယ္လို႔ ဆိုပါတယ္။

Laddy Gaga ဟာ သူမရဲ႕ ၆ ေခြေျမာက္ တစ္ကိုယ္ေတာ္ album ကို ဧၿပီလထဲ ထုတ္ေဝဖို႔ စီစဥ္ခဲ့ေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ယာယီေ႐ႊ႕ဆိုင္းခဲ့ရၿပီး ေမလ ၂၉ ရက္ေန႔ေရာက္မွသာ ထုတ္ေဝျဖန္႔ခ်ိႏိုင္ခဲ့တာျဖစ္ပါတယ္။

သူမရဲ႕ album ကိုမထုတ္ေဝခင္ ပစၥည္းပို႔ေဆာင္ေရး Delivery Application တစ္ခုျဖစ္တဲ့ Postmates လက္တြဲထားတဲ့ အစီအစဥ္တစ္ခုအရ Postmate ကေန album တစ္ခ်ပ္ ေအာ္ဒါတက္တိုင္း တစ္ေဒၚလာလႉဒါန္းသြားမယ္လို႔လည္း Lady Gaga က ေျပာထားပါေသးတယ္။

source – TMZ

Mg Kaung ( Thadinlaynyin)

ရင်ခုန်ချင်စရာကောင်းတဲ့ အလှတရားတွေနဲ့ ညို့ယူဖမ်းစားလိုက်ပြန်တဲ့ သင်ဇာဝင့်ကျော်

ရင်ခုန်ချင်စရာကောင်းတဲ့ အလှတရားတွေနဲ့ ညို့ယူဖမ်းစားလိုက်ပြန်တဲ့ သင်ဇာဝင့်ကျော်

မင်းသမီးချောလေး သင်ဇာဝင့်ကျော်လို့ဆိုလိုက်တာနဲ့ အမိုက်စားဖက်ရှင်တွေကို Sexy ကျကျဝတ်စားဆင်ယင်တတ်သူလေးလို့ အားလုံးကမြင်မိကြမယ် ထင်ပါတယ်။သူမဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေ သိမ်းကြုံးရရှိထားတဲ့ မင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။

သင်ဇာကတော့ အမြဲတမ်း သူမရဲ့ အလှတရားတွေပေါ်လွင်ပြီး ဆွဲဆောင်မှုအပြည့်နဲ့ ညို့အားပြင်းတဲ့ ပုံရိပ်တွေကို လှုမှုကွန်ယက်ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာဖြစ်ပြီး ရေပန်းစား လူကြိုက်များတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့   ဆွဲဆောင်မှုရှိလွန်းတဲ့ သူမရဲ့ အလှတရားတွေနဲ့ ညို့ယူဖမ်းစားထားပြန်တဲ့ အလန်းစားပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

သင်ဇာကတော့ အမြဲတမ်း အမိုက်စား ပုံရိပ်တွေကို ဖော်ပြလေ့ရှိပြီး ပရိသတ်တွေကြားမှာ ရေပန်းစား လူကြိုက်များခဲ့တာလည်းဖြစ်ပါတယ်။ကဲ….ချစ်ပရိသတ်ကြီးတွက် သင်ဇာရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။ပရိသတ်ကြီးကလည်း သင်ဇာရဲ့ အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။

Credit Alexus – Cele Zone

Photo – Thin Zar Wint Kyaw 

Zawgyi

ရင္ခုန္ခ်င္စရာေကာင္းတဲ့ အလွတရားေတြနဲ႔ ညိဳ႕ယူဖမ္းစားလိုက္ျပန္တဲ့ သင္ဇာဝင့္ေက်ာ္

မင္းသမီးေခ်ာေလး သင္ဇာဝင့္ေက်ာ္လို႔ဆိုလိုက္တာနဲ႔ အမိုက္စားဖက္႐ွင္ေတြကို Sexy က်က်ဝတ္စားဆင္ယင္တတ္သူေလးလို႔ အားလုံးကျမင္မိၾကမယ္ ထင္ပါတယ္။သူမဟာ ဆယ္စုႏွစ္ေက်ာ္တိုင္ေအာင္ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြ သိမ္းၾကဳံးရ႐ွိထားတဲ့ မင္းသမီးေလး တစ္လက္လည္း ျဖစ္ပါတယ္။

