အကြိမ် ၅၀မြောက် စာမေးပွဲမှာထပ်မံ ကျရှုံးခဲ့ရပြန်‌ပေမဲ့လည်း ဇွဲမလျှော့သေး ပါဘူးလို့ပြောလာတဲ့ ဖိုးဖိုး

အကြိမ် ၅၀မြောက် စာမေးပွဲမှာထပ်မံ ကျရှုံးခဲ့ရပြန်‌ပေမဲ့လည်း ဇွဲမလျှော့သေး ပါဘူးလို့ပြောလာတဲ့ ဖိုးဖိုး

မော်လမြိုင်ကျွန်းမြို့မှ အ ဘိုး ဦးသိန်းညွန့်(၇၄)နှစ်သည် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အက–၃၁၀၅ ဖြင့် အလက တောရကျောင်း စာစစ်ဌာနတွင် ဖြေဆိုထားခဲ့ပါတယ် ဦးသိန်းညွန့် ဟာ ၎င်းအတွက်အကြိမ် ၅၀ မြောက်ဖြစ်သည့် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားခဲ့တာပါ

မော်လမြိုင်ကျွန်း မြို့ရှိ နေအိမ်၌ အတွဲ (၂) ဘာသာရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချၤာ၊ ပထဝီဝင်၊ သမိုင်းနှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆို ထားခဲ့ကြောင်းသိရသည်။ဒါပေမယ့် ကံမကောင်းစွာနဲ့ အောင်စာရင်းမှာ သူရဲ့ ခုံအမှတ်အက၃၁၀၅ ပါမလာခဲ့ပါ “ကျွန် တော်ကတက္ကသိုလ်ဝင် စာမေးပွဲ မအောင်မချင်း စိတ်ဓာတ် မကျပါဘူး။ ဇွဲ၊ လုံ့လမလျှော့ဘဲ ဆက်လက်ကြိုးစား ဖြေဆိုသွားမှာပါ။

တစ်နှစ်နှစ်တော့အောင်မြင်မှာပါ။ ကျွန် တော်က သချၤာအားနည်းပါတယ်။ဒီနှစ်တော့ သချၤာအောင်မှတ်ရဖို့ ကြိုးစားထားပါတယ်။အောင်မယ်လို့လည်း ယုံကြည်ပါတယ်။လူငယ် တွေကို ပြောချင်တာကဘာကိုမှ စိတ် ဓာတ်ကျစရာမလိုပါဘူး။ ကျွန်တော့် ကို စံနမူနာယူဟု အဘိုးဦးသိန်းညွန့်က ပြောခဲ့သည်။

ဦးသိန်းညွန့် (၇၄)နှစ်သည် တက္ကသိုလ်ဝင်စာမေးပွဲကို ၁၉၇၀ ပြည့်နှစ်က စတင်ဖြေဆိုခဲ့ပြီး ယခုနှစ် ဆိုလျှင် နှစ်ပေါင် း(၅ ၀ )ရှိ ခဲ့ပြီဖြစ်ရာ မူလတန်းဆင့် ကို ၁၄ လမ်းမူလတန်းကျောင်း၌ လည်းကောင်း၊ အလယ်တန်းဆင့်ကို အလက ညောင်တုန် းကျောင်း၌လည်းကောင်း၊အထက်တန်း ဆင့်ကိုမော်လမြိုင်ကျွန်းမြို့အထက(၁)၌ လည်းကောင်းပညာသင်ယူခဲ့သူဖြစ် သည်။

အဘိုးတွင် ဇနီးဒေါ်စိန်(ကွယ်လွန်)နှင့် သားသမီး ငါးဦးထွန်းကားခဲ့ပြီး ယခင်က ရေထမ်းအလုပ်ဖြင့် အသက်မွေးဝမ်း ကျောင်းပြုကာယခု ရေထမ်းအလုပ်မှ အနားယူခဲ့ကြောင်းသိရပြီး အဘိုးသည် ကျန်းမာရေးကောင်းမွန်သူတစ်ဦးလည်း ဖြစ်သည်။

