ဘဝတစ်လျှောက်လုံး ပျော်ရွှင်စေဖို့ဘဝနေနည်း နည်းလမ်း ( ၁၀ )မျိုး

ဘဝတစ်လျှောက်လုံး ပျော်ရွှင်စေဖို့ဘဝနေနည်း နည်းလမ်း ( ၁၀ )မျိုးကောင်းလွန်းလို့ဖတ်ကြည့်စမ်းပါ

( ၁ ) ဘယ်တော့မှ ပိုက်ဆံမချေးပါနဲ့ ။ဆောင်ပုဒ်လေးတစ်ခုရှိတယ် ။

တောင်းမှပေးတာ လူမိုက်၊မတောင်းဘဲပေးတာ လူလိမ္မာ၊တောင်းလည်းမပေးတာလူယုတ်မာဒါ့ကြောင့် ပြင်ပဘေးသူစိမ်းတွေနဲ့
မယုံကြည်ရတဲ့သူတွေကိုတက်နိူင်သမျှပိုက်ဆံမချေးပါနှင့် ။

ငွေကြေးဥစ္စာဟာနည်းသည်ဖြစ်စေများသည်ဖြစ်စေ ချေးငှားကြသူတိုင်းဟာ ပြန်ပြီးလိုချင်ကြစမြဲပါ ။ပြန်မဆပ်ခဲ့ဘူးဆိုရင်ရင်ထဲမှာ အစိုင်အခဲလေးတည်နေတတ်ပါတယ် ။ကိုယ်တကယ်ချစ်တဲ့သူတွေအတွက်ဆိုရင်ရက်ရက်ရောရောသာ ပေးကမ်းကူညီပေးလိုက်ပါ။

( ၂ )လိုအပ်လျှင်အဆင်သင့်ဖြစ် အောင်ပိုက်ဆံပုံမှန်စုပါ ။

ကျွန်တော်တို့ဟာဘယ်အချိန်မှာဆင်းရဲဒုက္ခတွေကြုံမလဲဘယ်အချိန်မှာအနာတရဖြစ်မလဲဆိုတာကြိုပြီးမသိနိူင်ပါဘူး ။
ဒီလိုအနေအထားမျိုးတွေတကယ်ဖြစ်လာခဲ့ရင်အခက်အခဲတွေကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းဖို့ ပိုက်ဆံစုပါ ။

( ၃ ) ကိုယ့်ဘ၀အတွက်မလိုအပ်တဲ့သူတွေအတွက် အချိန်ကုန်မခံပါနဲ့ ။

ကိုယ့်ကိုငြင်းပယ်ခဲ့ဖူးသူတွေလို အပ်မှ ကိုယ့်ကိုတမ်းတမ်းတတဖြစ်တတ်ကြသူတွေအတွက်လုံး၀အချိန်ကုန်မခံပါနဲ့ ။တစ်ချို့တွေတော့ရှိတယ်”ငါကသူ့အတွက်အမြဲတမ်းပေးဆပ်ဖို့အဆင့်ပဲ” တဲ့။

ဒါဟာသေချာတွေးကြည့်ရင် စိတ္တဇဝေဒနာသည်တစ်ယောက်ရဲ့အတွေးမျိုးပါ၊ချီးကျူးထိုက်ဖို့နေနေသာသာလုံး၀ ဂုဏ်ယူစရာမကောင်းတဲ့လုပ်ရပ်မျိုးပါပဲ ။ကိုယ့်ကို မလိုအပ်တဲ့သူအတွက် အပင်ပန်းခံနေမဲ့အစားပရဟိတလုပ်ငန်းတွေမှာ အချိန်ကုန်ခံလိုက်ပါ။

( ၄ )ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို ပြတ်ပြတ်သားသားဆက်ဆံတတ်ပါစေ ။

ကိုယ်ကကောင်းသလောက်ကိုယ့်အပေါ် မကြာခဏ လူလည်ကျတတ်သူတွေကို တလေးတစား ဆက်ဆံနေဖို့ လုံး၀ မလိုအပ်ပါဘူး။

