မကွယ်လွန်ခင်အချိန်မှာ ဖုန်းဆက်ခဲ့တဲ့ ပရိသတ်ရဲ့ ဖုန်းကို မကိုင်ခဲ့မိတဲ့အတွက် နောင်တရမိကြောင်းဖွင့်ဟလာတဲ့အိုင်ရင်းဇင်မာမြင့်

မကွယ်လွန်ခင်အချိန်မှာ ဖုန်းဆက်ခဲ့တဲ့ ပရိသတ်ရဲ့ ဖုန်းကို မကိုင်ခဲ့မိတဲ့အတွက် နောင်တရမိကြောင်းဖွင့်ဟလာတဲ့အိုင်ရင်းဇင်မာမြင့်

စူးရှကြည်လင်တဲ့ အသံနဲ့ သီချင်းကောင်းတွေကို သီဆိုတတ်တဲ့ အဆိုတော် အိုင်ရင်းဇင်မာမြင့်က Melody World သီချင်း ဆိုပြိုင်ပွဲမှတဆင့်အဆိုတော်တစ်ယောက် ဖြစ်လာသူ ဖြစ်ပါတယ်။ အခုဆိုရင်အောင်မြင်တဲ့အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေပြီဖြစ်တဲ့ အိုင်ရင်းဇင်မာမြင့်ကပြည်တွင်းပရိသတ်တွေများစွာရရှိသလိုပြည်ပကနေအားပေးကြတဲ့ ပရိသတ်အခိုင်အမာကိုလည်း ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့အိုင်ရင်းဇင်မာမြင့်က မကွယ် လွန်ခင်အချိန်မှာဖုန်းဆက်တဲ့ ပရိသတ်ရဲ့ ဖုန်းကောလ်တစ်ခုကို မကိုင်ခဲ့တဲ့အတွက် နောင်တရခဲ့ကြောင်း အခုလိုပဲ ရင်ဖွင့်ပြောဆိုလာပါတယ်။

“ကျွန်မစိတ်မကောင်းဖြစ်ရပါသော.. အမျိူးသားတစ်ဦး မသိကျွမ်းပဲ ညနှက်သန်းခေါင်ကြီးAudio call နဲ့ခေါ်ပါတယ်။ လူစိမ်းလဲဖြစ်၊ အမျိူးသားလဲဖြစ်၊ ညလဲနှက်နေပြီဆိုတော့မလိုအပ်ဖူးထင်လို့မကိုင်ဖြစ်ခဲ့ပါဘူး။စိတ်လဲခုခဲ့ပါတယ်။ သူကတော့ Swiss ကနေအားပေးနေတယ်နော် လို့စာပို့သွားတယ် ဒါလဲမထူးဆန်းနေခဲ့ပါ။ ဒါပေသိအခုသူဆုံးသွားပီလို့ သူACနဲ့စာတွေ့တော့ (ကျွန်မစိတ်ခုနေခဲ့လို့ ရက်လဲမကြာသေးလို့ မှတ်မိနေပါတယ် ဒီACကို) ဝင်ကြည့်မှသူကဆေးရုံတက်နေတဲ့သူ။ ဒါထက်ပိုပြီး တိုင်းတပါးမှာသူတစ်ယောက်ထဲတဲ့။ သူ့အမေကိုလွမ်းကြောင်းရေးထားပြန်သေး (အမေတစ်ယောက်ထဲသာရှိတဲ့ ကျွန်မဘဝနဲ့ကိုယ်ချင်းစာမိပါတယ်)”

“ဒီရောဂါဆိုးကြီးနဲ့သေရမှာကြောက်တယ်လို့ဖတ်မိချိန်မှာ ကျွန်မ နောင်တရမိသလိုဖြစ်သွားရပါတယ် သူတင်ထားတဲ့စာအရ * ဆေးရုံက ဖုန်းတစ်နာရီပေးသုံးတဲ့အချိန်သူစာတင်ပါတယ်* တဲ့သူကျမဆီဆက်ဖြစ်တာက အားပေးစကားများကြားချင်လို့လား။မြန်မာချင်းမို့စကား ပြောချင်တော့ထိမိထိရာနှိပ်မိသလား သူနှစ်သက်တဲ့အဆိုတော်က ကျွန်မများဖြစ်နေလေသလား ?Sorry Bro ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရင်ဖွင့်ပြောဆိုထားပါတယ်။

အိုင်ရင်းဇင်မာမြင့်ကတော့ သူမကိုယ် တိုင်လည်း မမျှော်လင့်တဲ့ အခြေအနေတစ်ခုကြောင့် စိတ်ထိခိုက်ဝမ်းနည်းပြီး နောင်တရရှိနေရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Irene Zin Mar Myint’s fb