သင္ဇာကေတာ့ အၿမဲတမ္း သူမရဲ႕ အလွတရားေတြေပၚလြင္ၿပီး ဆြဲေဆာင္မႈအျပည့္နဲ႔ ညိဳ႕အားျပင္းတဲ့ ပုံရိပ္ေတြကို လႈမႈကြန္ယက္ေဖ့ဘြတ္ေပၚတြင္ ေဖာ္ျပေလ့႐ွိတာျဖစ္ၿပီး ေရပန္းစား လူႀကိဳက္မ်ားတာလည္းေတြ႕ရပါတယ္။လတ္တေလာမွာေတာ့   ဆြဲေဆာင္မႈ႐ွိလြန္းတဲ့ သူမရဲ႕ အလွတရားေတြနဲ႔ ညိဳ႕ယူဖမ္းစားထားျပန္တဲ့ အလန္းစားပုံေလးေတြကိုေဖာ္ျပထားတာေတြ႕ရပါတယ္။

သင္ဇာကေတာ့ အၿမဲတမ္း အမိုက္စား ပုံရိပ္ေတြကို ေဖာ္ျပေလ့႐ွိၿပီး ပရိသတ္ေတြၾကားမွာ ေရပန္းစား လူႀကိဳက္မ်ားခဲ့တာလည္းျဖစ္ပါတယ္။ကဲ….ခ်စ္ပရိသတ္ႀကီးတြက္ သင္ဇာရဲ႕ ပုံရိပ္ေလးေတြကို ၾကည့္႐ႈႏိုင္ေစရန္ မွ်ေဝေပးလိုက္ပါတယ္။ပရိသတ္ႀကီးကလည္း သင္ဇာရဲ႕ အႏုပညာအလုပ္ေတြကို ဆက္လက္အားေပးလိုက္ပါအုံးေနာ္။

Credit Alexus – Cele Zone

Photo – Thin Zar Wint Kyaw 

Sex Education ဆိုတိုင်း အပြာကားမဟုတ်ဘူး၊ တဂျိမ်းဂျိမ်း ဟိုဟာလုပ်နေကြတာမဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောလိုက်တဲ့ ဝင်းမင်းသန်း

ဝင်းမင်းသန်းကတော့ လူမှုကွန်ရက်စာမျက်တွေပေါ်မှာ လူငယ်ပရိတ်သတ်တွေရော လူလတ်ပိုင်းပရိတ်သတ်တွေပါမကျန် အားပေးထောက်ခံခြင်းကိုရထားတဲ့ social influencer တစ်ယောက်ပါ။

အခုလတ်တလောမှာ လူပြောများတဲ့ Sex Education ကိစ္စနဲ့ပက်သက်ပြီးတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အခရာအမျိုးသမီးဖောင်ဒေးရှင်းကပြုလုပ်တဲ့ စကားဝိုင်းတစ်ခုမှာလည်း သူမက ပါဝင်ဆွေးနွေးခဲ့ပါသေးတယ်။ အခုအခါမှာလည်း sex education နဲ့ ပက်သက်လို့ သူမရဲ့ အမြင်ကို အခုလိုပြောပြထားပါသေးတယ်။

” ကိုယ်သာမိဘဆိုရင် ကိုယ်မွေးလိုက်တဲ့ ကိုယ့်သားသမီးရဲ့ ကိုယ်ခန္ဓာမှာ ဖြစ်ပျက် ပြောင်းလဲတာ မှန်သမျှကို ကိုယ်က လက်ဦးဆရာ မိဘအနေနဲ့ ကိုယ်အရင် ပြောပြချင်တယ်။ အဲဒီတော့ မိဘတွေအနေနဲ့ Quality Parents ဖြစ်ဖို့လိုတယ်။

