မွေးနေ့ကုသိုလ်အဖြစ် ကမ်းဇေယျာပရဟိတသီလရှင်စာသင်တိုက်မှာ အလှူအတန်းတွေပြုလုပ်ခဲ့တဲ့ ချစ်သုဝေ

မွေးနေ့ကုသိုလ်အဖြစ် ကမ်းဇေယျာပရဟိတသီလရှင်စာသင်တိုက်မှာ အလှူအတန်းတွေပြုလုပ်ခဲ့တဲ့ ချစ်သုဝေ

ပရိသတ်တွေချစ်ရတဲ့ သဘောဖြူ၊ မနောဖြူ ဆရာဝန် အနုပညာရှင် ချစ်သုဝေကတော့ မနက်ဖြန် သြဂုတ်လ (၁၀) ရက်နေ့မှာပဲ သူမရဲ့ အသက် (၃၆)နှစ်ပြည့် မွေးနေ့ကို ကျရောက်တော့မှာပဲ ဖြစ်ပါတယ်။ ချစ်သုဝေက သူမရဲ့မွေးနေ့အကြို ကုသိုလ်အဖြစ် အလှူအတန်းတွေများစွာကို ပြုလုပ်နေသလိုဒီကနေ့မှာတော့မွေးလလေးရဲ့ဒုတိယမြောက်ကုသိုလ်အဖြစ်ကမ်းဇေယျာပရဟိတသီလရှင်စာသင်တိုက်မှာ အလှူအတန်းတွေပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ချစ်သုဝေက သူမရဲ့ မွေးနေ့ကုသိုလ်အဖြစ် ပရိသတ်တွေ ထပ်တူ သာဓုခေါ်ဆိုနိုင်ဖို့ အခုလိုပဲ မျှဝေပေးထားပါတယ်။

” မွေးလလေးရဲ့ ဒုတိယမြောက်အလှူ။ ဒီနှစ်မွေးနေ့လလေးမှာ လှူခွင့်ရတာမှန်သမျှအတွက် ကြည်နူးမဆုံးပဲ။ ဒီလိုတွေလှုတန်းနိုင်အောင်ဘေးကနေပံ့ပိုးကူညီကြတဲ့ သူငယ်ချင်းတွေရှိနေရတာလည်း ကံကောင်းခြင်းတပါးပဲ🙏 အလုပ်တွေလုပ်နိုင်စွမ်းအားရှိသရွေ့ သဒ္ဓါအားပိုတိုးလို့ လှူနိုင်တန်းနိုင်လှူချင်တန်းချင်သောသူပဲဖြစ်ရပါလို၏🙏🙏” ဆိုပြီး သူမရဲ့ ကုသိုလ်လေးကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။

ချစ်သုဝေကတော့ ပရိသတ်ကြီးအားလုံးသိပြီးသားအတိုင်း ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပေမယ့် လက်အုပ်ချီ အလှူလုပ်ပြီး ရေစက်ချတာကို ကြည်နူးစွာနဲ့ တွေ့ရပါတယ်။ စိတ်ထားကောင်းတဲ့ ချစ်သုဝေတစ်ယောက် ဒီထက်မက လှူနိုင်တမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Chit Thu Wai’s fb

Credit Bilie – Cele Connections

Zawgyi





Source: Chit Thu Wai’s fb
