လောကကြီးတစ်ခုလုံးမှောင်မည်းပြီး လမ်းပျောက်သလိုခံစားနေရပြီလို့ရင်ဖွင့်လာခဲ့တဲ့ မေ့ချစ်သက်

လောကကြီးတစ်ခုလုံးမှောင်မည်းပြီး လမ်းပျောက်သလိုခံစားနေရပြီလို့ရင်ဖွင့်လာခဲ့တဲ့ မေ့ချစ်သက်

ပရိသတ်ကြီးရေရှေ့ဆက်ရမယ့်ဘဝခရီးအတွက်ဘဝတစ်ဆစ်ချိုးလို့ ဆိုကြတဲ့ ဆယ်တန်းစာမေးပွဲကြီးရဲ့ ရလဒ်ကတော့ ဒီနေ့မနက်မှာထွက်လာခဲ့ပြီဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဇွန်လမှာ ရလဒ်ထုတ်လေ့ရှိသော်လည်းကိုဗစ်ကပ်ရောဂါကြောင့် အခုလို သြဂုတ်လအထိနောက်ဆုတ်ခဲ့ရတာပါ။

ဆယ်တန်းစာမေးပွဲရဲ့ရလဒ်ကိုတော့ လူတော်တော်များများအာရုံစိုက်ကြတာကြောင့်အောင်တဲ့သူ၊ ဂုဏ်ထူးပါတဲ့သူတွေအတွက်လည်းသာမန်အပျော်တွေထက်ပိုပျော်ရသလိုကျရှုံးတဲ့သူတွေအတွက်လည်းအင်မတန်စိတ်ထိခိုက်ရမှာပါ။ပရိသတ်ချစ်ခင်အားပေးတဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ တေးသံရှင်မေ့ချစ်သက်ကလည်း ဒီနှစ်စာမေးပွဲကျရှုံးခဲ့တာနဲ့ပတ်သက်ပြီး ” ပထမဆုံးအကြိမ် လောကကြီးတခုလုးံမှောင်မည်းပြီး လမ်းပျောက်သလိုခံစားမိတယ်” ဆိုပြီး စိတ်မကောင်းဖွယ် ရေးသားမျှဝေလာပါတယ်။

မေ့ချစ်သက်ကတော့ ငယ်စဉ်က တည်းက အဆိုပြိုင်ပွဲတွေမှာဆုရရှိပြီး ဂီတခရီးလမ်းကို လျှောက်လှမ်းလာခဲ့သူပါ။ ကျောင်းတစ်ဖက် ဖျော်ဖြေပွဲတစ်ဖက်နဲ့ မိဘကိုလည်း လုပ်ကျွေးရင်း သူတတ်နိုင်တဲ့ဘက်ကနေ အလှူအတန်းတွေလည်း ဆက်တိုက်လုပ်နေသူပါ။ ပထမအကြိမ် ဆယ်တန်းစာမေးပွဲရှုံးနိမ့်ပြီး ဒီနှစ်မှာတော့ ဖျော်ဖြေပွဲတွေရပ်နားကာ စာကို ဦးစားပေးလုပ်ခဲ့ပေမယ့်လည်း ထပ်မံကျရှုံးခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ… ဆယ်တန်းစာမေးပွဲရလဒ်ကြောင့် စိတ်ထိခိုက်နေတဲ့ မေ့ချစ်သက်အတွက် ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း အားပေးစကားပြောခဲ့ပါဦးနော်။

Source – M Chit Thet မေ့ချစ်သက်
Rainbow-Cele Gabar

ေလာကႀကီးတစ္ခုလုံးေမွာင္မည္းၿပီး လမ္းေပ်ာက္သလိုခံစားေနရၿပီလို႔ရင္ဖြင့္လာခဲ့တဲ့ ေမ့ခ်စ္သက္

ပရိသတ္ႀကီးေရေရွ႕ဆက္ရမယ့္ ဘဝခရီးအတြက္ဘဝတစ္ဆစ္ခ်ိဳးလို႔ ဆိုၾကတဲ့ ဆယ္တန္းစာေမးပြဲႀကီးရဲ႕ ရလဒ္ကေတာ့ ဒီေန႕မနက္မွာထြက္လာခဲ့ၿပီျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ဇြန္လမွာ ရလဒ္ထုတ္ေလ့ရွိေသာ္လည္းကိုဗစ္ကပ္ေရာဂါေၾကာင့္ အခုလို ၾသဂုတ္လအထိေနာက္ဆုတ္ခဲ့ရတာပါ။

ဆယ္တန္းစာေမးပြဲရဲ႕ရလဒ္ကိုေတာ့ လူေတာ္ေတာ္မ်ားမ်ားအာ႐ုံစိုက္ၾကတာေၾကာင့္ေအာင္တဲ့သူ၊ ဂုဏ္ထူးပါတဲ့သူေတြအတြက္လည္းသာမန္အေပ်ာ္ေတြထက္ပိုေပ်ာ္ရသလိုက်ရႈံးတဲ့သူေတြအတြက္လည္းအင္မတန္စိတ္ထိခိုက္ရမွာပါ။ပရိသတ္ခ်စ္ခင္အားေပးတဲ့အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ ေတးသံရွင္ေမ့ခ်စ္သက္ကလည္း ဒီႏွစ္စာေမးပြဲက်ရႈံးခဲ့တာနဲ႕ပတ္သက္ၿပီး ” ပထမဆုံးအႀကိမ္ ေလာကႀကီးတခုလုးံေမွာင္မည္းၿပီး လမ္းေပ်ာက္သလိုခံစားမိတယ္” ဆိုၿပီး စိတ္မေကာင္းဖြယ္ ေရးသားမွ်ေဝလာပါတယ္။

ေမ့ခ်စ္သက္ကေတာ့ ငယ္စဥ္က တည္းက အဆိုၿပိဳင္ပြဲေတြမွာဆုရရွိၿပီး ဂီတခရီးလမ္းကို ေလွ်ာက္လွမ္းလာခဲ့သူပါ။ ေက်ာင္းတစ္ဖက္ ေဖ်ာ္ေျဖပြဲတစ္ဖက္နဲ႕ မိဘကိုလည္း လုပ္ေကြၽးရင္း သူတတ္နိုင္တဲ့ဘက္ကေန အလႉအတန္းေတြလည္း ဆက္တိုက္လုပ္ေနသူပါ။ ပထမအႀကိမ္ ဆယ္တန္းစာေမးပြဲရႈံးနိမ့္ၿပီး ဒီႏွစ္မွာေတာ့ ေဖ်ာ္ေျဖပြဲေတြရပ္နားကာ စာကို ဦးစားေပးလုပ္ခဲ့ေပမယ့္လည္း ထပ္မံက်ရႈံးခဲ့တာပဲျဖစ္ပါတယ္ ပရိသတ္ႀကီးေရ… ဆယ္တန္းစာေမးပြဲရလဒ္ေၾကာင့္ စိတ္ထိခိုက္ေနတဲ့ ေမ့ခ်စ္သက္အတြက္ ဆယ္လီကမာၻပရိသတ္ႀကီးလည္း အားေပးစကားေျပာခဲ့ပါဦးေနာ္။

Source – M Chit Thet ေမ့ခ်စ္သက္
Rainbow-Cele Gabar