ဒီလိုလူမျိုးတွေဟာ သူတို့အနိူင်ယူဖူးတဲ့သူအပေါ် နောက်တစ်ကြိမ်ယုတ်မာဖို့ ဘယ်တော့မှ ၀န်လေးနေမှာ မဟုတ်ပါဘူး ။

သူက ပြုံးရင် ကိုယ်ကပြန်ပြုံးပြလိုက်ပါ သူက မဲ့ရင် ကိုယ်ကပြန်မဲ့ပြလိုက်ပါသူကမီးလိုကျင့်ရင် ကိုယ်ကမီးလိုပူလောင်ပြလိုက်ပါသူကရေလိုကျင့်ရင် ကိုယ်ကရေလိုအေးချမ်းပြလိုက်ပါ

( ၅ ) စိတ်တူကိုယ်တူ အသိမိတ်ဆွေများနှင့် စကားများများပြောပါ။

သင့်ကို လေးစားတဲ့သူ ၊ သင်ကလည်း လေးစားတဲ့သူများနှင့် မကြာခဏ စကား ပြောပါ ။ဒီလို စကားပြောခြင်းဖြင့် စိတ်ချမ်းသာမှုကိုရစေပြီး အချိန်ကုန်မှန်းမသိကုန်နေတာကို သတိမထားမိအောင် ကြည်နူးစရာကောင်းနေပါလိမ့်မယ် ။

နောက်ပြီးကိုယ့်ရဲ့ရည်မှန်းချက် ၊လက်ရှိအခြေအနေ ၊ အနာဂတ်အလားအလာ စတာတွေအတွက် သင်နဲ့စိတ်သဘောထားချင်းတိုက်ဆိုက်သူများကသာ အကြံ ဉာဏ်ကောင်းတွေ ပေးနိူင်ပါလိမ့်မယ် ။ဆိုလိုတာက သင်က ဘာသာရေးသမားဆိုရင် အရက်သမားတွေနဲ့ စကားပြောလို့အဆင်ပြေမှာမဟုတ်ပါဘူး ။

( ၆ ) ခရီးတွေ မကြာခဏ ထွက်ပါ ။

တိုတောင်းလှတဲ့ဘ၀မှာ အတွေ့အကြုံသစ်တွေကို ခံစားဖို့နဲ့အထွေ ထွေဗဟုသုတ ( General knowledges ) မြင့်မားစေဖို့ မကြာခဏ ခရီးထွက်သင့်ပါတယ် ။

ခရီးသွားခြင်းဟာ အကောင်းဆုံး စိတ်အပန်းဖြေမှုတစ်မျိုးဆိုတာ သင်လက်ခံလာပါလိမ့်မယ် ။ရေမြေတောတောင်သဘာ၀အလှတွေကို ရှုစားရခြင်းဟာလည်းစိတ်ချမ်းသာမှုတစ်မျိုးပါပဲ။

ခရီးထွက်ခြင်းအားဖြင့် သင့်ဆီမှာရှိနေတဲ့ pressure တွေကိုလည်း အတော်အသင့် လျော့နည်းစေမှာဖြစ်ပါတယ် ။

( ၇ ) ကိုယ်ဝါသနာပါတဲ့အလုပ်ကိုပဲ လုပ်ပါ ။

ကျွန်တော် စာတစ်ကြောင်း ဖတ်ဖူးခဲ့တယ် ။If you don’t like where you are , move .You are not a tree .