အႀကိမ္ ၅၀ေျမာက္ စာေမးပြဲမွာထပ္မံ က်ရႈံးခဲ့ရျပန္‌ေပမဲ့လည္း ဇြဲမေလွ်ာ့ေသး ပါဘူးလို႔ေျပာလာတဲ့ ဖိုးဖိုး

ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕မွ အ ဘိုး ဦးသိန္းၫြန႔္(၇၄)ႏွစ္သည္ ၂၀၂၀ ျပည့္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို အက–၃၁၀၅ ျဖင့္ အလက ေတာရေက်ာင္း စာစစ္ဌာနတြင္ ေျဖဆိုထားခဲ့ပါတယ္ ဦးသိန္းၫြန႔္ ဟာ ၎အတြက္အႀကိမ္ ၅၀ ေျမာက္ျဖစ္သည့္ ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုထားခဲ့တာပါ

ေမာ္လၿမိဳင္ကြၽန္း ၿမိဳ႕ရွိ ေနအိမ္၌ အတြဲ (၂) ဘာသာရပ္မ်ားျဖစ္ေသာ ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ပထဝီဝင္၊ သမိုင္းႏွင့္ ေဘာဂေဗဒဘာသာရပ္တို႔ကို ေျဖဆို ထားခဲ့ေၾကာင္းသိရသည္။ဒါေပမယ့္ ကံမေကာင္းစြာနဲ႕ ေအာင္စာရင္းမွာ သူရဲ႕ ခုံအမွတ္အက၃၁၀၅ ပါမလာခဲ့ပါ “ကြၽန္ ေတာ္ကတကၠသိုလ္ဝင္ စာေမးပြဲ မေအာင္မခ်င္း စိတ္ဓာတ္ မက်ပါဘူး။ ဇြဲ၊ လုံ႕လမေလွ်ာ့ဘဲ ဆက္လက္ႀကိဳးစား ေျဖဆိုသြားမွာပါ။

တစ္ႏွစ္ႏွစ္ေတာ့ေအာင္ျမင္မွာပါ။ ကြၽန္ ေတာ္က သခ်ၤာအားနည္းပါတယ္။ဒီႏွစ္ေတာ့ သခ်ၤာေအာင္မွတ္ရဖို႔ ႀကိဳးစားထားပါတယ္။ေအာင္မယ္လို႔လည္း ယုံၾကည္ပါတယ္။လူငယ္ ေတြကို ေျပာခ်င္တာကဘာကိုမွ စိတ္ ဓာတ္က်စရာမလိုပါဘူး။ ကြၽန္ေတာ့္ ကို စံနမူနာယူဟု အဘိုးဦးသိန္းၫြန႔္က ေျပာခဲ့သည္။

ဦးသိန္းၫြန႔္ (၇၄)ႏွစ္သည္ တကၠသိုလ္ဝင္စာေမးပြဲကို ၁၉၇၀ ျပည့္ႏွစ္က စတင္ေျဖဆိုခဲ့ၿပီး ယခုႏွစ္ ဆိုလွ်င္ ႏွစ္ေပါင္ း(၅ ၀ )ရွိ ခဲ့ၿပီျဖစ္ရာ မူလတန္းဆင့္ ကို ၁၄ လမ္းမူလတန္းေက်ာင္း၌ လည္းေကာင္း၊ အလယ္တန္းဆင့္ကို အလက ေညာင္တုန္ းေက်ာင္း၌လည္းေကာင္း၊အထက္တန္း ဆင့္ကိုေမာ္လၿမိဳင္ကြၽန္းၿမိဳ႕အထက(၁)၌ လည္းေကာင္းပညာသင္ယူခဲ့သူျဖစ္ သည္။

အဘိုးတြင္ ဇနီးေဒၚစိန္(ကြယ္လြန္)ႏွင့္ သားသမီး ငါးဦးထြန္းကားခဲ့ၿပီး ယခင္က ေရထမ္းအလုပ္ျဖင့္ အသက္ေမြးဝမ္း ေက်ာင္းျပဳကာယခု ေရထမ္းအလုပ္မွ အနားယူခဲ့ေၾကာင္းသိရၿပီး အဘိုးသည္ က်န္းမာေရးေကာင္းမြန္သူတစ္ဦးလည္း ျဖစ္သည္။