အစိုးရပေးတဲ့ ကိုဗစ်ထောက်ပံ့ကြေးကို ဖြတ်စားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီး

အစိုးရပေးတဲ့ ကိုဗစ်ထောက်ပံ့ကြေးကို ဖြတ်စားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီး

နိုင်ငံတော်ကပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့တဲ့ငွေကျပ်သိန်း ၅၀ ကျော်ကိုပြည်သူတွေထံမပေးဘဲ အလွဲ သုံးစားပြုလုပ်ခဲ့တဲ့မြောင်းမြမြို့နယ်၊ ကံဘဲ့လေး‌ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို မြောင်းမြမြို့မရဲ့စခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကံဘဲ့လေးကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၂၇၃ စုအတွက်တအိမ်ထောင်ကို ၂ သောင်းကျပ်စီနဲ့ နိုင်ငံတော်က ထောက်ပံ့ငွေ ၅၄ သိန်း ၆ သောင်းကျပ်ကို ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက ပြည်သူကိုမပေးဘဲကိုယ်ကျိုးအတွက် သုံးစွဲခဲ့ကြောင်း စစ်‌ဆေးပေါ်ပေါက်ခဲ့လို့ မြောင်းမြမြို့နယ် ဒုအုပ်ချုပ်ရေးမှုးဦးမျိုးခိုင်က တရားလိုပြုလုပ် တိုင်တန်းခဲ့တာပါ။

မြောင်းမြမြို့မ ရဲစခန်းက တာဝန်ရှိသူက “ဦးတင်မောင်ဝင်းကို စစ်ဆေးတဲ့အခါမှာ ငွေ ၃ သောင်းပဲသူ့မှာကျန်တော့တယ်၊ ၄၉ သိန်းကို ဓာတ်မြေဩဇာဖိုး ပေးချေတယ်၊ ၅ သိန်း ၃ သောင်းကိုသုံးစွဲတယ်လို့ ပေါ်ပေါက်ခဲ့တယ်။ပြည်သူတွေကို ထောက်ပံ့ငွေ မပေးဘဲ ကိုယ်ကျိုးသုံးခဲ့လို့ မြောင်းမြမြို့မရဲစခန်းမှာကံဘဲ့လေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းကို ဖမ်းဆီးစစ်ဆေးနေပါတယ်”လို့ ပြောပါတယ်။

ကံဘဲ့လေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးတင်မောင်ဝင်းကို မြောင်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ နဲ့ ဖမ်းဆီးအမှုဖွင့် စစ်ဆေးနေတာ ဖြစ်ပါတယ်။မြောင်းမြမြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း ၁၁၄ အုပ်စုရှိပြီး ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို တအိမ်ထောင် ငွေကျပ် ၂ သောင်းကျပ်နှုန်းနဲ့ အိမ်ထောင်စုပေါင်း ၂၉၃၅၁ စုအတွက် နိုင်ငံတော်ကဒုတိယ အကြိမ်ထောက်ပံ့ငွေ စုစုပေါင်း ၅၈၇,၀၂၀,၀၀၀ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့တာလို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေ စုံစမ်းသိရှိရပါတယ်။

ဧရာဝတီတိုင်းအတွင်းနိုင်ငံတော်မှပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စုတွေကိုထောက်ပံ့တဲ့ ငွေတွေကိုပြည်သူတွေမပေးဘဲ အလွဲသုံးစားပြုလုပ်မှုနဲ့ ဖမ်းဆီးအရေးယူခဲ့တာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

source : မင်းထက်မုန်း (ပုသိမ်)

အစိုးရေပးတဲ့ ကိုဗစ္ေထာက္ပံ့ေၾကးကို ျဖတ္စားတဲ့ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကို ဖမ္းဆီး

နိုင္ငံေတာ္ကပုံမွန္ဝင္ေငြမရွိတဲ့ အိမ္ ေထာင္စုေတြကို ေထာက္ပံ့တဲ့ ေငြက်ပ္သိန္း ၅၀ ေက်ာ္ကို ျပည္သူေတြထံမေပးဘဲ အလြဲသုံးစားျပဳလုပ္ခဲ့တဲ့ ေျမာင္းျမၿမိဳ႕နယ္၊ ကံဘဲ့ေလး‌ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးကို ေျမာင္းျမၿမိဳ႕မရဲ႕စခန္းမွာ ဖမ္းဆီးစစ္ေဆးေနတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