မင်းနေတဲ့နေရာကိုမကြိုက်ရင်ပြောင်းလိုက်မင်းက သစ်ပင်တစ်ပင်မဟုတ်ဘူးဟုတ်ပါတယ် ၊ ကျွန်တော်တို့ဟာ လူတွေပါ ။ရွေ့လျားလို့မရတဲ့သစ်ပင်တွေမဟုတ် ပါဘူး ။

ဒါ့ကြောင့် ခဏတာရခဲလှတဲ့ဒီဘဝလေးမှာ ကိုယ်သဘောမကျတဲ့အလုပ်ကိုလုပ်ရင်း စိတ်ညစ်ညူးမခံပါနှင့်။

ဂျော့(ခ်ျ)ဘန်း(စ်) ပြောဖူးတဲ့စကားတစ်ခွန်းရှိတယ်။

” ကျုပ်ကတော့ ကျုပ်ဝါသနာမပါတဲ့အလုပ်ကိုလုပ်ပြီး အောင်မြင်သူ ဖြစ်ရတာထက် ကျုပ်ဝါသနာပါတဲ့အလုပ်ကိုလုပ်ပြီး မအောင်မြင်သူဖြစ်ချင်တယ် ” တဲ့ ။

ဟုတ်ကဲ့ —ကိုယ်အမှန်တကယ် ဝါသနာပါတဲ့အလုပ်ကိုပဲလုပ်ပါ ။

( ၈ ) တစ်ဖက်လူဘက်မှ ဖြည့်တွေးပေးပါ ၊ ကိုယ်ချင်းစာ စိတ် ထားပါ ။

ပြဿနာတစ်ခုကို ကိုယ်မြင်တဲ့ဘက်ကလည်း မှန်နိူင်သလို သူမြင်တဲ့ဘက်ကလည်းမှန်နေနိူင်ပါတယ် ။

သဘောထားကွဲလွဲတာဟာ အဓိကပြဿနာမဟုတ်ပါဘူးဒါ့ကြောင့် တစ်ဖက်လူအမြင်ကိုလည်း လေးစားတတ်ဖို့ သိပ်ကို လိုအပ်ပါတယ် ။

သူ့နေရာမှငါသာဆိုရင် ဘယ်လိုနေမလဲ ဆိုတဲ့အတွေးမျိုးကို တွေးတတ်ဖို့အမြဲတမ်းသင်ယူထားပါ ။

သူ့ဘက်ကကြည့်တော့ လက်ဖဝါး ငါ့ဘက်ကကြည့်တော့ လက်ဖမိုးဆိုသလို အမှန်တရားတစ်ခုဟာ အမြင်အမျိုးမျိုးရှိနေတတ်ပါတယ် ။

( ၉ ) စာများများဖတ်ပေးပါ ။

ဦးသန့်ရဲ့စကားလေးနဲ့ပဲ ပြောပါရစေ ။”စာဖတ်သောလူမျိုးသည် တိုးတက်၍ တိုးတက်သောလူမျိုးသည် စာဖတ်သည် ” တဲ့ ၊သိပ်ကို မှန်ပါတယ် ။

သင်သာစာဖတ်ခြင်းမှာ စျန်၀င်နေရင် အခြားကမ္ဘာတစ်ခုကို ရောက်ရှိသွားသလိုခံစားမိမှာ မလွဲဧကန်ပါပဲ ။

ကျွန်တော်တို့ရဲ့ဘဝတွေ တိုးတက်မြင့်မားစေဖို့ အသိဉာဏ်ပညာတွေ တိုးပွားစေဖို့အတွက်စာဖတ်ခြင်းဟာ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ ။

( ၁၀ ) တစ်စုံတစ်ရာကို အမြဲတမ်းသင်ယူပါ

ဥရောပနိူင်ငံတွေမှာဆိုရင် အသက် ၈၀ အရွယ်အဘိုးအဘွားတွေဟာဘာသာစကားအသစ်တွေကအစအသိပညာအတတ်ပညာတွေသင်ယူလေ့လာနေတုန်းပါပဲ ။

တစ်စုံတစ်ရာကိုအမြဲတမ်း သင်ယူနေတတ်တာဟာ သူတို့ရဲ့ ဓလေ့တစ်ခုလိုဖြစ်နေပါပြီ ။

ဒါကြောင့် တစ်စုံတစ်ခုကို စိတ်ပါလက်ပါ သင်ယူပါအတတ်ပညာတစ်မျိုးမျိုးကို ထူးချွန်အောင် လေ့လာပါ

Credit မူရင်းရေးသားသူ