မွေးနေ့နံနက်ခင်းမှာ ဆရာဖြစ်သူ ဒါရိုက်တာ ဝိုင်းထံသို့ သတိတရသွားရောက်ကန်တော့ခဲ့တဲ့ ဖွေးဖွေး

မွေးနေ့နံနက်ခင်းမှာ ဆရာဖြစ်သူ ဒါရိုက်တာ ဝိုင်းထံသို့ သတိတရသွားရောက်ကန်တော့ခဲ့တဲ့ ဖွေးဖွေး

ဒီကနေ့ သြဂုတ်လ (၉) ရက်နေ့ကတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေချစ်ရတဲ့ မင်းသမီးချောလေး ဖွေးဖွေးရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ဖွေးဖွေးက သူမရဲ့ မွေးနေ့အကြိုအဖြစ် ပြီးခဲ့တဲ့ သြဂုတ်လ (၇) ရက်နေ့တုန်းကလည်း အလှူအတန်းတွေပြုလုပ်ခဲ့သလို ဒီကနေ့မှာလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ သိန်း (၇၀) ကျော်ဖိုးလှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ အလှူအတန်းတွေ ဆက်တိုင်းလုပ်ကိုင်နေတဲ့ ဖွေးဖွေးက သူမလေးစားရတဲ့ လူကြီးမိဘဆရာသမားတွေကို ကန်တော့ဖို့ မမေ့လျော့ခဲ့ပါဘူး။

ဖွေးဖွေးက သူမရဲ့ မွေးနေ့မနက်အစောကြီးမှာ သူမရဲ့ ဆရာသမားတစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာဝိုင်းရဲ့ နေအိမ်ထိသွားရောက် ဂါရဝပြုကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာဝိုင်းကတော့ တပည့်မလေး ဖွေးဖွေးရဲ့ သိတတ်လိမ္မာမှုကို ဝမ်းသာစွာနဲ့ “ငါတပည့်…ဟတ်ပီးဘတ်ဒေး…ပါ၊ အောင်မြင်မှုတွေကိုနှစ်ပေါင်းများစွာ ထိန်းထားနိုင်ပါစေ။ စိတ်ချမ်းသာလို့ကိုယ်ကျန်းမာပါစေ..” ဆိုပြီး ပီတိတွေနဲ့ မွေးနေ့ဆုမွန်ကောင်း တောင်းပေးထားပါတယ်။

ဖွေးဖွေးနဲ့ ဒါရိုက်တာဝိုင်းက တော်တော်လေးအတွဲညီတဲ့ ဆရာတပည့်တွေဖြစ်ပြီး ဖွေးဖွေးကိုယ်တိုင်ကလည်း သူမရရှိသမျှ အကယ်ဒမီဆု (၃)ဆုစလုံးက ဒါရိုက်တာဝိုင်းရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း တပည့်အလိမ္မာလေး ဖွေးဖွေကို ဒီထက်မက ပိုချစ်သွားမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Wyne’s fb

Credit Shwe khit

Zawgyi

ေမြးေန႔နံနက္ခင္းမွာ ဆရာျဖစ္သူ ဒါ႐ိုက္တာ ဝိုင္းထံသို႔ သတိတရသြားေရာက္ကန္ေတာ့ခဲ့တဲ့ ေဖြးေဖြး

ဒီကေန႔ ၾသဂုတ္လ (၉) ရက္ေန႔ကေတာ့ တစ္ႏိုင္ငံလုံးက ပရိသတ္ေတြခ်စ္ရတဲ့ မင္းသမီးေခ်ာေလး ေဖြးေဖြးရဲ႕ ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ေဖြးေဖြးက သူမရဲ႕ ေမြးေန႔အႀကိဳအျဖစ္ ၿပီးခဲ့တဲ့ ၾသဂုတ္လ (၇) ရက္ေန႔တုန္းကလည္း အလႉအတန္းေတြျပဳလုပ္ခဲ့သလို ဒီကေန႔မွာလည္း ျမန္မာႏိုင္ငံ႐ုပ္႐ွင္အစည္းအ႐ုံးမွာ သိန္း (၇၀) ေက်ာ္ဖိုးလႉဒါန္းခဲ့တာပဲ ျဖစ္ပါတယ္။ အလႉအတန္းေတြ ဆက္တိုင္းလုပ္ကိုင္ေနတဲ့ ေဖြးေဖြးက သူမေလးစားရတဲ့ လူႀကီးမိဘဆရာသမားေတြကို ကန္ေတာ့ဖို႔ မေမ့ေလ်ာ့ခဲ့ပါဘူး။

ေဖြးေဖြးက သူမရဲ႕ ေမြးေန႔မနက္အေစာႀကီးမွာ သူမရဲ႕ ဆရာသမားတစ္ေယာက္ျဖစ္တဲ့ ဒါ႐ိုက္တာဝိုင္းရဲ႕ ေနအိမ္ထိသြားေရာက္ ဂါရဝျပဳကန္ေတာ့ခဲ့တာပဲ ျဖစ္ပါတယ္။ ဒါ႐ိုက္တာဝိုင္းကေတာ့ တပည့္မေလး ေဖြးေဖြးရဲ႕ သိတတ္လိမၼာမႈကို ဝမ္းသာစြာနဲ႔ “ငါတပည့္…ဟတ္ပီးဘတ္ေဒး…ပါ၊ ေအာင္ျမင္မႈေတြကိုႏွစ္ေပါင္းမ်ားစြာ ထိန္းထားႏိုင္ပါေစ။ စိတ္ခ်မ္းသာလို႔ကိုယ္က်န္းမာပါေစ..” ဆိုၿပီး ပီတိေတြနဲ႔ ေမြးေန႔ဆုမြန္ေကာင္း ေတာင္းေပးထားပါတယ္။

ေဖြးေဖြးနဲ႔ ဒါ႐ိုက္တာဝိုင္းက ေတာ္ေတာ္ေလးအတြဲညီတဲ့ ဆရာတပည့္ေတြျဖစ္ၿပီး ေဖြးေဖြးကိုယ္တိုင္ကလည္း သူမရ႐ွိသမွ် အကယ္ဒမီဆု (၃)ဆုစလုံးက ဒါ႐ိုက္တာဝိုင္းရဲ႕ ႐ုပ္႐ွင္ဇာတ္ကားႀကီးေတြနဲ႔ ရ႐ွိခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း တပည့္အလိမၼာေလး ေဖြးေဖြကို ဒီထက္မက ပိုခ်စ္သြားမယ္ ထင္ပါတယ္။ ဖတ္႐ႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ရက္ေလးကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Wyne’s fb

Credit Shwe khit