ကံဘဲ့ေလးေက်း႐ြာအုပ္စုရွိ အိမ္ေထာင္စု ၂၇၃ စုအတြက္တအိမ္ေထာင္ကို ၂ ေသာင္းက်ပ္စီနဲ႕ နိုင္ငံေတာ္က ေထာက္ပံ့ေငြ ၅၄ သိန္း ၆ ေသာင္းက်ပ္ကို ေက်း ႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးတင္ေမာင္ဝင္းက ျပည္သူကိုမေပးဘဲကိုယ္က်ိဳးအတြက္ သုံးစြဲခဲ့ေၾကာင္း စစ္‌ေဆးေပၚေပါက္ခဲ့လို႔ ေျမာင္းျမၿမိဳ႕နယ္ ဒုအုပ္ခ်ဳပ္ေရးမႈးဦးမ်ိဳးခိုင္က တရားလိုျပဳလုပ္ တိုင္တန္းခဲ့တာပါ။

ေျမာင္းျမၿမိဳ႕မ ရဲစခန္းက တာဝန္ရွိသူက “ဦးတင္ေမာင္ဝင္းကို စစ္ေဆးတဲ့အခါမွာ ေငြ ၃ ေသာင္းပဲသူ႕မွာက်န္ေတာ့တယ္၊ ၄၉ သိန္းကို ဓာတ္ေျမဩဇာဖိုး ေပးေခ်တယ္၊ ၅ သိန္း ၃ ေသာင္းကိုသုံးစြဲတယ္လို႔ ေပၚေပါက္ခဲ့တယ္။ျပည္သူေတြကို ေထာက္ပံ့ေငြ မေပးဘဲ ကိုယ္က်ိဳးသုံးခဲ့လို႔ ေျမာင္းျမၿမိဳ႕မရဲစခန္းမွာကံဘဲ့ေလးေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးတင္ေမာင္ဝင္းကို ဖမ္းဆီးစစ္ေဆးေနပါတယ္”လို႔ ေျပာပါတယ္။

ကံဘဲ့ေလးေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႈး ဦးတင္ေမာင္ဝင္းကို ေျမာင္းၿမိဳ႕မရဲစခန္းမွာ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄၀၉ နဲ႕ ဖမ္းဆီးအမႈဖြင့္ စစ္ေဆးေနတာ ျဖစ္ပါတယ္။ေျမာင္းျမၿမိဳ႕နယ္အတြင္း ေက်း႐ြာအုပ္စုေပါင္း ၁၁၄ အုပ္စုရွိၿပီး ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားေတြကို တအိမ္ေထာင္ ေငြက်ပ္ ၂ ေသာင္းက်ပ္ႏႈန္းနဲ႕ အိမ္ေထာင္စုေပါင္း ၂၉၃၅၁ စုအတြက္ နိုင္ငံေတာ္က ဒုတိယ အႀကိမ္ေထာက္ပံ့ေငြ စုစုေပါင္း ၅၈၇,၀၂၀,၀၀၀ က်ပ္ကို ေထာက္ပံ့ေပးအပ္ခဲ့တာလို႔ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးကေန စုံစမ္းသိရွိရပါတယ္။

ဧရာဝတီတိုင္းအတြင္း နိုင္ငံေတာ္မွပုံမွန္ဝင္ေငြ မရွိတဲ့ အိမ္ေထာင္စုေတြကို ေထာက္ပံ့တဲ့ ေငြေတြကိုျပည္သူေတြမေပးဘဲ အလြဲသုံးစားျပဳလုပ္မႈနဲ႕ ဖမ္းဆီးအေရးယူခဲ့တာ ပထမဆုံးအႀကိမ္လည္း ျဖစ္ပါတယ္။

source : မင္းထက္မုန္း (ပုသိမ္)