အကျဉ်းထောင်စခန်းများမှတက္ကသိုလ်ဝင်တန်းအောင်မြင်သူ အကျဉ်းသား ၁၀၀ ကျော်ရှိ ၊ ဂုဏ်ထူးရသူ ၇၈ ဦးပါဝင်

အကျဉ်းထောင်စခန်းများမှတက္ကသိုလ်ဝင်တန်းအောင်မြင်သူ အကျဉ်းသား ၁၀၀ ကျော်ရှိ ၊ ဂုဏ်ထူးရသူ ၇၈ ဦးပါဝင်

အရင်နှစ်ကထက် အောင်မြင်သူတိုးလာခဲ့ပါတယ်။အခုနှစ်မှာအကျဉ်းထောင်စခန်းတွေကနေ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ အကျဉ်းသား ၁၀၈ ဦးအထိ ရှိပြီး ဂုဏ်ထူးနဲ့ အောင်မြင်သူ ၇၈ ဦးပါဝင်တယ်လို့ အကျဉ်းဦးစီးဌာနကသတင်းထုတ်ပြန်ပါတယ်။

၂၀၁၉-၂၀ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ အကျဉ် းထောင်စခန်း ၁၁ ခုမှ အကျဉ်းသား ၁၆၂ဦး၊ အကျဉ်းသူ ၁၃ ဦး၊ အချုပ်သား ၂ ဦးနဲ့အချုပ်သူ ၁ ဦး စုစုပေါင်း ၁၇၈ ဦးဝင်ရောက်ဖြေဆိုခဲ့တယ်လို့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ-ဧပြီလ ၁၇ ရက်က အင်းစိန်အကျဉ်းထောင်စခန်းကို မြင်ရစဉ်။

ဒီကနေ့ သြဂုတ်လ ၉ ရက်နေ့မှာအောင်စာရင်းထုတ်ပြန်ခဲ့ရာ လေးဘာသာဂုဏ်ထူးရှင် ၁ ဦး၊သုံးဘာသာ ဂုဏ်ထူးရှင် ၁၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်၂၈ ဦး၊တစ်ဘာသာဂုဏ်ထူးရှင် ၃၈ ဦး၊ရိုးရိုးအောင်မြင်သူ ၃၈ ဦးရှိခဲ့ပြီး စုစုပေါင်း ၁၀၈ ဦး အောင်မြင်ခဲ့တယ်လို့သိရပါတယ်။အောင်မြင်သူ ၁၀၈ ဦးထဲမှာ အမျိုးသား၁၀၀ ဦးနဲ့အမျိုးသမီး ၈ဦးဖြစ်ပြီးအောင်ချက်ရာခိုင် နှုန်းအနေနဲ့ ၆၀.၆၇ ရာခိုင်နှုန်းရရှိခဲ့တယ်လို့လည်းဆိုပါတယ်။

စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့တဲ့အကျဉ်းထောင်တွေကတော့ အင်းစိန်ထောင်၊မန္တလေးထောင်၊တောင်ငူထောင်၊ ကသာထောင်၊လွိုင်ကော်ထောင်၊ညောင်ရွှေထောင်၊ ကျိုင်းတုံထောင်၊ကျောက်ဖြူတောင်၊ ဘားအံထောင်၊သရက်ထောင်နဲ့ မအူပင်ထောင်တို့ ဖြစ်ပါတယ်။

အဆိုပါ ထောင် (၁၁)ခုထဲက အင်းစိန်ထောင်၊ မန္တလေးထောင်၊တောင်ငူထောင်နဲ့ကသာထောင်စတဲ့ထောင်စခန်း(၄)ခုက ဝင်ရောက်ဖြေဆိုခဲ့တဲ့အကျဉ်းသားတွေသာအောင်မြင်ခဲ့ကြတာဖြစ်ပါတယ်။

အင်းစိန်ထောင်ကနေဝင်ရောက်ဖြေဆိုသူ ၈၅ ဦးရှိခဲ့ရာ ၅၈ ဦးအောင်မြင်ခဲ့ပြီးလေးဘာသာဂုဏ်ထူးရှင် ၁ ဦး၊သုံးဘာသာဂုဏ်ထူးရှင် ၃ ဦး၊နှစ်ဘာသာဂုဏ်ထူးရှင် ၆ ဦးနဲ့ တစ်ဘာသာ ဂုဏ်ထူးရှင် ၂၄ ဦးရှိခဲ့ပြီးအောင်ချက် ၆၈ ရာခိုင်နှုန်းကျော်ရှိခဲ့ပါတယ်။

