ခင်ပွန်းဖြစ်သူနဲ့အတူ သွေးလှူဒါန်းပြီးကုသိုလ်ယူခဲ့တဲ့ ထွန်းအိန္ဒြာဗိုလ်

ခင်ပွန်းဖြစ်သူနဲ့အတူ သွေးလှူဒါန်းခဲ့တဲ့ ထွန်းအိန္ဒြာဗိုလ်

ထွန်းအိန္ဒြာဗိုလ်ကတော့ သရုပ်ဆောင်ပိုင်းမှာထူးချွန်ပြောင်မြောက်အောင် အပီပြင်ဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်တာကြောင့် အကောင်းဆုံးအကယ်ဒမီဆု(၃)ဆုကိုထိုက်ထိုက်တန်တန်နဲ့ပိုင်ဆိုင်ရရှိထားပါတယ်။ ဒါ့အပြင်အဆိုပိုင်းမှာလည်း အလွမ်းအဆွေးသီချင်းလေးတွေကို ပရိသတ်ရင်ထဲရောက်အောင် အရောက်ပို့ပေးနိုင်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

ဘာသာရေးကိုလည်း ကြည်ညိုကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပြီးတော့ အလှူအတန်းပြုလုပ်တဲ့နေရာမှာလည်း ရက်ရောသူတစ်ယောက်ပါ။ယနေ့မှာ ထွန်းအိန္ဒြာဗိုလ်ကတော့ ခင်ပွန်းဖြစ်သူနဲ့အတူ သွေးလှူဒါန်းခဲ့တဲ့အကြောင်းကို “ကိုအောင်မင်းထွန်း က ပထမ အကြိမ် ကျမ က တတိယ အကြိမ် သွေးလှူ ကြပါတယ်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။သူကတော့ တတိယအကြိမ် သွေးလှူတာဖြစ်ပေမယ့် ခင်ပွန်းဖြစ်သူ ကိုအောင်မင်းထွန်းကတော့ ပထမဆုံးအကြိမ်သွေးလှူခဲ့တာပါတဲ့။

ပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော်သရုပ်ဆောင်ထွန်းအိန္ဒြာကျော် ကတော့ ခင်ပွန်းဖြစ်သူ ကိုအောင်မင်းထွန်နဲ့အတူ မွန်မြတ်လှတဲ့ သွေးအလှူလေးကို ပြုခဲ့ပါတယ်တဲ့။ ပရိသတ်ကြီးလည်း ထွန်းအိန္ဒြာဗိုလ်တို့ဇနီးမောင်နှံ့ရဲ့ အလှူလေးကို သာဓုခေါ်ခဲ့ပါဦးနော်။

Source: Htun Aeindra Bo

Credit themoonmm

Zawgyi

ခင္ပြန္းျဖစ္သူနဲ႔အတူ ေသြးလႉဒါန္းခဲ့တဲ့ ထြန္းအိျႏၵာဗိုလ္

ထြန္းအိျႏၵာဗိုလ္ကေတာ့ သ႐ုပ္ေဆာင္ပိုင္းမွာထူးခြၽန္ေျပာင္ေျမာက္ေအာင္ အပီျပင္ဆုံးသ႐ုပ္ေဆာင္ႏိုင္သူတစ္ေယာက္ျဖစ္တာေၾကာင့္ အေကာင္းဆုံးအကယ္ဒမီဆု(၃)ဆုကိုထိုက္ထိုက္တန္တန္နဲ႔ပိုင္ဆိုင္ရရွိထားပါတယ္။ ဒါ့အျပင္အဆိုပိုင္းမွာလည္း အလြမ္းအေဆြးသီခ်င္းေလးေတြကို ပရိသတ္ရင္ထဲေရာက္ေအာင္ အေရာက္ပို႔ေပးႏိုင္သူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္အားေပးမႈကိုအခိုင္အမာရရွိထားသူတစ္ေယာက္လည္းျဖစ္ပါတယ္။

ဘာသာေရးကိုလည္း ၾကည္ညိဳကိုင္းရႈိင္းသူတစ္ေယာက္ျဖစ္ၿပီးေတာ့ အလႉအတန္းျပဳလုပ္တဲ့ေနရာမွာလည္း ရက္ေရာသူတစ္ေယာက္ပါ။ယေန႔မွာ ထြန္းအိျႏၵာဗိုလ္ကေတာ့ ခင္ပြန္းျဖစ္သူနဲ႔အတူ ေသြးလႉဒါန္းခဲ့တဲ့အေၾကာင္းကို “ကိုေအာင္မင္းထြန္း က ပထမ အႀကိမ္ က်မ က တတိယ အႀကိမ္ ေသြးလႉ ၾကပါတယ္” ဆိုျပီး သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္နွာမွာေဖာ္ျပထားပါတယ္။သူကေတာ့ တတိယအၾကိမ္ ေသြးလွဴတာျဖစ္ေပမယ့္ ခင္ပြန္းျဖစ္သူ ကိုေအာင္မင္းထြန္းကေတာ့ ပထမဆံုးအၾကိမ္ေသြးလွဴခဲ့တာပါတဲ့။

ပရိသတ္ၾကီးေရ နိုင္ငံေက်ာ္အဆိုေတာ္သရုပ္ေဆာင္ထြန္းအိျႏၵာေက်ာ္ ကေတာ့ ခင္ပြန္းျဖစ္သူ ကိုေအာင္မင္းထြန္နဲ႕အတူ မြန္ျမတ္လွတဲ့ ေသြးအလွဴေလးကို ျပဳခဲ့ပါတယ္တဲ့။ ပရိသတ္ၾကီးလည္း ထြန္းအိျႏၵာဗိုလ္တို႔ဇနီးေမာင္နွံ႔ရဲ႕ အလွဴေလးကို သာဓုေခၚခဲ့ပါဦးေနာ္။

Source: Htun Aeindra Bo

Credit themoonmm