ဒီလိုဟာကိုသင်ပေးဖို့က မိဘတွေ၊ ကိုယ့်ရဲ့ လက်ပွန်းတတီးကြီးရတဲ့ အုပ်ထိန်းသူတွေဆီကနေ အရင်ဆုံးလာရမှာ။ကျောင်းက ဘယ်လိုပဲသင်သင်၊ကျောင်းကဆယ့်ငါးနှစ်၊ဆယ့်ခြောက်နှစ်မှ သင်တာ။အဲဒီမတိုင်ခင်မှာလိုအပ်နေတဲ့ sex education,sexuality, sexual education တွေကို ဘယ်သူက သင်မှာလဲ။ ဒါတွေကို မိဘတွေက သင်ရမှာ။ ဒီလိုသင်ဖို့ မိဘတွေက ပညာတတ်ဖြစ်နေဖို့မလိုဘူး။ ဘွဲ့အများကြီးရစရာလည်း မလိုဘူး။ ကလေး အသက်အရွယ်အလိုက် သိသင့်တာကို ဖြည်းဖြည်းချင်း အမေတစ်ယောက်အနေနဲ့ သမီးကို ပြောသွားမယ်ဆိုရင် တခြားသူတွေ ဘယ်လိုပဲသင်သင် ဂရုစိုက်စရာ မလိုဘူး။

အပျိုဖော် ဝင်စမှာ ဘာတွေပြောင်းလဲလာလဲ၊ ရာသီလာရင်ဘာဖြစ်လဲ၊ လိင်ဆက်ဆံမှု ပြုမယ်ဆိုရင် ကောင်းကျိုး၊ ဆိုးကျိုးတွေ ဘာဖြစ်မလဲဆိုတာ ကလေးတွေကို လိင်ဆက်ဆံမှုပြုဖို့ အားပေးတာမဟုတ်ဘူး။ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားအောင်၊ ကိုယ့်ခန္ဓာကိုယ်ကို တန်ဖိုးထားအောင်၊ ဒီခန္ဓာကိုယ်နဲ့ တစ်ခုခုလုပ်တော့မယ်ဆိုရင် ကိုယ့်တန်ဖိုးကို ကိုယ်သိနေပြီဆိုရင် ဘယ်တော့မှ တန်ဖိုးမဲ့တဲ့ကိစ္စကို မလုပ်တော့ဘူးလို့ အစ်မကတော့ ယုံကြည်ပါတယ် ”

ဒါ့အပြင် ဝင်းမင်းသန်းက Sex Education နဲ့ ပက်သက်ပြီး မကောင်းမြင်နေကြတာကိုလည်း “Sex Education ဆိုတိုင်း အောကားမဟုတ်ဘူး၊ တဂျိမ်းဂျိမ်း ဟိုဟာလုပ်နေကြတာမဟုတ်ဘူး။ ရိုးရိုးရှင်းရှင်းလေး လူသားတစ်ယောက်ရဲ့အဖြစ်အပျက်၊ အပြောင်းအ လဲတွေကို သေသေချာချာ ဂရုစိုက်ပြီး ကြည့်သွားမယ်ဆိုရင် ဒါက တန်ဖိုးရှိတဲ့ လူတွေအဖြစ်ပါ တန်ဖိုးမြင့်တင်ပေးတယ်လို့ထင်တယ်။ ” လို့ ရှင်းပြလာပါတယ်။

Sources Win Min Than

Mg Kaung (Thadinlaynyin)

Zawgyi

Sex Education ဆိုတိုင္း အျပာကားမဟုတ္ဘူး၊ တဂ်ိမ္းဂ်ိမ္း ဟိုဟာလုပ္ေနၾကတာမဟုတ္ဘူးလို႔ ပြင့္ပြင့္လင္းလင္းေျပာလိုက္တဲ့ ဝင္းမင္းသန္း

ဝင္းမင္းသန္းကေတာ့ လူမႈကြန္ရက္စာမ်က္ေတြေပၚမွာ လူငယ္ပရိတ္သတ္ေတြေရာ လူလတ္ပိုင္းပရိတ္သတ္ေတြပါမက်န္ အားေပးေထာက္ခံျခင္းကိုရထားတဲ့ social influencer တစ္ေယာက္ပါ။

အခုလတ္တေလာမွာ လူေျပာမ်ားတဲ့ Sex Education ကိစၥနဲ႔ပက္သက္ၿပီးေတာ့ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက အခရာအမ်ိဳးသမီးေဖာင္ေဒး႐ွင္းကျပဳလုပ္တဲ့ စကားဝိုင္းတစ္ခုမွာလည္း သူမက ပါဝင္ေဆြးေႏြးခဲ့ပါေသးတယ္။ အခုအခါမွာလည္း sex education နဲ႔ ပက္သက္လို႔ သူမရဲ႕ အျမင္ကို အခုလိုေျပာျပထားပါေသးတယ္။