မကြယ္လြန္ခင္အခ်ိန္မွာ ဖုန္းဆက္ခဲ့တဲ့ ပရိသတ္ရဲ႕ ဖုန္းကို မကိုင္ခဲ့မိတဲ့အတြက္ ေနာင္တရမိေၾကာင္းဖြင့္ဟလာတဲ့အိုင္ရင္းဇင္မာျမင့္

စူးရွၾကည္လင္တဲ့ အသံနဲ႕ သီခ်င္းေကာင္းေတြကို သီဆိုတတ္တဲ့ အဆိုေတာ္ အိုင္ရင္းဇင္မာျမင့္က Melody World သီခ်င္း ဆိုၿပိဳင္ပြဲမွတဆင့္အဆိုေတာ္တစ္ေယာက္ ျဖစ္လာသူ ျဖစ္ပါတယ္။ အခုဆိုရင္ေအာင္ျမင္တဲ့အဆိုေတာ္တစ္ေယာက္အျဖစ္ ရပ္တည္ေနၿပီျဖစ္တဲ့ အိုင္ရင္းဇင္မာျမင့္ကျပည္တြင္းပရိသတ္ေတြမ်ားစြာရရွိသလိုျပည္ပကေနအားေပးၾကတဲ့ ပရိသတ္အခိုင္အမာကိုလည္း ပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ ဒီကေန႕မွာေတာ့အိုင္ရင္းဇင္မာျမင့္က မကြယ္ လြန္ခင္အခ်ိန္မွာဖုန္းဆက္တဲ့ ပရိသတ္ရဲ႕ ဖုန္းေကာလ္တစ္ခုကို မကိုင္ခဲ့တဲ့အတြက္ ေနာင္တရခဲ့ေၾကာင္း အခုလိုပဲ ရင္ဖြင့္ေျပာဆိုလာပါတယ္။

“ကြၽန္မစိတ္မေကာင္းျဖစ္ရပါေသာ.. အမ်ိဴးသားတစ္ဦး မသိကြၽမ္းပဲ ညႏွက္သန္းေခါင္ႀကီးAudio call နဲ႕ေခၚပါတယ္။ လူစိမ္းလဲျဖစ္၊ အမ်ိဴးသားလဲျဖစ္၊ ညလဲႏွက္ေနၿပီဆိုေတာ့မလိုအပ္ဖူးထင္လို႔မကိုင္ျဖစ္ခဲ့ပါဘူး။စိတ္လဲခုခဲ့ပါတယ္။ သူကေတာ့ Swiss ကေနအားေပးေနတယ္ေနာ္ လို႔စာပို႔သြားတယ္ ဒါလဲမထူးဆန္းေနခဲ့ပါ။ ဒါေပသိအခုသူဆုံးသြားပီလို႔ သူACနဲ႕စာေတြ႕ေတာ့ (ကြၽန္မစိတ္ခုေနခဲ့လို႔ ရက္လဲမၾကာေသးလို႔ မွတ္မိေနပါတယ္ ဒီACကို) ဝင္ၾကည့္မွသူကေဆး႐ုံတက္ေနတဲ့သူ။ ဒါထက္ပိုၿပီး တိုင္းတပါးမွာသူတစ္ေယာက္ထဲတဲ့။ သူ႕အေမကိုလြမ္းေၾကာင္းေရးထားျပန္ေသး (အေမတစ္ေယာက္ထဲသာရွိတဲ့ ကြၽန္မဘဝနဲ႕ကိုယ္ခ်င္းစာမိပါတယ္)”

“ဒီေရာဂါဆိုးႀကီးနဲ႕ေသရမွာေၾကာက္တယ္လို႔ဖတ္မိခ်ိန္မွာ ကြၽန္မ ေနာင္တရမိသလိုျဖစ္သြားရပါတယ္ သူတင္ထားတဲ့စာအရ * ေဆး႐ုံက ဖုန္းတစ္နာရီေပးသုံးတဲ့အခ်ိန္သူစာတင္ပါတယ္* တဲ့သူက်မဆီဆက္ျဖစ္တာက အားေပးစကားမ်ားၾကားခ်င္လို႔လား။ျမန္မာခ်င္းမို႔စကား ေျပာခ်င္ေတာ့ထိမိထိရာႏွိပ္မိသလား သူႏွစ္သက္တဲ့အဆိုေတာ္က ကြၽန္မမ်ားျဖစ္ေနေလသလား ?Sorry Bro ” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ရင္ဖြင့္ေျပာဆိုထားပါတယ္။

အိုင္ရင္းဇင္မာျမင့္ကေတာ့ သူမကိုယ္ တိုင္လည္း မေမွ်ာ္လင့္တဲ့ အေျခအေနတစ္ခုေၾကာင့္ စိတ္ထိခိုက္ဝမ္းနည္းၿပီး ေနာင္တရရွိေနရတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႕ရက္ေလးကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Irene Zin Mar Myint’s fb