ပရိသတ်ကြီးရေ ချောရတနာလို့ပြောလိုက်တာနဲ့ နာမည်နဲ့လိုက်အောင် ချောမောလှပတဲ့မင်းသမီးတစ်လက်ဖြစ်ပြီး တစ်သားမွေးတစ်သွေးလှတယ်လို့ဆိုရလောက်အောင်နုပျိုလှပနေတဲ့သူပါ။ဒါ့အပြင်ဇာတ်ရုပ်တိုင်းကိုပီပြင်အောင်သရုပ်ဆောင်နိုင်မှုကြောင့် အကယ်ဒမီထူးချွန်ဆုကိုရရှိပိုင်ဆိုင်ထားတဲ့အနုပညာရှင်တစ်ဦးပါ။
ဒါ့အပြင်ခင်ပွန်းသည်ရဲ့ချစ်ခင်ဂရုစိုက်မှုကိုရရှိထားတဲ့ အိမ် ထောင်ရေးကံကောင်းတဲ့မင်းသမီးတွေထဲကတစ်ယောက်ပါ။
ချောရတနာက ခင်ပွန်းဖြစ်သူကိုကျော်လင်းနဲ့ ၂၀၁၂ ခုနှစ်က တည်းကလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာတော့ အနုပညာလှုပ်ရှားမှုတွေသိပ်မရှိတော့ပါဘူး။
အဲဒီနောက်ဒုတိယရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့အချိန်၂၀၁၈ ခုနှစ်ကစပြီးအနုပညာအလုပ်တွေကို ကြော်ငြာရိုက်ကူးရေးတွေကနေတဆင့် ပြန်လည်လုပ်ကိုင်လာတာတွေ့ရပါတယ်။အခုလက်ရှိမှာတော့ချောရတနာက ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ အိမ်မက်ထဲကအိမ်မက်ဇာတ်လမ်းတွဲမှာချောရတနာက ပါဝင်သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။
ဒီနေ့မှာတော့ ချောရတနာက channel k ရုပ်သံလိုင်းမှာပြသနေတဲ့ မင်းသားချော ဗညားဘုန်းပြည့်နဲ့ ဇာတ်လမ်းတွဲထဲက ပုံရိပ်လေးတွေကိုသူမရဲ့လူမှုကွန်ရက်မှာတင်လာတာလည်းဖြစ်ပါတယ်။အိမ်မက်ထဲကအိမ်မက်ဇာတ်လမ်းတွဲကတော့ channel k ရုပ်သံလိုင်းမှာပြသနေပြီးအခြားအနုပညာရှင်ပေါင်းများစွာလည်းပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
ဖတ်ရှု့ပေးတဲ့ ပရိတ်သတ်ကြီးလည်း ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ်နော်။
Source: Chaw Yadanar’s fb
Thwin – Shwengwegames
ပရိသတ္ႀကီးေရ ေခ်ာရတနာလို႔ေျပာလိုက္တာနဲ႕ နာမည္နဲ႕လိုက္ေအာင္ ေခ်ာ ေမာ လွပတဲ့မင္းသမီးတစ္လက္ျဖစ္ၿပီး တစ္သားေမြးတစ္ေသြးလွတယ္လို႔ဆိုရေလာက္ေအာင္ႏုပ်ိဳလွပေနတဲ့သူပါ။ဒါ့အျပင္ ဇာတ္႐ုပ္တိုင္းကိုပီျပင္ေအာင္သ႐ုပ္ေဆာင္နိုင္မႈေၾကာင့္ အကယ္ဒမီထူးခြၽန္ဆုကို ရရွိပိုင္ဆိုင္ထားတဲ့ အႏု ပညာရွင္တစ္ဦးပါ။
ဒါ့အျပင္ ခင္ပြန္းသည္ရဲ႕ခ်စ္ခင္ဂ႐ုစိုက္မႈကိုရရွိထားတဲ့ အိမ္ေထာင္ေရးကံေကာင္းတဲ့မင္းသမီးေတြထဲကတစ္ေယာက္ပါေခ်ာရတနာက ခင္ပြန္းျဖစ္သူကိုေက်ာ္လင္းနဲ႕ ၂၀၁၂ ခုႏွစ္က တည္းကလက္ထပ္ခဲ့ၾကတာျဖစ္ပါတယ္။အိမ္ေထာင္ျပဳၿပီးသြားတဲ့ေနာက္မွာေတာ့အႏုပညာလႈပ္ရွားမႈေတြသိပ္မရွိေတာ့ပါဘူး။
အဲဒီေနာက္ဒုတိယရင္ေသြးေလးကို ကိုယ္ဝန္လြယ္ထားရတဲ့အခ်ိန္၂၀၁၈ ခုႏွစ္ကစၿပီးအႏုပညာအလုပ္ေတြကို ေၾကာ္ျငာရိုက္ကူးေရးေတြကေနတဆင့္ ျပန္လည္လုပ္ကိုင္လာတာေတြ႕ရပါတယ္။အခုလက္ရွိမွာေတာ့ေခ်ာရတနာက ပရိသတ္ေတြၾကားမွာေရပန္းစားေနတဲ့ အိမ္မက္ထဲကအိမ္မက္ဇာတ္လမ္းတြဲမွာေခ်ာရတနာက ပါဝင္သ႐ုပ္ေဆာင္ထားတာလည္းျဖစ္ပါတယ္။
ဒီေန႕မွာေတာ့ ေခ်ာရတနာက channel k ႐ုပ္သံလိုင္းမွာျပသေနတဲ့ မင္းသားေခ်ာ ဗညားဘုန္းျပည့္နဲ႕ ဇာတ္လမ္းတြဲထဲက ပုံရိပ္ေလးေတြကိုသူမရဲ႕လူမႈကြန္ရက္မွာတင္လာတာလည္းျဖစ္ပါတယ္။အိမ္မက္ထဲကအိမ္မက္ဇာတ္လမ္းတြဲကေတာ့ channel k ႐ုပ္သံလိုင္းမွာျပသေနၿပီးအျခားအႏုပညာရွင္ေပါင္းမ်ားစြာလည္းပါဝင္သ႐ုပ္ေဆာင္ထားတာျဖစ္ပါတယ္။
ဖတ္ရႈ႕ေပးတဲ့ ပရိတ္သတ္ႀကီးလည္း ေဘးအႏၲရာယ္ အေပါင္းမွ ကင္းေဝးပါေစလို႔ ဆုေတာင္းေပးပါတယ္ေနာ္။
Source – Chaw Yadanar’s fb
Thwin – Shwengwegames