မန္တလေးထောင်ကနေဝင်ရောက်ဖြေဆိုသူ၆၉ ဦးထဲမှာတော့ ၄၈ ဦးအောင်မြင်ခဲ့ပြီးသုံးဘာသာဂုဏ်ထူးရှင်(၈) ဦး၊နှစ်ဘာသာဂုဏ်ထူးရှင်(၂၂)ဥိးနဲ့တစ်ဘာသာဂုဏ်ထူးရှင်(၁၄) ဦးရှိခဲ့ပြီး အောင်ချက်၆၉ရာခိုင်နှုန်းကျော်ရှိခဲ့တာပါ။

တောင်ငူထောင်ကနေဝင်ရောက်ဖြေဆိုသူ ၂ ဦး အနက် ၁ ဦး အောင်မြင်ခဲ့ပြီးကသာထောင်ကနေဝင်ရောက်ဖြေဆိုသူ ၁ ဦးရှိခဲ့ပြီး အောင်မြင်ခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကအကျဉ်းထောင်စခန်းအသီးသီးကအကျဉ်းသား ၁၇၁ ဦး ဖြေဆိုခဲ့တဲ့နက် ၉၄ ဦးအောင်မြင်ခဲ့ပြီး ၅၄ရာခိုင်နှုန်းကျော်ရှိခဲ့ပါတယ်။အခုပညာသင်နှစ်မှာတော့အောင်ချက်ရာခိုင်နှုန်း ၆၀ ကျော်ရှိခဲ့တာကြောင့်အရင်နှစ်တွေကထက် အောင်ချက်ပိုမိုမြင့်မားခဲ့တယ်လို့အကျဉ်းဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Credit DUWUN

အက်ဥ္းေထာင္စခန္းမ်ားမွတကၠသိုလ္ဝင္တန္းေအာင္ျမင္သူ အက်ဥ္းသား ၁၀၀ ေက်ာ္ရွိ ၊ ဂုဏ္ထူးရသူ ၇၈ ဦးပါဝင္

အရင္ႏွစ္ကထက္ ေအာင္ျမင္သူတိုးလာခဲ့ပါတယ္။အခုႏွစ္မွာအက်ဥ္းေထာင္စခန္းေတြကေန တကၠသိုလ္ဝင္တန္းေအာင္ျမင္သူအက်ဥ္းသား၁၀၈ ဦးအထိ ရွိၿပီး ဂုဏ္ထူးနဲ႕ ေအာင္ျမင္သူ ၇၈ ဦးပါဝင္တယ္လို႔ အက်ဥ္းဦးစီးဌာနက သတင္းထုတ္ျပန္ပါတယ္။

၂၀၁၉-၂၀ ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲမွာ အက်ဥ္းေထာင္စခန္း ၁၁ ခုမွ အက်ဥ္းသား ၁၆၂ဦး၊ အက်ဥ္းသူ ၁၃ ဦး၊အခ်ဳပ္သား၂ ဦးနဲ႕ အခ်ဳပ္သူ ၁ ဦး စုစုေပါင္း ၁၇၈ ဦးဝင္ေရာက္ေျဖဆိုခဲ့တယ္လို႔ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဓာတ္ပုံ-ဧၿပီလ ၁၇ ရက္က အင္းစိန္အက်ဥ္းေထာင္စခန္းကို ျမင္ရစဥ္။

ဒီကေန႕ၾသဂုတ္လ ၉ ရက္ေန႕မွာ ေအာင္စာရင္းထုတ္ျပန္ခဲ့ရာ ေလးဘာသာဂုဏ္ထူးရွင္ ၁ ဦး၊ သုံးဘာသာ ဂုဏ္ထူးရွင္ ၁၁ ဦး၊ ႏွစ္ဘာသာဂုဏ္ထူးရွင္၂၈ ဦး၊ တစ္ဘာသာဂုဏ္ထူးရွင္ ၃၈ ဦး၊ရိုးရိုးေအာင္ျမင္သူ ၃၈ ဦးရွိခဲ့ၿပီး စုစုေပါင္း ၁၀၈ ဦး ေအာင္ျမင္ခဲ့တယ္လို႔သိရပါတယ္။ ေအာင္ျမင္သူ ၁၀၈ ဦးထဲမွာအမ်ိဳးသား၁၀၀ ဦးနဲ႕ အမ်ိဳးသမီး ၈ ဦးျဖစ္ၿပီးေအာင္ခ်က္ရာခိုင္ႏႈန္းအေနနဲ႕ ၆၀.၆၇ ရာခိုင္ႏႈန္းရရွိခဲ့တယ္လို႔ လည္း ဆိုပါတယ္။

