“ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် ဖမ်းဆီး”

Breaking News ….

“ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် ဖမ်းဆီး”

ရန်ကုန် – ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက 7Day News သို့ အတည်ပြုသည်။

ယနေ့ (ဩဂုတ် ၂၁ရက်) ညနေ ၄နာရီ၃၅မိနစ်အချိန်တွင် ပုဇွန်တောင်မြို့နယ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ဆိုသည်။

ဦးဌေးအောင်ကို ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ တရားစွဲဆိုခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ သို့သော် ယင်းအချက်နှင့် ပတ်သက်ပြီး 7Day က အတည်ပြုချက်မရသေးပေ။ သို့သော် ပုဒ်မ၁၂၄ (က)သည် အစိုးရအဖွဲ့အရာရှိတစ်ဦးက တရားရုံးသို့ ဦးတိုက်လျှောက်ထား စွဲဆိုရသည့် အမှုဖြစ်သည်။

ဦးဌေးအောင် ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးထံ မေးမြန်းရာ ပုဒ်မ၁၂၄(က)ဖြင့် ဖမ်းဆီးခြင်းမှာ မှန်ကန်ပြီး ၎င်းကို အရှေ့ပိုင်းခရိုင်တရားရုံး၌ ရမန်ယူထားကြောင်း အတည်ပြုသည်။

Sources 7days News

Zawgyi

Breaking News ….

“ဦးေဌးေအာင္ကို ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မျဖင့္ ဖမ္းဆီး”

ရန္ကုန္ – ေကာ့မႉးၿမိဳ႕နယ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္း ဦးေဌးေအာင္ကို ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄(က)ျဖင့္ ဖမ္းဆီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွတာဝန္႐ွိသူတစ္ဦးက 7Day News သို႔ အတည္ျပဳသည္။

ယေန႔ (ဩဂုတ္ ၂၁ရက္) ညေန ၄နာရီ၃၅မိနစ္အခ်ိန္တြင္ ပုဇြန္ေတာင္ၿမိဳ႕နယ္၌ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း အဆိုပါ ရဲအရာ႐ွိက ဆိုသည္။

ဦးေဌးေအာင္ကို ပုဇြန္ေတာင္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉးက တရားလိုျပဳလုပ္၍ တရားစြဲဆိုျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။ သို႔ေသာ္ ယင္းအခ်က္ႏွင့္ ပတ္သက္ၿပီး 7Day က အတည္ျပဳခ်က္မရေသးေပ။ သို႔ေသာ္ ပုဒ္မ၁၂၄ (က)သည္ အစိုးရအဖြဲ႕အရာ႐ွိတစ္ဦးက တရား႐ုံးသို႔ ဦးတိုက္ေလွ်ာက္ထား စြဲဆိုရသည့္ အမႈျဖစ္သည္။

ဦးေဌးေအာင္ ဖမ္းဆီးခံရမႈႏွင့္ ပတ္သက္ၿပီး အေ႐ွ႕ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မွ ရဲအရာ႐ွိတစ္ဦးထံ ေမးျမန္းရာ ပုဒ္မ၁၂၄(က)ျဖင့္ ဖမ္းဆီးျခင္းမွာ မွန္ကန္ၿပီး ၎ကို အေ႐ွ႕ပိုင္းခ႐ိုင္တရား႐ုံး၌ ရမန္ယူထားေၾကာင္း အတည္ျပဳသည္။

Sources 7days News