ဆိုင်ကို တကူးတက သွားစရာ မလိုဘဲအိမ်မှာပဲရွှေထည်တွေကိုအရောင်တင်နည်း

ဆိုင်ကို တကူးတက သွားစရာ မလိုဘဲအိမ်မှာပဲရွှေထည်တွေကိုအရောင်တင်နည်း

သွားတိုက်ဆေးနဲ့ မဆေးရဘူးနော်။ အရောင်ကျသွားလိမ့်မယ်။ ရွှေဆိုတာ အဖိုးတန်ပါတယ်။အမြတ်တနိုးနဲ့လည်း ဝတ်ဆင်ကြတယ်၊စုဆောင်းသိမ်းဆည်းကြတယ်။

ဝတ်တာများလာတဲ့အခါရွှေထည် တွေကအရောင်မှိန်သွားရော။ဆိုင်သွားပြီးဆေးခိုင်းမှပြန်ဝင်းလက်လာတယ်လေ။

ဆိုင်မသွားချင်ဘူးဆိုရင်အိမ်မှာပဲရွှေထည်တွေသန့်စင်ဆေးကြောလို့ရပါတယ်။လွယ်လွယ်လေး။ဘာမှမခက်ဘူး။ ပြောပြမယ်။

ရေေ နွး ထဲကို ပန်းကန်ဆေး ဆပ်ပြာ ဆီ အနည်းငယ် ထည့်ပါ။ ဆေးမယ့် ရွှေထည်ကိုဆပ်ပြာရည်ထဲ ၁၅ မိနစ် စိမ်ပေးထားလိုက်ရပါမယ်။ ၁၅ မိနစ် ပြည့်တော့မှသွားတိုက်တံအနုလေးနဲ့ ဖြည်း ဖြည်းချင်း ပွတ်တိုက်သန့်စင်ပေးပါ။

ရေ ကိုနွေးအောင်ထားထားပြီး ဘုံဘိုင်ခေါင်းအောက်မှာရွှေထည်ကိုပြန်ဆေးပေးရပါမယ်။ရေထဲမစိမ်ပါနဲ့။

ကပ်နေတဲ့ကြေးတွေ ရေ နဲ့အတူ မျောသွားအောင်ဘုံဘိုင်ခေါင်းကိုဖွင့်ထားရတာဖြစ်ပါတယ်ဇကာထဲကို ရွှေထည်ပစ္စည်းထည့်ပြီးဆေးရင်ပြုတ်မကျတော့ဘူးပေါ့။

ဆပ်ပြာရည်တွေနဲ့ ကြေး(ဂျီး)တွေ ပြောင် စင်သွားပြီဆိုတော့မှနူးညံ့တဲ့အဝတ်ခြောက်လေးနဲ့ အသာအယာပွတ်တိုက်ပြီးရေတွေခြောက်သွားလိုက်လုပ်လိုက်ရမှာ ဖြစ်ပါတယ်။

ဒါဆိုရင်ဆိုင်ကိုတကူးတကသွားစရာ မလိုဘဲနဲ့ ရွှေထည်ပစ္စည်းလေးကဝယ်ခါစတုန်းကလိုအရောင်ပြန်တက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီနည်းတွေကိုရွှေရည်စိမ်အထည်တွေမှာမဆေးသင့်ပါဘူးအ ရောင် ကျွတ်နိုင်လို့ပါ

Credit-Duwun

ဆိုင္ကို တကူးတက သြားစရာ မလိုဘဲအိမ္မွာပဲေ႐ႊထည္ေတြ အေရာင္တင္နည္း

သြားတိုက္ေဆးနဲ႕ မေဆးရဘူးေနာ္။ အေရာင္က်သြားလိမ့္မယ္။ ေ႐ႊဆိုတာ အဖိုးတန္ပါတယ္။အျမတ္တနိုးနဲ႕လည္း ဝတ္ဆင္ၾကတယ္၊စုေဆာင္းသိမ္းဆည္းၾကတယ္။

ဝတ္တာမ်ားလာတဲ့အခါေ႐ႊထည္ ေတြကအေရာင္မွိန္သြားေရာ။ဆိုင္သြားၿပီးေဆးခိုင္းမွျပန္ဝင္းလက္လာတယ္ေလ။

ဆိုင္မသြားခ်င္ဘူးဆိုရင္အိမ္မွာပဲေ႐ႊထည္ေတြသန႔္စင္ေဆးေၾကာလို႔ရပါတယ္။လြယ္လြယ္ေလး။ဘာမွမခက္ဘူး။ ေျပာျပမယ္။

ေရေ ႏြး ထဲကို ပန္းကန္ေဆး ဆပ္ျပာ ဆီ အနည္းငယ္ ထည့္ပါ။ ေဆးမယ့္ ေ႐ႊထည္ကိုဆပ္ျပာရည္ထဲ ၁၅ မိနစ္ စိမ္ေပးထားလိုက္ရပါမယ္။ ၁၅ မိနစ္ ျပည့္ေတာ့မွသြားတိုက္တံအႏုေလးနဲ႕ ျဖည္း ျဖည္းခ်င္း ပြတ္တိုက္သန႔္စင္ေပးပါ။

ေရ ကိုေႏြးေအာင္ထားထားၿပီး ဘုံဘိုင္ေခါင္းေအာက္မွာေ႐ႊထည္ကိုျပန္ေဆးေပးရပါမယ္။ေရထဲမစိမ္ပါနဲ႕။

ကပ္ေနတဲ့ေၾကးေတြ ေရ နဲ႕အတူ ေမ်ာသြားေအာင္ဘုံဘိုင္ေခါင္းကိုဖြင့္ထားရတာျဖစ္ပါတယ္ဇကာထဲကို ေ႐ႊထည္ပစၥည္းထည့္ၿပီးေဆးရင္ျပဳတ္မက်ေတာ့ဘူးေပါ့။

ဆပ္ျပာရည္ေတြနဲ႕ ေၾကး(ဂ်ီး)ေတြ ေျပာင္ စင္သြားၿပီဆိုေတာ့မွႏူးညံ့တဲ့အဝတ္ေျခာက္ေလးနဲ႕ အသာအယာပြတ္တိုက္ၿပီးေရေတြေျခာက္သြားလိုက္လုပ္လိုက္ရမွာ ျဖစ္ပါတယ္။

ဒါဆိုရင္ဆိုင္ကိုတကူးတကသြားစရာ မလိုဘဲနဲ႕ ေ႐ႊထည္ပစၥည္းေလးကဝယ္ခါစတုန္းကလိုအေရာင္ျပန္တက္လာတာကို ေတြ႕ရမွာျဖစ္ပါတယ္။

ဒါေပမယ့္ ဒီနည္းေတြကိုေ႐ႊရည္စိမ္အထည္ေတြမွာမေဆးသင့္ပါဘူးအ ေရာင္ ကြၽတ္နိုင္လို႔ပါ

Credit-Duwun