” ကိုယ္သာမိဘဆိုရင္ ကိုယ္ေမြးလိုက္တဲ့ ကိုယ့္သားသမီးရဲ႕ ကိုယ္ခႏၶာမွာ ျဖစ္ပ်က္ ေျပာင္းလဲတာ မွန္သမွ်ကို ကိုယ္က လက္ဦးဆရာ မိဘအေနနဲ႔ ကိုယ္အရင္ ေျပာျပခ်င္တယ္။ အဲဒီေတာ့ မိဘေတြအေနနဲ႔ Quality Parents ျဖစ္ဖို႔လိုတယ္။

ဒီလိုဟာကိုသင္ေပးဖို႔က မိဘေတြ၊ ကိုယ့္ရဲ႕ လက္ပြန္းတတီးႀကီးရတဲ့ အုပ္ထိန္းသူေတြဆီကေန အရင္ဆုံးလာရမွာ။ ေက်ာင္းက ဘယ္လိုပဲသင္သင္၊ ေက်ာင္းက ဆယ့္ငါးႏွစ္ ၊ ဆယ့္ေျခာက္ႏွစ္မွ သင္တာ။ အဲဒီမတိုင္ခင္မွာ လိုအပ္ေနတဲ့ sex education,sexuality, sexual education ေတြကို ဘယ္သူက သင္မွာလဲ။ ဒါေတြကို မိဘေတြက သင္ရမွာ။ ဒီလိုသင္ဖို႔ မိဘေတြက ပညာတတ္ျဖစ္ေနဖို႔မလိုဘူး။ ဘြဲ႕အမ်ားႀကီးရစရာလည္း မလိုဘူး။ ကေလး အသက္အ႐ြယ္အလိုက္ သိသင့္တာကို ျဖည္းျဖည္းခ်င္း အေမတစ္ေယာက္အေနနဲ႔ သမီးကို ေျပာသြားမယ္ဆိုရင္ တျခားသူေတြ ဘယ္လိုပဲသင္သင္ ဂ႐ုစိုက္စရာ မလိုဘူး။

အပ်ိဳေဖာ္ ဝင္စမွာ ဘာေတြေျပာင္းလဲလာလဲ၊ ရာသီလာရင္ဘာျဖစ္လဲ၊ လိင္ဆက္ဆံမႈ ျပဳမယ္ဆိုရင္ ေကာင္းက်ိဳး၊ ဆိုးက်ိဳးေတြ ဘာျဖစ္မလဲဆိုတာ ကေလးေတြကို လိင္ဆက္ဆံမႈျပဳဖို႔ အားေပးတာမဟုတ္ဘူး။ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားေအာင္၊ ကိုယ့္ခႏၶာကိုယ္ကို တန္ဖိုးထားေအာင္၊ ဒီခႏၶာကိုယ္နဲ႔ တစ္ခုခုလုပ္ေတာ့မယ္ဆိုရင္ ကိုယ့္တန္ဖိုးကို ကိုယ္သိေနၿပီဆိုရင္ ဘယ္ေတာ့မွ တန္ဖိုးမဲ့တဲ့ကိစၥကို မလုပ္ေတာ့ဘူးလို႔ အစ္မကေတာ့ ယုံၾကည္ပါတယ္ ”

ဒါ့အျပင္ ဝင္းမင္းသန္းက Sex Education နဲ႔ ပက္သက္ၿပီး မေကာင္းျမင္ေနၾကတာကိုလည္း “Sex Education ဆိုတိုင္း ေအာကားမဟုတ္ဘူး၊ တဂ်ိမ္းဂ်ိမ္း ဟိုဟာလုပ္ေနၾကတာမဟုတ္ဘူး။ ႐ိုး႐ိုး႐ွင္း႐ွင္းေလး လူသားတစ္ေယာက္ရဲ႕အျဖစ္အပ်က္၊ အေျပာင္းအ လဲေတြကို ေသေသခ်ာခ်ာ ဂ႐ုစိုက္ၿပီး ၾကည့္သြားမယ္ဆိုရင္ ဒါက တန္ဖိုး႐ွိတဲ့ လူေတြအျဖစ္ပါ တန္ဖိုးျမင့္တင္ေပးတယ္လို႔ထင္တယ္။ ” လို႔ ႐ွင္းျပလာပါတယ္။

Sources Win Min Than

Mg Kaung (Thadinlaynyin)