စာေမးပြဲဝင္ေရာက္ေျဖဆိုခဲ့တဲ့အက်ဥ္း ေထာင္ေတြကေတာ့အင္းစိန္ေထာင္၊မႏၲေလးေထာင္၊ေတာင္ငူေထာင္၊ ကသာေထာင္၊လြိုင္ေကာ္ေထာင္၊ေညာင္ေ႐ႊေထာင္၊ က်ိဳင္းတုံေထာင္၊ေက်ာက္ျဖဴေတာင္၊ဘားအံေထာင္၊သရက္ေထာင္နဲ႕ မအူပင္ေထာင္တို႔ ျဖစ္ပါတယ္။

အဆိုပါ ေထာင္(၁၁)ခုထဲကအင္းစိန္ေထာင္၊ မႏၲေလးေထာင္၊ေတာင္ငူေထာင္နဲ႕ ကသာေထာင္ စတဲ့ ေထာင္စခန္း (၄) ခုကဝင္ေရာက္ေျဖဆိုခဲ့တဲ့ အက်ဥ္းသားေတြသာေအာင္ျမင္ခဲ့ၾကတာျဖစ္ပါတယ္။

အင္းစိန္ေထာင္ကေနဝင္ေရာက္ေျဖဆိုသူ ၈၅ ဦးရွိခဲ့ရာ ၅၈ ဦးေအာင္ျမင္ခဲ့ၿပီး ေလးဘာသာဂုဏ္ထူးရွင္ ၁ ဦး၊သုံးဘာသာဂုဏ္ထူးရွင္ ၃ ဦး၊ ႏွစ္ဘာသာဂုဏ္ထူးရွင္ ၆ ဦးနဲ႕ တစ္ဘာသာ ဂုဏ္ထူးရွင္ ၂၄ ဦးရွိခဲ့ၿပီး ေအာင္ခ်က္ ၆၈ ရာခိုင္ႏႈန္းေက်ာ္ရွိခဲ့ပါတယ္။

မႏၲေလးေထာင္ကေန ဝင္ေရာက္ေျဖဆိုသူ၆၉ ဦးထဲမွာေတာ့၄၈ ဦးေအာင္ျမင္ခဲ့ၿပီးသုံးဘာသာဂုဏ္ထူးရွင္ (၈) ဦး၊ ႏွစ္ဘာသာဂုဏ္ထူးရွင္(၂၂) ဥိးနဲ႕ တစ္ဘာသာဂုဏ္ထူးရွင္ (၁၄)ဦးရွိခဲ့ၿပီး ေအာင္ခ်က္ ၆၉ ရာခိုင္ႏႈန္းေက်ာ္ရွိခဲ့တာပါ။

ေတာင္ငူေထာင္ကေန ဝင္ေရာက္ေျဖဆိုသူ ၂ ဦး အနက္ ၁ ဦး ေအာင္ျမင္ခဲ့ၿပီး ကသာေထာင္ကေန ဝင္ေရာက္ေျဖဆိုသူ ၁ ဦးရွိခဲ့ၿပီး ေအာင္ျမင္ခဲ့တယ္လို႔သိရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က အက်ဥ္းေထာင္စခန္းအသီးသီးက အက်ဥ္းသား ၁၇၁ဦး ေျဖဆိုခဲ့တဲ့နက္ ၉၄ဦးေအာင္ျမင္ခဲ့ၿပီး ၅၄ရာခိုင္ႏႈန္းေက်ာ္ ရွိခဲ့ပါတယ္။အခုပညာသင္ႏွစ္မွာေတာ့ ေအာင္ခ်က္ရာခိုင္ႏႈန္း ၆၀ ေက်ာ္ရွိခဲ့တာေၾကာင့္ အရင္ႏွစ္ေတြကထက္ ေအာင္ခ်က္ပိုမိုျမင့္မားခဲ့တယ္လို႔ အက်ဥ္းဦးစီးဌာနက သတင္းထုတ္ျပန္ပါတယ္။

Credit DUWUN